Friday, 6 June 2014

ဆင်းမ်ကတ် စရောင်းချိန်တွင် မြို့ကြီးများ၌သာ သုံးနိုင်မည်ဟု တယ် လီ နော ဆို

Photo: ဆင်းမ်ကတ် စရောင်းချိန်တွင် မြို့ကြီးများ၌သာ သုံးနိုင်မည်ဟု 
တယ် လီ နော ဆို
Friday, June 6, 2014

ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည့် တယ်လီနောက စက်တင်ဘာလတွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ပြီး စတင်ရောင်းချချိန်၌ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင်သာ သုံးစွဲနိုင်ဦးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။

“တာဝါတိုင်တွေ ပြီးလို့ ကွန်ရက် တဖြည်းဖြည်း ကျယ်ပြန့်လာတာနဲ့အမျှ သုံးနိုင်တဲ့ နေရာတွေ ပိုများလာမယ်။ အချိန်တော့ နည်းနည်းပေးရမယ်” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကွန်ရက် ပိုမိုလွှမ်းခြုံနိုင်ရန် ငါးနှစ်အတွင်း တစ်နိုင်ငံလုံးတွင် တာဝါတိုင်ပေါင်း ၈၀၀၀ တည်ဆောက်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောကြားသည်။ 

ဆင်းမ်ကတ်များ စတင်ရောင်းချချိန် စက်တင်ဘာလ မတိုင်မီတွင် တာဝါတိုင်ပေါင်း ၁၀၀၀ ပြီးစီးအောင် တည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၂၄၀၀ ခန့် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် ၂၀၀၀၀ ခန့် တည်ဆောက်ရန် လိုအပ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝါတိုင် ၂၀၀၀ ခန့်သာ တည်ဆောက်ထားသောကြောင့် တစ်နိုင်ငံလုံးတွင် မိုဘိုင်းလ်ဖုန်း ဆက်သွယ်ပြောဆိုနိုင်ရန် ၃ နှစ်မှ ၅ နှစ်အထိ အချိန်ယူရမည် ဖြစ်ကြောင်း သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အိန္ဒိယအခြေစိုက် Apollo Towers နှင့် စင်ကာပူအခြေစိုက် Irrawaddy Green Technology တို့ကို ရွေးချယ်ထားသည်။ 

“စရောင်းတဲ့အချိန်မှာ မြို့ကြီးတွေပဲ ရမယ်ဆိုတော့ ကျေးလက်ဒေသတွေမှာ နေတဲ့သူတွေ အတွက်ကတော့ ဘာမှမထူးပါဘူး။ စောင့်လက်စနဲ့ ဆက်စောင့်ရဦးမှာပေါ့။ လူတွေက အရမ်းမျှော်လင့်နေကြတော့ ဆင်းမ်ကတ် စရောင်းတာနဲ့ တစ်နိုင်ငံလုံး ရမယ် ထင်နေကြတာ” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။ 

အခြားဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် အော်ရီဒူးကုမ္ပဏီကလည်း သြဂုတ်လ ဆင်းမ်ကတ်များ စတင်ရောင်းချချိန် မတိုင်မီ တာဝါတိုင် ၄၀၀ ခန့် အပြီး တည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၁၀၀၀ ခန့် ပြီးစီးအောင် တည်ဆောက်မည်ဟု ဆိုထားသည်။

The Voice Weekly
ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည့် တယ်လီနောက စက်တင်ဘာလ တွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ပြီး စတင်ရောင်းချချိန်၌ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင်သာ သုံးစွဲနိုင်ဦးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရ သည်။

တောင်ငူ မူးယစ်ဆေးဝါး ရောင်းဝယ်မှု ရဲတပ်ဖွဲ့က လျစ်လျူရှုနေခြင်းအတွက် တစ်ကိုယ်တော် ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း တောင်ငူမြို့နယ်အတွင်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း စိတ်ကြွရူးသွပ်စေသော မူးယစ်ဆေးဝါးများ တရားမဝင် ဖြန့်ဖြူး ရောင်းချနေခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လျစ်လျုရှုနေခြင်းအပေါ် ကန့်ကွက်သည့် အနေနင့် တောင်ငူမြို့ခံတစ်ဦးက ဇွန်လ ၅ ရက် နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီအထိ တစ်ကိုယ်တော် လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မြို့ခံများက ပြောကြားသည်။ 

ကိုယ်ခန္ဓာရောင်ရမ်းမှုကိုဖြစ်စေနိုင်သော အစားအသောက်ငါးမျိုး

အဆီပါဝင်မှုနှင့် သကြားပါဝင်မှုများသော အစားအသောက်များကဲ့သို့ ခန္ဓာကိုယ်ရောင်ရမ်းစေနိုင်သည့် အစားအသောက် စားသုံး သူ များသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများစွဲမြဲစွာ စားသုံးသူများထက် အသက်တိုနိုင်သည့် အန္တရာယ်ပိုများကြောင်း တောင်ကယ်ရိုလိုင်းနားတက္ကသိုလ်၏ လေ့လာမှုအသစ်တစ်ရပ်အရ သိရသည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆိုင်ရာ ဓာတ်ပုံပြပွဲ ကျင်းပမည်

Photo: မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆိုင်ရာ ဓာတ်ပုံပြပွဲ ကျင်းပမည်
Friday, June 6, 2014 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတွင်းသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်၌ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများကို ထင်ဟပ်ပြသသည့် ဓာတ်ပုံမှတ်တမ်းပြပွဲကို ရန်ကုန်မြို့တော်တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူ ပဒေသာမိုး အရပ်ဘက် လူမှုအဖွဲ့အစည်းမှ အမှုဆောင် ဒေါ်ဝေဝေလွင်က ပြောကြားသည်။

အဆိုပါ ဓာတ်ပုံမှတ်တမ်းပြပွဲကို ရန်ကုန်မြို့တော် အမှတ် ၁၃၄၊ ၃၅ လမ်း (အလယ်ဘလောက်) ရှိ River Ayeyarwaddy Gallery တွင် ပြသမည် ဖြစ်ပြီး မလုံခြုံသော သဘာဝအမွေဟု အမည်ပေးထားကာ ပိုက်လိုင်း စီမံကိန်းကြောင့် ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာရသည့် အခြေအနေများကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံပေါင်း ၁၀၀ ကျော်ကို ပြသမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပိုက်လိုင်းတစ်လျှောက် မြေဖို့ပြီး အခြေအနေနဲ့ မဖို့ခင် ဖြစ်ပျက်တဲ့ အခြေအနေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေပါ။ ဒါ့အပြင် ပြပွဲလာတဲ့သူတွေကို မှတ်တမ်းစာအုပ် လက်ဆောင်ပေးသွားဖို့ အစီအစဉ် ရှိပါတယ်” ဟု ဒေါ်ဝေဝေလွင်က ဆိုသည်။“

အမ်း၊ ဂုတ်ကြီး၊ မင်းဘူး၊ ပြင်ဦးလွင်၊ နောင်ချိုနှင့် သီပေါ အစရှိသည့် ပိုက်လိုင်းဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ ဒေသများ၌ ကြုံတွေ့နေရသည့် မြေယာသိမ်းဆည်းခံရမှု ပြဿနာများ၊ သီးနှံစိုက်ခင်းများ ပျက်စီးသည့် အခြေအနေများနှင့် လူမှုဘဝ ထိခိုက်နစ်နာရမှုများကို ဖော်ပြသည့် ဓာတ်ပုံပြပွဲ ဖြစ်ပြီး ဒေသခံများကိုယ်တိုင် ရိုက်ကူးထားသည့် လက်ရာဓာတ်ပုံ မှတ်တမ်းများ ဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ဦးစိုးဝင်းငြိမ်းက ပြောကြားသည်။

“ပြပွဲနေ့ကျရင် ပိုက်လိုင်းတစ်လျှောက် ဒေသခံတွေက အဲဒီမှာ ဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင်နဲ့ လူမှုဘဝ ထိခိုက်မှု အခြေအနေတွေကိုပါ ရှင်းလင်းသွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းဓာတ်ပုံ မှတ်တမ်းစာအုပ်ကို အုပ်ရေ ၂၀၀၀ ရိုက်နှိပ်ထားကာ တစ်အုပ်လျှင် ကျပ် ၅၀၀၀ ဖြင့် ရောင်းချမည် ဖြစ်ပြီး ဓာတ်ပုံပြပွဲကို မင်းဘူးမြို့နှင့် သီပေါမြို့တို့တွင်လည်း ထပ်မံပြသမည် ဖြစ်ကြောင်း ဒေါ်ဝေဝေလွင်က ဆက်လက်ပြောဆိုသည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံအတွင်းသို့ သွယ်တန်းထားကာ ရေနံပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာ ရှည်ပြီး ဓာတ်ငွေ့ပိုက်လိုင်းသည် ၇၉၃ ကီလိုမီတာ ရှည်လျားကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

The Voice Weekly
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတွင်းသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်၌ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများကို ထင်ဟပ်ပြသသည့် ဓာတ်ပုံမှတ်တမ်းပြပွဲကို ရန်ကုန်မြို့တော်တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူ ပဒေသာမိုး အရပ်ဘက် လူမှုအဖွဲ့အစည်းမှ အမှုဆောင် ဒေါ်ဝေဝေလွင်က ပြောကြားသည်။

စီးယက်တဲလ်တက္ကသိုလ်နယ်မြေ၌ ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

သေနတ်ဖြင့် ပစ်ခတ်ခံရသူတစ်ဦးအား လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်နေစဉ် (Dailymail)
စီးယက်တဲလ်- အမေရိကန်နိုင်ငံ စီးယက်တဲလ်ပစိဖိတ်တက္ကသိုလ်နယ်မြေအတွင်း ဇွန်လ ၅ ရက် နေ့လယ် တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အသက် (၂၀) ဝန်းကျင်ရှိ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု စီးယက်တဲလ်ဆေးရုံပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းပစ်ခတ်မှုတွင် ကျန်လူနှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းနှင့် သံသယရှိသူအား ဖမ်းဆီးထား ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မြန်မာဘောလုံးအသင်း ဖီဖာ အဆင့်သတ်မှတ်ချက် ၁၄ နေရာ မြင့်တက်

Photo: မြန်မာဘောလုံးအသင်း ဖီဖာ အဆင့်သတ်မှတ်ချက် ၁၄ နေရာ မြင့်တက်
Friday, June 6, 2014 

Myanmar-Footballမြန်မာလက်ရွေးစင်ဘောလုံးအသင်းဟာ ဇွန် ၅ ရက်နေ့က အသစ်ထုတ်ပြန်လိုက်တဲ့ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ နိုင်ငံအလိုက် ဘောလုံးအဆင့်အတန်း သတ်မှတ်ချက်အရ အရင်ကထက် ၁၄ နေရာ တိုးမြှင့် သတ်မှတ်ခံရပါတယ်။

ပြီးခဲ့တဲ့ မေလ သတ်မှတ်ချက်မှာ ၁၇၃ နေရာမှာ ရပ်တည်ခဲ့တဲ့ မြန်မာအသင်းဟာ အခု အဆင့် ၁၅၉ နေရာကို ရောက်လာတာပါ။

အရှေ့တောင်အာရှနိုင်ငံအသင်းတွေထဲမှာ ဗီယက်နမ်က ၇ နေရာ ကျသွားပြီး အဆင့် ၁၂၃၊ ဖိလစ်ပိုင်းအသင်းက ၁၁ နေရာ တက်လာပြီး အဆင့် ၁၂၉၊ ထိုင်းက ၆ နေရာ ကျသွားပြီး အဆင့် ၁၄၉၊ မလေးရှားက ၈နေရာ ကျသွားပြီး အဆင့် ၁၅၃၊ စင်ကာပူက ၈ နေရာ ကျသွားပြီး အဆင့် ၁၅၅၊ အင်ဒိုနီးရှားက ၅ နေရာ ကျသွားပြီး အဆင့် ၁၅၇၊ လာအိုက ၅ နေရာ တက်လာပြီး အဆင့် ၁၆၈၊ ကမ္ဘောဒီးယားက အပြောင်းအလဲမရှိ အဆင့် ၁၉၀ မှာ အသီးသီး ရပ်တည်နေပါတယ်။

ဒီဗွီဘီ
Myanmar-Footballမြန်မာလက်ရွေးစင်ဘောလုံးအသင်းဟာ ဇွန် ၅ ရက်နေ့က အသစ်ထုတ်ပြန်လိုက်တဲ့ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ နိုင်ငံအလိုက် ဘောလုံးအဆင့်အတန်း သတ်မှတ်ချက်အရ အရင်ကထက် ၁၄ နေရာ တိုးမြှင့် သတ်မှတ်ခံရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေသော ထိုင်းအာဏာသိမ်းဆန့်ကျင်ရေး ခေါင်းဆောင်အား ဖမ်းမိ

Photo: ထွက်ပြေးတိမ်းရှောင်နေသော ထိုင်းအာဏာသိမ်းဆန့်ကျင်ရေး ခေါင်းဆောင်အား ဖမ်းမိ
Friday, June 6, 2014 

ဘန်ကောက်- ထိုင်းနိုင်ငံ၏ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာသိမ်းယူမှု အပေါ် ဝေဖန်နေမှုများကို ဖယ်ရှားရန်ကြိုးပမ်းနေစဉ် ထွက်ပြေးတိမ်းရှောင် နေသော အာဏာသိမ်းမှုဆန့်ကျင်ရေးခေါင်းဆောင်အား ဖမ်းမိသွားပြီဟု ထိုင်းစစ်တပ်က ဇွန်လ ၆ ရက်တွင် ပြောကြားသည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တရားမဝင်လူထုစုဝေးပွဲ များပြု လုပ်ရန် အွန်လိုင်းလှုံ့ဆော်စည်းရုံးမှုကို ခေါင်းဆောင်ခဲ့သည့် ဆွမ်ဘက်ဘွန်နာ မန်နောင်းကို ဇွန်လ ၅ ရက်ညတွင် ချွန်ဘူရီဒေသ၌ဖမ်းမိခဲ့သည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရ အမျိုးသမီးသီရိချန်နာသောင်းက ပြောသည်။

‘‘ကျွန်မတို့မှာ အင်တာနက်ကနေတစ်ဆင့် ဆွမ်ဘက်ကို ခြေရာခံတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်။ သူက စစ်တပ်ကိုသတင်းပို့ဖို့ အမိန့်ကိုချိုးဖောက်တဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်ရမယ်’’ဟု ၎င်းပြောရေးဆိုခွင့်ရသူက ပြောသည်။

ထို့ကြောင့် ဆွမ်ဘက်ဘွန်နာမန်နောင်းသည် ထောင်ဒဏ် ၂ နှစ်ကျခံရမည့်စွဲချက်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

Ref: AFP
7Day DAILY
ဘန်ကောက်- ထိုင်းနိုင်ငံ၏ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာသိမ်းယူမှု အပေါ် ဝေဖန်နေမှုများကို ဖယ်ရှားရန်ကြိုးပမ်းနေစဉ် ထွက်ပြေးတိမ်းရှောင် နေသော အာဏာသိမ်းမှုဆန့်ကျင်ရေးခေါင်းဆောင်အား ဖမ်းမိသွားပြီဟု ထိုင်းစစ်တပ်က ဇွန်လ ၆ ရက်တွင် ပြောကြားသည်။

ရွှေလင်ပန်းအိမ်ရာ အခန်း ၁,၇၀၀ ကျော် ရောင်းချပေးမည်

ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းများမှ အခန်းပေါင်း ၁,၇၆၈ ခန်းကို ယခုနှစ်အတွင်း ရောင်းချ ပေး သွား မည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇိ္ဈမကို ပြောသည်။

ဘရာဇီးကို ကမ္ဘာ့တတိယ အကောင်းဆုံးဘောလုံးအသင်းအဖြစ် ဖီဖာက တိုးမြှင့်

 Photo: ဘရာဇီးကို ကမ္ဘာ့တတိယ အကောင်းဆုံးဘောလုံးအသင်းအဖြစ် ဖီဖာက တိုးမြှင့်
Friday, June 6, 2014 
 
ကမ္ဘာ့ဘောလုံးပြိုင်ပွဲ မစတင်ခင် ၁ ပတ်လောက်အလိုမှာ အိမ်ရှင် ဘရာဇီးအသင်းဟာ  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ အဆင့်သတ်မှတ်ချက်အရ  တတိယ အကောင်းဆုံး အသင်းနေရာကို မြင့်တက်သွားခဲ့ပါတယ်။

Brazil-National-Team-for-2014-World-Cupဇွန် ၅ ရက်နေ့က   အသစ် ထုတ်ပြန်တဲ့ ဖီဖာအဆင့်သတ်မှတ်ချက် အရ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းက ပထမနေရာမှာ ဆက်ရှိနေပြီး ဂျာမနီက ဒုတိယနဲ့ အရင်က စတုတ္ထနေရာမှာ ရှိနေတဲ့ ဘရာဇီးက  တတိယနေရာကို တဆင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းကတော့  တတိယနေရာကနေ စတုတ္ထနေရာကို  လျော့ကျသွားပြီး  အာဂျင်တီးနားကတော့ ၂ ဆင့် တိုးလာကာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

အဲဒီနောက် ဆွစ်ဇာလန်၊ ဥရုဂွေး၊ ကိုလံဘီယာနဲ့ အီတလီအသင်းတို့ အစဉ်လိုက်ရှိနေပြီး  အင်္ဂလန်အသင်းကတော့ အရင်ကထက် တဆင့်တိုးလာပြီး အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

ဒီဗွီဘီ
ကမ္ဘာ့ဘောလုံးပြိုင်ပွဲ မစတင်ခင် ၁ ပတ်လောက်အလိုမှာ အိမ်ရှင် ဘရာဇီးအသင်းဟာ  ကမ္ဘာ့ ဘောလုံး အဖွဲ့ ချုပ် (ဖီဖာ)ရဲ့ အဆင့်သတ်မှတ်ချက်အရ  တတိယ အကောင်းဆုံး အသင်းနေရာကို မြင့်တက်သွားခဲ့ ပါတယ်။

သေဆုံးမှုမြင့်တက်လာနေသည့် ဆော်ဒီအာရေးဗျနိုင်ငံက MERS ဗိုင်းရက်စ်ပိုးကူးစက်မှု

Photo: သေဆုံးမှုမြင့်တက်လာနေသည့် ဆော်ဒီအာရေးဗျနိုင်ငံက MERS ဗိုင်းရက်စ်ပိုးကူးစက်မှု
Friday, June 6, 2014 

ဆော်ဒီအာရေးဗျနိုင်ငံမှာ ဖြစ်ပွားနေတဲ့ MERS ဗိုင်းရက်စ်ပိုး ကူးစက် မှုကြောင့် သေဆုံးသူအရေအတွက်ဟာ နှစ်ရာကျော်ရှိသွားပြီဖြစ်တယ်လို့
သိရပါတယ်။ဆော်ဒီအာရေးဗျနိုင်ငံမှာ ဖြစ်ပွားနေတဲ့  MERS ဗိုင်းရက်စ်ပိုးကူးစက်မှုကြောင့် သေဆုံးသူ (၂၈၂)ဦး ရှိသွားပြီဖြစ်တယ်လို့ ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ဗိုင်းရက်စ်ပိုးကူးစက်ခံရမှုဖြစ်စဉ်ဟာ (၆၆၈)ခုရှိသွားပြီဖြစ်တယ် လို့ဆော်ဒီအာရေးဗျ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ အခုနောက်ဆုံးထုတ်ပြန်မှုမတိုင်ခင်က ဗိုင်းရက်စ်ပိုး ကူးစက်ခံရမှုဟာ (၅၇၅)မှုရှိခဲ့ပါတယ်။ ဆော်ဒီကျန်းမာရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တာရစ်မာဒါနီကတော့ ဗိုင်းရက်စ်ပိုးကူးစက်ခံရမှု နောက်ဆုံး ထုတ်ပြန်ပြီးတဲ့နောက်မှာ ရောဂါကူးစက်ခံရမှုတွေမြင့်တက်နေတယ် လို့လည်း ပြောကြားထားပါတယ်။
 
လတ်တလောမှာတော့ ရောဂါကူး စက်ခံရသူ(၅၃)ယောက်ဟာ ဆေးကုသမှုခံယူနေတယ်လို့ ကျန်းမာရေးဝန်ကြီးဋ္ဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ အရှေ့အလယ်ပိုင်းရောဂါ MERS ဗိုင်းရက်စ်ပိုးဟာ သာမန်အအေးမိရောဂါနဲ့ ဖြစ်ပွားပုံချင်းဆင်တူပေမယ့်  MERS  ဗိုင်းရက်စ်ပိုးကူးစက်ခံရပါက ကျောက်ကပ်ဆုံးရှုံးနိုင်ပြီး အဆုတ်ရောင်ရောဂါလည်း ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

MRTV-4






ဆော်ဒီအာရေးဗျနိုင်ငံမှာ ဖြစ်ပွားနေတဲ့ MERS ဗိုင်းရက်စ်ပိုးကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက် ဟာ နှစ်ရာကျော်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ဆော်ဒီအာရေးဗျနိုင်ငံမှာ ဖြစ်ပွားနေ တဲ့  MERS ဗိုင်းရက်စ်ပိုးကူးစက်မှုကြောင့် သေဆုံးသူ (၂၈၂)ဦး ရှိသွားပြီဖြစ်တယ်လို့ ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံး ယာဉ်များအနက် ၂ ရာခိုင်နှုန်းသာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိ

Photo: တစ်နိုင်ငံလုံး ယာဉ်များအနက် ၂ ရာခိုင်နှုန်းသာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိ
Friday, June 6, 2014 

မြန်မာတစ်နိုင်ငံလုံးတွင် မော်တော်ယာဉ်စီးရေ ခြောက်သိန်းဝန်းကျင် ရှိသည့်အနက် ၂ ရာခိုင်နှုန်းကျော်သာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိကြောင်း မြန်မာအာမခံ လုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။ 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန (က.ည.န) က တရားဝင် ထုတ်ပြန်ထားသည့် စာရင်းအရ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး မော်တော်ယာဉ် အစီးရေ ခြောက်သိန်းဝန်းကျင်ခန့် ရှိပြီး မြန်မာ့အာမခံလုပ်ငန်းတွင် ယာဉ်အစီးရေ ၈၆၀၀ ကျော်နှင့် ပုဂ္ဂလိက အာမခံကုမ္ပဏီများတွင် ယာဉ်အစီးရေ ၆၀၀၀ ကျော်ခန့်သာ အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၆ ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။ 

“အိမ်နီးချင်း နိုင်ငံတွေမှာ အာမခံ အပြည့်အဝ မထားရင် ယာဉ်မောင်းနှင်ခွင့် မရှိသလို လမ်းပေါ်လည်း တက်ခွင့်မရှိဘူး။ မော်တော်ယာဉ် တင်သွင်းတာက နှစ်အလိုက် မြင့်လာနေပေမယ့် ယာဉ်တွေအားလုံး အလုံးစုံ အာမခံ မထားတာကို တွေ့ရတယ်” ဟု ၎င်းကဆိုသည်။ 

အလုံးစုံအာမခံ မထားသဖြင့် မြန်မာနိုင်ငံအတွင်းရှိ မော်တော်ယာဉ်စီးရေ ၁၀၀ တွင် ၉၇ စီး ဝန်းကျင်မှာ အန္တရာယ် ရှိနိုင်ကြောင်း၊ ကိုယ်တိုင်လည်း အန္တရာယ် ရှိနိုင်သည့်အပြင် အခြားသူများလည်း ထိခိုက်နစ်နာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ထားရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လက်လုပ်လက်စား သမားတွေက အချိန်လည်း မပေးနိုင်သလို ငွေကုန်ကြေးကျလည်း အရမ်းမခံနိုင်တော့ သွားပြီး မထားဖြစ်ဘူး။ နောက်ပိုင်း အဆင်ပြေလာရင်တော့ သွားထားဖြစ်မှာပါ” ဟု ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်ပြီး အငှားယာဉ်မောင်းနှင်သူ တစ်ဦးက ဆိုသည်။

ပြည်တွင်းရှိ စက်တပ်ယာဉ်များတွင် မဖြစ်မနေ ထားရှိရမည့် သူတစ်ပါး ထိခိုက်မှု အာမခံနှင့် အလုံးစုံ အာမခံဟူ၍ ရှိပြီး လက်ရှိတွင် အလုံးစုံအာမခံ ထားရှိသူမှာ နည်းပါးနေကြောင်း မြန်မာ့အာမခံ လုပ်ငန်းထံမှ သိရသည်။

The Voice Weekly
မြန်မာတစ်နိုင်ငံလုံးတွင် မော်တော်ယာဉ်စီးရေ ခြောက်သိန်းဝန်းကျင် ရှိသည့်အနက် ၂ ရာခိုင်နှုန်းကျော်သာ အလုံးစုံ မော်တော်ယာဉ် အာမခံထားရှိကြောင်း မြန်မာအာမခံ လုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။ 

မန္တလေးခရိုင်တွင် ယာဉ်တိုက်မှုကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်းခန့် သေဆုံးလျက်ရှိ

မန္တလေးခရိုင်အတွင်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ ငါးလတာကာလ၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်းခန့် သေဆုံးလျက်ရှိကြောင်း မန္တလေးတိုင်း ယာဉ်ထိန်းဒု-တပ်ဖွဲ့ခွဲမှူးရုံး၏ မှတ်တမ်းများအရ သိရသည်။ 

ကိုယ်ပိုင်ယာဉ်တစ်စီး ကွန်တိန်နာ နောက်တွဲကို ဝင်တိုက်

သာကေတမြို့နယ် ရှုခင်းသာလမ်းရှိ အေးရှားဘိုးလိန်း စင်တာရှေ့ လမ်းကွေ့တွင် ဇွန်လ ၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ကိုယ်ပိုင်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ့ ကွန်တိန်နာယာဉ် နောက်တွဲကို တိုက်မိ ရာမှ ယာဉ်မောင်း အပါအဝင် ဂျပန်နိုင်ငံသား နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

ကျေးလက်အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည်

တိုင်းနှင့်ပြည်နယ်များရှိ ကျေးလက်ဒေသများတွင် ကျေးလက်အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု မွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်အေးက လွှတ်တော်သို့ လာရောက်စဉ် ဇွန် ၅ တွင် မဇ္ဈိမကို ပြောသည်။

မကြာမီကာလအတွင်း ခွင့်ပြုတော့မည့် ပြည်တွင်း၌ နိုင်ငံခြားဘဏ်ခွဲဖွင့်လှစ်မှု

Photo: မကြာမီကာလအတွင်း ခွင့်ပြုတော့မည့် ပြည်တွင်း၌ နိုင်ငံခြားဘဏ်ခွဲဖွင့်လှစ်မှု
Friday, June 6, 2014  

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းမှာ နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်လှစ်ခွင့်ပြုနိုင်ဖို့ အတွက် ရွေးချယ်စီစစ်ရေး ကော်မတီဖွဲ့စည်းကာ
စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ မကြာမီကာလအတွင်းမှာ ခွင့်ပြုပေးတော့မယ့် နိုင်ငံခြားဘဏ်တွေကို ရွေးချယ်ဖို့အတွက်  တော့ လက်ရှိပြည်တွင်းမှာ နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထားတဲ့ထဲက သင့်တော်တဲ့ ဘဏ်ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။
 
ဖွင့်လှစ်ခွင့်ပြုရာမှာလည်း ဘဏ်ခွဲအနေနဲ့သာ ခွင့်ပြု သွားမှာဖြစ်ပြီး ဘဏ်ခွဲပေါင်း (၅)ခုမှ (၁၀)ခုအတွင်းသာ ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိပြည်တွင်းဘဏ်လုပ်ငန်းများမှာ အကျိုးဆုတ်ယုတ်မှုမရှိစေဖို့ အတွက်ကိုလည်း ဗဟိုဘဏ်မှ ဦးစီးပြီး နိုင်ငံခြားဘဏ်ခွဲများကို လုပ်ကိုင်ခွင့် ဧရိယာသတ်မှတ် ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလို နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်လှစ်ခွင့်ပေးလိုက်ပါက ပြည်တွင်းရဲ့ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုတွေမှာ နိုင်ငံတကာစနစ်တွေနဲ့အညီ ၀န်ဆောင်မှုများ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
 
ဒါပေမယ့်လည်း လက်ရှိပြည်တွင်းဘဏ်များအနေနဲ့တော့ နည်းပညာပိုင်း၊ အရင်းအနှီးပိုင်း၊ အတွေ့အကြုံပိုင်းနဲ့ လုပ်သားကျွမ်းကျင်သူများ ဆုံးရှုံးနိုင်မှုစတဲ့ အပိုင်းတွေမှာတော့ ထိခိုက်မှု အနည်းငယ်ရှိနိုင်တယ်လို့ ပြည်တွင်းဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ သုံးသပ်ချက်အရ သိရပါတယ်။ လက်ရှိမှာတော့ နိုင်ငံခြားဘဏ်ရွေးချယ်စီစစ်ရေး ကော်မတီအနေနဲ့ ရွေးချယ်ရေးလုပ်ငန်းစဉ် တွေကို နိုင်ငံတကာမှ ငွေရေးကြေးရေး အကြံပေးအဖွဲ့များနဲ့ အသေးစိတ်ညှိနှိုင်းသွားမှာဖြစ်ပြီး မကြာမီကာလအတွင်း ဖွင့်လှစ်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းမှာ နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်လှစ်ခွင့်ပြုနိုင်ဖို့ အတွက် ရွေးချယ် စီစစ်ရေး ကော်မတီဖွဲ့စည်းကာ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ မကြာမီကာလအတွင်းမှာ ခွင့်ပြုပေး တော့မယ့် နိုင်ငံခြားဘဏ်တွေကို ရွေးချယ်ဖို့အတွက်  တော့ လက်ရှိပြည်တွင်းမှာ နိုင်ငံခြား ဘဏ် ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထားတဲ့ထဲက သင့်တော်တဲ့ ဘဏ်ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

ရဲများကို ပစ်ခတ် သတ်ဖြတ်သူ လွတ်မြောက် နေသဖြင့် ကနေဒါနိုင်ငံ မွန်တန်မြို့တွင် လုံခြုံရေး အတင်းကျပ် ဆုံးချထား

Photo: ရဲများကို ပစ်ခတ် သတ်ဖြတ်သူ လွတ်မြောက် နေသဖြင့် ကနေဒါနိုင်ငံ မွန်တန်မြို့တွင် လုံခြုံရေး အတင်းကျပ် ဆုံးချထား
Friday, June 6, 2014  

ကနေဒါနိုင်ငံ မွန်တန်မြို့တွင် ဗုဒ္ဓဟူးနေ့ ညဉ့်နက်ပိုင်းတွင် ရဲငါးဦးကို ပစ်ခတ် တိုက်ခိုက်သွားသူ တစ်ဦး ထွက်ပြေး လွတ်မြောက်နေသဖြင့် ကနေဒါ ရဲတပ်ဖွဲ့သည် အပူတပြင်း ရှာဖွေလျက်ရှိကာ မွန်တန်မြို့တစ်ဝန်း လုံခြုံရေးများ အထူး တင်းကျပ် ထားကြောင်း သိရသည်။ ရဲသုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။

အသက် ၂၄ နှစ် အရွယ် ဂျက်စတင်းဘော့ ဆိုသူသည် ပစ်ခတ်မှု ကျူးလွန်သူ ဖြစ်နိုင်ကြောင်း ရဲက ကနဦး ကောက်ချက် ချထားပြီး ဂျက်စတင်း ဘော့ကို ကြာသပတေးနေ့ မနက်ပိုင်းတွင် ကြိမ်ဖန်များစွာ တွေ့လိုက်ရသော် လည်း မဖမ်းမိဘဲ လွတ်သွားကြောင်း ရဲကပြောသည်။ မြို့ခံများ အိမ်ထဲမှာ သာနေရန်၊ အိမ်တံခါးများ သော့ခတ်ထားရန် မြို့အုပ်ချုပ်ရေး အဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။

ဒဏ်ရာ ရသွားသော ကနေဒါ တော်ဝင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဆေးရုံတင် ကုသထားရပြီး အခြေအနေ မသိရသေး။

““ပစ်အားပြင်းတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ တစ်ကိုယ်တော် သေနတ်သမား တစ်ဦး မြို့ထဲမှာ လွတ်နေပါတယ်။ သူဘယ်မှာ ခိုအောင်းနေလဲ အတိအကျ မသိသေးပါဘူး။ မြို့ခံတွေ သတိရှိကြဖို့ တိုက်တွန်းပါတယ်”” ဟု ရဲတပ်ဖွဲ့ အရာရှိ ရော်ဂျာ ဘရောင်းက ပြောသည်။

““သံသယ တရားခံ လူငယ်ဟာ ဘာကြောင့် ခုလို ပစ်ခတ် တိုက်ခိုက်မှု ပြုတယ်ဆိုတာကျွန်တော် တို့ စုံစမ်းနေပါတယ်””ဟု မွန်တန်မြို့ ရဲတပ်ဖွဲ့ ရဲအုပ်မာလင်း စနိုးမန်းက ပြောသည်။

မွန်တန်မြို့ တည်ရှိရာ နယူးဘရန်းဝစ် ပြည်နယ် ၀န်ကြီးချုပ် ဒေးဗစ် အောဝါ့ဒ်ကလည်း ပစ်ခတ်မှုတွင် ထိခိုက် နစ်နာခဲ့ရသူ အားလုံးအတွက် အထူး စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ပြန် ပြောကြားလိုက်သည်။

မွန်တန်မြို့ အနောက် မြောက်ဘက်တွင် ဗုဒ္ဓဟူး နေ့ည ဒေသ စံတော်ချိန်(၈)နာရီတွင် ပထမဆုံး ပစ်ခတ်သံများ ကြားရပြီးနောက် ငြိမ်သွားကာ ည (၁၀) နာရီခန့်တွင် ဒုတိယမြောက် ပစ်ခတ်သံများ ထပ်ကြားရကြောင်း မြို့ခံများက ပြောသည်။ ရဲတပ် ဖွဲ့သည် ဗုဒ္ဓဟူးနေ့ တစ်ညလုံးနှင့် ကြာသပတေး တစ်နေ့လုံး ရှာဖွေနေသည့်တိုင် သံသယ တရားခံကို တွေ့ရှိခြင်း မရှိသေး။ ကျောင်းများ ပိတ်ထားလိုက် သလို ဘတ်စ်ကားများ လည်းပြေးဆွဲခြင်း မရှိကြောင်း သိရသည်။ မွန်တန်မြို့ အဓိက လမ်းမကြီးများကို လည်း လုံခြုံရေး တပ်ဖွဲ့များက ပိတ်ဆို့ထားကာ စစ်ဆေးလျက် ရှိသည်။

Messenger News Journal
ကနေဒါနိုင်ငံ မွန်တန်မြို့တွင် ဗုဒ္ဓဟူးနေ့ ညဉ့်နက်ပိုင်းတွင် ရဲငါးဦးကို ပစ်ခတ် တိုက်ခိုက်သွားသူ တစ်ဦး ထွက်ပြေး လွတ်မြောက်နေသဖြင့် ကနေဒါ ရဲတပ်ဖွဲ့သည် အပူတပြင်း ရှာဖွေလျက်ရှိကာ မွန်တန်မြို့တစ်ဝန်း လုံခြုံရေးများ အထူး တင်းကျပ် ထားကြောင်း သိရသည်။ ရဲသုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။

တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူးပြောင်းရွှေ့စနစ် ပွင့်လင်းမြင်သာ စနစ်သို့ ပြောင်းလဲမည်ဟုဆို

ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက် တက္ကသိုလ်များတွင် ၂၀၁၄ ခုနှစ်မှ စတင်၍ တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူး အပြောင်းအရွှေ့အတွက် ပွင့်လင်းမြင်သာသည့် စနစ်ပုံစံ ပြောင်းလဲမည် ဖြစ်ကြောင်း မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက The Voice သို့ ပြောကြားသည်။

အိမ်ထောင်ပြုပြီး ၂နှစ်ကြာမှ အိပ်ခန်းထဲကနေ ပထမဆုံးအကြိမ် ထွက်လာခဲ့တဲ့ အမျိုးသမီး

ပေါင် ၉၀၀ ရှိတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ မှာ တော့ သူမရဲ့ အိပ်ခန်းကနေ ပထမဆုံးအကြိမ် အနေနဲ့ ထွက်လာခဲ့ ပါတယ်။ ဒါဟာ သူမလက်ထပ်ပြီး ၂နှစ် အကြာမှာ ပထမဆုံးအကြိမ် အနေနဲ့ ထွက်ခဲ့ခြင်းဖြစ်ပြီး အဲဒီလို ထွက်နိုင်ဖို့အတွက် မီးသတ်သမားတွေက အိမ်နံရံကို ဖြိုချ ဖျက်ဆီးပြီး ကူညီခဲ့ရပါတယ်။

ထောင်ထဲမှာ ကာမဆက်ယှက်တဲ့ စုံတွဲ

သေဒဏ် ချမှတ်ခံထားရတဲ့ တရားခံတစ်ဦးကိုတော့ Fulton county အကျဉ်းထောင်မှ သူ့ရဲ့ အကျဉ်းခန်းက သော့ကိုဖျက်ပြီး ပစ်ဒဏ်ကျခံနေတဲ့ အခြားအကျဉ်းသူတစ်ဦးနဲ့ ကာမဆက်ဆံနေတာကို ဖမ်းဆီးမိခဲ့ပါတယ်။

လူမျိုးရေးခွဲခြားတဲ့စကားလုံးတွေပါတဲ့ ဗီဒီယို အတွက် ဒေါ်လာ တစ်သန်း ငွေညှစ်ခံခဲ့ရတဲ့ Justin Bieber

Photo: လူမျိုးရေးခွဲခြားတဲ့စကားလုံးတွေပါတဲ့ ဗီဒီယို အတွက် ဒေါ်လာ တစ်သန်း ငွေညှစ်ခံခဲ့ရတဲ့ Justin Bieber
Friday, June 6, 2014 

အသက် ၂၀ အရွယ်ပေါ့ပ်စတား Justin Bieber ဟာ လူမျိုးရေးခွဲခြားတဲ့ စကား လုံးတွေပါရှိပြီး မကြာမီက အွန်လိုင်းမှာ ပျံ့ နှံ့ ခဲ့တဲ့ ဗီဒီယိုအတွက် ဒေါ်လာ တစ်သန်း ငွေညှစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

TMZ သတင်းဌာနရဲ့အဆိုအရ Bieber ဟာ သူ့ ရဲ့ ဗီဒီယိုကို လူသိရှင်ကြားမဖြစ်အောင် တားဆီးနိုင်ဖို့  အခွင့်အရေးရခဲ့ပေမယ့် မတားဆီးခဲ့ဘဲ ပရိတ်သတ်ကို တောင်းပန်ဖို့ ကိုသာ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်လက Bieber နဲ့ အတူ တွဲလုပ်ဖူးခဲ့တဲ့ လူတစ်ယောက်ရဲ့ ရှေ့ နေကတဆင့် Bieber ရဲ့ အေးဂျင့် ကိုယ်စားလှယ်တွေကို များပြားတဲ့ငွေပမာဏ တောင်းခံခဲ့တာဖြစ်ပြီး Bieber က ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့  ဆိုပါတယ်။

ဒီ ဗီဒီယိုဟာ ပေါ့ပ်ကြယ်ပွင့် Bieber တစ်ယောက် အသက် ၁၅ နှစ်အရွယ် ပရောဂျက်တစ်ခုမှာ အတူတွဲလုပ်ရင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ Bieber ဟာ Nigger ဆိုတဲ့ အသုံးအနှုန်းတွေ ခဏခဏ သုံးထားတာကို တွေ့ ရပါတယ်။

၂၀၁၁ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Never Say Never ရုပ်ရှင်မှာ Bieber ဟာ လူမည်းတွေနဲ့ ပတ်သက်ပြီး ပျက်လုံး ထုတ်ခဲ့တာဖြစ်ပါတယ်။

Justin Bieber ဟာ ဒီဗီဒီယို တစ်ကမ္ဘာလုံး ပျံ့ သွားပြီးနောက်မှာတော့ လူသိရှင်ကြားတောင်းပန်ခဲ့ရပါတယ်။

“ လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော် ဒီစကားလုံးတွေရဲ့ သက်ရောက်မှုကို နားမလည်ခဲ့ပါဘူး။ ဒီစကားလုံး တွေက ဘယ်လောက်နာကျင်စေသလဲဆိုတာ ကျွန်တော် သတိမမူမိခဲ့ပါဘူး”“ မိတ်ဆွေတွေနဲ့ မိသားစုကျေးဇူးကြောင့် ကျွန်တော့်အမှားတွေကနေ သင်ခန်းစာရခဲ့ပြီး အရွယ်ရောက်ခဲ့တယ်။ ဒီအမှားတွေကို တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အတိတ်ကအမှားတွေက လူသိရှင်ကြား ဖြစ်သွားပြီလေ၊ ကျွန်တော် စော်ကားမိခဲ့တဲ့ လူတွေအကုန်လုံးကို နောက်တစ်ကြိမ် ထပ်တောင်းပန်ပါတယ်” လို့  Bieber က ပြောကြားခဲ့ပါတယ်။

Ref: Mirror.co.uk
Treand Myanmar
အသက် ၂၀ အရွယ်ပေါ့ပ်စတား Justin Bieber ဟာ လူမျိုးရေးခွဲခြားတဲ့ စကား လုံးတွေပါရှိပြီး မကြာမီက အွန်လိုင်းမှာ ပျံ့ နှံ့ ခဲ့တဲ့  ဗီဒီယိုအတွက် ဒေါ်လာ တစ်သန်း  ငွေညှစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မုဒိမ်းမှုနှင့် လူသတ်မှု ရန်ကုန်တွင် အများဆုံးဖြစ်နေ

မြန်မာနိုင်ငံတစ်ဝန်းသုံးလတာအတွင်း  ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက် အရ  ရန်ကုန် တိုင်းဒေသကြီးသည် မုဒိမ်းမှုနှင့် လူသတ်မှုအများဆုံးဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

ကွန်တိန်နာယာဉ်မှောက်သော်လည်း ကံကောင်း၍ ထိခိုက်ဒဏ်ရာရသူမရှိ

Photo: ကွန်တိန်နာယာဉ်မှောက်သော်လည်း ကံကောင်း၍ ထိခိုက်ဒဏ်ရာရသူမရှိ
Friday, June 6, 2014 

ပေ ၄၀ရှည် ကွန်တိန်နာ ပုံးတင်လာသော ကားကြီးတစ်စီး  လမ်းအကွေ့တွင် အရှိန်လွန်တိမ်းမှောက်သွားကြောင်း သတင်း ရရှိသည်။

ဗိုလ်တထောင်မြို့နယ်၊ မ ဟာဗန္ဓုလလမ်းမကြီးနှင့်ဗိုလ်တ ထောင်ဘုရားလမ်းဆုံတွင် ပေ၄၀ အရှည်ရှိ ကွန်တိန်နာပုံးတင်လာသည့် ၂၄ ဘီး ကွန်တိန်နာတင်ကားကြီးတစ်စီးသည် ဇွန်လ၅ရက် မွန်းလွဲအချိန်က လက်ယာဘက်သို့စောင်းကာ တိမ်းမှောက်သွားခြင်းဖြစ်သည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် လူတစ်ဦးမှ ထိခိုက်ဒဏ်ရာမရရှိ သော်လည်းခေတ္တလမ်းပိတ်ဆို့ ကာ သက်ဆိုင်ရာယာဉ်ထိန်းများ နှင့် နယ်မြေရဲများက လာရောက် ရှင်းလင်းခဲ့ရကြောင်း မျက်မြင် တွေ့ရှိသူကပြောသည်။

‘‘ကွေ့တဲ့အချိန်မှာ အရှိန်မ ထိန်းနိုင်ဘဲဖြစ်သွားတာပါ။ ကျွန် တော်တို့က ကွန်တိန်နာယာဉ်တွေ ကို ပညာပေးဟောပြောပွဲတွေ လုပ်ပေးလေ့ရှိပါတယ်။ စက်ချို့ ယွင်းတာမျိုးမဖြစ်ရအောင်နဲ့ ယာဉ်မောင်းတွေ သတိဝီရိယရှိ အောင်ပါ’’ဟု တာဝန်ရှိသူယာဉ်မှု စစ်ရဲအရာရှိကပြောသည်။

ထို့ကြောင့် ကွန်တိန်နာ ယာဉ်မောင်းကို ယာဉ်ပြစ်မှုဆိုင် ရာပုဒ်မ ၂၇၉ဖြင့်အရေးယူထား ကြောင်း ဗိုလ်တထောင်မြို့မရဲစ ခန်းမှ သတင်းရရှိသည်။

7 Day News Daily
ပေ ၄၀ရှည် ကွန်တိန်နာ ပုံးတင်လာသော ကားကြီးတစ်စီး  လမ်းအကွေ့တွင် အရှိန်လွန်တိမ်းမှောက် သွား ကြောင်း သတင်း ရရှိသည်။

အသက် ၁၆နှစ်အရွယ် ကျောင်းသားကို အဓမ္မပြုကျင့်မှုဖြင့် အထက်တန်းကျွမ်းဘားဆရာမ တရားစွဲခံရ

Photo: အသက် ၁၆နှစ်အရွယ် ကျောင်းသားကို အဓမ္မပြုကျင့်မှုဖြင့် အထက်တန်းကျွမ်းဘားဆရာမ တရားစွဲခံရ
Friday, June 6, 2014 

ကျောင်းသားတဦးကို အဓမ္မပြုကျင့်မှုဖြင့် အထက်တန်းကျောင်းတကျောင်းမှ ကျွမ်းဘား ဆရာမတဦး တရားစွဲခံရပြီး ယင်းတို့ ၂ ဦးပတ်သက်မှုအချိန် ၁ နှစ်ခန့်ကြာပြီဖြစ်ပါကြောင်း CBS New York က ဖော်ပြသည်။ 

အသက် ၃၉ နှစ်အရွယ်ရှိ ဂျိုင်းမော်စီသည် အသက် ၁၆နှစ်အရွယ် ကျောင်း သား၂ဦးနှင့် မဖွယ်မရာပြုမှုများအတွက် ကလေးတယောက်၏ လူမှုဘ၀ကို အန္တရာယ်ပြုမှု၊ အဓမ္မပြုကျင့်မှု၊ ပြစ်မှုဆိုင်ရာလိင်ကိစ္စ အနေအထိုင် တို့ဖြင့် တရားစွဲချက်တင်ခံရသည်။

အစိုးရရှေ့နေများက ဆရာမနှင့်ကျောင်းသားဇာတ်လမ်းသည် လွန်ခဲ့သော နှစ်ဇွန်လက စတင်ခဲ့သည်ဟု ပြောသည်။ နယူးယောက်တွင် အမျိုးသားနှင့် အမျိုးသမီး သဘောတူလိင်ဆက်ဆံမှုကို အသက် ၁၇ နှစ်ဟု ပြဌာန်းထား သည်။

“ဒီအမှုဟာ အရမ်းစိတ်အနှေက်အယှက်ဖြစ်စရာကောင်းတယ်၊ အကြောင်းကတော့ တရားပြိုင်ဟာ ဆရာမတဦးဖြစ်လို့ပဲ၊ စာသင်ကျောင်းတွေဟာ ကလေးတွေအတွက် ဘေးကင်းလုံခြုံတဲ့နေရာဖြစ်သင့်တယ်၊ အဲဒီလို ဖြစ်ရမယ့်အစား တရားပြိုင်ဟာ သူမရဲ့ ကျောင်းသားတဦးနဲ့ လိင်ကိစ္စ မဖွယ်မရာပြုလုပ်ကျောင်း စွပ်စွဲခံရတယ်”ဟု ကွင်းခရိုင်အစိုးရရှေ့နေ ရစ်ချက်ဘရောင်းက ပြောသည်။

မော်စီသည် ကျုးလွန်ခံကျောင်းသားထံသို့ အီးမေးလ်ပို့ပြီး “လူပျိုစစ်သလား”ဟု မေးမြန်းခဲ့ကြောင်း၊ တဏာရာဂနိုးဆွသော ဓါတ်ပုံများ ပေးပို့ခဲ့ကြောင်း CBS New York ရုပ်သံက ဖော်ပြသည်။

Watch News
ကျောင်းသားတဦးကို အဓမ္မပြုကျင့်မှုဖြင့် အထက်တန်းကျောင်းတကျောင်းမှ ကျွမ်းဘား ဆရာမတဦး တရား စွဲခံရပြီး ယင်းတို့ ၂ ဦးပတ်သက်မှုအချိန် ၁ နှစ်ခန့်ကြာပြီဖြစ်ပါကြောင်း CBS New York က ဖော်ပြသည်။ 

ရာဇာမင်း ရန်ကုန်-ကော့ကရိတ် အထူးမှန်လုံယာဉ် လမ်းဘေးထိုးကျ

Photo: ရာဇာမင်း ရန်ကုန်-ကော့ကရိတ် အထူးမှန်လုံယာဉ် လမ်းဘေးထိုးကျ 
Friday, June 6, 2014 

ကရင်ပြည်နယ် ဘားအံမြို့နယ် ရှမ်းကုန်းကျေးရွာ အနီးတွင် ဇွန် ၂ ရက် နံနက် 
၇ နာရီခွဲက ရန်ကုန် ကော့ကရိတ် လိုင်းပြေးဆွဲနေသည့် ရာဇာမင်း အထူး မှန်လုံ ယာဉ်မှာ ရှေ့မှ မျက်နှာချင်းဆိုင် မောင်း နှင်လာသောယာဉ်တစ်စီးအား ရှောင်တိမ်းစဉ်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျ တိမ်းစောင်းမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ကော့ကရိတ်ပြေးဆွဲနေသည့် ရာဇာမင်း အထူးမှန်လုံ ယာဉ်အမှတ် 8I/----မော်တော်ယာဉ်အား ယာဉ်မောင်း ဦးခင်မောင်ဦး (၅၃ နှစ်)၊ ယာဉ်နောက်လိုက်စောရန်နိုင်(၁၉ နှစ်) တို့ မောင်းနှင်၍ရန်ကုန်မြို့မှ ကော့ကရိတ် မြို့သို့ ထွက်ခွာလာရာ ဘားအံမြို့နယ်ရှမ်းကုန်းကျေးရွာအနီး ဘားအံမြ၀တီ ကားလမ်း တံတား အမှတ်၁/၂၇ နှင့် မိုင်တိုင်အမှတ် ၂၆/၂အကြား တွင် မြ၀တီမြို့မှ မောင်းနှင်လာသည့် ၁၂ ဘီးကား ကုန်တင်ယာဉ် တစ်စီးကို မျက်နှာချင်းဆိုင်ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်အနိမ့်ပိုင်းသို့ ထိုးကျတိမ်းစောင်း သွားခဲ့ သော်လည်း ယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် ခရီးသည် ၂၆ ဦးတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

လမ်းဘေးထိုးကျ ယာဉ်တိမ်းစောင်းမှုကြောင့် ယာဉ်အရှေ့ညာ ဘက်ခြမ်း၊အောက် ပိုင်း ပျက်စီး၊ ယာဉ်ညာဘက် ဘော်ဒီ အနည်းငယ်ပျက်စီး၊ ယာဉ်နောက်ပိုင်းညာဘက်ခြမ်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ရာဇာမင်း အထူး မှန်လုံယာဉ်လမ်းဘေးထိုးကျ တိမ်းစောင်းမှုနှင့် ပတ်သက်၍ သာယာကုန်းရဲကင်းစခန်းမှူးနှင့် တပ်ဖွဲ့ ဝင်များက သွားရောက် ကြည့်ရှုစစ်ဆေး၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းဦးခင်မောင်ဦးကို အိန္ဒုနယ်မြေရဲစခန်းမှ ရဲအုပ်ရဲထွန်းအောင်က စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

MOI Webportal Myanmar News Now
ကရင်ပြည်နယ် ဘားအံမြို့နယ် ရှမ်းကုန်းကျေးရွာ အနီးတွင် ဇွန် ၂ ရက် နံနက် ၇ နာရီခွဲက ရန်ကုန် ကော့ကရိတ် လိုင်းပြေးဆွဲနေသည့် ရာဇာမင်း အထူး မှန်လုံ ယာဉ်မှာ ရှေ့မှ မျက်နှာချင်းဆိုင် မောင်း နှင် လာသောယာဉ်တစ်စီးအား ရှောင်တိမ်းစဉ်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျ တိမ်းစောင်းမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဆီးရီးယားသမ္မတ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အသာဖြင့် အာဆတ် အနိုင်ရ

Photo: ဆီးရီးယားသမ္မတ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အသာဖြင့် အာဆတ် အနိုင်ရ
Friday, June 6, 2014

ပြည်တွင်းစစ် ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံ၌ ကျင်းပသည့် သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဘာရှားအယ်အာဆတ်ပင် မဲအပြတ်အသတ် အသာဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် နိုင်ငံတော်အာဏာကို အာဆတ်က ခိုင်ခိုင်မာမာ ချုပ်ကိုင်ထားနိုင်သည်ကို ဖော်ပြလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နိုင်ငံအနောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မဲစုစုပေါင်း၏ ၈၈ ဒသမ ၇ ရာခိုင်နှုန်းကို အာဆတ် အနိုင်ရရှိခဲ့ကြောင်း ဆီးရီးယား ပါလီမန် ဥက္ကဋ္ဌ မိုဟာမတ်အယ်လာဟန်က ပြောကြားသည်။

“ဆီးရီးယား အာရပ်သမ္မတနိုင်ငံ သမ္မတအဖြစ် ဒေါက်တာဘာရှားဟာဖတ် အယ်အာဆတ်က မဲအများစု အသာနဲ့ အနိုင်ရရှိတယ်လို့ ကျွန်တော် ကြေညာပါတယ်” ဟု လာဟန်ကက ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားသည်။

“ဒမတ်စကတ်မြို့တော်၊ နိုင်ငံမြောက်ပိုင်းရှိ ကွာမီလီမြို့၊ တောင်ပိုင်းရှိ ဆူဝီဒါမြို့နှင့် အလတ်ပိုမြို့များတွင် အာဆတ်အပေါ် ထောက်ခံသူများက အောင်ပွဲခံ ပျော်မြူးနေသည့် ပုံများကို ဆီးရီးယားနိုင်ငံပိုင် သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ရွေးကောက်ပွဲတွင် ပြည်ပရှိ ဆီးရီးယား နိုင်ငံသားများ၊ ဒုက္ခသည်များ အပါအဝင် မဲပေးသူပေါင်း ၇၃ ရာခိုင်နှုန်းထိ ရှိကြောင်း ဆီးရီးယား အခြေခံဥပဒေ ခုံရုံးက ထုတ်ပြန်သည်။

အာဆတ်နှင့်အပြိုင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါလီမန် အမတ်ဟောင်း မဟာဟတ်ဂျားမှာ ထောက်ခံမဲ ၃ ဒသမ ၂ ရာခိုင်နှုန်း ရရှိပြီး ဝန်ကြီးဟောင်း ဟာဆန်အယ်နော်ရီက ထောက်ခံမဲ ၄ ဒသမ ၃ ရာခိုင်နှုန်းသာ ရရှိသည်။

လူပေါင်း ၁၆၀,၀၀၀ ကျော် သေဆုံးပြီး သန်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရသော ဆီးရီးယား ပြည်တွင်းစစ် ကာလတွင်း ကျင်းပသည့် ရွေးကောက်ပွဲသည် ယုံကြည်ခိုင်မာရမှု မရှိကြောင်း နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများကို သူပုန်များက ထိန်းချုပ်ထားကြောင်း ဆီးရီးယား အတိုက်အခံများက ဝေဖန်သွားသည်။

“ဒီရွေးကောက်ပွဲက တရားမဝင်ပါဘူး။ ကြောက်မက်ဖွယ် ပဋိပက္ခကြီးကို ဖြေရှင်းနိုင်ရေး နိုင်ငံရေးရာ လမ်းကြောင်း ရှာဖွေရာမှာ အခက်အခဲ တွေ့စေမှာပါ” ဟု ဥရောပသမဂ္ဂအဖွဲ့က ထုတ်ပြန်သည်။

ဆီးရီးယား ရွေးကောက်ပွဲမှာ အမည်ခံ ရွေးကောက်ပွဲ ဖြစ်ပြီး အနစ်သာရ မရှိသည့် သုည ရွေးကောက်ပွဲသာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

အစ္စလာမ္မစ် သူပုန်အဖွဲ့များ ပူးပေါင်းထားသည့် ညွန့်ပေါင်းအဖွဲ့ချုပ်က “သွေးစွန်းသော ရွေးကောက်ပွဲ” ဖြစ်သည်ဟု ဝေဖန်လိုက်ကာ တရားဝင်မှု မရှိဟု မှတ်ချက်ပြုသည်။

သုံးနှစ်ကျော်ကြာ ဖြစ်ပွားနေသည့် ဆီးရီးယား ပြည်တွင်းစစ်တွင် သူပုန်များအပေါ် အစိုးရတပ်ဖွဲ့များက အောင်ပွဲရနေကြောင်း သမ္မတအာဆတ်၏ ရွေးကောက်ပွဲ အောင်ပွဲက သက်သေပြနေကြောင်း ဆီးရီးယား အစိုးရအရာရှိများက ပြောကြားသည်။

၂၀၀၇ ခုနစ်တွင် ကျင်းပခဲ့သည့် သမ္မတ အတည်ပြုရေး ပြည်သူ့ထောက်ခံပွဲတွင် သမ္မတ အာဆတ်က ၉၇ ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့ပြီး လက်ရှိ ရွေးကောက်ပွဲတွင် ၈၈ ဒသမ ၇ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့သည်။

The Voice Weekly
ပြည်တွင်းစစ် ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံ၌ ကျင်းပသည့် သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဘာရှားအယ်အာဆတ်ပင် မဲအပြတ်အသတ် အသာဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် နိုင်ငံတော်အာဏာကို အာဆတ်က ခိုင်ခိုင်မာမာ ချုပ်ကိုင်ထားနိုင်သည်ကို ဖော်ပြလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြ ထားသည်။

စီရော်နယ်ဒိုကမ္ဘာ့ဖလားပွဲလွဲအောင် ပြုစားထားကြောင်း ဂါနာအောက်လမ်းဆေးဆရာပြော

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန်အထိပါ ခံစားရဖွယ်ရှိနေသည့် စီရော်နယ်ဒို၏ဒဏ်ရာကို မိမိကဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု ဂါနာလူမျိုး အောက်လမ်းဆေးဆရာတစ်ဦးက ပြောကြားလိုက်သည်။

ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီး (သို့မဟုတ်) ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ လိင်လုပ်သားနယ်မြေ

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လိင်လုပ်သားတွေဟာ သူတို့ရဲ့ဝင်ငွေအမြောက် အမြားရနိုင်ရေးအတွက် ကမ္ဘာ့ ဖလားပြိုင်ပွဲတိုင်းကို အားထားလေ့ ရှိခဲ့ကြပါတယ်။ ညမှောင်လာပြီဆိုတာနဲ့ တိုင်းတပါးသား ဧည့်သည်တွေ များဆုံးသွားလာတတ်တဲ့နေရာတွေရဲ့ လမ်းထောင့်တွေမှာ၊ ကားတွေအနီးနားမှာ၊ အလင်းဖျော့မီးတိုင်တွေ အောက်မှာ အရှက်လုံရုံသာ ၀တ်စားထားတဲ့ အမျိုးသမီးတွေ အလျှိုအလျှို ပေါ်ထွက်လာတတ်ကြပါတယ်။

Pact ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်း ဆင်းရဲနွမ်းပါးမှု ထက်ဝက် လျှော့ချနိုင်မည်ဟုဆို

Photo: Pact ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်း ဆင်းရဲနွမ်းပါးမှု ထက်ဝက် လျှော့ချနိုင်မည်ဟုဆို
Friday, June 6, 2014

အမေရိကန်အခြေစိုက် Pact အသေးစား ငွေကြေးဝန်ဆောင်မှု လူမှုအဖွဲ့က မြန်မာနိုင်ငံအတွက် ဆောင်ရွက်မည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်းသည် လက်ရှိ ဆင်းရဲနွမ်းပါးမှုကို ထက်ဝက်နီးပါး လျှော့ချနိုင်မည် ဖြစ်ကြောင်း သမဝါယမ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

နိုင်ငံလူဦးရေ၏ ၃၂ ရာခိုင်နှုန်း နီးပါးမှာ ဆင်းရဲနွမ်းမှုနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံအတွက် အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း Pact က လာမည့် ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အသေးစားချေးငွေ အကူအညီဖြင့် ဆင်းရဲနွမ်းပါးမှု ထက်ဝက်လျှော့ချရန် စတင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

UNDP က ရန်ပုံငွေနှင့် နည်းပညာ ပစ္စည်းအားလုံးကို ဇွန်လ ၄ ရက်နေ့တွင် Pact အဖွဲ့သို့ တရားဝင် လွှဲပြောင်းပေးခဲ့ပြီး ရှေ့ဆက် ဆောင်ရွက်မည့် Pact ၏ လုပ်ငန်းစဉ်များကို ကမ္ဘာလုံးဆိုင်ရာ အသေးစား ငွေကြေးရန်ပုံငွေ (PGMF) က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လ ၄ ရက်နေ့ UNDP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသေးစား ငွေချေးလုပ်ငန်းအတွက် အစီအစဉ် အသေးစိတ်ကိုမူ ဇွန်လ ၄ ရက်နေ့ သဘောတူလက်မှတ် ရေးထိုးပွဲတွင် ကြေညာခဲ့ခြင်း မရှိချေ။

တစ်နိုင်ငံလုံး ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း လျှော့ချမည် ဆိုသော်လည်း အချို့ လူမှုအဖွဲ့အစည်းများ၏ အသေးစား ငွေချေးလုပ်ငန်း အများစုသည် နယ်မြို့များထိ မရောက်ရှိနိုင်ဘဲ ရန်ကုန်မြို့တော်နှင့် အနီးတစ်ဝိုက်တွင်သာ စတင်နိုင်ကြောင်း ငွေစုငွေချေး ပံ့ပိုးပေးနေသော အစိုးရ မဟုတ်သော အဖွဲ့အစည်းများထံက စုံစမ်း သိရှိရသည်။

“နယ်မှာတော့ မစသေးဘူး။ ရန်ကုန်မှာပဲ လုပ်နေသေးတယ်။ ဒီလုပ်ဆောင်ချက်တွေက သူတို့အတွက် တကယ် အကျိုးရှိတယ်။ တကယ်လုပ်၊ မလုပ်လည်း လိုက်စစ်ဆေးတယ်” ဟု အသေးစားချေးငွေ ပံ့ပိုးနေသော မင်္ဂလာမြန်မာ လူမှုအဖွဲ့၏ ညှိနှိုင်းရေးမှူး ဒေါ်သူဇာဝင်းက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် UNDP ၏ အသေးစား ငွေချေးစီမံကိန်းကို ၁၉၉၇ ခုနှစ်တွင် စတင်ခဲ့ပြီး ပြင်သစ်၊ အမေရိကန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လူမှုရေး အဖွဲ့အစည်းများနှင့် အိမ်ထောင်စု ခြောက်သိန်းကျော်ကို ပံ့ပိုးပေးခဲ့သည်။ 

The Voice Weekly
အမေရိကန်အခြေစိုက် Pact အသေးစား ငွေကြေးဝန်ဆောင်မှု လူမှုအဖွဲ့က မြန်မာနိုင်ငံအတွက် ဆောင်ရွက် မည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်းသည် လက်ရှိ ဆင်းရဲနွမ်းပါးမှုကို ထက်ဝက်နီးပါး လျှော့ချနိုင်မည် ဖြစ်ကြောင်း သမဝါယမ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

Facebook Fanpage များတွင် Like လုပ်သူ များပြားလာစေရန် ငွေကြေးဖြင့်လုပ်ဆောင်မှု ပိုမိုများပြားလာကြောင်း သိရ

Facebook Fan Page များတွင် ကြည့်ရှုသူများလာစေရန်နှင့် Like လုပ်သူများလာစေရန်အတွက် ငွေ ကြေးဖြင့် သော်လည်းကောင်း၊ လက်ဆောင်ပစ္စည်းများဖြင့် သော်လည်ကောင်း လုပ်ဆောင်မှုများ ပိုမို များပြား လာကြောင်း အိုင်တီကုမ္ပဏီ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ 

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများနေထိုင်ရာ အဆောင် ပတ်ဝန်းကျင် တွင် မူးယစ်ဆေးဝါးများ ဖမ်းမိ

မော်လမြိုင်တက္ကသိုလ် ကျောင်းဝင်းအနီးရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ နေထိုင်သည့် မြိုင် သာယာရပ်ကွက်အတွင်းရှိ ကျောင်းသားအဆောင် ပတ်ဝန်းကျင်တွင် မူးယစ်စိတ်ကြွဆေးပြား ရောင်းချသူ ကို မေလ နောက်ဆုံးရက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ လက်ထောက် ကထိက ဦးသိန်းဇော်ဦးက ပြောကြားသည်။ 

ရေပြာပြာဝယ် မောသမျှ ပြေစေမယ်

Photo: ရေပြာပြာဝယ် မောသမျှ ပြေစေမယ်
Friday, June 6, 2014

ဒီတစ်ပတ်အားလပ်ရက်မှာ သွားလာလည်ပတ်ဖို့သဘာဝအလှ
ရှုခင်းတွေ တစ်ဝကြီး ခံစားရမယ့် နေရာလေးတစ်ခုကိုညွှန်းချင်ပါတယ်။ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်မှာ
နေထိုင်သူတွေအတွက်ကတော့ မဆန်းပေမယ့် နယ်ဝေးကနေ
မန္တလေးမြို့ကိုရောက်လာမယ့်သူတွေ မသွားမဖြစ်သွားရောက်ဖို့ ဒီးဒုတ်ရေပြာအိုင်ကို ညွှန်းလိုက်ပါရစေ။

ဒီးဒုတ်ရေပြာအိုင်က မန္တလေးမြို့ရဲ့ အရှေ့ဘက် မန္တလေး-ပြင်ဦးလွင်လမ်း (၁၆)မိုင်ဂိတ် အကျော် ရဲရွာရေအားလျှပ်စစ် စက်ရုံကိုသွားရာလမ်းတစ်လျှောက်ကနေသွားရမှာပါ။ အဲဒီလမ်းကနေဝင်လိုက်ပြီဆိုတာနဲ့ မြင့်မားစိမ်းစိုနေတဲ့ တောင်တန်းကြီးတွေက သင်တို့ ကိုဝန်းရံနေတာကိုမြင်တွေ့ရမှာ ပါ။

ခပ်ကြမ်းကြမ်းစီးဆင်းနေတဲ့ ဒုဋ္ဌဝတီမြစ်ကြီးရယ်၊ မြစ်ဘေး တစ်လျှောက် စိုက်ပျိုးထားတဲ့သီး နှံစိုက်ခင်းတွေကိုလည်း မျက်စိ ပသာဒဖြစ်ဖွယ် ရှုစားရဦးမှာပါ။ အဲဒီလိုအလှအပတွေ ခံစားရင်း ၁၅ မိုင်ကျော်ကျော်လောက်မှာ တော့ ဒီးဒုတ်ရေပြာအိုင်ကိုရောက် ရှိမှာဖြစ်ပါတယ်။ ဒီးဒုတ်ရေပြာအိုင် ရောက်ပြီဆိုတာနဲ့ပြာလဲ့လဲ့ ရေထဲမှာ ဝင်ရောက်ဆော့ကစားရင်း အနားယူလို့ရပါပြီ။ ဒီးဒုတ်ရေပြာအိုင်ဟာ ဒီးဒုတ်ရေတံခွန်က ကျလာတဲ့ ရေပြာတွေပါ။ ဒီးဒုတ်ရေတံခွန်ဟာ မြင့်မားလှတဲ့တောင်ပေါ်ကနေ ပတ်ခွေစီးဆင်းနေ တာမို့ ဒီးဒုတ်ရေ ပြာအိုင်လေးတွေကလည်း မရေမတွက်နိုင်အောင်အထပ်လိုက် အထပ်လိုက် တည်ရှိနေပါသေးတယ်။ ဒါကြောင့် အောက်ခြေရေပြာအိုင်တင်အားမရသေးဘူးဆိုရင် ထပ်တက်လို့ရပါသေးတယ်။ အပေါ်ရောက်လေရေတွေက ပိုပြီးပြာလဲ့ကြည်လင်ပါတယ်။ ရေတံခွန် ၁၀ ထပ်အထိ အပန်းဖြေစခန်းလေးတွေဖွင့်လှစ်ထားပါတယ်။ 

ကျင့်သားမရှိသေးသူတွေအတွက် ချွေးတတောက်တောက်ကျစေနိုင်ပါတယ်။ ဒါပေမဲ့ အပေါ် ရောက်လေ ဒီးဒုတ်ရေတံခွန်ရဲ့ အလှက ပိုမိုတောက်ပလာလေမို့ အမောအပန်းပြေပျောက်သွားစေမှာ အမှန်ပါ။ ရေတံခွန် အထပ်တွေဆီသွားရင်း မောပန်းလာရင် ဒေသခံတွေ ရောင်းချနေတဲ့ အအေးတို့၊ ရေသန့်ဘူးတို့ ဝယ်ယူအားပေးရင်း သူတို့ရဲ့ လူနေမှုဘဝတွေကို လေ့လာနိုင်ပါတယ်။ အရမ်းမောပန်းလာလို့ ခန္ဓာကိုယ်ကိုလဲလျောင်းချင်တယ်ဆိုရင် အရိပ် အာဝါသကောင်းလှတဲ့ သစ်ပင် တွေအောက်က ဝါးကွပ်ပျစ်လေး တွေက အဆင်သင့်စောင့်ကြိုနေ ပါတယ်။

ဓာတ်ပုံ− ညီညီဇော်
7Day Daily
ဒီတစ်ပတ်အားလပ်ရက်မှာ သွားလာလည်ပတ်ဖို့သဘာဝအလှ ရှုခင်းတွေ တစ်ဝကြီး ခံစားရမယ့် နေရာလေး တစ်ခု ကို ညွှန်းချင်ပါတယ်။ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်မှာ နေထိုင် သူတွေ အတွက်ကတော့ မဆန်းပေမယ့် နယ်ဝေးကနေ မန္တလေးမြို့ကိုရောက်လာမယ့်သူတွေ မသွားမဖြစ်သွားရောက်ဖို့ ဒီးဒုတ်ရေပြာအိုင်ကို ညွှန်း လိုက် ပါရစေ။

ရုရှားသမ္မတ နဲ့ အနောက်နိုင်ငံခေါင်းဆောင်များ မျက်နှာချင်းဆိုင် တွေ့ဆုံ

Photo: ရုရှားသမ္မတ နဲ့ အနောက်နိုင်ငံခေါင်းဆောင်များ မျက်နှာချင်းဆိုင် တွေ့ဆုံ
Friday, June 6, 2014

 ရုရှားသမ္မတ Vladimir Putin ဟာ ယူကရိန်းပဋိပက္ခ စတင်တဲ့အချိန်ကစလို့ အနောက်အုပ်စုနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ်အဖြစ် ကြာသပတေးနေ့က မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါတယ်။ D – Day လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တပ်ဖွဲ့တွေကို ပြင်သစ်နိုင်ငံ Normandy ကမ်းခြေမှာ မဟာမိတ်တပ်ဖွဲ့တွေက စတင် ထိုးစစ်ဆင် တိုက်ခိုက်တဲ့နေ့ အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်တဲ့အချိန် အခုလို တွေ့ဆုံကြတာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော်အတွင်း ရုရှားမပါပဲ အနောက်အုပ်စု ခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ Barack Obama တို့ Brussels မြို့မှာ တွေ့ဆုံပြီး နာရီပိုင်းအကြာမှာပဲ ဗြိတိသျှဝန်ကြီးချုပ် David Cameron ၊ ပြင်သစ်သမ္မတ Francois Hollande တို့နဲ့ သမ္မတ ပူတင် ပဲရစ်မြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ 

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှာ ခွဲထွက်ရေးအတွက် တောင်းဆို လှုပ်ရှားနေကြသူတွေကို ရုရှားက ထောက်ပံ့ပေးနေတဲ့အပေါ် G – 7 လို့ခေါ်တဲ့ စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေက ခေါင်းဆောင်တွေပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း ရုရှားအပေါ် ပြစ်တင် ဝေဖန်လိုက်ကြပါတယ်။ ရုရှားအစိုးရအနေနဲ့ အသစ် ရွေးကောက်တင်မြောက်ခံထားရတဲ့ ယူကရိန်းသမ္မတနဲ့ တိုက်ရိုက် ဆွေးနွေး ညှိနှိုင်းပြီး ရုရှားဖက်ကနေ ယူကရိန်းနိုင်ငံအတွင်းမှာ ရှိနေတဲ့ ခွဲထွက်ရေးသမားတွေထံ လက်နက်တွေ တင်ပို့နေတာကို ရပ်တန့်ပစ်ဖို့အတွက် သမ္မတ အိုဘားမားက နောက်ပိုင်းမှာ တောင်းဆိုခဲ့ပါတယ်။

မေလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ယူကရိန်းသမ္မတ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမယ့်အကြောင်း ရုရှားအစိုးရက ပြောကြားခဲ့တာကိုလည်း အနောက်အုပ်စု ခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲအတွင်း မှတ်တမ်း တင်ခဲ့ပါတယ်။

ဒါပေမယ့် ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံထဲက ခွဲထွက်ရေးသမားတွေကို ဆက်လက် ထောက်ခံနေဦးမယ် ဆိုရင်တော့ နောက်ထပ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေနဲ့ အခုသီတင်းပတ်အတွင်း ရင်ဆိုင်ရနိုင်တယ်လို့ သမ္မတ အိုဘားမားက သတိပေး ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ရုရှသမ္မတနဲ့ ပြင်သစ်သမ္မတ တွေ့ဆုံ။ (ဇွန် ၅၊ ၂၀၁၄)
ရုရှသမ္မတနဲ့ ပြင်သစ်သမ္မတ တွေ့ဆုံ။ (ဇွန် ၅၊ ၂၀၁၄)
ရုရှားသမ္မတ Vladimir Putin ဟာ ယူကရိန်းပဋိပက္ခ စတင်တဲ့အချိန်ကစလို့ အနောက်အုပ်စုနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ်အဖြစ် ကြာသပတေးနေ့က မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါတယ်။ D – Day လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တပ်ဖွဲ့တွေကို ပြင်သစ်နိုင်ငံ Normandy ကမ်းခြေမှာ မဟာမိတ်တပ်ဖွဲ့တွေက စတင် ထိုးစစ်ဆင် တိုက်ခိုက်တဲ့နေ့ အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်တဲ့အချိန် အခုလို တွေ့ဆုံကြတာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှု ဖြစ်ပါက ယာဉ်လိုက်ခွင့် အမြင့်ဆုံး (၆) လပိတ်ရန် စီစဉ်

ယာဉ်တိုက်မှု ဖြစ်သည့် ခရီးသည်တင် ယာဉ်မောင်း နှင့် ယာဉ်နောက် လိုက်များအား ယခင် ကျင့်သုံးခဲ့သော ယာဉ်လိုက်ခွင့် တစ်လပိတ် ပြစ်ဒဏ် အစား အမြင့်ဆုံး ခြောက်လပိတ် ပြစ်ဒဏ်တိုးမြှင့် အရေးယူရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မ.ထ.သ (ဗဟို) မှ  သိရသည်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တွေကိုလည်း ကြေညာထားပြီး ဖြစ်ပါတယ်။

သြစီရောက်မြန်မာလေးဦး တိရိစ္ဆာန်ပစ်သတ်မှုနဲ့ တရားစွဲခံခဲ့ရ

Photo: သြစီရောက်မြန်မာလေးဦး တိရိစ္ဆာန်ပစ်သတ်မှုနဲ့ တရားစွဲခံခဲ့ရ
Friday, June 6, 2014 

 သြစတြေးလျနိုင်ငံမှာ ရောက်နေတဲ့ မြန်မာ ဒုက္ခသည် လေးဦးကို သြစတြေး လျနိုင်ငံရဲ့ ဘေးမဲ့ ပေးထားတဲ့ တိရိစ္ဆာန်တွေကို ပစ်သတ်မှုနဲ့ တရားစွဲဆို ခံခဲ့ရပါတယ်။

ချိုဝင်းအောင်၊ ဌေးအောင်၊ အယ်နေမူး နဲ့ မွီစေးထူး ဆိုသူ ဒုက္ခသည် ၄ ဦးရဲ့ ကားအတွင်းမှာ ကွာလာ အသေ ၃ ကောင်နဲ့ ရှဉ့်ကြွက် အသေ ၁၄ ကောင်ကို ရဲက တွေ့ရှိခဲ့ရတဲ့အတွက် တောင်ပိုင်း သြစတြေးလျပြည်နယ် မှာ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

ကွာလာ အကြီး ၂ ကောင်နဲ့ ကွာလာ ကလေးလေး ၁ ကောင် အပါအ၀င် ရှဉ့်ကြွက် ၁၄ ကောင်ကို ကားထဲမှာ တွေ့ရှိတုန်းက အရည်ခွံခွါထားတယ်လို့ ဆိုပါတယ်။

ထိုင်းနယ်စပ် ဒုက္ခသည် စခန်းမှာ တောလိုက်တာဟာ လူတိုင်းအတွက် သာမန်လုပ်ရပ်သာ ဖြစ်တာကြောင့် သြစတြေးလျနိုင်ငံမှာ အခုလို လုပ်မိကြတာ ဖြစ်ပြီး ဒါဟာ တရားဥပဒေချိုးဖောက်မှု ဆိုတာကို သူတို့တွေ မသိခဲ့ကြဘူးလို့ အဲဒီ တရားစွဲခံရတဲ့ သူတွေရဲ့ ရှေ့နေက လျှောက်လွှဲချက်ပေးပါတယ်။

သူတို့တွေဟာ ယဉ်ကျေးမှု ကွာခြားချက်ကြောင့် အမှုကျူးလွန်တာ ဖြစ်တဲ့အတွက် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးခဲ့ပြီး နောက်နောင်မှာ အခုလို မလုပ်ကြဖို့ ရာဇ၀တ်တရားသူကြီးက သတိပေးလိုက်ပါတယ်။

အစိုးရက သတ်မှတ်ထားတဲ့ တောတွေကလွဲလို့ နိုင်ငံအထိမ်းအမှတ် ဌာနေ တိရိစ္ဆာန် သတ်ဖြတ်မှုကို သြစတြေးလျနိုင်ငံက တားမြစ်ထားတာ ဖြစ်ပါတယ်။

ABC Radio Australia

သြစတြေးလျနိုင်ငံက ဘေးမဲ့ပေးထားတဲ့ ကွာလာ (Koala) တိရိစ္တာန် တမျိုး (Credit: AAP)
သြစတြေးလျနိုင်ငံက ဘေးမဲ့ပေးထားတဲ့ ကွာလာ (Koala) တိရိစ္တာန် တမျိုး (Credit: AAP)
 သြစတြေးလျနိုင်ငံမှာ ​ရောက်နေတဲ့ ​မြန်မာ ဒုက္ခသည် လေးဦးကို ​သြစတြေး လျနိုင်ငံရဲ့ ​ဘေးမဲ့ ပေးထားတဲ့ ​တိရိစ္ဆာန်တွေကို ​ပစ်သတ်မှုနဲ့ ​တရားစွဲဆို ခံခဲ့ရပါတယ်။

မီးရထားဘူတာဝန်းကျင် မြေနေရာများတွင် ဆက်သွယ်ရေးအော်ပရေတာ တာဝါတိုင်တည်ဆောက်ရန် ပျမ်းမျှပေ ၆၀×၈၀ ရှိ မြေကွက်များကို ငှားရမ်းမည်

ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ရန် မြေနေရာအခက်အခဲဖြစ်နေသည့် ဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် တာဝါတိုင်တည်ဆောက်ရန် မီးရထားဘူတာ အနီးဝန်းကျင်ရှိ မြေနေရာများကို ငှားရမ်းပေးသွားမည်ဖြစ်ပြီး မြေငှားရမ်းခွင့်ကို ၁၅ နှစ် လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ကြောင်း မြန်မာ့ရထား Optical Fiber Cable လိုင်းများ သွယ်တန်းခြင်းစီမံကိန်း ဒါရိုက်တာ ဦးဘမြင့်က ပြောကြားသည်။

ထိုင်းအာဏာသိမ်း စစ်အစိုးရအား အသိအမှတ်ပြုကြောင်း မြန်မာ ပြောကြား

ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအများအပြားက ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ သဘော မတူကြောင်းနှင့် စိတ်ပျက်မိကြောင်း ပြောဆိုနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ထိုင်းအာဏာသိမ်း စစ်အစိုးရ အား အသိအမှတ်ပြု ကြောင်း ပြောဆိုခဲ့သည်ဟု ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မသေမချာဖြစ်စေမှုတွင် လာဘ်ပေးလာဘ်ယူမှု သည် အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားစေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား

Photo: နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မသေမချာဖြစ်စေမှုတွင် လာဘ်ပေးလာဘ်ယူမှု သည် အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားစေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား
Friday, June 6, 2014

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မသေမချာဖြစ်စေမှုမှာ လာဘ်ပေးလာဘ်ယူမှု ဟာ အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားစေကြောင်းကို ဇွန် ၅ ရက် MICC တွင်ပြုလုပ်သည့် ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် သမ္မတဦးသိန်းစိန်က ပြောကြားသည်။
 
မြန်မာနိုင်ငံအနေဖြင့် ဆင်းရဲမွဲတေမှုများကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ လျော့ကျအောင် ဆောင်ရွက်လျက်ရှိပြီး စာတတ်မြောက်ရေးလှုပ်ရှားမှုများကိုလည်း နိုင်ငံ၏ ဒေသများတွင် ဆောင်ရွက်ထားရှိခဲ့ကြောင်း၊ အလားတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စေမှုတွင် လာဘ်ပေးလာဘ်ယူမှုသည် အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားစေကြောင်းနှင့် လာဘ်ပေးလာဘ်ယူမှုကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုများကို ပျက်စီးစေနိုင်ကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သမ္မတက ပြောကြားသည်။
 
“မြန်မာနိုင်ငံဟာ ပြင်ပကမ္ဘာ့နိုင်ငံများနဲ့ စီးပွားရေး၊ လူမှုရေးဆိုင်ရာလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ကူးလူးဆက်ဆံဆောင်ရွက်လာတာနှင့်အမျှ စီးပွားရေးနဲ့စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများဟာ တိုးပွားလာလျက်ရှိပါတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမယ့် အစိမ်းရောင်စီးပွားရေးမူဝါဒများကို ခိုင်မာစွာ ချမှတ်ထားတာလည်း ဖြစ်ပါတယ်။ အဲဒီလိုသာ မဆောင်ရွက်နိုင်ခဲ့ရင် ကျွန်တော်တို့သယံဇာတများကို အလွန်အကျွံထုတ်ယူသုံးစွဲကြတော့မှာဖြစ်ပြီး အနာဂတ်မျိုးဆက်များအနေနဲ့ အဲဒီဒဏ်ကို ခံစားကြရမှာ ဖြစ်ပါတယ်။ ဂေဟစနစ် ပျက်ယွင်းခြင်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်များဖြစ်ကြတဲ့ ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု စသည်တို့ဖြစ်ပေါ်လာပါက တခြားသူများထက် ဆင်းရဲသားများက ပိုမိုခံစားရလျက် ရှိပါတယ်”ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။
 
ရာသီဥတုပြောင်းလဲမှုသည် တခြားနိုင်ငံများထက် ဖွံ့ဖြိုးဆဲကျွန်းနိုင်ငံငယ်များတွင် ပြင်းထန်သောစိန်ခေါ်မှု အမျိုးမျိုးကို ခံစားလျက်ရှိပြီး လက်ရှိအတိုင်းနှစ်စဉ် ကာဗွန်ထုတ်လုပ်မှုနှုန်း မလျှော့ချနိုင်ပါကကျွန်းစုနိုင်ငံများအနေဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် စီးပွားရေးအရ ဆုံးရှုံးနိုင်မှုပမာဏသည် ၂ဝ၈ဝ ပြည့်နှစ်တွင် ဒေါ်လာ ၁၈၇ ဘီလျံအထိ ရှိလာမည်ဟု UNEP  ခန့် မှန်းထားကြောင်း သိရသည်။
 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က“မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ပြောရမယ်ဆိုရင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်သည် သဘာဝဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ဖော်ပြပါရှိပါတယ်။ ဒါ့အပြင် နိုင်ငံသားတိုင်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ဟုလည်း ဖော်ပြထားပါတယ်။ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်းခြင်းဖြင့် ကျွန်တော်တို့နိုင်ငံရဲ့မတူကွဲပြားတဲ့ သဘာဝနဲ့ယဉ်ကျေးမှုများဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်”ဟု ဆိုသည်။
 
ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအား ၂ဝ၁၄ ခုနှစ် မတ် ၁ဝ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
 
Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က “သမ္မတက လာဘ်ပေးလာဘ်ယူကိစ္စကို စကားလုံးတွေနဲ့ ပြောနေတာထက် ဝန်ကြီးတွေ၊ အစိုးရထိပ်တန်းအရာရှိကြီးတွေရဲ့ လစာနဲ့ သူတို့မိသားစုဝင်တွေ ပိုင်ဆိုင်မှုအချိုးကို ပြည်သူလူထုကို တရားဝင်ချပြလိုက်တာ ကောင်းပါတယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံအရဆိုရင် မဆလခေတ်နှောင်းပိုင်း၊ နဝတ၊ နအဖခေတ်တွေထက် လက်ရှိအချိန်က ပိုဆိုးနေတယ်။ ၉၅ ရာခိုင်နှုန်းလောက်က လာဘ်စားနေကြပေမယ့် လာဘ်ပေးလာဘ်ယူအပါအဝင် အဂတိလိုက်စားလို့ ထောင်ချတဲ့သူ သမ္မတကြီးသက်တမ်းမှာ မရှိသေးဘူး။ အစိုးရအဖွဲ့ဝင်တိုင်း၊ ဝန်ထမ်းတိုင်းက သမ္မတရုံးနဲ့ အဆင်ပြေရင် အရေးယူမခံရနိုင်ဘူးဆိုတဲ့အသိမျိုးကို လူတိုင်းသိနေတယ်။ လက်ရှိအစိုးရကို လူထုအဝေဖန်ဆုံးက ဒီလာဘ်ပေးလာဘ်ယူနဲ့ အဂတိလိုက်စားမှုကိစ္စပါ။ ဒါကြောင့်  လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ဖြေနိုင်ရင် နောက်သက်တမ်းအတွက် ပြည်သူတွေက သမ္မတကြီးကို တာဝန်ဆက်ထမ်းဆောင်ဖို့ တောင်းဆိုကြလိမ့်မယ်”ဟု ပြောကြားသည်။ 

Eleven Media Group 

ဇွန် ၅ ရက် MICC တွင်ပြုလုပ်သည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်း သိမ်း ရေးနေ့ အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်က ပြောကြားနေစဉ်
ဇွန် ၅ ရက် MICC တွင်ပြုလုပ်သည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်း သိမ်း ရေးနေ့ အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်က ပြောကြားနေစဉ်   
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မသေမချာဖြစ်စေမှုမှာ လာဘ်ပေးလာဘ်ယူမှု ဟာ အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားစေကြောင်းကို ဇွန် ၅ ရက် MICC တွင်ပြုလုပ်သည့် ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့  အခမ်းအနားတွင် သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို မလျော်ကန်စွာ ယူဆောင်သူ စိတ်ဖောက်ပြန် တတ်သော အမျိုးသမီးအား ဖမ်းဆီးအရေးယူ

၂၀၁၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ၊ မွန်းလွဲပိုင်း ၁နာရီခွဲအချိန်ခန့် တွင် လားရှိုးမြို့ နယ်၊ ဆုံကွယ် ကျေးရွာ အုပ်စု၌ စိတ်ဖောက်ပြန်တတ်သော အမျိုးသမီးတစ်ဦးက ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအား မဖွယ်မရာ ပြုလုပ် သယ်ဆောင်ခဲ့သည်ကို မျက်မြင်တွေ့ ရှိခဲ့သူများက သက်ဆိုင်ရာသို့  သတင်းပို့ တိုင်တန်းခဲ့ရာ တာဝန်ရှိသူ များက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သိရသည်။

အလှမယ် မေမြတ်နိုး ရန်ကုန်လေဆိပ်ကို ပြန်ရောက်

Photo: အလှမယ် မေမြတ်နိုး ရန်ကုန်လေဆိပ်ကို ပြန်ရောက်
Friday, June 6, 2014

Miss Asia Pacific World 2014 အလှမယ် မေမြတ်နိုးဟာ ဇွန်လ ၅ ရက် ည ၁၀ နာရီက ကိုရီးယား လေကြောင်းလိုင်းနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိလာပါတယ်။

အလှမယ်သရဖူနဲ့ ပြန်ရောက်လာတဲ့ မေမြတ်နိုးကို မိသားစု၊ မိတ်ဆွေ၊ ဖက်ရှင် မော်ဒယ် အသိုင်းအ၀ိုင်း၊ အိပ်မက်ဆုံရာက မိတ်ဆွေတွေနဲ့ ပရိသတ်အချို့ကြိုဆိုခဲ့ပါတယ်။

မြန်မာအလှမယ် မေမြတ်နိုးဟာ Miss Asia Pacific World 2014  ပြိုင်ပွဲမှာ အသက် ၁၈ နှစ်အရွယ် မေမြတ်နိုးဟာ လူကြိုက်အများဆုံးဆုကိုလည်း ကနေဦးက ရရှိထားပြီး မေလ ၃၁ ရက်နေ့ နောက်ဆုံးအဆင့်မှာ ကိုရီးယားအလှမယ်ကို ယှဉ်ပြိုင်အနိုင်ယူကာ Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူးသွားတာပါ။

အခုနောက်ပိုင်း မြန်မာအလှမယ်တွေ နိုင်ငံတကာပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်လာကြပြီး အများစုက အင်တာနက်မယ်ဆု၊ လူကြိုက်အများဆုံးဆု စတဲ့ မဲပေးစနစ်ဆုတွေ ရရှိခဲ့ကြချိန်မှာ မေမြတ်နိုးက ပထမဆုံးအကြိမ် နိုင်ငံတကာ အလှမယ် သရဖူ ဆွတ်ခူးနိုင်သူ ဖြစ်လာပါတယ်။
ု
ကိုရီးယားရုပ်ရှင်အစည်းအရုံးရဲ့ အထူးအသင်းဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး ကျောင်းစာသင်ရင်းနဲ့ ပရဟိတတွေလည်း လုပ်သွားမယ်၊ အနုပညာလောကထဲကိုလည်း ၀င်ရောက်ဖို့ ရှိတယ်လို့ ဆိုးလ်မြို့မှာ ရှိတုန်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းစဉ် မေမြတ်နိုးက ပြောခဲ့ပါတယ်။

ဒီဗွီဘီ
Miss Asia Pacific World 2014 အလှမယ် မေမြတ်နိုးဟာ ဇွန်လ ၅ ရက် ည ၁၀ နာရီက ကိုရီးယား လေကြောင်းလိုင်းနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိလာပါတယ်။

ဆရာဝန်များကို စာမေးပွဲစစ်ပြီးမှ အလုပ်ခန့်မည့်

 ဆရာဝန်ဘွဲ့ရ သူတွေကို အရည်အချင်းစစ် စာမေးပွဲ စစ်ပြီးမှ အလုပ်ခန့်တဲ့ အစီအစဉ်ကို ဆက်လက် ကျင့် သုံး မယ်လို့ ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသန်းအောင် က ပြောကြားလိုက်ပါတယ်။

မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် နှစ်နိုင်ငံ အလံတင်ဆွေးနွေးပွဲ ကျင်းပ

ဇွန် ၅ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့တွင်ပြုလုပ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ တာဝန်ရှိသူများ၏ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်ရဲကို)
မြန်မာ-ဘင်္ဂလားဒေ့ရှ် အလံတင် ဆွေးနွေးပွဲအား ဇွန် ၅ ရက် နံနက်ပိုင်းက မောင်တောမြို့ ဒေဝါနဒီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။