Wednesday, 24 October 2012

မြန်မာကို ကမ္ဘာက ပိုသိစေခဲ့သည့် မနန်းခင်ဇေယျာနှင့် တွေ့ဆုံခြင်း

 


ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် မစ္စ အင်တာနေရှင်နယ် ပြိုင်ပွဲ၌ မစ္စ အင်တာနက်ဆု၊ ပရိသတ် အကြိုက်ဆုံး ဆုတို့ကို ပအို့ဝ်တိုင်းရင်းသူ မနန်းခင်ဇေယျာက ရရှိခဲ့သည့်အတွက် ယနေ့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့မှ အောက်တိုဘာလ ၂၄ ရက်နေ့သတင်းထုတ်ပြန်ချက်

ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ အောက်တိုဘာလ ၂၃ ရက် ၊၂၄ ရက်အတွင်း ရခိုင်ပြည်နယ် မင်းပြားမြို့ နယ်၊ကျောက်ဖြူမြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်ပတ်သတ်ကာ သတင်း ထုတ်ပြန် ခဲ့ သည်။ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့တွင် အောက်တိုဘာ လ ၂၃ ရက်နေ့ ည ၈ နာရီမှစပြီး ရခိုင် ပိုက်ဆိပ်နှင့်ကုလားပိုက်ဆိပ်ကြား ငါးဦးစီးဌာနမှ ငါးမွေးကန်အနီးတွင် ရခိုင်နှင့်ကုလား အုပ်စု လိုက်တွေ့ဆုံကာ မီးရှို့ရန်ပြုလုပ်နေကြောင်း၊သတင်းရရှိသဖြင့် ခရိုင်ရဲတပ်ဖွဲ့ မှူးနှင့် မြို့နယ် ရဲတပ် ဖွဲ့မှုးတို့က သွားေ ရာက်ကြည့်ရှုခဲ့ရာ နေအိမ်တစ်လုံး မိးလောင်နေသည် ကို တွေ့ရှိရကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။

PSY ကို မနာလိုဖြစ်မိကြောင်း ဘန်ကီမွန်း နောက်ပြောင်ပြောကြား

မိမိသည် တောင်ကိုရီးယား Rapဂီတ အဆိုတော် PSYကို မနာလို ဖြစ်မိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက နောက်ပြောင် ပြောကြားလိုက်သည်။ PSYသည် တစ်နိုင်ငံတည်းသား ဘန်နှင့် တွေ့ဆုံပြီးနောက် ၎င်း၏ နာမည်ကျော် သီချင်း Gangnam Styleမှ အကကို သင်ကြားပေးခဲ့သည်။





 

banki mon and psy

ဆန်တန်ပို့မှု တရုတ်နယ်စပ်သို့ အဓိက သွားနေ

 မြန်မာ့ ဆန်စပါးများကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့က အဓိက ဝယ်ယူလျက်ရှိရာ တရုတ် နယ်စပ်ကုန် သွယ်ရေးမှ တဆင့် အများစု သွားနေကြောင်း ဆန်ကုန်သည်ကြီးများက ပြောသည်။

“နယ်စပ်ကနေတဆင့် တင်ပို့ရာမှာ အိန္ဒိယနယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က အဝယ် မရှိပါဘူး။ တရုတ်နဲ့ ထိုင်းက အဝယ်ရှိတယ်။ တရုတ်နယ်စပ်က တင်ပို့ရမှုက ၉ဝ % လောက်ရှိနေပါတယ်” ဟု ရန်ကုန်မြို့၊ ဝါးတန်း လမ်း ဆန်ကုန်သည်ကြီးတဦးက ပြောသည်။


“ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်က အလွန်တရာ အားနည်းနေတယ်”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ခေါင်းဆောင် တယောက်နဲ့ တွေ့ဆုံမေးမြန်းခြင်း


ဦးခင်မောင်လတ် (ဓာတ်ပုံ - အဉ္စလီ/ဧရာဝတီ)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်နဲ့ မကြာသေးခင်က တွေ့ဆုံစဉ် ဧရာဝတီဘလော့မှာ ခပ်တိုတို  အင်တာဗျူး တခု ဖော်ပြနိုင်ဖို့အတွက်  မေးခွန်းတချို့ မေးမြန်းဖြစ်ခဲ့ပါတယ်။
ဦးခင်မောင်လတ်က RNDP လို့လည်း အတိုကောက် ခေါ်ကြတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဗဟိုကော်မတီဝင်တယောက်လည်း ဖြစ်ပါတယ်။

[ Breaking News ] ကေအိုင်အေက ကျောင်းသားများ အပါအဝင် ဒေသခံ ၂၂ ဦးကို ဖမ်းဆီး



ရန်ကုန်၊ အောက်တိုဘာ ၂၄
 မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ပူတာအိုမြို့နယ် လုံရှာရန် ကျေးရွာတွင်ကျာင်းသားများ အပါအဝင် ဒေသခံ ၂၂ ဦးကို ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်ရင်း ၇ မှ ဖမ်းဆီး သွားကြောင်း ဒေသခံများက The Voice Weeklyသို့ ဆက်သွယ်ပြောကြား သည်။

ကျောက်ဖြူမှ မွတ်စလင်များ စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ကို ဖြတ်ကျော်ထွက်ပြေး

ကျောက်ဖြူမြို့တွင် ယမန်နေ့က တိုက်ခိုက်မူများ ဖြစ်ပွားပြီးနောက် မွတ်ဆလင် မိသားစု အများအပြား သည် စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးသွားကြသည်ဟု ထွက်ပြေး သည်ကို ကိုယ်တိုင်သွားကြည့်ခဲ့သူ မျက်မြင် တစ်ဦးက ပြောသည်။

နိုင်ငံတော်နှင့် ပုဂ္ဂလိကပူးပေါင်းပိုင်ဆိုင်သည့် ရတနာပုံတယ်လီပို့အား အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်၊ဆက်သွယ်ရေးလုပ်ငန်းအား ပုဂ္ဂလိကသို့ချထားရာတွင် နောက်ထပ် ပုဂ္ဂလိကကုမ္ပဏီ ၂ ခုကိုသာ အများဆုံးလက်ခံရန်စီစဉ်ထား

နိုင်ငံတော်နှင့်ပုဂ္ဂလိကပူးပေါင်းပိုင်ဆိုင်သည့်ရတနာပုံတယ်လီပို့ကုမ္ပဏီအားအများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရတနာပုံတယ်လီပို့ ကုမ္ပဏီအား နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကမှ ၄၉ ရာခိုင်နှုန်းအချိုးဖြင့် ပိုင်ဆိုင်ခြင်းဖြစ်ပြီးဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်သည့်အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲ မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ထုတ်ပြန်ချက်များ အရသိရသည်။

'ယခုနောက်ဆုံး မငြိမ်မသက်မှုများ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်၊ မင်းပြား၊ ကျောက်ဖြူနှင့် မြောက်ဦးမြို့များ လုံခြုံရေးအဆင့်မြှင့်

၁။ ကျောက်ဖြူမြို့ ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂလီအမျိုးသမီးများက ရခိုင်တိုင်းရင်းသားနေ အိမ်များသို့ မီးကွင်းများဖြင့် ပစ်ခတ်ရာမှ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့ပြီး တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားခဲ့ ကြောင်း၊ ညပေိုင်းတွင်ပဋိပက္ခ ဆက်လက် ဖြစ်ပွားခဲ့ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဘင်္ဂလီအချို့သည် လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူများ မရှိ၊ ဒဏ်ရာ ရရှိသူ(၁၀)ဦးခန့် ရှိကြောင်း သိရှိရသည်။

ကုရ်ဘာနီ အိဒ် ပွဲတော် အစ္စလာမ်အသင်းချုပ် သဘောထားကွဲ

ဆူးလေဘုရား လမ်းမကြီးပေါ်က ဗလီ

အောက်တိုဘာလ ၂၇ ရက်နေ့ လာမည့် စနေနေ့တွင် ကျရောက်မည့် ကုရ်ဘာနီ အိဒ် ပွဲတော်နေ့ကို အစဉ်အလာမပျက်  ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်ရှိ အစ္စလာမ် ဘာသာရေး အသိုင်းအ၀န်းမှ သတင်း ရရှိသည်။

နန်းခင်ဇေယျာ၏ သတင်းစာ ရှင်းလင်းပွဲ

 

မြန်မာပြည်သူများ၏ မဲပေးမှုဖြင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် ဆုနှစ်ဆုရရှိခဲ့သောေ ကြာင့် ပြည်သူ များ အတွက် ပြန်လည်ပေးဆပ်သည့်အနေဖြင့် ပရဟိတလုပ်ငန်းများကို ပိုမိုလုပ်ကိုင်သွားမည်ဖြစ်ကြောင်း နန်း ခင်ဇေယျာကယနေ့မွန်းလွဲပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်၌ ဘားဂျက်ကိစ္စဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ်များကို စွမ်းရည်မြှင့်တင်နေ

 
နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော် ဘတ်ဂျက် အား တွက်ချက် တင်ပြနိုင်ရန်အတွက် ဥပဒေပညာရှင်ဦးစိုးသိန်းမှ လွှတ်တော်သဘင်ခန်းမတွင် Budget Capacity building စွမ်းရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ(၂၃)ရက်နေ့က စတင်   ကျင်းပခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ်အချို့ကဆိုသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဥပဒေပါ သမ္မတ အရည်အချင်း


Wednesday, October 24, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေပြုပြောကြားမှုများရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကိစ္စမှာနိုင်ငံရေးအသိုင်းအ၀ိုင်းကပုဂ္ဂိုလ်အချို့နှင့်မီဒီယာများ တွင် ပြော ဆိုမှု  များကြောင့်အများပြည်သူအာရုံစိုက်မိလာသည့် အကြောင်းရပ်တစ်ခုဖြစ်လာသည်။

Retina Display ပါဝင်သည့် ၁၃ လက်မ MacBook Pro သစ်ကို Apple မိတ်ဆက်ကြေညာ


 
 Retina Display ပါဝင်ပြီး အထူ ၀.၇၅ လက်မသာရှိသည့် ၁၃ လက်မ MacBook Pro သစ်ကို Apple က မိတ်ဆက်ကြေညာခဲ့သည်။ အဆိုပါ MacBook Pro သစ်သည် ယခင်အမျိုးအစားထက် ပေါ့ပါးပြီး အလေး ချိန် ၃.၅၇ ပေါင်သာ ရှိသည်။ ၁၃ လက်မအရွယ် display မှာ 2,560x1600 pixels နှင့် ဖော်ပြပေးနိုင် သည်။

ကမ္ဘာတစ်ဝန်း အလုပ်ခွင် အဆင့်အတန်းပိုင်းတွင် အမျိုးသားများကသာ အသာစီးရနေဆဲဖြစ်ပြီး အမျိုးသမီးများ နှိမ့်ချဆက်ဆံခံရမှုများ ရှိနေဆဲဟု စစ်တမ်းက ဆို

ဂျနီဗာ၊ အောက်တိုဘာ ၂၄

ကမ္ဘာ့အမျိုးသမီးထုကြီးသည် ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍများတွင် ပျမ်းမျှအားဖြင့် အမျိုးသား များနှင့် တန်းတူနီးပါး အခွင့်အရေးများ၊ ရပိုင်ခွင့်များ ရလာပြီဟု ဆိုနိုင်ပြီဖြစ်သော်လည်း အလုပ်အကိုင်၊ ရာထူး၊ လစာ စသည့် လူမှုဘ၀ အဆင့်အတန်းပိုင်းတွင်မူ အမျိုးသားများအောက် များစွာ နိမ့်ကျနေ ဆဲဖြ စ်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်က ထုတ်ပြန်သော စစ်တမ်းတွင် ဖော်ပြထားသည်။

ပြည်ပနိုင်ငံသား ခံယူထားသော မြန်မာပညာရှင်များကို PR စနစ်ဖြင့် ပြန်လည်လက်ခံမည်ဟု နိုင်ငံတော်သမ္မတပြောကြား


ပြည်ပနိုင်ငံများသို့ ရောက်ရှိနေပြီး ပြည်ပနိုင်ငံသား ခံယူထားသော မြန်မာပညာရှင်များကို PR (Permanent residency) စနစ်ဖြင့် ပြန်လည်လက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာလ ၂၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သော မီ ဒီယာတွေ့ ဆုံပွဲတွင် The Voice Weekly ဂျာနယ်မှ မေးမြန်းခဲ့သော ပညာရေးနှင့်ပတ်သက်ပြီး အစိုးရ ၏ ပြင်ဆင်လုပ်ဆောင်မှုမေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ထိုကဲ့သို့ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်ပါ သည်။

အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည့် မေးခွန်းများ

ယနေ့ (အောက်တိုဘာလ ၂၄ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်

၁) ပြည်ပ မီဒီယာများက မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ တစ်ဦး တစ်ယောက်ကို ဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ရပ်ကို ဖြစ်စေ ထိခိုက်အောင်၊ သိက္ခာကျအောင် အသရေဖျက် ပြောဆိုလာလျှင် မည်သည့် ပုဒ်မနှင့် အရေးယူမည်ကို သိရှိလိုခြင်း မေးခွန်း။

ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ခွဲ ရန်ကုန်တွင်ဖွင့်ရန် စီစဉ်


အမေရိကန်နိုင်ငံမှဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏တက္ကသိုလ်ခွဲများမြန်မာနိုင်ငံတွင်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင် ရွက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ဥက္ကဋ္ဌက ပညာရေးနှင့်ပတ်သက်သည့် အကူအညီ များပေး ရန်လာေ ရာက်သောခရီးစဉ်တွင် အမေရိကန်နိုင်ငံရှိ အဆိုပါတက္ကသိုလ်များ   ၌ မြန်မာကျောင်းသား၃၀ ကျော်ကို ပညာတော်သင်ဆုပေးရန် ကမ်းလှမ်းခဲ့သည်။

သုဝဏ္ဏဘူမိ ပျူမြို့ ဟုတ်မဟုတ် မွန်သမိုင်းကော်မတီ ဖွဲ့စည်း


Wednesday, October 24, 2012

မွန်သမိုင်းများ မှန်ကန်စွာ ပေါ်ပေါက်ရေးအတွက် သြဇာတိက္ကမ ရှိသည့် မွန်သံဃာတော်များ၏ ဦးဆောင် မှုဖြင့် မွန်နိုင်ငံရေးပါတီများနှင့် မွန်လူမှုအဖွဲ့အစည်းများ ပါဝင်သည့် မွန်သမိုင်း သုတေသန
ကော်မတီတ ရပ်ကို တနင်္လာနေ့တွင်ဖွဲ့စည်းလိုက်ကြောင်း ကော်မတီဝင်တဦး ဖြစ်သူ နိုင်တင်အောင် က ပြောသည်။

ဆေးလိပ် တစ်လိပ်ကြောင့် အဏုမြူဗုံး ပေါက်သကဲ့သို့ ပေါက်ကွဲမှု ကြီးမားစွာဖြစ်ပွား



23 OCTOBER 2012

ပြီးခဲ့သည့် အပတ်က ရုရှားနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံ နယ်စပ်နယ် နိမိတ် မျဉ်းအနီး ရုရှားနိုင်ငံအတွင်းရှိ စစ်ဘက် သိုလှောင်ရုံ တစ်ရုံ မီးလောင်ပေါက် ကွဲမှု ဖြစ်ပွားခဲ့ရာမှ ထွက်ပေါ်လာသော မီးခိုးငွေ့လုံးကြီးမှာ ဒုတိယ ကမ္ဘာစစ်အတွင်းက ပေါက်ကွဲသည့် အဏုမြူဗုံး မီးခိုးငွေ့၏ လေးပုံတစ်ပုံခန့် ရှိခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။