အောင်ဆန်းစုကြည် အတွက် စာတစောင် စာအုပ် အဖုံး
စာရေးသူ ဂျပန်အမျိုးသမီး နိုရီကို အိုဆု (Noriko Otsu) ရေးသားသည့်
Letter for Aung San Su Kyi (အောင်ဆန်းစုကြည် အတွက် စာတစောင်) စာအုပ်တွင်
လောက နိယာမ တခုဖြစ်သည့် “သူတည်း တယောက်၊ ကောင်းဖို့ ရောက်မူ၊ သူ တယောက်မှာ၊
ပျက်လင့်ကာသာ၊ ဓမ္မတာတည်း …” ဆိုသည့် လင်္ကာနှင့် အညီ စွန့်လွှတ်ခဲ့ရသူများ
ပေးဆပ်ခဲ့ရသူများ ပေးအပ်ခဲ့ရသူများ.. စသည်ဖြင့် ပိုမိုထင်ရှားစွာ
သိမြင်ရသည်။ သမိုင်း တဆစ်ချိုး အကူးအပြောင်းများတွင် စွန့်လွှတ်
အနစ်နာခံသူများ ပေါ်ထွန်းပေါ်ထွက်ရသည်။ သို့သော် ၎င်းတို့သည် သာမန်လူသားဘဝ
လူသားဖြတ်သန်းမှုနှင့် ကင်းပ မနေကြပါ။ သူတို့၏ အန္တိမရည်ရွယ်ရာ လုပ်ဆောင်ရာက
ပိုင်းခြားပေးသည်ဟုလည်း သိမြင်နိုင်သည်။