Thursday, 15 January 2015

အွန်လိုင်းတွင်ပြန့်နေသည့် သီတဂူဆရာတော်ကြီး၏ အထူးကြေညာချက်မှာ မှားယွင်းထုတ်ပြန်ခြင်းဖြစ်ဟုဆို

Photo: အွန်လိုင်းတွင်ပြန့်နေသည့် သီတဂူဆရာတော်ကြီး၏ အထူးကြေညာချက်မှာ မှားယွင်းထုတ်ပြန်ခြင်းဖြစ်ဟုဆို
Thursday, January 15, 2015

ရန်ကုန်၊ သီတဂူ ဆရာတော်ကြီး၏ အထူးကြေညာချက်ဆိုသော ထုတ်ပြန် ချက်တစ်စောင်အား ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်လာခဲ့ရာ ယင်းထုတ် ပြန်ချက်သည် ဆရာလေးတစ်ပါးက မှားယွင်းစွာ ထုတ်ပြန်လိုက်ခြင်းဖြစ် ပြီး သီတဂူဆရာတော်ကြီးအနေဖြင့် ထုတ်ပြန်ခိုင်းခြင်းမရှိဟု ဇန်နဝါရီ ၁၄ ရက်က ရန်ကုန်တိုင်းမ်ဂျာနယ်သို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ဦးပါမောက္ခက မိန့်ကြား သည်။

သီတဂူ ဆရာတော်ကြီးသည် Internationl Association Of Theravada Buddhist University (ATBU)
အပြည်ပြည်ဆိုင်ရာ ထေရ ဝါဒတက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌအ ဖြစ်သာ တာဝန်ထမ်းဆောင်နေပြီး မည်သည့် ဘာသာရေးအသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသည့်တာဝန်များ ထမ်းဆောင်ခြင်း မရှိကြောင်း ဇန်နဝါရီ ၁၃ရက်နေ့စွဲ ဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံ အုပ်ချုပ်ရေးအဖွဲ့မှ အထူးကြေညာ ချက်ကို ထုတ်ပြန်ကြေညာကြောင်း သတင်းစာမျက်နှာများအပြင် ပြည် သူလူထုအကြား ပျံ့နှံ့နေသည်။

''ဒီကြေညာချက်ကို သီတဂူဆရာ တော်ကြီး အရှင်ညဏိဿရ အနေနဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ် ချုပ်ရေးအဖွဲ့ကို ညွှန်ကြားခြင်းမရှိဘူး လို့ ဦးဇင်းတို့ သိရတယ်။ ဒါဟာ ဆရာ လေးတစ်ပါးက မှားယွင်းပြီးတော့ထုတ် ပြန်လိုက်တာလို့လည်း ကြားရတယ်။ ဒီလိုထုတ်ပြန်ခြင်းဟာ ဦးဇင်းတို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို)ကို တိုက်ခိုက်ချင်လို့ထုတ် တာပဲ။ သီတဂူဆရာတော်ကြီး မထုတ် တာတော့ သေချာတယ်'ဟု အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ဦးပါမောက္ခက မိန့်ကြား သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် သီတဂူဆရာတော် အရှင်ညဏိဿရ သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ ၏ အဓိပတိ၊ မန္တလေး မလွန်ဆန်လှူ အသင်းကြီး၏ သြဝါဒါစရိယ၊ ရန်ကုန် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ သြဝါဒါစရိယမှတစ်ပါး မြန်မာနိုင်ငံ အတွင်း အခြားသော မည်သည့်ဘာ သာရေးအသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် စသည့်တာဝန် များကို ထမ်းဆောင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။
''ဦးဇင်းတို့လည်းမသိဘူး။ သူ များပြောနေတာတော့ ကြားတယ်။ဘယ်သူက ထွက်လိုက်တာလဲဆိုတာ ကိုလည်း မသိရသေးဘူး။

သီတဂူဆရာ တော်ကြီးကတော့ လုပ်ခိုင်းမှာမဟုတ် ဘူး''ဟု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အရှင်ကော ဝိဒသီရိက မိန့်ကြားသည်။

ယင်းသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အထူးကြေ ညာချက်နှင့်ပတ်သက်ပြီး အမျိုး ဘာ သာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ တွင် ပါဝင်သော ဦးပါမောက္ခအား ဆက်သွယ်မေးမြန်းရာတွင် သီတဂူ ဆရာတော်ကြီး အရှင်Óဏိဿရ အနေဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၌ ဒုဥက္ကဋ္ဌတာ ဝန်အဖြစ် တာဝန်ယူ ဆောင်ရွက်နေ ကြောင်း ပြန်လည်မိန့်ကြားခဲ့သည်။

အဆိုပါထုတ်ပြန်ချက်မှာ မှား ယွင်းနေသလို တစ်စုံတစ်ယောက်၏ တိုက်ခိုက်နေခြင်းလည်း ဖြစ်နိုင်ပြီး အမျိုး ဘာသာ သာသနာစောင့်ရှောက် ရေးအဖွဲ့(ဗဟို)၏ လုပ်ငန်းစဉ်များကို နှောင့်ယှက်မှုများပြုလုပ်ရန် ကြံစည် နေခြင်းကြောင့် ယခုလိုထုတ်ပြန်ချက် တစ်ခုအား ထုတ်ပြန်လိုက်ခြင်းဖြစ် နိုင်ကြောင်း ဦးပါမောက္ခက သုံးသပ် မိန့်ကြားသည်။
အဆိုပါထုတ်ပြန်ချက်အား ဆရာ လေးတစ်ပါးမှ ထုတ်ပြန်လိုက်သည် ဟုသာ ကြားသိရသေးပြီး မည်သည့် အဖွဲ့အစည်းက မည်သူမည်ဝါဆို တာကို စုံစမ်းနေဆဲဖြစ်သောကြောင့် အတည်ပြုပြောနိုင်ခြင်းမရှိသေးဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။

Yangon Media Group
ရန်ကုန်၊ သီတဂူ ဆရာတော်ကြီး၏ အထူးကြေညာချက်ဆိုသော ထုတ်ပြန် ချက်တစ်စောင်အား ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်လာခဲ့ရာ ယင်းထုတ် ပြန်ချက်သည် ဆရာလေးတစ်ပါးက မှားယွင်းစွာ ထုတ်ပြန် လိုက်ခြင်းဖြစ် ပြီး သီတဂူဆရာတော်ကြီးအနေဖြင့် ထုတ်ပြန်ခိုင်းခြင်းမရှိဟု ဇန်နဝါရီ ၁၄ ရက်က ရန်ကုန် တိုင်းမ် ဂျာနယ်သို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ဦးပါမောက္ခက မိန့်ကြား သည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍအတွက် ဂျပန်က ယန်း ၁၀ ဘီလီယံကျော် ထုတ်ချေးမည်

Photo: မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍအတွက် ဂျပန်က ယန်း ၁၀ ဘီလီယံကျော် ထုတ်ချေးမည်
Thursday, January 15, 2015

ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးရန် ယန်းငွေ ၁၀ ဒသမ၇ ဘီလီယံ ထုတ်ချေးပေးသွားမည်ဟု ကတိပြုထားပြီး မြန်မာနိုင်ငံဘက်မှ အတိုင်ပင်ခံ(အကြံပေး) အဖွဲ့ရွေးချယ်ပြီးပါက ချေးငွေထုတ်ပေးနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 ‘‘ချေးငွေ ထုတ်ပေးဖို့အတွက် နှစ်ဖက်စလုံးက သဘောတူပြီးသွားပါပြီ။ လက်ရှိမှာ မြန်မာအစိုးရဘက်က အတိုင်ပင်ခံအဖွဲ့ ကိုရွေးချယ်ပြီး ဆက်သွယ်ရေး ကဏ္ဍရဲ့ ဘယ်အပိုင်းတွေမှာလုပ်သွားမလဲဆိုတာရွေးရမယ်။ အဲဒါ ပြီးမှ စလုပ်လို့ရပါမယ်’’ဟု ဂျပန် နိုင်ငံပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာတာဝန်ခံ မစ္စတာ ကီမီဟီ ကိုကီမူရာကပြောသည်။

   ဂျပန်အစိုးရအနေဖြင့် ၂၀၁၃ က အရှေ့တောင် အာရှဆီးဂိမ်းနှင့်  အာဆီယံဥက္ကဋ္ဌရာထူးတို့ကို တာဝန်ယူမည့် မြန်မာနိုင်ငံ၌ အင်တာနက်မြန်နှုန်းတိုးမြှင့်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများတည်ဆောက်ရန် ယန်းငွေ ၁ ဒသမ ၇ ဘီလီယံကို အရေးပေါ် အနေဖြင့် ထောက်ပံ့ပေးခဲ့သည်။ ယခုထုတ်ပေးမည့် ချေးငွေမှာ အဆိုပါလုပ်ငန်းများ ပို၍ပြည့်စုံစေရန်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည် ဆောက်ရန်အတွက်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကီမီဟီကိုကီမူရာအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြတ်ဟိန်းတို့နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 ‘‘မနေ့က ဆက်သွယ်ရေး ဝန်ကြီး၊ ဒီနေ့ နိုင်ငံတော်သမ္မတတို့ နဲ့တွေ့ခဲ့ပါတယ်။ အဓိကကတော့ ပူးပေါင်းဆောင်ရွက်ရေးအပိုင်းကို ရှေ့ဆက်ပြီး အများကြီးတိုးတက်အောင် လုပ်သွားဖို့အတွက် ဆွေးနွေးဖြစ်ခဲ့ပါတယ်’’ဟု ကီမီဟီကိုကီမူရာကရှင်းပြသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးရန် အစိုးရထောက်ပံ့မှုနှင့် ချေးငွေများအပြင် MPT နှင့် ပူးပေါင်းထားသည့် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သော KDDI, SumitomoCoperation တို့က ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY  

ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ဂျပန်ဝန်ကြီးချူပ်ရှင်ဇိုအာဘေး ရန်ကုန်စာတိုက်ကြီးသို့ ရောက်ရှိစဉ်(ဓာတ်ပုံ - MPT)
ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ဂျပန်ဝန်ကြီးချူပ်ရှင်ဇိုအာဘေး ရန်ကုန်စာတိုက်ကြီးသို့ ရောက်ရှိစဉ်(ဓာတ်ပုံ - MPT)
ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးရန် ယန်းငွေ ၁၀ ဒသမ၇ ဘီလီယံ ထုတ် ချေးပေးသွားမည်ဟု ကတိပြုထားပြီး မြန်မာနိုင်ငံဘက်မှ အတိုင်ပင်ခံ(အကြံပေး) အဖွဲ့ရွေးချယ်ပြီး ပါက ချေးငွေထုတ်ပေးနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်တွင်း စက်သုံးဆီဈေးနှုန်းကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် ညှိနှိုင်းမှုများ ဆောင်ရွက်နေ ဟုဆို

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ သင့်တင့်သောဈေးနှုန်းသို့ ထပ်မံလျှော့ချနိုင် ရေးအတွက် စက်သုံးဆီ တင်သွင်း သည့် ကုမ္ပဏီများနှင့် ညှိနှိုင်းမှုများ ဆောင် ရွက်နေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်း ချသူများအသင်းအတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ဆိုသည်။

အခြေခံပညာကျောင်းများအတွက် ကျောင်းထောက်ပံ့ကြေး ပညာသင်နှစ်တစ်နှစ်လျှင် နှစ်ကြိမ်စီ ချပေးမည်

Photo: အခြေခံပညာကျောင်းများအတွက် ကျောင်းထောက်ပံ့ကြေး
ပညာသင်နှစ်တစ်နှစ်လျှင် နှစ်ကြိမ်စီ ချပေးမည်
Thursday, January 15, 2015

အခြေခံပညာကျောင်းများအတွက် ကျောင်းထောက် ပံ့ကြေးများကို ပညာသင် နှစ်တစ်နှစ်လျှင်နှစ်ကြိမ်စီချထား ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိအခြေခံပညာကျောင်းများနှင့်ကျောင်းထောက်ပံ့ ကြေးများပေးအပ်ရန် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာသန်း ၈ဝနှင့်ဩစတြေးလျမှ လှူဒါန်းသောဒေါ်လာသန်း ၂ဝတို့ ကိုနိုင်ငံတော်ဘဏ္ဍာငွေနှင့်ထပ် ဆောင်းကာ လွှတ်တော်မှ ချထား ပေးရန်အတည်ပြုခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများအတွက် ကျောင်းထောက်ပံ့ကြေးများကို နှစ်ကြိမ်ချ ထားပေး ပြီးဖြစ်ကြောင်း၊ လာမည့်ပညာသင်နှစ်တွင်လည်း နှစ်ကြိမ်သာ ချထားပေးသွားမည်ဖြစ်ကြောင်း ပညာ ရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီး ဌာနမှသိရသည်။

''ဒီစီမံကိန်းက လေးနှစ်စီမံကိန်း ဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ပညာသင် နှစ်ကနေ ၂၀၁၇-၂၀၁၈ ပညာသင် နှစ်အထိဖြစ်ပါတယ်။ ဒီပညာသင်နှစ်အတွက် ထောက် ပံ့ကြေးတွေကို နှစ်ကြိမ်တိုင်တိုင်ချထားပေးပြီးဖြစ်ပါတယ်။ လာမယ့်နှစ်တွေ မှာလဲ နှစ် ကြိမ်ချထားပေးမှာပါ''ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

၂၀၁၄-၂၀၁၅ပညာသင်နှစ်အတွက် ကျောင်းထောက်ပံ့ကြေးများ၏ ပထမအရစ်ကို ဇွန်လတွင် ချထားပေးခဲ့ပြီး ဒုတိယအရစ်ကို နိုဝင်ဘာလတွင် ချထားပေးခဲ့ကြောင်း၊ အဆိုပါ ထောက်ပံ့ကြေးများကို စက်တင်ဘာလ အထိ ကျောင်းအပ် သောကျောင်းသားဦးရေအပေါ်မူတည်၍ တွက်ချက်ပေး အပ်ကြောင်း၊ ဒုတိယအရစ်ကို ဩဂုတ်လအထိ ကျောင်းအပ်သော ကျောင်းသား ဦး ရေအပေါ်တွင်မူတည်ပြီးချထားပေးကြောင်း သိရသည်။

''ဆရာတို့က ထောက်ပံ့ကြေး တွေကို ဇွန်လမှာလုပ်တဲ့လစဉ်အစည်းအဝေးမှာ ရှစ်သိန်းပေးရမယ့် ကျောင်းကို ပထမအရစ် လေးသိန်းပေးတယ်။ နောက် နိုဝင်ဘာမှာ လေး သိန်းပေးတယ်။ ကျောင်းထောက်ပံ့ကြေးတွေမှာ စာသင် ခန်း၊ ကျောင်းဆောင်ဆောက်တဲ့နေရာတွေနဲ့ အကြီးစားပြုပြင်တဲ့နေရာတွေမှာ သုံးလို့ မရပါဘူး''ဟု ယင်းက ထပ်မံပြောသည်။

ချထားပေးခဲ့သည့်အစီအစဉ် အရ မူလတန်းကျောင်းခွဲတစ်ခုလျှင် ကျပ်လေးသိန်း၊ မူလတန်းကျောင်းသား ၁ဝဦးမှ ၁၀ဝဦးအထိရှိသော ကျောင်းတစ်ခုလျှင်ကျပ်ရှစ် သိန်း၊ မူ လတန်းကျောင်းသား ၁၀၁ဦးမှ ၂၀ဝဦးအထိရှိသောကျောင်းများကို ကျပ် ၁ဝသိန်း၊ ၂၀ဝမှ ၃၀ဝအထိကို ကျပ်၁၂သိန်း၊ ၃၀ဝမှ ၄၀ဝအထိ ရှိကျောင်းများ ကိုကျပ် ၁၄သိန်း၊ ဦး ရေ(၄၀၀+)ကို ကျပ်၁၆သိန်းချထားပေးကြောင်းသိရသည်။

ATK
Democracytoday
အခြေခံပညာကျောင်းများအတွက် ကျောင်းထောက် ပံ့ကြေးများကို ပညာသင် နှစ်တစ်နှစ်လျှင်နှစ်ကြိမ်စီ ချထား ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနေ့အမီ အပစ်ရပ်စာချုပ်ချုပ်ရေးကို အစိုးရ ကမ်းလှမ်းမှု မရှိသေးဟု KIA နှင့် TNLA ပြော

Photo: ပြည်ထောင်စုနေ့အမီ အပစ်ရပ်စာချုပ်ချုပ်ရေးကို အစိုးရ ကမ်းလှမ်းမှု မရှိသေးဟု KIA နှင့် TNLA ပြော
Thursday, January 15, 2015

ပြည်ထောင်စုနေ့အမီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးလိုသည်ဟု သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့က ကြေညာထားသော်လည်း တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း အစိုးရစစ်တပ်နှင့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ကချင် နှင့် ပလောင် တိုင်းရင်းသားတပ်ဖွဲ့တို့က ဗုဒ္ဒဟူးနေ့တွင် ပြောလိုက်သည်။

“အစိုးရဘက်ကတော့ ဘာမှကြိုတင်ညှိုနှိုင်းထားတာမျိုးတော့ မရှိသေးဘူး။ သူတို့ ကမ်းလှမ်းလာတဲ့အပေါ်ကို အခြေအနေကြည့်ပြီးမှ လုပ်ရမှာဖြစ်ပါတယ်” ဟု တအာင်းလွတ်မြောက်ရေးတပ် (TNLA) ၏ ပြန်ကြားရေးဋ္ဌာနမှူး မိုင်အိုက်ကျော်က ပြောသည်။

အပစ်ရပ်လက်မှတ်ထိုးရေးမှာ အစိုးရ၏ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ သဘောထားများပေါ်တွင်သာ မူတည်သည်ဟု KIA/KIO ကချင်လွတ်မြောက်ရေးတပ် ပြောခွင့်ရပုဂ္ဂိုလ်ဦးဒေါင်းခါးက ဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ကျွန်တော်တို့ရဲ့ ဖက်ဒရယ်နိုင်ငံရေး တောင်းဆိုချက်တွေနဲ့ ဆန့်ကျင်တာတွေ ရှိတယ်။
ဒီအပေါ်မှာ အစိုးရက ဘယ်လောက်ထိ လိုက်လျောမှု လုပ်နိုင်မလဲ ဆိုတာ သူတို့ရဲ့ အခက်အခဲဖြစ်တယ်။ ဒါကြောင့် ကြန့်ကြာနေတာပါ” ဟု ဦးဒေါင်းခါးက ပြောသည်။

လဆန်းပိုင်းတွင် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က နေပြည်တော် ဗိုလ်ရှုခံသဘင် တက်ရောက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုသည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ထိုသို့ တွေ့ဆုံကြရာတွင် KIAနှင့်TNLA ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိပေ။

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIAနှင့်TNLA ထိန်းချုပ်ဒေသများတွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလျက်ရှိသည်။

အစိုးရတပ်သည် TNLA နှင့် ယခု လဆန်းပိုင်းတွင် ၃ကြိမ် တိုက်ခဲ့ပြီး၊ ကြာသပတေးနေ့က ဖားကန့်ဒေသတွင် KIA နှင့် တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေး လိုလားကြောင်း ပြောဆိုသံများ ထွက်လာနေစဉ်မှာပင် ကချင်ဒေသတွင် သစ်ခိုးထုတ်မှု ပြဿနာ၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို KIA က မကြာသေးခင်က ဖမ်းဆီးသွားခြင်းကဲ့သိုသော ထူးခြား ဖြစ်စဉ်များ ပေါ်ပေါက် လာပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်းဖြစ်သည်။

ဇန်န၀ါရီ ၁၂ရက်နေ့က သမ္မတအိမ်တော်တွင် ကျင်းပသည့် ၄၈ ဦး တွေ့ဆုံပွဲ တွင် ပြည်ထောင်စုနေ့အမီ အပစ်ရပ်စာချုပ်ရေး အကြောင်းအရာကို သမ္မတက ထပ်မံ ပြောကြားခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

“သူတို့ (အစိုးရ)ဘက်ကတော့ ငြိမ်းချမ်းရေးလိုလားနေတယ်ဆိုတာ ထင်ရှား တယ်လေ။ လတ်မှတ်ထိုးချင်နေတာလည်း ထင်ရှားတယ်။ ကျန်တဲ့အဖွဲ့တွေ ထိုးလိုက်ရင် မထိုးဘဲကျန်နေတဲ့နှစ်ဖွဲ့ (KIA နှင့် TNLA) ကလည်း ပါလာလိမ့်မယ်ဆိုပြီးတော့ ဆွေးနွေးတဲ့လူတွေလည်း ရှိပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

The Yangon Globe
ပြည်ထောင်စုနေ့အမီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးလိုသည်ဟု သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် တို့က ကြေညာထားသော်လည်း တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း အစိုးရစစ်တပ်နှင့် တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေသည့် ကချင် နှင့် ပလောင် တိုင်းရင်းသားတပ်ဖွဲ့တို့က ဗုဒ္ဒဟူးနေ့တွင် ပြောလိုက်သည်။

အော်ဂဲနစ် အစားအစာများနှင့် ကျန်းမာရေး စာအုပ်သစ် မိတ်ဆက်

ဒေါက်တာ ခင်မောင်လွင် (FAME) ရေးသားသော အော်ဂဲနစ်နှင့် အစားအစာများ နှင့် ကျန်းမာရေး စာအုပ်သစ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်တွင် ယခုလ (၅) ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

ကျန်းမာရေး ဌာနများတွင် မိခင်နှင့် ကလေး ကျန်းမာရေး ၀န်ဆောင်မှု အခြေအနေမှာ အသင့်အတင့်သာ ရှိဟုဆို

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ကျန်းမာရေး ဌာနများတွင် မိခင်နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေမှာ အသင့်အတင့်သာ ရှိကြောင်း (၄၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေး ဆိုင်ရာ သုတေသန ညီလာခံတွင် တင်သွင်းသော သုတေသန စာတမ်း တစ်စောင်တွင် ဖော်ပြထားသည်။

မုဒိမ်းမှု ကျဆင်းရေး အတွက် Cyber Crime ကို အကောင်အထည်ဖော် အရေးယူမည်

ဧရာဝတီတိုင်း ဒေသကြီး အတွင်း မုဒိမ်းမူ ကျဆင်းရေး အတွက် Cyber Crime ကို အကောင်အထည်ဖော် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အွန်လိုင်းမှ ဗီဇာလျှောက်ထားနိုင်သည့်စနစ်ကို ၂၀၁၅ ဇန်နဝါရီတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံ တိုးမြှင့်ခွင့်ပြု ****** E-visa စနစ်လျှောက်ထားနိုင်သည့်နိုင်ငံ ၁၀ဝအထိ ရှိလာ

Photo: အွန်လိုင်းမှ ဗီဇာလျှောက်ထားနိုင်သည့်စနစ်ကို ၂၀၁၅ ဇန်နဝါရီတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံ တိုးမြှင့်ခွင့်ပြု
***************************************************

E-visa စနစ်လျှောက်ထားနိုင်သည့်နိုင်ငံ ၁၀ဝအထိ ရှိလာ

Thursday, January 15, 2015

မြန်မာနိုင်ငံသို့ အွန်လိုင်းမှ ဗီဇာလျှောက်နိုင်မည့်(E-visa)စနစ်ကို ၂၀၁၅ ဇန်နဝါရီလမှ စတင်ကာ နိုင်ငံပေါင်း ၃၂နိုင်ငံကို တိုးမြှင့်ခွင့်ပြုပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

E-visa စနစ်ကို ပထမအကြိမ် အဖြစ် နိုင်ငံပေါင်း ၄၃နိုင်ငံကို စတင် ခွင့်ပြုပေး ခဲ့ပြီး ထပ်မံကာ ဒုတိယအ ကြိမ် ၂၄နိုင်ငံ၊ တတိယအကြိမ် တစ် နိုင်ငံ စုစုပေါင်း ၆၈နိုင်ငံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ ခွင့်ပြုပေး ခဲ့ပြီး ၂၀၁၅ခုနှစ် ဇန်နဝါရီ ၂ရက်တွင် စတုတ္ထအကြိမ်အဖြစ် ၃၂နိုင်ငံကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လဝက ရုံးမှ သိရသည်။

''ကမ္ဘာလှည့်ခရီးသွားတွေ ပိုမို အဆင်ပြေပြေနဲ့ ဝင်ရောက်နိုင်ဖို့အတွက် ထပ်ပြီးနိုင်ငံတွေ တိုးမြှင့်ပေး တာဖြစ်သလို ခရီးသွားလုပ်ငန်းအေဂျင်စီတွေ ကလဲ တောင်းဆိုလာတဲ့အ တွက် ထပ်မံခွင့်ပြုပေးခဲ့တာပါ'' ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လဝကရုံးမှ အဆင့်မြင့်အရာရှိတစ်ဦး က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

E-visa စနစ်ကို စတင်ခွင့်ပြု ချိန် ၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၁ရက် မှစ၍ ၂၀၁၄ခုနှစ်၊ နိုဝင်ဘာကုန်အ ထိ E-visa ဖြင့် လျှောက်ထားသူ သုံး သောင်းလေးထောင်ကျော် ရှိခဲ့ကြောင်း နှင့် ၂၀၁၄ခုနှစ်အတွင်း ခွင့်ပြုထား ခဲ့သည့် နိုင်ငံ ၆၈နိုင်ငံတွင်လည်း နိုင်ငံပေါင်း ၃ဝခန့်သာ ကမ္ဘာလှည့် ခရီးသွားဝင်ကြောင်း၊ သို့သော် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် ကျန် လုပ်ငန်းရှင်များမှ တောင်းဆိုပါက ထပ် မံခွင့်ပြုပေးမည်ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂ရက်တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲထွန်း ဦးက ပြောကြားထားသည့်အတိုင်း ယခုထပ်မံခွင့်ပြုပေးခြင်းဖြစ်သည်။

E-visa ဖြင့်ဝင်ခွင့်ကို ရန်ကုန် လေဆိပ်အပြင် နိုဝင်ဘာ ၉ရက်၌ မန္တလေးနှင့် နေပြည်တော်လေဆိပ် များတွင်လည်း ခွင့်ပြုပေးထားပြီးဖြစ် ကြောင်း၊ နယ်စပ်ဂိတ်များ၌လည်း လုပ်ဆောင်သွားရန်ရှိကြောင်း လူဝင် မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ဝင် ရောက်မည့် ပြည်ပနိုင်ငံသားများအ တွက် ပြည်ဝင်ဗီဇာ ခြောက်မျိုးဖြစ် သော ကမ္ဘာလှည့်ဗီဇာ (Tourist visa)၊ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ် သန်းဗီဇာ၊ သံတမန်ဗီဇာ၊ အကြိမ် ကြိမ်ပြည်ဝင်ခွင့်ဗီဇာ ခြောက်မျိုးကို ခွင့်ပြုထားပြီး ယင်းခြောက်မျိုးမှTourist visaကို E-visa စနစ်ဖြင့် အသုံး ပြုရန်သတ်မှတ်ကာ ခွင့်ပြုပေးလျက် ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိဗီဇာစနစ် အရ မြန်မာနိုင်ငံသို့ လာရောက်လို သူများသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဝင်လာသည့်နည်း၊ အပြည် ပြည်ဆိုင်ရာရေဆိပ်မှ ဝင်လာသည့် နည်းနှင့် နယ်စပ်ဒေသ ဝင်/ထွက် ပေါက်များမှ ဝင်လာသည့်နည်း စသည့် နည်းလမ်းသုံးမျိုးဖြင့် ဝင်ရောက်လျက် ရှိနေပြီး အပြည်ပြည် ဆိုင်ရာလေဆိပ် မှဝင်ရောက်မည့် ပြည်ပနိုင်ငံသားများ တွင် အွန်လိုင်းမှ ဗီဇာလျှောက်ထား နိုင်မည့် နည်းစနစ်ကို တိုးမြှင့်ဆောင် ရွက်ခြင်းဖြစ်သည်။

ယခုအခါ အဆိုပါ ဗီဇာလျှောက် ထားခွင့်ကို မြန်မာနိုင်ငံတွင် သံရုံးစိုက် ထားသည့်နိုင်ငံများနှင့် ကမ္ဘာလှည့် ခရီးသည်လာရောက်မှု အများဆုံးဖြစ် သည့် နိုင်ငံများကို ခွင့်ပြုပေးထားပြီး လုပ်ငန်းစနစ်ကျွမ်းကျင်ရန် ငွေပေးချေ မှုစနစ် လျင်မြန်ချောမွေ့စေရန်တို့ကို လည်း ခရီးသွားလုပ်ငန်း တိုးတက်မှု များအပေါ်မှုတည်ကာ ဆက်လက်တိုး ချဲ့ စီမံဆောင်ရွက်သွား မည်ဖြစ် ကြောင်းလည်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ZCH
Democracytoday
မြန်မာနိုင်ငံသို့ အွန်လိုင်းမှ ဗီဇာလျှောက်နိုင်မည့်(E-visa)စနစ်ကို ၂၀၁၅ ဇန်နဝါရီလမှ စတင်ကာ နိုင်ငံ ပေါင်း ၃၂နိုင်ငံကို တိုးမြှင့်ခွင့်ပြုပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့် အဖွဲ့အား KIA က ခေတ္တထိန်းသိမ်း၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အား ဖမ်းဆီးခေါ်ဆောင်

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးကမန်းဒူးနော် နှင့် အဖွဲ့အား ကေအိုင်အေ အဖွဲ့ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဝန်ကြီးကို ပြန်လွှတ် ပေးခဲ့ကြောင်း၊ လုံခြုံရေးဝန်ထမ်းသုံးဦးကိုမူ ဖမ်း ဆီးခေါ် ဆောင် ခဲ့ကြောင်း သိရသည်။

တရုတ်တွင် ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာသို့ ကူးစက်ပြန့်ပွားခြင်းမရှိစေရန် နေပြည်တော်တွင် ယခုတစ်ပတ်အတွင်း အစည်းအဝေးကျင်းပမည်

တရုတ် နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ကြက် ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံ အတွင်းသို့ ကူးစက်ပြန့်ပွား ခြင်းမရှိစေ ရန် ရှေ့လုပ်ငန်းစဉ်များတိုင်ပင် ဆွေးနွေးရန် နေပြည်တော်တွင် ယခု တစ်ပတ်အတွင်း အစည်း အဝေး ကျင်း ပသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားများ အကြိုက်တွေ့မည့် နိုင်ငံများတွင် မြန်မာ ပါဝင်နိုင်ဖွယ်ရှိ

Photo: ကမ္ဘာလှည့်ခရီးသွားများ အကြိုက်တွေ့မည့် နိုင်ငံများတွင် မြန်မာ ပါဝင်နိုင်ဖွယ်ရှိ
Thursday, January 15, 2015

အမေရိကန်ပြည်ထောင်စု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအဖွဲ့ (United States Tour Operators Association) က ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသွားများ အကြိုက်တွေ့မည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နိုင်ကြောင်း သုံးသပ်လိုက်သည်။

သုံးနှစ်စာ တွက်ချက်မှု ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသည် ထိပ်သို့ သိသိသာသာ ပေါ်ထွက်နေပြီး ၂၀၁၅ ခုနှစ်တွင် လူကြိုက်များလာမှု တိုးတက်လာနိုင်ခြေ ရှိကာ မြန်မာနိုင်ငံနောက်တွင် ကျူးဘား၊ ခရိုအေးရှား၊ အိုက်စ်လန်၊ အိန္ဒိယ၊ ပီရူး၊ သိရိလင်္ကာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ပနားမားနိုင်ငံ နောက်တွင် ရှိနေကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

“အမေရိကန် ခရီးသွားတွေက မြန်မာနိုင်ငံကို လာတာက လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်ကတည်းက သိသိသာသာ များလာတယ်။ ဒီလို သုံးသပ်တာက ကောင်းတဲ့အခြေအနေပါ။ မြန်မာနိုင်ငံကို ခရီးသွားဧည့်သည် ပိုဝင်လာမယ့် အခြေအနေရှိတယ်” ဟု All Asia Exclusive Travels and Tours ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဖြိုးဝေရာဇာက ဆိုသည်။

၂၀၁၅ ခုနှစ်အတွက် ခရီးသွားများသည့် နိုင်ငံများမှာ အီတလီ၊ အင်္ဂလန်၊ တရုတ်၊ ပီရူး၊ ပြင်သစ်၊ မက္ကဆီကို၊ သြစတြေးလျ၊ တောင်အာဖရိက၊ ဘရာဇီးနှင့် ဗီယက်နမ်တို့ကို အမေရိကန်ပြည်ထောင်စု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအဖွဲ့က ထပ်မံရွေးချယ်ထားသည်။

နယူးယောက်အခြေစိုက် United States Tour Operators Association ကို ၁၉၇၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကမ္ဘာအနှံ့ရှိ ခရီးသွားလုပ်ငန်းများတွင် ဝန်ဆောင်မှု ပေးနေသူများဖြင့် ဖွဲ့စည်းထားသည်။ 

The Voice Weekly
အမေရိကန်ပြည်ထောင်စု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအဖွဲ့ (United States Tour Operators Association) က ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသွားများ အကြိုက်တွေ့မည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နိုင်ကြောင်း သုံးသပ်လိုက်သည်။

ဒေါ်ခင်ဝင်းသေဆုံးမှုကိုစစ်ဆေးရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရမှ ဖွဲ့စည်းပေး ထားသော ဖြစ်ရပ်မှန်စုံစမ်းရေးကော်မတီ၏ အစီရင်ခံစာ ပြင်ပသို့ ထုတ်ပြန်ရန်မရှိဟုဆို

မုံရွာ၊ ဇန်နဝါရီ ၁၄-လက်ပံတောင်း ပဋိပက္ခတွင် ဦးခေါင်း သေနတ်ထိ မှန်သေဆုးံခဲ့သော ဒေါ်ခင်ဝင်း သေ ဆုံးမှုကို စစ်ဆေးရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ဖွဲ့စည်းပေးထားသော ဖြစ်ရပ်မှန် စုံစမ်းစစ်ဆေးရေး ကော်မတီသည် ဌာနတွင်းဖွဲ့စည်းထားသော ကော်မတီဖြစ်သောကြောင့် စစ်ဆေးမှုများအား ပြင်ပသို့ ထုတ်ပြန် ရန်မရှိဟု ၎င်းကော်မတီမှတိုင်းဒေသ ကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူဇော် ကပြောသည်။

ပါရီ မဂ္ဂဇင်းတိုက် အကြမ်းဖက်မှု မှတ်တမ်းဗွီဒီယို ထွက်ပေါ်

Photo: ပါရီ မဂ္ဂဇင်းတိုက် အကြမ်းဖက်မှု မှတ်တမ်းဗွီဒီယို ထွက်ပေါ်
Thursday, January 15, 2015

ပြင်သစ်နိုင်ငံ ပါရီမြို့က ချာလီ ဟပ်ဘဒို မဂ္ဂဇင်းတိုက်ကို သေနတ်သမား ၂ ဦးက ၀င်ပစ်ခဲ့တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ မှတ်တမ်းဗွီဒီယိုတခု ဇန်န၀ါရီ ၁၃ ရက်နေ့က ထွက်ပေါ်လာပါတယ်။

ဇန်န၀ါရီလ ၇ ရက်နေ့ အဖြစ်အပျက် မှတ်တမ်း ဗွီဒီယိုကို မဂ္ဂဇင်းတိုက်အနီး အဆောက်အဦ ခေါင်မိုးပေါ်ကနေ ရိုက်ကူးထားတာ ဖြစ်ပြီး မဂ္ဂဇင်းတိုက်ထဲမှာ လူ ၁၂ ဦးကို သေနတ်နဲ့ ပစ်ပြီးနောက် သေနတ်သမား ၂ ဦးကို ရိုက်ကူးထားတာပါ။

ချာရစ်ဖ်နဲ့ ဆက်တို့ ညီအစ်ကို ၂ ဦးထဲက တဦးက တမန်တော် မိုဟာမက်အတွက် လက်စားချေနိုင်ပြီးလို့ ကြွေးကြော်နေပုံ၊ အဲဒီနောက် သူတို့ သေနတ်တွေကို ရပ်ထားတဲ့ကားပေါ် ပြန်တင်ပြီးနောက် လမ်းကျဉ်းလေးအတိုင်း မောင်းထွက်သွားခဲ့ပုံတွေကို ဖော်ပြထားပါတယ်။

ဒါ့အပြင် လမ်းမှာ ရဲကားတစီးနဲ့ တွေ့တဲ့အခါ သေနတ်သမား ၂ ဦးက ကားထဲက ထွက်ပြီး ရဲကားကို သေနတ်နဲ့ ပစ်ခတ်ပုံ၊ အဲဒီနောက် နောက်ပြန်လှည့် မောင်းထွက်သွားတဲ့ မြင်ကွင်း၊ မီတာ ၂၀၀ လောက်အကွာမှာ ရပ်လိုက်ပြီး ရဲကားတစီးနဲ့ ထိပ်တိုက်တွေ့နေပုံ၊ သေနတ်သမား ၂ ဦးထဲက ၁ ဦးက ကားပြတင်းပေါက်ကနေ ရဲကို ပစ်ခတ်နေပုံ၊ ရဲကားက နေရာမှာပဲ ရပ်တန့်နေပုံ အဲဒီနောက် ကားကို ဘယ်ချိုးပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အထိ ရိုက်ကူးထားပါတယ်။

ရဲကားက သေနတ်ကျည်ဆန် အချက်ပေါင်းများစွာ ထိမှန်ခဲ့ပုံရပြီး အတွင်းက ရဲအရာရှိကိုတော့ သေနတ်ကျည်ဆန် မထိပါဘူး။ ဒါပေမယ့် ဒဏ်ရာရပြီး လမ်းပေါ် လဲနေတဲ့ ရဲအရာရှိ အာမက် မာရာဘတ်ကို သေနတ်သမားတွေက အသေပစ်သတ်ခဲ့ပုံတွေတော့ လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာတဲ့ တခြား ဗွီဒီယိုတခုမှာ တွေ့ရပါတယ်။

ဒါကြောင့် အခု ဗွီဒီယိုမှာ ပါတဲ့ ရဲနဲ့ သေနတ်သမားတွေ အပြန်အလှန် တိုက်ခိုက်နေပုံဟာ ရဲအရာရှိ အာမက် မာရာဘက်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း အဖြစ်အပျက်လား၊ မတိုင်ခင် အဖြစ်အပျက်လားဆိုတာကိုတော့ မသိရပါဘူး။

သေနတ်သမား ညီအစ်ကို ၂ ဦးကတော့ ပါရီကနေ ၃၅ ကီလိုမီတာ ဝေးတဲ့ မြို့က ပုံနှိပ်တိုက်မှာ ရဲတွေက ၀င်စီးတိုက်ခိုက်ခဲ့တဲ့အတွက် ဇန်န၀ါရီ ၉ ရက်နေ့က သေဆုံးခဲ့ပါတယ်။ 

ဒီဗွီဘီ
ပြင်သစ်နိုင်ငံ ပါရီမြို့က ချာလီ ဟပ်ဘဒို မဂ္ဂဇင်းတိုက်ကို သေနတ်သမား ၂ ဦးက ၀င်ပစ်ခဲ့တဲ့ အဖြစ်အပျက် ကို ရိုက်ကူးထားတဲ့ မှတ်တမ်းဗွီဒီယိုတခု ဇန်န၀ါရီ ၁၃ ရက်နေ့က ထွက်ပေါ်လာပါတယ်။

အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် NCCT အဖွဲ့ဝင်အားလုံး လက်မှတ် ထိုးမည်ဆိုပါက (PSLF /TNLA) အနေဖြင့် လက်မှတ်ထိုးရန် အလားအလာရှိဟုဆို

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ (NCCT) တွင် ပါဝင်သောအဖွဲ့ဝင်များအားလုံး နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးမည်ဆိုပါက တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (PSLF /TNLA)အနေဖြင့် လက်မှတ်ထိုးရန် အလား အလာရှိကြောင်း ယင်းအဖွဲ့ဒုတိယ ဥက္ကဋ္ဌ တာဂျုတ်ဂျားက ပြောသည်။

မြန်မာအစိုးရမှ တရုတ်သို့ တရားဝင်သစ်တင်ပို့ခွင့်ပြုထားသည့်ပမာဏမှာ ၃၈ရာခိုင်နှုန်းရှိ၊ ကျန် ၆၂ရာခိုင်နှုန်းမှာ တရားမဝင်ပို့နေခြင်းဖြစ်

Photo: မြန်မာအစိုးရမှ တရုတ်သို့ တရားဝင်သစ်တင်ပို့ခွင့်ပြုထားသည့်ပမာဏမှာ
၃၈ရာခိုင်နှုန်းရှိ၊ ကျန် ၆၂ရာခိုင်နှုန်းမှာ တရားမဝင်ပို့နေခြင်းဖြစ်
Thursday, January 15, 2015

နေပြည်တော်၊ ဇန်နဝါရီ ၁၄- မြန် မာအစိုးရမှ တရုတ်သို့ တရားဝင် သစ်တင်ပို့ခွင့် ပြုထားသည့် ပမာဏ သည် ၃၈ရာခိုင်နှုန်းသာရှိပြီး ကျန် ၆၂ ရာခိုင်နှုန်းသည် တရားမဝင် တင်ပို့နေခြင်းသာဖြစ်ကြောင်း ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပြောသည်။

ဇန်နဝါရီ ၁၄ရက်တွင် နေပြည် တော် (Grand Amara Hotel) တွင် ပြု လုပ်သော မြန်မာနိုင်ငံနှင့်တရုတ် နိုင်ငံတို့၏ သစ်ကုန်သွယ်မှုလုပ်ထုံး လုပ်နည်းစနစ်ဆိုင်ရာ ဆွေးနွေးပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ''နိုင်ငံတော်အစိုးရအနေနဲ့ သစ်ထုတ်လုပ်မှုကို လျှော့ ချဆောင်ရွက် နေပေမယ့် တစ်ဖက်ကလည်း တရားမ ဝင်သစ်ခိုးထုတ်မှုတွေက တိုးတက်စွာ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နဲ့ ထိစပ်နေတဲ့၊ တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားသွားလာနေ တဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းမှာ အများဆုံးဖြစ်နေတာ တွေ့ရပါတယ်''ဟု ပြောသည်။

တရားမဝင် သစ်ခုတ်လှဲရောင်း ချခြင်းနှင့် တရားမဝင်သစ်ခိုးယူသူတွေထံမှ အခွန်ကောက်ခံခြင်းသည် ယင်းဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏အဓိကငွေရစေသည့် လုပ်ငန်းများ ဖြစ်သော်လည်း နိုင်ငံတော်နှင့်ပြည် တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်ကို ထိခိုက်နှောင့်နှေးစေ ပြီး ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးမှုကိုပါ အဟန့်အတားဖြစ်စေကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင် နယ်စပ်ဒေသ၌ တရား မဝင်ကုန်သွယ်မှု အခြေအနေများနှင့် ပတ်သက်၍ အင်္ဂလန်နိုင်ငံ အခြေ စိုက် နိုင်ငံတကာသဘာဝပတ်ဝန်း ကျင်စုံစမ်းရေးအဖွဲ့(EIA)နှင့်(Global Witness) တို့၏အစီရင် ခံစာတွင်လည်း မြန်မာနိုင်ငံဘက်မှ ပြည်ပနိုင်ငံများသို့ တရားမဝင် သစ်တင်ပို့မှုသည် တရားဝင်တင်ပို့ မှုဖြင့် နှိုင်းယှဉ်ပါက အဆမတန် များပြားနေသည်ကိုလည်း ဖော်ပြ ထားကြောင်းလည်း နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဖော်ပြချက်များ ကို ဒုတိယဝန်ကြီးက ကိုးကားပြောဆိုခဲ့သည်။

လက်ရှိ အစိုးရလက်ထက်တွင် လည်း ၂၀၁၁-၂၀၁၂ခုနှစ်မှ ၂၀၁၄ -၂၀၁၅ခုနှစ် ဒီဇင်ဘာလကုန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တရားမဝင်သစ်မျိုးစုံ စုစုပေါင်း ၁၄၁၂၄၉ ဒသမ ၈၄တန် ဖမ်းဆီး ရမိခဲ့ကြောင်းလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၅ခုနှစ် ဇန်နဝါရီ ၅ရက် ၌လည်း ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ်ရှိ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသ တို့တွင် ဇန်နဝါရီ ၂ရက်မှ ၄ရက် အထိ သစ်ခိုးထုတ်မှုများတွင်ပါဝင် သည့် တရုတ်နိုင်ငံသား ၁၀၂ဦးနှင့် မြန်မာနိုင်ငံသား ၂ဝဦးတို့ကို ဖမ်းဆီး ခဲ့ပြီး ယင်းနောက် တရုတ်နိုင်ငံသား ၁ရဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

MP
Democracytoday
မြန်မာအစိုးရမှ တရုတ်သို့ တရားဝင် သစ်တင်ပို့ခွင့် ပြုထားသည့် ပမာဏသည် ၃၈ရာခိုင်နှုန်းသာရှိပြီး ကျန် ၆၂ ရာခိုင်နှုန်းသည် တရားမဝင်တင်ပို့နေခြင်းသာဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပြောသည်။

နယ်စပ်မှ RSO များ ဝင်ရောက်မည့်သတင်းများ ထွက်ပေါ်နေသည့်အတွက် မောင်တောနယ်စပ် လုံခြုံရေးတိုးမြှင့်

Photo: နယ်စပ်မှ RSO များ ဝင်ရောက်မည့်သတင်းများ ထွက်ပေါ်နေသည့်အတွက် မောင်တောနယ်စပ် လုံခြုံရေးတိုးမြှင့်
Thursday, January 15, 2015 

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၃၅ နှင့် ၄ဝကြားမှ RSO သောင်းကျန်း သူများ ဝင်ရောက်မည့်သတင်းများ ထွက်ပေါ်နေသည့်အတွက် မောင် တောနယ်စပ်လုံခြုံရေးကို တိုးမြှင့် ထားကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်တစ်လျှောက်တွင် RSO သောင်း ကျန်းသူများ မြှုပ်ထားသည့် ဗုံးများကို နှစ်ဖက်နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင် များက တွေ့ရှိနေပြီး ယင်း သို့ဗုံးများမကြာခဏ တွေ့ရှိနေခြင်းက နယ်စပ်ခြံစည်းရိုးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း နယ်စပ်ခြံစည်း ရိုးလုပ်ငန်း လုပ်ကိုင်နေသည့် အရာ ရှိတစ်ဦးက ပြောသည်။

ယခုကဲ့သို့ နယ်စပ်မှ မောင် တောနယ်စပ်ဒေသသို့ RSO သောင်းကျန်းသူများ ဝင်ရောက်မည်ဆိုသည့် သတင်းကြောင့် နယ်စပ်တစ်လျှောက် လုံခြုံရေးကို နယ်ခြားစောင့်ရဲအပြင် တပ်မတော်ကပါ တာဝန်ယူထားသည်။

နယ်စပ်ဒေသတစ်လျှောက်တွင် သောင်းကျန်းသူများ ဝင်ရောက်မည့် သတင်းများပေါ်ထွက်နေပြီး လုံခြုံ ရေးကိုတိုးမြှင့်ထားသော်လည်း မြို့ ပေါ်အခြေအနေနှင့် ကျေးလက်ဒေသများသို့ သွားလာနေသည့် အခြေအ နေများမှာ ပုံမှန်အတိုင်းရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

NT
Democracytoday
မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၃၅ နှင့် ၄ဝကြားမှ RSO သောင်းကျန်းသူများ ဝင်ရောက်မည့် သတင်းများ ထွက်ပေါ်နေသည့်အတွက် မောင် တောနယ်စပ်လုံခြုံရေးကို တိုးမြှင့် ထားကြောင်း သိရသည်။

အီကွေဒေါ အလှမယ် အဆီစုပ်ယူ ခွဲစိတ်ကုသမှု ခံယူနေစဉ် သေဆုံး

Photo: အီကွေဒေါ အလှမယ် အဆီစုပ်ယူ ခွဲစိတ်ကုသမှု ခံယူနေစဉ် သေဆုံး
Thursday, January 15, 2015 

အသက် ၁၉ နှစ် အီကွေဒေါ အလှမယ်လေး Catherine Cando ဆိုသူဟာ အဆီစုပ်ထုတ် ကုသနည်းခံယူရာမှ ခွဲစိတ်ကုတင်ပေါ်မှာတင် သေဆုံးခဲ့ကြောင်း Fox News Latino က ဖော်ပြထားပါတယ်။ အောက်တိုဘာလတုန်းက Queen of Duran သရဖူဆွတ်ခူးခဲ့တဲ့ ဆေးကျောင်းသူဟာ အချိန်ပိုင်းမော်ဒယ်လည်းဖြစ်တဲ့အပြင် ကားတစ်စီးနဲ့ တက်ဘလက်တစ်လုံးကိုပါ လက်ဆောင်ရရှိခဲ့ဖူးတယ်။

ဒီလို နာမည်ရလာပြီးနောက်ပိုင်း အစားအသောက်တွေ စနစ်တကျစားဖြစ်လာကာ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ဖြစ်လာတယ်လို့ သိရပြီး ကိုယ်အလေးချိန်လျော့ချဖို့ Cando ကြိုးစားလာခဲ့တယ်လို့ ဆိုပါတယ်။ အဆီစုပ်ယူ ကုသနည်းကိုတော့ အထူးဆောင်ရွက်ဖို့ အစီအစဉ် မရှိကြောင်း၊ လိုအပ်တယ်လို့လည်း မယူဆကြောင်း။ လုပ်လည်းမလုပ်ချင်ကြောင်း အီကွေဒေါသတင်းစာတစ်ခုဖြစ်တဲ့ El Telegrafo နဲ့ တွေ့ဆုံမှုတစ်ခုမှာ သူမပြောဆိုခဲ့ပါတယ်။ ခွဲစိတ်ကုသမှု မတိုင်မီ ဆရာဝန်ဆီမှ ကုသမှုခံယူဖို့ စည်းရုံးဆွဲဆောင်မှုတွေကိုလည်း ဖုန်းထဲမှ မကြာခဏရရှိခဲ့ပေမယ့် သူမ အမြဲတမ်း ငြင်းဆန်ခဲ့တယ်လို့  Cado ရဲ့ အစ်ကိုဖြစ်သူ Daniel Zavela က ဆိုပါတယ်။ တခြားတစ်ယောက်ယောက်ကို မေတ္တာလက်ဆောင် ခံယူစေဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူမ သဘောတူလက်ခံလိုက်ပါတယ်လို့ဆိုပါတယ်။ 

Cando ခွဲစိတ်ကုသမှုခံယူတဲ့နေရာက ဝန်ထမ်းတွေက သူမ နှလုံးရောဂါဝေဒနာကြောင့် သေဆုံးခဲ့တာပါလို့ သူမမိသားစုကို ပြောပြခဲ့ပါတယ်။ သို့ပေမယ့် ၄င်းမိသားစုရဲ့ ရှေ့နေသိထားတာတော့ ဒီလို မဟုတ်ခဲ့ပါဘူး။

ဦးနှောက်ရေဝှက်တဲ့ ရောဂါတစ်ခုကြောင့် သူမသေဆုံးသွားတာဖြစ်ကြောင်း ကျွန်တော်သိထားတယ်လို့ ရှေ့နေ Carlos Reyes Izquierdo က ဆိုပါတယ်။ အဖြစ်ပျက်မှန်ကို တိတိကျကျဖော်ထုတ်ဖို့ နဲ့ သက်ဆိုင်ရာ စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ ပြောဆိုထားပြီးပြီလို့လည်း သူကဆိုပါတယ်။

Cando ကို ကုသပေးတဲ့ ခွဲစိတ်ဆရာဝန်ကိုတော့ အလုပ်ပေါ့ဆမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

Source: Cosmopolitan
Trend Myanmar
အသက် ၁၉ နှစ် အီကွေဒေါ အလှမယ်လေး Catherine Cando ဆိုသူဟာ အဆီစုပ်ထုတ် ကုသနည်း ခံယူရာမှ ခွဲစိတ်ကုတင်ပေါ်မှာတင် သေဆုံးခဲ့ကြောင်း Fox News Latino က ဖော်ပြထားပါတယ်။ အောက်တိုဘာလတုန်းက Queen of Duran သရဖူဆွတ်ခူးခဲ့တဲ့ ဆေးကျောင်းသူဟာ အချိန်ပိုင်းမော်ဒယ် လည်း ဖြစ်တဲ့အပြင် ကားတစ်စီးနဲ့ တက်ဘလက်တစ်လုံးကိုပါ လက်ဆောင်ရရှိခဲ့ဖူးတယ်။

မီဇိုးရမ်းဝန်ကြီးချုပ်ဟောင်း မြန်မာငြိမ်းချမ်းရေးကူညီဖို့ ရောက်ရှိ

Photo: မီဇိုးရမ်းဝန်ကြီးချုပ်ဟောင်း မြန်မာငြိမ်းချမ်းရေးကူညီဖို့ ရောက်ရှိ
Thursday, January 15, 2015 

အိန္ဒိယ - မြန်မာနယ်စပ် မီဇိုးရမ်း (Mizoram) ပြည်နယ် ၀န်ကြီးချုပ်ဟောင်း Pu Zoramthanga ဟာ မြန်မာနိုင်ငံအတွင်းက ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှာ လက်ရှိ ဆောင်ရွက်နေတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို လေ့လာဖို့ ရန်ကုန်မြို့မှာ ရောက်ရှိနေပါတယ်။

Pu Zoramthanga ဟာ ဒီကနေ့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အိန္ဒိယလက်အောက်ခံ မီဇိုးရမ်းဒေသကို သီးခြားပြည်နယ်အဖြစ် အသိအမှတ်ပြုရေး နှစ်အတန်ကြာ လက် နက်ကိုင် တိုက်ပွဲဝင်ခဲ့ပြီးတဲ့နောက် အိန္ဒိယအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အောင်မြင်စွာ ဦးဆောင် ပြုလုပ်နိုင်ခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ဝေမျှဖို့အတွက် Pu Zoramthanga ဟာ မြန်မာပြည် ကိုရောက်တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ကြောင့် အခုလို ရောက်လာတာမဟုတ်ဘဲ မိတ်ဆွေ ချင်းတိုင်း ရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ရဲ့ ဖိတ်ကြားချက်အရသာ လာရောက်ခြင်းဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာက အရာရှိတဦးဖြစ်သူ ဦးလှမောင်ရွှေက ပြောပါတယ်။

“မီဇိုးရမ်းမှာရှိတဲ့ Chief Minister ဟောင်း၊ ၀န်ကြီးချုပ်ဟောင်းအနေနဲ့က ၀န်ကြီးဦးအောင်မင်းတို့ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဘက်က သီးခြားဖိတ်ကြားတာ မဟုတ်ပါဘူးခင်ဗျ။ ကျနော် တို့သိတာတော့ မြန်မာပြည်မှာရှိတဲ့ သူ့ရဲ့ မိတ်ဆွေတချို့ကနေပြီးတော့ သူ့ကို ဖိတ်ကြားလို့သာ လာတယ် လို့ပဲ နားလည်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ ပေါ့နော် ၁၉၈၆ လောက်ကနေ မီဇိုးရမ်းငြိမ်း ချမ်းရေးကိစ္စတွေမှာ သူက ဦးဆောင်ပြီးတော့ ပါဝင်ခဲ့တဲ့အတွက် သူ့မှာ ငြိမ်းချမ်းရေး အတွေ့အကြုံတွေ ရှိတယ်။

အဲ့ဒီကနေပြီးမှ သူက ၀န်ကြီးချုပ်လည်းဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တော့ သူ့ရဲ့ အတွေ့အကြုံတွေကို ကျနော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေထဲမှာ သူ့အနေနဲ့ တတ်အားသ၍ ကူညီချင်ပါတယ်ဆိုတဲ့ ချဉ်းကပ်မှုနဲ့ လာတယ်လို့ပဲ ကျနော်တို့ နားလည်ပါတယ်။ နောက်တခုကတော့ ကျနော်တို့ ၀န်ကြီး ဦးအောင်မင်းရဲ့ လုပ်ငန်းကော်မတီဘက်ကလည်း ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပြုသဘော နဲ့ စိတ်စေတနာကောင်းနဲ့ အကြံဥာဏ် အကူအညီ ပေးမယ့် ဘယ်သူနဲ့မဆို တွေ့လေ့ရှိတဲ့အတွက် ရှေ့မှာလည်း အမြောက်အများ နိုင်ငံတကာ အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တွေ့ခဲ့တဲ့ အဖွဲ့အစည်းပေါင်း ကျနော်ထင်တယ် ရာချီပြီးတော့ ရှိပါတယ်။

ဒီဝန်ကြီးချုပ်ဟောင်း အနေနဲ့ သူ့မှာလည်းပဲ ထိုက်သင့်တဲ့ အတွေ့အကြုံလည်း ရှိကောင်းရှိပါလိမ့်မယ်။ ၀န်ကြီးဦးအောင်မင်းနဲ့ အားတဲ့ရက်တွေမှာတော့ တွေ့မယ့်အနေအထားရှိပါတယ်။ သူ့ခရီးစဉ်ကတော့ တနင်္ဂနွေနေ့ကိုတော့ ဒီနိုင်ငံကနေ ပြန်မယ်လို့ပြောပါတယ်။ တကယ်လို့ တိုင်းရင်းသားတွေနဲ့ရော၊ ၀န်ကြီး ဦးအောင်မင်းတို့ ဘက်ကလည်း လိုအပ်ရင်တော့ သူ ၀ိုင်းကူပါ့မယ်လို့တော့ သိရပါတယ်။ ဒီနေ့ညနေပိုင်း ကတော့ ကျနော်တို့ MPC ကို လာလည်တဲ့အတွက် ကျနော်တို့ MPC က အလုပ်အဖွဲ့တချို့နဲ့တော့ ရင်းရင်းနှီးနှီး စကားပြောဆိုဆွေးနွေးတာ ရှိပါတယ်။”

မေး။ ။ ဆိုတော့ လောလောဆယ်ကတော့ သူ့အနေနဲ့က ဒါက အရင် သူရှိခဲ့တဲ့ အတွေ့အကြုံတွေအရ သဘောက လွန်ရောကျွံရော အကြံပေးတာ၊ အတွေ့အကြုံတွေ မျှဝေပေးတာလောက် အဆင့်ပဲ ရှိမယ်ပေါ့နော်။ ကျနော်တို့ ယေဘုယျနားလည်လို့ရမယ်ဆိုရင်။

ဖြေ။ ။ “အဲ့လိုပဲ ကျနော်တို့တော့ နားလည်ပါတယ်ခင်ဗျ။ ဟို သီးခြားကြီး နှစ်ဘက်အဖွဲ့အစည်းတွေ ကြားထဲမှာ ညှိနှိုင်းပေးမယ့်သူ negotiator ပုံစံမျိုးတော့ ကျနော်တော့ မမြင်မိပါဘူးခင်ဗျ။ ဟို observer အနေနဲ့ ကျနော်တို့ နှစ်ဘက်ကြားထဲမှာ ဆွေးနွေးပွဲတွေ တက်ရောက်မယ်လို့လည်း ကျနော့်အနေနဲ့တော့ မရှိပါဘူး။ သူ့အနေနဲ့ ကောင်းမွန်တဲ့ဆန္ဒနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ၀ိုင်းပြီးတော့ အကြံဥာဏ်ပေးတဲ့ ကူညီတဲ့ လူပုဂ္ဂိုလ်တယောက်အနေနဲ့တော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။”

မေး။ ။ ဆိုတော့ သူ့ကိုဖိတ်တယ်ဆိုတာကတော့ မီဇိုးတွေနဲ့ ဆက်နွယ်နေတဲ့ ချင်းတိုင်းရင်းသားတွေပဲ ဖြစ်မယ်ထင်တယ်နော်။ CNF ဖြစ်မလားခင်ဗျ။

ဖြေ။ ။ “CNF မဟုတ်ဘူးခင်ဗျ။ ဒီ ချင်းတချို့ပေါ့နော်။ ပါတီခေါင်းဆောင်တချို့ကနေပြီးတော့ ဖိတ်ကြားမှုနဲ့ သူ လာလည်တယ်လို့ ကြားရပါတယ်။”

Pu Zoramthanga အနေနဲ့ သူ့ရဲ့ နိုင်ငံရေးပါတီ အပါအ၀င် အစိုးရအဖွဲ့အစည်းတခုခုကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံကိုသွားတယ်လို့ မထင်ကြောင်း Khonumthung အွန်လိုင်းသတင်းစာက လက်ထောက် အယ်ဒီ တဦးဖြစ်သူ ကိုသွီဒင်း(မ်) က ပြောပါတယ်။

“ဘယ်လို ချဉ်းကပ်ပုံ ချဉ်းကပ်နည်းကတော့ ဘယ်လိုချဉ်းကပ်တယ်ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ personal ကိုပဲ focus ပြီးတော့ ဖိတ်တယ်လို့ပဲ ကျနော်တော့ ယူဆတယ်။ သူက MNF ပါတီလည်း base မလုပ်ဘူး။ မီဇိုးရမ်းအစိုးရကိုလည်း base မလုပ်ဘူးလို့ ကျနော်တော့ မြင်တယ်။”

Pu Zoramthanga အနေနဲ့ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီ တီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွား မှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခုလ ၁၉ ရက်ကနေ ၂၁ ရက်အထိ ပြုလုပ်ဖို့ရှိတဲ့ NCCT - တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ရဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ NCCT ရဲ့ အဲဒီ ဆွေးနွေးပွဲပြီးမှသာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်မှာဖြစ်ကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။

VOA
အိန္ဒိယ - မြန်မာနယ်စပ် မီဇိုးရမ်း (Mizoram) ပြည်နယ် ၀န်ကြီးချုပ်ဟောင်း Pu Zoramthanga ဟာ မြန်မာနိုင်ငံအတွင်းက ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ရဲ့ ဖိတ်ကြားချက်အရ မြန်မာ နိုင်ငံမှာ လက်ရှိ ဆောင်ရွက်နေတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို လေ့လာဖို့ ရန်ကုန်မြို့မှာ ရောက်ရှိနေပါတယ်။

ကချင်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအား KIA ခေတ္တထိန်းသိမ်း

Photo: ကချင်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအား KIA ခေတ္တထိန်းသိမ်း
Thursday, January 15, 2015 

ကချင်ပြည်နယ် မိုးကောင်း - ကာမိုင်း - ဖားကန့် လမ်းခင်းနေတဲ့ အခြေအနေကို သွားရောက်စစ်ဆေးတဲ့ ကချင်ပြည်နယ် အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်ဒူးနော်နဲ့ အဖွဲ့ကို KIA ကချင်လွတ် မြောက်ရေး တပ်ဖွဲ့က တားဆီး ခဲ့ပြီး ဝန်ကြီးအဖွဲ့နဲ့အတူ လိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးခေါ်
ဆောင်သွားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဝန်ကြီး ဦးကမန်ဒူးနော်နဲ့ အဖွဲ့ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့က မိုးကောင်း- ဖားကန့် ကားလမ်း အခြေအနေ ကို လိုက်လံစစ်ဆေးပြီး ဖားကန့်မှာ ညအိပ်ရပ်နားခဲ့တာပါ။ ဗုဒ္ဓဟူးနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်း မှာတော့ ဖားကန့်ကနေ လုံးတုံး- ဟိုပင် လမ်းအတိုင်း ခရီးဆက်ခဲ့ချိန်မှာ ဟွေလုံကျေးရွာနားအရောက် KIA တပ်တွေက ဝန်ကြီးနဲ့အဖွဲ့ကို တားမြစ်ခဲ့တယ်လို့ နေပြည်တော်ကရတဲ့ သတင်းတရပ်က ဖော်ပြပါတယ်။

ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်ဒူးနော်တို့ကို ပြန်လွှတ်ပေးလိုက်ပေမဲ့ လုံခြုံရေးအတွက် အတူလိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကိုတော့ KIA က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ VOA က သီးခြား အတည်ပြုချက်ရဖို့ ကြိုးစားနေပေမဲ့ အခုထိတော့ မရသေး ပါဘူး။

VOA
ကချင်ပြည်နယ် မိုးကောင်း - ကာမိုင်း - ဖားကန့် လမ်းခင်းနေတဲ့ အခြေအနေကို သွားရောက်စစ်ဆေးတဲ့ ကချင်ပြည်နယ် အစိုးရလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်ဒူးနော်နဲ့ အဖွဲ့ကို KIA ကချင်လွတ် မြောက် ရေးတပ်ဖွဲ့က တားဆီးခဲ့ပြီး ဝန်ကြီးအဖွဲ့နဲ့အတူ လိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မလေးရှားမှာ မြန်မာ ၂၀ ကျော် အသတ်ခံရမှု သံသယရှိသူ ၉ ဦးကို စွဲချက်တင်

Photo: မလေးရှားမှာ မြန်မာ ၂၀ ကျော် အသတ်ခံရမှု သံသယရှိသူ ၉ ဦးကို စွဲချက်တင်
Thursday, January 15, 2015

မလေးရှာနိုင်ငံ ပီနန်မှာ ရက်ရက်စက်စက် အသတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လို့ စွပ်စွဲခံရသူတွေထဲက မြန်မာနိုင်ငံသား ၉ ဦးကို စွဲချက်တင်လိုက်ကြောင်း မလေးရှားနိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

မလေးရှားရောက် မြန်မာတွေကတော့ စွပ်စွဲခံရသူတွေထဲက မြန်မာနိုင်ငံသား ၉ ဦးကို စွဲချက်တင်ခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ ပီနန်မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသား ၂၀ ထက်မနည်း အသတ်ခံရတာပါ။ ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ သံသယရှိသူတွေကို အသတ်ခံရသူတွေရဲ့ မိသားစုတွေက တရားလိုလုပ်ပြီး တိုင်ကြားခဲ့တာကြောင့် မလေးအာဏာပိုင်တွေက ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ရုံးတင်စစ်ဆေးရာကနေ နောက်ဆက်တွဲ ဖမ်းဆီးမှုတွေဖြစ်လာပြီး အခုအခါမှာတော့ မြန်မာနိုင်ငံသား ၉ ဦးကို စွဲချက်တင်ခဲ့တာလို့ ဆိုပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တဦးကတော့ -

“ဟုတ်တယ်ဗျ။ အသတ်ခံရတဲ့သူတွေက မြန်မာနိုင်ငံသားတွေပဲ။ သေတဲ့သူကလည်း မြန်မာနိုင်ငံသား၊ သတ်တဲ့သူကလည်း မြန်မာနိုင်ငံသား။”

မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်းတွေဖြစ်အပြီးမှာ မလေးရှားနိုင်ငံမှာလည်း မြန်မာတွေ အသတ်ခံရမှုတွေ ကြုံရတာပါ။ ဒါပေမဲ့လည်း မလေးရှားမှာရှိတဲ့ မြန်မာသံရုံးက သံအရာရှိတွေကတော့ မြန်မာတွေ အသတ်ခံရမှုဟာ မြန်မာနိုင်ငံက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စဉ် တခုထဲကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။ မလေးရှားမှာ မြန်မာတွေ ရက်ရက်စက်စက် အသတ်ခံရမှုတွေက ၂၀၁၄ ခုနှစ်အတွင်းမှာ ခပ်စိပ်စိပ် ဖြစ်လာခဲ့တာပါ။ မလေးအာဏာပိုင်တွေက သံသယရှိသူတွေကို ဖမ်းဆီးပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှုတွေ လုပ်လာပြီးတဲ့နောက်မှာတော့ မြန်မာတွေ ရက်ရက်စက်စက် အသတ်ခံရတဲ့သတင်းတွေ သိပ်မကြားရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံသားတွေကတော့ လုံခြုံမှုမရှိသေးဘူးလို့ ဆိုပါတယ်။

“ကိုယ့်မြန်မာအစိုးရက မြန်မာအလုပ်သမားတွေကို ထိရောက်တဲ့ကာကွယ်မှုမျိုး ပေးနိုင်ရင်တော့ တမျိုးပေါ့။ ထိရောက်တဲ့ကာကွယ်မှုမျိုး ပေးနိုင်ရင် ကိုယ့်နိုင်ငံသားတွေကို ဟုတ်လား ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်မှုပေးနိုင်ရင် ကျနော်တို့က တမျိုး အဖြေရှိတာပေါ့။ အခုဟာ ကျနော်တို့မှာ မလေးရှားမှာနေရတာ အမြဲတမ်း မြန်မာအလုပ်သမားတွေအတွက် ဘာဥပဒေမှ မရှိဘူး။ ကိုယ့်အန္တရာယ်ကိုယ် ကြည့်ရှောင်ပြီးနေရတာ။”

မလေးရှားသတင်းစာတွေမှာတော့ တရားခံတွေအဖြစ် စွဲချက်တင်ခံထားရသူ မြန်မာနိုင်ငံသား ၉ ဦးရှိတယ်လို့ ပြောဆိုထားပါတယ်။ သူတို့ကတော့ ဘိုင်လေးမိုဟာမက်ဂူလမ်၊ မိုဟာမက်ရဖစ်၊ ဟာဘီဘူလာ၊ ရာစင်၊ စိုးမောင်မောင်၊ အလီ တို့ဖြစ်ပြီး သူတို့ထဲက အများစုဟာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပါတယ်။ အဲဒီ ၉ ဦးထဲက ၃ ဦးဟာ လူသတ်မှုတွေကို ၂ ကြိမ် ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရတဲ့ နောက်ထပ် စွဲချက်တင်ခံရမှုတွေလည်း ရှိတယ်လို့ မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။

မလေးရှားသတင်းစာတွေမှာတော့ ၂၀၁၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံမှာ လူသတ်မှု ၅၀ ကျော်ထဲက မြန်မာနိုင်ငံသား အသတ်ခံရမှု ၁၈ မှုရှိပြီး ရက်ရက်စက်စက် ဦးခေါင်းနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပိုင်းဖြတ်သတ်ခံရမှုတွေကြောင့် ဘယ်နိုင်ငံသားမှန်းမသိတဲ့ လူ ၁၁ ဦးရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။ အခုလို မြန်မာနိုင်ငံသားတွေကို သတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံရသူတွေနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက သံအရာရှိတဦးကတော့ အခြေအနေတွေ မသိရကြောင်း ပြောဆိုခဲ့ပါတယ်။

သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ မေးမြန်းရာမှာလည်း အထောက်အထားမဲ့တွေ ဖြစ်တာကြောင့် မြန်မာနိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ အတည်မပြုနိုင်ကြောင်း မလေးရှားမှာရှိတဲ့ မြန်မာသံရုံးက ပြောလေ့ရှိတာပါ။ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား သိန်းနဲ့ချီနေထိုင်နေပြီး တရားဝင်ကော တရားမ၀င် အလုပ်လုပ်နေသူတွေပါ ရှိတာပါ။ တရားမ၀င် ဖြစ်နေသူတွေဟာ နိုင်ငံကူးလက်မှတ်ရှိပြီး ပါမစ်မရှိတာကြောင့် တရားမ၀င် နေထိုင်သူတွေ ဖြစ်လာရတယ်လို့လည်း ပြောဆိုကြပါတယ်။

VOA
မလေးရှာနိုင်ငံ ပီနန်မှာ ရက်ရက်စက်စက် အသတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လို့ စွပ်စွဲခံရ သူတွေ ထဲက မြန်မာနိုင်ငံသား ၉ ဦးကို စွဲချက်တင်လိုက်ကြောင်း မလေးရှားနိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ရုရှား သူလျှိုနှစ်ဦးကို ကလေး ငယ်တစ်ဦးက ပစ်သတ်သည့် ဗီဒီယို အိုင်အက်စ် အဖွဲ့ ထုတ်လွှင့်


ယောက်ကျားလေးငယ်တစ်ဦးက ရုရှားစပိုင်နှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ကာ ကွပ်မျက်ပစ်သည့် ဗီဒီယိုကို အိုင်အက်စ် အဖွဲ့ ကထုတ်လွှင့်လိုက် သည်။

ကန်လက်ထောက်ဝန်ကြီး Anne Richard ဒုက္ခသည်အရေး ရခိုင်သွားမည်

Photo: ကန်လက်ထောက်ဝန်ကြီး Anne Richard ဒုက္ခသည်အရေး ရခိုင်သွားမည်
Thursday, January 15, 2015

မြန်မာနိုင်ငံရောက်နေတဲ့ နောက်ထပ် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး ကိစ္စတွေ ဆွေးနွေးဖို့ ရှေ့အပတ် အင်္ဂါနေ့အထိ ဆက်နေမှာ ဖြစ်ပါတယ်။

လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Anne Richard အနေနဲ့ နေပြည်တော်မှာ မနေ့ကစတဲ့ ဒုတိယအကြိမ် အမေရိကန်-မြန်မာ လူ့အခွင့်အရေး ဆွေးနွေးပွဲကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့အတူ တက်ရောက်နေပါတယ်။

ဒီနေ့မှာပြီးမယ့် လူ့အခွင့်အရေး ဆွေးနွေးပွဲအပြီးမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard အနေနဲ့ မနက်ဖြန် ဇန်နဝါရီ ၁၆ ကနေ - ၁၉ အထိ ရခိုင်ပြည်နယ်ကိုသွားပြီး ပြည်နယ်အစိုးရ အရာရှိတွေ၊ ရိုဟင်ဂျာမူဆလင်ကိုယ်စားလှယ်တွေ၊ ရခိုင်ဒေသခံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ တွေ့ဖို့ရှိပါတယ်။

အခုလို တွေ့ဆုံရာမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard အနေနဲ့ ရခိုင်ပြည်ထဲမှာဖြစ်နေတဲ့ နိုင်ငံရေးနဲ့ လူသားချင်း စာနာကူညီရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard အနေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုလည်း ဇန်နဝါရီ ၂၀ ကနေ ၂၃ အထိ သွားရောက်ကာ မြန်မာနယ်စပ်မြို့ Cox’s Bazar မှာ ဒေသခံအရာရှိတွေ၊ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒုက္ခသည်ကူညီရေးအဖွဲ့တွေနဲ့ တွေဆုံဖို့ ရှိနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာနိုင်ငံရောက်နေတဲ့ နောက်ထပ် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး ကိစ္စတွေ ဆွေးနွေးဖို့ ရှေ့အပတ် အင်္ဂါနေ့အထိ ဆက်နေမှာ ဖြစ်ပါတယ်။

ကချင်ဝန်ကြီးတဦး ခေတ္တထိန်းသိမ်းခံရပြီး လုံခြုံရေးရဲ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်

Photo: ကချင်ဝန်ကြီးတဦး ခေတ္တထိန်းသိမ်းခံရပြီး လုံခြုံရေးရဲ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်
Thursday, January 15, 2015 

မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းကြောင်း  စစ်ဆေးကြည့်ရှုနေတဲ့  ကချင်ပြည်နယ်  လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးကို ကေအိုင်အေအဖွဲ့က ခေတ္တထိန်းသိမ်းပြီး အနီးကပ် လုံခြုံရေး လိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို  ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

မနေ့က  ဖားကန့်မြို့နယ် ဟွေလုံကျေးရွာအနီးမှာ  ကေအိုင်အေ တပ်ဖွဲ့ဝင် ၂၅ ဦးလောက်က  ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နဲ့ အဖွဲ့ကို လမ်းပိတ်ဆို့ တားဆီး စစ်ဆေးခဲ့ပြီး  သူရဲ့  လုံခြုံရေးအတွက် လိုက်ပါ သွားတဲ့  ဒုရဲအုပ် အပါအ၀င် ရဲ ၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့  ပြန်ကြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။ 

ရဲတပ်ဖွဲ့ဝင် ၃ ဦး  အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးနိုင်ရေးအတွက် မြစ်ကြီးနားမြိုက ပဋိပက္ခ ဖြေရှင်းရေး ညှိနှိုင်းရေးအဖွဲ့နဲ့ ကေအိုင်အေ နည်းပညာဆိုင်ရာ အကြံပေးအဖွဲတို့ကို ဆက်သွယ်ထားပြီး  ကေအိုင်အေအဖွဲ့ကို  နယ်မြေခံ တပ်မတော်စစ်ကြောင်းက လိုက်လံရှင်းလင်း နေတယ်ဆိုတဲ့ အကြောင်းလည်း  ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ 

ဒီဗွီဘီ
မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းကြောင်း  စစ်ဆေးကြည့်ရှုနေတဲ့  ကချင်ပြည်နယ်  လမ်းပန်း ဆက်သွယ် ရေးဝန်ကြီးကို ကေအိုင်အေအဖွဲ့က ခေတ္တထိန်းသိမ်းပြီး အနီးကပ် လုံခြုံရေး လိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး ကို  ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ပုပ်ရဟန်းမင်းကြီး သီရိလင်္ကာရောက်

Photo: ပုပ်ရဟန်းမင်းကြီး သီရိလင်္ကာရောက်
Thursday, January 15, 2015 

ပုပ်ရဟန်းမင်းကြီး Francis ဟာ အခု သီရိလင်္ကာနိုင်ငံမှာ ရောက်ရှိနေပြီ ဖြစ်ပါ တယ်။ စစ်ဒဏ်ကြောင့် ပျက်စီးနေတဲ့ သီရိလင်္ကာမြောက်ပိုင်းက ခရစ်ယာန်ဘုရားကျောင်းမှာ ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက စည်းလုံးညီညွတ်ကြဖို့နဲ့ ခွင့်လွှတ်သည်းခံကြဖို့ မိန့်ကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က Our Lady of Madhu ဘုရားကျောင်းမှာ ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲကို နိုင်ငံတလွှားက ဘာသာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လူပေါင်း ထောင်သောင်းချီပြီး လာရောက်ကြတာ ဖြစ်ပါတယ်။

ဒါဟာ သီရိလင်္ကာမြောက်ပိုင်းက တမီးလ်အများစုနေထိုင်ရာ ဒေသကို ပုပ်ရဟန်းမင်းကြီး ပထမအကြိမ် ကြွရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသဟာ သီရိလင်္ကာနိုင်ငံမှာ လွတ်လပ်ရေးအတွက် နှစ်ပေါင်း ၂၅ နှစ်ကြာ လက်နက်ကိုင်တွေ တိုက်ပွဲဝင်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

တောတောင်ထဲမှာ တည်ထားတဲ့ ဒီခရစ်ယာန်ဘုရားကျောင်းမှာ ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး Francis က  လူပေါင်း ၁ သိန်းလောက်ကို သေဆုံးစေခဲ့တဲ့ ဒီစစ်ပွဲဟာ သီရိလင်္ကာ နိုင်ငံသားတွေရင်ကို ကွဲစေတာမို့ ဒါဟာ  စစ်ပွဲရဲ့ မကောင်းဆိုးရွားမှုဖြစ်ကြောင်း ရှုတ်ချ မြွက်ကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ကိုလံဘိုမြို့မှာ ရှိနေစဉ်အတွင်း ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ဘုန်းတော်ကြီး Joseph Vaz ကို Saint ရဟန်းအဖြစ် ချီးမြှောက်ခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ ပထမဆုံးရဟန်းဖြစ်တဲ့ ဘုန်းတော်ကြီး Joseph က ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ပါဝင်ရေးဟာ အရေးကြီးကြောင်းကို သင်ပြပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဘာသာရေး လွတ်လပ်ခွင့်ဟာ အခြေခံ လူ့အခွင့်အရေးတရပ်ဖြစ်ပြီး လူတိုင်း ကိုယ်ယုံကြည်ရာကို ကိုးကွယ်ခွင့် ရှိတယ်လို့လည်း ဟောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ပုပ်ရဟန်းမင်းကြီး Francis ဟာ အခု သီရိလင်္ကာနိုင်ငံမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စစ်ဒဏ်ကြောင့် ပျက်စီးနေတဲ့ သီရိလင်္ကာမြောက်ပိုင်းက ခရစ်ယာန်ဘုရားကျောင်းမှာ ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက စည်းလုံးညီညွတ်ကြဖို့နဲ့ ခွင့်လွှတ်သည်းခံကြဖို့ မိန့်ကြားခဲ့ပါတယ်။

အကြမ်းဖက်နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်းကြောင့် မလိုလားအပ်သော

Photo: အကြမ်းဖက်နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်းကြောင့် မလိုလားအပ်သော 
Thursday, January 15, 2015 

အကြမ်းဖက်နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်းကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ဟု ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သုံးသပ်ပြီး ဆက်လက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်း

လက်ပံတောင်းတောင် အဓိကရုဏ်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များသည် အကြမ်းဖက် နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်းကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အဓိကရုဏ်း ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှု သတင်းထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က စီမံကိန်း လုပ်ကိုင်ခွင့်ရရှိထားသော မြန်မာဝမ်ပေါင်ကုမ္ပဏီက လျော်ကြေးငွေရယူထားခြင်း မရှိသော ဒေသခံများ၏ လယ်ယာမြေများပေါ်တွင် ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာမှ ဒေသခံတောင်သူများနှင့် ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်မှုကို လုံခြုံရေးရယူနေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နှစ်ဖက်ထိပ်တိုက်တွေ့စဉ် ရဲတပ်ဖွဲ့ကပစ်ခတ်မှု ပြုလုပ်ရာ မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်းသည် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ၍ သေဆုံးခဲ့ပြီး ဒေသခံတောင်သူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ တရုတ်နိုင်ငံသား အလုပ်သမားများ ခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ယင်းအဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၄ ဒီဇင်ဘာ ၃ဝ ရက်မှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ မုံရွာမြို့နှင့် ဆားလင်းကြီးမြို့များသို့ သွားရောက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အပါအဝင် ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဆေးရုံအုပ်ကြီးနှင့် မှုခင်းဆရာဝန်ကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ အထွေထွေမန်နေဂျာ၊ ဒေသခံရွာသူရွာသားများနှင့် တွေ့ဆုံ၍ ရှင်းလင်းတင်ပြချက်များနှင့် သက်သေထွက်ဆိုချက်များကို ရယူခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြောင်းသိရပြီး မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေး မေးမြန်းခဲ့ခြင်း ရှိ၊ မရှိကိုမူ ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

လက်ပံတောင်း အဓိကရုဏ်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုအပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ သုံးသပ်ချက်များမှာ လုံခြုံရေးအဖွဲ့များနှင့် ရွာသူ၊ ရွာသားများ နီးကပ်လွန်းသဖြင့် စီမံချက်ပါ အဆင့်အလိုက် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဘဲ ရွာသားများနှင့် လုံခြုံရေးအဖွဲ့များ ထွေးလုံးရစ်ပတ် တိုက်ခိုက်ရသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့ကြောင်း၊ ကွပ်ကဲမှုအဖွဲ့၏ စီမံဆောင်ရွက်မှု အားနည်းခြင်းကြောင့် လုံခြုံရေးစီမံချက်ပါ လူစုခွဲခြင်း အဆင့်ဆင့်၌ ရေလုံးနှင့်မျက်ရည်ယိုဗုံးကို အသုံးပြုနိုင်ခဲ့ခြင်း မရှိသဖြင့် နှစ်ဖက်စလုံး၌ ထိခိုက်ဒဏ်ရာ ရရှိမှုများပြားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် စီမံချက်ပါ လူ၊ လက်နက်ခဲယမ်း ဖွဲ့စည်းပုံအရ ကိုင်ဆောင်ရန် သတ်မှတ်ထားသည့် အကြမ်းဖက်နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်းကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခြင်းသည် ကမ္ဘာလူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၃)၌ ပြဋ္ဌာန်းထားသည့် လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှုရခွင့် ရှိသည်ဟူသည့် အချက်အရ ၎င်း၏အသက်ရှင်သန်မှု အခွင့်အရေးကို ထိခိုက်စေခဲ့ကြောင်း၊ နှစ်ဖက်သက်သေထွက်ဆို ချက်များ၏ မှန်ကန်ခိုင်မာမှုကို ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်သင့်ကြောင်း စသည်တို့ကို သုံးသပ်ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဆားလင်းကြီးရဲစခန်းတွင် ဖွင့်လှစ်ထားသည့် သေမှုသေခင်းအမှတ်စဉ် (၄/၂ဝ၁၄) အား ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သင့်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုးတိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့်လုံခြုံရေး စီမံချက်ကို စနစ်တကျ အကောင်အထည်ဖော်ရန် အားနည်းခဲ့သည့် ကွပ်ကဲမှုအဖွဲ့မှ တာဝန်ရှိသူများအားဖော်ထုတ်၍ ထိုက်သင့်သလို အရေးယူဆောင်ရွက်သင့်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုးတိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့်လုံခြုံရေးစီမံချက်ပါ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိသည့် ရဲတပ်ဖွဲ့ဝင်တို့အား ဖော်ထုတ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသင့်ကြောင်း၊ ကြေးနီစီမံကိန်းနှင့် စပ်လျဉ်းသော လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အဘက်ဘက်မှ အပြန်အလှန်သုံးသပ်၍ ထိခိုက်နစ်နာဆုံးရှုံးမှုများ ထပ်မံမဖြစ်ပေါ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းချက် ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း နယ်မြေပိုင်းခြားသတ်မှတ်၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ (၃၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုးတိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့် လုံခြုံရေးစီမံချက်ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်တွင် ရေးဆွဲဆောင်ရွက်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့မှ နှောင့်ယှက်ဟန့်တားမှုများအား သတိပေးတားမြစ်ခြင်း ဆောင်ရွက်ရာတွင် ၎င်းတို့မှလိုက်နာခြင်းမရှိဘဲ ရှေ့ဆက်တိုးလာပါက လုံခြုံရေးရဲတပ်ဖွဲ့မှ (က) အင်အားပြ ခြောက်လှန့်လူစုခွဲခြင်း၊ (ခ) အသံဖြင့်ခြောက်လှန့် လူစုခွဲခြင်း၊ (ဂ) ရေလုံးဖြင့်လူစုခွဲခြင်း၊ (ဃ) မျက်ရည်ယိုဗုံး အသုံးပြုလူစုခွဲခြင်း၊ (င) ရော်ဘာတုတ်၊ ဒိုင်းများအသုံးပြု၍ လူစုခွဲခြင်း၊ (စ) လူစုလူဝေးဖြိုခွဲရေး လက်နက်ခဲယမ်းများ အသုံးပြု၍ လူစုခွဲခြင်း၊ (ဆ) အကြမ်းဖက်နှိမ်နင်းရေး လက်နက်ခဲယမ်းများဖြင့် လူစုခွဲခြင်း စသည့်အပိုင်းခုနစ်ပိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိခဲ့ကြောင်း လူ့အခွင့်အရေးကော်မရှင်၏ တွေ့ရှိချက်များ နှင့်ပတ်သက်၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူသေဆုံးမှု ဖြစ်ပွားခဲ့သည့်နေ့က အဓိကရုဏ်းဖြစ်စဉ်တွင် အဆင့်(၃)ဖြစ်သည့် ရေလုံးဖြင့် လူစုခွဲခြင်းအတွက် မီးသတ်ယာဉ် တွဲဖက်ထားသော်လည်း ပြန့်ကျဲနေသော လူအုပ်စုများဖြစ်၍ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ မီးသတ်ကားမှာလည်း တစ်စီးသာရှိကြောင်း၊ အဆင့်(၄)ဖြစ်သည့် မျက်ရည်ယိုဗုံး အသုံးပြုခြင်းအတွက် မျက်ရည်ယိုဗုံး ထုတ်ပေးထားခြင်း မရှိသဖြင့် ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လူစုခွဲခြင်း နောက်ဆုံးအဆင့် (၇)တွင် အဓိကကျသူကို တိကျသော ပစ်မိန့်ပေး၍ အကြမ်းဖက်နှိမ်နင်းရေး လက်နက်ခဲယမ်းများဖြင့် လူစုခွဲရမည်ဖြစ်သော်လည်း ယခုပစ်ခတ်မှုများသည် အဆင့်အချို့ကို ကျော်လွန်၍ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊ ကွပ်ကဲမှုအဖွဲ့သည် လုံခြုံရေးစီမံချက်ပါ ပစ္စည်းပစ္စယ အသုံးအဆောင်များ

ပြည့်စုံစွာပါရှိအောင် စီမံမှုမရှိခြင်း၊ လူစုခွဲရာ၌ သတ်မှတ်ထားသည့် အဆင့်အလိုက် ဆောင်ရွက်နိုင်ခဲ့မှု မရှိခြင်းကို တွေ့ရကြောင်းနှင့် လူစုခွဲရာတွင်အဆင့်လိုက်၊ အကွာအဝေးအလိုက် သုံးစွဲရမည့် လက်နက်များကို စီမံချက်ပါ အပိုင်းလိုက်သုံးစွဲခဲ့သည့် အခြေအနေမျိုးမရှိဘဲ တစ်ပြိုင်နက်တည်း အရေးပေါ်သုံးစွဲခဲ့ကြောင်း တွေ့ရှိရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွာသူရွာသားများအား စစ်ဆေးမေးမြန်းရာတွင် ဒေါ်ခင်ဝင်းသည် ကျည်ဆန်ထိမှန်ခံရသည့်အချိန်က မတ်တတ်ရပ် အနေအထားဖြစ်ပြီး ထိုင်လျက်အနေအထား မဟုတ်ကြောင်း၊ ဒေါ်ခင်ဝင်းရှိရာနေရာ တည့်တည့်ဘက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိပြီး အချို့မှာရပ်လျက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြကြောင်း၊ ထို့နောက် ပြန်ထိုင်ပြီး နောက်တစ်ဖွဲ့မှ ထလျက်ပစ်ကြောင်း ထွက်ဆိုခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း ရွာသူရွာသားများသည် တုတ်၊ ဓား၊ လေးခွ၊ တံစဉ်း၊ ဂျင်ဂလိများ ကိုင်ဆောင်ပြီး ဂျင်ဂလိ၊ လေးခွများဖြင့် ပစ်ခတ်ကြောင်း၊ ဓားဖြင့်ဒိုင်းကိုခေါက်ကြောင်း၊ ဓားဝှေ့ယမ်းလျက် တိုးဝင်လာသဖြင့် သတိပေးခြောက်လှန့်ရန် အမိန့်ပေးခဲ့ပြီး သေနတ်များကို မိုးပေါ်ထောင်၍ ပစ်ခတ်ခဲ့ကြကြောင်း ထွက်ဆိုခဲ့ကြသည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ လက်ပံတောင်းတောင် အဓိကရုဏ်း စုံစမ်းစစ်ဆေးမှု သတင်းထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group 

ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ခြံစည်းရိုး တိုးမြှင့်ခတ်ခြင်းကို တားဆီးနေသည့် ဒေသခံများအား တွေ့ရစဉ်
ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ခြံစည်းရိုးတိုးမြှင့်ခတ်ခြင်းကို တားဆီးနေ သည့် ဒေသခံများအား တွေ့ရစဉ်
အကြမ်းဖက်နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်း ကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ဟု ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သုံးသပ်ပြီး ဆက်လက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်း

UNA တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမည်

Photo: UNA တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမည်
Thursday, January 15, 2015  

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA ခေါင်းဆောင် တွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီလ ၁၈ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံပြီး နိုင်ငံရေး ဆွေးနွေး ပွဲတွေ ကျင်းပနိုင် ရေး နဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးတို့ကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

UNA ညီလာခံအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေချိန်မှာ နိုင်ငံရေး မိတ်ဖက်အဖွဲ့အစည်းတွေ ပါဝင်နိုင်ဖို့အတွက် ဆွေးနွေးမှာဖြစ်တယ်လို့ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

"UNA ညီလာခံမှာ အနာဂါတ် မြန်မာနိုင်ငံရေးအတွက်ကို နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်သင့်ပြီလို့ ကျနော်တို့ ဆုံးဖြတ်ထားတာရှိတယ်၊ UNA ကလည်း ကိုယ့်ဘာသာကိုယ်လုပ်နေပြီ၊ နိုင်ငံရေးဆွေးနွေးပွဲကဏ္ဍမှာ မြန်မာ့နိုင်ငံရေးကို ဦးဆောင်မှုအခန်းကဏ္ဍက ယူနေတယ်လို့ အားလုံးမြင်တဲ့ NLD နဲ့ လူမှုအဖွဲ့အစည်းတွေက ၈၈ လိုဟာမျိုးပေါ့ လာပြီးတော့မှ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ကို ကျန်ာတို့ကမ်းလှမ်းဖို့ပါ၊ အဲဒီ့မှာ သူတို့ရဲ့ပူးပေါင်းပါဝင်မှု လိုအပ်တယ်၊ ဒါဟာ ဒီမိုကရေစီ ဘက်တော်သားအချင်းချင်း စည်းလုံးညီညွှတ်ဖို့ လိုအပ်တယ်ဆိုတာကိုမြင်လို့ အဲ့ကိစ္စသွားဆွေးနွေးမှာပါ"

UNA အနေနဲ့ မိတ်ဖက်နိုင်ငံရေးပါတီတွေအပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ စတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့ကို ကြိုးပမ်းသွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ UNA ညီလာခံကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရသာ ဖြေရှင်းသွားဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲဖို့ကို ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

UNA ကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ရခိုင်အမျိုးသားပါတီ စတဲ့ တိုင်းရင်းသားပါတီ ၈ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

RFA Burmese
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA ခေါင်းဆောင်တွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီလ ၁၈ ရက်နေ့ နေပြည်တော်မှာတွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေး ပွဲတွေကျင်းပနိုင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးတို့ကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

သီတဂူဆရာတော် မဘသ အဖွဲ့နှင့် မဆက်နွှယ်ကြောင်း ကြေညာ

Photo: သီတဂူဆရာတော် မဘသ အဖွဲ့နှင့် မဆက်နွှယ်ကြောင်း ကြေညာ
Thursday, January 15, 2015 

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်များ အဖွဲ့ဥက္ကဋ္ဌ သီတဂူ ဆရာတော် ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ဉာဏိဿ  ရဟာ သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့ရဲ့ အဓိပတိ၊ မန္တလေး မလွန်ဆန်လှူအသင်းကြီးရဲ့ သြ၀ါဒစရိယမှ တပါး မြန်မာနိုင်ငံတွင်း တခြားသော မည်သည့် ဘာသာရေး အသင်းအဖွဲ့၊ လူမှုရေး အဖွဲ့၊ နိုင်ငံရေးအဖွဲ့ စသည်တွေ မှာ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခြင်း မရှိကြောင်း သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ရဲ့ စီမံအုပ်ချုပ်ရေး အဖွဲ့က မနေ့က ထုတ်ပြန် ကြေညာပါတယ်။

Thitaguသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဆရာတော် ဦးကောဝိဒက ဒီထုတ်ပြန်ကြေညာချက်ကို သီတဂူဆရာတော် ဘုရားကြီးရဲ့ မိန့်ကြားချက်အရ ဆောင်ရွက်တာလို့ မိန့်ပါတယ်။

ဆရာတော် ဦးကောဝိဒက “အဲဒီကြေညာချက် ကွန်ဖန်းဖြစ်ပါတယ်ဆိုတာကို ဦးဇင်းပြောပါတယ်။ အွန်လိုင်းမှာ ဦးဇင်းတင်ထားတာပါ။ စီမံအုပ်ချုပ်ရေး အဖွဲ့ကနေ ဆောင်ရွက်ပေးရတာပါ။ ဦးဇင်းက ဆရာတော်ကြီးရဲ့ မိန့်ကြားချက် အတိုင်း ဆောင်ရွက်ရတာဆိုတော့ ဒီသတင်းထုတ်ပြန်မှုကိုလည်း ဆရာတော်ကြီး ရဲ့ မိန့်ကြားချက်အတိုင်း ထုတ်ပြန်ရတာပါ”လို့ မိန့်ကြားပါတယ်။

သီတဂူဆရာတော်ဘုရားကြီးဟာ အမျိုးဘာသာ သာသနာ ဘာသာပြန့်ပွားရေး အဖွဲ့မှာ ဒုတိယဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက်ခဲ့ပါသလားလို့ မေးမြန်းလျောက် ထား ရာမှာ  ဆရာတော် ဦးကောဝိဒက

“အဲဒါကို ဦးဇင်းသဘောမပေါက်ဘူး။ ဦးဇင်းကလည်း အဲဒီအစည်းအဝေးကို ဦးဇင်းကိုယ်တိုင် တက်ဖူးတာမဟုတ်တော့လေ။ ဆရာတော်ကြီးက နဂိုကတည်းက အဲဒီအဖွဲ့အစည်းထဲမှာပါ၊ မပါဆိုတာ ဦးဇင်းလည်း မသိဘူး။ ဘာဖြစ်လို့ နုတ်ထွက်တာဆိုတာကိုလည်း ဦးဇင်းက မသိဘူး။ ဦးဇင်းက ဆရာတော်ကြီးရဲ့ မိန့်ကြားချက်အတိုင်း ထုတ်ပြန်တာပါ။ ဘာမှ ထင်မြင်ချက်ပေးစရာ မရှိပါဘူး” လို့ မိန့်ကြားပါတယ်။

အမျိုးဘာသာ သာသနာ ပြန့်ပွားရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ရွာမပရိယတ္တိ စာသင် တိုက် (အင်းစိန်)၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ တိလောကာ ဘိဝံသကို မေးမြန်းလျောက်ထားရာမှာ ဆရာတော်ကြီးက “ဟုတ် တယ်။ သူက ဒီ ပထမအကြိမ် အောင်ဆန်းတပ်ဦးတောရကျောင်းရဲ့ ညီလာခံ၊ ပထမအကြိမ် ညီလာခံမှာ သူကိုယ်တိုင် ဒုတိယဥက္ကဋ္ဌဖြစ်ပါတယ်ဆိုတာ လက်မှတ်ထိုးပြီးတော့ ၀င်ထားတာ မှန်တယ်။ ၂ နှစ်သက်တမ်းလောက်ရှိပြီ ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်ခဲ့တာလည်းပဲ အခု တို့ဆီမှာလည်းပဲ ဒါကို သူမလုပ်လိုပါဘူးဆိုတဲ့အကြောင်းလည်းပဲ ပြောတာ၊ အကြောင်းမကြားဘူး။ စာတင်တာလည်း ဘာမှ မရှိဘူးပေါ့။ အဲဒီသဘောပဲတို့က သိတယ်။ သို့သော် သူ့ဟာသူ ကြေညာတဲ့ အခြေအနေကတော့ အကြောင်းအမျိုးမျိုး ရှိကောင်း ရှိမယ် ပေါ့။ တို့နဲ့လည်း ဘာမှတော့ ဟိုဒင်းတော့ ပြဿ  နာတော့ မရှိဘူး။ တခုရှိတာက သူ ဟိုတလောတုန်းက အီရန်နိုင်ငံကို သွားတယ်။ ဟိုမှာ အခြေအနေ တွေက နည်းနည်းလေး သူ ပတ်ဝန်းကျင်ဂယက်ရိုက်သွားတဲ့ သတင်းတွေ မြောက်မြားစွာရှိတယ်။ ဒါလေးကို သူ ပါးပါးနပ်နပ် ရှောင်လွှဲ တာဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ တို့နဲ့တော့ အဆက်အသွယ်တော့ မပြတ်ပါဘူး။ လက်ရှိအခြေအနေအရ သူက ဘယ်ထဲမှ မပါဝင်သေးဘူးဆိုတဲ့ ပုံစံနဲ့ အခုပြောတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ မှန်ပါတယ်” လို့ မိန့်ကြားပါတယ်။

အဖွဲ့ရဲ့ရည်ရွယ်ချက်ထဲမှာ ပဋိပက္ခ မဖြစ်ရန် အသိပညာပေး တားဆီးရန်၊ နိုင်ငံသားများ ညီညွတ်မှု၊ စည်းကမ်းရှိမှုဖြင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စည်းရုံးရန်၊ အမျိုးဘာသာ သာသနာကို တရား ဥပဒေနှင့် အညီ ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ဖွဲ့စည်းတာဖြစ်ပါတယ်။

နိုင်ငံတ၀န်းမှာ မဘသ လို့ လူသိများထင်ရှားတဲ့  အမျိုးဘာသာ သာသနာ ပြန့်ပွား ရေးအဖွဲ့ဟာ မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေးဆောင်ရွက်ချက်ကြောင့် လူ့အခွင့်အရေးအဖွဲ့ တွေရဲ့ ဝေဖန်မှုနဲ့ ကြုံတွေနေပါတယ်။

အေးနိုင် 
ဒီဗွီဘီ
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်များ အဖွဲ့ဥက္ကဋ္ဌ သီတဂူ ဆရာတော် ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ဉာဏိဿရဟာ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့ရဲ့ အဓိပတိ၊ မန္တလေး မလွန်ဆန်လှူ အသင်းကြီးရဲ့ သြ၀ါဒစရိယမှတပါး မြန်မာနိုင်ငံတွင်း တခြားသော မည်သည့်ဘာသာရေးအသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့ စသည်တွေမှာ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခြင်း မရှိကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန် ကြေညာပါတယ်။

နိုင်ငံခြားသားတရုတ်များ မှတ်ပုံတင် ရရှိနေကြသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မှတ်ပုံတင်မရှိသေးသည့် ဒေသခံ ရှမ်းတိုင်းရင်းသား များစွာရှိနေကြောင်း SNLD ပြောကြား

မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းတွင် မှတ်ပုံတင်မရှိသေးသည့် တိုင်းရင်းသားများ အများအပြား ရှိနေသေး ကြောင်းနှင့် ဒေသခံရှမ်းများနှင့်အတူ လားဟူနှင့် ပလောင်တို့တွင်လည်း မှတ်ပုံတင် မရှိသေးသည့်သူများ အများအပြား ရှိနေကြောင်း သတင်းရရှိသည်။