စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှဒေသလုံခြုံရေးနှစ်ပတ်လည်ဆွေးနွေးပွဲတက်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရဟာ Cyber အင်တာနက်နည်းပညာနဲ့ အမေရိကန်ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ လူသိ ရှင်ကြားစွပ်စွဲလိုက်ပါတယ်။
Saturday, 1 June 2013
တရုတ် Cyber တိုက်ခိုက်မှု အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဝေဖန်
စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှဒေသလုံခြုံရေးနှစ်ပတ်လည်ဆွေးနွေးပွဲတက်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရဟာ Cyber အင်တာနက်နည်းပညာနဲ့ အမေရိကန်ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ လူသိ ရှင်ကြားစွပ်စွဲလိုက်ပါတယ်။
ရန်ကုန် - မန္တလေး အမြန်လမ်းတွင် လိုအပ်ပါက ကုန်တင် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုမည်
ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ်တွင် အစိုးရဝန်ထမ်းများ အိမ်ပြောင်း
ရွှေ့ခြင်းနှင့် ကုန်တင်ယာဉ်ငယ် များ အရေးပေါ်ဖြတ်သန်းရန်လို အပ်ပါက ယာဉ်ပေါ်ပါပစ္စည်းများကို စစ်ဆေး၍ ဖြတ်သန်းခွင့် ပေး မည် ဖြစ်ကြောင်း အမြန်လမ်းတည်ဆောက်ရေးမှ အင်ဂျင်နီယာ
မှူးကြီးဦးမျိုးမြင့်က ပြောသည်။ ယင်းကဲ့သို့ ဖြတ်သန်းသွား လာခြင်းကို နေ့စဉ်
နံနက်ရှစ်နာ ရီမှ မွန်းလွဲနှစ်နာရီကြားဖြတ်သန်း
ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။
သီလဝါ စီမံကိန်းတည်ဆောက်မှုနှင့် လျော်ကြေးကိစ္စ ဒေသခံများကို ရှင်းမည်
သီလဝါအထူး စီးပွားရေးဇုန်စီမံကိန်း ပထမအဆင့်တည်ဆောက်မှု အချက်အလက်နှင့် ယင်းနယ်မြေ ဧရိယာ အတွင်းရှိ ဒေသခံများအတွက် နစ်နာကြေးတွက်ချက်မှုပုံစံတို့ကို ဇွန်လ ဒုတိယ ပတ်အတွင်း ဒေသခံများနှင့် တွေ့ဆုံ
ရှင်းလင်းမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုး
တိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က The Voice သို့
ပြောကြားသည်။ ဟက်တာ ၄၀၀ ခန့် ကျယ်ဝန်းသော ယင်းစီမံကိန်း ပထမအဆင့်
တည်ဆောက်မည့် မြေနေရာကို မေလ ၁၉ ရက်နေ့က သီလဝါ ဒေသခံများနှင့် အတူ
မြေကွက်ရိုက် သတ်မှတ်ပြီး ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဦးဆက်အောင်က
ရှင်းပြသည်။
ဝ ဒေသတွင် စည်းကမ်းဖောက်ဖျက် သူများကို သေမိန့်ပေးဟုဆို
မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ပေးအပ်ထားသောဝနယ်အတွင်း သတ်မှတ်ထားသော စည်းကမ်း ဖောက်ဖျက်သူများအပါအဝင်
တရားမဝင်စီးပွားရေး လုပ်ကိုင်သူများကို ဖမ်းဆီးရ မိပါက သေမိန့်
ပေးကြောင်း ဝတိုင်း ဒေသ၏ ပြင်ပ ဆက်ဆံရေး ဌာနမှ ဦးဆမ်ခွန်းက ပြောကြား သည်။
ဟန်ဆောင်လက်ထပ်သူ မြန်မာနှစ်ဦး စင်ကာပူတွင်ထောင်ကျ
စင်ကာပူနိုင်ငံသို့ရောက်ရှိနေသော
မြန်မာနိုင်ငံသားနှစ်ဦးကို ဟန်ဆောင်လက်ထပ်မှုဖြင့် စင်ကာပူ တရား ရုံးက မေလ
၃၁ ရက်နေ့တွင် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း Singapore Now သတင်း ဌာနတွင် ရေး
သား ဖော်ပြထားသည်။
ဒေါ်အောင်ဆန်း စုကြည်နေ အိမ်ရှေ့ ဆန္ဒ ထုတ်ဖော်မည့် အစီအစဉ် ဖျက် သိမ်းခဲ့
ရခိုင်လူငယ်များအဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့၌ ဆန္ဒထုတ်ဖော်ခြင်းကို ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင်က လာရောက်တားမြစ် ခဲ့ခြင်းကြောင့် ဆန္ဒထုတ်ဖော်မည့် အစီအစဉ် ဖျက်သိမ်းခဲ့ကြကြောင်း သိရှိရသည်။
တေးရေး ဆရာ ကေအေတီ ကွယ် လွန်
နာမည်ကျော်တေးသီချင်းများ
ရေးဖွဲ့ခဲ့သော တေးရေးဆရာ ကေအေတီသည် လွန်ခဲ့သော ၁ နာရီက သျှင်ပါကူ
အထူးကုဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသောကြောင့်
ပေါ်ပြူလာဂျာနယ်မှ မိသားစုနှင့် ထပ်တူဝမ်းနည်းရပါသည်။
Popular Journal
Popular Journal
ကချင် စစ်ပြေး ဒုက္ခသည် များ တစ်လ အတွင်း နေရပ်ပြန်နိုင်ရေး ကြိုး ပမ်း သွား မည်
ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများ၌ ရှိနေသော စစ်ပြေးဒုက္ခသည်များ တစ်လအတွင်း နေ ရပ်ပြန်နိုင်ရေး ကို ကြိုးပမ်းသွားမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မေ ၃၁ ရက်တွင် ပြောကြားသည်။
KIO ကိုယ်စားလှယ်အဖွဲ့ လိုင်ဇာသို့အပြန် ဆန္ဒပြခံရ
ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သော ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်သော KIO ကိုယ် စားလှယ်အဖွဲ့သည် မြစ်ကြီးနားမြို့မှ လိုင်ဇာမြို့သို့ ထွက်ခွာခဲ့ရာ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ၀ိုင်းမော်မြို့သို့ KIO ယာဉ်တန်း ဖြတ်သန်းစဉ် ဒေသခံရှမ်းလူမျိုး ၂၀၀ ဦးခန့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ၏ ကျေး လက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကမ္ဘာ့ ဘဏ်မှ ကူညီမည်
ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးအပါအ၀င် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး အတွက် ကမ္ဘာ့ဘဏ်မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပစ် အခတ် ရပ်စဲရေး မရရှိခဲ့သော် လည်း ငြိမ်းချမ်းရေး ကို ဆက် လက်ဆောင် ရွက်မည် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ပြောကြား
အစိုးရနှင့် KIO တို့၏ သုံးရက်ကြာ မြစ်ကြီးနား ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မရရှိခဲ့သော်လည်း တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်မည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
အာဖဂန် ပဋိပက္ခ အရေး ဆွေးနွေး ရန် နေတိုး အတွင်းရေး မှူးချုပ် အမေရိ ကန် သွား မည်
နေတိုး အတွင်းရေးမှူးချုပ် အင်ဒါဖို့ ရက်မူဆန် သည် အာဖဂန် နစ္စတန် အရေးကိစ္စ နှင့် ပတ်သက်၍ အမေရိကန် သမ္မတ အိုဘားမား နှင့် တွေ့ဆုံ ဆွေးနွေးရန် အမေရိကန် နိုင်ငံသို့ အလည်အပတ် သွားရောက်မည် ဖြစ်ကြောင်း နေတိုး အဖွဲ့ က မေလ ၃၀ ရက်နေ့တွင် ပြောကြား ခဲ့ကြောင်း NEWS now သတင်း တစ်ပုဒ်အရ သိရသည်။
နယ်မြေခံ ရှမ်းသောင်း ကျန်းသူ အဖွဲ့မှ ပြည်သူ လူထု အပေါ် လက်နက် အား ကိုးဖြင့် အနိုင် ကျင့်၍ ဆက်ကြေး / ရိက္ခာများ တောင်းခံ လျက်ရှိ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နမ့်လန် မြို့နယ် ၊ မမုံဟိန် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထံသို့ မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့် တွင် ရှမ်းဘောင်းဘီ ၀တ်လူငယ် ၂ ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး ရှမ်းသောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့မှ စာတစ်စောင် ပေးခိုင်ခြင်း ဖြစ်ကြောင်း ၊ ၄င်းစာတွင် နယ်မြေခံ ရှမ်းသောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့မှ အုပ်ချုပ်ရေး နှင့် စီးပွားရေး တာဝန်ခံ ဆိုသူက လက်မှတ် ရေးထိုး ထားပြီး စာပါ အကြောင်းအရာ အား မြန်မာ ဘာသာသို့ ပြန်ဆိုချက် အရ ဆန် ၂၅ အိတ်အား မမုံဟိန် ရပ်ကွက် အုပ်ချုပ်ရေးမှူး မှ ဇွန်လ ၂ ရက်တွင် ကောင်းဟတ် ( ဒေသအခေါ် ) သို့ မပျက်မကွက် ပေးပို့ ရန် ဖြစ်ကြောင်း သိရသည်။
အုပ်စုဖွဲ့ ပြိုင်ကားမောင်း လူသတ်မှုတွင်ပါဝင်သူ သိန်းတစ်ရာဖြင့် အာမခံရ
ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းမပေါ် နှင်းဆီကုန်း ဘိုးဘွားရိပ်သာ
ရှေ့ရှိ ဟာမစ်တစ် ကားမှတ်တိုင်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်ညက
ဖြစ်ပွား ခဲ့သည့် ပြိုင်ကားနှင့် လူတစ်စု၏ အုပ်စုဖွဲ့ လူသတ်မှုမှ တရားခံဟု
ယူဆရသူ တစ်ဦး ဖြစ်သည့် မအိန္ဒြာချိုအား ငွေကျပ်သိန်း ၁၀၀ တန် ခံဝန်ကို
ဝန်ခံသူ နှစ်ဦးဖြင့် အာမခံ ခွင့်ပေး လိုက်ကြောင်း ရန်ကုန်
အနောက်ပိုင်းခရိုင် တရားရုံး ထံမှ စုံစမ်း သိရှိရသည်။
ရပ်ကွက် အုပ်ချုပ်ရေး မှူးနှင့် အဖွဲ့များ ၁၅၀၀ တန်ဖုန်း များ ပြည်သူ့ မျက် ကွယ် တွင် မဲနှိုက် သွားခြင်း
ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် သာယာကုန်း ရပ်ကွက် တွင် ၂၂.၅.၂၀၁၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ပိုင်းမှာ ၁၅၀၀ တန် ဖုန်းကတ်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ ရာအိမ်မှူး (လမ်းလူကြီး) များဖြင့်သာ ပြည်သူများကို အသိပေး အကြောင်း ကြားခြင်း၊ ကြေညာခြင်း မရှိဘဲ ပြည်သူ လူထုမျက် ကွယ်တွင် ရပ်ကွက်ရုံး ခန်း၌ မဲနှိုက် ပြီးစီး သွားကြောင်း နောင်မှ ပြည်သူလူထု သိရှိကြရသည်။
ပိုကယ် လ်ဖလား ဗိုလ်လုပွဲ အပေါ် အာရုံစိုက် ထားရန် အသင်းဖော် များအား ရော်ဘင် တိုက်တွန်း
ချန်ပီယံလိဂ် ဖလားရရှိခဲ့သည့် ဘိုင်ယန်မြူနစ် အသင်း၏ တောင်ပံ ကစားသမား
ရော်ဘင်မှ လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင် ကစားရန် ရှိနေသည့်
ပိုကယ်လ်ဖလား ဗိုလ်လုပွဲစဉ် အပေါ် အာရုံစိုက် ထားရန် အသင်း ဖော်များအား
တိုက်တွန်း ပြောဆို ခဲ့သည်။
ကျပ် သိန်း ၂၆၀ ဖောက် ထွင်း မှု ခြောက် နာ ရီ အတွင်း မိ
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက် ဈေးချောင်း
လမ်းရှိ နေလ ဆောက်လုပ်ရေး ပစ္စည်းဆိုင်မှ မေလ ၂၄ ရက်နေ့က ဖောက်ထွင်း
ခိုးယူခံရသည့် ကျပ်သိန်း ၂၆၀ ကို စတင် တိုင်ကြားချိန်မှ ခြောက်နာရီ
အကြာတွင် ပြန်လည် ဖမ်းဆီးရမိကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲတပ်ဖွဲ့
စခန်းထံမှ သိရသည်။ လွန်ခဲ့သော ရှစ်လခန့်က ယင်းဆိုင်တွင် အလုပ်လုပ် ဖူးသည့်
အသက် ၂၀ အရွယ် လပြည့်(ခ) ပါစီကွေးက မေလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်
မိုးသည်း ထန်စွာ ရွာသွန်းနေချိန်တွင် ယင်းဆိုင်နံဘေးရှိ ရေပိုက်မှ
တွယ်တက်ကာ လေသာဆောင် ပြတင်းပေါက်ကို ဖျက်၍ ကျပ်သိန်း ၂၆၀ ရှိ ငွေအိတ်ကိုယူ
သွားခြင်းဖြစ်ကြောင်း အသည်ကြီး ရဲစခန်း စစ်ချက်များ အရ သိရသည်။
လားရှိုး ပဋိပက္ခမှု များတွင် ပါဝင် သူများကို အရေး ယူပေးရန် အစ္စလာမ် အဖွဲ့များ တောင်း ဆို
ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွား ခဲ့သည့် ပဋိပက္ခများ ဖြစ်ပွား
စေရန် လှုံ့ဆော် သူများ၊ အကြမ်းဖက် ကျူးလွန် သူများနှင့် တာဝန်
လစ်ဟင်းသူနှင့် တာဝန်မဲ့ သူများ အားလုံးကို မခွဲခြားဘဲ အရေး ယူရန်
ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရတို့ထံ တောင်းဆိုကြောင်း အဖွဲ့ ၁၄
ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ကွန်ရက်
ပေါင်းစုံ (Unity for Peace Networks) က မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်
လိုက်သည်။
ကား အမြန်မောင်း သူတွေ သိထားဖို့
မြန်မာနိုင်ငံမှာ ယာဉ်အမြန်မောင်နှင်မှုကြောင့် ယာဉ်အန္တရာယ်တွေ မကြာခဏဖြစ်ပြီး သေဆုံးမှုတွေ မြင့် တက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမြန်လမ်းမကြီးတွေ၊ မြို့ကြီးတွေမှာ ကားအမြန်မောင်းနှင်မှုကို အတိ အကျ မှတ်တမ်းတင်နိုင်မယ့် ကင်မရာတွေ တပ်ဆင်ပါတော့မယ်။
နွား အကောင် လိုက် မှောင်ခို တင်ပို့မှု များပြားနေ
နယ်စပ်ဒေသများတွင် တရားမ၀င် နွားမှောင်ခို သယ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး တရုတ်နိုင်ငံမှ အေးခဲအမဲသား ၀ယ်ယူမှု ရပ်နားထားပြီးနောက်ပိုင်း နွားအကောင်လိုက် မှောင်ခို တင်ပို့မှု များနေကြောင်း သတင်းရရှိသည်။
မြင်းခွါရွက် အစွမ်း
မြင်းခွာရွက်ဟာ စားစရာလဲဟုတ်၊ ဆေးလဲဟုတ်တယ်ဆိုတာ မြန်မာတွေသာမကာ
တခြားလူမျိုးတွေကပါ မှတ်ယူကြတယ်။Sanskrit သင်္သကရိုက်ဘာသာ နဲ့ Mandooka Parni
ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို
Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။
Subscribe to:
Posts (Atom)