Monday, 23 September 2013

၁၈ လ အတွင်း တနင်္သာရီသို့ ဘင်္ဂါလီ လူမျိုးများ ၁၆ ကြိမ် ဝင်ရောက်

Photo: ၁၈ လ အတွင်း တနင်္သာရီသို့ ဘင်္ဂါလီ လူမျိုးများ ၁၆ ကြိမ် ဝင်ရောက် 
Monday, September 23, 2013

တနင်္သာရီတိုင်းဒေသကြီး အတွင်းသို့ ၂၀၁၂ ခုနှစ် မတ်လမှ ၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ ၁၈ လ အတွင်း ဘင်္ဂါလီ လူမျိုးများ ဝင်ရောက်လာမှု ၁၆ ကြိမ်အထိ ရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ဇော်လွင်က တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြောကြားခဲ့သည်။

လောင်းလုံးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေး၏ ဘင်္ဂါလီ လူမျိုးများ ဝင်ရောက် မှု အတွက် တိုင်းဒေသကြီး၏ လုံခြုံရေး အစီအမံနှင့် ပတ်သက်သည့် မေး ခွန်းကို ပြန်လည် ဖြေကြားရာတွင် ၎င်းက ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ် သည်။

ဘင်္ဂါလီ လူမျိုးများ ဝင်ရောက်လာမှု ၁၆ ကြိမ်တွင် ၁၀ ကြိမ်ကို ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့ပြီး ခြောက်ကြိမ်ကို လာရာလမ်းအတိုင်း စနစ် တကျ ပြန်လွှတ်ပေးခဲ့သည်ဟု ဗိုလ်မှူးကြီး ဇော်လွင်က ရှင်း လင်း ပြော ကြား သည်။

ဖမ်းဆီးအရေးယူမှု ၁၀ ကြိမ်တွင် မြိတ်မြို့၌ လက်နက်များနှင့် ဖမ်းမိသူများ ကို လက်နက် (ယာယီ) ပြင်ဆင်ချက် အက်ဥပဒေပုဒ် ၁၉ (က) ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည့် ကိုးကြိမ်တွင် လ.၀.က အက်ဥပဒေ ၁၃ (၁) ဖြင့် လည်းကောင်း၊ ၆ (၃) ဖြင့်လည်းကောင်း၊ ၆ (၂) /၆ (၃) ဖြင့် လည်းကောင်း ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း ၎င်း၏ အဆိုအရ သိရသည်။

(Dawei Watch)
The Voice Weekly
တနင်္သာရီတိုင်းဒေသကြီး အတွင်းသို့ ၂၀၁၂ ခုနှစ် မတ်လမှ ၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ ၁၈ လ အတွင်း ဘင်္ဂါလီ လူမျိုးများ ဝင်ရောက်လာမှု ၁၆ ကြိမ်အထိ ရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ဇော်လွင်က တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြောကြားခဲ့ သည်။

Photo: အမည်မသိလူ ၂ ဦး ဆရာဝန်အား ဓားဖြင့်ခုတ်

Photo: အမည်မသိလူ ၂ ဦး ဆရာဝန်အား ဓားဖြင့်ခုတ် 
Monday, September 23, 2013

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၌ ဆရာဝန်တစ်ဦးအား အမည်မသိ လူ ၂ ဦးက အိမ်ထဲသို့ ဝင်ရောက် ခုတ်သည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာ ၂၀ ရက် ညနေ ၆ နာရီခန့် မူဆယ်မြို့ ခရစ်ယာန်ရပ်ကွက် ဗိုလ်တည်းလမ်းကြားနေ ဒေါက်တာတင်မြ (တရုတ်+ကချင်လူမျိုး)အား အင်္ကျီကွက်ကြား၊ ပုဆိုးဝတ်ထားသည့် လူ ၂ ဦးက အိမ်ထဲသို့ ဝင်ရောက်လာ၍ ဓားဖြင့်ခုတ်ကြောင်း ဆို၏။

“ဆရာက လူနာလို့ထင်ပြီး တံခါးဖွင့်ပေးလိုက်တယ်။ ဘာမှတောင် မပြောရသေးဘူး။ ဝင်လာတာနဲ့ ချက်ချင်းဘဲ ဓားရှည်နဲ့ခုတ်တယ်လို့ ဆရာဝန်က ပြောပြတယ်” ဟု မူဆယ်မြို့ဒေသခံ စိုင်းလိတ် က ပြောပါသည်။

ဒေါက်တာတင်မြက ထွက်ပြေးလာ၍ အနီးပတ်ဝန်းကျင်အား အကူအညီတောင်းရာ အဆိုပါ လူ ၂ ဦးမှာ အနောက်ပေါက်မှ ထွက်ပြေးသွားကြောင်း၊ အခင်းဖြစ်ပွားစဉ်က ဆရာဝန်း၏ဇနီးမှာ ခရီးလွန်နေ၍ သမီး ဖြစ်သူမှာ အိမ်ပေါ်ထပ်၌ ရှိနေကြောင်း၊ ဆရာဝန်မှာ နောက်ကျော၌ ၄ ချက်၊ ဘေးတဖက် ၁ ချက်စီ စုစု ပေါင်း ဓားခုတ်ဒဏ်ရာ ၆ ချက် ရရှိကြောင်း၊ ယခုအခါ မူဆယ်ဆေးရုံ၌ ဆေးကုသခံယူလျက်ရှိကြောင်း ဆိုပါသည်။

“ဆရာဝန်က အရမ်းသဘောကောင်းတယ်။ မူဆယ်မှာ ဆရာဝန်တင်မြကို မသိတဲ့သူမရှိဘူး။ ဆေးရုံမှာ အလုပ်မလုပ်တာကြာပြီ။ အိမ်မှာဘဲ ဆေးခန်းဖွင့်ထားတာ” ဟု မူဆယ်မြို့သူ ပါ့ဆွယ်ခမ်း က ပြောပါ သည်။

အခင်းဖြစ်ပွားပြီးနောက် တာဝန်ရှိရဲများက လာရောက်စစ်ဆေးပြီး ဆက်လက်စုံစမ်းနေကြောင်း သိရှိရ ပါသည်။

မွေခေါဝ် - သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၌ ဆရာဝန်တစ်ဦးအား အမည်မသိ လူ ၂ ဦးက အိမ်ထဲသို့ ဝင်ရောက် ခုတ်သည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဘုရားကျောင်းဗုံးကွဲမှုကြောင့်လူ ၈၀ သေဆုံးခဲ့ရခြင်းအပေါ် ပါကစ္စတန်ခရစ်ယာန်များဆန္ဒပြ

ဘုရားကျောင်းတစ်ခုအတွင်း လူရှစ်ဆယ်ကျော်သေဆုံးခဲ့ရသည့် အသေခံဗုံးနှစ်လုံးခွဲမှုဖြစ်ပွားပြီးနောက် ခရစ်ယာန်ဘာသာဝင်များသည် ပိုမိုကောင်းမွန်သည့် ကာကွယ်မှုကိုတောင်းဆိုရန် ယနေ့တွင် ပါကစ္စတန်နိုင်ငံ တဝှမ်း ဆန္ဒပြကြသည်။

iPhone 5s ပိုင်ရှင်များ Touch ID လက်ဗွေလုံခြုံရေးစနစ်ကို အသုံးမပြုသင့်ကြောင်း Chaos Computer Club ပြောကြား

Photo: iPhone 5s ပိုင်ရှင်များ Touch ID လက်ဗွေလုံခြုံရေးစနစ်ကို အသုံးမပြုသင့်ကြောင်း Chaos Computer Club ပြောကြား
Monday, September 23, 2013

Apple ဟာ မျိုးဆက်သစ် iPhone 5s မှာ လက်ဗွေလုံခြုံရေး စနစ်ကို ထည့်သွင်း ပေးထားခဲ့ပေမဲ့ Official Release လုပ်ပြီး ၂ရက် အတွင်း မှာ Chaos Computer Club (CCC) ရဲ့ biometrics hacking team ဟာ ၄င်း လက်ဗွေလုံခြုံရေး စနစ်ကို အောင်မြင်စွာ ဖောက်ထွင်းနိုင်ခဲ့ တယ်လို့ သိရပါတယ်။ "iPhone 5s ရဲ့ မျက်နှာပြင်ပေါ်က ပိုင်ရှင်လက်ဗွေရာ ရှိရုံနဲ့ iPhone 5s ရဲ့ Touch ID Sensor ကို ကို ဖောက်ထွက်ဖို့ လုံလောက်ပါပြီ။ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ လက်ဗွေလုံခြုံရေး စနစ်ကို အသုံးပြုဖို့ မသင့်တော်တဲ့ အတွက် ရှောင်ကြဉ်သင့်တယ်"လို့ ဆိုထားပါတယ်။ Apple အနေနဲ့ ကတော့ ယခု iPhone အသစ်မှာပါတဲ့ လက်ဗွေလုံခြုံရေး စနစ်ဟာ အရင်က လက်ဗွေလုံခြုံရေး စနစ်တွေထက် ပိုမို ကောင်းမွန်အောင် ယခုလက်ရှိ နိုင်ငံတကာ နည်းပညာတွေ ထက် ပိုမို ခက်ခဲတဲ့ နည်းပညာကို ရက် အတန်ကြာအောင် ဖန်တီးခဲ့တာလို့ သိရပါတယ်။ " အမှန်တကယ်တော့ Apple အနေနဲ့ Touch ID Sensor အခြား Sensor တွေထက် Resolution ပိုမြင့်အောင်လုပ်ထားတာပါပဲ။

ကျွန်တော်ကလည်း Touch ID ကို ပိုမြင့်တဲ့ Resolution ကို အတုလုပ်ဖန်တီးပေးဖို့ပဲ လိုပါတယ်" လို့ Fingerprint Lock ကို အောင်မြင်အောင်စမ်းသပ်ထားတဲ့ Starbug အမည်ရတဲ့ Hacker.... လက်ဗွေလုံခြုံရေးဖောက်နည်း အပြည့်အစုံနှင့် Proof Video ကို ကြည့်ရန် ဒီနေရာကို နှိပ်ပါ http://www.techmilo.tk/2013/09/iphone-5s-touch-id-chaos-computer-club.html စာရေးသူ၏ အချိန်နှင့် စေတနာကို စာနာနားလည်ပေးရန် သာမျှော်လင့်ပါသည်။ ဗဟုသုတ တိုးပွားကြပါစေ။

Source: http://www.aungkyaw.net/2013/09/iphone-5s-touch-id-chaos-computer-club.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်

ဆော့ဝဲမြို့တော်
Apple ဟာ မျိုးဆက်သစ် iPhone 5s မှာ လက်ဗွေလုံခြုံရေး စနစ်ကို ထည့်သွင်း ပေးထားခဲ့ပေမဲ့ Official Release လုပ်ပြီး ၂ရက် အတွင်း မှာ Chaos Computer Club (CCC) ရဲ့ biometrics hacking team ဟာ ၄င်း လက်ဗွေလုံခြုံရေး စနစ်ကို အောင်မြင်စွာ ဖောက်ထွင်းနိုင်ခဲ့ တယ်လို့ သိရပါတယ်။

ဟုန်ရှင်းအအေးခန်း စက်ရုံအရေး တိုင်းအလုပ်သမားဝန်ကြီး ညှိနှိုင်းပေး

Photo: ဟုန်ရှင်းအအေးခန်း စက်ရုံအရေး တိုင်းအလုပ်သမားဝန်ကြီး ညှိနှိုင်းပေး
Monday, September 23, 2013

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဟုန်ရှင်းအအေးခန်းစက်ရုံ ပိတ်လိုက်တဲ့အတွက် မြို့တော်ခန်းမရှေ့မှာ စက်တင်ဘာလ၂၂ ရက်နေ့က ဆန္ဒပြသပိတ်စခန်းဖွင့်ခဲ့ကြတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီး ဦးစိုးမင်းက ဒီနေ့ညနေပိုင်းမှာ ဝင်ရောက်ညှိနှိုင်းပေးခဲ့ပါတယ်။

ညနေ ၆ နာရီကျော်အထိ မြို့တော်ခန်းမထဲမှာ အလုပ်သမားဝန်ကြီး ဦးစိုးမင်း၊ ဟုန်ရှင်းစက်ရုံမှူးနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ညှိနှိုင်းနေဆဲဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားတစ်ဦးက ပြောပါတယ်။

“စက်ရုံကို လုံးဝပိတ်သိမ်းပေးမယ်လို့ ကြေညာတာ ခင်ဗျ၊ နောက်ပြန် မဖွင့်တော့ဘူးပေါ့နော်၊ ပြန်ဖွင့်ရင် သူတို့ကိုယ်တိုင် အရေးယူမယ်လို့ ကတိပေး သွားတယ်၊ မြို့တော်ခန်းမထဲမှာ သူတို့စာချုပ်ချုပ်ရင်းနဲ့ အလုပ်သမားခေါင်းတောင် ကိုမင်းမင်းတို့၊ ကိုသီဟတို့နဲ့ စာချုပ်ထဲမှာ ဘယ်လိုချုပ်မလဲဆိုတော့ စက်ရုံကလုံးဝ အပြီးအပိုင် ရုပ်သိမ်းပေးမယ်ပေါ့၊ အလုပ်သမားတွေကို အတင်းဆွဲထားတဲ့ စက်ရုံပိတ်ဆို့ဘာတို့ အဲဒါတွေ လည်း ဝန်ကြီးက သူဖြုတ်ပေးမယ်လို့ ပြောတယ်”

ဆန္ဒပြအလုပ်သမားတွေက ပုဒ်မ(၁၈) နဲ့  သူတို့ကိုတရား စွဲတာ ပြန် ရုတ်သိမ်းပေးဖို့၊ စက်ရုံအမည်ပြောင်းပြီးပြန်ဖွင့်ခဲ့ရင် အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးဖို့၊ အခုဖြစ်နေတဲ့ အလုပ်ရှင် အလုပ်သမားပဋိပက္ခကို အစိုးရကတာဝန်ယူဖြေရှင်းပေးဖို့ စတဲ့အချက်တွေကို အလုပ်သမားဝန်ကြီး ဦးစိုးမင်းထံ တောင်းဆိုခဲ့ကြပါတယ်။

အလုပ်ရှင်ဘက်ကလည်း ဟုန်ရှင်းစက်ရုံကို လုံးဝပိတ်လိုက်တာဖြစ်ပြီး တခြား အမည်နဲ့ ပြန်မဖွင့်တော့ကြောင်း အလုပ်သမားတွေကို နစ် နာကြေးငွေ ၊ လုပ်သက်အလိုက် ၃လစာကနေ ၅လစာ အထိ လျော်ကြေးပေးမယ်လို့ ထပ်မံကတိပေးတယ်လို့ သိရပါတယ်။

တခြားစက်မှုဇုန်က လုပ်ငန်းရှင်တွေ အလုပ်သမားလိုအပ်ရင် အခုဆန္ဒပြအလုပ်သမားတွေကို ဦးစားပေးခန့်သွားဖို့ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးဌာနအနေနဲ့ စီစဉ်သွားမယ်လို့ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီး ဦးစိုးမင်းက ကတိပေးခဲ့ကြောင်းလည်း သိရပါတယ်။

RFA
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဟုန်ရှင်းအအေးခန်းစက်ရုံ ပိတ်လိုက်တဲ့အတွက် မြို့တော် ခန်းမရှေ့မှာ စက်တင်ဘာလ၂၂ ရက်နေ့က ဆန္ဒပြသပိတ်စခန်းဖွင့်ခဲ့ကြတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင် အကြား ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီး ဦးစိုးမင်းက ဒီနေ့ညနေပိုင်းမှာ ဝင်ရောက် ညှိနှိုင်းပေး ခဲ့ပါတယ်။

Star Model Int’L နှင့်ချုပ်ဆိုထားသည့် စာချုပ်ကို ခင်ဝင့်ဝါက ငွေကျပ်သိန်း ၃၀ ပေးဆောင်၍ ရုပ်သိမ်း

Photo: Star Model Int’L နှင့်ချုပ်ဆိုထားသည့် စာချုပ်ကို ခင်ဝင့်ဝါက
ငွေကျပ်သိန်း ၃၀ ပေးဆောင်၍ ရုပ်သိမ်း
Monday, September 23, 2013

Miss Supranational ပြိုင်ပွဲတွင် ဆု လေးဆုဆွတ်ခူးခဲ့သည့် ခင်ဝင့်ဝါသည် Star model Int’l နှင့် ချုပ်ဆိုထားသည့် စာချုပ်ပါ စည်းကမ်းချက်အချို့ကို
ဖောက်ဖျက်ခဲ့သဖြင့် ငွေကျပ် သိန်း ၃၀ လျော်ကြေး ပေးအပ်၍ ရုပ်သိမ်း လိုက်ကြောင်း ခင်ဝင့်ဝါက မဇ္ဈိမသို့ပြောကြားလိုက်သည်။

ထို့အတွက်ကြောင့် ခင်ဝင့်ဝါအနေဖြင့် Miss Supranational Myanmar Organization ဖြင့် ချုပ်ဆိုထားသည့်အတိုင်း တစ်နှစ်တာ လုပ်ကိုင် သွား မည်ဖြစ်ကြောင်းလည်း ဆက်လက် ပြောဆိုလိုက်သည်။

“သမီး Star မော်ဒယ်လ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အတွက် လျော်ကြေးငွေကို ဒီလလယ်မှာ Miss Supranational Myanmar Organization က ပြုလုပ် တဲ့ အနုပညာလုပ်ငန်းတွေမှာပဲဆက်ပြီး အလုပ်တွေ လုပ်သွားမှာပါ၊ ဆရာဂျွန်လွင်နဲ့ ဘာမှတော့ ပြဿနာမရှိပါဘူး၊ အေးအေးဆေးဆေးပါပဲ”ဟု ခင်ဝင့်ဝါက ပြောသည်။

ခင်ဝင့်ဝါသည် Star Model int’l တွင် ၂၀၁၂ ဇွန်၊ ဇူလိုင်လတွင် စတင်ပြီး သင်တန်း တက်ရောက်ခဲ့သည်။ သင်တန်းပြီးဆုံးချိန်တွင် ခင်ဝင့်ဝါက ၎င်းအေ ဂျင်စီနှင့် ငါးနှစ်တာ အနုပညာအလုပ်များကို အတူတကွ လုပ်ကိုင် မည့် စာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စာချုပ်အား ပယ်ဖျက်ခြင်းအပေါ် Star Model int’l မှ ဂျွန်လွင်က ““အခု အချိန်မှာ မပြေလည်စရာ အကြောင်း မရှိပါဘူး။ သူလည်း သူ့အလုပ် သူလုပ်နေတာပါ။ ကျွန်တော်တို့ အေဂျင်စီအနေနဲ့ ကလေးတွေ ကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ပေးထားတယ်၊ စာချုပ်ချုပ်ထားပေမယ့် လည်း သူတို့တွေ အလုပ်လုပ်ခွင့် ရနေမှာပါ။ ပြည်ပကို သွားပြိုင်ကြတဲ့ သူတွေ အနေနဲ့ ပို့ပေးတဲ့ organizer တွေက အကျိုးမြတ်လိုလို့ လွှတ်ပေး တာ လား။ စေတနာနဲ့ လွှတ်ပေးတာလား ဆိုတာကို သိရမှာပါ။ စာချုပ်ဆို တာက စည်းနဲ့ဘောင်နဲ့ အလုပ်လုပ်ဖို့အတွက် လုပ်ထားတာပါ။ အကျိုး အမြတ် အတွက် မဟုတ်ပါဘူး။ စာချုပ်အတိုင်း တကယ်ပေးလျော်ရမယ် ဆိုရင် ဟိုဘက်ကို သိန်းတစ်ထောင်လျော်ရမှာ ကိုယ့်ဘက်က သိန်း ၃၀ ပဲ လျော်ရမှာဆိုတော့ ဘယ်ဘက်ကို လျော်မလဲဆိုတာကို စဉ်းစားကြည့်ပါ။ သူ့ အနေနဲ့ ဟိုဘက်ကို စာချုပ်ချုပ်ထားတော့ အခက်အခဲဖြစ်နေ တာကြောင့် ကျွန်တော်တို့ အနေနဲ့ ငါးနှစ် စာချုပ် ချုပ်ထားပေမယ့် သိန်းကျပ် ၃၀ သတ်မှတ်ပြီး စာချုပ်ကို ဖျက်ပေးခဲ့တာပါ”ဟု ပြောသည်။

Mizzima - News in Burmese
မဇ္ဈိမ
Miss Supranational ပြိုင်ပွဲတွင် ဆု လေးဆုဆွတ်ခူးခဲ့သည့် ခင်ဝင့်ဝါသည် Star model Int’l နှင့် ချုပ်ဆိုထားသည့် စာချုပ်ပါ စည်းကမ်းချက်အချို့ကိုဖောက်ဖျက်ခဲ့သဖြင့် ငွေကျပ် သိန်း ၃၀ လျော်ကြေး ပေး အပ် ၍ ရုပ်သိမ်း လိုက်ကြောင်း ခင်ဝင့်ဝါက မဇ္ဈိမသို့ပြောကြားလိုက်သည်။

ဆိုင်ကယ်ခိုးယူသူအားဖမ်းဆီးရမိ

Photo: ဆိုင်ကယ်ခိုးယူသူအားဖမ်းဆီးရမိ
Monday, September 23, 2013

၂၁.၉.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ခိုးမှုများ
ကျူးလွန်လေ့ရှိကြောင်း သတင်းရရှိထားသူ ဖြိုးဦး(ခ)ပြည့်ဖြိုးဦး (ဘ)ဦးလှထွန်း၊ မင်္ဂလာဒုံမြို့နယ်နေသူအား ဖမ်းဆီးစစ်ဆေးခဲ့ရာ
၎င်းသည် ၂၀၁၃ခုနှစ်၊ စက်တင်ဘာလအတွင်း ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ်၊(၃၉/ဘီ)ရပ်ကွက်ရှိ နေအိမ်ရှေ့ လမ်းပေါ် တွင် ရပ် ထားသော CZI အမျိုးအစား(ဖြူ/ပြာ)ရောင် ဆိုင်ကယ်(၁)စီးအား ခိုးယူရောင်းချထားကြောင်း ပေါ်ပေါက်သဖြင့် ဒဂုံမြောက်မြို့မ ရဲစခန်း(ပ)၄၉၂/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၂၁.၉.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ ၀င်များသည် ဆိုင်ကယ်ခိုးမှုများ ကျူးလွန်လေ့ရှိကြောင်း သတင်းရရှိထားသူ ဖြိုးဦး(ခ)ပြည့်ဖြိုးဦး (ဘ)

ယောက်ျား ဘောလုံးပွဲကြည့်၍ ဇနီးက ဆွဲကြိုးချ သတ်သေ

ယောက်ျားဖြစ်သူ ဘောလုံးပွဲကြည့်သည် ကိစ္စဖြင့် စကားများကြပြီး ဇနီးဖြစ်သူက မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေခဲ့မှု တစ်ခု စက်တင်ဘာ ၂၀ ရက်က လှည်းကူးမြို့နယ် အတွင်းတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

ခင်လပြည့်ဇော် Miss Tourism International 2013 ပြိုင်ဖို့ တရုတ်နိုင်ငံ သွားပြီ

Photo: ခင်လပြည့်ဇော် Miss Tourism International 2013 ပြိုင်ဖို့ တရုတ်နိုင်ငံ သွားပြီ
Monday, September 23, 2013

မြန်မာပြည်တွင်းက စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံနဲ့ ပထမဆုံး ဓာတ်ပုံ
အရိုက်ခံခဲ့၊ လမ်းလျှောက်ပြခဲ့တဲ့ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss Tourism International 2013 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင် နေပြီ ဖြစ်ပါတယ်။

ရေကူးဝတ်စုံနဲ့ လမ်းလျှောက်ပြခြင်း၊ ဓာတ်ပုံ အရိုက်ခံခဲ့ခြင်းဟာ သူ့အနေနဲ့ ပွဲမဝင်ခင် အပြင်က ကျင်းပတာဖြစ်ပြီး သူ့ကို ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ စေလွှတ်တဲ့ Star & Model Agency က ဂျွန်လွင်ရဲ့ အစီအစဉ်ဖြစ်တယ်လို့ ခင်လပြည့်ဇော်က ပြောပါတယ်။

“အခု စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံကို ၀တ်ပြတာက နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ရင်တော့ ဒီလိုဝတ်ရမှာပဲလေ။ ညီမက မြန်မာလူမျိုး၊
မြန်မာ မိန်းကလေး တယောက်ပါ။ ကိုယ်ကျင့်တရား၊အရှက်တရားနဲ့ မိန်းကလေးတွေရဲ့ အိနြေ္ဒသိက္ခာ ညီမမှာရှိပါတယ်၊ မြန်မာမိန်းကလေး တယောက်ဆိုတော့ ရှက်တတ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ဖူးတဲ့ သူတွေအတွက် ဒီလို ၀တ်ဆင်ရတာ မဆန်းပါဘူး။ ညီမ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဂျွန်လွင်ရဲ့ Star & Model Agency သင်တန်းမှာ တက်ရောက်ခဲ့တဲ့ သင်တန်းသူ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ ဂျွန်လွင်ရဲ့ စီစဉ်ပေးမှုကြောင့် တရုတ်နိုင်ငံ Xianning မြို့မှာ ကျင်းပပြုလုပ်မယ့် Miss Tourism Queen International 2013 ပြိုင်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့က သွားရောက် ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ခင်လပြည့်ဇော် သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ စီစဉ်ခဲ့သူ ဂျွန်လွင်က “ကျနော် ဒီပွဲကိုစီစဉ်ဖြစ်တာက သူတို့က လာကမ်းလှမ်းလို့ပါ။ ကျနော့်ကို လာကမ်းလှမ်းတဲ့ နိုင်ငံတကာပွဲတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် မလွှတ်ဖြစ်တာက လူကုန်ကူးမှုတွေ ကလည်း ဖြစ်နေတော့ မယုံကြည်လို့ပါ။ ဒီပွဲကျတော့ ကိုယ်နဲ့လည်းသိကျွမ်းတဲ့သူတွေ၊ လက်တွဲ လုပ်ဖူးတဲ့ သူတွေဆိုတော့ ယုံကြည်ရတယ်လေ။ ဒါကြောင့် လက်ခံပြီး လုပ်ဖြစ်တာပါ” လို့ ဆိုပါတယ်။

Star & Model Agency သင်တန်းက မော်ဒယ်လ် အယောက် ၃၀ ရဲ့ ဓာတ်ပုံတွေကို တရုတ်နိုင်ငံကို ပို့ပေးလိုက်တဲ့ အထဲကမှ သူတို့က ခင်လပြည့်ဇော်ကို ရွေးချယ်ခဲ့တာဖြစ်တယ်၊ ဒီသင်တန်းက မော်ဒယ်လ်တွေ
ကို စာချုပ် ချုပ်ထားပေမယ့် သင်တန်း တာဝန်ရှိသူကို အသိပေးပြီး နိုင်ငံ
တကာ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင် ခွင့်ပြုတယ်လို့ သိရပါတယ်။

Star & Model Agency သင်တန်းက မော်ဒယ်လ် တချို့ဟာ စာချုပ်ချုပ်
ထားပြီး ဖြစ်ပေမယ့် တာဝန်ရှိသူကို အသိမပေးဘဲ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်တာမျိုးတွေ ရှိတယ်လို့လည်း ဂျွန်လွင်က ပြောပါတယ်။

“ကျနော်က ကိုယ့်သင်တန်းက လူတွေကို စာချုပ်နဲ့ လုပ်ရတာက သူတို့ကို ထိန်းချုပ်ချင်လို့ မဟုတ်ပါဘူး။ စည်းစနစ် ရှိစေချင်တာကြောင့်၊ စည်းလေး
တခု ထားတဲ့သဘောပါ။ ဒီလို ကိုယ့်နိုင်ငံ ကိုယ်စားပြုပြီး သွားရတဲ့အတွက် ကျနော်တို့ဘက်က ကျေနပ်ပါတယ်၊ ဂုဏ်ယူမိပါတယ်။ ဒီလိုမျိုး လုပ်တာလည်း ကျနော့်အတွက် ဘာအမြတ်အစွန်းမှ မရပါဘူး၊ နိုင်ငံ့ ဂုဏ်ဆောင် အနေနဲ့ သွားရတဲ့အတွက် ကျေနပ်ဝမ်းသာပါတယ်” လို့ ဂျွန်လွင်က ဆိုပါတယ်။

သွားရောက်ယှဉ်ပြိုင်မယ့် ခင်လပြည့်ဇော်က အခုလို ဒီပြိုင်ပွဲကို စေလွှတ်တဲ့ ဂျွန်လွင်ကို ကျေးဇူးတင်ကြောင်း၊ အရွေးချယ် ခံရတဲ့အတွက်လည်း ၀မ်းသာ ဂုဏ်ယူကြောင်း ပြောပါတယ်။

“ဟိုမှာက အောက်တိုဘာ ၃ ရက်နေ့မှာ Final ပွဲကျင်းပမှာပါ။ သွားရောက် ယှဉ်ပြိုင်တဲ့အခါ ညီမကို မြန်မာပရိသတ်တွေက အားပေးပါဦးနော်။ ညီမ နိုင်ငံ ဂုဏ်ကိုဆောင်တဲ့ အမျိုးသမီးတဦး ဖြစ်ချင်ပါတယ်၊ အစွမ်းကုန် ကြိုးစားမှာပါ၊ စိတ်ရော၊လူရော နှစ်ပြီး ကြိုးစားသွားမှာပါ။ ညီမ မြန်မာနိုင်ငံ
ပြန်ရောက်ရင်လည်း မီဒီယာက ဆရာ၊ ဆရာမတွေအတွက် အချိန်ပေးပြီး အနုပညာ လှုပ်ရှားမှုတွေ လုပ်ပေးမှာပါ။ ညီမဘယ်လောက်ပဲ ပင်ပန်းနေ
ပါစေ၊ အချိန်ပေးပြီး မီဒီယာအတွက် လုပ်ပေးမှာပါ။ ဆရာ ဂျွန်ကလည်း ညီမကို ဘာမှမချုပ်ချယ် ထားပါဘူး၊ မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်တဲ့ သူတဦး ဖြစ်ချင်ပါတယ်” သူက ဆိုပါတယ်။

မြန်မာနိုင်ငံက ပရိသတ်တွေအနေနဲ့ Miss Tourism Queen International 2013 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မယ့် Miss Khin La Pyae Zaw ကို facebook စာမျက်နှာမှာဝင်ရောက်ကြည့်ရှုပြီး Like လုပ်နိုင်ကြောင်း သိရပါတယ်။

ဧရာဝတီ
မြန်မာပြည်တွင်းက စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံနဲ့ ပထမဆုံး ဓာတ်ပုံအရိုက်ခံခဲ့၊ လမ်းလျှောက်ပြခဲ့ တဲ့ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss Tourism International 2013 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင် နေပြီ ဖြစ်ပါတယ်။

ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းဖို့ ဗိုလ်မှူးချုပ် ပေါင်ခေး အကြံပြု

Photo: ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းဖို့ ဗိုလ်မှူးချုပ် ပေါင်ခေး အကြံပြု
Monday, September 23, 2013

အစိုးရ စစ်တပ်ကို တိုင်းရင်းသားတွေပါဝင်တဲ့ ပြည်ထောင်စု တပ်မတော် အဖြစ် ဖွဲ့စည်းပြီး နိုင်ငံတော် သမ္မတရဲ့ ကွပ်ကဲမှု အောက် မှာ ထားရှိဖို့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင် ပိုင်း(RCSS/SSA) အကြီးအကဲ တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် ပေါင်ခေး က အကြံပြု ပြောဆို လိုက်ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၃ ရက်ကြာ ကျင်းပနေတဲ့“ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ” အခမ်း အနား ဒုတိယနေ့မှာ ဗိုလ်မှူးချုပ် ပေါင်ခေးက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

“တပ်မတော်ကို တိုင်းရင်းသားတွေ ပါဝင်တဲ့ တန်းတူ အခွင့်အရေးရှိ တဲ့ ပြည်ထောင်စု တပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်း ပေးရမှာ ဖြစ်ပါတယ်၊ အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်မစွက်ဖက်တဲ့ တပ်မတော်ဖြစ်ရ ပါမယ်၊ ပြည်နယ်တွေမှာ တိုင်းရင်းသား တပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လုံခြုံရေး တပ် ရှိရပါမယ်၊ ပြည်ထောင်စုတပ်မတော်ကို သမ္မတ က တိုက်ရိုက်အမိန့်ပေးပြီး နေမယ်၊ လုံခြုံရေးတပ်တွေ ကို ပြည်နယ်ဝန်ကြီးချုပ် က တိုက်ရိုက် ကွပ်ကဲရပါမယ်၊ နယ်ခြားစောင့် တပ်တွေကို ပြည်နယ် လုံခြုံရေး တပ်ရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိရပါမယ်”လို့ ဗိုလ်မှူးချုပ် ပေါင်ခေး က အကြံပြု ဆွေးနွေးခဲ့တာပါ။

ဒီလ ၂၁ ရက်နေ့က စတင်ခဲ့တဲ့ အဲဒီ အခမ်းအနားကို ရှမ်း၊ မွန်နဲ့ ကယားပြည်နယ်တို့က တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လက် နက် ကိုင် အဖွဲ့ ခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့ အစည်းပေါင်း ၅၀ ခန့်က ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်တယ်လို့ ဆိုပါတယ်။

စစ်ဘက်၊ နိုင်ငံရေးနဲ့ လူမှုအဖွဲ့အစည်းတွေက တက်ရောက်လာတဲ့ ကိုယ် စား လှယ်တွေက အစိုးရက မကြာမီ ကျင်းပဖို့ ကြိုးပမ်းနေ တဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေး၊ ၂၀၀၈ အခြေခံဥပဒေ ပြင် ဆင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာ ရေးနဲ့ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး တို့ကိုလည်း ထည့်သွင်း ဆွေးနွေးကြတယ်လို့ သိရပါတယ်။

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့ အထိ ညီလာခံ တရပ် ကျင်းပခဲ့ပြီး အဲဒီ ညီလာ ခံ မှာလည်း ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြပါ သေးတယ်။

ဆွေးနွေးပွဲကိုတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည် တွင်း ပြည် ပ အခြေ စိုက် နိုင်ငံရေးပါတီတွေ၊ တတ်သိ ပညာ ရှင်တွေ၊ အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ ညီလာခံမှာ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ပြီး ပြည်ပရန်ကို ကာကွယ်ဖို့ ဖက်ဒရယ် ပြည်ထောင်စု အသွင်ဆောင်တဲ့ တပ်မတော် ဖွဲ့စည်းသွားဖို့နဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး နည်း လမ်းနဲ့ ဖြေရှင်း သွားကြဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြ ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးဟာ လတ်တလော မဖြစ်နိုင်သေးပေမယ့် နောက်ပိုင်းကာလမှာ ဖြစ်ပေါ်လာဖို့ ဆောင် ရွက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သဘောတူဆုံးဖြတ်ခဲ့ကြတဲ့ အပြင် ဖွဲ့စည်းပုံအသစ် ပေါ်ပေါက်လာရေးအတွက်လည်း တိုင်းရင်း သား ပေါင်းစုံ ပါဝင်နိုင်မယ့် ညီလာခံ တရပ် ခေါ်ယူ ကျင်းပနိုင်ဖို့ တက်ရောက် လာတဲ့ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ နိုင်ငံတော်မှာ စစ်တပ်တခုတည်းသာ ရှိရမယ်လို့ ပြဌာန်းထားပါတယ်။

(ဓာတ်ပုံ-ကျော်ခ / ဧရာဝတီ)

အစိုးရ စစ်တပ်ကို တိုင်းရင်းသားတွေ ပါဝင်တဲ့ ပြည်ထောင်စု တပ်မတော် အဖြစ် ဖွဲ့စည်းပြီး နိုင်ငံတော် သမ္မတရဲ့ ကွပ်ကဲမှု အောက်မှာ ထားရှိဖို့ အကြံပြု ဆွေးနွေးတဲ့ ဗိုလ်မှူးချုပ် ပေါင်ခေး
အစိုးရ စစ်တပ်ကို တိုင်းရင်းသားတွေ ပါဝင်တဲ့ ပြည်ထောင်စု တပ်မတော် အဖြစ် ဖွဲ့စည်းပြီး နိုင်ငံတော် သမ္မတရဲ့ ကွပ်ကဲမှု အောက်မှာ ထားရှိဖို့ အကြံပြု ဆွေးနွေးတဲ့ ဗိုလ်မှူးချုပ် ပေါင်ခေး
အစိုးရ စစ်တပ်ကို တိုင်းရင်းသားတွေပါဝင်တဲ့ ပြည်ထောင်စုတပ်မတော်အဖြစ် ဖွဲ့စည်းပြီး နိုင်ငံတော် သမ္မတရဲ့ကွပ်ကဲမှုအောက်မှာထားရှိဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မေ တာ် တောင်ပိုင်း(RCSS/SSA) အကြီးအကဲတဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် ပေါင်ခေးက အကြံပြု ပြောဆိုလိုက်ပါ တယ်။

နှစ်ပေါင်း ၂၅ နှစ်တိုင် တိုင်းရင်းသားမျိုးနွယ်များနှင့် နေထိုင်ရိုက်ကူးခဲ့သည့် ဓာတ်ပုံပြပွဲကျင်းပမည်

နိုင်ငံတကာဓာတ်ပုံပညာရှင် Richard K. Diran က မှတ်တမ်းတင်ရိုက်ကူးခဲ့သော မြန်မာနိုင်ငံ အရပ်ရပ်ရှိ တိုင်းရင်းသား မျိုးနွယ်များ၏ ဓာတ်ပုံပြပွဲ စက်တင်ဘာ ၂၈ ရက်မှ ၃၀ရက်အထိ ကျင်းပမည်ဖြစ်သည်။

ဦးဝင်းတင် ဆေးရုံ တင်ထားရ

Photo: ဦးဝင်းတင် ဆေးရုံ တင်ထားရ
Monday, September 23, 2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နာယက သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် လမ်းသစ်လမ်းရှိ Green Cross ဆေးရုံ တင်ထား
ရကြောင်း သိရပါတယ်။

အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းတင်ဟာ အခုရက်ပိုင်း ရာသီဥတု ဆိုးရွားတဲ့အတွက် အဆုတ်ပွပြီး ချောင်း အဆက် မပြတ် ဆိုးလာရာက
မောပန်းလာတဲ့အတွက် ပြီးခဲ့တဲ့ စနေနေ့က ဆေးရုံ တင်လိုက်ရခြင်း ဖြစ်
တယ်လို့ အနီးကပ်ပြုစုနေတဲ့ ကိုရာဇာ က ဆိုပါတယ်။

“အဘမှာက နှလုံးလည်း မကောင်းဘူး၊ အဆုတ်လည်း မကောင်းဘူး၊
ချောင်းဆိုးတော့ မောပြီးနှလုံးကို ထိတယ်၊ ဒီအပြင် အူကျတဲ့ ရောဂါကြောင့်
ချောင်းဆိုးရင် အပေါ်ဆုံးအူက အောက်ဆုံးအူကို ဖိတော့ မခံနိုင်ဘူး၊ ဒါကြောင့် ဆေးရုံ တင်ရတာပါ”လို့ သူက ဆက် ပြောပါတယ်။

လက်ရှိ အခြေအနေအရ စိုးရိမ်စရာ မရှိတဲ့အတွက် သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီးရင် လာမယ့် ဗုဒ္ဓဟူးနေ့ လောက်မှာတော့
ဆေးရုံက ဆင်းနိုင်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ဦးဝင်းတင်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ စစ်အစိုးရက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရပြီး ထောင်တွင်းမှာ ၁၉ နှစ်ကျော် နေခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်မှာ အင်းစိန် အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။

ထောင်တွင်းမှာ ရရှိခဲ့တဲ့ ရောဂါဝေဒနာ တွေကြောင့် ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က အာရှတော်ဝင် ဆေးရုံမှာ တက်ရောက်ခဲ့ရပြီး နှလုံး အတွင်း စက် ထည့်သွင်းဖို့ ခွဲစိတ်ကုသခံခဲ့ရပါတယ်။

စစ်အာဏာရှင်စနစ်ကိုဆန်ကျင်ခဲ့သူ ဦးဝင်းတင်ဟာအခု အထိ မြန်မာ့နိုင် ငံရေး နဲ့ ပတ်သက်ပြီး ပွင့်ပွင်လင်းလင်း ဝေ ဖန်ပြော ဆိုနေ သူ လည်း ဖြစ်သလို ထောင်ဝတ်စုံကို အဆင်အမြဲ ၀တ်ဆင်နေသူ လည်း ဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဧပြီလ အတွင်းမှာ ထောင်ဝတ်စုံ ပြန်မအပ်တဲ့ အတွက် အကြောင်းပြချက်နဲ့ အစိုးရ တာဝန်ရှိသူ တချို့က အရေး ယူဖို့ ပြုလုပ်လာခဲ့ ပါသေးတယ်။

ထောင်ဝတ်စုံကိစ္စ အစပြန်ဖော်တာဟာ အစိုးရ အာဏာပိုင်တွေ အနေနဲ့ ဥပဒေဘောင်အတွင်းက ရမယ်ရှာခြင်းဖြစ်သလို၊ ၂၀၀၅ ခုနှစ် က အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း ကိုယ်တိုင် မိမိကို လွှတ်ပေးလိုက်ပြီလို့ လူပေါင်း ၁၀၀ ကျော်ရှေ့မှာ ပြော ဆိုခဲ့ပေမယ့်လည်း
နောက်ပိုင်း ပြန်လည် အကျဉ်းချခဲ့တဲ့အတွက် မယုံကြည်တာကြောင့်
ထောင်ဝတ်စုံကို မချွတ်စတမ်းဝတ်ပြီး ထောင်က ထွက်ခဲ့ရတာဖြစ်တယ်၊ ဒါကြောင့် တရားစွဲမယ်ဆိုလည်း ရင်ဆိုင်သွားဖို့ အသင့်ရှိကြောင်း ပြန်လည်
ပြောဆိုခဲ့တယ်လို့ ဧရာဝတီကို ပြောဖူးပါတယ်။

၂၀၀၅ ခုနှစ်တုန်းက လွတ်မြောက်ပြီးမှ ထောင်တွင်း ပြန်လည် အကျဉ်းချ
ထားတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ထောင်အာဏာပိုင်တွေကို ပြန်လည် တရားစွဲဆိုမယ်လို့လည်း ပြောဆိုပါတယ်။

ဧရာဝတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် လမ်းသစ်လမ်းရှိ Green Cross ဆေးရုံ တင်ထား ရကြောင်း သိရပါတယ်။

ဝေဖန်သူများ ရှိနေသည့် ဆီးဂိမ်းသီချင်း ထပ်မံရွေးချယ်ခံရ

Photo: ဝေဖန်သူများ ရှိနေသည့် ဆီးဂိမ်းသီချင်း ထပ်မံရွေးချယ်ခံရ
Monday, September 23, 2013

ဆီးဂိမ်းအတွက် တေးသီချင်းငါးပုဒ် ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ခဲ့ဟူသော သတင်းစာနောက်ဆက်တွဲ သတင်းရရှိမှုကို ဆက်လက်တင်ပြပါမည်။ ဆီးဂိမ်းပြိုင်ပွဲ အထိမ်းအမှတ် တေးသီချင်းပြိုင်ပွဲတွင် ဝေဖန်မှုများရှိနေသည့် “လှပတဲ့ အားကစားရဲ့ ရောင်စုံဥယျာဉ် တေးသီချင်းမှ ပထမဆု ကျပ်သိန်း ၆၀ကို ထပ်မံရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ တေးသီချင်းသည် ပထမအကြိမ် ဆီးဂိမ်းလှုံ့ဆော်ရေး တေးသီချင်းပြိုင်ပွဲတွင် ပထမဆုအဖြစ် ကျပ်သိန်း ၂၀ရရှိခဲ့ပြီး ပြည်သူများအကြား ဝေဖန်မှုများ ရှိနေသည့်အတွက် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးတင့်ဆန်းမှ ထပ်မံ၍ အထိမ်းအမှတ် သီချင်းအဖြစ် တေးသီချင်းပေါင်း ၃၀၀ကျော်ကို ထပ်မံရွေးချယ်ရာမှ ယင်းတေးသီချင်းမှ ပထမဆုကို ထပ်မံရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

တေးသီချင်း ရွေးချယ်ရေးကော်မတီဥက္ကဌ တေးရေးဆရာ မြင့်မိုးအောင်က “တေးသီချင်းကိုတော့ အဆင့်ဆင့် ရွေးချယ်တယ်။ ဘယ်လိုပဲ ရွေးချယ်ထားထား ဝေဖန်မှုတွေကတော့ ရှိနေမှာပါ။ တေးသီချင်းဆိုတာ အနုပညာပစ္စည်း ဖြစ်ပါတယ်။ အနုပညာမြောက်ဖို့ တစ်ခုတည်းကိုပဲ စဉ်းစားပြီးတော့ ရွေးချယ်တာပါ”ဟု ပြောသည်။ အဆိုပါ ဆီးဂိမ်းပြိုင်ပွဲ အထိမ်းအမှတ် တေးသီချင်း လှုံဆော်ပြိုင်ပွဲတွင် သီချင်းပေါင်း ၉၇ပုဒ် ယှဉ်ပြိုင်ရာမှ တေးရေးဆရာလင်းထက်၏ ရောင်စုံဥယျာဉ် တေးသီချင်းမှ ပထမဆု ရရှိခဲ့သော်လည်း ဝေဖန်မှုများကြောင့် အဆိုပါ ပထမအကြိမ် တေးသီချင်းများ အပါအ၀င် ဒုတိယအကြိမ် တေးသီချင်းပေါင်း ၂၀၀ကျော်နှင့် ထပ်မံယှဉ်ပြိုင်စေခဲ့ပြီး ယင်းတို့အနက်မှ တေးသီချင်း ၁၀ပုဒ်ကို ရွေးချယ်ခဲ့ကြောင်း၊ ယင်းတေးသီချင်းများမှ ပရိသတ် အများဆုံး ဆန္ဒပြုသည့်သီချင်းကို အထိမ်းအမှတ်သီချင်းအဖြစ် ရွေးချယ်ခြင်းဖြစ်ကာ အဆိုပါ ရောင်စုံဥယျာဉ် တေးသီချင်းကို ပရိသတ် ၁၇၀၀၀ကျော်၏ ဆန္ဒမဲ ၂၁ဒသမ ၆ရာခိုင်နှုန်းဖြင့် ပထမဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း ရွေးချယ်ရေးအဖွဲ့မှ သိရသည်။

ရွေးချယ်ရေး ကော်မရှင် အဖွဲ့ဝင် တေးသံရှင် အယ်လ်ခွန်းရီက “အခု ရွေးချယ်တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ရင်လည်း ကော်မတီအနေနဲ့ကတော့ အကောင်းဆုံး လုပ်ဆောင်ခဲ့တာပါ”ဟု ပြောသည်။ ယင်းအထိမ်းအမှတ် တေးသီချင်းပြိုင်ပွဲတွင် နှစ်သိမ့်ဆုများအဖြစ် တေးရေးကေတုဝင်းထွဋ် ရေးသားသည့် “အရှေ့တောင်အာရှ မြန်မာ့အောင်မြေ” သီချင်း၊ တေးရေး သြရသ ရေးသားသည့် “မိုးယံလွင့်ပျံ လက်ခုပ်သံ” တေးသီချင်း၊ တေးရေး အောင်နိုင်စန်း ရေးသားသည့် “Win The Day”သီချင်းနှင့် တေးရေးကျော်လင်းထွန်း ရေးသားသည့် “ရွေရောင်လက်ခုပ်” တေးသီချင်းတို့က ကျပ် ၁၀သိန်းစီ ရရှိခဲ့ကြသည်။

အဆိုပါ ဆီးဂိမ်းအထိမ်းအမှတ် တေးသီချင်းကို ရွေးချယ်ခံရပါက မူပိုင်ခွင့်အဖြစ် ကျပ်သိန်း ၁၅၀ချီးမြှင့်မည်ဟု နိုင်ငံတော်ပိုင် သတင်းစာများတွင် ကြော်ငြာထည့်သွင်း၍ ဖိတ်ခေါ်ခဲ့သော်လည်း လက်ရှိတွင် ကျပ်သိန်း ၆၀သာ ချီးမြှင့်ပြီး နှစ်သိမ့်ဆုများအဖြစ် ကျပ်သိန်း ၄၀ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဆန္ဒမဲပြုကြသည့် မဲဆန္ဒရှင် ၁၇၀၀၀ကျော်မှ ခုနှစ်ဦးကို ကံထူးရှင်အဖြစ် ရွေးချယ်ခဲ့ရာ စစ်တွေမြို့နယ်မှ ဒေါ်ခင်မျိုးသန်းက ကျပ် ၁၀သိန်း ရရှိခဲ့သည်ဟု သိရပါသည်။

Myanmar ICT
ဆီးဂိမ်းအတွက် တေးသီချင်းငါးပုဒ် ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ခဲ့ဟူသော သတင်းစာနောက်ဆက်တွဲ သတင်းရရှိ မှုကို ဆက်လက်တင်ပြပါမည်။

ဦးရွှေမန်း နှင့် ရခိုင် လူမှု အဖွဲ့များ တွေ့ဆုံမည်

Photo: ဦးရွှေမန်း နှင့် ရခိုင် လူမှု အဖွဲ့များ တွေ့ဆုံမည်
Monday, September 23, 2013

ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့ရှိ ရခိုင်လူမှု အဖွဲ့အစည်းများသည် ပြည်သူ့
လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ယခုရက်ပိုင်း အတွင်း တွေ့ဆုံမည်
ဖြစ်ရာ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့ အတွက် အဓိက ဆွေးနွေးကြမည်ဟု သိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုမှ တမြို့နယ်လျှင် ကိုယ်စားလှယ် ၃ ဦးစီနှင့်
ရန်ကုန်မြို့ရှိ ရခိုင် သဟာရ အသင်း အပါအ၀င် ရခိုင် လူမှုအဖွဲ့များနှင့် ဦးရွှေမန်း သည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အပြည်ပြည်
ဆိုင်ရာ စီးပွားရေး ဗဟိုဌာန IBC ခန်းမ၌ တွေ့ဆုံကြမည် ဖြစ်ကြောင်း တက်ရောက် ဆွေးနွေးမည့်သူများက ဧရာဝတီ ကို ပြောသည်။

ရခိုင်ဒေသအတွက် အဓိက လိုအပ်နေသော လုံခြုံရေးနှင့် တည်ငြိမ်အေး
ချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း စစ်တွေမြို့မှ တက်ရောက်မည့် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးသန်းထွန်း က ပြောပြသည်။

အလားတူ ရခိုင်ဒေသတွင်း လျှပ်စစ် ဓာတ်အား ရရှိရေးနှင့် သယ်ယူ ပို့ဆောင်ရေး၊ လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍများ၊ ရခိုင်ပြည် နယ် ရေရှည် ဖွံ့ဖြိုးရေးနှင့် ရခိုင်လူငယ်များ စွမ်းရည်မြှင့်တင်ရေး တို့ကိုလည်း
ဆွေးနွေးကြ မည်ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်ရှိ ရခိုင် လူမှုအဖွဲ့များနှင့်အတူ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး၊ ရခိုင် လွှတ်တော် ကိုယ်စားလှယ် တချို့လည်း တက် ရောက်ကြ မည်ဖြစ်ပြီး သဘာဝ သယံဇာတ ခွဲဝေ သုံးစွဲရေး ဆိုင်ရာများကိုလည်း ဆွေးနွေးကြ
မည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် ကိုယ်စားပြု တက်ရောက်မည့် ကျောက်ဖြူ လူမှု ကွန်ရက်မှ ဦးထွန်းလွင် က ရွှေ သဘာဝ ဓာတ်ငွေ့ပိုက် လိုင်းကြောင့် ဒေသ ခံပြည်သူများ ကြုံတွေ့နေရသည့် ဆိုးကျိုး များ၊ နစ်နာမှုများ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ် ဓာတ်အား ကိစ္စများနှင့် ရခိုင်နှင့် ဘင်္ဂါလီ (မွတ်စလင်) အရေးအခင်း ဖြစ်ပွားရသည့် အကြောင်းအရာများကို တင်ပြဆွေးနွေးမည်ဟု ဧရာဝတီ ကို ပြော သည်။

“လတ်တလော အရေးကြီးနေတာက ကျောက်ဖြူ စီးပွားရေးဇုန်အတွက် လယ်ဧက ၁၉၀၀ သိမ်းမယ်၊ ရွာ ၃ ရွာ ဖျက်သိမ်း ပြောင်း ရွှေ့ရမယ်လို့ သတင်းတွေ ထွက်နေတော့ ဒေသခံတွေက စိုးရိမ်မှုတွေ ကြီးနေကြတယ်၊ ဒီစီမံကိန်း နဲ့ ပတ်သက်ပြီး ဒေသခံတွေကို ဘာမှ ရှင်းပြပြောဆိုမှု မရှိသေး တဲ့ အပေါ်မှာလည်း တင်ပြဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းသည် လုပ်ပိုင်ခွင့် အာဏာရှိသည့် အစိုးရအဖွဲ့ဝင် မဟုတ်သည့်အတွက် ရခိုင်ပြည်နယ် အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်ပေးနိုင်မည် မဟုတ်သော်လည်း ရခိုင်ဒေသခံ တို့၏ အသံများ လွှတ်တော်သို့ ရောက်ရှိ သွားမည် ဖြစ်သည့်
အတွက် ကောင်းမွန် သည့် ရလဒ် အဖြစ်မျှော်လင့်ထားကြောင်း တွေ့ဆုံပွဲ တက်ရောက်မည့် သူများက ပြောဆိုသည်။

“လွှတ်တော်ထဲမှာ ရခိုင်ကိုယ်စားလှယ်တွေ တင်ပြကြတာတွေနဲ့ တွေ့ဆုံပွဲမှာ တင်ပြကြမယ့် ပြည်သူရဲ့ အသံတွေ တထပ်တည်း ကျမကျ ဆိုတာ၊ ကွဲပြားမှု ဘာတွေရှိကြမလဲဆိုတာ သိချင် ကြားချင်ပုံရလို့ တွေ့ဆုံချင်တယ်လို့ ယူဆပါတယ်”ဟု ဦးထွန်းလွင် က ဆိုသည်။

ဦးရွှေမန်းက ရခိုင် အဖွဲ့ အစည်းများနှင့် တွေ့ဆုံလိုကြောင်း ပြောဆိုသည့်
အတွက် ရန်ကုန်ရှိ ရခိုင်လူမှု အဖွဲ့အစည်း တချို့က တွေ့ဆုံပွဲကို စီစဉ်ခြင်း ဖြစ်သည်ဟု သိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ပြည်ထောင်စု လွှတ်တော် နာယက ဖြစ်သူ ဦးရွှေမန်း နှင့် တွေ့ဆုံမည့် ရခိုင်ပြည်နယ် တ၀န်းမှ ကိုယ်စားလှယ် များသည် ရန်ကုန် အခြေစိုက် ရခိုင်လူမှုအဖွဲ့ဝင်များနှင့် စက်တင်ဘာ ၂၈ ရက်နေ့ တွင် ကနဦး တွေ့ဆုံဆွေးနွေးကြ မည် ဖြစ်သည့်အတွက် အကျိုးရလဒ် ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်နေကြသည်။

“ဦးရွှေမန်းနဲ့ မတွေ့ခင် ၂၈ ရက်နေ့မှာ ရခိုင်တပြည်လုံးက ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပွဲဟာ ကျနော်တို့အတွက် ပိုပြီး အကျိုးကျေးဇူးတွေရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ဦးထွန်းလွင် က ပြောသည်။

ရခိုင်ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးမှုများ အပေါ်မူတည်၍ ဦးရွှေမန်း ကလည်း တစုံတရာ အကြံပြုချက်များ ပေးနိုင်ဖွယ်ရှိကြောင်း၊ ထို့အတူ ရခိုင် ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော် ဥက္ကဋ္ဌ ထံ တိုက်ရိုက် တင်ပြနိုင်သည့်အတွက် လွှတ်တော်၏ အခန်းကဏ္ဍမှ လုပ်ဆောင်ပေးနိုင်
သည့် အရာများကို ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း စစ်တွေကိုယ်စားလှယ် ဦးသန်းထွန်း ကလည်း ပြောဆိုသည်။

ရခိုင် ဒေသတွင်း လုံခြုံရေးနှင့်ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ လုံခြုံရေးကိုလည်း အလေးပေး ဆွေးနွေးကြရန် ရှိကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ ဖြစ်သော မောင်တော၊ ဘူးသီးတောင် ဒေသများ၌ ယခုရက်ပိုင်းတွင် လုံခြုံရေးအင်အား တိုးချဲ့ချထားကြောင်း ပြည်တွင်း မီဒီယာ တချို့၌ ရေးသားထားသည်။

မောင်တော ဒေသခံ ဦးလှရွှေ က ပြောရာတွင် လုံခြုံရေး အင်အား ထူထပ်စွာ ချထားမှု မရှိသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ မကြာ မီ ပြုလုပ်မည့် ရွေးကောက်ပွဲကြောင့် ဆူပူမှုတစုံတခု ဖြစ်လာ ပါက မြန်မာနိုင်ငံ ဘက်သို့ ကူးစက်လာမှု မရှိစေရန် ကြိုတင် ကာကွယ်သည့် အနေဖြင့် လုံခြုံရေးတချို့ ချထား သည်ကို တွေ့ ရကြောင်း ပြောသည်။

ဧရာဝတီ
ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့ရှိ ရခိုင်လူမှု အဖွဲ့အစည်းများသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေ မန်းနှင့် ယခုရက်ပိုင်းအတွင်း တွေ့ဆုံမည်ဖြစ်ရာ ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ အတွက် အဓိက ဆွေးနွေးကြမည်ဟု သိရသည်။

ကော့သောင်းထောင်မှ ပြောင်းရွေ့ အကျဉ်းသားသယ်သည့် သင်္ဘော ရာသီဥတု ဆိုးဝါးမှုကြောင့် မလိကျွန်းတွင် ခိုလှုံနေရ

ပြီးခဲ့သည့် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ဆူပူအုံကြမှု ဖြစ်ပွားခဲ့သည့် ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား(၁၂၀)ဦးခန့် အား ထောင်ပြောင်းရွေ့ရာတွင် သယ်ယူခဲ့သည့် ပြည့်ဖြိုးထွန်း ကုမ္ပဏီပိုင် သင်္ဘော သည် (၁၈) ရက်နေ့ ည (၇) နာရီခန့်မှစ၍ ကော့သောင့်မြို့ တော် ၀င် ဆိပ်ကမ်းမှ ထွက်ခွာ လာရာ ပင်လယ်ပြင်အတွင်း ရာသီဥတု ဆိုးဝါး မှုကြောင့် မြိတ်ခရိုင် ပုလောမြို့နယ်အပိုင် မလိကျွန်းတွင် (၂၁) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ခေတ္တ ခိုနားနေရကြောင်း သိရှိရသည်။

ဘီအမ်ကား တချို့ ကားခများ ပိုမိုတောင်းခံ

သတ်မှတ်ထားသည့် ကားခများထက် ပိုမိုတောင်းခံသည့် ကားများအား မထသရုံးမှ အရေးယူမှုများရှိသော် လည်း ဘီအမ်ကားတချို့သည် ခရီးသွားများထံမှ ကားခများပိုမို တောင်းခံမှုများ ရှိနေသေးကြောင်း သိရသည်။

အခွန်အပြည့်အဝ ရနိုင်ရန် မြေဈေးစံနှုန်း သတ်မှတ်ရခြင်းဟုဆို


Photo: အခွန်အပြည့်အဝ ရနိုင်ရန် မြေဈေးစံနှုန်း သတ်မှတ်ရခြင်းဟုဆို
Monday, September 23, 2013

ရန်ကုန်မြို့တော်တွင် နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးစံနှုန်း
များ သတ်မှတ်ရခြင်းမှာ အဆမတန် ကြီးမြင့်နေသည့် အိမ်၊ ခြံ၊ မြေ
ဈေးနှုန်းများကို ထိန်းချုပ်ရန် မဟုတ်ဘဲ နိုင်ငံတော်က ဆုံးရှုံးနေသည့် အခွန်များကို အပြည့်အဝ ကောက်ခံနိုင်ရန် အတွက်သာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မာင်သိမ်းက ပြော
ကြားသည်။

မြေဈေးစံနှုန်းကို သတ်မှတ်ထားခြင်း မရှိသဖြင့် နိုင်ငံတော်က ရသင့်ရ
ထိုက်သည့် အခွန်တစ်ဝက်ခန့် ဆုံးရှုံးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတ်မှတ်ထားပြီး ဖြစ်သည့် မြေဈေးစံနှုန်းကို စမ်းသပ် အသုံးပြုသွားမည်ဖြစ်ပြီး ယင်းအခြေအနေပေါ် မူတည်ကာ အခြားပြည်
နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“One Square Feet ကို တစ်ရာနဲ့ အရောင်းအဝယ်ဖြစ်ရင် အခွန်ဆောင်
တဲ့အခါ ၅၀ ပဲ ပြတယ်။ အဲဒါကြောင့် အခွန်ဆုံးရှုံးမှုကို ကာကွယ်တဲ့ အနေနဲ့ အခွန်ကောက်မယ့် နှုန်းထားကို သတ်မှတ်တာ”ဟု ဒေါက်တာမောင်မောင်
သိမ်း က ရှင်းပြသည်။

အခွန်ကောက်ရန် မြေစံနှုန်း သတ်မှတ်လိုက်သော်လည်း အိမ်၊ ခြံ၊ မြေ
ရောင်းဝယ်ရေး ဈေးကွက်ကို ထိန်းချုပ်မည် မဟုတ်ကြောင်း၊ လက်ရှိ
ကောက်ခံနေသည့် အခွန်နှုန်းထားကိုလည်း ပြင်ဆင်ရန် အစီအစဉ် မရှိသေးကြောင်း ၎င်းကပြောကြားသည်။“ရောင်းသူနဲ့ ဝယ်သူကတော့
ကြိုက်ရောင်း ကြိုက်ဝယ် ရှိနေဦးမှာပဲ” ဟု ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။

မြေဈေးစံနှုန်း သတ်မှတ်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် အတက်အကျ မရှိဘဲ ဈေးနှုန်း တည်ငြိမ်သွားနိုင်ပြီး အရောင်းအဝယ်လည်း တည်ငြိမ်သွားနိုင်ကြောင်း အိမ်ကမ္ဘာအိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။ “ဒီလို သတ်မှတ်ပေမယ့်လည်း
အထူးကိုယ်စားလှယ် လွှဲစာနဲ့ လုပ်တဲ့သူတွေကတော့ ရှိနေဦးမှာပါပဲ။ ဝယ်သူနဲ့ ရောင်းသူနဲ့ အခွန်မဆောင်ချင်သေးလို့ နားလည်မှု ယူပြီးလုပ်တဲ့ (စာချုပ်မချုပ်) သဘောမျိုး ပေါ့။ ဒါတွေက ဓနအင်အား တောင့်တင်းတဲ့
သူတွေ အများဆုံး လုပ်ကြတာပါ” ဟု ၎င်းကပြောကြားသည်။

မြေဈေးစံနှုန်း သတ်မှတ်ချက်များအရ ဗဟန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်
တို့မှာ ဈေးအမြင့်ဆုံး အနေဖြင့် ပါဝင်ပြီး တစ်ပေပတ်လည်လျှင် ကျပ်နှစ်သိန်း ခုနစ်သောင်းမှ ကျပ်သုံးသိန်း နှစ်သောင်း အထိ သတ်မှတ်ထားပြီး ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတားနှင့် လမ်းမတော်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသော မဟာဗန္ဓုလ လမ်းတစ်လျှောက်ကို တစ်ပေ ပတ်လည်လျှင် ကျပ်နှစ်သိန်း လေးသောင်း သတ်မှတ်ထားကြောင်း၊ တောင်ဥက္ကလာပ မြို့နယ်ရှိ ဝေဇယန္တာ လမ်းမကြီး တစ်လျှောက်ရှိ တစ်ပေပတ်လည် ဈေးနှုန်းများမှာ ကျပ်တစ်သိန်းတစ်သောင်း သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်ရေးရုံးမှ သိရသည်။

ယင်းအခွန်စံနှုန်းများသည် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား
သည်။

The Voice Weekly

ရန်ကုန်မြို့တော်တွင် နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးစံနှုန်း များ သတ်မှတ်ရခြင်းမှာ အဆမတန် ကြီးမြင့်နေသည့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို ထိန်းချုပ်ရန် မဟုတ်ဘဲ နိုင်ငံတော်က ဆုံးရှုံးနေ သည့် အခွန်များကို အပြည့်အဝ ကောက်ခံနိုင်ရန် အတွက်သာ ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မာင်သိမ်းက ပြောကြားသည်။

ကော့သောင်းထောင်မှ အကျဉ်းသားသယ် သင်္ဘောနှင့် မိသားစုများ အဆက်အသွယ်ပြတ်ဟုဆို

ကော့သောင်းထောင်မှ အကျဉ်းသားသယ် သင်္ဘောနှင့် မိသားစုများ အဆက်အသွယ်ပြတ်ဟုဆို
Monday, September 23, 2013

ဆူပူမှု ဖြစ်ပွားခဲ့သော ကော့သောင်း အကျဉ်းထောင်၌ စက်တင်ဘာလ
၁၈ ရက်နေ့ည ၈ နာရီက ပြောင်းရွှေ့ခံခဲ့ရသော အကျဉ်းသား ၁၂၀ ကို တင်ဆောင်သွားသည့် သင်္ဘောသည် မည်သည့်နေရာ ရောက်ရှိနေသည် ဆိုသည်ကို ယခုအချိန်အထိ မသိရှိ ရကြောင်း ကော့သောင်းမြို့တွင် နေထိုင်
သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ စည်းရုံးရေးမှူးဦးသန်းထွန်းက
ပြောကြားသည်။

အဆိုပါ အကျဉ်းသားများကို မော်လမြိုင်မြို့သို့ ခေါ်ဆောင်သွားသည်ဟု စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခန့်က ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောဆိုသော်လည်း ယင်းသင်္ဘောမှာ လေး
ရက်ကြာသည်အထိ မော်လမြိုင်သို့ ရောက်ရှိခြင်းမရှိသေးကြောင်း မော်
လမြိုင် မြို့ခံများထံမှ စုံစမ်းသိရှိရသည်ဟု ဦးသန်းထွန်းက ဆိုသည်။

ပင်လယ်ပြင်အတွင်း လှိုင်းလေ ပြင်းထန်ခြင်း မရှိသည့် ပုံမှန်အချိန်များတွင်
ကော့သောင်းမြို့မှ မော်လမြိုင်မြို့သို့ သင်္ဘောဖြင့်ခရီးသွားမည်ဆိုပါက
နှစ်ရက်ခန့်သာ ကြာမြင့်ကြောင်း၊ မြိတ်နှင့် ထားဝယ်သို့ သွားပါက တစ်ညအိပ်သာ ကြာမြင့်ကြောင်း ၎င်းကဆိုသည်။ “ပင်လယ်မှာ မိုးသက်
မုန်တိုင်း ဖြစ်ရင်တောင်မှ သုံးညအိပ်ဆို ရောက်ပါတယ်။ အခုဟာက ပင်လယ်ထဲက ကျွန်းတစ်ကျွန်းမှာ ကျောက်ချနေတာပဲ ဖြစ်မှာပါ။ စားနပ်ရိက္ခာ လုံလုံလောက်လောက် ပါသွားတယ်လို့တော့ ခရိုင်အုပ်ချုပ်ရေး
မှူးက ပြောတယ်” ဟု ဦးသန်းထွန်းက ပြောကြားသည်။

အကျဉ်းထောင် ပြောင်းရွှေ့သည့် အစီအစဉ်သည် ဒေသဆိုင်ရာ အစိုးရနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ သက်ဆိုင်ရာ အကျဉ်းဦးစီးဌာန၏ အစီအစဉ်သာ ဖြစ်ကြောင်း၊ ယင်းအကျဉ်းသား များကို မော်လမြိုင်မြို့သို့ ပြောင်းရွှေ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“မော်လမြိုင်ဘက်ကို စုံစမ်းကြည့်လို့ ရသမျှတော့ အဲဒီကို မရောက်သေးဘူးလို့ သိရတယ်။ အကျဉ်းသား မိသားစုဝင်တွေလည်း စိတ်ပူနေကြတယ်။ ဘယ်ကိုရောက်လို့ ဘာတွေဖြစ်နေသလဲ ဆိုတာ သေချာမသိဘူး ဖြစ်နေတယ်” ဟု ကော့သောင်း မြို့ခံတစ်ဦးဖြစ်သူ ဦးစိုးလွင်က ဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကျဉ်းထောင်တွင်း ဆူပူဆန္ဒပြမှုများကြောင့် လုံခြုံရေးဝန်ထမ်းများက ပစ်ခတ်နှိမ်နင်းခဲ့ရာ လူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး လူခုနစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရာ စက်တင်ဘာ ၁၇ ရက်နေ့တွင် တစ်ဦးမှာ ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီးသည့်နောက် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် အကျဉ်းသား ၁၂၀ ကို ကော့သောင်းမြို့ရှိ တော်ဝင် သင်္ဘောဆိပ်မှတစ်ဆင့် ‘ပြည့်ဖြိုးထွန်း ၁၅’ သင်္ဘောဖြင့် တင်ဆောင်၍ ရွှေ့ပြောင်းခဲ့ကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။

အစိုးရအာဘော် နိုင်ငံပိုင် သတင်းစာများတွင် အကျဉ်းထောင် တာဝန်ရှိသူများကို ကိုးကား၍ ထောင်သားအချို့ ထောင်ဖောက်ပြေးရန် ကြံစည်ရာမှ ဆူပူမှု ဖြစ်ပွားခြင်းကြောင့် ထောင်လုံခြုံရေးများက ထိန်းသိမ်းသည့်သဘော ရေးသား ဖော်ပြခဲ့သော်လည်း ပုဂ္ဂလိက သတင်းစာ အချို့တွင်မူ ထောင်ဝန်ထမ်းများ၏ ဖိနှိပ်မှုကို မခံနိုင်သောကြောင့် ဆန္ဒပြဆူပူခြင်း ဖြစ်ကြောင်း ဒေသခံများကို ကိုးကားရေးသားခဲ့သည်။

ထို့အပြင် ထောင်သားများကို ရွှေ့ပြောင်းရာတွင်လည်း လူ့ဂုဏ်သိက္ခာနှင့် မလျော်မကန် ရွှေ့ပြောင်းခြင်း၊ မိသားစုဝင်များနှင့် အဆက်အသွယ် လုပ်၍မရခြင်းမှာ အခြေခံ လူ့အခွင့်အရေးကို ထိပါးသည့် သဘောဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက မှတ်ချက်ပြုသည်။

(အောင်မျိုးထက်)
The Voice Weekly
ဆူပူမှု ဖြစ်ပွားခဲ့သော ကော့သောင်း အကျဉ်းထောင်၌ စက်တင်ဘာလ ၁၈ ရက်နေ့ည ၈ နာရီက ပြောင်းရွှေ့ ခံခဲ့ရသော အကျဉ်းသား ၁၂၀ ကို တင်ဆောင်သွားသည့် သင်္ဘောသည် မည်သည့်နေ ရာ ရောက်ရှိနေသည် ဆိုသည်ကို ယခုအချိန်အထိ မသိရှိ ရကြောင်း ကော့သောင်းမြို့ တွင် နေထိုင် သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ စည်းရုံးရေးမှူးဦးသန်းထွန်းကပြောကြားသည်။

တောင်အမေရိကမှ ဂြိုလ်သားလေးလား

Photo: တောင်အမေရိကမှ ဂြိုလ်သားလေးလား
Monday, September 23, 2013

Ata the humanoid လို့အမည်ပေးထား ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က
 တောင်အမေ၇ိကန် Atacama ကန္တာရမှ တွေ့ရှိထားလို့ ဖြစ် ပါတယ်။

Battery Test လုပ်ကြည့်လို့ရလိုက်တဲ့ အဖြေက သူသာ တစ်ချိန်က သက်ရှိ ခန္ဓာကိုယ် ဖြစ်ကြောင်း သိလိုက်ရပါတယ်။ အရှည်အားဖြင့် ၆ လက်မ သာရှိတဲ့ သူ့ကို အသက် ၆ နှစ်သား ရှိမယ်လို့လည်း အရိုးလေ့လာ ပညာရှင်များက ဆိုပါတယ်။ ဒီတော့ သူ့ကို ဂြိုလ်သားလို့ လေ့လာသူများက သတ်မှတ်ပါတယ်။

ငြင်းနေတဲ့ ပညာရှင်များလည်း ရှိပါတယ်။ တောင်အမေရိကကို လွန်ခဲ့တဲ့
 နှစ်ပေါင်းများစွာက ဂြိုလ်သားတို့ရောက်ရှိလာဖူးတယ်လို့ တောင် ကောက်
ချက်ချ ပါတယ်။ ဒီတော့ Ata The Humanoid လို့ အမည်ပေးထားတဲ့ 
၆ လက်မ အရိုးခြောက်လေးကို ဂြိုလ်သားဟု သတ်မှတ်ထားကြကြောင်း သိရပါတယ်။
-
Ref: weird
Aung Kham ( International news for myanmar)
Ata the humanoid လို့အမည်ပေးထား ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က တောင်အမေ၇ိကန် Atacama ကန္တာရမှ တွေ့ရှိထားလို့ ဖြစ် ပါတယ်။

အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံတို့ကြောင့် အောင်မြင်လာတယ် ထင်ပါတယ်လို့ဆိုတဲ့ စိုးပြည့်သဇင်

လူသန်းပေါင်း ခြောက်ဆယ်ထဲမှာ အောင်မြင် ကျော်ကြားတဲ့သူ တစ်ယောက် ဖြစ်ဖို့ဆိုတာက တကယ်ကို မလွယ်လှတဲ့ ကိစ္စရပ်ပါ။အောင်မြင် ကျော်ကြားသူတွေမှာ ဘယ်လို ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင် ထားလဲ၊ သူတို့က ဘယ်လို အကြောင်းအရာတွေပေါ်မှာ အသေးစိတ် အာရုံစိုက် ပြင်ဆင်ထားလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။

ထိုင်းငါးခိုးလှေအား တပ်မတော်(ရေ) စစ်ရေယာဉ်မှ ဖမ်းမိဖြစ်စဉ်အကျဉ်း

Photo: ထိုင်းငါးခိုးလှေအား တပ်မတော်(ရေ) စစ်ရေယာဉ်မှ ဖမ်းမိဖြစ်စဉ်အကျဉ်း
Monday, September 23, 2013

တနသာင်္ရီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၅၇) ရေတပ်အခြေစိုက်စခန်း (ဇာဒက်ကြီး) ကွပ်ကဲမှုအောက်ရှိ စစ်ရေယာဉ်မှူး ဗိုလ်မှူးဇော်ဇော်ကျော် ဦးစီး ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၂၆) သည် စက်တင်ဘာ (၂၁) ရက်နေ့ ၀၂၃၀ အချိန်ခန့်တွင် မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဝင်ဖမ်းသော ယိုးဒယားငါးခိုးဝါးလတ် ယာနားသံသီးပါ ၀ဲဘက်အစီး လက်ကူးလှေအား တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသော USAGI နှင့် PABUK မုတ်သုန်မုန်တိုင်း သတိပေးချက်များ အမြင့်ဆုံးထုတ်ပြန်ထားချိန် (လှိုင်းအမြင့် ၂ မက် မှ ၃ မက်ကျော်) ကြေညာထားသည့် ရာသီဥတု လှိုင်းလေပြင်းထန်ပြီး မိုးသက်မုန်တိုင်းများ သည်းထန်စွာ ကျရောက်နေချိန်တွင် နှစ်ဘက်အပြန်အလည် ထိတွေ့ပစ်ခတ်မှုများအကြားမှ စစ်ရေယာဉ်၊ လူ၊ လက်နက် အထိအခိုက် အကျအဆုံး၊ အပျက်အစီးမရှိဘဲ မြန်မာ့ရေပိုင်နက်အတွင်းသို့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ယိုးဒယားငါးခိုးဝါးလတ် လက်ကူးလှေအား တရားခံမဲ့ဖမ်းဆီးရမိခဲ့။

အဆိုပါ ယိုးဒယားငါးခိုးလှေပေါ်မှ လှေသား (၁၄) ဦးမှာ ရေထဲသို့ခုန်ချထွက်ပြေးခဲ့ရာ ယိုဒယားနယ်နမိတ်အနီး အရောက်တွင် ယိုဒယားစစ်ရေယာဉ်မှ လာရောက်ကယ်ဆယ်သွားကြောင်း သိရသည်။ ဖမ်းမိခိုးလှေနှင့်အတူ US Rifle, Cal .30 M1 အမျိုးအစား သေနတ် (၁)လက်၊ ၀.၃၀ လက်မ ကျည် (၈) တောင့်ပါ ကျည်ကဒ် ၂၈ ခုနှင့် ၀.၃၀ လက်မ ကျည် စုစုပေါင်း (၂၂၀)တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။

ယခုအချိန်တွင် စစ်ရေယာဉ် (၄၂၆) သည် ဇာဒက်ကြီးစခန်းအတွင်း ပြန်လည်ရောက်ရှိ အခြေပြုကာ ကြံ့ခိုင်မှုများပြုလုပ်လျက်ရှိနေပါသည်။ ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၂၆) မှ ဖမ်းဆီးရမိခဲ့သော တရားမ၀င် ငါးခိုးဝါးလတ်လှေသည် ကော့သောင်းမြို့နယ် ဆလုံကျွန်းအနောက်ဘက် ရေတိမ်ကုန်းနေရာများ၊ ဇာဒက်ကြီးကျွန်း အရှေ့ဘက်ရေပြင်နှင့် ယိုးဒယားရေစပ်မျဉ်းတစ်လျှောက်၊ ငှက်သိုက်ကျွန်းနှင့် ကြက်မောက်ကျွန်း ၀န်းကျင်နေရာများသို့ အုပ်စုလိုက် အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းလေ့ရှိပြီး ဒေသခံမြန်မာပိုက်လှေငယ်များ၊ မြန်မာငါးဖမ်းလှေငယ်များ၊ ငါးမြှုန်းလှေငယ်များအား မကြာခဏ ဆိုသလို လက်နက်ဖြင့် ပစ်ခတ်ခြိမ်းခြောက် အနိုင်ကျင့်နေသည့် ယိုးဒယားနိုင်ငံ ရနောင်းခရိုင်မှ လိုင်စင်မဲ့ ငါးခိုးလှေများအုပ်စုအနက်မှ (၁)စီးဖြစ်ကြောင်း သတင်းရရှိပါသည်။

Photo: ထိုင်းငါးခိုး ပုံစံတူလှေများ။

Myanmar NAVY 
မှတ်ချက်။ News of Myeik တွင် ဖော်ပြခဲ့သော သတင်းဖြစ်ပြီး ဆီလျော်အောင် အနည်းငယ် ပြင်ဆင်ရေးသားပါသည်။
တနသာင်္ရီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၅၇) ရေတပ်အခြေစိုက်စခန်း (ဇာဒက်ကြီး) ကွပ်ကဲမှုအောက်ရှိ စစ်ရေယာဉ်မှူး ဗိုလ်မှူးဇော်ဇော်ကျော် ဦးစီး ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၂၆) သည် စက်တင်ဘာ (၂၁) ရက်နေ့ ၀၂၃၀ အချိန်ခန့်တွင် မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဝင်ဖမ်းသော ယိုးဒယားငါးခိုးဝါးလတ် ယာနားသံသီးပါ ၀ဲဘက်အစီး လက်ကူးလှေအား တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသော

ရုပ်မြင်သံကြား အစီအစဉ်များတွင် ပါဝင်ချင်သောကြောင့် မိမိကိုယ်ကိုယ် သတ်သေ

ချန်လန် ဆိုသူသည် ငယ်ရွယ်စဉ် ကတည်းက အလွန်ဝါသနာ ပါသော အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ရုပ်မြင်သံကြားများတွင် မင်းသားများကို ထုတ်လွှင့်ပြသ ပေးသကဲ့သို့ မိမိ၏ ရုပ်ကိုလည်း မြင်တွေ့ ရရန် ဖြစ်ပါတယ်။ တကယ်တော့ မင်းသားဖြစ်ချင် တယ်ဆိုပါတော့။

စိတ်ပျက်ဖွယ်ရာ ခြေစွမ်းနှင့်အတူ ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် မန်ယူ

Photo: စိတ်ပျက်ဖွယ်ရာ ခြေစွမ်းနှင့်အတူ ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် မန်ယူ
Monday, September 23, 2013

ယခုတစ်ပတ်၏ပရိသတ်စိတ်ဝင်စားမှုအရှိဆုံးပွဲစဉ်တစ်ပွဲဖြစ်သော မန်ချက်စတာဒါဘီပွဲစဉ်ဖြစ်သည့် မန်ချက်စတာစီး တီးအသင်းနှင့်မန်ချက်စတာယူနိုက်တက်အသင်းတို့၏ပွဲစဉ်တွင် အိမ်ရှင်မန်စီးတီးအသင်းမှ ခြေစွမ်းပိုင်းအသာစီးရယူကစားခဲ့ပြီး ၄-၁ ဖြင့်ဂိုးပြတ်အနိုင်ရရှိသွားခဲ့သည်။ မန်စီးတီးအသင်းအား ယခုရာသီမှစတင်ကိုင်တွယ်သည့်နည်းပြ ပယ်လီဂရီနီ ၏ပထ မဆုံးသော မန်ချက်စတာဒါဘီပွဲစဉ်တွင် ချိုမြိန်သောရလဒ်တစ်ခုကို ရယူနိုင်ခဲ့ခြင်းဖြစ်သော်လည်း မန်ယူနည်းပြသစ် ဒေးဗစ်မိုယက်စ် အတွက်မူခါးသီးသည့်အိပ်မက်ဆိုးတစ်ခုဖြစ်လာခဲ့သည်။ 

မန်စီးတီးတိုက်စစ်တွင် နီဂရီဒို၊ အဂူရို တို့ဖြင့် ပွဲထွက်လာခဲ့ကာ နာဆရီ၊ ဂျီးဆပ်နာဗက်စ်၊ ဖာနန်ဒင်ဟို၊ ယာယာတိုရေး တို့၏ကွင်းလယ်ပိုင်းအပြင် ဇာဘလက်တာ၊ ကွန်ပနီ၊ နာစတာဆစ်၊ ကိုလာရော့ဗ် တို့၏နောက်တန်းကိုအသုံးပြုခဲ့သည်။ မန်ယူတိုက်စစ်တွင် အသင်းအားကယ်တင် နေကျဖြစ်သည့် ဗန်ပါစီ ဒဏ်ရာကြောင့်ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ရွန်းနီ၊ ၀ဲလ်ဘက် တို့၏တိုက်စစ်အတွဲဖြင့်ပွဲထွက်လာခဲ့ သည်။ 

မန်စီးတီးအသင်းမှ ဂျီးဆပ်စ်နာဗက်၊ နာဆရီ တို့၏တောင်ပံနှစ်ဘက်သည် မန်ယူအသင်းခံစစ်ကို အလုပ်ရှုပ်စေ ခဲ့သည့်အပြင် တိုက်စစ်မှ အဂူရို၊ နီဂရီဒို တို့ ၂ ဦးကလည်း ဖာဒီနန်၊ ဗီဒစ် ခံစစ်အတွဲကို ဒုက္ခကောင်းစွာပေးနိုင်ခဲ့သည်။ မန်စီးတီးအသင်းအတွက် ပထမပိုင်း ၁၆ မိနစ်တွင်တိုက်စစ်မှူး အဂူရို မှဦးဆောင်ဂိုးကိုလှပစွာသွင်းယူခဲ့ပြီး ပထမပိုင်း ပြီးကာနီးနာကျင်အချိန်ပိုတွင် ယာယာတိုရေး မှဒုတိယဦးဆောင်ဂိုးအား ပိတ်သွင်းယူနိုင်ခဲ့သည်။

ဒုတိယပိုင်းပွဲပြန်စ သည်နှင့် ၅ မိနစ်အတွင်း အဂူရို နှင့် နာဆရီ တို့မှ ၂ ဂိုးဆက်တိုက် ထပ်မံသွင်းယူခဲ့သဖြင့် မန်စီးတီးအသင်း ၄-၀ ဖြင့်ဦး ဆောင်နိုင်ခဲ့သည်။ ထို့နောက်တွင် မန်စီးတီးအသင်းမှ ကစားအားလျော့ချခဲ့သဖြင့် မန်ယူအသင်းမှထိုးဖောက်ခွင့်များပို မိုရရှိနိုင်ခဲ့သော်လည်း ကွန်ပနီ ဦးဆောင်သည့်မန်စီးတီးနောက်တန်းအား ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ဘဲ ၈၇ မိနစ်တွင်မှ တိုက်စစ်မှူး ရွန်းနီ ကပြစ်ဒဏ်ဘောအားတိုက်ရိုက်ကန်သွင်းကာ မန်ယူအသင်းအတွက် အရှက်ပြေနှစ်သိမ့်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ကာ ပွဲပြီးဆုံးချိန်တွင် ၄-၁ ဖြင့်မန်စီးတီးအသင်းအား မန်ယူအသင်းဒူးထောက်အရှုံးပေးခဲ့ရသည်။

Yatanarpon Call Center
ယခုတစ်ပတ်၏ပရိသတ်စိတ်ဝင်စားမှုအရှိဆုံးပွဲစဉ်တစ်ပွဲဖြစ်သော မန်ချက်စတာဒါဘီပွဲစဉ်ဖြစ်သည့် မန်ချက်စတာစီး တီးအသင်းနှင့်မန်ချက်စတာယူနိုက်တက်အသင်းတို့၏ပွဲစဉ်တွင် အိမ်ရှင်မန်စီးတီး အသင်းမှ ခြေစွမ်းပိုင်းအသာစီးရယူကစားခဲ့ပြီး ၄-၁ ဖြင့်ဂိုးပြတ်အနိုင်ရရှိသွားခဲ့သည်။ မန်စီးတီးအသင်းအား ယခုရာသီမှစတင်ကိုင်တွယ်သည့်နည်းပြ ပယ်လီဂရီနီ ၏ပထ မဆုံးသော မန်ချက်စတာဒါဘီပွဲစဉ်တွင် ချိုမြိန်သောရလဒ်တစ်ခုကို ရယူနိုင်ခဲ့ခြင်းဖြစ်သော်လည်း မန်ယူနည်းပြသစ် ဒေးဗစ်မိုယက်စ် အတွက်မူ ခါးသီးသည့်အိပ်မက်ဆိုးတစ်ခုဖြစ်လာခဲ့သည်။

ဗဟုသုတ

PhotoPhoto

အိမ်ခြံမြေ အနိမ့်ဆုံး ဈေးနှုန်း သတ်မှတ်ချက်တွေကို အစိုးရက ထုတ်ပြန်

Photo: အိမ်ခြံမြေ အနိမ့်ဆုံး ဈေးနှုန်း သတ်မှတ်ချက်တွေကို အစိုးရက ထုတ်ပြန်  
Monday, September 23, 2013

ရန်ကုန်မှာ အိမ်ခြံမြေ ရောင်းဝယ်ရာမှာ အနိမ့်ဆုံး ဈေးနှုန်းသတ်မှတ်ချက်တွေ ကို အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ဒီလို သတ်မှတ်တာဟာ ဈေးနှုန်းကို ထိန်းချုပ်ဖို့ မဟုတ်ပဲ အစိုးရ အနေနဲ့ အခွန် ဆုံးရှုံးမှုကို ကာကွယ်ဖို့ အပြင် အိမ်ခြံမြေ ဈေးကွတ်ကို ဈေးမကစား နိုင်အောင်လို့ လုပ်တာ ဖြစ်တယ်လို့ ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုဝန်ကြီး ဦး မောင်မောင်သိမ်း ပြောပါတယ်။

အစိုးရ ဌာနဆိုင်ရာ အဖွဲ့ ၆ဖွဲ့ ပါတဲ့ ကာလတန်ဖိုး စီစစ် သတ်မှတ်ရေး အဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ရှိတဲ့ မြို့ ၃၃မြို့နယ်မှာ လာမဲ့ အောက်တို ဘာလ တစ်ရက်နေ့က စပြီး ဒီစနစ်နဲ့ စမ်းသပ် ကောက်ခံ သွားမှာ ဖြစ်ပါတယ်။

ဒီလို သတ်မှတ်လိုက်တဲ့ နှုန်းထားတွေဟာ လက်ရှိ ရန်ကုန် အိမ်ခြံမြေ အရောင်း ဝယ် ဈေးကွတ် ပေါက်ဈေးကို အခြေခံပြီး သတ်မှတ်ထားတာ ဆိုပေမဲ့ လက်ရှိ ဈေးကွက် အတွင်းမှာ အရောင်းဝယ် ဖြစ်နေ တဲ့ ပေါက်ဈေးတွေနဲ့ နှိုင်း ယှဉ် ရင်တော့ ၄ ပုံ ပုံ ရင် တစ်ပုံလောက်ပဲ ရှိပါတယ်။

ရန်ကုန်မှာ ဒီလိုစနစ်နဲ့ ကောက်ခံဖို့ သတ်မှတ်ရတာနဲ့ ပတ်သတ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်သိမ်း က ဘီဘီစီ ကို ပြောပြရာမှာ ရန်ကုန်တိုင်း အတွင်းမှာ စလုပ်တာ ဖြစ်ပြီး စမ်းသပ် လုပ်ဆောင်တာလို့ ဆိုပါတယ်။

ဒါဟာ အခွန်အပြည့်အဝ ရဖို့ လုပ်ဆောင်တာ ဖြစ်ပြီး ဈေးသတ်မှတ်တာ မဟုတ်ကြောင်း ၊ အခွန် မဆုံးရှုံးရအောင် ဦးတည်လုပ်ဆောင် တာ ဖြစ်ကြောင်း ၊ အခွန်က ဒီအတိုင်းသွားရင် ဈေးကစားလို့ မရအောင် လုပ်တာလို့ ဒု ဝန်ကြီး ဦးမောင်မောင်သိမ်းက ပြောပါတယ်။

အခုလို အစိုးရ သတ်မှတ်လိုက်တဲ့ မြို့နယ်အလိုက် ဈေးနှုန်းတွေ ထဲမှာ ဈေး အကြီးဆုံး ကတော့ မရမ်းကုန်း မြို့နယ်နဲ့ ဗဟန်းမြို့နယ်တို့ ဖြစ်ပြီးတော့ တစ်ပေ ပတ်လည်ကို ကျပ် ၃သိန်းကျော် လောက်အထိကို သတ်မှတ် ထားတယ်လို့ ရန်ကုန် က အိမ်ခြံမြေ အရောင်းဝယ် လုပ်တဲ့ သူတွေ က ပြောပါတယ်။

ဒီလို သတ်မှတ်ပြီး ကောက်မယ်လို့ အစိုးရက ပြောပြီးတဲ့ နောက်ပိုင်းမှာ ရန်ကုန် အိမ်ခြံမြေ အရောင်းဝယ် အခြေနေကို ဘယ်လို သက်ရောက်မှု ရှိနိုင်ပါသလဲလို့ စိုင်းခွန်နောင် အိမ်ခြံမြေ အရောင်းဝယ် လုပ်ငန်းက အထွေထွေ မန်နေဂျာ ဦးရန်အောင် ကို မေးကြည့်တဲ့ အခါ ဈေးပြောင်း မသွားနိုင်ပါဘူးလို့ သူက ဆိုပါတယ်။

တကယ် မဝယ်မဖြစ်တဲ့ သူတွေကတော့ ဝယ်ယူ နေထိုင်ကြမှာ ဖြစ်တယ်လို့ ဦးရန်အောင်က ပြောပါတယ်။

ဒါ့အပြင် အချက်အချာ ကျတဲ့ နေရာတွေကတော့ အရောင်းအဝယ် ဈေးကျ မသွားနိုင်ဘဲ အရောင်းအဝယ်က အရင်အတိုင်း ဆက်ဖြစ်သွားလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် မြို့သစ်တွေမှာ အကွက်သစ်တွေကို ဝယ်ရောင်းလုပ် သူတွေတော့ ဈေး ကစားနိုင်မှာ မဟုတ်တော့တဲ့ အကြောင်း သူက ရှင်းပြခဲ့ပါတယ်။

ဒီလို မြေတွေ ၊ ခြံတွေ ၊ အိမ်တွေကို ဝယ်ပြီး ပြန်ရောင်း ဈေးကစားတာဟာ ၂၀၀၇ တုန်းက အစိုးရက အခွန်နှုန်းထား တွေကို လျှော့ပေးလိုက်တဲ့ အချိန်ကစပြီး သိသာ လာတယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာ အိမ်ခြံမြေ မြေဈေးတွေ မြင့်လာတာ ဖြစ်ပြီး အခု စနစ်ဟာ အရင် စနစ်နဲ့ ကွာတာက ပြည်ထဲရေး ၊ ပြည်တွင်းအခွန် ၊ အထွေထွေ အုပ်ချုပ်ရေး ရဲတပ်ဖွဲ့ အမျိုးသားစီမံကိန်းနဲက အိုးအိမ် စတဲ့ ဌာနတွေ ပါဝင်ပြီးတော့ လိုအပ်သလို ဈေးနှုန်းတွေကို ပြင်ဆင် သတ်မှတ်ဖို့ရှိတယ် ဆိုတဲ့ အတွက် အများကြီး လက်တွေ့ကျတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခွန်ကို ဝယ်သူက ၃၇ ရာခိုင်နှုန်း ရောင်းသူ ဖက်က ၇ ရာခိုင် နှုန်း ဆောင်ဖို့ သတ်မှတ်ချက်ဟာ အိမ် ခြံ မြေ အမည်ပေါက် ပြောင်းမှ ဘဲ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုယ်စားလှယ် လွှဲစာ စပယ်ရှယ် ပါဝါတွေ နဲ့ အမည်မပြောင်းဘဲ တွေ့ရောင်း ၊ တွေ့ဝယ် နေတဲ့ တကယ့် ဈေးကွတ်မှာ အချိန်တို အတွင်း ဈေးတွေ ကျလာနိုင်တဲ့ အထိ အလုပ်မဖြစ်နိုင်ဘူးလို့ သုံးသပ် နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ရန်ကုန်မှာ အိမ်ခြံမြေ ရောင်းဝယ်ရာမှာ အနိမ့်ဆုံး ဈေးနှုန်းသတ်မှတ်ချက်တွေ ကို အစိုးရက ထုတ်ပြန်လိုက် ပါတယ်။

ဂျာမဏီရွေးကောက်ပွဲ ၀န်ကြီးချုပ်မာကဲလ် မဲအသာစီးရ

Photo: ဂျာမဏီရွေးကောက်ပွဲ ၀န်ကြီးချုပ်မာကဲလ် မဲအသာစီးရ
Monday, September 23, 2013

ဂျာမဏီနိုင်ငံက ရွေးကောက်ပွဲမှာ အစောပိုင်းရလဒ်တွေအရ ၀န်ကြီးချုပ် Angela Merkel ဟာ တတိယအကြိမ် သက်တမ်းကို ဆက်လက် တာဝန်ယူရဖွယ် ရှိနေပါတယ်။

မဲရလဒ်တွေအရ သူဦးဆောင်တဲ့ ရှေးရိုးစွဲ Conservatives တွေအနေနဲ့ လွှတ်တော်မှာ အများစုနေရာရမယ့် အလားအလာတွေလည်း ထွက်ပေါ်နေ တာပါ။ ဂျာမဏီနိုင်ငံက ARD နဲ့ ZDF ရုပ်မြင်သံကြား စစ်တမ်းအရ ၀န်ကြီး ချုပ်ရဲ့ Christians Democrats တွေက မဲအားလုံးရဲ့ ၄၂ % ကျော် ရရှိခဲ့တဲ့ အတွက် အားလုံး ပေါင်းရင်တောင်မှ လွှတ်တော်မှာ နေရာရရုံလောက်သာ ရှိတဲ့ အတိုက်အခံပါတီတွေထက် အပြတ်အသတ် အသာရခဲ့တာလည်း ဖြစ် ပါတယ်။

မဲရလဒ်တွေကို အတည်ပြုနိုင်ပြီဆိုရင်တော့ ၀န်ကြီးချုပ်ရဲ့ရှေးရိုးစွဲအုပ်စုဖြစ် တဲ့ Christian Democratic Union နဲ့ Bavarian Christian Social Union တို့ဟာ မဟာမိတ်ညွန့်ပေါင်း မလိုဘဲနဲ့ အစိုးရဖွဲ့နိုင်တော့မှာပါ။ ၀န်ကြီးချုပ်ရဲ့ အဓိကစိန်ခေါ်ဘက်ဖြစ်တဲ့ အလယ်လက်ဝဲယိမ်းဝါဒီ Peer Steinbrueck ရဲ့ ဆိုရှယ်ဒီမိုကရက် ပါတီကတော့ မဲအားလုံးရဲ့ ၂၆.၅% နဲ့ ပြတ်ကျန်ခဲ့ပါတယ်။

အကြိုရလဒ်တွေအရ ၀န်ကြီးချုပ်ရဲ့ ညွန့်ပေါင်းပါတီတခုဖြစ်တဲ့ စီးပွားရေး ဦးစားပေးပါတီ Free Democrats ကတော့ မဲအရေအတွက် ၄.၇% သာ ရခဲ့ တာကြောင့် လွှတ်တော်တွင်းမှာ အနည်းဆုံး ကိုယ်စားလှယ် ၅% ရှိရမယ့် သတ် မှတ်ချက်ကို မပြည့်မီပဲ ဖြစ်ခဲ့ရတာပါ။ အဖွဲ့ဝင် ၁၇ နိုင်ငံ ပါဝင်တဲ့ ယူရိုဇုန် ကို စနစ်တကျ ဖျက်သိမ်းပစ်ဖို့ တိုက်တွန်းနေတဲ့ နိုင်ငံရေး ပါတီ သစ်ဖြစ်တဲ့ Alternative for Germany ကလည်း ၄.၉% သာ ရခဲ့တဲ့အတွက် လွှတ်တော်မှာ ပါဝင်ခွင့်ရနိုင်ရေး မရေမရာ ဖြစ်နေပါတယ်။

VOA
ဂျာမဏီနိုင်ငံက ရွေးကောက်ပွဲမှာ အစောပိုင်းရလဒ်တွေအရ ၀န်ကြီးချုပ် Angela Merkel ဟာ တတိယ အကြိမ် သက်တမ်းကို ဆက်လက် တာဝန်ယူရဖွယ် ရှိနေပါတယ်။

သဘာဝဘေးအန္တရာယ်အတွင်းမှ လူသားတို့အသက်ကို ကယ်တင်ပေးမည့် မီးနဂါးဘောလုံးများ


မကြာသေးမီနှစ်က ဂျပန်နိုင်ငံတွင် ကြီးမားသောရေငလျင်   ဆူနာမီ ဖြစ်ပေါ်ခဲ့ရာ  လူ့အသက်နှင့် အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့်    နည်းပညာအင်အား ကောင်းမွန်သော      ဂျပန်နိုင်ငံ သည်     သူ၏ နည်းပညာ အင်အားကို ပြသသည့်အနေဖြင့် သဘာဝဘေးအရေးကြုံလျှင် လွယ်ကူ လျင်မြန် စွာအသုံးပြု နိုင်သော  အသက်ကယ် ဘောလုံးကို ၂၀၁၂ ခုနှစ်တွင်  မိတ်ဆက်ပြသပေး နိုင်ခဲ့ ရုံမျှ မက  ဈေးကွက်အတွင်း သို့လည်း  အမှန် တကယ် ပို့ဆောင်ပေး နိုင်ခဲ့သည်။

ပါကစ္စတန်တွင်ဗုံးပေါက်ကွဲ ၂၅ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ မြို့တော်ပက်ရှ်ဝါတွင် အသေခံဗုံးခွဲ သမားတစ်ဦးက ဗုံးဖောက်ခွဲလိုက်ရာ လူ ၂၅ ဦးထက်မနည်း သေဆုံး၍ အမျိုးသမီးများနှင့် ကလေးများအပါအဝင် ၄၅ဦး ခန့် ဒဏ်ရာများရရှိကြောင်း ဂျီအီးအိုသတင်းဌာနက စက်တင်ဘာ ၂၂ ရက်တွင် ထုတ်လွှင့်ဖော်ပြသည်။