Wednesday, 5 December 2012

၂၀၁၂ အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲမြင်ကွင်း



Photo: ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ဒီဇင်ဘာလ ၅ ရက်(ယနေ့)တွင် ပြုလုပ်သည့် ၂၀၁၂ အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများမှ စီးပွားရေးအဖွဲ့အစည်းများ အစိုးရအဖွဲ့အစည်းများနှင့်အရပ်ဖက်အဖွဲ့အစည်းများမှ ဆန်းသစ်တီထွင်မှုရှိသည့် ခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံ၏အနာဂတ် အတွက် ဦးဆောင်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ၉ ကြိမ်မြောက်ကျင်းပခြင်းဖြစ်
ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပခြင်းဖြစ်ကာ တက်ရောက်သူ ၁၀၀ ၀န်းကျင်ရှိသည်။ ယခုနှစ် ပြုလုပ်သည့်ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ လျင်မြန်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့်အချိန်ကာလအတွင်း ရောက်ရှိနေသလို နိုင်ငံတကာအသိုင်းအ၀ိုင်းသည်လည်း ကမ္ဘာ့စီးပွားရေးအကြပ်အတည်း၏ ရိုက်ခတ်မှုများမှ ရုန်းထွက်နေရဆဲအချိန်ကာလ ဖြစ်ပါသည်။ ဆွေးနွေးပွဲ၏ အဓိကခေါင်းစဉ်မှာ ''Turbulent World. Asia Rising. Where do we go from here? ဖြစ်ပြီး အဖွင့်မိန့်ခွန်းကို မလေးရှားတော်ဝင်အိမ်ရှေ့မင်းသား Raja Nazrin Shahက ပြောကြားခဲ့သည်။

Eleven Media Group ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ဒီဇင်ဘာလ ၅ ရက် (ယနေ့)တွင် ပြုလုပ်သည့် ၂၀၁၂ အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေး ပွဲတွင် အာဆီယံနိုင်ငံများမှ စီးပွားရေး အဖွဲ့ အစည်းများ အစိုးရအဖွဲ့ အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်း များမှ

"ရာဇာနေဝင်းရဲ့ ဂန်းနမ်းစတိုင်"

Photo: "ရာဇာနေဝင်းရဲ့ ဂန်းနမ်းစတိုင်"
Wednesday, 05 December 2012

ပရိသတ်တွေနဲ့ အတော်ကြာ ကင်းကွာခဲ့တဲ့ ရာဇာနေဝင်းက အခုနောက်ပိုင်း မှာ အနုပညာ အလုပ်တွေကို လှုပ်ရှားဖြစ်လာတာကိုတွေ့ ရပါတယ်။ ရာဇာဝင်းနေဝင်းက ဒီဇင်ဘာ ၈ရက်နေ့မှာ ပြဇာတ်ကဖို့ ရှိသလို တစ်ကိုယ်တ်ာဆိုလိုလိုက်ဖ်ရှိုး ရိုက်ကူးဖို့ ပြင်ဆင်နေကြောင်းနဲ့ တစ်ကိုယ်တော် ဆိုလိုလိုက်(ဖ်)ရှိုးအခွေ ဒီဇင်ဘာလလောက် မှာ ထွက်ဖို့ ရှိကြောင်းကို“သီချင်းတွေကတော့ အားလုံးပြီးသွားပြီ။ ရိုက်ဖို့ပဲ
ရှိတော့တယ်။ ကိုယ်တိုင် လည်း ဆိုမယ်။ ကိုယ်တိုင်လည်း ဒါရိုက်တာအဖြစ် ရိုက်ကူးမယ်။ သီချင်း ၁၂ပုဒ် ပါဝင်ပြီး တေးရေးဆရာဇဝါ၊ စောခူဆဲ၊သြရသ၊ ဟဲလေး၊ စောဖိုးခွား တို့က ရေးပေးထားတယ်” လို့ ပြောပြခဲ့ပါတယ်။

နိုဝင်ဘာ ၂၇ရက်နေ့ကတော့ ပရိသတ် အထူး စိတ်ဝင်စားနေတဲ့ ကမ္ဘာကျော် PSY့ ရဲ့ Gangnam Style ပုံစံမျိုးနဲ့ သရဖူ မဂ္ဂဇင်း ၁၅နှစ်ပြည့် အထိမ်းအမှတ် ပွဲမှာ Jade Dragon Dancer အဖွဲ့၊ နန်းဆုရတီစိုး တို့နဲ့ အတူ မြူးကြွစွာ ကပြဖျော်ဖြေခဲ့တာ ကိုလည်းတွေ့ရှိရပါတယ်။

ဒီလို ပါဝင်ဆင်နွှဲဖြစ်ခဲ့ရခြင်း အပေါ် ရာဇာနေဝင်းကို မေးကြည့်ဖြစ်ခဲ့တာ ကတော့“သရဖူ ၁၅နှစ်ပြည့် ပွဲလေးအတွက် သီချင်းဆိုဖို့ ကိုထိုက်က
 လာခေါ်တယ်။ အဲဒီ အတွက် ကိုရာဇာ လာပြီးတော့ သီဆိုဖြစ်သွားတာ
လောက်ပါပဲ။ အထူးတလည် ကြီးတော့လည်း မလေ့ကျင့်ခဲ့ရပါဘူး” လို့ပြောပြခဲ့ပြီး အခုလို ကြီးကြီးကျယ်ကျယ် လုပ်တဲ့ အတွက်လည်း အများကြီး ဂုဏ်ယူမိပါတယ် လို့ ပြောပြသွားခဲ့ပါတယ်။

သိမ့်သိမ့်
Popular Journalပရိသတ်တွေနဲ့ အတော်ကြာ ကင်းကွာခဲ့တဲ့ ရာဇာနေဝင်းက အခုနောက် ပိုင်းမှာ အနုပညာ အလုပ်တွေကို လှုပ်ရှားဖြစ် လာတာ ကိုတွေ့ ရပါတယ်။ ရာဇာဝင်းနေဝင်းက ဒီဇင်ဘာ ၈ရက်နေ့ မှာ ပြဇာတ် ကဖို့ ရှိသလို တစ်ကိုယ်တ်ာဆိုလိုလိုက်ဖ်ရှိုး ရိုက်ကူးဖို့ ပြင် ဆင်နေကြောင်း နဲ့ တစ်ကိုယ်တော် ဆိုလို လိုက်(ဖ်)ရှိုး အခွေ ဒီဇင် ဘာလလောက် မှာ ထွက်ဖို့ရှိကြောင်းကို “သီချင်းတွေ ကတော့ အားလုံး ပြီးသွားပြီ။ ရိုက်ဖို့ပဲရှိတော့ တယ်။ ကိုယ်တိုင် လည်း ဆိုမယ်။ ကိုယ်တိုင်လည်း ဒါရိုက်တာအဖြစ် ရိုက်ကူးမယ်။ သီချင်း ၁၂ပုဒ် ပါဝင်ပြီး တေးရေးဆရာဇဝါ၊ စောခူဆဲ၊သြရသ၊ ဟဲလေး၊ စောဖိုးခွား တို့က ရေးပေးထားတယ်” လို့   ပြောပြ

"၀" အထူးဒေသ(၂) တိုးတက်ဖွံဖြိုးရေးအတွက် လာမည့်နှစ် တွင် နိုင်ငံတော်က သိန်းလေးသောင်း ထောက်ပံ့မည်

Photo: "၀" အထူးဒေသ(၂) တိုးတက်ဖွံဖြိုးရေးအတွက် လာမည့်နှစ် တွင် နိုင်ငံတော်က သိန်းလေးသောင်း ထောက်ပံ့မည်
Wednesday, 05 December 2012

"၀" အထူးဒေသ(၂) တိုးတက်ဖွံဖြိုးရေးအတွက် လာမည့်နှစ် တွင်
နိုင်ငံတော်က သိန်းလေးသောင်း ထောက်ပံ့ မည် ဖြစ်ကြောင်းသိရသည်။ ရှမ်းပြည်နယ် "၀" အထူးဒေသ (၂) တိုးတက် ဖွံဖြိုးရေး အတွက် ၂၀၁၃-၁၄ နှစ်တွင် နိုင်ငံတော်က သိန်းလေးသောင်းထောက်ပံ့ မည် ဖြစ်ကြောင်း ယင်းပမာဏသည် ယမန်နှစ် များ ထက် ၅ ဆ ကျော် တိုးတက် ထောက်ပံခြင်းဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား
လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌများဖြစ်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊
ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော် တို့ ဦးဆောင်သော အဖွဲ့သည် ဒီဇင်ဘာ ၃ ရက် နှင့် ၄ ရက်နေ့တို့က ရှမ်းပြည်နယ် အထူးဒေသ(၄) နှင့် အထူးဒေသ(၂) တို့ကို သွားရောက် ကြည့်ရှုလေ့လာ သည့် ခရီးစဉ်တွင် "၀" အထူးဒေသ(၂) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက အထက်ပါ အတိုင်းပြောကြား ခဲ့သည်။

"ကျွန်တော်တို့ "၀" အထူးဒေသ(၂) မှာ တိုင်းရင်းသားလူမျိုး ၁၈ မျိုး လူဦးရေ ၄၆၀၀၀၀ ကျော် ၊ တပ်ဖွဲ့အင်အား ၂၀၀၀၀ ရှိပါတယ်" ဟု "၀" အထူးဒေသ(၂) မှဒုတိယဥက္ကဌ လျောက်ညီလျံ က ပြောကြားသည်။

ရှမ်းပြည်နယ်ရှိ ဟိုပန် မြို့နယ် ၊ မိုင်းမော မြို့နယ် ၊ ပန်ဝိုင်မြို့နယ် ၊နားဖန်းမြို့နယ် ၊ မက်မန်းမြို့နယ် ၊ နှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ် (၆) မြို့နယ်တို့ကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
တိုင်းအဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ခဲ့ပြီး ဖြစ်သည်။

D-မင်း
Yangon Media Group"၀" အထူးဒေသ(၂) တိုးတက်ဖွံဖြိုးရေးအတွက် လာမည့်နှစ် တွင်
နိုင်ငံတော်က သိန်းလေးသောင်း ထောက်ပံ့မည် ဖြစ်ကြောင်းသိရသည်။ ရှမ်းပြည်နယ် "၀" အထူးဒေသ (၂) တိုးတက် ဖွံဖြိုးရေး အတွက် ၂၀၁၃-၁၄ နှစ်တွင် နိုင်ငံတော်က သိန်းလေးသောင်းထောက်ပံ့ မည် ဖြစ်ကြောင်း ယင်းပမာဏသည် ယမန်နှစ် များ ထက် ၅ ဆ ကျော် တိုးတက် ထောက်ပံခြင်းဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား
လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ

အသံတိတ် တိုက်ခိုက်ရေး မောင်းသူမဲ့ (Neuron) အမည်ရလေယာဉ်အား ပြင်သစ်နိုင်ငံ Istres မြို့ရှိ လေတပ် အခြေစိုက် စခန်းတွင် စမ်းသပ် ပျံသန်းမှု ပြုလုပ် ခဲ့

Photo: အသံတိတ် တိုက်ခိုက်ရေး မောင်းသူမဲ့ (Neuron) အမည်ရလေယာဉ်အား
ပြင်သစ်နိုင်ငံ Istres မြို့ရှိ လေတပ် အခြေစိုက် စခန်းတွင် စမ်းသပ် ပျံသန်းမှု ပြုလုပ် ခဲ့
Wednesday, 05 December 2012

ဥရောပ၏ အသံတိတ် တိုက်ခိုက်ရေး မောင်းသူမဲ့ (Neuron) အမည်ရ
လေယာဉ်အား ပြင်သစ်နိုင်ငံ Istres မြို့ရှိ လေတပ် အခြေစိုက် စခန်းတွင် စမ်းသပ် ပျံသန်းမှု ပြုလုပ် ခဲ့ပါသည်။

အဆိုပါ လေယာဉ်၏ အမြီးပိုင်း အား အသံတိတ် ပျံသန်းနိုင်ရန် အတွက် ထောင့်မှန် ပုံစံ ပြုလုပ်ထားခြင်းမရှိဘဲ လေယာဉ်မောင်း
၂ ဦးသည် မြေပြင်မှ ၂၅ မိနစ်ကြာ စမ်းသပ် ပျံသန်းမှု ပြုလုပ်ခဲ့ ပါသည်။ 

အဆိုပါ Neuron စီမံကိန်းအား ပြင်သစ် ကာကွယ်ရေး ဆိုင်ရာ Dassault Aviation ကုမ္ပဏီက ကန်ထရိုက် ယူ၍ ၂ဝဝ၅ ခုနှစ်မှ စ၍
ဆောက်လုပ်ခဲ့ ခြင်း ဖြစ်ပါသည်။ 

အဆိုပါ စီမံကိန်းတွင် ပြင်သစ်၊ အီတလီ၊ ဆွီဒင်၊ စပိန်၊ ဂရိနှင့် ဆွစ်ဇာလန် နိုင်ငံတို့ ပါဝင်ကြောင်း သိရှိရ ပါသည်။ အဆိုပါ စီမံကိန်း၏ တန်ဖိုးမှာ ယူရို ၄ဝ၆ သန်း (အမေရိကန် ဒေါ်လာ ၅၂၇ သန်း) ရှိပြီး ပြင်သစ် နိုင်ငံမှ စီမံကိန်း၏ ထက်ဝက်အား အကုန်ကျ ခံခဲ့ကြောင်း သိရှိရ ပါသည်။

မြ၀တီဥရောပ၏ အသံတိတ် တိုက်ခိုက်ရေး မောင်းသူမဲ့ (Neuron) အမည်ရ
လေယာဉ်အားပြင်သစ်နိုင်ငံ Istres မြို့ရှိ လေတပ် အခြေစိုက် စခန်းတွင် စမ်းသပ် ပျံသန်းမှု ပြုလုပ် ခဲ့ပါသည်။အဆိုပါ လေယာဉ်၏ အမြီးပိုင်း အား အသံတိတ် ပျံသန်းနိုင်ရန် အတွက် ထောင့်မှန်ပုံစံ  ပြု လုပ် ထားခြင်းမရှိဘဲ လေယာဉ်မောင်း၂ ဦးသည် မြေပြင် မှ ၂၅

မျက်မမြင်သင်္ကေတစာများဖြစ်ပေါ်လာရန် နပိုလီယံ ကူညီခဲ့


Photo: မျက်မမြင်သင်္ကေတစာများဖြစ်ပေါ်လာရန် နပိုလီယံ ကူညီခဲ့
Wednesday, 05 December 2012

မျက်မမြင် သင်္ကေတ စာများကို ပြင်သစ် လူမျိုး Braille တီထွင် ဖန်တီးခဲ့ တယ်လို့ သိကြပေမယ့် အမှန်တော့ နပိုလီယံက ဘိုနာပတ်က စခဲ့တာ ဖြစ် ပါတယ်။

သက္ကရာဇ် ၁၈၀၀ ကျော်ကာလအတွင်း အင်ပါယာထောင်ဖို့ စစ်ခင်းတဲ့ နပိုလီယံဟာ တိုက်ပွဲတွင်း အမိန့်ပေးမှုကို အသံထွက် ပြောချင်သူ မဟုတ်ပါဘူး။ ကိုယ်ရဲ့  စစ်ဗျူဟာကို အခြားလူမှာ ဆိုးလို့ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်တစ်ခုနဲ့ တစ်ခု ဆက်သွယ်ရေးမှာလည်း ကြားဖြတ်
 ထောက် လှမ်းမှုကြောင့် ပေါက်ကြားမှာ စိုးတဲ့အတွက် စစ်ဗိုလ် အချင်းချင်းသာ နားလည်တဲ့ စာသင်္ကေတတစ်မျိုးကို ဖန်တီးဖို့ စီစဉ် ခဲ့ပါတယ်။ နပိုလီယံရဲ့  စေခိုင်းမှုကြောင့် Charles Barbier ဖန်တီးပေးခဲ့ ပါတယ်။ သို့ပေမယ့် အားနည်းချက် များစွာ ရှိနေတဲ့အတွက် နပိုလီယံ အသုံးမပြုခဲ့ပါဘူး။ စစ်ကာလတွင်း ဖြစ်တဲ့အတွက် စာသင်္ကေတ တီထွင်မှု အပေါ် နပိုလီယံ အချိန်မပေးနိုင်ခဲ့ပါဘူး။

၁၈၂၁ ခုနှစ်အရောက်မှာတော့ Barbier ဟာ ပြင်သစ် မျက်မမြင် အမျိုးသား သိပ္ပံကျောင်း သွားရောက်ခဲ့ပါတယ်။ နပိုလီယံနဲ့ အတူ ဖန်တီးထားတဲ့ စာသင်္ကေတကို မျက်မမြင် Louis Braille ထံပေးအပ်ပြီး Braille ဟာ အားနည်းချက်များကို ပြန်လည် ရေးသားပြင်ဆင်ပေးပါတယ်။ နောက်တော့ ကမ္ဘာတစ်လွှားက မျက်မမြင်အားလုံး အသုံးပြုနိုင်တဲ့ ပြီပြည့်စုံသော လူမူဆက်ဆံရေး စာသင်္ကေတကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် မျက်မမြင် စာသင်္ကေတ ဆိုရင် အင်္ဂလိပ်လို Braille လို့ခေါ်တွင်စေခဲ့ပါတယ်။

သို့ပေမယ့် ယင်းစာသင်္ကေတ ဖြစ်လာဖို့အတွက် ပြင်သစ် စစ်သေနာပတိ နပိုလီယံက စတယ်ဆိုတာကိုတော့ လူသိနည်းခဲ့ပါတယ်။

--
Ref:rarefacts
International news for myanmar မျက်မမြင် သင်္ကေတ စာများကို ပြင်သစ် လူမျိုး Braille တီထွင် ဖန်တီးခဲ့ တယ်လို့ သိကြပေမယ့် အမှန်တော့ နပိုလီယံက ဘိုနာပတ်က စခဲ့တာ ဖြစ် ပါတယ်။သက္ကရာဇ် ၁၈၀၀ ကျော်ကာလအတွင်း အင်ပါယာထောင်ဖို့ စစ်ခင်းတဲ့ နပိုလီယံဟာ တိုက်ပွဲတွင်း အမိန့် ပေးမှုကို အသံထွက် ပြောချင်သူ မဟုတ်ပါဘူး။ ကိုယ်ရဲ့  စစ်ဗျူဟာကို အခြားလူမှာ ဆိုးလို့ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်တစ်ခုနဲ့ တစ်ခု ဆက်သွယ်ရေး မှာလည်း ကြားဖြတ်ထောက် လှမ်းမှုကြောင့် ပေါက် ကြားမှာ စိုးတဲ့အတွက် စစ်ဗိုလ် အချင်းချင်းသာ နားလည်တဲ့ စာသင်္ကေတတစ်မျိုးကို ဖန်တီးဖို့ စီစဉ် ခဲ့ပါ တယ်။ နပိုလီယံရဲ့  စေခိုင်းမှုကြောင့် Charles Barbier

လှည်းတန်းခုံးကျော်တံတားအား ၂၀၁၃ ခုနှစ် ဧပြီလကုန်၌ အပြီးသတ် ဆောက်လုပ်နိုင်ရန် ဆောင်ရွက်မည်ဟု သိရ

Photo: လှည်းတန်းခုံးကျော်တံတားအား ၂၀၁၃ ခုနှစ် ဧပြီလကုန်၌ အပြီးသတ်
ဆောက်လုပ်နိုင်ရန် ဆောင်ရွက်မည်ဟု သိရ  
Wednesday, 05 December 2012

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် တည်ဆောက်နေသည့် လှည်းတန်းခုံးကျော်တံတားအား လာမည့် ၂၀၁၃ ခုနှစ် ဧပြီလကုန်တွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော လှည်းတန်းခုံးကျော်တံတားနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် တံတားအား တာဝန်ယူ
တည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီမှ အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးခင်မောင်ဦးက ပြောကြားခဲ့ပါသည်။

လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရန်အတွက် မီးပွိုင့်အနီး
လေ့လာဆန်းစစ်မှု လုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လ ၁ ရက်နေ့တွင် စတင်ခဲ့ပြီး  ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် ပြီးစီးခဲ့ကာ မတ်လ ၁၁ ရက် နေ့က ပန္နက်တင်အခမ်းအနား ပြုလုပ်၍ အကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်ခဲ့ကြောင်း သိရသည်။

''လှည်းတန်းမှာ ခုံးကျော်တံတား ဆောက်ဖို့အတွက် ယာဉ်သွားလာမှု စစ်တမ်းကောက်ယူခဲ့တဲ့ နေရာမှာ လှည်တန်းလမ်းဆုံက ယာဉ်သွားလာမှု များပြားပြီး မဖြစ်မနေ ခုံးကျော်တံတားဆောက်ရမယ့် အနေအထား
ဖြစ်နေပါတယ်။ တံတားကို ဘိုးပိုင်စလုပ်တဲ့အချိန်ဟာ ဇွန်လဖြစ်ပါတယ်။ တံတားကို လာမယ့် ၂၀၁၃ ခုနှစ် ဧပြီလကုန်လောက်မှာ အပြီးသတ် တည်ဆောက်နိုင်မယ်လို့ မှန်းထားတဲ့အတွက် ၁၀ လလောက် ပဲအချိန်ရတယ်'' ဟု ရွှေတောင်ကုမ္ပဏီမှ အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးခင်မောင်ဦးက ဆိုပါသည်။

လှည်းတန်းခုံးကျော်တံတား ဆောက်လုပ်ရန်အတွက် ဘတ်ဂျတ်အနေဖြင့်
ငွေကျပ် ၁၄ ဒသမ ၄၈၇ ဘီလီယံကုန်ကျမည်ဟု လျာထားကြောင်း၊ ယင်းငွေကြေးများကို တံတားတည်ဆောက်သည့် ရွှေတောင်ကုမ္ပဏီမှ ဦးစွာစိုက်ထုတ် လုပ်ဆောင်ရမည်ဖြစ်ပြီး တံတားပြီးစီးမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြန်လည်ပေးချေသွားမည်ဖြစ်သည်။

တံတားတည်ဆောက်ရန်အတွက် ရွှေတောင်ကုမ္ပဏီသည် ကမ္ဘောဇဘဏ်မှ
ငွေကျပ်သုံးဘီလီယံ၊ စက်မှုလက်မှုဘဏ်မှ ငွေကျပ်သုံးဘီလီယံ
ချေးယူကာ ပြုလုပ်နေကြောင်း လှည်းတန်းခုံးကျော်တံတားမှာ လက်ရှိလုပ်ငန်းပြီးစီးမှု ၆၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။  

Eleven Media Groupရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် တည်ဆောက်နေသည့် လှည်းတန်းခုံးကျော်တံတားအား လာမည့် ၂၀၁၃ ခုနှစ် ဧပြီလကုန်တွင် အပြီးသတ် တည်ဆောက် သွား မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော လှည်းတန်း ခုံးကျော်တံတားနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် တံတားအား တာဝန်ယူတည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီမှ

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး ကွယ်လွန်

Photo: ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး ကွယ်လွန်
Wednesday, 05 December 2012

အမေရိကန်နိုင်ငံရှိ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး ဘီးစ် ကူးပါးသည် ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့ရှိ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု စင်တာတစ်ခု၌ အင်္ဂါနေ့ (ဒီဇင်ဘာ
 ၄ ရက်) က ကွယ်လွန်သွားခဲ့သည်။ သူမသည် မကြာသေးမီက အစာအိမ်ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် နာမကျန်းဖြစ်ခဲ့ရာမှ
သေဆုံးသွားခြင်းဖြစ်သည်ဟု သူမ၏ သားဖြစ်မှ ပြောကြားခဲ့သည်။ အင်္ဂါနေ့မနက်ပိုင်းက ခရစ္စမတ်ဗီဒီယိုတစ်ခုကို ကြည့်ရှုနေရင်း အသက်ရှုရခက်လာပြီး အောက်ဆီဂျင်အကူအညီ
ပေးခဲ့သော်လည်း ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

မစ္စကူးပါးသည် ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် ဇန်န၀ါရီ
၂၀၁၁ က မှတ်တမ်းဝင်ခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက်
၁၁၆ နှစ်ပြည့်ပြီးဖြစ်သည်။ တန်းနက်စ်ပြည်နယ်ဖွား မစ္စကူးပါးသည် ပထမကမ္ဘာစစ် ဖြစ်ပွားနေစဉ်အတွင်း ဆရာမအဖြစ်လုပ်ကိုင်ရန်
ဂျော်ဂျီယာသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

ဂင်းနစ်မှတ်တမ်းတင်သူများသည် ပြီးခဲ့သောမေလက သူမသည် မစ္စကူးပါးထက် အသက် ၄၈ ရက် ပိုကြီးသော ဘရာဇီးလူမျိုး မာရီယာ ဂိုးမက်စ် ဗလင်တင်ကိုလည်း တွေ့ရှိခဲ့သည်။

သို့သော် ယင်း မေလအတွင်းမှာပင် ဗလင်တင်က သေဆုံးသွားခဲ့သည်။ ဂင်းနစ်မှတ်တမ်းအရ မစ္စကူးပါးသည် ကမ္ဘာ့အသက်အကြီးဆုံး အသက်ရှင်နေထိုင်လျက်ရှိသူဖြစ်သည်ဟု သိရသည်။ မစ္စကူးပါးမတိုင်မီက အသက်အရှည်ဆုံး မှတ်တမ်းတင်သူများမှာ အမေရိကန်နိုင်ငံ အိုင်ဝိုဝါရှိ မန်ဖရက်ဒနီ ၁၁၁နှစ် နှင့် ပြင်သစ်နိုင်ငံရှိ ဂျင်းနီ ကောလ်မန့် ၁၂၂ နှစ်တို့ ဖြစ်ကြသည်။

Source: BBC
Planet Myanmar Networkအမေရိကန်နိုင်ငံရှိ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး ဘီးစ် ကူးပါးသည် ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့ရှိ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု စင်တာတစ်ခု၌ အင်္ဂါနေ့ (ဒီဇင်ဘာ၎ ရက်) က ကွယ်လွန်သွားခဲ့သည်။ သူမသည် မကြာသေးမီက အစာအိမ်ဗိုင်း ရပ်စ်ပိုးတစ်မျိုးကြောင့် နာမကျန်းဖြစ်ခဲ့ရာမှသေဆုံး သွားခြင်းဖြစ် သည်ဟု သူမ၏ သားဖြစ်မှ ပြောကြားခဲ့သည်။ အင်္ဂါနေ့ မနက်ပိုင်းက ခရစ္စမတ်ဗီဒီယိုတစ်ခုကို ကြည့်ရှုနေရင်း အသက်ရှုရ

အခါလွန်မိုးကြောင့် ဒေးဒရဲမြို့နယ်ရှိ စပါးစိုက်ဧက ၇၀ ရာခိုင်နှုန်းကျော် ပျက်စီးဟုဆို

Photo: အခါလွန်မိုးကြောင့် ဒေးဒရဲမြို့နယ်ရှိ စပါးစိုက်ဧက ၇၀ ရာခိုင်နှုန်းကျော် ပျက်စီးဟုဆို
Wednesday, 05 December 2012

သုံးရက်ဆက်တိုက် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ အဆက်မပြတ်
ရွာသွန်းခဲ့သော အခါလွန်မိုးကြောင့် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်
အတွင်းရှိ စပါးခင်းအားလုံး၏ ခုနစ်ဆယ်ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ကြောင်း
မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း
ကပြောသည်။

ဒေးဒရဲမြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၁၈၀၀၀၀ တွင် ပေါ်ဆန်းဘေးကြား စပါးမျိုးစိတ်ကို အဓိကထား စိုက်ပျိုးထားပြီး မိုးအဆက်မပြတ်
ရွာသွန်းမှုကြောင့် ဧက ၁၃၀၀၀၀ ကျော်မှ မရိတ်သိမ်းရသေးသော စပါးခင်းများနှင့် ရိတ်သိမ်းပြီးသော်လည်း အမိုးအကာအောက်သို့ မရောက်သေးသော ကောက်လှိုင်းများအားလုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

မိုးရွာသွန်းမှု ရပ်တန့်သွားချိန်တွင် ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာ ၉၃ အုပ်စုမှ ဒေသခံတောင်သူလယ်သမားနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ တာဝန်ရှိသူများ ကွင်းဆင်းကာ စာရင်းကောက်ယူမှုမှ ပျက်စီးမှုပမာဏကို သိရှိခဲ့ရကြောင်း ဒေါက်တာစိုးထွန်းကပြောသည်။

"အခုလိုပျက်စီးရတာက လယ်သမားတွေက သူတို့ရိတ်ပြီးသား စပါးတွေကို ကန်သင်းပေါ်တင်ထားပြီး နောက်သီးနှံအတွက် ပြင်ဆင်နေကြတာကြောင့် အခုလိုဖြစ်ကုန်ကြတာများတယ်။ အဲဒီ သမားရိုးကျလုပ်ကိုင်ပုံတွေကို
ပြောင်းလဲလုပ်ကိုင်ကြဖို့ အသိပညာပေးရမယ်"ဟု ၎င်းကပြောသည်။

ထို့ကြောင့် နှစ်စဉ်မိုးစပါးထွက်နှုန်းမှာ တစ်ဧကလျှင် တင်းလေးဆယ်ကျော်
ထွက်နေရာမှ ယခုနှစ်တွင် ရေနစ်နေသော စပါးခင်းများမှ တစ်ဧက
တင်းနှစ်ဆယ်ခန့်သာ ထွက်နိုင်ကြောင်း တောင်သူတစ်ဦးက ခန့်မှန်းသည်။ သို့သော် ရိတ်သိမ်းပြီး ကောက်လှိုင်းများမှာမူ ရေစိုပြီး အညှောင့်ပေါက်
နေသောကြောင့် ဆန်ကောင်းမရနိုင်တော့ကြောင်း တညင်ကုန်းကျေးရွာမှ ကိုဟန်ရွှေကပြောသည်။

"လက်ရှိစပါးတွေကို ၀ယ်မယ့်လူလည်းရှိမှာ မဟုတ်ဘူး။ ဒီစပါးတွေကို ရအောင်နယ်ပြီးလို့ ကြိတ်ရင်လည်း အ၀ါဖောက်ပြီး ဆန်ကွဲပဲရမှာ"ဟု ၎င်းကပြောသည်။

ထို့ကြောင့် လယ်သမားများသည် ရေနစ်နေသော မိုးစပါးရိတ်သိမ်းရန်နှင့်
ဆောင်းသီးနှံစိုက်ပျိုးရန် ငွေကြေးအဓိက လိုအပ်နေကြောင်း 
လယ်သမားတိုင်းကပြောကြသည်။

ဓာတ်ပုံ- သန်းဌေး
7Day News Journal သုံးရက်ဆက်တိုက် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ အဆက်မပြတ်
ရွာသွန်းခဲ့သော အခါလွန်မိုးကြောင့် ဧရာဝတီ တိုင်းဒေသ ကြီး ဒေးဒရဲ မြို့နယ် အတွင်းရှိ စပါးခင်းအားလုံး၏ ခုနစ်ဆယ် ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ကြောင်းမြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းကပြောသည်။
ဒေးဒရဲမြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၁၈၀၀၀၀ တွင် ပေါ်ဆန်းဘေး ကြား စပါးမျိုး စိတ်ကို အဓိကထား စိုက်ပျိုးထားပြီး မိုးအဆက်မပြတ်

လုပ်ငန်းရှင်ကြိုက် စက်ရုပ်လုပ်သား

Photo: လုပ်ငန်းရှင်ကြိုက် စက်ရုပ်လုပ်သား
Wednesday, December 05, 2012 

လာမယ့်လ ၁ ရက်နေ့က အစပြုပြီး ထိုင်းတနိုင်ငံလုံးမှာ တနေ့တာအတွက် အနည်းဆုံးလုပ်အားခကို ဘတ်သုံးရာ သတ်မှတ်တော့မယ် ဆိုတာကြောင့် လုပ်ငန်းရှင်တို့ အာရုံကျလာတာကတော့ စက်ရုပ်တွေပဲ ဖြစ်ပါတယ် တဲ့။

ထိုင်းဘတ်သုံးရာ ဆိုတာ ဆယ်ဒေါ်လာ/ကျပ်ရှစ်ထောင် ၀န်းကျင် ရှိပါတယ်။
စက်ရုပ်သုံးနိုင်ရင်တော့ စက်ရုံတွေမှာ အလုပ်သမား/၀န်ထမ်းစရိတ်
လျှော့ချနိုင်ပြီပေါ့။

ဒီသတင်းကို တနင်္လာနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာ စီးပွားရေး
စာမျက်နှာမှာ ရေးထားတာပါ။သတ္တုတွေကို ၀ရိန်ဆော်ရ၊ ဖြတ်ရ၊
တောက်ရတဲ့ စက်ရုံမျိုးတွေမှာတော့ စက်ရုပ်ကို သုံးရင် အလုပ်ပိုတွင်၊  ကုန်ထုတ်စွမ်းအား တိုးပွားပါတယ် တဲ့။

ဘန်ကောက်နဲ့တခြားခရိုင်တွေမှာ အနည်းဆုံးနေ့တွက် ၃၀၀ သတ်မှတ်ချက် အစပြု သက်ရောက်တဲ့ ဧပြီလကတည်းက ဂျပန်ကို စက်ရုပ်တွေ လှမ်းမှာ
တာတွေ တိုးလာတယ်လို့ ဆိုတယ်။

Kubota ဆိုတဲ့ ကုမ္ပဏီက စက်ရုပ် ၂၀ - ၃၀ လှမ်းမှာတယ် ဆိုပဲ။

စက်ရုပ်ထုတ်တဲ့ Amada ကုမ္ပဏီက  ဂဟေဆော်တတ်တဲ့စက်ရုပ်ပေါင်း ၆၀၀ - ၇၀၀ လောက် ထိုင်းကို မနှစ်က ပို့ခဲ့ရသတဲ့။ ဒီနှစ်မှာလည်း ၅၀၀ - ၆၀၀ လောက် ထပ်ပို့ ထပ်ရောင်းရမယ်လို့ ယူဆနေပါတယ်။

လာမယ့်နှစ်မှာလည်း စက်ရုပ် အရောင်းကျမယ်မဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ မော်တော်ကားထုတ်လုပ်ရေးအလုပ်ရုံများက စက်ရုပ်တွေ သေချာပေါက် ထပ်လိုအပ်မှာကြောင့်ပါပဲ တဲ့။

ဝရိန်ဆော်တဲ့အလုပ်က ပူလောင်လွန်းတာမို့ လုပ်ချင်တဲ့သူ နည်းနည်းလာပါတယ်။ စက်ရုပ်တွေကတော့ ပူတာလည်း ဘာမှမပြော အေးတာလည်း ဘာမှမပြောဘဲ ဆော်မယ့်ကောင်တွေ
မဟုတ်လား။ ဒီတော့ စက်ရုပ်ကို အလုပ်ရှင် ပိုကြိုက်ပြီပေါ့။

စက်ရုပ်ရဲ့ အားသာချက်က လုပ်ငန်းခွင်ထဲ ရန်ဖြစ်တာ၊ လူမှုရေးကိစ္စ ဘာကိစ္စတွေ ရှုပ်တာ၊ ဆန္ဒပြတောင်းဆို ကန့်ကွက်တာ စသဖြင့် စသဖြင့်သော လူ့သဘာဝတွေ သူ့မှာ မရှိတာပါပဲ။ တနေ့ကို ၈ နာရီထက်မနည်း သူ့ကို ခိုင်းလို့ရပါသေးတယ်။

အားနည်းချက်ကတော့ အင်မတန် ကြီးမားပါတယ် - အဲဒါက - စက်ရုပ်တခု တန်ကြေးက မိုးထိနေတဲ့အချက်ပါ။


သတင်းထဲ ရေးထားချက်အရဆို ဂျပန်ဖြစ်စက်ရုပ်က ဘတ် ၂ သန်း တဲ့။ (ကျပ် သန်း ၅၀ ကျော်)ထိုင်းလုပ်ငန်းရှင်တို့က စက်ရုပ်ဝယ်ရေး
အတွက် အစိုးရဆီက ပိုက်ဆံချေးတယ်လို့ ဆိုပါတယ်။

ဧရာဝတီလာမယ့်လ ၁ ရက်နေ့က အစပြုပြီး ထိုင်းတနိုင်ငံလုံးမှာ တနေ့တာ အတွက် အနည်းဆုံးလုပ်အားခကို ဘတ်သုံးရာ သတ်မှတ်တော့မယ် ဆိုတာကြောင့် လုပ်ငန်းရှင်တို့ အာရုံ ကျလာတာ ကတော့ စက်ရုပ်တွေ ပဲ ဖြစ် ပါတယ် တဲ့။
ထိုင်းဘတ်သုံးရာ ဆိုတာ ဆယ်ဒေါ်လာ/ကျပ်ရှစ်ထောင် ၀န်းကျင် ရှိပါ

မူးမေ့သွားအောင်ပြုလုပ်ပြီး ပစ္စည်းများအားခိုးယူသူ

၎-၁၂-၂၀၁၂ရက်နေ့ ၀၉၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမြို့နယ်နေ မအေးအေးကြွယ် (၃၈)နှစ်သည် နေအိမ်တွင် တစ်ဦးတည်း စက်ချုပ်နေစဉ် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး
(စိစစ်ဆဲ)တို့ရောက်ရှိလာပြီး အထည်အပ်နှံသဖြင့် ၎င်းတို့အားကျောပေး၍ အထည်တိုင်း နေစဉ် မူးယစ် ထုံထိုင်းစေသော ပစ္စည်းတစ်ခုခုဖြင့် အုပ်လိုက်သည့်အတွက် ရှုရှိုက်မိပြီး
သတိလစ်သွားခဲ့ရာ ၁၀၀၀ အချိန် မိခင်ဖြစ်သူမှ လာရောက်နှိုး၍ ခုတင်ပေါ်တွင် ရောက်ရှိနေကြောင်းသိရပြီး ခန္ဓာကိုယ်တွင် ၀တ်ဆင်ထားသည့် ရွှေဆွဲကြိုး(၁)ကုံး၊ လက်ကောက်(၁)ကွင်း၊ လက်စွပ်(၃) ကွင်းနှင့် သေတ္တာ အတွင်းမှငွေ ကျပ်(၁)သိန်း၊စုစုပေါင်းတန်ဖိုး(၄,၇၇၀,၀၀၀)ကျပ်မှာ ပျောက်ဆုံးနေသဖြင့် ၁၃၃၀ အချိန် မအေးအေးကြွယ်မှတိုင်တန်းသဖြင့် အမှတ်(၄)ရဲစခန်း(ပ)၃၂၄/၁၂၊ ပြစ်မှုပုဒ်မ ၃၂၈/၃၈၀ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

  Facebook

လူငယ်ဘောလုံးသမားများ တိုက်ခိုက်မှုကြောင့် စည်းကြပ်ဒိုင် သေဆုံး


Photo: လူငယ်ဘောလုံးသမားများ တိုက်ခိုက်မှုကြောင့် စည်းကြပ်ဒိုင် သေဆုံး 
Wednesday, 05 December 2012

ဒတ်ခ်ျနိုင်ငံမှ ဘောလုံးစည်းကြပ်ဒိုင်တစ်ဦးမှာ ဆယ်ကျော်သက်
ဘောလုံးကစားသမား ၃ ဦး၏ အကြမ်းဖက် ထိုးကြိတ်တိုက်ခိုက်မှု
ကြောင့် သေဆုံးသွားသည်။ 

အသက် ၄၁ အရွယ် ရစ်ချတ်သည် ၎င်း၏သားဖြစ်သူ ပါဝင်
ကစားနေသော ဘောလုံးပွဲစဉ်တွင် စည်းကြပ်ဒိုင်အဖြစ် ဆောင်ရွက်စဉ် လူငယ်ဘောလုံးသမား ၃ ဦး၏ ထိုးကြိတ်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရာ ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ရသည်။ သို့သော် ရစ်ချတ်မှာ ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ရသည်။

ရတ်ချတ်၏သားဖြစ်သူ ကစားနေသော အယ်လ်မီရီ ဘိုင်တန်ဘွိုင်းကလပ်က ရတ်ချတ်သေဆုံးမှုကို မိသားစုနှင့် ထပ်တူထပ်မျှကြေကွဲရပါကြောင်း တွစ်တာမှတဆင့် ကြေညာသွားခဲ့သည်။ အသက် ၁၆နှစ်အရွယ် ကလေးတွေကစားတဲ့ဘောလုံးပွဲတွင် ယခုကဲ့သို့ဖြစ်ပွားရခြင်းမှာ ယုံနိုင်စရာမရှိကြောင်းနှင့် ရတ်ချတ်သေဆုံးရခြင်းသည် အယ်လ်မီရီနဲ့ မိမိတို့အတွက်တော့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးတစ်ခုဟု ခံစားရကြောင်း ဘိုင်တန်ဘွိုင်းကလပ်၏ ဥက္ကဋ္ဌဖြစ်သူ မာဆယ်အော့က နိုင်ငံပိုင်
အသံလွှင့်ဌာန NOS သို့ ပြောကြားခဲ့သည်။

ပြစ်မှုကျူးလွန်ခဲ့သော ကစားသမားသုံးဦးအား အသင်းမှ ထုတ်ပယ်ခဲ့ပြီး ရစ်ချတ် စည်းကြပ်ဒိုင်အဖြစ် ဆောင်ရွက်သည့် အပျော်တမ်းအဆင့်
ဘောလုံးပြိုင်ပွဲ၏ စနေ၊ တနင်္ဂနွေပွဲစဉ်အားလုံးကိုလည်း ဖျက်သိမ်း
လိုက်သည်။ 

ထို့အပြင် ဒတ်ခ်ျ ပြည်တွင်းလိဂ်ပွဲစဉ်များတွင်လည်း ဘောလုံးပွဲမစတင်မီ တစ်မိနစ်ငြိမ်သက်ကာ ရစ်ချတ်အတွက် ဝမ်းနည်းခြင်း အထိးမ်အမှတ်
ပြုလုပ်မည်ဖြစ်သည်။ ယင်းဖြစ်ရပ်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဋ္ဌ ဆပ် ဘလတ္တာ မှ ဒတ်ခ်ျဘောလုံးအဖွဲ့ချုပ် KNVB သို့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့ခဲသည်။

ထိုသ၀ဏ်လွှာတွင် ဘောလုံးအားကစားသည် လူ့အဖွဲ့အစည်း၏
ကြေးမုံတစ်ချပ်ဖြစ်ပြီး ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပွားနေခြင်းကို
လည်း ၀မ်းနည်းမိကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိအနေဖြင့် 
မစ္စတာ နျူဝမ်ဟိုင်ဇန်ကဲ့သို့ ခံစားရသောအဖြစ်ပျက်များက လူထုကို အမှားများကျူးလွန်ခြင်းမှ ကင်းဝေးစေရန်အတွက် ပညာပေးသော ဥပမာကောင်းတစ်ခုအဖြစ် မြင်မိပါကြောင်း ထည့်သွင်းဖော်ပြသွား
ခဲ့သည်။ ပြစ်မှုကျူးလွန်ခဲ့သော ကစားသမားများအား ရဲစခန်းမှ ထိန်းသိမ်းထားပြီး ဖြစ်စဉ်အသေးစိတ်ကို ဒတ်နိုင်ငံဘောလုံးအဖွဲ့ချုပ် KNVBမှတာဝန်ရှိသူများနှင့် ရဲအရာရှိများမှ ဆက်လက် စုံစမ်းလျက်ရှိသည်။

Planet Myanmar Network ဒတ်ခ်ျနိုင်ငံမှ ဘောလုံးစည်းကြပ်ဒိုင်တစ်ဦးမှာ ဆယ်ကျော်သက်
ဘောလုံးကစားသမား ၃ ဦး၏ အကြမ်းဖက် ထိုးကြိတ်တိုက်ခိုက်မှု
ကြောင့် သေဆုံးသွားသည်။ အသက် ၄၁ အရွယ် ရစ်ချတ်သည် ၎င်း၏သားဖြစ်သူ ပါဝင်ကစားနေသော ဘောလုံးပွဲစဉ်တွင် စည်းကြပ်ဒိုင် အဖြစ် ဆောင်ရွက်စဉ် လူငယ်ဘောလုံးသမား ၃ ဦး၏ ထိုးကြိတ် တိုက်ခိုက် ခံရမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရာ ဆေးရုံသို့

"ဥပဒေမဲ့ လက်သံပြောင်သော ရဲနှစ်ဦးအား လူသတ်မှုဖြင့် အမှုဖွင့်"

Photo: "ဥပဒေမဲ့ လက်သံပြောင်သော ရဲနှစ်ဦးအား လူသတ်မှုဖြင့် အမှုဖွင့်"
Wednesday, 05 December 2012

ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်အတွင်း မူးယစ်ရမ်းကားနေသူ တစ်ဦးကို ရဲနှစ်ဦးက ဖမ်းဆီးရိုက်နှက်ရာမှ သေဆုံးသွားသည်ဟုဆိုကာ အမှုဖွင့်
ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၉ ရက် နေ့ည ၁၁ နာရီခွဲခန့်က ရွှေပြည်သာမြို့နယ်၊
 ၉ ရပ်ကွက်၊ မဟာ မြိုင်လမ်းမကြီးဘေး ထမင်းဆိုင် အနီးတွင်
အောင်ကြွေပြားစက်ရုံမှ အထွေထွေလုပ်သား ကိုဇေယျာမင်း သည် မူးယစ်ရမ်းကားဆဲဆိုနေသည် ကို ရွှေပြည်သာမြို့နယ် လှော်ကား ရဲစခန်းမှရဲတပ်ဖွဲ့ဝင်နှစ်ဦးက လှည့် ကင်းလှည့်စဉ်တွေ့ရှိခဲ့သဖြင့် အိမ် သို့ပြန်ရန်ပြောဆိုသော်လည်း မပြန် ဘဲဆက်လက်ဆဲဆိုနေသည့်အတွက် ၄င်းအားလက်ထိပ်ခတ် ဖမ်းဆီးခဲ့ပြီး နောက် နံပါတ်တုတ်ဖြင့်ရိုက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ စသည်ဖြင့် ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ရိုက်နှက်
နေသည်ကို ရွှေပြည်သာမြို့နယ် ရဲ စခန်းမှ အခြားရဲတပ်သား တစ်ဦးက ဝင်ရောက် တားဆီးခဲ့သော်လည်း တားဆီး၍ မရခဲ့ကြောင်း၊ ခဏအ ကြာ၌ ကိုဇေယျာမင်းမှာ ရဲတပ်ဖွဲ့ဝင် နှစ်ဦး၏ ရိုက်နှက်မှုကြောင့်မြေကြီး ပေါ်သို့ 
လဲကျသွားခဲ့ကြောင်း အဆိုပါဖြစ်ရပ်အား မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောသည်။

ထို့နောက်ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ၄င်းအား ချီမ၍ ဆိုင်ကယ်ပေါ်သို့ တင်စဉ်ကိုဇေယျာမင်းမှာ နောက်သို့ လဲကျပြီး ဦးခေါင်းနှင့် ကားလမ်း ရိုက်မိကာ သေဆုံးသွားခဲ့ကြောင်း၊ထိုသို့ သေဆုံးမှုနှင့်ပတ်သက်၍ ရွှေ ပြည်သာရဲစခန်း မှ အဆိုပါအမှုအား (ပ) ၁၄၂၂/၂ဝ၁၂ ပုဒ်မ (၃ဝ၄/က)ဖြင့်အမှု ဖွင့်ထားခဲ့သော်လည်း သေ ဆုံးသူ၏အလောင်းအား ဆေးရုံသို့ ပို့၍ ဆေးစစ်ပြီးသည့်နောက် ယခင် လူသေမှုအစား (ပ)၁၄၂၂/၂ဝ၁၂ 
ပုဒ်မ (၃ဝ၂)ဖြင့် အမှုဖွင့်လှစ်ကာ အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ဖမ်း
ဆီးအရေးယူထားကြောင်း ရွှေပြည် သာရဲစခန်းမှ တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက ''အခုလို မူးယစ်ရမ်းကားနေသူ တစ်ယောက်ကို ဖမ်းဆီးရာမှာ သေ ဆုံးရတာနဲ့ပတ်သက်လို့ အဲဒီရဲတပ် ဖွဲ့ဝင်နှစ်ယောက်ကို ရဲကျင့်ထုံးမှာ ပြဋ္ဌာန်းထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့် ထုံးဥပဒေ ပုဒ်မ ၅၄ နဲ့အညီ မဖမ်း ဘဲ လိုအပ်တာထက် အခွင့်အာဏာ ပိုသုံးပြီးဖမ်းကာ လူသေဆုံးမှုဖြစ်ခဲ့ရ တဲ့အတွက် ရဲတပ်ဖွဲ့ကနေထုတ်လိုက် ပြီ။ သူတို့နှစ်ယောက်ကို တရား ဥပဒေအတိုင်း ကျောသားရင်သား မခွဲခြားဘဲ သူတို့ပြစ်မှုအတိုင်း နယ်ဘက်တရားရုံးမှာ လူသတ်မှုနဲ့ တရားစွဲသွားမယ်'' ဟု ပြောသည်။ ထို့အပြင် အဆိုပါရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာ ရဲလက်စွဲ ဥပဒေ ကျင့်ထုံး ဒုတိယတွဲအပိုဒ် ၁၆၉၆ တွင် ပြဋ္ဌာန်း ထားသောမသင်္ကာသူ များအား ဖမ်း ဆီးရာ၌ ခြိမ်းခြောက်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းများ
မပြုလုပ်ရဟူသော အချက်ကိုလည်း ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ၄င်းက ထပ်မံ ပြောသည်။

သူရထွန်း၊ ညွန့်ဝင်း
Popular Myanmar News Journal
ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်အတွင်း မူးယစ်ရမ်းကားနေသူ တစ်ဦးကို ရဲနှစ်ဦးက ဖမ်းဆီးရိုက်နှက် ရာမှ သေဆုံးသွားသည်ဟုဆိုကာ အမှုဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၉ ရက် နေ့ည ၁၁ နာရီခွဲခန့်က ရွှေပြည်သာမြို့နယ်၊၉ ရပ်ကွက်၊ မဟာ မြိုင်လမ်း

ရိုဟင်ဂျာဟု တောင်းဆိုမှုများကြောင့် ပေါက်တောမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီ ရှိ၊ မရှိ စစ်ဆေးခြင်း နှောင့်နှေးနေ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီ ရှိ၊ မရှိ စစ်ဆေးခဲ့ရာတွင် ရိုဟင်ဂျာ ဟု တောင်း ဆိုနေမှုများကြောင့် စစ်ဆေးမှုများ နှောင့်နှေးနေခဲ့ရကြောင်း သတင်းရရှိပါသည်။
စစ်ဆေးရာတွင် အသက် ၁၈ နှစ် ပြည့်သူ ဘင်္ဂါလီများ၏ ဘိုးဘွားများ၊ အဖေအမေများ၏ မွေးရာဇာတိ၊ လုပ်ကိုင
်ခဲ့သော အလုပ်အကိုင်၊သေဆုံးခဲ့သောနေရာ အစရှိသည်များကို မေးမြန်းခြင်းသာဖြစ်ပြီး

မြောက်ကိုရီးယားမှတစ်ဆင့် လက်နက်အဆင့် ထုတ်လုပ်နိုင်သည့်ပစ္စည်းများ တင်ပို့သည်ဟုသိရသော စိုးမင်းထိုက်ကုမ္ပဏီမှာ ၂၀၀၈ ခုနှစ်ကတည်းက ကုမ္ပဏီသက်တမ်းကုန်ဆုံးနေပြီး ပို့ကုန်သွင်းကုန်လုပ်ငန်း လိုင်စင် သက်တမ်းမရှိတော့သည့် ကုမ္ပဏီဖြစ်ကြောင်း စီးပွားကူးသန်းမှ သိရ


Photo: မြောက်ကိုရီးယားမှတစ်ဆင့် လက်နက်အဆင့် ထုတ်လုပ်နိုင်သည့်ပစ္စည်းများ တင်ပို့သည်ဟုသိရသော စိုးမင်းထိုက်ကုမ္ပဏီမှာ ၂၀၀၈ ခုနှစ်ကတည်းက ကုမ္ပဏီသက်တမ်းကုန်ဆုံးနေပြီး ပို့ကုန်သွင်းကုန်လုပ်ငန်း လိုင်စင်
သက်တမ်းမရှိတော့သည့် ကုမ္ပဏီဖြစ်ကြောင်း စီးပွားကူးသန်းမှ သိရ  
Wednesday, 05 December 2012 

မြောက်ကိုရီးယားမှ တစ်ဆင့် လက်နက်အဆင့်ထုတ်လုပ်နိုင်သည့် ပစ္စည်းများတင်ပို့သည်ဟု သိရသော စိုးမင်းထိုက်ကုမ္ပဏီမှာ ၂၀၀၈ ခုနှစ်ကတည်းက ကုမ္ပဏီသက်တမ်း ကုန်ဆုံးနေပြီး ပို့ကုန်သွင်းကုန်လုပ်ငန်း လိုင်စင်သက်တမ်းမရှိတော့သည့် ကုမ္ပဏီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

“ကျွန်တော်တို့ ဘဏ္ဍာရေးနှစ်အလိုက် စာရင်းတွေပြန်ကြည့်တော့ စိုးမင်းထိုက်ကုမ္ပဏီက ၂၀၀၈ ခုနှစ်ကတည်းက ကုမ္ပဏီသက်တမ်းကုန်နေပြီ။ သက်တမ်းလည်း ထပ်တိုးခြင်းမရှိဘူး။ လိုင်စင်သက်တမ်းကုန်နေတဲ့ ကုမ္ပဏီလို့ ပြောရမှာပါ။ ၂၀၀၈ ကတည်းကဆိုတော့ သုံးနှစ်ကျော်ပါပြီ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားခဲ့ပါသည်။

မြောက်ကိုရီးယားမှ  ရန်ကုန်အခြေစိုက် စိုးမင်းထိုက်ကုမ္ပဏီသို့ တင်ပို့သော လက်နက်အဆင့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများပါသင်္ဘောအား ဂျပန်ဆိပ်ကမ်းတွင် ရပ်နားစဉ် ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ယင်းသင်္ဘောတွင် သတ္တုပိုက်လုံး ၅၀ ခန့်၊ အထူးပြုလုပ်ထားသော အလူမီနီယံအလွိုင်းဘား ၁၅ ခုခန့်တို့ အပါအဝင် အခြားပစ္စည်းများကို တင်ဆောင်လာခြင်းဖြစ်ပြီး ယင်းပစ္စည်းများမှာ အနည်းဆုံးအားဖြင့်
နျူကလီးယားလက်နက်စီမံကိန်းအတွက် လိုအပ်သောစက်ဒလက်များ
ပြုလုပ်ရာတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဇူလိုင်လ ၂၇ ရက်နေ့က စင်ကာပူ၌ မှတ်ပုံတင်ခဲ့သော တန်ချိန် ၁၇၁၃၈ တန်ရှိသော Wan Hai 215 သင်္ဘောပေါ်တွင် ယင်းပစ္စည်းများ တင်ဆောင်လာခဲ့သည်ဟုတာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု
နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ အဆိုပါ သတင်းပါအကြောင်းအရာများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ပြန်လည်ငြင်းဆိုထားသည်။

“အကယ်၍ ဒီသတင်းမှန်တယ်ဆိုရင်တောင် အဲဒီသတင်းမှာပါတဲ့ သက်ဆိုင်ရာကုမ္ပဏီနဲ့သာ ဆိုင်ပါလိမ့်မယ်။ မြန်မာအစိုးရနဲ့ ပတ်သက်ခြင်း လုံးဝမရှိပါဘူး” ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ငြင်းဆိုထားသည်ဟု ရန်ကုန်တိုင်းမ်ဂျာနယ်တွင်
ဖော်ပြထားသည်။

ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် စိုးမင်းထိုက်ကုမ္ပဏီသည် လွန်ခဲ့သည့် နှစ် ၂၀ ဝန်းကျင်မှစ၍ တရုတ်နိုင်ငံထုတ် စစ်တပ်သုံးထရပ်ကားများ အပါအဝင် စစ်တပ်သုံးပစ္စည်းအချို့ကို တင်သွင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ယင်းကုမ္ပဏီနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

Eleven Media Group မြောက်ကိုရီးယားမှ တစ်ဆင့် လက်နက်အဆင့်ထုတ်လုပ်နိုင်သည့် ပစ္စည်းများတင်ပို့သည်ဟု သိရသော စိုးမင်းထိုက်ကုမ္ပဏီမှာ ၂၀၀၈ ခုနှစ်ကတည်းက ကုမ္ပဏီသက်တမ်း ကုန်ဆုံးနေပြီး ပို့ကုန် သွင်းကုန် လုပ်ငန်း လိုင်စင်သက်တမ်းမရှိတော့သည့် ကုမ္ပဏီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
“ကျွန်တော်တို့ ဘဏ္ဍာရေးနှစ်အလိုက် စာရင်းတွေပြန်ကြည့်တော့ စိုးမင်းထိုက်ကုမ္ပဏီက ၂၀၀၈ ခုနှစ်ကတည်းက ကုမ္ပဏီ သက်တမ်း ကုန်နေပြီ။ သက်တမ်းလည်း ထပ်တိုးခြင်းမရှိဘူး။ လိုင်စင် သက်တမ်း ကုန်နေတဲ့ ကုမ္ပဏီလို့ ပြောရမှာပါ။ ၂၀၀၈ ကတည်းကဆိုတော့ သုံးနှစ်ကျော်ပါပြီ” ဟု စီးပွားရေးနှင့် ကူး

ထိုင်းရောက်မြန်မာလုပ်သားများကို ဒီဇင်ဘာ ၃၁ နောက်ဆုံးထား၍ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည်၊ ဇန်န၀ါရီ ၁ ရက်မှစ၍ တစ်ရက်လုပ်ခ ဘတ် ၃၀၀ ရမည်


Photo: ထိုင်းရောက်မြန်မာလုပ်သားများကို ဒီဇင်ဘာ ၃၁ နောက်ဆုံးထား၍ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည်၊ ဇန်န၀ါရီ ၁ ရက်မှစ၍ တစ်ရက်လုပ်ခ ဘတ် ၃၀၀ ရမည်
Wednesday, December 05, 2012

ထိုင်းနိုင်ငံ၌ အထောက်အထား မ လုပ်ရသေးသော မြန်မာလုပ်သား တစ်သန်းနီးပါးသည် ယာယီနိုင်ငံကူးလက်မှတ်နှင့် နိုင်ငံသားသက်
သေခံလက်မှတ်ကို ဒီဇင်ဘာ ၃၁ရက်နောက်ဆုံးထား ပြုလုပ်ရမည်
ဖြစ်ကြောင်းအလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ၀န်ကြီး
ဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။

တရားမ၀င်မြန်မာလုပ်သားများအားယာယီနိုင်ငံကူးလက်မှတ်ထုတ်
ပေးခြင်းနှင့် နိုင်ငံသား သက်သေခံလက်မှတ်ထုတ်ပေးခြင်းကို ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အထိ ခွင့်ပြုခဲ့သည်။ ထပ်မံ၍ သက်တမ်းတိုးမြှင့်ပေးရန် ထိုင်းအစိုးရကလောလောဆယ် အစီအစဉ် မရှိသည့်အတွက်ကြောင့်
ဖြစ်သည်။

“အခုသူတို့ ဒီဇင်ဘာ ၁၄ မတိုင်ခင်မှာ သက်တမ်းတိုးတာ နှစ်ကြိမ်
တိုးပေးထားပေမယ့် နောက်ထပ်ဒီဘက်က အထောက်အထားမဲ့နဲ့ ခိုးဝင်နေတဲ့ အလုပ်သမားက များများလာတယ်။ အဲဒီအခါကျတော့ အခုထပ်လုပ်ပေးလည်း နောက်တိုးဦးမှာပဲ” ဟု ဒုဝန်ကြီးဦးမြင့်သိန်းက
ပြောသည်။

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ကာလ သက်တမ်းတိုးမြှင့်ပေးရန်
နှစ်နိုင်ငံအလုပ်သမား ဒုဝန်ကြီးအဖွဲ့တို့သည် ညှိနှိုင်းဆွေးနွေးပွဲများ၌ 
အကြိတ်အနယ်ဆွေးနွေးခဲ့ရာ ဒီဇင်ဘာ ၁၄ မှ ၃၁ ရက်ထိ တိုး၍ခွင့်ပြုပေးခဲ့သည်။ ထို့အပြင် ၂၀၀၉ ခုနှစ်က ယာယီနိုင်ငံ
ကူးလက်မှတ်များ ပြုလုပ်ခဲ့သူများ၏ ပတ်စပို့သက်တမ်း တိုးမြှင့်ပေးရန်နှင့် အထောက်အထားမဲ့ ကလေးများအား အထောက်အထားပြုလုပ်ပေးရန်
နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် စခန်းငါးခုအနက်နှစ်ခုအား
ရွေးချယ်ခွင့်ပေးထားကြောင်း သတင်းရရှိသည်။

“လာအိုနဲ့ ကမ္ဘောဒီးယားကို ငါတို့လိုပဲ လုပ်နေတာ။ သူတို့က ထိုင်းရဲ့ သဘောအတိုင်းတူတယ်ဆိုတော့ အားကိုးမရှိတော့ဘူး။ ဒါပေမဲ့ ငါတို့လုပ်သားတွေက သူတို့ထက် သန်းဂဏန်းများတယ်။ ဆက်ပြီး ညှိနေအုံးမှာပဲ” ဟု နေပြည်တော်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

ထို့ပြင် တရားဝင်အထောက်အထားရှိသော မြန်မာလုပ်သားများကို 
၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ရက် မှစ၍ ထိုင်းနိုင်ငံသားတို့နှင့် တန်းတူ လစာငွေတစ်ရက်လျှင် ဘတ်သုံးရာထိ တိုးမြှင့်မည်ဟု ဆိုသည်။

“လုပ်ခလစာငွေကိုလည်း လာမည့် ဇန်န၀ါရီ ၁ ရက်မှ စပြီး အတတ်နိုင်ဆုံးတူအောင် လုပ်ပေးမယ်။ တစ်နိုင်ငံလုံးတန်းတူပဲ သူတို့ နိုင်ငံသားနဲ့ နီးစပ်အောင်ထိ လုပ်ပေးမယ်” ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံသို့ တရားဝင် အေဂျင်စီဖြင့် သွားမည့် မြန်မာလုပ်သားများအား
လေကြောင်းလိုင်းဖြင့် ပို့ဆောင်ရန်အတွက်လည်း ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း
ဒုဝန်ကြီး ဦးမြင့်သိန်းကပြောသည်။ 

ထိုင်းအစိုးရဘက်မှ မြန်မာလုပ်သားအရေအတွက်အား သောင်းဂဏန်း
သာပြောသောကြောင့် မြန်မာ လုပ်သားအရေအတွက် အတိအကျရရှိရန် ထိုင်းအင်န်ဂျီအို အဖွဲ့များအား စာရင်းကောက်ခိုင်းထားပြီး ကျန်ရှိနေသေး
သည့် လုပ်သား တစ်သန်းနီးပါးအတွက် အထောက်အထားရရှိရန် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

7Day News Journal
ဓာတ်ပုံ - AFP ထိုင်းနိုင်ငံ၌ အထောက်အထား မ လုပ်ရသေးသော မြန်မာလုပ်သား တစ်သန်းနီးပါးသည် ယာယီနိုင်ငံကူးလက်မှတ်နှင့် နိုင်ငံသားသက်
သေခံလက်မှတ်ကို ဒီဇင်ဘာ ၃၁ရက်နောက်ဆုံးထား ပြုလုပ်ရမည်
ဖြစ်ကြောင်းအလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ၀န်ကြီး
ဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။ တရားမ၀င်မြန်မာ လုပ်သား များအားယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းနှင့် နိုင်ငံသား သက်သေ ခံလက်မှတ်ထုတ်ပေးခြင်းကို ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အထိ

အမေရိကန်တွင် တုပ်ကွေးရာသီ စောစီးစွာဖြစ်ပွား

Photo: အမေရိကန်တွင် တုပ်ကွေးရာသီ စောစီးစွာဖြစ်ပွား 
Wednesday, December 05, 2012 

အမေရိကန်နိုင်ငံ၏ ရောဂါကာကွယ်ရေးနှင့် ကုသရေးဌာန (CDC)က တုပ်ကွေးရာသီသည် ယခုနှစ်တွင် စောစီးစွာ ဖြစ်ပေါ်လာပြီး ယခင်နှစ်များထက် ပိုမိုပြင်းထန်သည်ဟု ပြောကြားခဲ့သည်။ တုပ်ကွေးရောဂါသည် ယခုနှစ်တွင် ယခင်နှစ်များထက် တစ်လခန့် ပိုမိုစောစီးစွာ ဖြစ်ပွားလျက်ရှိပြီး ဖြစ်ပွားနှုန်းမှာလည်း ယခင်ကထက် အနည်းငယ် ပိုနေသည်ဟု CDC မှ ဒါရိုက်တာ သောမတ် ဖရိုက်ဒန်က ဆိုသည်။ H3N2 သည် ပြင်းထန်သော တုပ်ကွေးရာသီနှင့် နှီးနွယ်နေသော ဗိုင်းရပ်စ်တစ်မျိုးဖြစ်ကာ ယခုနှစ်တွင် အဖြစ်များနေသော ရောဂါ
တစ်မျိုးလည်းဖြစ်သည်။

ရောဂါပိုး၏ဗီဇကို လေ့လာကြည့်ရှုရာမှ ယခုနှစ်သည် ဆိုးရွားသော
တုပ်ကွေးဖြစ်မည့် နှစ်တစ်နှစ်ဖြစ်ပြီး ၎င်းအတွက် ထိရောက်သော
ကာကွယ်ဆေးများကိုလည်း ဖြန့်ဝေသွားမည်ဖြစ်သည်ဟု ဖရိုက်ဒန်က ပြောကြားသွားသည်။ 

ကာကွယ်ဆေးပေါင်း ၁၂၃သန်းခန့်ကို ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများမှ ကြိုတင်ဖြန့်ဝေခဲ့ကာ လူဦးရေ ၁၁၂သန်းကိုလည်း ကာကွယ်ဆေးများ ကြိုတင်ထိုးနှံခဲ့ပြီးလည်း ဖြစ်သည်။ ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးဝါးပညာရှင်များက နိုင်ငံတွင်းရှိ ကိုယ်ဝန်ဆောင်
အမျိုးသမီးထက်ဝက်ခန့်နှင့် လူထု ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ကလေးငယ်များကိုလည်း ကာကွယ်ဆေး ထိုးပေးခြင်းခံရသော ကလေးငယ်အရေအတွက်မှာလည်း ပိုမိုတိုးပွားလာသည်။ CDC ၏ 
အဆိုအရ သံယဖြစ်ဖွယ်တုပ်ကွေးသည် တောင်ပိုင်းပြည်နယ်များဖြစ်သော အယ်လ်ဘားမား၊ လူးဝစ်စီယာနာ၊ မစ္စစပီ၊ တန်းနက်စက် နှင့် တက္ကစက် ဒေသများသို့ ကူးစက်ပျံနှံ့လာသည်ဟု သိရသည်။ ခရစ်စမတ်ကာလ ပြီးသည့်တိုင်အောင် ဖြစ်ပွားလေ့မရှိခဲ့သော တုပ်ကွေးသည် ယခုနှစ်တွင် ပိုမိုစောစီးစွာ ဖြစ်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

Source: XinhuaNet
Planet Myanmar Networkအမေရိကန်နိုင်ငံ၏ ရောဂါကာကွယ်ရေးနှင့် ကုသရေးဌာန (CDC)က တုပ်ကွေးရာသီသည် ယခုနှစ်တွင် စောစီးစွာ ဖြစ်ပေါ်လာပြီး ယခင်နှစ်များထက် ပိုမိုပြင်းထန်သည်ဟု ပြောကြားခဲ့သည်။ တုပ်ကွေးရော ဂါသည် ယခုနှစ်တွင် ယခင်နှစ်များထက် တစ်လခန့် ပိုမိုစော စီးစွာ ဖြစ် ပွားလျက် ရှိပြီး ဖြစ်ပွားနှုန်းမှာလည်း ယခင်ကထက် အနည်းငယ် ပိုနေသည်ဟု CDC မှ ဒါရိုက်တာ သောမတ် ဖရိုက်ဒန်က ဆိုသည်။ H3N2 သည် ပြင်း ထန်သော တုပ်ကွေး ရာသီနှင့်   နှီးနွယ်နေသော ဗိုင်းရပ်စ်တစ်မျိုးဖြစ်ကာ

ဒမတ်စကတ်မြို့မှ သူပုန်များကို တိုက်လေယာဉ်များ ဗုံးကြဲတိုက်ခိုက်


Photo: ဒမတ်စကတ်မြို့မှ သူပုန်များကို တိုက်လေယာဉ်များ ဗုံးကြဲတိုက်ခိုက်
Wednesday, December 05, 2012 

သမ္မတ ဘာရှာအယ်လ်အာဆတ်ကို ရာထူးမှ အတင်းအကျပ် ဖယ်ရှားခဲ့မည်ဆိုလျှင် နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့များကို 
လက်ခံမည်ဟု အတိုက်အခံတို့က အရိပ်အမြွက် ဖော်ပြနေစဉ်မှာပင် ဆီးရီးယား တိုက်လေယာဉ်များက သူပုန်တို့ ထိန်းချုပ်ထားသည့် ဒမတ်စကတ်မြို့မှ နယ်မြေများကို စနေနေ့၌ ဗုံးကြဲတိုက်ခိုက်သည်။ 

ဆီးရီးယား လူ့အခွင့်အရေး လေ့လာရေးအဖွဲ့အဆိုအရ စစ်လေယာဉ်များသည် ဒမတ်စကတ်မြို့၏ ကာဖာ၊ ဆော်ဆက်နှင့် ဒါရာယာရပ်ကွက်များကို တိုက်ခိုက်ခဲ့သည်။ သမ္မတအာဆတ်၏ အာဏာစိုက်ရာ မြို့တော်တွင် သူပုန်တို့၏ လှုပ်ရှားမှု အရှိန်အဟုန်မြင့်လာစဉ် ယင်းသို့ တိုက်ခိုက်ခြင်းဖြစ်သည်။ ဆီးရီးယား အမြဲတမ်း တပ်ဖွဲ့များသည် မြို့တော်ဝန်းကျင် နယ်မြေများကို ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိသည်။

Khit Lu Nge သမ္မတ ဘာရှာအယ်လ်အာဆတ်ကို ရာထူးမှ အတင်းအကျပ် ဖယ်ရှားခဲ့မည်ဆိုလျှင် နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့များကို
လက်ခံ မည်ဟု အတိုက်အခံတို့က အရိပ်အမြွက် ဖော်ပြနေစဉ်မှာပင် ဆီးရီးယား တိုက်လေယာဉ်များက သူပုန်တို့ ထိန်းချုပ်ထားသည့်

အင်္ဂလန် ကလပ်များ ရှုံးပွဲကိုယ်စီ တွေ့ခဲ့ရသည့် ချန်ပီယံလိဂ် ပွဲစဉ်များ

Photo: အင်္ဂလန် ကလပ်များ ရှုံးပွဲကိုယ်စီ တွေ့ခဲ့ရသည့် ချန်ပီယံလိဂ် ပွဲစဉ်များ
Wednesday, December 05, 2012 

အုပ်စု (A)

ဒိုင်နမိုကိယက်ဗ် အသင်း ယူရိုပါလိဂ် တစ်နေရာစာ သေချာနေပြီး PSGနှင့် ပေါ်တို အသင်းတို့ ချန်ပီယံလိဂ် တစ်နေရာစီ ပိုင်ဆိုင် နေခဲ့သည့် အုပ်စုတွင်တော့ ပြင်သစ်မြေတွင် ကစားခဲ့သည့် အုပ်စုဗိုလ် လုပွဲကသာ စိတ်ဝင် စားစရာ ကောင်းခဲ့သည်။

PSG ၂-၁ ပေါ်တို

ယခုပွဲတွင်တော့ အိမ်ရှင် အသင်း အနိုင်ပွဲ ရယူနိုင် ခဲ့ပြီး ပေါ်တို အသင်းကို ကျော်တက်ကာ အုပ်စုဗိုလ် ဖြစ်သွားခဲ့သည်။ နှစ်သင်းလုံး အုပ်စုဗိုလ် ဖြစ်ရန် မျှော်လင့်ချက်နှင့် လူစုံတက်စုံ ကစားခဲ့သဖြင့် ပွဲ မြိုင်ဆိုင် ခဲ့ပြီး တိုက်စစ်ဦးစားပေး ကစားခဲ့ကြသည်။ အိမ်ရှင် အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၂၉) မိနစ်မှာပင် နောက်ခံလူ သီယာဂိုဆေးလ်ဗား က သွင်းယူပေးနိုင် ခဲ့သော်လည်း ၄မိနစ် အကြာတွင်ပင် မာတီနက်ဇ် က ပေါ်တိုအတွက် ပြန်လည် ချေပခဲ့သည်။ သို့သော်လည်း တိုက်စစ်မှုး လာဗက်ဇီ က အိမ်ရှင် အသင်း အုပ်စုဗိုလ် ဖြစ်စေမည့် ဂိုးကို ပွဲချိန် (၆၁) မိနစ်တွင် သွင်းယူပေးနိုင် ခဲ့သည်။

ဒိုင်နမိုဇာဂရတ် ၁-၁ ဒိုင်နမိုကိယက်ဗ်

နှစ်သင်းလုံး အတွက် ရလဒ်ပိုင်း အရေး မပါခဲ့သောကြောင့် အရံ ကစားသမား များဖြင့် ပွဲကို အဖြစ်သာ ကစားသွား ခဲ့ကြသည်။ ဧည့်သည် အတွက် ပထမပိုင်း အချိန်ပိုတွင် ယာမိုလန်ကို က ဦးဆောင်ဂိုး သွင်းယူ ခဲ့သော်လည်း ပွဲချိန် နောက်ဆုံးမိနစ် တွင် အိမ်ရှင် အသင်း ပင်နယ်တီ ရခဲ့ကာ ကာစတန်နိုဗစ် က အမှားအယွင်းမရှိ သွင်းယူခဲ့ပြီး အိမ်ကွင်းတွင် သရေရလဒ် ရယူနိုင် ခဲ့သည်။

အုပ်စု (B)

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် နေရာများ အတွက် ကိုယ်စီ အဖြေပေါ်ပြီးသား
ဖြစ်သော်လည်း အုပ်စု ဗိုလ် နေရာအတွက် အာဆင်နယ် နှင့် ရှောလ်ကေး အသင်းတို့ တိုက်ပွဲ ဝင်ခဲ့ကြရသည်။ နှစ်သင်းလုံး နိုင်ပွဲမရရှိခဲ့သော်လည်း အာဆင်နယ် အသင်း အဝေးကွင်းတွင် ရှုံးနိမ့် ခဲ့ရပြီး အုပ်စု ဒုတိယ
နေရာဖြင့်သာ ကျေနပ် ခဲ့ရသည်။

အိုလံပီယာကော့စ် ၂-၁ အာဆင်နယ်

ယနေ့ပွဲတွင် ဧည့်သည် အာဆင်နယ် အသင်း၌ အရန် ကစားသမားများစွာ အသုံးပြု သွားခဲ့သည်ကို တွေ့ရပြီး ချာမက်၊ ရိုဆစ်စကီး၊ ကိုကွီလင်၊ စကွီလာစီ၊ ဂျန်ကင်ဆင် တို့ ပါဝင် ကစားခဲ့ကြသည်။ အိမ်ရှင် အိုလံပီယာကော့စ် သည်လည်း ယူရိုပါလိဂ် ဝင်ခွင့်ရနေရာ သေချာခဲ့ပြီ
ဖြစ်သဖြင့် အဓိက ကစားသမား အချို့ကို ချန်လှပ် ခဲ့သည်။

ပွဲချိန် (၃၈) မိနစ်တွင် အာဆင်နယ် အသင်းအတွက် ရိုဆစ်စကီး ဦးဆောင်ဂိုး သွင်းယူပေး ခဲ့ပြီး အိမ်ရှင် အသင်းကို ဖိအားပေး ခဲ့သော်လည်း ရလဒ်ကောင်း ရယူနိုင်ရန် လုံလောက်ခဲ့ခြင်း မရှိပါဘူး။ အိမ်ရှင် အတွက် ချေပဂိုးနှင့် အနိုင်ဂိုးကို ပွဲချိန် ဒုတိယပိုင်းတွင် ပြန်လည် သွင်းယူခဲ့သည်။ ပွဲချိန် (၆၄) မိနစ်တွင် မန်နီယားတစ် က ချေပဂိုး သွင်းယူခဲ့ခြင်း ဖြစ်ကာ နောက်ထပ် (၉) မိနစ် အကြာတွင် မီထရိုဂလော က အိမ်ရှင်ပရိသတ် အတွက် အနိုင်ပွဲ
ဖန်တီးစေမည့် ဂိုးကို သွင်းယူပေး ခဲ့သည်။ ယခုပွဲ ရလဒ်ကြောင့် အာဆင်နယ် အသင်း အုပ်စု ဒုတိယ နေရာနှင့် ကျေနပ် ခဲ့ရသည်။

မောင့်ပယ်လီယာ ၁-၁ ရှောလ်ကေး

အုပ်စုပွဲစဉ် အားလုံးတွင် သရေတစ်မှတ်သာ ရယူထားနိုင်သည့်
မောင့်ပယ်လီယာ အသင်းသည် အပိတ်ပွဲစဉ်တွင်လည်း အုပ်စုဗိုလ်
ရှောလ်ကေး ထံမှ သရေတစ်မှတ် ခွဲယူနိုင် ခဲ့ပြန်သည်။ အဓိက ကစားသမား များ ပါဝင်ခြင်း မရှိသည့် ယနေ့ပွဲစဉ်ဟာ ပွဲကောင်း တစ်ပွဲ မဖြစ်ခဲ့ပဲ ပွဲချိန် ဒုတိယပိုင်း သွင်းဂိုးများနှင့် တစ်ဂိုးစီ သရေကျခဲ့သည်။ အဖွင့်ဂိုးကို ဧည့်သည် အသင်းမှ ဟိုးဝီးဒီးစ် က ပွဲချိန် ၅၆မိနစ် တွင် သွင်းယူခဲ့ပြီး အိမ်ရှင်အသင်း တိုက်စစ်မှုး ဟာရဲရား က သုံးမိနစ်အတွင်း ပြန်လည် ချေပခဲ့သည်။ ယခုပွဲ သရေရလဒ်ကြောင့် ရှောလ်ကေး အသင်း အာဆင်နယ်နှင့် နှစ်မှတ်အကွာ
ရောက်ရှိသွားပြီး အုပ်စုဗိုလ် ဖြစ်ခဲ့သည်။

အုပ်စု (C)

ချန်ပီယံလိဂ် အုပ်စု တက်ရောက်သွားသည့် အသင်းများ အတွက် ယှဉ်ပြိုင်မှု မရှိတော့သော်လည်း ဇင်းနစ်နှင့် အန်းဒါးလက်ခ်ျ တို့ ယူရိုပါလိဂ်
မျှော်လင့်ချက် အတွက် ရလဒ်ကောင်းများ ရရန် ကြိုးစားသွားခဲ့ကြသည်။ အုပ်စု အပိတ်ပွဲစဉ်၌ နှစ်သင်းလုံး အဝေးကွင်း တွင် သွားရောက် ကစားခဲ့ရပြီး ဇင်းနစ် အသင်း အနိုင်ရလဒ် ရယူနိုင်ခဲ့ကာ အန်းဒါးလက်ခ်ျ သရေကျ ခဲ့သဖြင့် ဇင်းနစ် ယူရိုပါလိဂ် ဝင်ခွင့် ရခဲ့သည်။

မီလန် ၀-၁ ဇင်းနစ်

မီလန် အသင်းသည် ချန်ပီယံလိဂ် အုပ်စု ဗိုလ်နေရာအတွက် မျှော်လင့်ချက် မရှိတော့သည်နှင့် အညီ အဓိက ကစားသမား အချို့ကို ချန်လှပ်ခဲ့ချိန် လူစုံတက်စုံ ကစားခဲ့သည့် ဇင်းနစ် အသင်းကို အိမ်ကွင်းတွင် အရှုံးပေး ခဲ့ရသည်။ ဧည့်သည် ဇင်းနစ်ကို ယူရိုပါလိဂ် ဝင်ခွင့် ရစေမည့် တစ်လုံးတည်းသော အနိုင် ဂိုးကိုတော့ ကွင်းလယ် တောင်ပံ ကစားသမား ဒန်နီ က ပထမပိုင်း ပွဲချိန် (၃၅) မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

မာလာဂါ ၂-၂ အန်းဒါးလက်ခ်ျ

မာလာဂါ အသင်း အုပ်စုဗိုလ် ဖြစ်ပြီးနေ၍ အရံ ကစားသမားများဖြင့်သာ ပွဲကို ရင်ဆိုင် ခဲ့ရသော်လည်း ဧည့်သည် အန်းဒါးလက်ခ်ျ ကို အသာစီးမှ ကစားသွားနိုင် ခဲ့သည်။ ထို့အပြင် ပွဲကို ဒူဒါ၏ သွင်းဂိုးများနှင့်
နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင် ခဲ့သော်လည်း အန်းဒါးလက်ခ်ျ က ပြန်လည် ချေပခဲ့သဖြင့် ၂ဂိုးစီ သရေရလဒ် ထွက်ပေါ် ခဲ့သည်။ အိမ်ရှင်အတွက် ဒူဒါ က ပွဲချိန် (၄၅)နှင့် (၆၁) မိနစ်တွင် သွင်းယူခဲ့ပြီး ဧည့်သည်အတွက် ဂျိုဗန်နိုဗစ် က ပွဲချိန် မိနစ် (၅၀) တွင် ပထမချေပဂိုး၊ အမ်ဘိုကာနီ က ပွဲချိန် (၈၉) မိနစ်တွင် ဒုတိယချေပဂိုး တို့ကို သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ယခု သရေရလဒ်ကြောင့် အန်းဒါးလက်ခ်ျ အသင်း ယူရိုပါလိဂ် ဝင်ခွင့် ဆုံးရှုံး ခဲ့ရသည်။

အုပ်စု (D)

ချန်ပီယံလိဂ် ရှုံးထွက် အဆင့်အတွက် တက်ရောက်မည့် နှစ်သင်း အဖြေပေါ်ပြီး ဖြစ်တဲ့ ဒီအုပ်စုမှာတော့ ယူရိုပါလိဂ် နေရာအတွက် ယှဉ်ပြိုင်မှုတွေ ရှိခဲ့ပါတယ်။ သို့သော်လည်း ယူရိုပါလိဂ် ပြိုင်ပွဲဝင်ခွင့် ရစေရေး ရလဒ်ကောင်း လိုအပ်နေသည့် အသင်း နှစ်သင်းလုံး အဝေးကွင်း ရှုံးပွဲများ ကြုံတွေ့ခဲ့ရပြီး အုပ်စု ရပ်တည်ချက် အပြောင်းအလဲ မရှိခဲ့ပါဘူး။

ဒေါ့မန် ၁-၀ မန်စီးတီး

ဒေါ့မန် အသင်းနှင့် မန်စီးတီး တို့ရဲ့ ပွဲစဉ်မှာတော့ အုပ်စုဗိုလ် ဖြစ်ပြီးသား
ဒေါ့မန် အသင်းကပဲ အိမ်ကွင်း ရလဒ်ကောင်း ရယူနိုင် ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အိမ်ရှင် အသင်း အတွက် အဓိက ကစားသမား အချို့ ပါဝင်ခဲ့ခြင်း မရှိခဲ့သလို မန်စီးတီး အသင်းတွင်လည်း အဓိက ကွင်းလယ်လူများဖြစ်သည့်
ဆေးလ်ဗားနှင့် ယာယာတိုရေး တို့ မပါဝင်ခဲ့ချေ။ အိမ်ရှင် အသင်းသည် ၎င်းတို့အတွက် အနိုင်ရလဒ် မလိုအပ်သော်လည်း မန်စီးတီး အသင်းအား ကစားကွက် အသာစီးဖြင့် ကစားနိုင် ခဲ့ကာ အနိုင်ရယူနိုင် ခဲ့သည်။

ယခုပွဲတွင် နှစ်သင်းလုံး ဂိုးသွင်းကန်ချက် များ ရယူနိုင်ခဲ့သည်ကို
တွေ့ခဲ့ရပြီး နှစ်ဖက် အသင်း ဂိုးသမားများ လက်စွမ်းကိုယ်စီ ပြ ခဲ့ရသည်။ အိမ်ရှင် အတွက် တစ်လုံးတည်းသော အနိုင် ဂိုးကို တိုက်စစ်မှုး ရှိုက်ဘာက ဂိုးပေါက်နှင့် အနီးကပ် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ဒုတိယပိုင်းတွင် မန်စီးတီး အသင်းဖက်မှ အဂွေရို၊ ဘာလော့တယ်လီ နှစ်ဦး ဒီဇီကိုနှင့် ဆင်ကလဲယား အစား လူစားဝင် ခဲ့သော်လည်း ရလဒ်ပြောင်းလဲရန် မစွမ်းဆောင်နိုင် ခဲ့ချေ။ ယခု ရလဒ်ကြောင့်ပင် မန်စီးတီး အသင်းသည်  ယူရိုပါလိဂ် ပြိုင်ပွဲနှင့် လွဲချော် ခဲ့ရကာ ယခုနှစ်အတွက် ဥရောပပြိုင်ပွဲ
မျှော်လင့်ချက် ကုန်ဆုံးသွား ခဲ့ပြီ ဖြစ်သည်။

ရီးရဲလ် ၄-၁ အေဂျက်စ်

ရီးရဲလ်နှင့် အေဂျက်စ် အသင်းတို့ ပွဲမှာတော့ အိမ်ရှင် ရီးရဲလ် အသင်းဟာ ပွဲချိန် တစ်ဝက်အကျိုးမှာပဲ အေဂျက်စ် အသင်းကို သုံးဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့ပြီး နောက်ပိုင်း မိနစ် များမှာ ကစားအား ချွေကစားသွား ခဲ့ပါတယ်။ ဧည့်သည် အသင်းတွင် လူစုံတက်စုံ ရှိခဲ့သော်လည်း အိမ်ရှင် ရီးရဲလ်တွင် ရော်နာဒိုနှင့် ဘင်ဇီမာ နှစ်ဦးမှ လွဲ၍  အရံ ကစားသမားများ
ကိုသာ ပွဲထွက် ကစားစေ ခဲ့တာကို တွေ့ရပါတယ်။ သို့သော်လည်း အိမ်ရှင်တို့ အိမ်ကွင်း အားသာချက် အပြည့်အဝ ယူနိုင်ခဲ့ပြီး အေဂျက်စ် အသင်းကို ခြေပြတ် ဂိုးပြတ် ကစားသွားနိုင် ခဲ့သည်။

အိမ်ရှင် အတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှုး ရော်နာဒို က ပွဲချိန် (၁၃) မိနစ်တွင်ပဲ သွင်းယူပေးနိုင် ခဲ့ပြီး အေဂျက်စ် အသင်းကို စတင်ဖိအား
ပေးခဲ့သည်။  ထို့နောက် ၁၅ မိနစ် အကြာတွင် ကွင်းလယ်လူ ကယ်လာဂျွန်က ဒုတိယဂိုး သွင်းယူပေးခဲ့ကာ ဒုတိယပိုင်း ပြန်လည်
စတင်ချိန်တွင်လည်း ကာကာ က တတိယ ဦးဆောင်ဂိုး သွင်းယူပေး ခဲ့ပြန်သည်။ ဧည့်သည် အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၅၉ မိနစ်တွင် ဘိုရစ်တာ က သွင်းယူခဲ့ပေမယ့် (၈၈) မိနစ်တွင် ကယ်လာဂျွန်ကပဲ ရီးရဲလ်အတွက် ဂိုးဆက်လက် သွင်းယူပေး ခဲ့ပြီး အိမ်ရှင်အသင်းအား ၄ဂိုး တစ်ဂိုးဖြင့် အနိုင် ရရှိစေခဲ့သည်။

ဗျိုင်းအို
myanmar strikerအုပ်စု (A)

ဒိုင်နမိုကိယက်ဗ် အသင်း ယူရိုပါလိဂ် တစ်နေရာစာ သေချာနေပြီး PSGနှင့် ပေါ်တို အသင်းတို့ ချန်ပီယံလိဂ် တစ်နေရာစီ ပိုင်ဆိုင် နေခဲ့သည့် အုပ်စုတွင်တော့ ပြင်သစ်မြေတွင် ကစားခဲ့သည့်

စည်သွပ်စက်ရုံ လေလံအောင်သူ တစ်နှစ် ကြာသော်လည်း စက်ရုံလက်ဝယ် မရောက်၍ တစ်လ သိန်း ၃၇၀ကျော် နစ်နာ

သာကေတ စက်မှု ဇုန်ရှိ သာကေတ စည်သွပ် စက်ရုံကို လေလံ ငွေကျပ် ၃၂၉၀ သန်းဖြင့် လွန်ခဲ့သည့် တနှစ် ခန့်က လေလံ အောင်မြင်၍ ငွေအကျေပေးသွင်းပြီး သော်လည်း ယနေ့ အချိန် အထိ စက်ရုံကို ပိုင်ဆိုင်ခွင့် မရသေး၍ တစ်လကို သိန်း ၃၇၅သိန်းခန့် နစ်နာ နေရကြောင်း စက်ရုံကိုo.Ltd ပိုင်ရှင် ဒေါ်မေအေးမွန်လေလံ အောင်ခဲ့သည့် Mega Marine Cက ဒီဇင်ဘာလ ၄ ရက်တွင် တရားဝင်

ဈေးကွက်မှ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ စစ်ဆေး၍ ရလဒ်ကို ကြေညာမည်

Photo: ဈေးကွက်မှ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ စစ်ဆေး၍ ရလဒ်ကို ကြေညာမည်
Wednesday, December 05, 2012

ဈေးကွက်အတွင်းရှိ ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးသုံးပိုးသတ်ဆေးမျိုးစုံကို
မြန်မာနိုင်ငံ ဓာတ်မြေသြဇာ တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာ
နိုင်ငံ တောင်သူလယ်သမားများအသင်းတို့က လာမည့်သီတင်းပတ်တွင် စတင်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်၍ တွေ့ရှိချက်များကို မီဒီယာများမှ
တစ်ဆင့်ကြေညာချက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
တောင်သူလယ်သမားများအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

“ကျွန်တော်တို့အသင်းတွေအနေနဲ့က အရေးယူတာတွေ မလုပ်နိုင်ဘူး။ ဒါကြောင့် မီဒီယာတွေမှာ ဖော်ပြတာတွေလုပ်ဆောင်သွားမယ်” ဟု
၎င်းကပြောသည်။ ဈေးကွက်တွင်းရှိ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေးသုံးဆေးဝါးများထဲမှတစ်လလျှင် ငါးမျိုးကို ဥပမာယူ၍ ဓာတ်ခွဲခန်းများတွင်စစ်ဆေးပြီးသုံးစွဲရန် မသင့်သော ဆေးပစ္စည်းနှင့် ဓာတ်မြေသြဇာများ တွေ့ရှိပါက နိုင်ငံပိုင်သတင်းစာနှင့် မီဒီယာများမှ
တစ်ဆင့် ထုတ်ပြန်သွားမည်ဟုဆိုသည်။

ထိုသို့ပြုလုပ်ရခြင်းမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် မသုံးတော့သည့် စွန့်ပစ်ပစ္စည်းများကို မိမိနိုင်ငံတွင်း
ဝင်ရောက်ရောင်းချခြင်း၊ သဘာဝဇီဝမျိုးစိတ်များ ထိခိုက်မှုမရှိစေရန်၊
တောင်သူလယ်သမားများ အသိဉာဏ် အားနည်းသည့်ပေါ်တွင် အခွင့်ကောင်းယူ၍ အရည်အသွေးမပြည့်မီသော ပစ္စည်းများကို
ရောင်းချခြင်းမရှိစေရန်၊ ဈေးကွက်မှန်ကန်စွာ ရောင်းချနေသူအပေါ်
ကလိန်ကျသူများကြောင့် ဈေးကွက်မပျက်စေရန်နှင့် ဆေးနှင့် 
ဓာတ်မြေသြဇာများကြောင့် သီးနှံအထွက်မလျော့စေရန် ရည်ရွယ်
လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ကိုရဲမင်းဦးက ပြောသည်။

ဒေသအချို့ စစ်ဆေးရာ၌ နိုင်ငံတကာတွင် အသံုးပြုမှုမရှိသော ပစ္စည်းများဖြစ်သည့် လူကိုပါအန္တရာယ်ဖြစ်စေနိုင်သော ပိုးသတ်ဆေးများ
ကိုပါ အသုံးပြုသည်များကိုလည်း တွေ့ရကြောင်း ကိုရဲမင်းဦးက ဆက်လက်ပြောသည်။

မန္တလေးနှင့် ရွှေဘိုမြို့နယ်ရှိဒေသအချို့သို့ ကွင်းဆင်းစစ်ဆေးရာတွင်
နိုင်ငံတကာကသုံးစွဲခွင့်မပြုသော ဆေးတစ်မျိုးကို ပြီးခဲ့သည့် သုံး၊လေးလခန့်က တွေ့ရှိခဲ့ကြောင်း ကိုရဲမင်းအောင်ကပြောသည်။

အဆိုပါအစီအစဉ်ကို ဆောင်ရွက်ရန် အစိုးရဌာနများကိုလည်း တင်ပြထားပြီဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်
နိုင်ရန် အစည်းအဝေးများပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journalဈေးကွက်အတွင်းရှိ ဓာတ်မြေသြဇာနှင့်စိုက်ပျိုးရေးသုံးပိုးသတ်ဆေး မျိုးစုံကိုမြန်မာနိုင်ငံ ဓာတ်မြေသြဇာ တင်ပို့ရောင်းချသူများ အသင်းနှင့် မြန်မာနိုင်ငံ တောင်သူ လယ်သမားများအသင်းတို့က လာမည့် သီတင်း ပတ်တွင် စတင်ကွင်းဆင်း စစ်ဆေးမှုများပြုလုပ် ၍ တွေ့ ရှိချက် များကို မီဒီယာများမှ တစ်ဆင့်ကြေညာချက် ထုတ်ပြန် သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမားများ အသင်း

အသက် ၆၀ နှင့် ၇၀ ကျော် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်


Photo: အသက် ၆၀ နှင့် ၇၀ ကျော် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်  
Wednesday, 05 December 2012

အသက် ၆၀ နှင့် ၇၀ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်
ဖြစ်ကြောင်း ဒီဇင်ဘာလ  ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက
ပြောကြားခဲ့သည်။

ယင်းနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ အသက် ၇၀ ကျော် ဘိုးဘွားများအား နိုင်ငံပိုင်ဆေးရုံများတွင် အခမဲ့ဆေးကုသခွင့်နှင့်
ဆေးစစ်ဆေးခွင့်အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်သည့် မေးမြန်းမှုအပေါ် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “အသက်ကြီးလာရင် နာခြင်းဒုက္ခကို မလွဲမသွေ ခံစားကြရပါတယ်။ အထူးသဖြင့် အသက် ၇၀ ကျော် ဘိုးဘွားများအနေနဲ့ အိမ်မှာသားသမီးမရှိရင် ပိုပြီးဆိုးပါတယ်။ ကျွန်မတို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအရ ဘိုးဘွားများဆိုတာ အိမ်ရဲ့
ကျက်သရေဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ကျက်သရေ ဖြစ်ပါတယ်။ ဘိုးဘွားများဟာ နာခြင်းဒုက္ခကိုခံရလို့ နိုင်ငံပိုင်ဆေးရုံတွေကို သွားရောက်တဲ့အခါမှာ ဆေးရုံက အပေါက်စောင့်၊ သူနာပြုတချို့၊ အသပြာဆရာဝန် စသူတွေက မချေမငံဆက်ဆံမှု၊ တစ်ခါ ငွေကြေး
မတန်တဆ တောင်းခံမှုတွေက သူတို့ရဲ့အခြေခံကျန်းမာရေး
စောင့်ရှောက်မှုမရတဲ့ အနေအထားမှာ ဖြစ်နေပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမများပေါ်မှာ ကြည့်မယ်ဆိုရင် အသက် ၆၀ ကျော် ၇၀ အရွယ် ဘိုးဘွားတွေက ဆေးဖိုးဝါးခအတွက် မကြာခဏဆိုသလို တောင်းရမ်း
စားသောက်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် မေးမြန်းချင်တာကတော့ ရန်ကုန်မြို့မှာ လမ်းတွေ၊ တံတားတွေ အများကြီးဆောက်ပါတယ်။ အဲဒီမှာ ဖြည့်စွက်ခွင့်ပြုငွေတွေလည်း ထပ်တောင်းထားပါတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ ဆင်းရဲချို့တဲ့တဲ့ အခြေခံလူတန်းစားတွေဖြစ်တဲ့ အသက် ၇၀ ကျော် အဘိုးအဘွားတွေကို နိုင်ငံပိုင်ဆေးရုံဆေးခန်းတွေမှာ အခမဲ့ဆေးကုသခွင့်နဲ့ အခမဲ့ဆေးစစ်ဆေးခွင့်တွေ ပေးနေပါသလား သိချင်ပါတယ်။ ရှိတယ်ဆိုရင်လည်း မည်သည့်အတိုင်းအတာထိ ရှိသလဲဆိုတာကို သိရှိချင်ပါတယ်” ဟု မေးမြန်းခဲ့သည်။

ယင်းမေးမြန်းချက်အပေါ်တွင် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက “ နိုင်ငံတော်ရဲ့ ဆင်းရဲချမ်းသာ၊ ဘာသာလူမျိုးမရွေး ကျန်းမာရေး
စောင့်ရှောက်မှုကို လက်လှမ်းမီစေဖို့အတွက် နိုင်ငံတော်၏ စီးပွားရေး
အခြေအနေနှင့် လိုက်လျောညီထွေမှုရှိတဲ့ ကျန်းမာရေး ဘဏ္ဍာငွေ ကူညီမှုတစ်ရပ်အဖြစ် ဆေးရုံများမှာ ဆေးပဒေသာပင်နဲ့ စရိတ်မျှပေး
ကျန်းမာရေးစနစ်ကို ပြုလုပ်နေပါတယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ တိုးပွားလာသော သက်ကြီးရွယ်အိုများအတွက် အစီအမံများ ချမှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေး
စီမံချက်ဝင် မြို့နယ် ၈၈ ခုရှိပြီး မြို့နယ်အဆင့် ဆေးရုံ၊ တိုက်နယ်ကျန်းမာရေး
အဆင့်၊ ကျေးလက်ကျန်းမာရေးအဆင့်အထိ သက်ကြီးရွယ်အို ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သန်လျင်၊ သုံးခွ၊ ခရမ်း၊ ဒေါပုံ၊ လှိုင်သာယာ၊ တွံတေး စတဲ့မြို့နယ်များမှာ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် လုပ်နေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ်၊ မတ်လအထိ ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်ဆေးရုံများအတွက်  ဆေးဝယ်ယူရန် ကုတင်အဆင့်အလိုက် ခွင့်ပြုငွေကျပ် သိန်းပေါင်း ၄၀၀ မှ ၁၅၀၀ အထိ ခွဲဝေ
ချထားပေးကြောင်း သိရသည်။

“ကျန်ရှိတဲ့ကုတင် ၂၀၀ အောက် ဆေးရုံ၊ မြို့နယ်အဆင့် တိုက်နယ်အဆင့်
ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနအဆင့်အထိ နိုင်ငံတော်မှ ကျန်းမာရေးအတွက် ချပေးသော ဘတ်ဂျက်ငွေကို ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အခမဲ့ ကူညီထောက်ပံ့ပေးသွားမှာဖြစ်လို့ မြို့ပြသာမက
ကျေးလက်အထိပါ ငွေကြေးမတတ်နိုင်သော အသက် ၇၀ ကျော် ဘိုးဘွားတွေအပြင် အသက် ၆၀ ကျော် ဘိုးဘွားတွေပါ နိုင်ငံပိုင်
ဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့်နှင့် ကျန်မာရေးစစ်ဆေးခွင့်များ ရရှိတော့မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမြင့်သိန်းက ဆိုပါသည်။

အင်းစိန်ဆေးရုံကြီးတွင်လည်း သက်ကြီးရွယ်အို ဆေးခန်းဖွင့်လှစ်ထားရှိကာ အသက် ၆၀ နှင့်အထက် ဘိုးဘွားများကို အခမဲ့ကျန်းမာရေး
စောင့်ရှောက်ခွင့်ပေးနေပြီး ကျန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးများ
တွင်လည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပတ်သက်၍ ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံနှင့် တိုင်းဒေသကြီးအဆင့် မြို့နယ်၊ ခရိုင်တိုက်နယ်အဆင့် ဆေးရုံ ၅၇ ရုံတို့မှာ ၂၀၁၁ ခုနှစ်အတွင်း ဆေးပဒေသာပင်ဝင် ၂၁၈၉၄ သိန်းကျော်ရှိပြီး ရရှိသော အတိုးငွေဖြင့် လူနာပေါင်း ၂၁၉၄၁ ဦးကို ကျပ်တန်ဖိုး ၂၂၁၀ သိန်းကျော်
ဖိုးခန့် အခမဲ့ ဆေးကုသပေးနိုင်ခဲ့ကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးအသုံးစရိတ်ငွေကို လေးဆတိုးမြှင့်ပေးထားကြောင်း
ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။  

Eleven Media Group အသက် ၆၀ နှင့် ၇၀ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေး ရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်

အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ်နိုင်သော ဧရာမစက်ရုပ်ကြီး တစ်ရုပ် ဂျပန်အမျိုးသား တစ်ဦးတီထွင်


Photo: အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ်နိုင်သော ဧရာမစက်ရုပ်ကြီး တစ်ရုပ် ဂျပန်အမျိုးသား တစ်ဦးတီထွင်
Wednesday, 05 December 2012

အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ်နိုင်သည့် ဧရာမစက်ရုပ်ကြီး တစ်ရုပ်အား ဂျပန်နိုင်ငံမှ အသက် ၃၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်သူ ကိုဂိုရိုခုရာတာက တီထွင်ဖန်တီးခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုပ်သည် အလေးချိန်အားဖြင့် လေးတန်ရှိပြီး ၄ မီတာအမြင့် ရှိသည်။ ၎င်းစက်ရုပ်တွင် မောင်းနှင်သူထိုင်ရန် ထိုင်ခုံတစ်ခုပါရှိပြီး လက်ဖြင့် ထိန်းချုပ်နိုင်သည့် ကိရိယာတစ်ခုကိုလည်း တပ်ဆင်ထားသည်။
၎င်းစက်ရုပ်သည် တစ်နာရီလျှင် ခြောက်မိုင်အထိ လမ်းလျှောက်နိုင်ရုံ သာမက ၎င်း၏ လက်မောင်းများကိုပါ လှုပ်ရှားနိုင်သည်ဟု သိရသည်။

ထို့အတူ ၎င်းစက်ရုပ်တွင် မိုဘိုင်းလ် ဖုန်းကို အသုံးပြု၍ ထိန်းချုပ်နိုင်သည့် စက်ရုပ်လည်ပတ်ရေး စနစ်တစ်ခု တပ်ဆင်ထားရှိပြီး စက်ရုပ် တည်ဆောက်မှု ကုန်ကျစရိတ်မှာ စုစုပေါင်းယန်းသန်း ၁၁ဝ (စတာလင်ပေါင် ၈ဝဝဝဝဝ ကျော်) ခန့်ရှိကြောင်း သိရသည်။

စက်ရုပ်များကို တီထွင်ဖန်တီးခြင်းသည် မိမိ၏ငယ်ရွယ် စဉ်ကတည်းက
ဖြစ်ပေါ်ခဲ့သည့် ဆန္ဒတစ်ခုဖြစ်ကြောင်း ၎င်းစက်ရုပ်အား ဖန်တီးခဲ့ သည့် ခုရာတာက ပြောကြားခဲ့သည်။

မြ၀တီ အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ်နိုင်သည့် ဧရာမစက်ရုပ်ကြီး တစ်ရုပ်အား ဂျပန်နိုင်ငံမှ အသက် ၃၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်သူ ကိုဂိုရိုခုရာတာက တီထွင်ဖန်တီးခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ရုပ်သည် အလေးချိန်အားဖြင့် လေးတန်ရှိပြီး ၄ မီတာ အမြင့် ရှိသည်။ ၎င်းစက်ရုပ်တွင် မောင်းနှင်သူထိုင်ရန် ထိုင်ခုံ တစ်ခု ပါရှိပြီး လက်ဖြင့် ထိန်းချုပ်နိုင်သည့် ကိရိယာတစ်ခုကိုလည်း

ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ၁၉၉၆ ခုနှစ်မှ စတင်၍ ပိတ်ပင်ထားသော ပထမနှစ် ဂုဏ်ထူးတန်းများ ပြန်လည်ဖွင့်လှစ် သင်ကြားမည်


Photo: ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ၁၉၉၆ ခုနှစ်မှ စတင်၍ ပိတ်ပင်ထားသော ပထမနှစ် ဂုဏ်ထူးတန်းများ ပြန်လည်ဖွင့်လှစ် သင်ကြားမည်  
Wednesday, 05 December 2012

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်၌ ၁၉၉၆ ခုနှစ်မှ စတင်ကာ ဖွင့်လှစ်သင်ကြားခြင်း မရှိခဲ့သော ပထမနှစ် ဂုဏ်ထူးတန်းများကို
ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဂုဏ်ထူးတန်း အထူးပြု
ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထ၀ီ၊ သမိုင်း၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ကွန်ပျူတာ၊ စာကြည့်တိုက်နှင့် သုတပညာရပ်၊  
ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ ရှေးဟောင်း သုတေသနပညာ၊ Biotechnology ဘာသာရပ်များကို ရန်ကုန်တက္ကသိုလ်တွင် ပြန်လည်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး မန္တလေးတက္ကသိုလ်တွင် ကွန်ပျူတာ၊ ကုန်ထုတ်ဓာတုဗေဒ၊ စာကြည့်တိုက်နှင့် သုတပညာ ဘာသာရပ်များ သင်ကြားရာတွင် မပါဝင်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက
''ဒီနှစ် ပညာသင်နှစ်က စပြီးတော့ ဂုဏ်ထူးတန်း ပထမနှစ် သင်တန်းတွေကို ပြန်ပြီးတော့ ဖွင့်လှစ်သင်ကြားသွားမှာပါ။ သင်ကြားပေးတဲ့အခါမှာလည်း အရင်တုန်းကရှိခဲ့တဲ့ ကျောင်းဆောင်တွေ
ကိုပဲ ပြန်လည်ပြုပြင်ပြီး သင်ကြားပေးမှာပါ။ တက်ရောက်ခွင့်
လျောက်ထားတဲ့ ကျောင်းသားအရေအတွက်ကို မူတည်ပြီး ၀င်ခွင့်ဖြေဆိုရမှာပါ'' ဟု ပြောပြသည်။ 

အဆိုပါ သင်တန်းအတွက် အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ (ပထမ) နှစ် ဂုဏ်ထူးတန်း ၀င်ခွင့်ရရှိသူများသည် သင်တန်းဝင်ခွင့် လျောက်လွှာများကို ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ပထမနှစ် (ဂုဏ်ထူးတန်း) ၀င်ခွင့်ရရှိကြောင်း ထောက်ခံစာ၊ အမှတ်စာရင်းမူရင်းနှင့်အတူ
လျောက်ထားနိုင်ပြီး မန္တလေးတက္ကသိုလ်တွင်လည်း အလားတူ
လျောက်ထားနိုင်ကြောင်း သိရသည်။ ဂုဏ်ထူးတန်းသည် မဟာဝင်ခွင့် သင်တန်းအတွက် တက်ရောက်ရသော နှစ်နှစ် သင်တန်းဖြစ်ပြီး အဆိုပါ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်ရှိ ဂုဏ်ထူးတန်းများကို ၁၉၉၆ ခုနှစ်
ကျောင်းသားအရေးအခင်း ဖြစ်ပွားမှုအပြီးမှ စတင်၍ ဖွင့်လှစ်သင်ကြားခြင်း မရှိတော့ကြောင်း သိရသည်။         

Eleven Media Group ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်၌ ၁၉၉၆ ခုနှစ်မှ စတင်ကာ ဖွင့်လှစ် သင်ကြားခြင်း မရှိခဲ့သော ပထမနှစ် ဂုဏ်ထူးတန်းများကိုပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။၂၀၁၂-၂၀၁၃ ပညာသင်နှစ် အတွက် ဂုဏ်ထူးတန်း အထူးပြုဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထ၀ီ၊ သမိုင်း၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ကွန်ပျူတာ၊ စာကြည့်တိုက်နှင့် သုတပညာရပ်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊

အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်မည်

Photo: အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်မည်
Wednesday, 05 December 2012

(၁၆)ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကို
မြန်မာနိုင်ငံမှ အားကစားနည်း ခြောက်မျိုး ဝင်ရောက် ယှဉ်ပြိုင်မည်
ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကိုလာအိုနိုင်ငံတွင် လာမည့် ဒီဇင်ဘာ ၁၂ ရက်မှ
၂ဝ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘောလုံး၊ စားပွဲတင်တင်းနစ်နှင့် တင်းနစ်ဟူသည့် အားကစားနည်း ခြောက်မျိုးတွင် အားကစားသမား ၆၂ ဦးနှင့် အုပ်ချုပ်သူ နည်းပြများ အပါအဝင် စုစုပေါင်း ၉ဝ ဦးခန့် သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၆) ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို အားကစားနည်း ၃၆ မျိုးနှင့် ကျင်းပမည်ဖြစ်ပြီး မလေးရှား နိုင်ငံက အားကစားနည်း ၃၄ မျိုး၊ ထိုင်းနိုင်ငံက အားကစား နည်း ၃၂ မျိုးနှင့် အင်ဒိုနီးရှားနိုင်ငံက အားကစားနည်း ၂၆ မျိုးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို အာဆီယံနိုင်ငံများသာ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရှိပြီး အသက် ၁၇ နှစ်မှ ၂၈ နှစ်အတွင်းနှင့် ပညာအရည် အချင်းပထမနှစ်မှ ဘွဲ့ကြိုတန်း အထိသာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း သတင်းရရှိသည်။

မြ၀တီ (၁၆)ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစား ပြိုင်ပွဲ ကိုမြန်မာနိုင်ငံ မှ အားကစားနည်း ခြောက်မျိုး ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။အဆိုပါပြိုင်ပွဲကိုလာအိုနိုင်ငံတွင် လာမည့် ဒီဇင်ဘာ ၁၂ ရက်မှ၂ဝ ရက်အထိ ကျင်းပမည်ဖြစ် ပြီး မြန်မာနိုင်ငံ မှ ဘော်လီဘော၊ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘောလုံး၊ စားပွဲ တင် တင်းနစ်နှင့် တင်းနစ်ဟူသည့် အားကစားနည်း ခြောက်မျိုးတွင် အား

မြန်မာမှ ထိုင်းသို့ တရားမ၀င် ၀င်ရောက်မှုတွင် ဆက်တိုက် ဖမ်းဆီးခံရမှုများ ရှိနေ

Photo: မြန်မာမှ ထိုင်းသို့ တရားမ၀င် ၀င်ရောက်မှုတွင် ဆက်တိုက် 
ဖမ်းဆီးခံရမှုများ ရှိနေ
Wednesday, 05 December 2012

ထိုင်းနိုင်ငံ ရနောင်းခရိုင် ကလဘူရီမြို့အနီး၌ ဖမ်းမိသည့် တရားမ၀င်
ဝင်ရောက်သည့် မြန်မာနိုင်ငံသားများအားထိုင်းနိုင်ငံဥပဒေအရအရေးယူ
ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။

“ဖမ်းဆီးမိတဲ့သူတွေကိုတော့ ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူ
ဆောင်ရွက်ပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့မှာပါ ” ဟု ထိုင်းလူဝင်မှု
ကြီးကြပ်ရေးရုံးက အရာရှိက ပြောသည်။

တနင်္သာရီတိုင်းမှ ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လုပ်ကိုင်ရန်
ကြိုးစားနေသူ မြန်မာနိုင်ငံသား (၅၆)ဦးအား ဒီဇင်ဘာလ (၄) ရက်နေ့ လင်းအားကြီးအချိန်က ရနောင်းခရိုင် ကလဘူရီမြို့အနီး၌ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ ထိုင်းနိုင်ငံဖူးခက်၊ ဘန်ကောက်နှင့် တောင်ပိုင်းရှိ ဆီအုန်းစိုက်ခင်းများနှင့် ရာဘာစိုက်ခင်းများတွင် သွားရောက်အလုပ်
လုပ်ကိုင်ရန်အတွက် နံနက်(၄)နာရီ ၀န်းကျင်၌ ကားနှင့်ထွက်လာစဉ် ရနောင်း လူဝင်မှုကြီးကြပ်ရေး အရာရှိမှ စစ်ဆေးဖမ်းဆီးနိုင်ခဲ့ ခြင်းဖြစ်သည်။

“ မြန်မာနိုင်ငံဖက်ခြမ်းကနေ ၀င်လောတာဖြစ်ပေမယ့် ဘယ်နေရာကနေ ၀င်လာကြတယ်ဆိုတာတော့ မသိရှိဘူးလို့   ပြောပါတယ်။ သူတို့ ဖူးကတ်၊ စူလတ်၊ ဘန်ကောက် စတဲ့မြို့နယ်တွေမှာ သွားရောက် အလုပ်
လုပ်ကိုင်ကြမှာ ဖြစ်တယ်လို့ စစ်ဆေးမှုအရ သိရတယ်။ ”ဟု ရနောင်းလူဝင်မှုကြီးကြပ်ရေး အရာရှိမှ ထိုင်းဘာသာဖြင့်ပြောသည်။

ဖမ်းဆီးမိသူများအား လက်ရှိတွင် နိုင်ငံခြားသား ထိန်းသိမ်းရေး
စခန်း၌ထား၍ ခေါ်ဆောင်လာသည့် လူပွဲစားအား လိုက်လံစုံစမ်းလျက်ရှိပြီး ၄င်းထံ မြန်မာနိုင်ငံသားတစ်ဦးလျှင် ထိုင်းဘတ်ငွေ ငါးထောင်ကနေ ရှစ်ထောင်အထိ   ပေးဆောင်ခဲ့ရကြောင်းကိုလည်း သိရသည်။

မြန်မာနိုင်ငံသား ၅၆ဦးအား သယ်ဆောင်လာသည့် ကားမောင်းသမားနှင့် လူပွဲစားမှာ စစ်ဆေးမှုပြုလုပ်နေစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းနှင့် လူပွဲစားကို ထိုင်းစစ်တပ်မှ လိုက်လံဖမ်းဆီးလျှက်ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ(၂)ရက်နေ့ကလည်း  တဖက်နိုင်ငံသို့ တရားမ၀င်
သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား (၆၇)ဦးအား  ကန်ချနဘူရီခရိုင် စံခလဘူရီမြို့အနီးတွင် ဖမ်းမိခဲ့ပြီး ထိုအထဲ၌ ကလေး(၁၈)ဦး ပါဝင်ကြောင်းနှင့် ဖမ်းဆီးရမိသူများအား စစ်ဆေးပြီးပါက ဘုရား(၃)ဆူသို့ ပြန်လည်ပို့ဆောင်သွားမည် ဖြစ်ကြောင်း  ထိုင်းတာဝန်ရှိသူ
တစ်ဦး ၏ ပြောကြားမှုအရ သိရသည်။

ယခုကဲ့သို့ ထိုင်းနိုင်ငံ၌ အဖမ်းခံရသူအများစုမှာ ထိုင်းနိုင်ငံ၌ အလုပ်
လုပ်ဖူးသူများဖြစ်ပြီး ထိုင်းအလုပ်ရှင်မှ အလုပ်သမား လက်မှတ် သက်တမ်းတိုးပေးခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူ
အများစု ပါဝင်ကြောင်းကိုလည်း သိရသည်။

အောင်အောင်-မန္တလေး(မြစ်မခ)
Myit Makha Mediagroup ထိုင်းနိုင်ငံ ရနောင်းခရိုင် ကလဘူရီမြို့အနီး၌ ဖမ်းမိသည့် တရားမ၀င်
ဝင်ရောက်သည့် မြန်မာနိုင်ငံသားများအားထိုင်းနိုင်ငံဥပဒေအရအရေးယူ ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေး မည်ဖြစ်ကြောင်း သိရသည်။ “ဖမ်းဆီးမိတဲ့သူတွေကိုတော့ ထိုင်းနိုင်ငံ ဥပဒေအရ

တရုတ်-မြန်မာ ကုန်သွယ်မှုလမ်းတစ်လျှောက် အဖွဲ့ဖြင့် မှောင်ခိုဖမ်းဆီးရာ တစ်နိုင်တစ်ပိုင် ကုန်သည်လေးများသာ အများဆုံးဖမ်းမိ


Photo: တရုတ်-မြန်မာ ကုန်သွယ်မှုလမ်းတစ်လျှောက် အဖွဲ့ဖြင့် မှောင်ခိုဖမ်းဆီးရာ တစ်နိုင်တစ်ပိုင် ကုန်သည်လေးများသာ အများဆုံးဖမ်းမိ  
Wednesday, 05 December 2012 

တရုတ်-မြန်မာ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် (မူဆယ်
ကုန်သွယ်ရေး လမ်းကြောင်း) တွင် တရားမဝင် ကုန်သွယ်မှုများအား 
Mobile Team ဖွဲ့ကာ စိစစ်ရာ၌ တစ်နိုင်တစ်ပိုင် ကုန်သည်လေးများ အများဆုံးဖမ်းမိကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ဦးဆောင်ကာ Mobile Team အဖွဲ့ဖြင့် စိစစ်ရာ စားသောက်ကုန်နှင့် လူသုံးကုန်စည်များအား တစ်နိုင်တစ်ပိုင် တရားမဝင် သယ်ယူသူများဖမ်းမိပြီး သတ်မှတ်ကြေညာထားသည့် အရေးယူမှုအတိုင်း တိကျစွာ အရေးယူထားကြောင်း သိရသည်။

အချို့စားသောက်ကုန်များမှာ တရားဝင်တင်သွင်းခွင့် ပိတ်ပင်ထားသည့်
အတွက် မီးရှို့ဖျက်ဆီးကြောင်း၊ ဥပမာအားဖြင့် အေးခဲကြက်သား၊ ကြက်အူချောင်းကဲ့သို့သော စားသောက်ကုန်များကိုမူ သိမ်းဆည်းကာ ဖျက်ဆီးသည့်စနစ် ကျင့်သုံးကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

Mobile Team ဖြင့် ဖမ်းဆီးရာတွင် နိုဝင်ဘာလကုန်ပိုင်းအထိ ကျပ် ၄၁၂ သိန်းကျော်ဖိုး ဖမ်းမိခဲ့ကြောင်းနှင့် ကျောက်စိမ်း ကျပ်သိန်း ၈၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

“Mobile Team နဲ့စိစစ်တာမှာ ကုန်သည်အငယ်တွေ၊ ကားသေးတွေ၊ ဆိုင်ကယ်တွေနဲ့ တစ်နိုင်တစ်ပိုင် တရားမဝင်စားသောက်ကုန်နဲ့ လူသုံးကုန်တွေသွင်းတာ ပိုပြီးစစ်ဆေးတွေ့ရှိတယ်။ လောလောဆယ်တော့ ပညာပေးကာလ သတ်မှတ်ထားတဲ့အတွက် လိုင်စင်ပြန်လုပ်ခိုင်းပြီး ပစ္စည်းထုတ်ပေးလိုက်တယ်။ ကျန်းမာရေးအာမခံချက်မရှိတဲ့ စားသောက်ကုန်တွေဆိုရင်တော့ ဖျက်ဆီးရတာပေါ့။ သတ်မှတ်
ထားတဲ့အတိုင်း တိတိကျကျ အရေးယူပါတယ်” ဟု Mobile Team
 အဖွဲ့တွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“တချို့ကုန်ကားကြီးတွေနဲ့ တရားမဝင်လုပ်တဲ့ သူတွေကလည်း
နေ့ခင်းဘက်မှာပဲ စောင့်ဆိုင်းပြီး စိစစ်တဲ့အတွက် နေ့ဘက်မသွားဘဲ ညဘက်သွားကြတယ်။ ဒီတော့ ကုန်သည်အသေးတွေပဲ မိတာပေါ့” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Mobile Team အနေဖြင့် အများပြည်သူသို့ ထုတ်ပြန်ကြေညာကာ စိစစ်ခြင်း၊ အရေးယူခြင်းတို့ကို လုပ်ဆောင်သော်လည်း Mobile Team အဖွဲ့မရှိသည့် ပင်လယ်ရေကြောင်းမှ မှောင်ခိုကုန်သွယ်မှုများမှာမူ ဖမ်းဆီးရမိသော်လည်း တစ်နိုင်တစ်ပိုင်များ အရေးယူခံရသကဲ့သို့ မခံရသည့် ကုမ္ပဏီများ
ရှိကြောင်းလည်း သိရသည်။    

Eleven Media Group တရုတ်-မြန်မာ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် (မူဆယ်
ကုန်သွယ်ရေး လမ်းကြောင်း) တွင် တရားမဝင် ကုန်သွယ်မှုများအား
Mobile Team ဖွဲ့ကာ စိစစ်ရာ၌ တစ်နိုင်တစ်ပိုင် ကုန်သည်လေးများ အများဆုံးဖမ်းမိကြောင်း သိရသည်။နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ဦးဆောင်ကာ Mobile Team အဖွဲ့ဖြင့် စိစစ်ရာ စားသောက်ကုန်နှင့် လူသုံးကုန်စည်များအား တစ်နိုင်တစ်ပိုင် တရားမဝင်သယ်ယူ သူများ ဖမ်းမိပြီး သတ်မှတ်ကြေညာထားသည့် အရေးယူမှုအတိုင်း တိကျစွာ

တနင်္သာရီမြစ်ဖျားဒေသတွင် ရွှေတုံးရွှေခဲရရှိမှု နည်းပါးလာနေပြီး ရွှေရှာသူများအနေဖြင့် လုပ်ကွက်ပြောင်းလဲလုပ်ကိုင်လာ

Photo: တနင်္သာရီမြစ်ဖျားဒေသတွင် ရွှေတုံးရွှေခဲရရှိမှု နည်းပါးလာနေပြီး ရွှေရှာသူများအနေဖြင့် လုပ်ကွက်ပြောင်းလဲလုပ်ကိုင်လာ  
Wednesday, 05 December 2012

တနင်္သာရီမြစ်ဖျားဒေသ၊ ကျောက်လုံးကြီးကျေးရွာ အုပ်စု၊ ဘောလူးချောင်း တစ်လျှောက်တွင် ရွှေတုံးရွှေခဲများ ရရှိမှုကြောင့် ရွှေရှာသူများပြားခဲ့ပြီး ယခုအခါ ရွှေထွက်ရှိမှု နည်းပါးလာသောကြောင့် ရွှေရှာသူများ
အနေဖြင့်လည်း လုပ်ကွက်ပြောင်းလဲလုပ်ကိုင်လာကြကြောင်း သိရသည်။

ရွှေတုံးရွှေခဲများ ရရှိမှုကြောင့် ဘောလူးချောင်း တစ်လျှောက်တွင် မြန်မာနိုင်ငံ
အထက်ပိုင်းမှ ရွှေရှာသူများပင် လာရောက်ကာ လုပ်ကိုင်ခဲ့ကြပြီး ပိဿာနှင့်ချီကာ ရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။

“ ပြီးခဲ့တဲ့လက ရွှေထွက်တဲ့ ဘောလူးချောင်း တစ်လျှောက်ကို တိုင်း\ခရိုင်အဆင့် တာဝန်ရှိသူတွေနဲ့ သွားရောက်စစ်ဆေးခဲ့ကြပြီး အဲဒီနေရာတစ်လျှောက်မှာ အခုဆိုရင် ရွှေရရှိမှုနည်းလာလို့ လုပ်ကိုင်တဲ့သူတွေ နည်းသွားပြီး လူ ၇၀၀ လောက်နဲ့ ရွှေဆိုင်း ၁၀၀ လောက်ပဲ ကျန်တော့တယ်။ ရွှေတုံးအခဲရရှိမှုလည်း နည်းသွားပြီ” ဟု တနင်္သာရီမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ချောင်းတစ်လျှောက်တွင် ယခင်က ရေပန်းများဖြင့်
မြေသားများကိုထိုးချပြီး အနည်များကြားတွင် ရွှေတုံးရွှေခဲများကို ရှာဖွေရရှိခဲ့ကြောင်း သိရသည်။

ဘောလူးချောင်းတစ်လျှောက်တွင် ရွှေရရှိမှု နည်းပါးလာပြီး ဆားငါးကဲ့သို့ ဒေသများဘက်တွင် ရွှေရှာသူများ လုပ်ကွက်ပြောင်း လုပ်ကိုင်လာကြကြောင်း သိရသည်။

“တနင်္သာရီချောင်းဖျားဘက်မှာ ထွက်ရှိနေတဲ့ ရွှေတွေက ရွှေကြောလို့
ပြောလို့မရပါဘူး။ သတ္တုကြောတစ်ခုကနေ ပေါက်ကွဲလွင့်စင်လာတဲ့ ပုံစံမျိုးပါ။ ကုမ္ပဏီတွေအနေနဲ့ စနစ်တကျလုပ်ကိုင်ဖို့ သွားရောက်လေ့လာကြပြီးပြီလို့ သိရတယ်။ ရွှေကြောမဖြစ်နိုင်လို့ စိတ်ဝင်စားမှုမရှိခဲ့ဘူးလို့ သိရတယ်” ဟု သတ္တုလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

တနင်္သာရီချောင်းဖျားတစ်လျှောက်တွင် ရွှေထွက်ရှိမှုများကြောင့် သွားရောက်လုပ်ကိုင်သူများနှင့် များပြားနေခဲ့ကာ မြစ်ကြောင်း
တစ်လျှောက် ပို့ဆောင်ရေးလုပ်ငန်းများ၊ ကုန်စည်ရောင်းဝယ်မှုများလည်း တွင်ကျယ်ခဲ့ကြောင်း သိရသည်။   

Eleven Media Groupတနင်္သာရီမြစ်ဖျားဒေသ၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ဘောလူးချောင်း တစ်လျှောက် တွင် ရွှေတုံးရွှေခဲ များ ရရှိမှုကြောင့် ရွှေရှာသူများပြားခဲ့ပြီး ယခုအခါ ရွှေထွက်ရှိမှု နည်းပါး လာသောကြောင့် ရွှေရှာသူများ

အာဆီယံခုနစ်နိုင်ငံမှ ပညာရှင်များပါဝင်သော မြို့ပြကဏ္ဍ အခြေအနေ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲ တောင်ကြီးမြို့တွင် ပြုလုပ်


Photo: အာဆီယံခုနစ်နိုင်ငံမှ ပညာရှင်များပါဝင်သော မြို့ပြကဏ္ဍ အခြေအနေ
ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲ တောင်ကြီးမြို့တွင် ပြုလုပ် 
Wednesday, 05 December 2012 

အာဆီယံနိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ လာအို ခုနစ်နိုင်ငံ တက္ကသိုလ်များမှ ပညာရှင် ၂၂ ဦး၊ ဂျာမနီနိုင်ငံမှ စာတမ်းရှင်တစ်ဦးတို့ ပါဝင်သော လေ့လာရေးအဖွဲ့သည် ဒီဇင်ဘာလ၂ ရက် နံနက် ၇ နာရီတွင် တောင်ကြီးမြို့နယ် ညိုမီးကျေးရွာ၊ လွယ်မွန်းကျေးရွာများသို့ သွားရောက်လေ့လာပြီး တောင်ကြီးမြို့၏ မြို့ပြအခြေအနေကို လေ့လာကြည့်ရှုခဲ့ကြောင်း၊ ထီသိမ်ကန် (ခေါ်) ရုရှားကန်သို့ သွားရောက်၍ မြို့ရေပေးဝေမှု အခြေအနေကို
လေ့လာကြကြောင်း သိရသည်။

အဆိုပါနေ့ မွန်းလွဲ ၁၂နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး
ကာ မွန်းလွဲ ၂ နာရီခွဲတွင် ထမ့်စမ်းဂူ၊ ဟိုပုံးရေထွက်နှင့် ဟိုပုံးမြို့ပြ အခြေအနေများကို ကြည့်ရှုပြီး ည ၆ နာရီမှ ၇ နာရီခွဲအထိ ဟိုပုံးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ကြည့်ရှုလေ့လာကာ
တောင်ကြီးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

အာဆီယံခုနစ်နိုင်ငံမှ တက္ကသိုလ်ပညာရှင်များ၊ ဂျာမနီမှ ပညာရှင်များ ပါဝင်သည့် လေ့လာရေးအဖွဲ့သည် ဒီဇင်ဘာလ ၃ ရက် နံနက် ၉ နာရီတွင် တောင်ကြီးဟိုတယ်ခန်းမ၌ အလုပ်ရုံဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲကို ကျင်းပရာ စာတမ်းဖတ်ကြား တင်ပြကြပြီး တက်ရောက်လာသူများက ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်ပြီး တောင်ကြီးမြို့ပေါ်ရှိ လူနေအထူထပ်ဆုံး ရပ်ကွက်များဖြစ်သည့် စိန်ပန်း၊ ရွှေတောင်၊ ချမ်းမြ သာစည်၊
ညောင်ဖြူစခန်းနှင့် ဘုရားဖြူရပ်ကွက်များသို့ ကွင်းဆင်းလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီတွင် အေးသာယာစက်ရုံများကို သွားရောက်လေ့လာ၍ အင်းလေးဖောင်တော်ဦးဘုရားကို သွားရောက်ဖူးမြော်ကာ အင်းလေး၊ ညောင်ရွှေ၊ ရွှေညောင်မြို့များ၏ မြို့ပြအခြေအနေများကို လေ့လာခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့ဝန်းကျင်ရှိ ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း၊ ဒီဇင်ဘာလ ၅ ရက် လေ့လာတွေ့ရှိချက်များကို စုပေါင်းဆွေးနွေးကာ မွန်းလွဲ ၁ နာရီတွင် လေယာဉ်ဖြင့် ဟဲဟိုးမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ
သွားကြောင်း သိရသည်။

“ဒီအစီအစဉ်ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး ပြုလုပ်တာပါ။
တောင်ကြီးမြို့ကို ရွေးချယ်ရတဲ့ အကြောင်းကတော့ တောင်ကြီးမြို့ဟာ
တောင်ပေါ်က တောင်ကလပ်မြို့တစ်မြို့ ဖြစ်တာရယ်၊ လူနေအိမ်ခြေတွေဟာ
မြေပြင်ညီတဲ့ နေရာတွေမှာသာမက တောင်ကုန်း၊ တောင်တန်း၊ ဆင်ခြေလျှောတွေမှာ တည်ဆောက်ထားတာရယ် လူနေမှုဘဝတွေကို ကွင်းဆင်းလေ့လာခဲ့ ကြပါတယ်” ဟု စီစဉ်သူ ဦးမြင့်နိုင်က ပြောပြသည်။

Eleven Media Group အာဆီယံနိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ လာအို ခုနစ်နိုင်ငံ တက္ကသိုလ်များမှ ပညာရှင် ၂၂ ဦး၊ ဂျာမနီနိုင်ငံမှ စာတမ်းရှင်တစ်ဦးတို့ ပါဝင်သော လေ့ လာရေးအဖွဲ့သည် ဒီဇင်ဘာလ၂ ရက် နံနက် ၇နာရီတွင် တောင်ကြီး မြို့နယ် ညိုမီးကျေးရွာ၊ လွယ်မွန်းကျေး ရွာများသို့ သွားရောက်လေ့ လာပြီး တောင်ကြီးမြို့၏မြို့ပြ အခြေအနေကို လေ့လာကြည့်ရှု ခဲ့ကြောင်း၊ ထီသိမ်ကန် (ခေါ်) ရုရှားကန်သို့ သွားရောက်၍

အမျိုးသားနေ့၌ နတ်မောက်သွားကာ အကြွေးဆပ်မည့် ဒေါ်အောင်ဆန်းစုကြည်

Photo: အမျိုးသားနေ့၌ နတ်မောက်သွားကာ အကြွေးဆပ်မည့်
ဒေါ်အောင်ဆန်းစုကြည်
Wednesday, 05 December 2012 

လာမည့် ဒီဇင်ဘာ(၈)ရက်နေ့ အမျိုးသားနေ့တွင် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ  မကွေး တိုင်းဒေသကြီး   ဖခင်ဗိုလ်ချုပ်၏ ဇာတိနတ်မောက် မြို့နယ်မှ ပြည်သူလူထုနှင့်တွေ့ဆုံကာ
ဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း ဒီချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့ထံမှ သိရှိရသည်။

ဒီချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၇ရက်နေ့တွင်
နေပြည်တော် ဥတ္တရသီရိ မြို့နယ်မှ တောင်တွင်းကြီးသို့ ခရီးစတင်
ထွက်ခွာမည်ဖြစ်ပြီး ဒီဇင်ဘာ (၈)ရက်နေ့တွင် နတ်မောက် ပြည်သူ
လူထုနှင့် တွေ့ဆုံကာ ဒီဇင်ဘာ(၉)ရက်နေ့ ၌ တောင်တွင်းကြီးမြို့မှ
ပြည်သူနှင့်တွေ့ဆုံမည် ဟု  ဒီချုပ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မကွေးခရီးစဉ်စတင်ရခြင်းမှာ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် မြိတ်ခရီးစဉ်အပြီး မကွေးသို့သွားရန် အစီအစဉ်ဆွဲခဲ့သော်လည်း ကျန်းမာရေးအခြေအနေကြောင့်  မကွေးမှ ပြည်သူလူထုနှင့်တွေ့ဆုံရန်ကျန် ရှိနေခြင်းအား
ပြန်လည်အကောင်အထည်ဖော်ခြင်း ဖြစ်နိုင်ကြောင်း မကွေးဒေသခံ တစ်ဦးက သုံးသပ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
လည်းဖြစ်တယ်ဆိုတော့ ရွေးကောက်ပွဲအကြိုမှာ မကွေးကိုလာမယ်ဆိုပြီး ကတိစကားပြောခဲ့တယ် ဒါပေမဲ့ မြိတ်ခရီးစဉ်မှာတင်ပဲ ကျန်းမာရေး အခြေအနေကြောင့် မကွေးတိုင်းဘက်ကို မရောက်ဖြစ်ခဲ့တာ အခု လွှတ်တော်နားရက်မှာ ရွေးကောက်ပွဲတုန်းက ပြောခဲ့တဲ့ ကတိစကားကို လာပြီး အကြွေးဆပ်တဲ့အနေနဲ့ လာတာပါ ပြီးတော့ လူထုနဲ့လည်း
နွေးနွေးထွးထွေးတွေ့ဆုံမှာပါ။” ဟု မကွေးတိုင်းဒေသကြီးမှ ဒေသခံ
တစ်ဦးဖြစ်သူ ဦးမြင့်သိန်းက ပြောသည်။

ဒီဇင်ဘာ(၈)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပမည်ဖြစ်သော်လည်း အဆိုပါ အခမ်းအနားကို ဒီချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်မည် မဟုတ်ကြောင်း အဖွဲ့ချုပ်အဖွဲ့ဝင်များထံက သိရှိရသည်။

၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း ပြည်ပခရီးစဉ်အဖြစ် ကိုရီးယားနှင့် ဂျပန်တို့ကို သွားရောက်ရန် အစီအစဉ်ရှိသည်ဟု ကြားသိရသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroupလာမည့် ဒီဇင်ဘာ(၈)ရက်နေ့ အမျိုးသားနေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ မကွေး တိုင်းဒေသကြီး ဖခင်ဗိုလ်ချုပ်၏ ဇာတိနတ်မောက် မြို့နယ် မှ ပြည်သူ လူထုနှင့်တွေ့ဆုံကာဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း ဒီချုပ် ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့ထံမှ သိရှိရသည်။
ဒီချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၇ရက်နေ့ တွင်နေပြည်တော် ဥတ္တရသီရိ မြို့နယ်မှ တောင်တွင်းကြီးသို့ ခရီး စတင် ထွက်ခွာမည်ဖြစ်ပြီး ဒီဇင်ဘာ (၈)ရက်နေ့တွင် နတ်မောက် ပြည်သူ

"၀" အထူးဒေသ(၂) အား ပြည်နယ်အဖြစ် လွှတ်တော်တွင် တောင်းဆိုမည်


Photo: "၀" အထူးဒေသ(၂) အား ပြည်နယ်အဖြစ် လွှတ်တော်တွင် တောင်းဆိုမည်
Wednesday, 05 December 2012 

"၀" အထူးဒေသ(၂) အား ပြည်နယ်အဖြစ် လွှတ်တော်တွင် တင်ပြတောင်းဆို သွားမည် ဖြစ်ကြောင်း "၀" အထူးဒေသ(၂) မှ ဒုတိယဥက္ကဌ လျောက်ညီလျံ က ပြောကြားသည်။

ဒီဇင်ဘာ(၄) ရက်နေ့က "၀" အထူးဒေသ(၂) ရှိ ပန်ဆန်းမြို့ တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ များဖြစ်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော် တို့ ဦးဆောင်သော အဖွဲ့ နှင့် တွေ့ဆုံသည့်ပွဲတွင် ယင်း ကဲ့သို့ ပြောကြားခဲ့သည်။

"၀" ပြည်နယ်ရရှိရေးအတွက် လွှတ်တော်မှာ တင်ပြတောင်းဆိုသွားမှာပါ ဟု ယင်းက အထက်ပါအတိုင်းပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂) အပိုဒ် ၅၆(စ) တွင် ရှမ်းပြည်နယ်ရှိ ဟိုပန် မြို့နယ် ၊ မိုင်းမော မြို့နယ် ၊ ပန်ဝိုင်မြို့နယ် ၊နားဖန်းမြို့နယ် ၊ မက်မန်းမြို့နယ် ၊ နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် (၆) မြို့နယ်တို့ကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ပေးခဲ့ပြီးဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂) အပိုဒ် ၅၅ တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတစ်ခုခု၏ အမည် ကိုဖြစ်စေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုခု၏ အမည်ကို ဖြစ်စေ ပြောင်းလဲ သတ်မှတ်လိုလျှင် တိုင်းဒေသကြီးတစ်ခုခုအမည်ကို ဖြစ်စေ ၊ ပြည်နယ် တစ်နယ်နယ်၏ အမည် ကိုဖြစ်စေ ၊ ပြောင်းလဲသတ်မှတ်သည့် နည်းလမ်းအတိုင်း ပြောင်းလဲသတ်မှတ်ရမည် ဟု ဖော်ပြပါရှိသည်။

D-မင်း
Yangon Media Group "၀" အထူးဒေသ(၂) အား ပြည်နယ်အဖြစ် လွှတ်တော်တွင် တင်ပြတောင်းဆို သွားမည် ဖြစ်ကြောင်း "၀" အထူးဒေသ(၂) မှ ဒုတိယဥက္ကဌ လျောက်ညီလျံ က ပြောကြားသည်။
ဒီဇင်ဘာ (၄) ရက်နေ့က "၀" အထူးဒေသ(၂) ရှိ ပန်ဆန်းမြို့ တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ များဖြစ်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော် တို့ ဦးဆောင်သော အဖွဲ့ နှင့် တွေ့ဆုံသည့်ပွဲတွင် ယင်းကဲ့သို့ ပြောကြား

အမေရိကန် ဒေါ်လာ ၇၅ဝဝဝ တန်ဖိုးရှိ သုံးဘီး ဆိုင်ကယ်ပျံ အမေရိကန် ထုတ်လုပ်


Photo: အမေရိကန် ဒေါ်လာ ၇၅ဝဝဝ တန်ဖိုးရှိ သုံးဘီး ဆိုင်ကယ်ပျံ အမေရိကန် ထုတ်လုပ်
Wednesday, 05 December 2012

အမေရိကန် ပြည်ထောင်စုတွင် သုံးဘီး ဆိုင်ကယ်ပျံ အမျိုး အစား တစ်မျိုးကို အောင်မြင်စွာ တီထွင် နိုင်ခဲ့ပြီး ၎င်းဆိုင် ကယ်ပျံကို ဒေါ်လာ ၇၅ဝဝဝ ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်းအင်တာနက် သတင်း
တစ်ရပ် အရ သိရသည်။

အဆိုပါ သုံးဘီး ဆိုင်ကယ်ပျံကို "The Butterfly Aircraft LLC" ဟု အမည်ပေးထားပြီး ၎င်းကို မစ္စတာ လာရီနီးလ် ဆိုသူက နှစ်ပေါင်း များစွာ အချိန်ယူ တီထွင်ခဲ့ ရကြောင်း သိရသည်။

ထိုဆိုင်ကယ်ပျံကို Super Sky Cycle ဟုလည်း ခေါ်တွင်ပြီး ၎င်းတွင် 582 CC အင်ဂျင်တစ်လုံးနှင့် ၆၈ လက်မ အရွယ်အစားရှိ ဒလက်ပန်ကာ သုံးခုကို တပ်ဆင်ထား သည်ဟု သိရသည်။ ဆိုင်ကယ်ပျံသည် မြေပြင်မှ အမြင့်ပေ ၂ဝ တွင် တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပြီး မြေပြင်တွင်လည်း တစ်နာရီလျှင် ၆၅ မိုင်နှုန်းဖြင့် မောင်းနှင် နိုင်ကြောင်း သိရသည်။ ထိုဆိုင်ကယ်ပျံတွင် ဓာတ်ဆီကန် တစ်ခုပါ ရှိပြီး ဆီတစ်ကြိမ် ဖြည့်ထား ပါက ၅ နာရီကြာ မောင်းနှင် နိုင်ကြောင်း သိရသည်။

ထိုသုံးဘီး ဆိုင်ကယ်တွင် ဖြည့်တင်းရမည့် လောင်စာဆီ များကို ပုံမှန် ဓာတ်ဆီ အရောင်းဆိုင် များတွင် ဝယ်ယူ ဖြည့်တင်း နိုင်ပြီး ယခု အခါတွင် သုံးဘီး ဆိုင်ကယ်ပျံကို ဝယ်ယူရန် အတွက် အမေရိကန်နှင့် အခြား
နိုင်ငံများရှိ ကုမ္ပဏီ များက မစ္စတာ နီးလ်ထံ အမှာစာများပေးပို့ထားပြီး
ဖြစ်ကြောင်း သိရသည်။

မြ၀တီ အမေရိကန် ပြည်ထောင်စုတွင် သုံးဘီး ဆိုင်ကယ်ပျံ အမျိုး အစား တစ်မျိုးကို အောင်မြင်စွာ တီထွင် နိုင်ခဲ့ပြီး ၎င်းဆိုင် ကယ်ပျံကို ဒေါ်လာ ၇၅ဝဝဝ ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်းအင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ သုံးဘီး ဆိုင်ကယ်ပျံကို "The Butterfly Aircraft LLC" ဟု

နိုင်ငံခြားငွေများ ရောင်းဝယ်လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသော ဘဏ်မဟုတ်သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများ ဗဟိုဘဏ်တွင် စတင်လျောက်ထားနိုင်

Photo: နိုင်ငံခြားငွေများ ရောင်းဝယ်လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသော ဘဏ်မဟုတ်သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများ ဗဟိုဘဏ်တွင် စတင်လျောက်ထားနိုင်  
Wednesday, 05 December 2012

နိုင်ငံခြားငွေများ ရောင်းဝယ်လဲလှယ်ရေးလုပ်ငန်းတွင် ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများကို ဆောင်ရွက်ခွင့် စတင်ခွင့်ပြုပေးခဲ့ပြီး
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ စတင်လျောက်ထားနိုင်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ပါသည်။

လိုင်စင်ရရှိရန် လျောက်ထားသူများသည် ငွေလဲကောင်တာ လုပ်ငန်းတစ်ခု ဆောင်ရွက်ခြင်းအတွက် ကနဦး မတည်ရင်းနှီးငွေ 
အနည်းဆုံး ကျပ်သန်း ၃၀ ထည့်ဝင်လုပ်ကိုင်ရမည်ဖြစ်ပြီး ယင်းမတည်ငွေရင်းကို နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်တစ်ခုခုတွင် စာရင်းဖွင့်လှစ် ထည့်သွင်း
ရမည်ဖြစ်ကြောင်းနှင့် ငွေလဲကောင်တာ တစ်ခုထက်မကဆောင်ရွက်
လိုပါက ကောင်တာတစ်ခုစီအတွက် မတည်ငွေရင်း ကျပ် ၁၀ သန်းစီ ထပ်မံထည့်ဝင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါသည်။

လိုင်စင်လျောက်ထားသူအတွက် သတ်မှတ်ထားသော အရည်
အချင်းများမှာ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်း
တည်ထောင်ထားသည့်ကုမ္ပဏီဖြစ်ရမည်၊ နိုင်ငံခြားငွေများ ရောင်းဝယ်မှု
လုပ်ငန်းအတွက် ဈေးကွက်ရှိကြောင်း၊ သက်ဆိုင်ရာ ပြည်သူများ၊
ဖောက်သည်များလည်း စိတ်ဝင်စားမှုရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမည့်
ငွေကြေးအရင်းအမြစ်နှင့် ယင်းတို့ကို မည်သို့ရရှိမည်ဖြစ်ကြောင်း၊
မျော်မှန်းထားသည့် အကျိုးအမြတ်၊ နိုင်ငံခြားငွေများ ရောင်းဝယ်မှုလုပ်ငန်း
အတွက် စီမံခန့်ခွဲမည့် ပုဂ္ဂိုလ်၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့ အဓိကပါဝင်သည့် လုပ်ငန်းစီမံချက်အား တင်ပြရမည်ဖြစ်ကြောင်း သိရပါသည်။

ထို့အတူ စာရင်းထားသိုပုံစနစ် အသုံးပြုမည့် ငွေကြေးများနှင့် နောက်ခံ
အကြောင်းအချက်များ၊ နိုင်ငံခြားငွေများ ရောင်းခြင်း၊ ၀ယ်ခြင်းအပေါ်
နောက်ခံအကြောင်းအချက်များ၊  သတင်းအချက်အလက်များ စုဆောင်းရယူပုံစနစ်၊ နိုင်ငံခြားငွေများ ရေတွက်ခြင်း၊ စစ်ဆေးခြင်း၊ အတုအစစ်ခွဲခြားခြင်းတို့အတွက် ပြည့်စုံလုံလောက်သော အစီအမံများ ထားရှိခြင်းတို့ကို စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေနှင့်
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေတို့ကို သိရှိနားလည်၍ ယင်းဥပဒေများ
အတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်သည်ဟု ၀န်ခံကတိပြုရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ လုပ်ငန်းလုပ်ကိုင်လိုသူများ အနေနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနတွင် စတင်လျောက်ထားနိုင်ပြီ
ဖြစ်ပါသည်။

Eleven Media Group နိုင်ငံခြားငွေများ ရောင်းဝယ်လဲလှယ်ရေးလုပ်ငန်းတွင် ဘဏ် မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများကို ဆောင်ရွက်ခွင့် စတင် ခွင့်ပြုပေး ခဲ့ပြီးမြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ စတင်လျောက်ထားနိုင် ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ပါသည်။
လိုင်စင်ရရှိရန် လျောက်ထားသူများသည် ငွေလဲကောင်တာ လုပ်ငန်း တစ်ခု ဆောင်ရွက်ခြင်းအတွက် ကနဦး မတည်ရင်းနှီးငွေ

"၀" အထူးဒေသ(၂)ရှိ ကုလသမဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် NGO များအား နေထိုင်ခွင့် တစ်နှစ်ပေးရန် စီစဉ်


Photo: "၀" အထူးဒေသ(၂)ရှိ ကုလသမဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် NGO များအား နေထိုင်ခွင့် တစ်နှစ်ပေးရန် စီစဉ်
Wednesday, 05 December 2012

"၀" အထူးဒေသ(၂)ရှိ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် NGO များအား နေထိုင်ခွင့် တစ်နှစ်ပေးရန် စီစဉ်နေကြောင်းသိရသည်။

ဒီဇင်ဘာ(၄) ရက်နေ့က "၀" အထူးဒေသ(၂) ရှိ ပန်ဆန်းမြို့တွင် ပြုလုပ်သည့်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ များဖြစ်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော် တို့ ဦးဆောင်သော အဖွဲ့ နှင့် တွေ့ဆုံသည့်ပွဲတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။

"အရင်က နေထိုင်ခွင့် တစ်လပဲ ပေးပါတယ် အခုတစ်နှစ် နေထိုင်ခွင့်ရရှိဖို့ စီစဉ်ဆောင်ရွက်နေပါတယ်"ဟု ယင်းက ဆက်လက်ပြောကြားသည်။

"ကျွန်တော်တို့ဒေသမှာ UNFP နဲ့ အခြား NGO အဖွဲ့တွေ အများကြီးရှိပါတယ် ၊ စားနပ်ရိက္ခာထောက်ပံ့မှုတွေ ပညာရေး နဲ့ ကျန်းမာရေးတွေ ၊ အပြင် အသက်မွေးဝမ်းကျောင်း ပညာတွေပါ သင်ပေးပါတယ် " ဟု "၀" အထူးဒေသ(၂) မှဒုတိယဥက္ကဌ လျောက်ညီလျံ က ပြောကြားသည်။

D-မင်း
ဓာတ်ပုံ-D-မင်း -- "၀" ဒေသမြင်ကွင်း
Yangon Media Group "၀" အထူးဒေသ(၂)ရှိ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် NGO များအား နေထိုင်ခွင့် တစ်နှစ်ပေးရန် စီစဉ်နေကြောင်းသိရသည်။
ဒီဇင်ဘာ(၄) ရက်နေ့က "၀" အထူးဒေသ(၂) ရှိပန်ဆန်းမြို့ တွင် ပြုလုပ် သည့်ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ များဖြစ်သော ပြည်ထောင်စုဝန်ကြီး

ကာတွန်းဘီရုမာနဲ့ လက်ပံတောင်း




  လက်ပံတောင်း သပိတ်စခန်းများ ရှင်းလင်းရာမှာ ဆန္ဒပြသူ အများအပြား မီးစွဲလောင်ခဲ့ပါတယ်။
မီးလောင်ဒဏ်ရာ ရသွားသူ အများစုက သံဃာများပါပဲ။ဒီဖြစ်ရပ်ကြောင့် လုံခြုံရေး တပ်ဖွဲ့ တာဝန်ရှိသူတွေ

လက်ပံတောင်း သပိတ်စခန်းနှင့် သံဃာများ ကိစ္စ ဒေါ်စု ကိုင်တွယ်မယ်

 လက်ပံတောင်း စုံစမ်းရေး ကော်မရှင်ရဲ့ ပထမဆုံး အစည်းအဝေး တခု ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ က နေပြည်တော် လွှတ်တော်ဝင်းမှာ ကျင်းပပြီး ကော်မရှင် ဥက္ကဌဖြစ် သူ ဒေါ်အောင်ဆန်းစုကြည်က

ရခိုင်ပြည်က အိုးအိမ်မဲ့တို့အတွက် ကန်ဒေါ်လာ ၅. ၃ သန်း ရမယ်

ကုလသမဂ္ဂ၏ အရေးပေါ် ကယ်ဆယ်ရေး ဆိုင်ရာ ရံပုံငွေ ဗဟို အဖွဲ့ဖြစ်သည့် Central Emergency Response Fund က မကြာသေးမီက ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသူ စုစုပေါင်း ၃၆၀၀၀ ကျော်အတွက် အဆိုပါ CERF ရံပုံ ငွေ အဖွဲ့က အမေရိကန် ဒေါ်လာ ၅.၃ သန်းကို ထောက်ပံ့ ကူညီသွား မယ် လို့ ပြောဆို ထား တာကို OneWorld South Asia သတင်း