စစ်တွေမြို့တွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက်မှု၌ ပါဝင် ပတ်သက်သည်ဟု ယူဆပြီး ဖမ်း ဆီးစစ်ဆေးနေသူ များတွင် ရခိုင် အမျိုးသားပါတီမှ ဗဟိုကော်မတီ ဝင်တစ်ဦး ပါဝင်နေကြောင်း သ တင်းရရှိသည်။
Thursday, 3 April 2014
စစ်တွေအကြမ်းဖက်မှု သံသယရှိသူများ စစ်ဆေးရာတွင် ရခိုင်ပါတီ ဗဟိုကော်မတီဝင်တစ်ဦး အစစ်ခံနေရ
စစ်တွေမြို့တွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက်မှု၌ ပါဝင် ပတ်သက်သည်ဟု ယူဆပြီး ဖမ်း ဆီးစစ်ဆေးနေသူ များတွင် ရခိုင် အမျိုးသားပါတီမှ ဗဟိုကော်မတီ ဝင်တစ်ဦး ပါဝင်နေကြောင်း သ တင်းရရှိသည်။
လစာကွာဟချက်ကြီးမားမှု အဖြေရှာပါ
ဝန်ကြီးဌာနတစ်ခု၏ ရုံးခန်းအတွင်း ရုံးလုပ်ငန်းများဆောင်ရွက်နေသည့် ဝန်ထမ်းများကို ဧပြီ ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ− နစ်ကီ)
ခေတ်အဆက်ဆက် ဝေဖန်ခံခဲ့ရ သော ၀န်ထမ်းလစာကို အစိုးရ သစ်လက်ထက်တွင် မြန်မြန်ဆန် ဆန် တိုးပေးခဲ့သည့်အတွက် ၀န် ထမ်းများ ပျော်ရွှင်ဝမ်းသာခဲ့ရ သည်။
မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် မြန်မာကစားသမား ပဲပြားမောင်မောင် သေဆုံး
ရေးမြို့ ဟံဂံကျေးရွာ ဘုန်းကြီးပျံပွဲ၌ ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ၌ မြန်မာ့ရိုးရာ လက်ဝှေ့ သမားပဲပြားမောင်မောင်မှာ ထိုင်းလက်ဝှေ့သမားနှင့် ယှဉ်ပြိုင်ထိုးသတ်စဉ် ပထမအချီ၌ပင်ဒဏ်ရာ ရပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော် က ပြောကြား သည်။
ပြည်သူ့ဆန္ဒဖြင့် အတည်ပြုထားသည့် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ
မိမိနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း နိုင်ငံသားတစ်ဦးအနေဖြင့် မဖြစ်မနေလေ့လာသင့်ပါသည်။ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းပြည်ပြု လွှတ်တော်က အတည်ပြုပြဌာန်းပေးခဲ့သည်…..ထိုအချိန်တွင် လွတ်လပ်ရေးမရှိသေးသော်လည်း ယင်း အခြေခံ ဥပဒေနှင့်အညီ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရရှိချိန်တွင် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော နိုင်ငံအဖြစ် ကမ္ဘာအလယ်တွင်ရပ်တည်နိုင်ခဲ့သည်…..
DKBA နောက်လိုက်ခဲ့သော သမီးကလေး ဒေသခံများ ဒုံသမိတံတားတွင် တားဆီးခံရ
DKBA ထိန်းချုပ်နယ်မြေသို့ ပြောင်းရွှေ့လာသော သမီးကလေး ကျေးရွာနှင့် အခြားရွာနေသူ ၃၀၀ ခန့်ကို ကရင်ပြည်နယ်အတွင်း မဝင်ရောက်ရန် ဒူးရင်းဆိပ် ကျေးရွာအနီး မွန်ပြည်နယ်အဆုံး ကရင်ပြည်နယ်အစ ဒုံသမိတံတားတွင် ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀၀ ခန့်က ပိတ်ဆို့တားဆီးခဲ့ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။
အပူဒဏ် အန္တရာယ် ကာကွယ်ရေး နှိုးဆော်ချက်
ယခုအခါ နွေရာသီ ရောက်လာပြီ ဖြစ်သဖြင့် ရာသီဥတု ပူပြင်းလာပြီ ဖြစ်ပါသည်။ ထိုအပူဒဏ်ကြောင့် ချွေး ထွက် လွန်ပြီး ခန္ဓာကိုယ် အတွင်းရှိ ရေနှင့် ဓာတ်ဆားများ ဆုံးရှုံးမှု များပြားသည်။ ထိုသို့ ဆုံးရှုံးမှုကြောင့် မိတ်နှင့် ယားဖုများ ထွက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ် အပူချိန် တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိ ဖြစ် တတ်သည်။
သန်းခေါင်စာရင်း အချက်အလက် မှားယွင်းပါက စာရင်းကောက် ကာလအတွင်း ပြန်ပြင်နိုင်
သန်းခေါင်စာရင်း ကောက်ယူရာတွင် အချက်အလက်မှားယွင်းထည့်သွင်း ကောက်ယူခြင်းခံရပါက သန်းခေါင်စာရင်းကာလအတွင်း ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ စာရင်းကောက်ဆရာမထံတွင် သွားရော က် ပြင် ဆင်နိုင်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း NCCT ရေးဆွဲပြီးဟုဆို
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တွင် အစိုးရနှင့် ညှိနှိုင်းရန် မူကြမ်းတစ်စောင် ရေးဆွဲမှု ပြီးစီးပြီ ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ရခိုင် တပ်မတော်- Arakan Army မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က ပြောကြားသည်။
ကုလသမဂ္ဂ ဆက်လက်ကူညီရေး စစ်တွေမှာ သွားရောက်ဆွေးနွေး
ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့အစည်းတွေ ဆက်လက်အကူအညီပေးနိုင်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mrs. Renata နဲ့ UNHCR, UNOCHA အဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေဟာ စစ်တွေမြို့က ရပ်မိရပ်ဖတွေနဲ့ စစ်တွေဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆိုင်ကယ်စီးနင်းလာသူကို ဝိုင်းဝန်းရိုက်နှက်ပြီး ငွေကျပ် သိန်း ၄၀ လုယူထွက်ပြေး
ဆိုင်ကယ်စီးလာသူတစ်ဦး၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးကာ လူသုံးဦးက ၀ိုင်းဝန်းရိုက်နှက်ပြီး ဆိုင် ကယ်သမားထံမှ ငွေကျပ် သိန်း ၄၀ ကို လုယူထွက်ပြေးသွားသည့် အမှုတစ်ခု မတ်လ ၃၁ ရက် ညဦးပိုင်း က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တွင် ဖြစ်ပွားခဲ့ သည်ဟု အဆိုပါမြို့နယ်၊ မလယ် နယ်မြေရဲစခန်း ရဲတပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မစ္စတာ နမ်ဘီးယား KIOနဲ့ လိုင်ဇာမှာ သွားရောက်ဆွေးနွေး
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Mr.Vijay Nambiar ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်တဲ့ လိုင်ဇာမြို့မှာ ကေအိုင်အို ဗဟိုကော်မတီ ၀င်တွေ နဲ့ ဒီနေ့ သွားရောက်တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ် သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ပြန်ခေါ်သက်သေများ မလာ၍ မြောက်ပိုင်း ခရိုင်တရားရုံး၌ ဧပြီ ၈ ရက်တွင် ရုံးချိန်းပြန်ချိန်း
လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ်
အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ဧပြီ ၁ ရက် တွင် ပြန်ခေါ်သက်သေများ မလာ၍
မြောက်ပိုင်းခရိုင် တရားရုံး၌ ဧပြီ ၈ ရက်တွင်
ရုံးချိန်းပြန်ချိန်း ခဲ့ကြောင်း သတင်းရရှိသည်။
တက္ကစီ အရစ်ကျဝယ်ယူရာတွင် ပိုင်ဆိုင်မှု အထောက်အထားများ မပေးသည့်အပြင် နယ်လိုင်စင်ဝင်ထားသောကားများ ရောင်းသည့်အတွက် BEST AUTO ကားကုမ္ပဏီအား ဆန္ဒပြ
BEST AUTO ကုမ္ပဏီရှေ့တွင် ဆန္ဒပြနေသူများအား ဧပြီ ၂ ရက် မွန်းတည့် ၁၂ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
တက္ကစီများအားအရစ်ကျဝယ်ယူရာတွင် ယာဉ်တန်ဖိုး၏တစ်ဝက်နှင့် တစ်ဝက်ကျော်ခန့် ပေးသွင်းပြီး ဖြစ်ေ သ်ာလည်း ၀ှီးတက်၊ အုံနာဘုတ်ကဲ့သို့ ယာဉ်ပိုင်ဆိုင်မှု အထောက်အထားများကို မပေးသည့်အပြင် နယ် လိုင်စင်ဖြင့် ၀င်ထားသောကားများကို လိမ်လည်ရောင်းချနေသည့် အတွက်ဟုဆိုကာ BEST AUTO ကား ကုမ္ပဏီအား ကားဝယ်ယူမိခဲ့သည့် လူဦးရေ ၃၀ ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေမြယာအိမ်ရာရှိ BEST AUTO ကားကုမ္ပဏီ ရုံးခန်းရှေ့တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။
မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်း သား ကျေးရွာများ၌သာ ကောက်ယူနေရပြီး သုံးရက်အတွင်း လူဦးရေ ၂၃၀၀၀ ကျော် စာရင်းကောက်ယူပြီးဖြစ်
မောင်တောင်ခရိုင်အတွင်း ကျေးရွာတစ်ရွာတွင် တိုင်းရင်းသားမိသားစု တစ်စုကို ဧပြီ ၁ ရက်က သန်းခေါင်စာရင်း ကောက်ယူနေစဉ်
မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားကျေးရွာများတွင်သာ ကောက် ယူနေရပြီး သုံးရက်အတွင်း လူဦးရေ ၂၃၅၈၃ ဦး စာရင်းကောက်ယူပြီးဖြစ်ကြောင်း သန်းခေါင် စာရင်းကောက် ယူရေး ကော်မတီမှ သတင်းရရှိသည်။
မတ် ၃၁ ရက်အထိ နှစ်ရက်တာ သန်းခေါင်စာရင်းကောက်ယူမှုအပြီး အိမ်ထောင်စုနှစ်သန်းကျော် စာရင်းကောက်ယူရရှိ
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ
သန်းခေါင်စာရင်းကောက်ယူမှုကို မတ် ၃၀ ရက်မှ စတင်ကာ တစ်နိုင်ငံလုံး၌
ကောက်ယူမှုပြုလုပ်ခဲ့ရာ မတ် ၃၁ ရက်အထိ နှစ်ရက်တာ
သန်းခေါင်စာရင်းကောက်ယူမှုအပြီး အိမ်ထောင်စု စုစုပေါင်း နှစ်သန်းကျော်
စာရင်းကောက်ယူ ရရှိခဲ့သည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်က သန်းခေါင်စာရင်းကောက်ယူမှု လေးရက်မြောက်ဖြစ်သည့် ဧပြီ ၂ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် အခက်အခဲအချို့ရှိသော်လည်း သန်းခေါင်စာရင်းရလဒ်များကို သတ်မှတ်ထားသည့်အချိန်အတိုင်း ထုတ်ပြန်မည်
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် အခက်အခဲအချို့
ရှိသော်လည်း သန်းခေါင် စာရင်းရလဒ်များကို သတ်မှတ်ထားသည့်အချိန်အတိုင်း
ထုတ်ပြန်သွားနိုင်မည်ဖြစ်သည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်တက်လာသဖြင့် အန္တရာယ် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတိပေးချက်ထုတ်ပြန်
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်တက်လာမှုကြောင့်
အန္တရာယ်ရှိမှုများအား ကျန်းမာရေးဝန်ကြီး ဌာနမှ သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း
သိရသည်။
ပြည်တွင်း ထုတ်ကုန် ပမာဏ ၇.၈ ရာခိုင်နှုန်း တိုးတက်
မြန်မာနိုင်ငံရဲ့ စီးပွါးရေး တိုးတက်မှုကို တိုင်းတာရာမှာ အဓိကကျတဲ့
ပြည်တွင်း ထုတ်ကုန် ပမာဏဟာ ပြီး ခဲ့တဲ့ ဘဏ္ဍဍာနှစ်က 7.8 ရာခိုင်နှုန်းအထိ
တိုးတက်လာခဲ့ပြီးတော့ လာမဲ့နှစ်တွေမှာလည်း တိုးတက်ဖို့ ရှိတယ်လို့ အာရှဖွံ့ ဖြိုးရေးဘဏ် က ထုတ်ပြန်တဲ့ အစီရင်ခံက ဖော်ပြလိုက်ပါတယ်။
ကိုင်ရိုမှာ ဗုံးကွဲမှု ၂ မှုဖြစ် ရဲမှူးချုပ် သေဆုံး
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဗုံးပေါက်ကွဲမှု ၂ကြိမ် ဖြစ်ပွားခဲ့လို့ ရဲမှူးချုပ် တစ်ယောက် သေဆုံး ခဲ့ပြီး နောက်ထပ် ရဲဝန်ထမ်း ၅ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။
ကော့သောင်းခရိုင်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်း တွင် စာရင်းကောက်ဆရာမများ ပုံစံရေးသွင်းသည့် ခဲတံ မလုံလောက်သဖြင့် အခက်တွေ့
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု လုပ် ငန်း တွင် စာရင်းကောက်ဆရာမများ လုပ်ငန်းဆောင်ရွက် ရာ၌ ပုံစံဖြည့် သွင်းသည့် ခဲတံ များထုတ်ပေးထား ရာတွင် စာရင်း ကောက်တစ်ဦးလျှင် STAEDTLER noruca 132 46 2B 0 ခဲတံ(၃)ချောင်းစီ ထုတ်ပေးကြောင်း သိရသည်။
မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ပြန်ခေါ်သက်သေများ မလာ၍ မြောက်ပိုင်း ခရိုင်တရားရုံး၌ ဧပြီ ၈ ရက်တွင် ရုံးချိန်းပြန်ချိန်း
လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ဧပြီ ၁ ရက် တွင် ပြန်ခေါ်သက်သေများ မလာ၍ မြောက်ပိုင်းခရိုင် တရားရုံး၌ ဧပြီ ၈ ရက်တွင် ရုံးချိန်းပြန်ချိန်းခဲ့ကြောင်း သတင်းရရှိသည်။
တက္ကစီ အရစ်ကျဝယ်ယူရာတွင် ပိုင်ဆိုင်မှု အထောက်အထားများ မပေးသည့်အပြင် နယ်လိုင်စင်ဝင်ထားသောကားများ ရောင်းသည့်အတွက် BEST AUTO ကားကုမ္ပဏီအား ဆန္ဒပြ
BEST AUTO ကုမ္ပဏီရှေ့တွင် ဆန္ဒပြနေသူများအား ဧပြီ ၂ ရက် မွန်းတည့် ၁၂ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
တက္ကစီများအားအရစ်ကျဝယ်ယူရာတွင် ယာဉ်တန်ဖိုး၏ တစ်ဝက်နှင့် တစ်ဝက်ကျော်ခန့် ပေး သွင်းပြီး ဖြစ်သော်လည်း ၀ှီးတက်၊ အုံနာဘုတ်ကဲ့သို့ ယာဉ်ပိုင်ဆိုင်မှု အထောက်အထားများကို မပေးသည့် အပြင် နယ်လိုင်စင်ဖြင့် ၀င်ထားသောကားများကို လိမ်လည်ရောင်းချနေသည့် အတွက်ဟုဆိုကာ BEST AUTO ကားကုမ္ပဏီအား ကားဝယ်ယူမိခဲ့သည့် လူဦးရေ ၃၀ ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေမြယာ အိမ်ရာရှိ BEST AUTO ကားကုမ္ပဏီ ရုံးခန်းရှေ့တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)