ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကိုးကန့်ဒေသ လောက်ကိုင် ထိတွေ့တိုက်ပွဲ
ဖြစ်ပွားမှုတွေမှာ အစိုးရတပ်က ၃ ဦး ကျဆုံးခဲ့ပြီး အရာရှိ ၁ ဦးနဲ့ စစ်သည် ၂၆
ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့
တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ ဖေ့ဘုတ် စာမျက်နှာ မှာ ဖော်ပြ ထားပါတယ်။
လောက်ကိုင်ဒေသကို သွားရောက်တဲ့ တပ်မတော်စစ်ကြောင်းနဲ့ စစ်ကူတွေအပါအ၀င်
အုပ်ချုပ်မှု ကိစ္စရပ်တွေ အခက်အခဲ ဖြစ်စေဖို့ ရည်ရွယ်ပြီး
ကိုးကန့်တပ်ဖွဲ့တွေအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) ရှမ်းပြည်တပ်မတော်
(ဝမ်ဟိုင်း) အဖွဲ့တွေပူးပေါင်းပါဝင် တိုက်ခိုက်တယ် လို့ ရေးသားထားပါတယ်။
ဒါဟာ အစိုးရဘက်က ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်တဲ့ တပ်ဖွဲ့ အမည်တွေကို ပထမဆုံးထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ်။