ဧပြီ ၇ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန်
ဖမ်းယူရရှိထားတဲ့တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်ကင်းစင်နေပါတယ်။
Tuesday, 8 April 2014
လာမယ့်နှစ်သစ်မှာ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲရှိမယ်- ဆရာဇေယျာကို
အခု လာမယ် ဧပြီ ၁၇ ရက်နေ့ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်ကို စတင် ကူးပြောင်းပြီ ဖြစ်ပါတယ်။
ခါးပိုက်နှိုက်များအား ဖမ်းဆီးအရေးယူ
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှတပ်ဖွဲ့ဝင် များ သည် ခါး ပိုက်နှိုက် ဖမ်းဆီးရမိရေးအတွက် ၇.၄.၂၀၁၄ ရက်နေ့ ၀၄၃၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ တံတားလေး လမ်းဝ မှတ်တိုင်၌ သတင်းစုံစမ်းဆောင်ရွက်နေစဉ် ယာဉ်လိုင်းအမှတ်(၄၃) ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူများဖြစ်သည့် လှိုင်သာယာမြို့နယ်နေ ပေါက်စီ(ခ) သန့်ဇင်ဦး၊ (၃၅)နှစ်၊ (ဘ)ဦးလှဦး၊ ရှမ်းမ(ခ)သိန်းထွန်းနိုင်၊ (၃၂)နှစ်၊ (ဘ)ဦးကျင်သန်းနှင့် ကြည့်မြင်တိုင်မြို့နယ်နေ မောင်ဇော်၊ (၄၄)နှစ်၊ (ဘ)ဦးကျော်ဝင်းတို့(၃)ဦးကိုတွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ ပေါက်စီ (ခ)သန့်ဇင်ဦး၏ ကျောပိုး အိတ် အတွင်းမှငွေကျပ်(၁၇၆၀၀) ကိုတွေ့ရှိခဲ့ပါသည်။
နိုင်ငံတော် စီးပွားရေး အားကောင်းမောင်းသန် ဖြစ်ရေး ဝိုင်းဝန်း ကြိုးပမ်း
အာရှဖွံ့ဖြိုးရေး ဘဏ်မှ ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ငွေထုတ်ချေးသူများ၏ လွတ်လပ်သော အကဲဖြတ်ဌာနက ဧပြီ ၄ ရက်တွင် လေ့လာ ဆန်းစစ်ချက် အစီရင်ခံစာ တစ်စောင် ထုတ်ပြန် ခဲ့သည်။ ၎င်းအစီရင်ခံစာအရ အာရှ တိုက်တွင် နေထိုင်သော လူတစ်ဦး တစ်နေ့ဝင်ငွေမှာ ၁ ဒသမ ၂၅ ဒေါ်လာအောက် လျော့ နည်း နေသေးခြင်းကြောင့် ဝင်ငွေ မညီမျှမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကထက် ၂ဝ ရာ ခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး စီးပွားရေး အားကောင်းမောင်းသန် ဖြစ်ရမည့် အစား တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီး ပွားရေး ကွာဟမှု ပိုမိုကျယ်ဝန်း၍ ပြည်သူများ၏ ဆင်းရဲမှုမှာလည်း တိုးတက်မှု မရှိသေးကြောင်း သိရသည်။
X-Factor သီချင်းဆို ပြိုင်ပွဲတွင် ချယ်ရီကိုးလ် ဒိုင်အဖြစ် ပြန်လည်ပါဝင်မည်
ကမ္ဘာကျော်အဆိုတော် ချယ်ရီကိုးလ်သညဗြိတိန်နိုင်ငံ၌ အထင်ကရရှိုးပွဲ တစ်ခုဖြစ်သည့် X-Factor သီချင်း ဆို ပြိုင်ပွဲမှ ထွက်ခွာပြီး သုံးနှစ်ကြာ ယင်းပြိုင်ပွဲတွင် ဒိုင်လူကြီး အဖြစ် ပြန်လည် ပါဝင်ရန် စတာလင်ပေါင် ၁ ဒသမ ၅ သန်းဖြင့် သဘောတူ စာချုပ်ချုပ် ဆိုခဲ့ကြောင်း သိရ သည်။
နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းမယ့် မြန်မာစွမ်းအင်ကုမ္ပဏီ စာရင်းကြေညာ
စွမ်းအင်ဝန်ကြီးဌာနဟာ မြန်မာ့ကမ်းနီး၊ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် ၂၀ အတွက် တင်ဒါအောင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ စာရင်း ကြေညာပြီး သိပ်မကြာခင် အဲဒီ ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်မယ့် မြန်မာကုမ္ပဏီ ၈ ခု စာရင်း ထုတ်ပြန် ကြေညာပါတယ်။
ဇနီးဖြစ်သူမှအတွေ့မခံသဖြင့် အရက်မူးယစ်ပြီး အဆောင်အားမီးရှို့သူကို အရေးယူ
၇.၄.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန် လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်ရှိ “ချမ်းမြေ့”အဆောင်ပိုင်ရှင် ဦးသန်းဌေးအောင် မှ ၎င်းသည် မြို့တွင်းသို့ သွားနေစဉ် အဆောင်၌မီးရှို့မှုဖြစ်ပွားကြောင်းကြားသိရ
ချီလီနိုင်ငံသူတဦး ခင်ပွန်းကို သတ်ပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခုတ်ထစ်ပြီး အိုးထဲ ထည့်ပြုတ်
ချီလီနိုင်ငံသူ တယောက်ဟာ သူ့ခင်ပွန်းကို သတ်ဖြတ်ပြီး ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ခုတ်ထစ်ပြီး အိုးကြီးတလုံးထဲမှာ ထည့်ပြုတ်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ကက သူကို်ယ်သူ အာဏာပိုင်တွေ လက် ထဲ အပ်ခဲ့ပါတယ်။
ပျောက်ဆုံးမလေးလေယာဉ်နဲ့ ဂြိုလ်တုကြား အပြန်အလှန်အချက်ပြမှုဟာ တည်နေရာကို ဖော်ထုတ်နိုင်ဖို့ အရေးကြီး
ပျောက်ဆုံး မလေးရှား လေကြောင်းပိုင် လေယာဉ်အား အိန္ဒိယသမုဒ္ဒရာတွင် လိုက်လံရှာဖွေနေစဉ် (ဓာတ်ပုံ -ရိုက်တာ)
ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ဂြိုလ်တုကြား အပြန်အလှန် အချက်ပြမှုဟာ ရှာဖွေရေးဒေသရဲ့ တည်နေ ရာကို အတိအကျ ဖော်ထုတ်နိုင်ဖို့ အရေးကြီးတဲ့ ဦးဆောင်မှု ဖြစ်ခဲ့တယ်လို့ ရှာဖွေရေး အရာရှိက ပြီးခဲ့ တဲ့ ဧပြီ ၇ ရက်နေ့က ပြောပါတယ်။
အခွန်ထမ်း ၁၀၀ ကို ဂုဏ်ပြု
ဧပြီ ၇ ရက်နေ့က ပြည်တွင်းအခွန်များ ဦးစီးဌာနဟာ ၂၀၁၂ – ၁၃ ခုနှစ်အတွက်
ဝင်ငွေခွန်နဲ့ ကုန်သွယ် လုပ်ငန်းခွန် အများဆုံးပေးခဲ့တဲ့ အခွန်ထမ်း အယောက်
၁၀၀ ကို ဂုဏ်ပြုတဲ့ပွဲတခု မရမ်းကုန်းမြို့ နယ် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။
ဂါနာနိုင်ငံသားတွေ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပေါ်လာမှာကို စိုးရိမ်
အနောက်အာဖရိကနိုင်ငံအများစုလိုပဲ ဂါနာနိုင်ငံသားတွေဟာ သူတို့နိုင်ငံကို အီဘိုလာ ဗိုင်းရပ်စ် ကူးစက် မှု ရောက်လာမှာကို စိုးရိမ်နေကြလို့ သတင်းစာခေါင်းကြီးပိုင်းတွေမှာ သံသယအဖြစ်ဆုံးကိစ္စ အဖြစ် ဖော် ပြနေ တာ ဖြစ်ပါတယ်။
သင်္ကြန်မှာ သီချင်းဆိုရတဲ့ ရွှေမှုံရတီရဲ့ခံစားချက်
သင်္ကြန်မှာ သီချင်းဆိုရတဲ့ ရွှေမှုံရတီရဲ့ခံစားချက်ရွှေမှုံရတီက ဆယ်တန်းစာမေးပွဲ အတွက် ဇာတ်ကား ရိုက်ကူး မှုတွေ ခဏနားခဲ့ပြီး စာမေးပွဲဖြေပြီးနောက် မှာတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေ ပါတယ်။ ပညာရေးဘက် ကို အာရုံစိုက်ပြီး လုပ်ခဲ့ပြီး အနု ပညာဘက်ကို အခုချိန်မှာ ပိုအာရုံ စိုက်လုပ်နိုင်ပြီ လို့လည်း ပြောပြတဲ့ ရွှေမှုံရတီက
ကျန်းမာရေး အန္တရာယ်များ ကပ်ညိ နေနိုင်သော အသုံးအဆောင်များ
ကျန်းမာရေး အန္တရာယ်များ ကပ်ညိ နေနိုင်သော အသုံးအဆောင်များ ဘွတ်ဖိနပ် တွေက သင့်ကို ထိခိုက် စေနိုင်သလား၊ မီးခိုး ထွက်ကြောင်း အချက်ပြစက် က သင့်ကို ဆိုးကျိုး ဖြစ်စေ နိုင်သလား။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများ ပြန်ကြားရေး ၀န်ကြီးဌာန ဦးဆောင်ရေးဆွဲ
မီဒီယာ လွတ်လပ်ခွင့် ရရှိရေး အတွက် ၂၀၁၂ ခုနှစ်အတွင်းက ဆန္ဒဖော်ထုတ်နေကြသော သတင်းမီဒီယာ သမားများ ( ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ၏ နောက်ဆက်တွဲ နည်းဥပဒေများကို ပြန်ကြားရေး ၀န်ကြီး ဌာနက ဦးဆောင်ရေးဆွဲပြီး ၄င်းတို့၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်လိုက်ကြောင်း သတင်းမီဒီယာ အသိုင်းအ၀ိုင်း က ပြောသည်။
ချမ်းမြသာစည်မြို့နယ်၊အုံးအင်းကွင်းအမှတ်(၄၁၁)လယ်မြေများအဓ္ဓမ သိမ်းယူခြင်း၊ဒေါ်မြမြအေး အား ပုဒ်မ ၁၅၂ ဖြင့် တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ ဥပဒေပညာရှင် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ် ဆန်းအောင် က ရှင်းလင်း
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊အုံးအင်းကွင်းအမှတ်(၄၁၁)ရှိ
လယ်မြေများအား မန္တလေး မြို့တော်စည်ပင်သာယာမှ အဓ္ဓမသိမ်းယူခဲ့သလို
ဒေါ်မြမြအေးအား ပုဒ်မ (၁၅၂)ဖြင့် တရားစွဲဆိုခြင်းများမှ ဥပဒေအားလေးစားလိုက်နာခြင်းမရှိကြောင်း ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ
ဦးရောဘတ် ဆန်း အောင် က ရှင်းလင်းပြောကြားသည်။
ရေသန့်ပေးခြင်းဖြင့် ကလေးသောင်းဂဏန်းကို ကယ်ပါ ၀မ်းပျက် ၀မ်းလျှောကြောင့် တစ်နှစ်လျှင် ငါးနှစ်အောက်ကလေး သေဆုံးမှု တစ်သောင်းကျော်
သန်ဆန်ခါခြားနေသည့် ကလေးငယ်နှစ်ဦး ကြင်ကြင် နာနာဖြင့်
ရေတိုက်နေသည်ကို ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်း ကူးတို့သင်္ဘောပေါ်တွင်
တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
မတ်လပိုင်းမှစ၍ အပူချိန် မြင့်တက်လာမှုနှင့်အတူ ကလေးသူငယ်များ ၀မ်းပျက်ဝမ်းလျှော ရောဂါ များ ဖြစ် ပွားလျက်ရှိပြီး အများစု မှာ ရေရှားပါးပြီး ရေသန့် မရရှိသေးသော အရပ်ဒေသများ မှဖြစ်သည်။ ရေပြဿနာကို အစိုးရအနေဖြင့် ကောင်းစွာကိုင်တွယ် ဖြေရှင်းပေးနိုင်မှု အားနည်းနေသလို လူမှုအဖွဲ့အစည်းအသီးသီးက လှူဒါန်းရာ၌လည်း ရေရှည်စီမံကိန်းမဖြစ်ခြင်းကြောင့် ထိရောက်မှုမရှိဘဲ ရေပြဿနာ အခက်အခဲ မှာ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ကို ဒေသခံများ ခံစားနေကြရခြင်းဖြစ်သည်။
မတ်လပိုင်းမှစ၍ အပူချိန် မြင့်တက်လာမှုနှင့်အတူ ကလေးသူငယ်များ ၀မ်းပျက်ဝမ်းလျှော ရောဂါ များ ဖြစ် ပွားလျက်ရှိပြီး အများစု မှာ ရေရှားပါးပြီး ရေသန့် မရရှိသေးသော အရပ်ဒေသများ မှဖြစ်သည်။ ရေပြဿနာကို အစိုးရအနေဖြင့် ကောင်းစွာကိုင်တွယ် ဖြေရှင်းပေးနိုင်မှု အားနည်းနေသလို လူမှုအဖွဲ့အစည်းအသီးသီးက လှူဒါန်းရာ၌လည်း ရေရှည်စီမံကိန်းမဖြစ်ခြင်းကြောင့် ထိရောက်မှုမရှိဘဲ ရေပြဿနာ အခက်အခဲ မှာ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ကို ဒေသခံများ ခံစားနေကြရခြင်းဖြစ်သည်။
နိုင်ငံသားတိုင်း စာတတ်မြောက်ဖို့ အရှက်အကြောက်တရား ဘေးချိတ်ထားရမလား?
မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်များတွင် စာတတ်မြောက်ရေးအတွက်
ပြည်သူများထံသို့ စည်းရုံးရေး ဆင်းရာတွင်အခက်အခဲ များကြုံတွေ့နေရကြောင်း
စည်းရုံးရေးဆင်းသူများထံက သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ဂျာမနီနှင့်ပြင်သစ် ခရီးစဉ် စတင်တော့မည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီနှင့်
ပြင်သစ်နိုင်ငံများသို့ ဧပြီ ၉ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ၇ ရက်ကြာ သွားရောက်
လည်ပတ်မည် ဖြစ်သည်။ ဂျာမနီ သမ္မတ၏ ဖိတ်ကြား ချက် အရ ဂျာမနီသို့ ပထမဆုံး
သွားရောက်ခြင်း ဖြစ်ပြီး ခရီးစဉ်အတွင်း ဂျာမနီ အစိုးရ အရာရှိ များနှင့်
တွေ့
ချစ်သူဟောင်းများကို လက်စားချေသည့်နည်းလမ်း ကိတ်အပ်တန် အကြံပြု
Sports Illustrated မော်ဒယ်လ် တစ်ဦးဖြစ်သည့် ကိတ်သည် မကြာသေးမီ
လပိုင်းများက ယူကရိန်း အက ပညာရှင် မက်စ်ဆင်မ် ချမာကော့ဗ်စကီးနှင့်
လမ်းခွဲခဲ့ပြီး ထို့နောက်တွင် ယခင်ချစ် သူဟောင်း ဘေ့စ်ဘော အားကစားသမား ဂျက်စတင် ဗာလန်ဒါနှင့် ခေတ္တခဏ ပြန်တွဲဖြစ်ခဲ့သည်။
အာဏာရှင်ကင်ဂျုံအန်း ပြည်သူ့ လုံခြုံရေးဝန်ကြီး အိုဆန်ဟွန်းကို မီးသေနတ်နဲ့ မီးလောင်တိုက်သွင်းပြီး ကွပ်မျက်
မြောက်ကိုးရီးယားပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး အိုဆန်ဟွန်း ကို မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်း တစ်ယောက်
မီးသေနတ်နဲ့ မီးလောင်တိုက်သွင်းသတ်ခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။
အိုဆန်ဟွန်းဟာ မကြာမီက ခွေးစာကျွေးပြီး အဆုံးစီရင်ခံခဲ့ရသူ ကင်ဂျုံအန်းရဲ့
ဦလေး နဲ့ ဆက်နွယ်နေ မှုကြောင့် အခုလို အဆုံးစီရင်ခဲ့တာဖြစ်တယ်လို
့သိရှိရပါတယ်။
NGO တွေ ရခိုင်ပြည်နယ် ပြန်ဝင်ခွင့်ရရေး ကုလနဲ့ဗြိတိန် ဖိအားပေး
နိုင်ငံတကာ NGO အဖွဲ့တွေ စစ်တွေမြို့က ထွက်ခွာသွားကြစဉ်
မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အကူအညီပေးရေး အဖွဲ့အစည်းတွေ လုပ်ငန်းတွေ မလုပ်နိုင်ဘဲ ဖြစ်နေရတဲ့အပေါ် ကုလသမဂ္ဂ အပါ အဝင် နိုင်ငံ တကာအသိုင်းအဝိုင်းက စိုးရိမ်မကင်းမှုတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။
မတ်လအတွင်း မှုခင်းငါးမျိုးဖြစ်ပွားမှု ၂၄၉၇ မှုရှိ ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးဖြစ်ပွား
မြန်မာနိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့် မတ်လအတွင်း အများဆုံးဖြစ်ပွားခဲ့သည့် မှုခင်းငါးမျိုး၏ စာရင်းဇယား များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဧပြီ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လူသတ်မှုအများ ဆုံးဖြစ်ပွား
မြန်မာနိုင်ငံတစ်ဝန်း နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခု၌၂၀၁၄ ခုနှစ် မတ်လ အတွင်း လူသတ်မှုစုစုပေါင်း ၁၂၃မှုဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူး တိုင်းဒေသကြီး တို့သည် လူသတ်မှုအများဆုံးဖြစ်သည်။
တောင်ကြီးမြို့ မြို့မဈေးကြီးတွင် လက်သည်မပေါ်သော လူသတ်မှုဖြစ်ပွား
တောင်ကြီးမြို့၊ မြို့မဈေးကြီး ၊ ဒုတိယထပ် ဆိုင်အမှတ်(E)/42 ငြိမ်းရွက်လှေ ပန်းကန်ဆိုင်မှ အသက်(၅၂) အရွယ် ဆိုင်ပိုင်ရှင် ဒေါ်စိန်စိန်အား အကြောင်းမသိ ဓါးထိုးသတ်မှုဖြစ်ပွါးခဲ့ပါသည်။
နေပြည်တော် ဗဟိုဘဏ်ရုံးအနီး ဘုရားဖူးယာဉ်တစ်စီး တောင်စောင်းနှင့် တိုက်မိ
နေပြည်တော် ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်း အဝိုင်းဘက် (မြောက်အရပ်)မှ ကြာပန်းအဝိုင်းဘက် (တောင် ဘက်)သို့ ရာဇသင်္ဂဟ လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် DD/----HYUNDAI STAREX MINIBUS (မီးခိုးရောင်) ဘုရားဖူးယာဉ်သည် ယနေ့နံနက် ၅ နာရီခန့်က မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရုံး အနီးသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လက်ယာဘက် ပလက်ဖောင်းအား ကျော်တက်ကာ ပေ ၁ဝဝ ခန့် အကွာအဝေးရှိ တောင်စောင်းနှင့် တိုက်မိခဲ့ကြောင်း သိရသည်။
သံလွင်အနောက်ခြမ်း မိုင်းပန်မြို့နယ်အတွင်း UWSA နှင့် RCSS တို့ ဆက်တိုက် တိုက်ပွဲဖြစ်
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် (သံလွင်အနောက်ခြမ်း) အတွင်း ဝင်ရောက်လှုပ်ရှားသွားလာ သည့် ၀ တပ်ဖွဲ့ နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသတွင်း သတင်းရပ်ကွက်က ပြောသည်။
ကာကွယ်ရေးဦးစီးချုပ်မှ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အား ခေါ်ယူတွေ့ဆုံ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေကို ခေါ်ယူတွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တပ်မတော်ရဲ့ သဘော ထားတွေ ပြောကြားခဲ့ပါတယ်။
မြန်မာစာကို ရုံးသုံးအဖြစ်ထားရှိရန် တိုင်းရင်းသားတပ်ဖွဲ့များအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော
၂၀၁၄ ဧပြီလ ၆ ရက်နေ့က ‘တိုင်းရင်းသား များပြားသည့် မြန်မာနိုင်ငံ အတွက် ဘုံဘာသာစာပေမှာ မြန်မာ ဘာသာ စာပေသာဖြစ်သင့်သည်’ ဟု သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များအား လက်ခံတွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
သင်္ကြန်မဏ္ဍပ်များတွင် အ၀တ်လဲခန်းမှလွဲ၍ အခန်းပိုများ ဖျက်ခိုင်း
ရန်ကုန်သင်္ကြန်မဏ္ဍပ်အချို့တွင် စုံတွဲများ နှစ်ကိုယ်ကြားတွေ့ဆုံနိုင်သည့် အခန်းများထည့်သွင်း တည်ဆောက် ထားခြင်းကြောင့် အ၀တ်လဲခန်းမှလွဲ၍ အခြားအခန်းများ ပြန်လည်ဖျက်သိမ်းရန် မဏ္ဍပ် တည်ဆောက် သူများကို သတိပေးထားသည်။
အီလက်ထရောနစ် သေနတ်လို သုံးလို့ရမယ့် အိုင်ဖုန်းကာဗာ
အီလက်ထရောနစ် သေနတ်လို အသုံးပြုနိုင်မယ့် အိုင်ဖုန်း ကာဗာကို အမေရိကန်က တီထွင်သူ Seth Froom က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူအိမ်မှာနေရင်း သေနတ်နဲ့ ခြိမ်းခြောက် ဓါးပြ တိုက်ခံရပြီးနောက် ယခုလို အိုင်ဒီယာရ တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ် ။
မတ်လအတွင်း ယာဉ်တိုက်မှု ၁၃၁၀ ဖြစ်ပွား ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၇၄၂၉၆၂၀၀ ရှိ
မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ် မတ်လအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်
များတွင် ယာဉ်တိုက်မှုပေါင်း ၁၃၁၀ ဖြစ်ပွားရာ သေဆုံးသူ ၄၇၂ ဦး၊ ဒဏ်ရာ ရသူ
၂၃၆၇ ဦး ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၇၄၂၉၆၂၀၀ ရှိခဲ့ကြောင်း
သတင်းထုတ်ပြန်ချက်အရ သိရသည်။
တစ်နိုင်ငံလုံး၏ ၇၈ ရာခိုင်နှုန်း သန်းခေါင်စာရင်းကောက်ပြီး
မြန်မာတစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ခံပြီးသည့်
အိမ်ထောင်စုပေါင်း ရှစ်သန်းကျော်ရှိပြိး တစ်ပြည် လုံး ၏ ၇၈ ရာခိုင်နှုန်းကို
ကောက်ခံပြီးဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ဧပြီ ၇ရက် တွင်
သတင်းထုတ်ပြန်သည်။
လေ့ကျင့်ခန်းလုပ်၍ ၂၀၆ ပေါင် ခန္ဓာကိုယ်မှ ၈၉ ပေါင်သို့ ကျဆင်းသွားသူ
ခန္ဒာကိုယ်မှာ မလိုအပ်တဲ့ အဆီတွေနဲ့ ဝနေသော အမျိုးသမီးကြီးဟာ လေ့ကျင့်ခန်းများကို နေ့စဉ်မှန်မှန် လုပ်ဆောင်သည့် အတွက် ၂၀၆ ပေါင် ခန္ဓာကိုယ်မှ ၈၉ ပေါင်ထိအောင် သိသိသာသာ ကျဆင်းသွားတယ် လို့ သိရပါတယ်။
သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဖြင့် ကျောက်တံခါးမြို့နယ် တရားရုံးမှအလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ရဲတိုက်အား ပဲခူးတိုင်းဒေသကြီး
ကျောက်တံခါးမြို့နယ် တရားရုံးမှ ဧပြီ ၇ ရက်က မူးယစ်ဆေး
ဝါးလက်ဝယ်ထားရှိမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ်
ချမှတ်ခဲ့ကြောင်း ကျောက် တံခါးမြို့မ ရဲစခန်းမှ သတင်းရရှိသည်။
"တရားလို ရဲအုပ်လှမြင့်ဦး စွဲဆိုထားတဲ့ သရုပ်ဆောင်ရဲတိုက်ရဲ့ အမှုကို ဒီကနေ့ ဧပြီ ၇ ရက်မှာ ကျောက်တံခါးမြို့နယ် တရားရုံး ကနေ မူးယစ်ပုဒ်မ-၁၆(ဂ)အရ အလုပ် ကြမ်းနဲ့ ထောင်
"တရားလို ရဲအုပ်လှမြင့်ဦး စွဲဆိုထားတဲ့ သရုပ်ဆောင်ရဲတိုက်ရဲ့ အမှုကို ဒီကနေ့ ဧပြီ ၇ ရက်မှာ ကျောက်တံခါးမြို့နယ် တရားရုံး ကနေ မူးယစ်ပုဒ်မ-၁၆(ဂ)အရ အလုပ် ကြမ်းနဲ့ ထောင်
Subscribe to:
Posts (Atom)