ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ ခိုးဝင်တဲ့ မြန်မာနိုင်ငံသား ၁၀၄ ဦးကို လူမှောင်ခိုပွဲစား သုံးဦးနဲ့အတူ ဖမ်းမိ တယ်လို့ ထိုင်းလ၀က ရဲအရာရှိတွေက ပြောပါတယ်။
Saturday, 5 April 2014
ထိုင်းမှာ မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ ခိုးဝင်တဲ့ မြန်မာနိုင်ငံသား ၁၀၄ ဦးကို လူမှောင်ခိုပွဲစား သုံးဦးနဲ့အတူ ဖမ်းမိ တယ်လို့ ထိုင်းလ၀က ရဲအရာရှိတွေက ပြောပါတယ်။
KIAနယ်မြေမှာ သန်းခေါင်စာရင်းကောက်ဖို့ မဖြစ်နိုင်သေးကြောင်း ဗိုလ်ချုပ်ဂွမ်မော် ပြော
ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းမှာ သန်းခေါင် စာရင်း ကောက် ယူဖို့ မဖြစ်နိုင်သေးကြောင်း ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီကနေ့ပြောပါတယ်။
ယခုဘဏ္ဍာနှစ်တွင် အခွန်အကောက်မှ ကျပ်ဘီလျံ ၅၀၀၀ နီးပါးရရှိရန် လျာထားပြီး ယခင်ဘဏ္ဍာနှစ် လျာထားမှုထက် ကျပ်ဘီလျံ ၂၅၀၀ ကျော်ပိုမို
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အခွန်အကောက်ရရှိရန် လျာထားငွေပမာဏ ကျပ် သန်းပေါင်း ၄၈၉၀၅၈၀ ဒသမ ၉၄၃ (ဘီလျံ ၅၀၀၀ နီးပါး)ဖြစ်ပြီး ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ် အခွန်အကောက်ရရှိရန် လျာထားငွေပမာဏ ကျပ် သန်းပေါင်း ၂၃၅၉၄၄၉ ဒသမ ၀၇၁ (ဘီလျံ ၂၃၀၀ ကျော်)ထက် ကျပ် သန်းပေါင်း ၂၅၃၁၁၃၅ ဒသမ ၈၇(ဘီလျံ ၂၅၀၀ကျော်) ပိုမိုတိုးမြှင့်ကောက် ခံ ရန် လျာထားကြောင်း သိရသည်။
ဒီမိုကရေစီစနစ်သာ အကောင်းဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံသားအများစု သဘောထားဟု အမေရိကန် IRI အဖွဲ့၏ စစ်တမ်းတွင်ဖော်ပြ
ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ်သည်သာ အကောင်း ဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံသား အများစုက သဘောထားပေးသည်ဟု အမေရိကန် International Republican Institute(IRI) အဖွဲ့၏ ဧပြီ ၃ ရက်က ထုတ်ပြန်သော စစ်တမ်း၌ ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် သုံးနှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုပွဲနှင့် ရန်ပုံငွေဂီတပွဲတွင် ပညာရေးအစီအစဉ်များဖြင့် ကျင်းပပြုလုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ရက် သုံးနှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုပွဲနှင့် ရန်ပုံငွေ ဂီတဖျော်ဖြေ ပွဲအား ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ (MCC) ခန်းမတွင် ၂၀၁၄ ခုနှစ် ဧပြီ ၄ ရက်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
မိုးစနေ လေရာဟု
ရွာသူ ရွာသားအပေါင်း တို့ခင်ဗျား။ ရာဟုထောင့်မှ လေနီကြမ်းများ ဆင်လာနေပြီဖြစ်တဲ့အတွက် မိမိတို့ရဲ့ မီးခွက်များ၊ မှန်အိမ်များကိုလုံးဝငြှိမ်းသတ်ထားကြပါရန် နှင့် မီးဖိုချောင်မှ မီးကြွင်းမီးကျန်များကိုလည်း သေချာ စွာ ငြှိမ်းသတ် ထားကြပါရန် အများအကျိုးမျှော်၍ နှိုးဆော်အပ်ပါတယ် ဗျိုး ...’’
သံလွင်အနောက်ကမ်းကူးသည့် ဝ တပ်ဖွဲ့ နှင့် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း သံလွင်အရှေ့ခြမ်းမှ အနောက်ဘက်ခြမ်းသို့ ကူးကာ ရွှေ တူးဖေါ်နေသည့် UWSA ဝ တပ်ဖွဲ့နှင့် RCSS/ SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု ဆိုသည်။
တာချီလိတ်မြို့နယ် သဲကျင်း လုပ်ငန်း တခုမှ ရှေးဟောင်း ဆင်းထု တော်များ တူးဖော်ရမိ
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း နမ့်ဟုတ်ချောင်း သဲကျင်းလုပ်ငန်းမှ ရှေးဟောင်း ဆင်း ထုတော်များ တူးဖော်ရမိကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။
ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ခိုအောင်းနေသည့် ခိုး၊ ဆိုး၊ နှိုက်များကို တိုင်းဒေ သကြီးနှစ်ခုမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးမည်
မန္တလေးမြို့တော် အနီးရှိ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် ဆိုက်ကပ်သော
သင်္ဘောနှင့် စက်လှေ များပေါ်ရှိ ကုန်ပစ္စည်းများကို ခိုးယူခြင်း၊ လက်နက်ဖြင့်
ခြိမ်းခြောက် ယူခြင်းများ ဖြစ်ပေါ်နေပြီး ယင်းကျူး လွန်သူ များသည် အဆိုပါ
မြစ်ကြောင်း တစ်လျှောက်ရှိ သဲသောင်ပြင်များတွင် ခိုအောင်းနေသည့်အတွက်
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့
ပူးပေါင်းကာ ဧပြီလ ၄ ရက်နေ့မှ စတင်ဖမ်းဆီး သွားမည် ဖြစ်ကြောင်း မန္တလေးခရိုင်
ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြား သည်။
လှည်းကူးတွင် ဆူပူ အကြမ်းဖက်သူ ၆ ဦးကို ဖမ်းဆီးအရေးယူ
လှည်းကူးမြို့တွင်ခိုက်ရန်ဖြစ်ပွားမှုပြီး
နောက်ဒေသခံလူငယ်တစ်ချို့နှင့် လုံထိန်းရဲများ
ထိပ်တိုက်ရင်ဆိုင်မှုဖြစ်နေစဉ် ဖမ်းဆီး ထိန်း သိမ်း ခံရသူတစ်ဦး (ဓာတ်ပုံ –
ဂျေပိုင် / ဧရာဝတီ)
လှည်းကူးမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ရန်ပွဲကို အကြောင်းပြု၍ ဘာသာရေးနှင့် လူ မျိုးရေး ပဋိပက္ခ ဖြစ်စေရန် လူစုလူဝေးဖြင့် အကြမ်းဖက်သူ ၆ ဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ ထားကြောင်း လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
လှည်းကူးမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ရန်ပွဲကို အကြောင်းပြု၍ ဘာသာရေးနှင့် လူ မျိုးရေး ပဋိပက္ခ ဖြစ်စေရန် လူစုလူဝေးဖြင့် အကြမ်းဖက်သူ ၆ ဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ ထားကြောင်း လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
လှည်းကူး ရန်ပွဲ ၉ ဦးဒဏ်ရာရ
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဈေးထဲမှာ မနေ့ညနေ ၄ နာရီလောက်က ဖယောင်းပုဆိုးရောင်းတဲ့ ဗမာနဲ့မွတ်စလင်ဈေးဆိုင်နှစ်ဆိုင်က လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာကနေအစပြုပြီး၊ ဆူပူမှုတွေဖြစ်ပွါးခဲ့တဲ့ အတွက် အနည်းဆုံး လူ ၉ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်၏ခြံဝင်းအတွင်း တရားမဝင်သစ်များဖမ်းမိဟုဆို
သီပေါ− သီပေါမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၏ခြံ ဝင်း အတွင်းတွင် တရားမဝင်သစ်များ ရှိ သည် ဆိုသည့် ဒေသခံတစ်ဦး၏ တိုင်ကြားချက်ကြောင့် ဧပြီ ၂ ရက်၌ တာဝန်ရှိသူများက အဆိုပါ သစ် များ ကို သိမ်းဆည်းထားခဲ့ ကြောင်း ကျောက်မဲခရိုင်သစ် တောဦးစီးမှူး ဦးမောင်မောင်က ပြောသည်။
အကြမ်းဖက် သတင်းများကြောင့် စစ်တွေမြို့တွင် လုံခြုံရေးတိုးမြှင့်
ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၀င် ရောက် အကြမ်းဖက်မည်ဟု သတင်းရရှိသောကြောင့် စစ်တွေ မြို့တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေး အထူးတင်းကျပ်ထား ကြောင်း သတင်းရရှိသည်။
လှည်းကူးမြို့နယ်၊ မြို့မဈေးအတွင်း ခိုက်ရန် ဖြစ်ပွားခဲ့မှုအား အရေးယူ ထားရှိခြင်း
၎.၄.၂၀၁၄ ရက်နေ့ ၁၅၄၅ အချိန်တွင် လှည်းကူးမြို့နယ်၊ မြို့မဈေး အရှေ့ဘက် အမိုးအကာ ကူရှင်ပြု လုပ် သည့် ဆိုင်ခန်းအမှတ်(၂၇/၂၉/၅၉) ဆိုင်ခန်း(၃)ခုမှ ဦးကိုကိုနိုင်၏သားများ ဖြစ်သည့် ရန်နိုင်(ခ) ရန်အောင် ကိုကို (ခ)အွစ္စမန်ပါ(၃)ဦးတို့နှင့် ဆိုင်ခန်းအမှတ်(၁/၂၈)မှ “ချစ်မိတ်ဆွေ”အမည်ရှိ နာရီနှင့် အပို ပစ္စည်းရောင်း ၀ယ်ရေးဆိုင်မှ သက်ပိုင်ဦး၊ (ဘ)ဦးအောင်ဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရန်နိုင်ပါ(၃)ဦးမှ တုတ်ဖြင့် ရိုက်ပြီး ချွန်ထက်သောအရာ ဖြင့်ထိုးခဲ့သဖြင့် သက်ပိုင်ဦး၏ မျက်လုံးနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာ ရရှိခဲ့ ပါသည်။
စက်မှုဇုန်မြေ ငှားရမ်းခနှုန်းထား ပြီးခဲ့သည့်နှစ်ထက် ၁၅ ရာခိုင်နှုန်းမြင့်တက်
တရိပ်ရိပ် မြင့်တက်လျက်ရှိသော အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများတွင်
ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်မြေ ငှား ရမ်းခ နှုန်းထားများမှာလည်း
ပြီးခဲ့သည့် နှစ်ကထက် ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက် လာကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။
လေးပွင့်ဆိုင် တွေ့ဆုံရန်နှင့် ဖွဲ့စည်းပုံပြင်ရန် ရေနံချောင်းမြို့တွင် ဆန္ဒဖော်ထုတ်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှ င့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သော လေး ပွင့် ဆိုင် တွေ့ ဆုံဆွေး နွေးရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ လုပ်ဆောင်ရန် ရေနံချောင်း ဒေသခံ လေးရာကျော် ခန့် ဆန္ဒဖော် ထုတ်ခဲ့ကြကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများက ပြောကြားသည်။
ယူကရိန်း ထောက်ပံ့ပေးရေး အစီအစဉ်အား အမေရိကန် အတည်ပြု
အမေရိကန် ဥပဒေပြု အောက်လွှတ်တော်မှ ယူကရိန်းနိုင်ငံအား စီးပွားရေးဆိုင်ရာ ထောက်ပံ့ပေးမှု များ ပေး အပ်မည့် အစီအစဉ်အား ခွင့်ပြုလိုက်သဖြင့် ခွင့်ပြုမိန့်အား လက်မှတ်ရေးထိုး ပေးနိုင်ရန် အမေရိကန် သမ္မတ အိုဘားမားထံသို့ ပေးပို့တင်ပြထားကြောင်း ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ကေအိုင်အို၏ သဘောထား ကုလ ကိုယ်စားလှယ် မေးမြန်း
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားသည် ကေအိုင်အို ဗဟိုကော် မတီ ဝင်များနှင့် လိုင်ဇာမြို့၌ တွေ့ဆုံစဉ်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် ကေအိုင် အို အဖွဲ့အစည်း၏ သဘောထားကို မေးမြန်းခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးအင်ရှန်းဆန်အောင်က ပြောကြားသည်။
အကြမ်းဖက် သံသယရှိသူများကို ရက်စက်စွာ စစ်မေးသည့် စီအိုင်အေမှတ်တမ်း အများပြည်သူသို့ ချပြရန် ဆီးနိတ်လွှတ်တော် ဆုံးဖြတ်
အမေရိကန် စီအိုင်အေက အကြမ်းဖက်သမားဟု သံသယ ရှိသူများကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သည့် နည်းလမ်းများ အသုံးပြုခဲ့သည့် မှတ်တမ်းများကို အများပြည်သူသို့ ချပြရန် အမေရိကန် ဆီးနိတ် လွှတ်တော်က သဘောတူလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အာဖဂန် သမ္မတရွေးကောက်ပွဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀,၀၀၀ အသုံးပြု
အာဖဂန်သမ္မတ
ရွေးကောက်ပွဲကို လာမည့် စနေနေ့တွင် စတင်ကျင်းပမည် ဖြစ်ပြီး ရွေးကောက်ပွဲ
ကျင်းပရန် နီးကပ်လာသဖြင့် လုံခြုံရေး တင်းကျပ်ထားပြီး တပ်ဖွဲ့ဝင်ပေါင်း
၂၀၀,၀၀၀ အသုံးပြု ကာကွယ်ထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်ယင်းလပ်ကို ထောက်ခံသောရှပ်နီများ ဘန်ကောက်တွင် ဆန္ဒပြမည်
အစိုးရ ထောက်ခံသူများနှင့် ဆန့်ကျင်သူများ မကြာခဏ ဆန္ဒပြလေ့ရှိသော ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ် ကုန်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသော ရှပ်နီများက မြို့တော်ဘန်ကောက်သို့လာ၍ ယင်းလပ် ထောက်ခံကြောင်း ဆန္ဒပြကြမည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
မြန်မာ-အိန္ဒိယ နယ်စပ်တွင် ရူပီးဈေးမြင့်
ကသည်းလူမျိုးတို့၏ သင်္ကြန်ပွဲတော်အပြီး
မြန်မာ-အိန္ဒိယ နယ်စပ်တွင် ဈေးအရောင်းအဝယ် အေးလာကာ အိန္ဒိယရူပီးဈေး
မြင့်တက်လာကြောင်း အဆိုပါဒေသရှိ ဈေးသည်များနှင့် ငွေလဲလုပ်ငန်း
လုပ်ကိုင်သူများထံမှ သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဂျာမနီ၊ ပြင်သစ် သမ္မတများနှင့် တွေ့ရန် ဥရောပသို့ ၉ ရက်နေ့ သွားမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ခေါင်းဆောင်များ၏ ဖိတ်ကြားချက်အရ
ဂျာမနီနှင့် ပြင်သစ်နိုင်ငံ သမ္မတတို့နှင့် တွေ့ဆုံရန် ဧပြီလ ၉ ရက်နေ့တွင်
ဥရောပသို့ သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီက သတင်းထုတ်ပြန်သည်။
ကျောင်းသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄,၁၀၀၀ ခန့် ပေးအပ်မည့် IELTS ပညာသင်ဆု ဗြိတိသျှကောင်စီမှ ပေးအပ်သွားမည်
ကျောင်းသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄,၁၀၀၀ ခန့် ပေးအပ်မည့် IELTS ပညာသင်ဆုများကို ယခုနှစ်မစတင်၌ ဗြိတိသျှကောင် စီမှ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ပညာသင်ဆုပေးအပ်ရာတွင် အမျိုးအစားပုံစံနှစ်မျိုးဖြင့် ပေးအပ်သွားမည်ဟုသိရသည်။
မူးယစ်တိုက်ဖျက်ရေး ဥပဒေ ပြင်ဆင်ရေးဆွဲမည်
လက်ရှိ ကျင့်သုံးနေသော မူးယစ်တိုက်ဖျက်ရေး
ဥပဒေကို နိုင်ငံတကာစံနှုန်းနှင့်အညီ ပြင်ဆင်ရေးဆွဲ မည် ဖြစ်ကြောင်း
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်ရေးအဖွဲ့ (ဗဟို) အတွင်းရေးမှူး ရဲချုပ်ဇော်ဝင်းက
ပြောကြားသည်။
ဦးသန့် အမှတ်တရ ငြိမ်းချမ်းရေးကျောက်တိုင် စတင်ဖွင့်လှစ်
ငြိမ်းချမ်းရေးဗိသုကာ၊
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်
အမှတ်တရအဖြစ် ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူ ဖွင့်လှစ်ခြင်းနှင့်အတူ
ဂီတဖျော်ဖြေပွဲကို ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း
ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က ပြောကြားသည်။
SME ချေးငွေများ ချပေးတော့မည်
ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံဖြိုးရေးဘဏ် (SMID ဘဏ်) (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
အစိုးရ ချေးငွေ, အသေးစား အလတ်စားလုပ်ငန်း, အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း, SME, UMFCCI အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SME) အတွက် အစိုးရက ထုတ်ပေးမယ့် ချေးငွေကို ယခုလအတွင်း ချပေးသွား မည် ဖြစ် ကြောင်း သိရသည်။
အစိုးရ ချေးငွေ, အသေးစား အလတ်စားလုပ်ငန်း, အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း, SME, UMFCCI အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SME) အတွက် အစိုးရက ထုတ်ပေးမယ့် ချေးငွေကို ယခုလအတွင်း ချပေးသွား မည် ဖြစ် ကြောင်း သိရသည်။
တစည ပါတီ ဥက္ကဋ္ဌ ၊ ဒု ကာကွယ်ရေး ဦးစီးချုပ် ဟောင်း ဦးထွန်းရီ ကွယ်လွန် ရန်ပိုင်
ဦးထွန်းရီ (ဓာတ်ပုံ – nationalunityparty.org)
ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီ အသက် (၈၈) နှစ်သည် ယမန်နေ့ည ၂နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်မြို့ ရွှေဂုံတိုင် SSC ဆေးရုံကြီးတွင် ကွယ်လွန် သွားကြောင်း သတင်းရသည်။
လှည်းကူး မြို့မဈေးတွင် ဈေးရောင်းသူနှစ်ဦး ရန်ဖြစ်ရာမှ ဘာသာရေး အသွင်ဆောင် ပဋိပက္ခဖြစ်
လှည်းကူးမြို့နယ် ဈေးကြီးရပ်ကွက်
မြို့မဈေး အောက်ထပ်ရှိ ကုန်မာဆိုင်တွင် ဧပြီလ ၄ ရက် ညနေ ၄ နာရီခန့်က
ဆိုင်ချင်းကပ် ကုန်ပစ္စည်းတူ ဈေးရောင်းချသူ နှစ်ဦး စကားများ ရန်ဖြစ်ရာမှ
ဈေးရှေ့တွင် လူ ၁၅၀၀ ခန့် စုဝေးလာပြီး ဘာသာရေး အသွင်ဆောင် ပဋိပက္ခအထိ
ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် လှည်းကူး မြို့မရဲစခန်းတို့ထံမှ သိရသည်။
သားဖြစ်သူကို သံကြိုးခတ်ပြီး ဆုံးမတဲ့ အဖေ
တရုတ်နိုင်ငံတောင်ပိုင်း Jiangxi ပြည်နယ်၊ Xibianbanရွာမှာ အဆက်မပြတ် ခိုးနေတဲ့ သားတစ်ယောက်ကို သံကြိုးခတ်ထားပြီး အပြင်ထွက်ခွင့် မပေးခဲ့ကြောင်း မိဘတွေက ဝန်ခံခဲ့ပါတယ်။
တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆုံးဖြတ်နိုင်ဖွယ်ရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ယနေ့စမည်
အစိုးရနှင့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ အသီးသီးအကြား တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး
ပြုလုပ် ရန်အတွက် ဆုံးဖြတ်ချက် ချနိုင်ဖွယ်ရှိသော အစိုးရနှင့်
တိုင်းရင်းသား အဖွဲ့များ၏ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲကို ယနေ့ (ဧပြီလ ၅
ရက်) စတင်မည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီး တန်း
အကြံပေးတစ်ဦးက ပြောကြားသည်။
ရွှေ့ပြောင်း ခေါ် ဆောင် လာ သော သမီး ကလေး ကျေးရွာမှ မိသားစု များအား ကရင်ပြည်နယ် အစိုးရ အဖွဲ့က နေရပ်သို့ ပြန်လည် ပို့ဆောင်ရန် ညှိနှိုင်းခဲ့
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး (DKBA) ကလိုထူးဘော တပ်ဖွဲ့က ရန်ကုန် တိုင်းဒေသကြီး သမီးကလေး ကျေးရွာမှ မိသားစုများအား ကရင်ပြည်နယ် မြဝတီမြို့နယ် တွင် နေရာ ချ ထားပေး ရန် ခေါ်ဆောင်လာခဲ့ကြောင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့က အဆိုပါ ရွှေ့ပြောင်း နေရာချထား မည့် နေရာမှာ စားသောက် နေထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲများ ရှိနိုင်သည့် အတွက် ခေါ်ဆောင်လာ သည့် နေရပ်သို့သာ ပြန်လည် ပို့ဆောင်ရန် ဧပြီ ၂ ရက်က သွားရောက် ညှိနှိုင်း ခဲ့ကြောင်း၊ ခေါ်ဆောင်လာသော အဖွဲ့များက ၎င်းတို့အား ဘုရားဖူး ပို့ဆောင်ပြီးပါက နေရပ်သို့ပြန်လည် ပို့ဆောင်ပေးမည်ဟု ပြန်လည် ညှိနှိုင်းခဲ့သဖြင့် ကရင်ပြည်နယ် အစိုးရ အဖွဲ့က ဘုရားဖူး ခရီးစဉ်အတွက် အလှူငွေများနှင့် အအေးဘူးများ၊ စားစရာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
နေကြာဆီ စစ်စစ်မှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ
နေကြာဆီ စစ်စစ်မှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ နေကြာဆီ စစ်စစ်ကို စားသုံးမယ် ဆိုရင်တော့ လူတွေ၏ ကျန်းမာရေးကို များစွာ အထောက် အကူပြုစေမှာ ဖြစ်ပါတယ်။ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေး ဇူးတွေ ကတော့ -------
ကမ္ဘာ့ အကြီးဆုံး သင်းခွေချပ်မျိုးနွယ်
pagolinပုံမှာ မြင်တွေ့နေရတဲ့ အကောင်က အရုပ် မဟုတ် ပါဘူး။ ကမ္ဘာ့ အကြီးဆုံး သင်းခွေချပ် မျိုးနွယ်လို့ သတ်မှတ် ထားတဲ့ Giant pangolin မှ တစ်ကောင် ဖြစ်ပါတယ်။ ၄ ပေ ၆ လက်မ အရှည် ရှိပြီး ပေါင်ချိန် ၇၂ ပေါင် ရှိတာကြောင့် ကမ္ဘာ့အရွယ်အကြီးဆုံး သင်းခွေချပ် အဖြစ် စံချိန် တင်ထားခြင်း ဖြစ်ပါတယ်။
အူမကြီး ကင်ဆာနှင့် အခြားသော ရောဂါအတွက် ကောင်းမွန်တဲ့ မဲဇလီဖူး
အူမကြီး ကင်ဆာနှင့် အခြားသော ရောဂါအတွက် ကောင်းမွန်တဲ့ မဲဇလီဖူးတန်ဆောင်မုန်း လပြည့်နေ့ ဆေးပေါင်းခတဲ့ အခါမှာ စားတဲ့ မဲဇလီဖူးကိုတော့ လူတိုင်းနီးပါး သိကြမယ် ထင်ပါတယ်။
အိုင်ဖုန်းဆယ်ရင်း ကိုယ်တစ်ပိုင်း ခံသွားသော ဆယ်ကျော်သက် မလေး
stuckဗြိတိန်နိုင်ငံ၊ လန်ဒန်က အသက် ၁၆ နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦး ဖြစ်ပါတယ်။ ခွေး တစ်ကောင်နဲ့အတူ လမ်းလျှောက်နေပြီး ဖုန်းပြောပါတယ်။ ပြောပြီးတော့ ဖုန်းကို အိပ်ကပ်ထဲ ထည့်လိုက်ချိန် လွဲပြီးတော့ မြောင်းပေါက်ထဲကို ကျသွား ပါတယ်။ ဒါနဲ့ မြောင်းပေါက် ကို ဖွင့်ပြီး သူ့ခြေထောက်နဲ့ ဆည် ပါတော့တယ်။
ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေ ပြန်လည်တိုးတက်လာ
NLD ပါတီ၏ နာယကဖြစ်သူ ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး အခြေအနေသည် ဧပြီ ၄ ရက် တွင် ပြန်လည်တိုးတက် လာပြီဖြစ်သဖြင့် အထူးကု ဆရာဝန်များ၏ ဆုံးဖြတ်ချက်အရ အောက်ဆီဂျင်ပိုက် ၏ အကူအညီ မလိုအပ်တော့ကြောင်း သတင်းရရှိသည်။
အမျိုး၊ ဘာသာ၊ သာသနာဆိုတာ ဘာလဲ၊ နေပြည်တော်ကောင်စီ နယ်မြေ အတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရသည့် ဘုန်းတော် ကြီးကျောင်း ရှစ်ကျောင်းမှ သံဃာတော်များ အမှုလာရောက် ရင်မဆိုင်သဖြင့် တရား ခံပြေးအဖြစ် သတ်မှတ်
အခိုင်အမာ တည်ဆောက်ထားပြီး ဖျက်သိမ်းခံရသော ဥတ္တရသီရိမြို့နယ် ရှိ ဝေဠုဝန်ကျောင်းကို ဧပြီ ၄ ရက်က တွေ့ရစဉ်
နေပြည်တော်ကောင်စီက ကျူးကျော် ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ထားသည့် ဘုန်းတော် ကြီးကျောင်း ၂၄ ကျောင်းအနက် ရှစ်ကျောင်းမှ သံဃာတော်များသည် ဧပြီ ၄ ရက်တွင် နောက်ဆုံး ရုံးချိန်း အဖြစ် ချိန်းဆိုခဲ့သော်လည်း လာရောက်ရင်ဆိုင်ခြင်း မရှိသောကြောင့် တရားခံပြေးအဖြစ် သတ်မှတ် ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီက ကျူးကျော် ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ထားသည့် ဘုန်းတော် ကြီးကျောင်း ၂၄ ကျောင်းအနက် ရှစ်ကျောင်းမှ သံဃာတော်များသည် ဧပြီ ၄ ရက်တွင် နောက်ဆုံး ရုံးချိန်း အဖြစ် ချိန်းဆိုခဲ့သော်လည်း လာရောက်ရင်ဆိုင်ခြင်း မရှိသောကြောင့် တရားခံပြေးအဖြစ် သတ်မှတ် ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားမှုမှတစ်ဆင့် လူစုလူဝေးဖြင့် ဆူပူမှုများ ဖြစ်ပေါ်လာသောကြောင့် ပုဒ်မ ၁၈၈ ထုတ်ပြန်
ဧပြီ ၄ ရက် ည ၉ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ စည်ပင်ဈေးအနီး လမ်းမပေါ်တွင် လူစုလူဝေးဖြင့် ဆူပူမှု များ ဖြစ်ပေါ်နေ သည်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ဧပြီ ၄ ရက်က လှည်းကူးမြို့နယ် မြို့မစည်ပင်ဈေးရှိ ဈေးဆိုင်နှစ်ဆိုင်၌ ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ လူစု လူဝေးဖြင့် ဆူပူမှုများ ဖြစ်ပေါ် လာသောကြောင့် သက်ဆိုင်ရာက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ကို (တုတ်၊ ဓား လက်နက်ကိုင်ဆောင်ပြီး လူစုလူဝေးဖြင့် သွားလာခွင့်မပြု) ဧပြီ ၄ ရက် ည ၆ နာရီမှစ၍ ထုတ်ပြန် လိုက်ကြောင်း သိရသည်။
အစိုးရက မီတာခ တိုးမြှင့်ပြီးနောက် အခြေခံစားသောက် ကုန် ဈေးနှုန်း များ မြင့်တက်
အစိုးရ မီတာခများ တိုးမြှင့်ကောက်ခံမည့်နည်းတူ ၀န်ထမ်းများ၏ အခြေခံလစာအပေါ် ကျပ် ၂၀၀၀၀ တိုးမြှင့် လိုက်သည့် အခြေအနေများကြောင့် ဧပြီလပထမပတ်မှ စတင်ပြီး အခြေခံ စားသောက်ကုန်ဈေးနှုန်း များ မြင့် တက်လာခဲ့ကြောင်း၊ ထို့ပြင် သားငါးဈေးနှုန်းများမှာလည်း ယခင်ကထက် ရာခိုင်နှုန်း ၆၀ ခန့် မြင့် တက် လာကြောင်း သိရှိရသည်။
ဘင်္ဂါလီကျေးရွာနှင့် ဒုက္ခသည်စခန်းများတွင် သန်းခေါင်စာရင်းမဖြေရန် အကျပ်ကိုင်မှုများ ရှိနေဟုဆို
ရိုဟင်ဂျာဟု လက်ခံမှ သန်းခေါင်စာရင်း ဖြေဆိုမည်ဟု စာကပ်ထားသော ဘင်္ဂါလီ
နေအိမ်အ၀င်အ၀ရှိ သားအမိနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
စစ်တွေမြို့၊
ဘင်္ဂါလီ ကျေးရွာများနှင့် ဒုက္ခသည် စခန်းများတွင် သန်းခေါင်စာရင်းကို
မဖြေဆိုရန် ခြိမ်းခြောက် အကျပ် ကိုင်မှုများ ရှိနေကြောင်း သတင်းရရှိသည်။
ပျောက်ဆုံးလေယာဉ် Black Box ရေအောက်မှာ စတင်ရှာဖွေ
Australia က မလေးရှား လေယာဉ် ပျောက်ရှာဖွေနေစဉ်
မတ်လ(၈)ရက်နေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား ဂျက်လေယာဉ်မှာ ပါသွားတဲ့ ပျံသန်းမှု အချက် အလက်မှတ်သားတဲ့စက် Black Box ကို အိန္ဒိယသမုဒ္ဒရာထဲ ရောက်နေတဲ့ ရှာဖွေရေးအဖွဲ့တွေ က ရေအောက်မှာ စတင်ရှာဖွေနေပြီ ဖြစ်ပါတယ်။ Black Box ကနေ အချက်ပေးစနစ် ထုတ်ပေးဖို့ အတွက် သုံးတဲ့ ဘက်ထရီအားက တစ်လလောက် ခံတာမို့ ဒီဘက်ထရီ အားမကုန်ခင် ပြန်ပြီး တွေ့အောင် ကြိုး စားနေကြတာပါ။
လှည်းကူးမြို့မှာ ညမထွက်ရ အမိန့်ပုဒ်မ ၁၈၈ ထုတ်ပြန်
လှည်းကူး အဓိကရုဏ်း မြင်ကွင်း (ဓါတ်ပုံ- Hlegu Tsp)
မနေ့က၊ သောကြာနေ့ ညနေပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့မှာ မူဆလင်နဲ့ဗုဒ္ဓဘာသာဆိုင်အချင်းချင်း ရန်ဖြစ်ရာကနေ လူစုလူဝေးနဲ့ ဆူပူတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကြောင့် ညမထွက်ရအမိန့်ပုဒ်မ ၁၈၈ ထုတ်ပြန် ထားပါတယ်။
Subscribe to:
Posts (Atom)