![Photo: မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ခန့်
Monday, 3 June 2013
ဥရောပ သမဂ(အီးယူ)၏ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ဘယ်လဂျီယံ လူမျိုး ရိုလန်ကိုဘီယာ (Roland Kobia) ကို ဥရော ပသမဂ္ဂက ခန့်အပ် တာဝန်ပေး လိုက်သည်။ ၎င်းသည် လက်ရှိတွင် အီးယူ ကိုယ်စားလှယ် အကြီးအကဲ အဖြစ် အဇာဘိုင်ဂျန် နိုင်ငံ၌ တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိသော သဘောထား တင်းမာမှုကို ဖြေလျှော့သည့် အနေဖြင့် အီးယူ ကိုယ်စားလှယ် ရုံးခန်းကို ၂၀၁၁ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ ဖွင့်လှစ် ခဲ့သည်။
မြန်မာနိုင်ငံက အဆက်မပြတ် လုပ်ဆောင်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို အသိအမှတ်ပြုသည့် အနေဖြင့် လက်နက် ရောင်းချခြင်းမှ လွဲပြီး အခြားသော ပိတ်ဆို့မှုများကို အီးယူက ဖယ်ရှားခဲ့သည်။ ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်တွင် ကျင်းပသည့် အီးယူ ၂၇ နိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ပိတ်ဆို့မှုများ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ <
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အခြေစိုက်သော အီးယူ ကိုယ်စားလှယ်ရုံးသည် နိုင်ငံတကာ ၀န်ထမ်းများ အများအပြား တာဝန်ယူ ထမ်းဆောင်နေပြီးသြစတြေးလျ သံတမန် တစ်ဦးဖြစ်သည့် အင်ဒရေလစ်က အဆိုပါ ရုံးတွင် ဦးဆောင်ခဲ့ပြီး သံအမတ် အဆင့်အနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီး ဒေးဗစ်လင်ပန်က ပူးတွဲတာဝန်ယူ ထမ်းဆောင်ခဲ့သည်။
မြန်မာ နိုင်ငံဆိုင်ရာ အီးယူ အမတ်ကြီး ဖြစ်လာမည့် ကိုဘီယာသည်ရှေ့နေတစ်ယောက်အဖြစ် ပညာသင်ကြားခဲ့ပြီး အီးယူအရာရှိ တစ်ဦးအဖြစ် ကာလကြာရှည် တာဝန်ထမ်းဆောင် နေသူတစ်ဦးဖြစ်သည်။ အဇာဘိုင်ဂျန် မသွားရောက်ခင် အီးယူ စွမ်းအင်ဝန်ကြီးရုံး၊ ကွန်ဂိုနိုင်ငံ အီးယူကိုယ်စားလှယ်ရုံးတွင် တာဝန် ထမ်းဆောင် ခဲ့သည်။ ထို့အပြင် အီးယူပြည်တွင်း ဈေးကွက်ဌာန တွင်လည်း တာဝန်ထမ်း ဆောင်ခဲ့သူ တစ်ဦးဖြစ်သည်ဟု သိရသည်။
7Day News](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-frc3/p480x480/292593_436314849797012_1513925027_n.jpg)