Tuesday, 6 November 2012

“ပျဉ်မနားမြို့နယ်၊ကင်ပွန်းတန်းကျေးရွာ တွင်းရှိလူငါးဆယ်ခန့် မင်္ဂလာဆောင်မှ အပြန် အစာအဆိပ်သင့်“


နေပြည်တော်ကောင်စီနယ်မြေ၊ပျဉ်းမနားမြို့နယ်၊ကင်ပွန်းတန်းကျေးရွာရှိ ရွာသားငါးဆယ်ခန့် ယနေ့နေ့
လည်ပိုင်း မှစတင် ၍ အစာအဆိပ်သင့် ကာအထက်လန်အောက်လျှောဝေဒနာခံစားခဲ့ရကြောင်းသ တင်းရရှိ သည်။

ရှမ်းညီလာခံတွင် ဒု-သမ္မတနှင့် ဝန်ကြီးနှစ်ဦးကို ဖိတ်ကြားမည်

နိုဝင်ဘာ လကုန်ပိုင်းတွင် ကျင်းပမည့် ရှမ်းတိုင်းရင်းသားများ ညီလာခံသို့ ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်း အပါအဝင် သမ္မတရုံး ဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်းနှင့် ဦးစိုးသိန်း တို့လည်း တက်ရောက်ဖွယ် ရှိကြောင်း ဦးဆောင်ကျင်းပသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် (SNLD) က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဦးဉာဏ်ဝင်းက ဂျာနယ်နှစ်စောင်ကို တရားစွဲဆိုမှု လက်ခံကြားနာမည်


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တရာ:စွဲဆိုမှု ခံထားရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ဦးဉာဏ်ဝင်း က ပြည်မြန်မာ ဂျာနယ် နှင့် The Messenger ဂျာနယ် တို့ကို တရား စွဲဆို ရန် လျောက်လဲချက် ကို မန္တလေး တိုင်း ဒေသကြီး တရားလွှတ်တော်က လက်ခံ လိုက်ကြောင်း ဦးဉာဏ်ဝင်း က နိုဝင်ဘာ ၆ ရက်နေ့တွင် ပြောကြားသည်။

မြောက်ဦးတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ နောက်ဆုံးအခြေအနေ


မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင် ပဋိပက္ခနှင့်ပက်သက်၍ မြောက်ဦးမြို့နယ်မှ ရခိုင်(၁၂) ဦးအား စစ်တွေသို့ ခေါ်ယူ စစ်ဆေးလျှက်ရှိကြောင်းနှင့် ပဋိပက္ခတွင်း ပျောက်ဆုံးနေသူများအား ယခုအချိန် ထိ ပြန်လည်မရရှိသေးကြောင်း သတင်းရရှိသည်။

ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေခွင့် ပြုရန်ကာလ မပြောနိုင်သေး ဟု ပြန်ကြားရေး ဝန်ကြီးဆို



နှစ်ပေါင်း ၆ဝ ကျော်ကြာ ထုတ်ဝေခွင့်ကို ကန့်သတ် ထားခဲ့သည့် ပြည်တွင်း ပုဂ္ဂလိက နေ့စဉ် သတင်းစာ များ ကို ပြန်လည် ထုတ်ဝေခွင့် ပေးရန် အစီစဉ် ရှိသော်လည်း မည်သည့် အချိန်တွင် ထုတ်ဝေ ခွင့် ပေး မည်ကို အချိန် အတိကျ ဆုံးဖြတ်မပေး နိုင်သေးကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က ပြောကြားသည်။

မှူးဇော်နဲ့ ဧရာဝတီ ဖြစ်စဉ်မှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်


ပြည်တွင်းမှာမီဒီယာတွေလွတ်လပ်လာပြီ။အရင်တုန်းကတော့ဟုတ်တယ်။ပိတ်ထားလို့ဆင်ဆာရှိလို့။ေ ဖာ်ြ ပ  လို့မရတာတွေ ဧရာဝတီကို အားကိုးနေခဲ့ကြရတယ်။အခုဖွင့်လိုက်တော့ ဧရာဝတီ သူတောင်းစား ခွက်ပျောက် တဲ့ကိန်းဆိုက်သွားရတယ်။
======================================
မှူးဇော်နဲ့ ဧရာဝတီ ဖြစ်စဉ်မှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာကို အတော်များများ သိပါ လိမ့် မယ်။

မန္တလေးမြို့ ၌ "တုတ်ထိုးအိုးပေါက်" ကာတွန်းပြပွဲ ကျင်းပမည်....

မန္တလေးမြို့ ၊ ၃၄လမ်း၊ ၈၀-၈၁လမ်းကြား၊ ရာပြည့်မန္တလေး(စာအုပ်ဆိုင်) အမှတ်-၂ ရှိ "သီရိ" ပန်းချီ အနုပညာပြခန်း၌ နိုဝင်ဘာ ၁၅ရက် မှ ၂၀ရက်ထိ "တုတ်ထိုးအိုးပေါက်" ကာတွန်းပြပွဲကျင်းပမည် ဖြစ်ပါ သည်။

"မြန်မာ NGO ကိုယ်စားလှယ် အဖွဲ့ Chizhou မြို့မှ အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံ"



Chizhou၊ နိုဝင်ဘာ ၆ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ဝင်များ ဦးဆောင်သော မြန်မာ NGO ကိုယ်စား လှယ် အဖွဲ့သည် နိုဝင်ဘာ(၆)ရက်နေ့ညနေတွင် Chizhou မြို့သို့ရောက်ရှိခဲ့ကြကာ တရုတ်စံတော်ချိန် ညနေ ၆ နာရီခန့်တွင် ယင်းမြို့၏ မြို့တော်ဝန် မစ္စ Zhao Xinqun အပါအ၀င် အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

သွေးကင်ဆာအကြောင်းသိကောင်းစရာ



Leukaemias ( လူကီးမီးယား) ကို သွေးကင်ဆာအဖြစ် လူသိများကြပါတယ် ။ လူကီးမီးယားဆိုတာ ရိုး တွင်း ချဉ် ဆီတွေ ကို ထုတ်လုပ်တဲ့ Haematopoietic stem cell ဌာနမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါ တစ် မျိုး (Malignant disorder ) ဖြစ်ပါတယ် ။ လူကီးမီးယား ဖြစ်ပြီဆိုရင် Bone Marrow လို့ခေါ်တဲ့ ရိုးတွင်း ချဉ်ဆီ ထဲမှာ (သို့မဟုတ်) Peripheral Blood ထဲမှာ သွေြး
ဖူဥဆဲလ် အရေအတွက်တွေမြင့်တက် လာပါ တယ်

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလအတွင်းက နောက်ဆက်တွဲဖြစ်ပွားခဲ့သော ပြဿနာကြောင့် စစ်တွေမြို့တွင် သားငါးဈေးကွက်များထိခိုက်

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလအတွင်းက နောက်ဆက်တွဲဖြစ်ပွားခဲ့သော ပြဿနာကြောင့် စစ်တွေမြို့တွင် သားငါးဈေးကွက်များထိခိုက်
-----------------------------------------------------------------------------------------------
စစ်တွေ၊ နိုဝင်ဘာ ၆
ရခိုင်ပြည်နယ်အတွင်း အောက်တိုတိုဘာလ နောက်ဆုံးပတ်တွင် ဆက်လက်ဖြစ်ပွားခဲ့သော နောက်ဆက်တွဲ ပြဿနာကြောင်း စစ်တွေမြို့တွင် သားငါးဈေးကွက်များထိခိုက်ခဲ့ကြောင်းသိရသည်။ ပုံမှန်ဆိုလျှင် သီတင်းကျွတ်လပြည့်နေ့မတိုင်မီ(၁)ရက်နေ့မှသာ ငါးဖမ်းစက်လှေများအနားယူပြီး သီတင်းကျွတ်လပြည့်ကျော် (၂)ရက်နေ့လောက်တွင်မှသာ ငါးဖမ်းစက်လှေများပြန်လည်လုပ်ငန်းခွင်ဝင်ကြကြောင်းသိရသည်။ သို့သော်လည်း ယခုနှစ် ယင်းအချိန်တွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူမြို့တွင် ဆက်လက်ဖြစ်ပွားခဲ့သော နောက်ဆက်တွဲပြဿနာများကြောင်း ငါးဖမ်းစက်လှေများမှာ ပင်လယ်ပြင်လုံခြုံမှုမရှိသဖြင့် ပုံမှန်ရက်ထက် သုံးလေးရက်လောက်စောပြီးလုပ်ငန်းခွင် ပိတ်သိမ်းခဲ့သောကြောင့် စစ်တွေမြို့အတွင်း ငါးများရှားပါးကာ သားငါးဈေးနှုန်းများမတန်မဆထိုးတက်သွားခဲ့ရသည်။ သီတင်းကျွတ်လွန်သော်လ
ည်း ပင်လယ်ပြင်လုံခြုံမှုအရေး စိုးရိမ်မှုရှိသောကြောင့် ငါးဖမ်းစက်လှေအချို့မှာ ယခုအချိန်ထိလုပ်ငန်းခွင်မ၀င်နိုင်ဘဲရှိနေသေးသည်။ အဆိုပါဈေးကွက်ဂယက်ကြောင့် သားငါးကိုအဓိကထားလုပ်ကိုင်နေရသည့် ထမင်းဆိုင်၊ စားသောက်ဆိုင်၊ မုန့်တီမုန့်ဟင်းခါးဆိုင်အချို့မှာ ပိတ်ထားခဲ့ရပြီး အများစုမှာ လုပ်ငန်းများနှောင့်နှေးခဲ့ရသည်အထိဖြစ်ခဲ့ရသည်။ စစ်တွေမြို့၊ မောလိပ်ရပ်ကွက်အတွင်းရှိ နာမည်ကြီးရခိုင်မုန့်တီဆိုင်ဆိုလျှင် ငါးရှားပါပြီး လိုအပ်သည့်ငါးများသဖြင့် ဆိုင်ကို(၁)ပါတ်နီးပါးခန့် ပိတ်ထားခဲ့ရပြီး ယနေ့ ၆-၁၁-၂၀၁၂ နေ့တွင်မှသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရသည်။ ယခုအချိန်တွင် ငါးဖမ်းစက်လှေတစ်ချို့မှာ လုပ်ငန်းခွင် ၀င်နေကြပြီဖြစ်သော်လည်း သားငါးဈေးနှုန်းမှာ မကျဆင်းသေးကြောင်းသိရသည်။ အဆိုပါငါးဖမ်းစက်လှေများမှာလည်း ပင်လယ်ပြင်လုံခြုံရေးစိုးရိမ်မှုများကြောင့်လည်း တစ်စုတစ်ဝေးတည်း ထွက်ခွာပြီး တစ်စီးနှင့်တစ်စီး မျက်မြင်နိုင်လောက်သောအခြေအနေတွင်သာ ငါးဖမ်းနေရကြောင်းသိရသည်။

အေးချမ်းမွန်မှ  Rakhine Straight Views တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Rakhine Straight Views
 
 
ရခိုင်ပြည်နယ်အတွင်း အောက်တိုတိုဘာလ နောက်ဆုံးပတ်တွင် ဆက်လက်ဖြစ်ပွား ခဲ့သော နောက် ဆက်တွဲ ပြဿနာကြောင်း စစ်တွေမြို့တွင် သားငါးဈေးကွက်များထိခိုက်ခဲ့ကြောင်းသိရသည်။ ပုံမှန်ဆိုလျှင် သီတင်း ကျွတ်လပြည့်နေ့မတိုင်မီ(၁)ရက်နေ့မှသာ ငါးဖမ်းစက်လှေများအနားယူပြီး သီတင်း ကျွတ် လပြည့်ေ ကျာ် (၂)ရက်နေ့လောက်တွင်မှသာ ငါးဖမ်းစက်လှေများပြန်လည်လုပ်ငန်းခွင်ဝင်ကြကြောင်းသိ ရ သည်။ 

ဗြိတိန်နိုင်ငံ၏ ထိပ်တန်း သတင်းစာဖြစ်သောThe Daily Telegraph မှ မြန်မာ့စီးပွားရေး သတင်းများကို ထည့်သွင်းထုတ်ဝေလိုကြောင်း လာရောက်အဆိုပြု

ဗြိတိန်နိုင်ငံ၏ ထိပ်တန်း သတင်းစာဖြစ်သောThe Daily Telegraph မှ မြန်မာ့စီးပွားရေး သတင်းများကို ထည့်သွင်းထုတ်ဝေလိုကြောင်း လာရောက်အဆိုပြု 

Tuesday, 06 November 2012 11:33

ဗြိတိန်နိုင်ငံ၏ ထိပ်တန်းသတင်းစာဖြစ်သော The Daily Telegraph မှ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို ထည့်သွင်း ထုတ်ဝေရန် လာရောက်အဆိုပြုခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က နေပြည်တော်ရှိ ရုံးအမှတ် ၃၂ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် The Daily Telegraph မှ Ms.Sorcha Hellyer(Vice President of Image Diplomacy of UK)  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

အဓိကအားဖြင့်The Daily Telegraph သည် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာသတင်းများ၊ မြန်မာ နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲနေမှုများကို The Daily Telegraph တွင်ထည့်သွင်းထုတ်ဝေ လိုကြောင်း ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေးဆိုင်ရာ သတင်းများ ရယူရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိပြင်ဆင်နေသည်မှာ လဖြင့်ချီကာ ကြာမြင့်ခဲ့ပြီဟုလည်း သိရသည်။
ဗြိတိန်က The Daily Telegraph ထဲမှာ ထည့်သွင်းပြီး ဖော်ပြမှာပါ။The Daily Telegraph ဟာ စီးပွားရေးလုပ်ငန်းရှင်၊ ကုမ္ပဏီလုပ်ငန်းရှင်၊ ဒါရိုက်တာတွေနဲ့ အစိုးရတာဝန်ရှိသူတွေ အပါအ၀င်လူဦးရေ ၁ ဒသမ ၆ သန်းဖတ်ရှုနေတဲ့ သတင်းစာ တစ်စောင်ဖြစ်ပါတယ်။ အဲဒီသတင်းစာရဲ့ National Edition အပိုင်းမှာ မြန်မာ့စီးပွားရေးသတင်းတွေကို ထည့်သွင်းဖော်ပြသွားဖို့

Ms.Sorcha Hellyer(Vice President of Image Diplomacy of UK) ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့မှ မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ပြုပြင်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများအကြား စီးပွားရေးဆိုင်ရာ အချက်အလက်များကို ရှုထောင့်ပေါင်းစုံမှ သိရှိနိုင်ရန် ထည့်သွင်းထုတ်ဝေလိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ထားပါသည်။

The Daily Telegraph မှ Ms.Sorcha Hellyer (Vice President of Image Diplomacy of UK) က “ဗြိတိန်က The Daily Telegraph ထဲမှာ ထည့်သွင်းပြီး ဖော်ပြမှာပါ။The Daily Telegraph ဟာ စီးပွားရေးလုပ်ငန်းရှင်၊ ကုမ္ပဏီလုပ်ငန်းရှင်၊ ဒါရိုက်တာတွေနဲ့ အစိုးရတာဝန်ရှိသူတွေ အပါအ၀င်လူဦးရေ ၁ ဒသမ ၆ သန်းဖတ်ရှုနေတဲ့ သတင်းစာ တစ်စောင်ဖြစ်ပါတယ်။ အဲဒီသတင်းစာရဲ့ National Edition အပိုင်းမှာ မြန်မာ့စီးပွားရေးသတင်းတွေကို ထည့်သွင်းဖော်ပြသွားဖို့ လာရောက်ဆွေးနွေးခဲ့တာပါ” ဟု နိုဝင်ဘာ ၂ ရက်နေ့က ပြောကြားခဲ့သည်။

The Daily Telegraph သတင်းစာကို ၁၈၅၅ ခုနှစ်တွင် စတင်တည်ထောင်ပြီး ၂၀၁၁ ခုနှစ်  စာရင်းများအရမှာ စောင်ရေ ၆၃၄၁၁၃ ထုတ်ဝေလျက်ရှိကြောင်း သိရသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :acus.org
 
 
ဗြိတိန်နိုင်ငံ၏ ထိပ်တန်းသတင်းစာဖြစ်သော The Daily Telegraph မှ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို ထည့်သွင်း ထုတ်ဝေရန် လာရောက်အဆိုပြုခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ (၅)ရက် ညနေ (၃) နာရီခွဲ တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ National Convention Centre Champi Grand Hall ၌ ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်း အဝေးသို့ တက်ရောက်သည်။

ဌာနဆိုင်ရာမြေများပေါ်မှ ကျူးကျော်များအား မြို့ပြင်တွင် နေရာပြန်ချထားပေးမည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ပြော

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ဌာနဆိုင်ရာမြေများပေါ်ရှိ ကျူးကျော်တဲများအား မြို့ပြင် တွင် အကွက်ရိုက်ကာ နေရာပြန်ချထားပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေကြောင်း တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းကပြောသည်။

တောင်ကိုရီးယား နျူကလီးယား ဓာတ်ပေါင်းဖို နှစ်ခု ယာယီ ပိတ်ထား၍ နိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အား ပြတ်တောက် နိုင်ဖွယ် ရှိ


တောင်ကိုရီးယား နိုင်ငံသည် အရည် အသွေး မမီသော ပစ္စည်းအား ပြန်လည် အစားထိုး မှု များ ပြုလုပ် ရန် နျူက လီးယား ဓာတ်ပေါင်း ဖို နှစ်ခုကို ပိတ်ထား ခဲ့ရကြောင်း ဝန်ကြီး တစ်ဦးက နိုဝင်ဘာလ ၅ ရက် နေ့ တွင် ပြောကြား ခဲ့သည်။ ယင်းကဲ့သို့ ပိတ်ရ ခြင်းကြောင့် နိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အား ပြတ်တောက် မှုများ ဖြစ်ပေါ် မည်ဟု အသိပေး ထုတ်ပြန် ထားသည်။

မီးသတ်ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ 

မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေ ရာချ ထားရေး ၀န်ကြီးဌာန လက်အောက်မှ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ လွဲပြောင်း လိုက်ကြောင်းသိ ရသည်။

အသက် ၃၀ ကျော် အမျိုးသားတို့၏ ကျန်းမာရေး

အသက် ၃၀ အရွယ် ကျော်လာချိန်မှာ အမျိုးသားတွေ အနေနဲ့ ကျန်းမာရေးကို အရင် ထက်ပိုပြီး ဂရုစိုက်ဖို့ လိုအပ် လာပါပြီ။  အခုအချိန်မှာ လူမှုရေး တာဝန်တွေ ပိုမို များပြားလာသလို အလုပ်ထဲမှာလည်း ကြီးမားတဲ့ တာဝန်တွေကို ယူထားရတာကြောင့် အရင်ထက်ပိုပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်ပါတယ်။ ဒီအချိန်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာ နေမှသာ အရာရာကို အောင်မြင်ပျော်ရွှင်မှု အပြည့်နဲ့ ကျော်လွှား နိုင်မှာပါ။

Windows 8 အသုံးပြု Laptop နှင့် Tablet များ ပြည်တွင်းဈေးကွက်သို့ မကြာမီ ဝင်ရောက်မည်


 Windows 8 အသုံးပြု Laptop နှင့် Tablet များ ၂၀၁၂ နိုဝင်ဘာလ ပထမအပတ်နှင့် ၂၀၁၃ နှစ်ဦးပိုင်းများတွင် ဝင်ရောက်လာဖွယ် ရှိကြောင်း အဆိုပါ ပစ္စည်းများကို တင်သွင်း ရောင်းချသည့် ကုမ္ပဏီများမှ  တာဝန်ရှိ သူများ က ပြောသည်။  “နိုဝင်ဘာလ ပထမပတ်လောက်ဆိုရင် Windows 8 အသုံးပြု Laptop နဲ့ Tablet တွေ ဈေးကွက်ထဲကို ဝင်ရောက်ပါပြီ။ Windows 8 အသုံးပြုထားတဲ့ Acer Aspire S7 Ultrabook နဲ့ Acer Iconia W511 Tablet တွေ ဝင်ရောက်မှာပါ။ Acer Aspire S7 Ultrabook မှာ စကရင်က Touch စနစ် ဖြစ်သွားပါတယ်။ စကရင်ကို ၁၈၀ ဒီဂရီအထိ လှန်ပြီးတော့လည်း ကြည့်လို့ရပါတယ်။

စာပေစိစစ် နှင့် မှတ်ပုံတင်ဌာနကို မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနအဖြစ် ပြောင်းလဲမည်

ဆင်ဆာမူဝါဒ ကျင့်သုံးခြင်းမရှိတော့သည့် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနကို မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန အဖြစ် ပြောင်းလဲတော့မည်ဟုသိရသည်။

လူဇင်ဘတ် လုပ်ငန်းရှင်များ မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

ဥရောပ နိုင်ငံလေးတခု ဖြစ်သည့် လူဇင်ဘတ် Luxemburg နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များမြန်မာနိုင်ငံ  တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိနေကြာင်း သိရသည်။

ယင်းအတွက် လူဇင်ဘတ်နိုင်ငံ ဝန်ကြီးချုပ် H.E, Mr. Jean Claude Juncker သည် မြန်မာ သမ္မတ ဦးသန်းစိန်နှင့် နိုဝင်ဘာလ ၄ ရက်နေ့တွင် လာအိုနိုင်ငံ မီယင်ကျန်းမြို့ရှိ ဒေါင်ချိန်းဧည့်ဂေဟာ တွင် တွေ့ဆုံခဲ့သည်။

အမေရိကန် ရွေးကောက်ပွဲအား အာကာသအတွင်းမှ နက္ခတ်ဗေဒ ပညာရှင်များလည်း မဲပေးနိုင်မည်

အမေရိကန် ရွေးကောက်ပွဲအတွက် အာကာသအတွင်းမှ နက္ခတ်ဗေဒ ပညာရှင်များလည်း မဲပေးနိုင်မည်ဟု သိရှိရသည်။

နိုင်ငံတကာ အာကာသ အေဂျင်စီ (ISS)တွင် တာဝန်ထမ်းဆောင်နေသော အမေရိကန် အာကာသယာဉ်မှူးများသည် ရွေးကောက်ပွဲတွင် အမေရိကန် နိုင်ငံသားပီပီ မဲပေးနိုင်မည် ဖြစ်သည်။ ၎င်းတို့သည် ဒီဂျစ်တယ် မဲစနစ်ဖြင့် ရွေးကောက်ပွဲအတွက် အဆိုပြု မဲပေးနိုင်ပြီး ယင်းမဲများသည် ဟူစတန်ရှိ ဂျွန်ဆင် အာကာသ စခန်းသို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ကမ္ဘာမြေပြင်မှ အမေရိကန် ပြည်သူများ၏ မဲပေးမှုတွင် လာရောက် ပူးပေါင်းမည် ဖြစ်သည်။ ထိုမဲစနစ်သည် လုံခြုံပြီး ပေါက်ကြားမှု မရှိသလို အမေရိကန် ရွေးကောက်ပွဲ မဲရေတွက်မှု အာဏာပိုင် အဖွဲ့ထံ တိုက်ရိုက် ရောက်ရှိသွားမည်ဟု NASAက ပြောကြားသွားသည်။
အမေရိကန် ရွေးကောက်ပွဲအတွက် အာကာသအတွင်းမှ နက္ခတ်ဗေဒ ပညာရှင်များလည်း မဲပေးနိုင်မည်ဟု သိရှိရ သည်။

ရန်ကုန်တိုင်း၌ GSM ဆက်သွယ်မှု လိုင်းများ ယာယီပျက်တောက်မည်

 http://upload.wikimedia.org/wikipedia/commons/thumb/9/93/Two_Cell_Phones.png/220px-Two_Cell_Phones.pngရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ GSM ,ZTE Network ဧရိယာ (၂၆) မြို့နယ်၌ GSM တယ်လီဖုန်း ဆက်သွယ် မှု လိုင်းများမှာ နိုဝင်ဘာ (၁၇)ရက်နေ့တွင် ဆယ်မိနစ်ခန့် ပျက်တောက်မည်ဖြစ်သည်။

Mobile platform သည် ကုမ္ပဏီအတွက် များစွာ အကျိုးရှိကြောင်း Facebook စီအီးအို ပြောကြား

Facebook ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများအတွက် mobile platform သည် အလွန်အရေးပါကြောင်း ကုမ္ပဏီ တွဲဖက်တည်ထောင်သူနှင့် အမှုဆောင် အရာရှိ ချုပ်ဖြစ်  သူ MarkZuckerberg က ကုမ္ပဏီ တတိယ သုံးလပတ် အစည်းအဝေး တွင် ပြောကြားခဲ့သည်ဟု သိရသည်။ Mobile computing ခေတ်တွင် Facebook သည်လည်း အလွန် တိုးတက် အောင်မြင်လာပြီး မိုဘိုင်းပစ္စည်းများပေါ်မှ တစ်ဆင့် Facebook အသုံးပြုသူဦးရေသည် desktop ထက် ပိုမိုများပြားကြောင်း ၎င်းက ပြောကြားသည်။

ဗျောက်အိုးပေါက်ကွဲမှုကြောင့် မျက်စိထိမှန်သူနှစ်ဦး ဘားအံမြို့ ပြည်သူ့ဆေးရုံ၌ကုသ

ဗျောက်အိုးပေါက်ကွဲမှုကြောင့် မျက်စိထိမှန်သူနှစ်ဦး ဘားအံမြို့
ပြည်သူ့ဆေးရုံ၌ကုသ
Tuesday, November 06, 2012

(၃၀.၁.၂၀၁၂)ရက် (သီ တင်းကျွတ်လပြည့်)နေ့သည် မြန် မာ့ဆယ်နှစ်လ
ရာသီ၏ မီးထွန်း ပွဲတော်ရက်ဖြစ်သည်။ မီးထွန်း ပွဲနှင့်အတူယှဉ်တွဲလျက်
ဗျောက်များဖောက်ခြင်း၊ရှူးတိုင်းများပစ် လွှတ်ခြင်း၊မီးရှူးများပစ်လွှတ်ခြင်း၊ မီးရှူးမီးပန်းထွန်းညှိကစားခြင်းများ လည်း နိုင်ငံနှင့်အ၀န်းပြုလုပ်လျက်  ရှိနေကြောင်းသိရသည်။

ယင်းသို့ဖြစ်လျက်ရှိရာ အောက်တိုဘာ (၃၀)ရက်က ကရင် ပြည်နယ်
ဘားအံမြို့တွင် ဗျောက်အိုးပေါက်ကွဲရာမှ မျက်စိထိမှန်ခံ ရသူနှစ်ဦး ဘားအံမြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ အရေးပေါ်ရောက် ရှိလာကြောင်းသိရသည်။

ဖြစ်စဉ်မှာဘားအံမြို့အမှတ်  (၃)ရပ်ကွက်နေ ဦး—-သည် ကလေးငယ်
ဖောက်သော ဗျောက်အိုးကို ငုံ့ကြည့်မိရာမှ ဗျောက်အိုး ပေါက်ကွဲပြီး တပ်ထားသော မျက်မှန်ကိုထိမှန်ကွဲကြေကာ မျက်စိ အတွင်းဆိုးဝါးစွာ
ထိခိုက်သွား ကြောင်း မျက်စိအတွင်းမှ သွေးများ  ယိုစီးကျလာကြောင်း သိရသည်။

အဆိုပါမျက်စိမှာမျက်နက်ဝန်းပေါက်ပြဲသွားသည်ဟု ဆရာဝန်ကြီးများ၏
စစ်ဆေးတွေ့ရှိချက်  အရ လူနာ၏မိသားစုဝင်တစ်ဦးကပြောသည်။

အလားတူဖြစ်စဉ်တစ်ခုမှာ ဘားအံမြို့နယ် (ကောတာတ၀ါန့်) 
ကော့တာရွာမှ စောလှဝင်းအမည်  ရှိ လူငယ်တစ်ဦးဖြစ်ပြီး ဗျောက် အိုးပေါက်ကွဲမှုကြောင့် ယာဘက် မျက်စိနှင့်အတူ မျက်နှာ၊ရင်ဘတ်  ဘယ်ဘက် ဘက်လက်အောက် ပိုင်းတို့၌ ယမ်းစများဆူးဝင်ထိမှန် ခံရပြီး ဘားအံမြို့ပြည်သူ့ဆေးရုံ ကြီးသို့ရောက်ရှိလာပါသည်။

နိုဝင်ဘာ(၂)ရက်နေ့အထိ အတွင်း  လူနာအဖြစ် ကုသမှုခံယူလျက်ရှိကြောင်း
တွေ့ရသည်။

အန္တရာယ်ကြီးမားသည့် ပြင်း အားကောင်းသောဗျောက်အိုးများရောင်းဝယ် ပစ်ဖောက်ခြင်းကို သက်ဆိုင် ရာမှ အချိန်မီထိန်းသိမ်းကြတ်မတ်မပေးလျှင် မကြာမီရောက်ရှိလာ မည့် တန်ဆောင်တိုင်မီးထွန်းပွဲ တွင်လည်း အလားတူဖြစ်ရပ်ဆိုး  များကြုံတွေကရဖွယ်ရှိသဖြင့် လူအများစိုးရိမ်
နေကြကြောင်းသိရ သည်။

ပွင့်ဆန်း(ပုပ္ပါး)
Hot News
 
(၃၀.၁.၂၀၁၂)ရက် (သီ တင်းကျွတ်လပြည့်)နေ့သည် မြန် မာ့ဆယ်နှစ်လရာသီ၏ မီးထွန်း ပွဲတော် ရက်ဖြစ် သည်။ မီးထွန်း ပွဲနှင့်အတူယှဉ်တွဲလျက် ဗျောက်များဖောက်ခြင်း၊ရှူးတိုင်းများပစ် လွှတ်ခြင်း၊မီးရှူးများ ပစ် လွှတ်ခြင်း၊ မီးရှူးမီးပန်းထွန်းညှိကစားခြင်းများ လည်း နိုင်ငံနှင့်အ၀န်းပြုလုပ်လျက် ရှိနေကြောင်းသိရသည်။

ဂျပန် မော်တော်ကား ကုမ္ပဏီ Suzuki အမေရိကန်တွင် မော်တော်ယာဉ်များ ရောင်းချမှုကို ရပ်ဆိုင်းတော့မည်

အမေရိကန်တွင် မော်တော်ယာဉ်များ ရောင်းချမှုကို ရပ်ဆိုင်းတော့မည်ဟု ဂျပန် မော်တော်ကား ကုမ္ပဏီ Suzukiက ကြေညာလိုက်သည်။

Suzukiသည် ယခုအခါ အမေရိကန် မော်တော်ယာဉ် ဈေးကွက်ကို စွန့်ခွာရန် စီစဉ်လာခြင်း ဖြစ်သည်။ ကယ်လီဖိုးနီးယားတွင် Chapter 11 ဒေဝါလီခံခြင်း တောင်းဆိုမှုကို တင်သွင်းမည်ဖြစ်ပြီး အမေရိကန် ကားဈေးကွက်ကို ကျောခိုင်းရန်ထိ စီစဉ်လာခြင်း ဖြစ်သည်။ Suzukiသည် အာမခံ သက်တမ်းကျန်သေးသော ကားများအတွက် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သလို အခြားသော အပိုအစိတ်အပိုင်းများ ရောင်းချမှုကိုမူ ကာလအပိုင်းအခြား တစ်ခုထိ ဆက်လက် ဆောင်ရွက်နေမည်ဟု သိရှိရသည်။ 
 
 
အမေရိကန်တွင် မော်တော်ယာဉ်များ ရောင်းချမှုကို ရပ်ဆိုင်းတော့မည်ဟု ဂျပန် မော်တော်ကား ကုမ္ပဏီ Suzuki က ကြေညာလိုက်သည်။

ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက်လုပ် ကပ်လှူပွဲနှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် စည်ကားစွာ ကျင်းပမည်

 
ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက်လုပ် ကပ်လှူပွဲနှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် စည်ကားစွာ ကျင်းပမည်
Tuesday, November 06, 2012

လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ် ကြီး၏ ၂၈ ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ကပ်လှူ ပူဇော်ပွဲအား နိုဝင်ဘာ ၂၈
ရက် (၁၃၇၄ ခုနှစ် ၊ တန်ဆောင်မုန်း လပြည့်) နေ့ အရုဏ်တက် ချိန်တွင် အာရုံခံ တန်ဆောင်း များအတွင်းရှိ ဘုရားလေးဆူ နှင့်တကွ အထက် ပစ္စယာ ပတ္တမြား မျက်ရှင် ရုပ်ပွားတော် ၊ ရင်ပြင်တော် ပေါ်ရှိ ဘုရား ရုပ်ပွားတော် များကို မသိုးသင်္ကန်း တော်များ ဆက်ကပ် လှူဒါန်း ပူဇော်မည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၇ ရက်နေ့ (တန်ဆောင်မုန်း လဆန်း ၁၄ )ရက် ညနေ ၄ နာရီမှ စတင်ကာ လှည့်လည် ပူဇော်ပွဲများ ကျင်းပပြီး စေတီတော်မြတ်ကြီး ၏ ရာဟုထောင့်ရှိ အောင်မြေ၌ မသိုးသင်္ကန်းတော် များယှဉ်ပြိုင် ရက်လုပ်ပွဲ အခမ်းအနားကို စတင် ဖွင့်လှစ် ကျင်းပမည် ဖြစ်သည်။ တစ်ဆက်တည်းပင် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ရာဟုထောင့်ရှိ ပြတိုက် / ပြခန်း
ရှေ့မျက်နှာစာ နှင့် အလယ်ပစ္စဟာ ရာဟုထောင့် ပုံတော်စေတီ အနီး
တစ်ဝိုက်တွင် ကျင်းပမည် ဖြစ်ပြီး တန်ဆောင်မုန်း လပြည့်နေ့ နံနက် ၁ နာရီတွင် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ၌ ဆုရရှိသော အသင်းများနှင့် ပါဝင်ယှဉ်ပြိင်သော အသင်းများအား ဆုချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မသိုးသင်္ကန်း ပြိုင်ပွဲတွင် ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု နှင့်
နှစ်သိမ့်ဆုများ ပေးအပ်မည် ဖြစ်ပြီး ပထမဆု ကျပ်သုံးသိန်း ၊ ဒုတိယဆု ကျပ်နှစ်သိန်း ငါးသောင်း ၊ တတိယဆု ကျပ်နှစ်သိန်း နှင့် နှစ်သိမ့်ဆု များအား ကျပ်တစ်သိန်း ငါးသောင်း သတ်မှတ်ကာ ချီးမြှင့် ပေးအပ်သွားမည်
ဖြစ်ကြောင်းရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ တာဝန်ရှိသူထံမှ သိရှိရသည်။

The Myawady Daily
အေးချမ်းမွန်မှ  Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google 
လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ် ကြီး၏ ၂၈ ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ကပ်လှူ ပူဇော်ပွဲ အား နိုဝင်ဘာ ၂၈ ရက် (၁၃၇၄ ခုနှစ် ၊ တန်ဆောင်မုန်း လပြည့်) နေ့ အရုဏ်တက် ချိန်တွင် အာရုံခံ တန်ဆောင်း များအတွင်းရှိ ဘုရားလေးဆူ နှင့်တကွ အထက် ပစ္စယာ ပတ္တမြား မျက်ရှင် ရုပ် ပွားေ တာ် ၊ ရင်ပြင်တော် ပေါ်ရှိ ဘုရား ရုပ်ပွားတော် များကို မသိုးသင်္ကန်း တော်များ ဆက်ကပ် လှူဒါန်း ပူဇော် မည် ဖြစ်ကြောင်း သိရသည်။

အစိုးရက ထိရောက်စွာ မကိုင်တွယ်လျှင် ရခိုင်တွင် တတိယအကြိမ်မြောက် တကျော့ပြန် ဆူပူ အကြမ်းဖက်မူ ပြန်လည် ဖြစ်ပွားနိုင်

သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများက ထိထိရောက်ရောက် မကိုင်တွင်လျှင် တတိယ အကြိမ်မြောက် တကျော့ပြန်ဆူပူအကြမ်းဖက်မူများရခိုင်ပြည်နယ်တွင်  ပြန်လည် ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်ဟုပန်းမြောင်း   ဒေသ ခံ တစ်ဦးက ပြောသည်။
ကျောက်တော်တွင် စစ်တပ် လက်ချက်ဖြင့် သေဆုံးခဲ့ကြရသူများ

ယခုနှစ်မကုန်ခင်၌ အစိုးရ၀န်ကြီးဌာနအားလုံး ကိုယ်ပိုင်ဝက်ဘ်ဆိုက် လွှင့်တင်ရမည်

ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ၀န်ကြီးဌာနအားလုံးကို ယခုနှစ်မကုန်ခင်၌ မိမိတို့ ၀န်ကြီးဌာနနှင့် ပတ်သက် သည်များကို အင်တာနက်ဝက်ဘ်ဆိုက် လွှင့်တင်ထားရှိရန်အတွက် ညွှန်ကြားထားသည် ဟု နိုင်ငံတော် သမ္မတရုံးမှပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောသည်။

အဆိုတော် ဒီဖြိုး ထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိဟု သတင်းပျံနှံ့နေ

 

လူငယ်များအကြား ရေပန်းစားသော နာမည်ကြီးအဆိုတော် ထက်အောင်လှိုင် ခေါ် ဒီဖြိုးထံမှ စိတ်ကြွေ ဆးပြား များ ဖမ်းဆီးရမိကြောင်း မူခင်း သတင်းဂျာနယ် မူခင်းသတင်းဂျာနယ် - အတွဲ (၁၆) ၊ အမှတ် (၅၀)တွင် ဖော်ပြထားကြောင်း Facebook တွင် ပျံနှံ့နေပါသည်။ 

Nexus စမတ်ဖုန်းနှင့် tablet များကို Google ပွဲထုတ်မိတ်ဆက်

Nexus စမတ်ဖုန်းနှင့် tablet များကို Google ပွဲထုတ်မိတ်ဆက်

စန္ဒီမုန်တိုင်းကြောင့် နယူးယောက်တွင်ကျင်းပမည့် ပြပွဲအစီအစဉ်ကို ဖျက်သိမ်းခဲ့သော်လည်း Nexus ထုတ်ကုန်သစ်များကို blog post မှတစ်ဆင့် Google ကုမ္ပဏီက မိတ်ဆက်ကြေညာခဲ့သည်။

Google ကုမ္ပဏီက မိ
တ်ဆက်ပေးခဲ့သည့် ထုတ်ကုန်များမှာ Nexus 4 စမတ်ဖုန်းနှင့် Nexus 10 tablet တို့ ဖြစ်သည်။ Nexus 4 စမတ်ဖုန်းကို LG နှင့် တွဲဖက် ထုတ်လုပ်ထားခြင်းဖြစ်ပြီး ၎င်းတွင် quad-co
re ပရိုဆက်ဆာ၊ ၄.၂ လက်မ display နှင့် ကြိုးမဲ့အားသွင်းစနစ်တို့ ပါဝင်သည်။ Android 4.2 (Jelly Bean) ကို အသုံးပြုထားပြီး ၃၆၀ ဒီဂရီ panorama မြင်ကွင်းကို ဖန်တီးပေးနိုင်မည့် Photo Sphere feature ပါဝင်လာ ကြောင်းသိရသည်။ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၉ ဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်တွင် ရောင်းချမည်ဖြစ် သည်။

Nexus 10 tablet ကို Samsung နှင့် တွဲဖက်ထုတ်လုပ်ထားခြင်းဖြစ်သည်။ အသုံးပြုထားသည့် display မှာ 2560x1600 pixel နှင့်ဖော်ပြပေးနိုင်ပြီး ဗီဒီယိုကြည့်ရှုခြင်းအတွက် ကိုးနာရီခန့်အသုံးပြုနိုင်ကြောင်း Google မှ ပြောကြားသည်။ ထို့အပြင် အသုံးပြုသူများစွာထံ tablet ကို အလွယ်တကူဝေမျှအသုံးပြုနိုင်ရန်အတွက် account-switching feature ပါဝင်ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၄ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး တန်ဖိုးမှာ 16GB အတွက် အမေရိကန်ဒေါ်လာ ၃၉၉၊ 32GB အတွက် အမေရိကန်ဒေါ်လာ ၄၉၉ ဖြစ်သည်။

ထို့အပြင် Google ကုမ္ပဏီသည် Nexus 7 Wi-Fi အမျိုးအစားသစ်များနှင့် HSPA+ cellular connection ဗားရှင်းတို့ကို မိတ်ဆက်ပေးခဲ့သည်။ Wi-Fi အမျိုးအစားသစ်များတွင် 16GB ကို အမေရိကန်ဒေါ်လာ ၁၉၉၊ 32GB ကို အမေရိကန်ဒေါ်လာ ၂၄၉ သတ်မှတ်ထားသည်။ HSPA+ cellular အမျိုးအစားအတွက် 32GB ကို အမေရိကန်ဒေါ်လာ ၂၉၉ ကျသင့်မည်ဖြစ်သည်။ ၎င်းတို့ကို နိုဝင်ဘာလ ၁၃ ရက်တွင် စတင်ရောင်းချမည်ဖြစ် ကြောင်း သိရသည်။

Ref: CNET

အေးချမ်းမွန်မှ  Internet Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Internet Journal
စန္ဒီမုန်တိုင်းကြောင့် နယူးယောက်တွင်ကျင်းပမည့် ပြပွဲအစီအစဉ်ကို ဖျက်သိမ်းခဲ့သော်လည်း Nexus ထုတ် ကုန် သစ်များကို blog post မှတစ်ဆင့် Google ကုမ္ပဏီက မိတ်ဆက်ကြေညာခဲ့သည်။

စံရိပ်ငြိမ်မှတ်တိုင်းအနီးမှာ ကား(၄)စီးဖြင့် အခြားကားတစ်စီးပေါ်မှ လူများအား ၀ိုင်းဝန် ရိုက်နှက်ခဲ့သည့် ပြစ်မှု ကျူးလွန်သူ များအား ဖမ်းဆီးရမိ




စံရိပ်ငြိမ်မှတ်တိုင် အနီးဖြစ်ပွားခဲ့သော ဖြစ်စဉ်ပါ ပြစ်မှုကျူးလွန်သူများအား အထူးစီမံ ချက်ဖြင့် ဆောင် ရွက်နေေ သာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

ဥပဒေအတည်ပြုပြီးသော်လည်း ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေသော အချက်များရှိနေသေး

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကို အားထားကြရမည်ဟု ပညာရှင်များ ကဆို သည်။ သို့ရာတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အချက်သုံးချက်က အဟန့်အတားဖြစ်စေနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကဆိုသည်။ 

လက်ရှိငွေလဲစင်တာများတွင် ဒေါ်လာ အရောင်းအဝယ် အခက်အခဲရှိဆဲဖြစ်

မြန်မာနိုင်ငံ၌ တရားဝင်ငွေ လဲ စင်တာဖွင့်လှစ်ခွင့်ကို ၂ဝ၁၁ ခုနှစ်မှစတင်လုပ်ကိုင်ခွင့် ရခဲ့ပြီး ပြည်တွင်း ဘဏ် ၁၇ခုသို့ ခွင့်ပြု ခဲ့၍ တစ်နိုင်ငံ လုံး၌ ငွေလဲစင် တာ ၁၃၁ ခု ဖွင့်လှစ်ခဲ့ပြီးဖြစ် သည်။

မြန်မာပိုင် Rv Thurgau Exotic အပျော်စီးသင်္ဘော ရန်ကုန်-ပုဂံ-မန္တလေး ပထမဆုံခရီးစဉ်စတင်ပြေးဆွဲမည်

မြန်မာပိုင် Rv Thurgau Exotic အပျော်စီးသင်္ဘော ရန်ကုန်-ပုဂံ-မန္တလေး ပထမဆုံခရီးစဉ်စတင်ပြေးဆွဲမည်
Tuesday, November 06, 2012

ရန်ကုန်-ပုဂံ-မန္တလးခရီးစဉ် သို့နိုင်ငံခြားသားခရီးသွားများသီးသန့်ပို့ဆောင်
ပေးရန်အတွက် မြန်မာနိုင်ငံကုမ္ပဏီတစ်ခုဖြစ်သော Upland Travels & Tour Co. Ltd မှ တည်ဆောက်ခဲ့သော Rv Thurgau Exotic အပျော်စီးသင်္ဘော   ကြီးမှာလာမည့် နိုဝင်ဘာ (၇)  ရက်နေ့တွင် ရန်ကုန်မြို့ဗိုလ်တထောင် ဆိပ်ကမ်းမှ ပထမဦးဆုံးခရီးစဉ် အဖြစ်စတင်ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်၌ ရန်ကုန်- ပုဂံ-မန္တလေးမြို့များအပြင်အခြား မြို့ဆိပ်ကမ်းသို့
လည်းဆိုက်ကပ်၍   ခရီးသည်များဝင်ရောက်လေ့လာ နိုင်ရန် စီစဉ်ပေးထား
သည့်ပြင်ရေ လမ်းကြောင်း ကျွမ်းကျင်သော အငြိမ်းစားရေယာဉ်မှူးကြီးများ ကိုယ်တိုင်မောင်းနှင့်သွားမည်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံThur gau Travel A အဖွဲ့နှင့် ချိတ်ဆက် ပြီး ဂျာမန်ခရီးသည်အများစုပါဝင် မှာဖြစ်
ကြောင်း၊ ခရီးစဉ်၌ခရီးသည်(၂၈) ဦးပါဝင်ကာသင်္ဘောတွင် အိပ်ခန်း
(၁၅) ခန်းပါဝင်ကြောင်း နှင့် အသွား (၁၅) ရက်၊ အပြန် (၁၅) ရက် စုစုပေါင်းရက်ပေါင်း (၃၀) ကြာမှာဖြစ်ပြီး ခရီးသွား များ သင်္ဘောပေါ်တွင်
စားသောက်  နေထိုင်ရေးနှင့် ရောက်ရှိသော မြို့ကြီးများတွင် တည်းခိုရေး၊ ပို့ဆောင်ရေးကိစ္စများအတွက် Thurgau Travel A အဖွဲ့မှ စီစဉ် ပေးသွားမှာ
ဖြစ်ကြောင်း နိုင်ငံခြား သားခရီးသည်များကိုသာ စီးနင်းခွင့်ပြုမည်ဖြစ်ရာ
လိုက်ပါလိုသော နိုင်ငံခြားသားခရီးသွားများအနေဖြင့် ဆွစ်ဇာလန်နိုင်ငံရှိ
Thurgau Travel A သို့ www.Thurgautra velch နှင့် Email- Uplandtours @wimaxmail.net.mm သို့မဟုတ်Tel + ၄၁ (0) ၇၁၆၂၆၅၅၀၀ သို့ ဆက်သွယ်နိုင်ကြောင့်း Upland Travels & Tours Co.Ltd မှ ဒါရိုက်တာဦးမျိုးအောင်ထံမှ သိရှိရသည်။

ရွှေထူး
Hot News
 
ရန်ကုန်-ပုဂံ-မန္တလးခရီးစဉ် သို့နိုင်ငံခြားသားခရီးသွားများသီးသန့်ပို့ဆောင်  ပေးရန် အတွက် မြန်မာနိုင်ငံ ကုမ္ပဏီ တစ်ခုဖြစ်သော Upland Travels & Tour Co. Ltd မှ တည်ဆောက်ခဲ့သော Rv Thurgau Exotic အပျော်စီးသင်္ဘော ကြီးမှာလာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ရန်ကုန်မြို့ဗိုလ်တထောင် ဆိပ်ကမ်းမှ ပထမဦးဆုံးခရီးစဉ် အဖြစ်စတင်ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားနှင့် အမျိုးသမီး စိတ်ပိုင်းဆိုင်ရာ ကွာခြားချက်အချို့ 

အမျိုးသားနဲ့ အမျိုးသမီးများကြား စိတ်ပိုင်းဆိုင်ရာ ကွာခြားချက်များကို သိပ္ပံပညာရှင်တို့ ယခုလို တွက်ချက် အဖြေထုတ်ထားပါတယ်။

၁။ အမျိုးသားတို့သည် အမျိုးသမီးများထက် နှစ်ဆမှ သုံးဆအထိ စိတ်အပြောင်းအလဲ ဖြစ်သည်။

Goal.com ၏ အောက်တိုဘာလအတွက် အကောင်း ဆုံး ကစားသမား (၁၁)ဦး စာရင်းတွင် မြန်မာ့လက်ရွေးစင် ကြည်လင်း ကိုယ်စားပြု ရွေးချယ် ခံရ

ကမ္ဘာကျော် ဘောလုံးအားကစား ဝက်ဘ်ဆိုက်ဖြစ်သော Goal.com၏ စက်တင်ဘာလအတွက် အကောင်းဆုံး ကစားသမား (၁၁)ဦး စာရင်းတွင် မြန်မာ့လက်ရွေးစင် ကြည်လင်း ကိုယ်စားပြု ရွေးချယ် ခံခဲ့ရကြောင်း သိရသည်။

အီတလီ ထိပ်တန်းကလပ် အင်တာမီလန်တွင် ကစားနေသည့် ယူတို နာဂါတိုမိုကဲ့သို့ ကမ္ဘာသိ ဘောလုံးသမားများနှင့်အတူ ကြည်လင်းကို Goal.comက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ (၃-၄-၃) ကစားကွက်ဖြင့် ရွေးချယ်မှုတွင် ညာတောင်ပံ တိုက်စစ်သမားအဖြစ် ရန်ကုန်ယူနိုက်တက်နှင့် မြန်မာ့လက်ရွေးစင် ကစားသမား ကြည်လင်းက ပါဝင်လာခဲ့သည်။ AFF Suzukiဖလား ခြေစစ်ပွဲတွင် (၃)ဂိုး သွင်းယူကာ တောက်ပသော စွမ်းဆောင်ရည်ကောင်းများ ပြသခဲ့ကြောင်း Goal.comက ချီးကျူး ရေးသားထားသည်။
ကမ္ဘာကျော် ဘောလုံးအားကစား ဝက်ဘ်ဆိုက်ဖြစ်သော Goal.com ၏ အောက်တိုဘာလအတွက် အာရှ အကောင်းဆုံး ကစားသမား (၁၁)ဦး စာရင်းတွင် မြန်မာ့လက်ရွေးစင် ကြည်လင်း ကိုယ်စားပြု ရွေးချယ် ခံခဲ့ရကြောင်း သိရသည်။

ရန်ကုန် လေဆိပ်ရှိ အစိုးရ ၀န်ထမ်းများ အနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီ၌ လုပ်ကိုင်မည် ဆိုပါက လစာမဲ့ခွင့် ၅ နှစ်ပေးမည်


ရန်ကုန် လေဆိပ်ရှိ အစိုးရ ၀န်ထမ်းများ အနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီ၌ လုပ်ကိုင်မည် ဆိုပါက လစာမဲ့ခွင့် ၅ နှစ်ပေး ကာ လုပ်ကိုင်နိုင်ရန် စီစဉ် ဆောင်ရွက် သွားမည်။

နော်ဝေအစိုးရ မြန်မာ့ လျှပ်စစ်ရရှိရေး ဒေါ်လာ ရှစ်သိန်းခွဲ ထောက်ပံ့


နော်ဝေအစိုးရ မြန်မာ့ လျှပ်စစ်ရရှိရေး ဒေါ်လာ ရှစ်သိန်းခွဲ ထောက်ပံ့ 

မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေကို နိုင်ငံတကာ စံချိန်စံညွန်းနဲ့ ကိုက်ညီအောင် မြှင့်တင်ပေးရေး အတွက် မြန်မာနိုင်ငံကို နော်ဝေနိုင်ငံက အမေရိကန်ဒေါ်လာ ၈သိန်းခွဲ အကူအညီပေးဖို့ ကတိပြု လိုက်တဲ့အကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB က ပြောပါတယ်။ လူတိုင်းစွမ်းအင် အသုံးချခွင့် ရရှိရေး ဆိုတာဟာ နော်ဝေနိုင်ငံရဲ့ အဓိက ဦးစားပေး ကိစ္စဖြစ်တယ် လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Espin Barth Eide က တနင်္လာနေ့မှာ ပြောလိုက်တာပါ။

ခေတ်မှီစွမ်းအင်တွေ မရဘူးဆိုရင် ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်မှုတွေ မရှိနိုင်ဘူးလို့လည်း သူက ပြောပါတယ်။ အခုလို ကူညီမယ့်အထောက်အပံ့ကို မြန်မာနိုင်ငံရဲ့ လက်ရှိ စွမ်းအင်ဆိုင်ရာ ဥပဒေကို ပြန်လည် သုံးသပ်ပြီး လျော်ကန် သင့်မြတ်တဲ့ မူဝါဒတွေ ချမှတ်နိုင်ဖို့အတွက် အသုံးပြုမှာဖြစ်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ကပြောပါတယ်။
ဒီလိုအကောင်အထည်ဖေါ်မှုကို ၁၈ လကြာ အချိန်ယူလိမ့်မယ်လို့ မျှော်မှန်းထားပြီး လာမယ့် ၂၀၁၄ ခုနှစ် ဇွန်လမှာ အပြီးသတ်နိုင်လိမ့်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။

အလားတူ မကြာသေးခင်က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့ EU ဥရောပသမဂ္ဂအဖွဲ့ရဲ့ ကော်မရှင်နာ မင်းကြီး José Manuel Barroso ကလည်း မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၀ ကျော် အထောက်ကူပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဆယ်စုနှစ်နဲ့ ချီပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အခုတော့ ခေါင်းဆောင်တွေဟာ ကုန်သွယ်ရေး တိုးမြင့် ဆောင်ရွက်ဖို့ အရေးကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေကို နိုင်ငံတကာ စံချိန်စံညွန်းနဲ့ ကိုက် ညီအောင် မြှင့်တင်ပေးရေး အတွက် မြန်မာနိုင်ငံကို နော်ဝေနိုင်ငံက အမေရိကန်ဒေါ်လာ ၈သိန်းခွဲ အကူ အညီပေးဖို့ ကတိပြု လိုက်တဲ့အကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB က ပြောပါတယ်။ လူတိုင်းစွမ်းအင် အသုံး ချ ခွင့် ရရှိရေး ဆိုတာဟာ နော်ဝေနိုင်ငံရဲ့ အဓိက ဦးစားပေး ကိစ္စဖြစ်တယ် လို့ မြန် မာနိုင်ငံ ကို   ရောက်နေ တဲ့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Espin Barth Eide က တနင်္လာနေ့ မှာ ပြောလိုက်တာပါ။

ဆန္ဒပြ သစ်အချောထည် လုပ်သားအချို့ အရေးပေါ် ဆေးကုသမှုခံယူ

ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်ရှိ တောင်ဝင်မိသားစု သစ်အချောထည် စက်ရုံတွင် ညလုံးပေါက် ဆန္ဒပြတောင်း ဆိုသော အလုပ်သမား ၂ဝဝ ကျော်အနက် အလုပ်သမား ၂၆ဦး အား ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတွင် အရေးပေါ် ကုသခဲ့ရကြောင်း အဆိုပါ အလုပ်သမားများ နှင့် Action Labour Right မှ ရွှေပြည်သာ တာဝန်ခံ ဦးကျော်မင်းက ပြောကြားသည်။

တရားမဝင်ကိုင်ဆောင်ထားသည့်လက်နက်များကို သက်ဆိုင်ရာသို့ သုံးရက်အတွင်းအပ်နှံရမည်ဟု သတင်းထုတ်ပြန်ပြီးနောက် လက်နက်များလာရောက်အပ်နှံမှုများရှိဟုဆို

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသောပဋိပက္ခအခြေအနေများကိုထိမ်းသိမ်းနိုင် ရန် တရားမဝင် ကိုင်ဆောင် ထား သည့် လက်နက် ဥပဒေပါလက်နက် များကို နီးစပ်ရာရဲစခန်းများနှင့် လုံခြုံရေးအဖွဲ့များထံ သုံးရက် အတွင်း အပ်နှံရမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း သက်ဆိုင်ရာသို့ လက်နက်များ လာရောက် အပ်နှံ မှုများ ရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မလေးရှားသွားမည့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ မြန်မာ နယ်စပ် အနီးတွင် ဖမ်းဆီး

မလေးရှားနိုင်ငံသို့ ထွက်ခွာရန် စီစဉ်နေသူ ကလေးနှစ်ဦး အပါအ၀င် စုစုပေါင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၉ ဦးကို စက်လှေ တစ်စီးပေါ်မှ တနင်္လာနေ့ နံနက်က ဖမ်းဆီးမိခဲ့သည်ဟု ဘင်္ဂလာ နယ်ခြား စောင့်တပ်ဖွဲ့ က ပြောသည်။

သံတွဲမြို့ရှိဗလီတစ်ခုမှလက်နက်များဖမ်းဆီးရမှုနှင့်ပတ်သက်သည့်တရားခံ ၂ ဦးအား ရုံးတင်စစ်ဆေးအရေး ယူဆောင် ရွက်လျက်ရှိ

အောက်တိုဘာလ ၃၁ ရက်နေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ရှိဗလီတစ်ခုမှ လက်နက်များ တွေ့ရှိဖမ်းဆီး ရမိသဖြင့် ယင်းနှင့်ပတ်သက်သည့် တရားခံဘင်္ဂလီနှစ်ဦး အား သံတွဲရဲစခန်းမှ ဖမ်းဆီးရုံးတင် စစ်ဆေးလျက် ရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှစုံစမ်းသိရသည်။

ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည့်ခေါင်းစဉ်များ


ယနေ့ (နိုဝင်ဘာလ ၆ရက်နေ့) တွင် ပြုလုပ်မည့် အမျိုးသား လွှတ်တော် အစည်းအဝေး တွင် အောက်ပါ အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

နိုင်ငံသားပိုင် ရွှေမြန်မာ လေကြောင်းလိုင်းသစ် လာတော့မည်


မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင် လေကြောင်းလိုင်း အသစ်တခု ပေါ်လာမည်ဖြစ်ကြောင်းသိရသည်။ လူ တိုင်း လေယာဉ် စီးနိုင်ရန်အတွက် ရွှေမြန်မာလေကြောင်းလိုင်း အသစ်တခုဟာ လာမယ့် နှစ် ဆန်း ဖေဖော် ၀ါရီလက စတင်ပြီး လူ ၁၈၀ ဆန့်တဲ့ A 320 Air Bus လေယာဉ်တွေ နဲ့ ပြည်တွင်း- ပြည်ပ ကို ပြေးဆွဲပေး မည်ဖြစ်ပါသည်။

ရွှေရိုင်းတန်ချိန် ရာပေါင်းများစွာ တင်ဆောင်ထားသောသင်္ဘော ရုရှား အရှေ့ပိုင်း၌ ပျောက်ဆုံး

 
 
ရွှေသတ္တုရိုင်း တန်ချိန် ရာပေါင်းများစွာ တင်ဆောင်၍ ခုတ်မောင်းနေစဉ် ရုရှားနိုင်ငံအရှေ့ပိုင်း ကမ်းလွန် ပင်လယ်ပြည်အတွင်း ပျောက်ဆုံးသွားခဲ့ရသည့်ကုန်တင်သင်္ဘောတစ်စင်းအား ရှာဖွေရေး လုပ်ငန်းများသည် ရာသီဥတု အခြေအနေ ဆိုးရွားမှုကြောင့် နိုဝင်ဘာ ၂ ရက်က ရပ်တန့်သွားခဲ့ရကြောင်း သိရသည်။

ဆော်ဒီတွင် ကရိုနိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေကြောင်း အတည်ပြုကြေညာ

Photo: ဆော်ဒီတွင် ကရိုနိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေကြောင်း အတည်ပြုကြေညာ 
Tuesday, November 06, 2012  

ဆော်ဒီအာရေဗျ နိုင်ငံတွင် ကရိုနိုဗိုင်းရပ်စ် ပျံ့ပွားသည့် ဖြစ်စဉ်တစ်ခု ထပ်မံပေါ်ပေါက်လာကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများ အတည်ပြု ပြောဆိုခဲ့သည်။

ဆော်ဒီအစိုးရက လူတစ်ဦးသည် ကရိုနိုဗိုင်းရပ်စ် ကူးစက်ခံရကြောင်း
တွေ့ရှိရသည့်နောက် ရီယာ့ဒ်မြို့တော်ရှိ ဆေးရုံတစ်ခုတွင် ကုသမှု ခံယူနေရကြောင်း ကြေညာခဲ့သည်။ 

ကူးစက်ခြင်း ခံရသူကို ရီယာ့ဒ်မှ ထွက်ခွာခွင့် မပေးသလို ၎င်း၏ ခန္ဓာကိုယ်ရှိ ဗိုင်းရပ်စ်ပိုးကို ဆော်ဒီအာရေဗျ ပြင်ပ နိုင်ငံများမှ ဓာတ်ခွဲခန်းများသို့ ပို့ဆောင် စမ်းသပ်စေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လူနာကို ဗိုင်းရပ်စ်ပိုး ကင်းစင်အောင် ကုသနေဆဲဖြစ်ပြီး ၎င်း၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်းလည်း သိရသည်။ ဆော်ဒီတွင် ကရိုနိုဗိုင်းရပ်စ် ကူးစက်မှုကြောင့် အနည်းဆုံးလူ(၂)ဦး သေဆုံးခဲ့သည့်နောက်
ယင်းကို အလေးထား လေ့လာခဲ့ခြင်း ဖြစ်သည်။ ဆော်ဒီမှ ဗြိတိန်နိုင်ငံသို့ သွားရောက်သည့် ကာတာနိုင်ငံသား တစ်ဦးမှာလည်း ယင်းဗိုင်းရပ်စ်ကြောင့် အပြင်းအထန် ဖျားနာခဲ့သေးသည်။

ဆော်ဒီ ကျန်းမာရေး ဝန်ကြီးဖြစ်သူ အက်ဘ်ဒူလာ အယ်လ်ရာဘီက ဟာ့ဂ်ျခရီးသွား ရာသီ မတိုင်မီကတည်းက ဗိုင်းရပ်စ် ကူးစက်မှုကို ကန့်သတ်ထားနိုင်ပြီး ဝတ်ပြု ခရီးသည်များအတွက် ဆိုးရွားသော ခြိမ်းခြောက်မှု မရှိနိုင်ဟု ပြောဆိုထားခဲ့သည်။ 

ထို့အပြင် ကရိုနို ဗိုင်းရပ်စ်ကြောင့် အသေအပျောက် ရှိသည်အထိ အခြေအနေ ဆိုးတတ်သည်မှာ အလွန် ဖြစ်ခဲသော အခြေအနေမျိုးဖြစ်ပြီး လူနာအများစုမှာ ပြန်လည်သက်သာ ပျောက်ကင်းလေ့ရှိကြောင်းလည်း
ဆော်ဒီကျန်းမာရေး အာဏာပိုင်များက ပြောဆိုထားသည်။

Source: Xinhua
Planet Myanmar Network
 ဆော်ဒီအာရေဗျ နိုင်ငံတွင် ကရိုနိုဗိုင်းရပ်စ် ပျံ့ပွားသည့် ဖြစ်စဉ်တစ်ခု ထပ်မံပေါ်ပေါက်လာကြောင်း ကျန်း မာရေးဌာန တာဝန်ရှိသူများ အတည်ပြု ပြောဆိုခဲ့သည်။

GSM နှင့် WCDMA မိုဘိုင်းဖုန်းနံပါတ်များ နှင့်ပတ်သက်သည့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၏ အကွက်မြင်သေားစီးပွါးရေးလမ်းစဉ်များ

http://www.mmtimes.com/2012/tech/618/mpt.gif

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM/WCDMA မိုဘိုင်းတယ်လီဖုန်းများ တိုးချဲ့ရာမှ ပါရှိလာသည့် ဖုန်းနံ ပါတ်အလှနှင့် အပူးနံပါတ်များအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အများပြည်သူသို့ လေလံတင်ရောင်း ချပေး သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

အစိုးရကလက်နက်များအပ်နှံ့ရန်ထုတ်ပြန်ထားသော်လည်း ဘင်္ဂလီများသည် အပ်နှံမှုမရှိ


အစိုးရကလက်နက်များအပ်နှံ့ရန်ထုတ်ပြန်ထားသော်လည်းဘင်္ဂလီများသည် အပ်နှံမှုမရှိဘဲ ယင်း လက်နက် များဖြင့်ပင် တိုက်ခိုက်နေကြောင်းသိရှိရသည်။

အမေရိကပြည်ထောင်စုရောက် ရခိုင်မိသားစုများ ရခိုင်ဒုက္ခသည်များကို မြန်မာကျပ်ငွေ သန်း ( ၂၀ ) ခန့်  တဖွဲဖွဲ လှူဒန်းနေကြ

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွါးရာတွင် မိမိမြို့ ရွာမှာနေ မိမိရပ်ကွက်မှာစား မိမိတို့ မိသားစုနှင့် အေးအတူ ပူအမျှ နေထိုင်ကြသော ရခိုင်လူမျိုးတို့ မှာ တိုင်းတပါးမှ ခိုးဝင်လာသူဘင်္ဂလီကုလားများကြောင့် နေအိမ်များ မီးရို့ ခံရခြင်း ၊ သတ်ဖြတ်ခံရခြင်း ၊ အိုးမဲ့ အိမ်မဲ့  လယ်မဲ ယာမဲ့ ဖြစ်ရခြင်းတို့ ကြောင့် ဒုက္ခသည်များအဖြစ် ကျရောက် သွားရသည် ။ မိမိတို့ မိဖညီအကို ဆွေမျိုးသားချင်းတို့ ၏ ဒုက္ခသည်များဘ၀မှ နဂိုရ်မူလ အခြေ အနေ ထိရောက်အောင် အမေရိကပြည်ထောင်စုရောက် ရခိုင်လူမျိုးမိသားစုများက ၀ိုင်းဝန်း ကူညီထောက် ပံ့ရေး အစီအစဉ်များ ပြုလုပ်တိုင်ပင်ညှိနိုင်းကြကာ ရံပုံငွေအလှူငွေများကို စုဆောင်းကောက် ခံကြပြီးဖြစ် သည် ။