သို့သော် ၎င်းက မည်သည့်အချိန်တွင် စတင်အသုံးပြုမည်ကို တိတိကျကျ မပြောကြားသော်လည်း စမ်းသပ် မဲပေးမှုများကိုမူ ပြုလုပ်ခဲ့သည်။ လွှတ်တော်တွင်း မဲခွဲဆုံး ဖြတ်ရာတွင် မဲများပျောက်ဆုံးခြင်း၊ ကျန်နေခဲ့ခြင်း များကို ထင်ထင်ရှားရှားသိမြင်စေရန်ဟုလည်း ဆိုသည်။
“တချို့က သံသယရှိနေကောင်း ရှိနေနိုင်ပါတယ်” ဟု ပြောသည်။ ယင်းစနစ်ကျင့်သုံးပါက ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ကြားနေမဲများသည် တီဗီဖန်သားပြင်ပေါ်တွင် ပေါ်နေမည်ဖြစ်သောကြောင့်မဲ မပျောက်ဆုံး တော့ဘဲ ပွင့်လင်းမြင်သာလာမည်ဟု ဆိုသည်။