Tuesday, 17 September 2013

မြန်မာနိုင်ငံရှိ ရဲဝန်ထမ်းများအား ပြုပြုပြောင်းလဲရေးလုပ်ရာတွင် UNODC ကကူညီမည်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား အမျိုးသားရဲအမှုထမ်းအဖြစ် အသွင်းပြောင်းရန် စီစဉ်နေပြီး ထိုသို့ပြုပြင်ပြောင်းလဲရေး လုပ်ရာတွင် လိုအပ်သောနည်းပညာပိုင်းနှင့် နိုင်ငံတကာ စံချိန်စံနှုန်းနှင့်သက် ဆိုင်သော အကူအညီများကို ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး- UNODC ကကူညီပေး မည်ဖြစ်ကြောင်း UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဂျေဆန်အီလိုင်းက မဇ္ဈိမကိုပြောသည်။

ယောက္ခထီးနှင့် ချွေးမတို့ ဓာတ်လိုက်သေဆုံးခဲ့မှု ရွှေပြည်သာတွင် ဖြစ်ပွား

ယောက္ခထီးနှင့် ချွေးမတော်စပ်သူတို့ နှစ်ဦးစလုံး ဓာတ်လိုက်သေဆုံးခဲ့မှုတစ်ခု ရွှေပြည်သာမြို့နယ်တွင် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

စားစရာအလှူခံတဲ့မြန်မာ ၂ဦးကို ထိုင်းရဲ၉ဦးက၀ိုင်းဖမ်း

လုပ်အားခမရသဖြင့် ထမင်းစားစရာ မရှိဖြစ်နေကြသည့်  အလုပ်သမား တစ်ရာကျော် အတွက်စားစရာ ဆန်နှင့် သောက်     စရာရေများ အကူညီရလိုရငြား အလှူခံရန်ထွက်လာကြသည့် အလုပ်သမ ဇနီးမောင်နှံ တို့အား ထိုင်းပုလိပ် ၉ဦးက ၀ိုင်းဝန်းဖမ်း ဆီးခဲ့သည်။

တရားမ၀င် အကြောအားတိုးဆေး များကို ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ရောင်းချနေ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗိုလ်တထောင် မြို့နယ် ၊ ပန်းဘဲတန်း မြို့နယ် နှင့် မင်္ဂလာ တောင်ညွန့် မြို့နယ်များရှိ လူစည်ကားရာ နေရာများဖြစ် သော ကားဂိတ် ၊ ဘူတာရုံ များ၌ ပြည်ပ နိုင်ငံများမှ တရားမ၀င် တင်သွင်းသည့် အကြော အားတိုးဆေး များကို ပေါ်ပေါ် တင်တင် ရောင်းချ နေကြောင်း တွေ့ရ သည်။

၂၀၁၃မှ ၂၀၃၀ပြည့်နှစ်အတွင်း ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် သုံးစွဲမှု လျှော့ချရပ်ဆိုင်းသွားမည်



Photo: ၂၀၁၃မှ ၂၀၃၀ပြည့်နှစ်အတွင်း ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် သုံးစွဲမှု လျှော့ချရပ်ဆိုင်းသွားမည်
Tuesday, September 17, 2013

၂၀၁၃မှ ၂၀၃၀ပြည့်နှစ်အတွင်း ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် သုံးစွဲမှု လျှော့်ချရပ်ဆိုင်းသွားမည်ဟု စက်တင်ဘာ ၁၆ရက်က အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းက ပြောကြားခဲ့သည်ဟု သိရသည်။

အထက်ပါ ကာလအတွင်း ဟိုက်ဒဂိုကလိုရိုဖလူရို ကာဗွန်သုံးစွဲမှုကို ရပ်ဆိုင်းရန်အတွက် သုံးစွဲမှု လျော့ချရပ်ဆိုင်းရေးလုပ်ငန်း စီမံကိန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနကို ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်နှင့် ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့၏ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ပူးပေါင်းပါဝင်၍ ၂၀၁၀ပြည့်နှစ်၊ အောက်တိုဘာလကစပြီး ရေးဆွဲခဲ့သည်။ စီမံကိန်းကို ၂၀၁၃ခုနှစ်၊ မတ်လတွင် ပြည်ထောင်စု အစိုးရအဖွဲ့က သဘောတူ ခွင့်ပြုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ၀န်ကြီးဦးဝင်းထွန်းက “ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အဓိက ပြဿနာတွေကို ကြည့်မယ်ဆိုရင် ရာသီဥတု ပြောင်းလဲမှု၊ အိုဇုန်းလွှာ ပျက်စီးမှု၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေထု ယိုယွင်းမှု၊ မြေဆီလွှာ ပျက်စီးမှု၊ သစ်တောပြုန်းတီးမှု၊ သဲကန္တရ ဖြစ်ထွန်းမှုနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ပျက်စီးပျောက်ကွယ်မှုတွေပဲ ဖြစ်ပါတယ်။ အိုဇုန်းလွှာ အရေးပါပုံကို ပြောရမယ်ဆိုရင်ဖြင့် အင်မတန် စွမ်းအင်မြင့်မားပြီး ဘေးအန္တရာယ်ရှိတဲ့ နေမှလာတဲ့ ခရမ်းလွန်ရောင်ခြည် လှိုင်းတွေဟာ ကမ္ဘာမြေပြင်ပေါ်ကို မကျရောက်အောင် အိုဇုန်းလွှာက စုပ်ယူပေးထားနိုင်တဲ့အတွက် သဘာဝ အကာအရံတစ်ခုအဖြစ် ကမ္ဘာပေါ်က သက်ရှိတို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်”ဟု ပြောကြားသည်။

ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် ပံ့ပိုးမှုနှင့် သက်ဆိုင်ရာဌာများ ပူးပေါင်းပါဝင်၍ မြန်မာနိုင်ငံတွင် မွန်ထရီလယ် နောက်ဆက်တွဲ စာချူပ်အကောင်အထည်ဖော်ရန် အိုဇုန်းလွှာ ပျက်စီးစေသော ဓာတ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ခြင်း အမိန့် (မူကြမ်း) တစ်ရပ် ရေးဆွဲထားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေများ ထုတ်ပြန်ပြီးစီးသည့်အခါတွင် အဆိုပါ အမိန့်ဆက်လက် ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။

“ကမ္ဘာမြေပြင်အပေါ်မှာ အိုဇုန်းလွှာ ပျက်ဆီးမှုကြောင့် အရေပြား ကင်ဆာရောဂါ၊ မျက်စိ တိမ်စွဲမှု၊ ခုခံအား ကျဆင်းမှု၊ သီးနှံအထွက် ကျဆင်းမှု၊ အဏ္ဏဝါဂေဟ စနစ်ပျက်စီးစေမှုနဲ့ ရုပ်ဝတ္ထု ပစ္စည်းများ ယိုယွင်း ပျက်စီးမှုတွေ ဖြစ်ပေါ်နေပါတယ်”ဟု ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းက ဆက်လက ပြောကြားခဲ့ပါသည်။

Myanmar ICT
၂၀၁၃မှ ၂၀၃၀ပြည့်နှစ်အတွင်း ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် သုံးစွဲမှု လျှော့်ချရပ်ဆိုင်းသွားမည်ဟု စက်တင်ဘာ ၁၆ရက်က အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း က ပြောကြားခဲ့သည်ဟု သိရသည်။

အိန်္ဒိယ နိုင်ငံမှ သတို့သမီး တစ်ဦး မင်္ဂလာဆောင်ပြီး နောက်တစ်ရက်တွင် မိဘနှစ်ပါး ဆုံးရှုံးခဲ့ရ

အိနိ္ဒယ နိုင်ငံ တမီလ်နာဒူးပြည်နယ် ကွိုင်ဘာတော်မြို့တွင် မင်္ဂလာဆောင်ပြီး ခါစ သတို့သမီး တစ်ဦးသည် မင်္ဂလာဦးည ကုန်လွန်ပြီး နောက်တစ်နေ့တွင် မိဘနှစ်ပါးကို ဆုံးရှုံးရသော အဖြစ်ဆိုးနှင့် ရင်ဆိုင် ခဲ့ ရကြောင်း Tamil Nesan သတင်း ဌာန၏ ဖော်ပြချက်အရ သိရသည်။

နိုင်ငံသားစိစစ်ရေးကဒ်ပြားကို Smart Card နှင့် အစားထိုးမည်

မြန်မာနိုင်ငံမှာ လက်ရှိကိုင်ဆောင်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်တွေကဒ်)တွေနေရာမှာ Smart Card တွေနဲ့ အစားထိုးပြောင်းလဲပေးဖို့ အစိုးရမှာ အစီစဉ်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

မိုးနည်းရေရှားဒေသ နတ်မောက်မြို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်

မြန်မာနိုင်ငံအနှံ့အပြား နေရာဒေသ အသီးသီးတို့တွင် ယခုရက်ပိုင်းတွင်း မိုးများရက်ဆက်ရွာ သွန်း၍ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လျှက်ရှိနေရာ မိုးနည်းရေရှား ဒေသဖြစ်သော မကွေးတိုင်း ဒေသကြီး ၊နတ်မောက်မြို့တွင်လည်း ယခုလ ၁၃-၁၄-၁၅-၁၆ရက်များက ရွာသွန်းခဲ့သော မိုးများကြောင့် မြို့နယ် လယ်ယာဖွံဖြိုးရေးဘဏ်၊ မြို့နယ်မြေစာရင်းဌာန ၊ မြို့နယ်လ.ဝ.ကရုံး၊ မြို့နယ်စိမ်း/စို ၊ မြို့နယ် တရားရုံး မြို့နယ် အခွန်ရုံးစသောဌာနများနှင့် အောင်ဆန်းရပ်ကွက်တောင်ခြမ်း၊ တမာပင် ရပ် ကွက်တောင် ခြမ်း ၊ဘူတာရွာ တို့တွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ရာ ရေကြီးခြင်းနှင့် ပတ်သက်ပြီး အတွေ့အကြုံ့မရှိကြသည့် နတ်မောက် သားများအဖို့ လွန်စွာဒုက္ခရောက်ကြရကြောင်း ဒေသခံများ က ပြော သည်။

ဂျိမ်းစ်ဘွန်းမင်းသားက အန္တရာယ်ဟုမြင်၍ နည်းပညာပစ္စည်းများ အိပ်ခန်းအတွင်းမထား

ဂျိမ်းစ်ဘွန်းမင်းသားအဖြစ် သရုပ်ဆောင်လျက်ရှိသူ ဒင်နီယယ်ခရေ့ခ်ျက သူ၏ကြင်ဖက် ဇနီးသည် ရေချယ်ဝေ့ဇ်နှင့် အတူ ခေတ်မီနည်းပညာ ပစ္စည်းများကို အိပ်ခန်းအတွင်း ထားခွင့်မပြုကြ သူများဖြစ်သည်ဟု ဖွင့်ဟလာသည်။ အိမ်ထောင်သက်နှစ်နှစ်လွန်မြောက်ခဲ့ပြီဖြစ်သည့် ဒင်နီယယ်ခရေ့ခ်ျ တို့ လင်မယားသည် နည်းပညာပစ္စည်းများ အုံးစက်ရာအခန်းဆောင်တွင်ထားရှိခြင်းကို ဆန့်ကျင်ကြောင်း နယူးယောက်တိုင်းမ်သတင်းစာကြီးက ကိုးကားဖော်ပြခဲ့သည်။

ယုဇနပလာဇာတွင် ဝန်ထမ်းတစ်ဦးအား ပရလောကသား ဝင်ပူးပြီး နေရာထိုင်ခင်းတောင်းဟု ဆရာတော်မိန့်ကြား

Add caption
ရန်ကုန် ၊ စက်တင်ဘာ ၁၅

ယုဇန ပလာဇာတွင် တရားနာနေသည့် အမျိုးသမီးတစ်ဦးကို ပရလောက သားတစ်ဦးက ဝင်ရောက်ပူးကပ် ပြီး နေရာတောင်းခဲ့ကြောင်း အ ဆိုပါပဋ္ဌာန်းတရားပွဲကို ဦးဆောင် ပြုလုပ်ပေးခဲ့သည့် နတ်မောက် ကျောင်း

အရက်နဲ. စိမ်သောက်တဲ.မြွေက ပြန်ကိုက်


မြွေကို အရက်နဲ့ စိမ်သောက်တာက ကျန်းမာရေး အတွက် အကျိုးရှိ တယ်လို့ ယူဆ ကြပါတယ်။ တကယ် လို့ အဲ့စိမ်ထားတဲ့ မြွေက အသက်ပြန်ရှင်လာပြီး ထပေါက်တာမျိုးက တရုတ်ပြည်မှာ တကယ်ဖြစ်ခဲ့ ပါတယ်။

တရုတ်နိုင်ငံမှ အကူအညီပေးမည့် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် လယ်ယာလုပ်ငန်းများတွင် အသုံးပြုမည်



Photo: တရုတ်နိုင်ငံမှ အကူအညီပေးမည့် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် လယ်ယာလုပ်ငန်းများတွင် အသုံးပြုမည်
Tuesday, September 17, 2013

တရုတ်နိုင်ငံမှ အကူအညီပေးမည့် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် လယ်ယာလုပ်ငန်းများတွင် အသုံးပြု
သွားမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံမှ အကူအညီရယူပြီး ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်
များမှာ အသည်းရောင် အသားဝါ (ဘီ)ပိုးအတွက် ဆေးနှင့်ဆေး ကိရိယာပစ္စည်းများ အကူအညီပေးရေး၊ ဆေးကိရိယာ ပစ္စည်းများ အကူအညီပေးရေး၊ စိုက်ပျိုးရေး သရုပ်ပြစင်တာ စီမံချက်အတွက်
ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု အစီရင်ခံစာ ရေးဆွဲရေး၊ ပညာရေး သင်ထောက်ကူ ပစ္စည်းများ အကူအညီပေးရေး၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစား လေ့ကျင့်ရေး
ဆိုင်ရာ ပစ္စည်းများ၊ မြန်မာအားကစား အဖွဲ့များအား တရုတ်နိုင်ငံတွင်
လေ့ကျင့်ပေးမည့် အစီအစဉ်၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ စေလွှတ်မည့် အားကစားနည်းပြ များနှင့် ဖွင့်ပွဲပိတ်ပွဲအတွက် ပစ္စည်းကိရိယာများ အကူ
အညီပေးရေး၊ ရခိုင်ဒေသအတွက် အိမ်ပုံစံပစ္စည်းအစုံ ၃၅၀ စီမံကိန်း၊ ရခိုင်ဒေသ ငလျင်ဒေသရှိ ဒုက္ခသည်များ အကူအညီပေးရေး လုပ်ငန်း၊ ကချင်ပြည်နယ်သို့ ကျောင်း၊ ဘိုးဘွားရိပ်သာများ လှူဒါန်းခြင်း အစရှိသည့် လုပ်ငန်းစီမံချက်များ ဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း တရုတ်နိုင်ငံ၏ အကူအညီပေးမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၁၁ သန်း ရှိကြောင်း၊
ပြည်ပနိုင်ငံနှင့် အဖွဲ့အစည်းများမှ ရရှိနိုင်မည့် အကူအညီ ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရှိကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များအရ သိရသည်။ ပညာရေး၊ ကျန်းမာရေး၊ အစားအစာနှင့် ၀င်ငွေလုံခြုံရေးဆိုင်ရာ အခြေခံ လိုအပ်ချက်များဆိုင်ရာ ပံ့ပိုးမှု၊ ရေချိုနှင့် ကမ်းခြေဒေသ ငါးလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် သုတေသန လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး စီမံကိန်း၊
မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ တစ်နိုင်တစ်ပိုင် မွေးမြူမှုဖွံ့ဖြိုး
တိုးတက်ရေး သုတေသ စီမံကိန်းများအတွက် သြစတြေးလျနိုင်ငံမှ အကူအညီ ရယူသွားမည် ဖြစ်ကြောင်း သိရသည်။

Eleven media group
တရုတ်နိုင်ငံမှ အကူအညီပေးမည့် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် လယ်ယာလုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

ရတနာပုံ တက္ကသိုလ် စာမေးပွဲစတင် ဖြေဆိုသည့်နေ့တွင် ရေ၀င်နစ်မြုပ် မှုကြောင့် နာရီများစွာ ယာဉ်ကြော ပိတ်ဆို့ခဲ့ပြီး ကျောင်းသား ကျောင်းသူ များ အခက်အခဲဖြစ်ပေါ်



Photo: ရတနာပုံ တက္ကသိုလ် စာမေးပွဲစတင် ဖြေဆိုသည့်နေ့တွင် ရေ၀င်နစ်မြုပ်
မှုကြောင့် နာရီများစွာ ယာဉ်ကြော ပိတ်ဆို့ခဲ့ပြီး ကျောင်းသား ကျောင်းသူ
များ အခက်အခဲဖြစ်ပေါ်
Tuesday, September 17, 2013

ရေနစ်မြုပ်မှုကြောင့် ရတနာပုံ တက္ကသိုလ်သို့ သွားသည့် လမ်းပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေသည်ကို စက်တင်ဘာ ၁၆ ရက်က
တွေ့ရစဉ်

မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်ရှိ ရတနာပုံ တက္ကသိုလ် စာမေးပွဲများ စတင်ဖြေဆိုသည့် စက်တင်ဘာ ၁၆ ရက်တွင် ကျောင်းဝင်း အတွင်းအပြင်လမ်းများ ရေ၀င်နစ်မြုပ်မှုကြောင့် နာရီများစွာ ယာဉ်ကြောပိတ်
ဆို့ခဲ့ပြီး သွားလာမှု အခက်အခဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တောင်သမန်အင်း ရေလျှံမှုကြောင့် အင်းအနီး ၀န်းကျင်ရှိ ကျေးရွာများ
ရေ၀င်နစ်မြုပ်ကာ ရတနာပုံ တက္ကသိုလ် ကျောင်းဝင်းအတွင်းသို့ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ကျောင်းအ၀င်အထွက် လမ်းများအထိ ရေ၀င်နစ်မြုပ်ခဲ့မှုကြောင့် ရတနာပုံ တက္ကသိုလ် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ရန်ကုန်-မန္တလေးကားလမ်း နို့ချက်လမ်းမှ အ၀င်အထွက် ပြုလုပ်ရန် အသိပေး
ထားကြောင်း သိရသည်။

''စာမေးပွဲဖြေဖို့ မနက်က ကျောင်းသွားတော့ လမ်းတွေပိတ်နေလို့ ဆိုင်ကယ် မောင်းလို့ရတဲ့ နေရာအထိပဲဝင်ပြီး အမြန်လမ်းမကြီး ခုံးတံတား နေရာကနေ ကျောင်းကို လမ်းလျှောက်သွားရတယ်။ တစ်နာရီလောက် လမ်းလျှောက်ပြီးမှ စာမေးပွဲ အခန်းထဲကို ရောက်တယ်။ အခန်းထဲရောက်တော့ နောက်ကျနေပြီ'' ဟု မြန်မာစာ အဓိက ကျောင်းသား
တစ်ဦးက ပြောကြားသည်။

''မနက်က ပြောသလောက် မဆိုးသေးဘူး။ အ၀င်ပဲရှိတယ်။ နေ့လယ်
ပိုင်းရောက်တော့ မနက်ပိုင်းဖြေပြီး ပြန်လာတဲ့ သူတွေနဲ့ နေ့ခင်းပိုင်း ဖြေဖို့
လာတဲ့ သူတွေနဲ့ လမ်းပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ လူတွေနဲ့ အကုန် ကျပ်ပိတ်ကုန်တယ်။ ကျောင်းသူ တချို့ဆိုရင် ဆက်မတိုးဘဲ ထိုင်ငိုနေ
တာတောင် တွေ့ရတယ်'' ဟု ပထမနှစ် ဇီဝဗေဒ ကျောင်းသားတစ်ဦးက
ပြောကြားသည်။ ရတနာပုံ တက္ကသိုလ်ကျောင်းသို့ အ၀င်အထွက် နှစ်လမ်း
ရှိရာတွင် တောင်မှမြောက်သို့ ဖောက်လုပ်ထားသည့် အင်းပတ်လမ်းတွင်
ရေကျော်နေမှုကြောင့် ဖြတ်သန်းသွားလာခွင့် မပြုရန် ယာယီတားမြစ် ထားကြောင်း သိရသည်။

''အင်းပတ်လမ်းက သွားလို့မရတော့ဘူး။ ဆိုင်ကယ်မြုပ်လု နီးနီးကို ရေက
လမ်းပေါ် ကျော်နေပြီ။ အ၀င်အထွက် တစ်လမ်းပဲရှိတော့ ပိုဆိုးတာပေါ့။ အခုလိုလမ်းမှာ ခက်ခက်ခဲခဲ စိတ်ညစ်ခံပြီး စာမေးပွဲခန်းထဲ ရောက်အောင် သွားတော့လည်း ဘယ်လိုစိတ်နဲ့ စာမေးပွဲ ဖြေကြမလဲ'' ဟု ကျောင်းကြိုပို့ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ရန်ကုန်-မန္တလေး ကားလမ်း နို့ချက်လမ်းတွင် ယာဉ်ကြော ပိတ်ဆို့မှုမှာ
နှစ်နာရီကျော် သုံးနာရီနီးပါး ကြာမြင့်ခဲ့ပြီး ၂၀၀၄ ခုနှစ်ကလည်း ယင်းကဲ့သို့
တောင်သမန်အင်း ရေလျှံမှုကြောင့် ကျောင်းဝင်း အတွင်းအပြင် လမ်းများ
ရေ၀င်နစ်မြုပ်ကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Eleven media group
ရေနစ်မြုပ်မှုကြောင့် ရတနာပုံ တက္ကသိုလ်သို့ သွားသည့် လမ်းပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေ သည်ကို စက်တင်ဘာ ၁၆ ရက်ကတွေ့ရစဉ်

ဆီးရီးယားဓာတုလက်နက် တိုက်ခိုက်မှု ခိုင်လုံတဲ့သက်သေ ကုလတွေ့ရှိ

Photo: ဆီးရီးယားဓာတုလက်နက် တိုက်ခိုက်မှု ခိုင်လုံတဲ့သက်သေ ကုလတွေ့ရှိ 
Tuesday, September 17, 2013

ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက လူ ရာပေါင်းများစွာ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုမှာ ဓာတုလက်နက် အမြောက်အများကို အသုံးပြုခဲ့တယ်ဆိုတာ ရှင်းလင်းပြီး ယုံကြည်လောက်တဲ့ အထောက်အထား ရထားပြီလို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
 
သြဂုတ်လ ၂၁ ရက်နေ့ ဒမတ်စ်ကတ်မြို့တော်ရဲ့ Ghouta ဒေသနားမှာ Sarin အဆိပ်ဓာတ်ငွေ့ပါတဲ့ မြေပြင်ကနေ မြေပြင်ပစ် ဒုံးကျည်တွေကို အသုံးပြုခဲ့တယ်ဆိုတာ စုဆောင်းရယူထားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ၊ ဓာတုဆိုင်ရာ၊ ဆေးဖက်ဆိုင်ရာ နမူနာတွေက ပြနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောတယ်ဆိုပြီး သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
 
ဓာတုလက်နက်တွေကို အသုံးပြုခဲ့သလားဆိုတာ စုံစမ်းစစ်ဆေးရေးမှူးတွေက စစ်ဆေးဖို့ဖြစ်ပြီး ဘယ်သူအသုံးပြုသလဲဆိုတာကို စစ်ဆေးဖို့ မပါပါဘူး။ အဲ့ဒီတိုက်ခိုက်မှုကို ဆီးရီးယားအစိုးရဘက်က လုပ်ခဲ့တယ်လို့ အမေရိကန်ကပြောပြီး၊ လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့တယ်လို့လည်း ပြောထားပါတယ်။ 

VOA Burmese
ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက လူ ရာပေါင်းများစွာ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုမှာ ဓာတုလက်နက် အမြောက်အများကို အသုံးပြုခဲ့တယ်ဆိုတာ ရှင်းလင်းပြီး ယုံကြည်လောက်တဲ့ အထောက်အထား ရထား ပြီလို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

လာရောက်ထုတ်ယူခြင်း မရှိသည့် အောင်ဘာလေထီ ဆုငွေပေါင်း သန်း ၅၀၀ ကျော်ရှိနေပြီး သိန်း ၁၅၀၀ ပေါက်သည့် ကံထူးရှင်လည်း ပါဝင်


Photo: လာရောက်ထုတ်ယူခြင်း မရှိသည့် အောင်ဘာလေထီ ဆုငွေပေါင်း သန်း ၅၀၀ ကျော်ရှိနေပြီး သိန်း ၁၅၀၀ ပေါက်သည့် ကံထူးရှင်လည်း ပါဝင်
Tuesday, September 17, 2013

ပြည်တွင်း အောင်ဘာလေထီ ဖြစ်သည့် ကျပ်သိန်း ၁၅၀၀ အထူးဆုကြီး ပေါက်သည့် ကံထူးရှင်မှာ တစ်နှစ်ဝန်းကျင် ကြာသည်အထိ ဆုငွေကို လာရောက်ထုတ်ယူခြင်း မရှိသေးကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သီတာက စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

ယင်းသို့ထီပေါက်ပြီး လာရောက်ထုတ်ယူခြင်း မရှိသည့် ဆုငွေစုစုပေါင်းမှာ ကျပ်သန်းပေါင်း ၅၀၀ ကျော် ရှိနေကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

(၂၈၄) ကြိမ်မြောက်တွင် ထီပေါက်ပြီး လာရောက်ထုတ်ယူခြင်း မရှိသည့် ဆုငွေသိန်းပေါင်း ၂၁၀၇ သိန်းနှင့် (၂၈၅) ကြိမ်မြောက်တွင် ထီပေါက်ပြီး လာရောက်ထုတ်ယူခြင်း မရှိသည့် ဆုငွေသိန်းပေါင်း ၃၇၀၀ ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ ဆုငွေလာရောက် မထုတ်ယူမှုများနှင့် ပတ်သက်၍ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သီတာက ''(၂၈၄) ကြိမ်မြောက်မှာ သိန်း ၃၀၀ တစ်ဆု၊ သိန်း ၁၀၀ ဆုတစ်ဆု ပါဝင်တယ်။ (၂၈၅) ကြိမ်မြောက်မှာ သိန်း ၁၅၀၀ တန်တစ်ဆု၊ သိန်း ၃၀၀တစ်ဆု၊ သိန်း ၁၀၀ ဆုတစ်ဆုဖြစ်တဲ့ ဆုတွေပါဝင်တယ်။ (၂၈၄) ကြိမ်မြောက်မှာ ထီပေါက်ပြီးတော့ လာရောက်ထုတ်ယူခြင်း မရှိသေးတဲ့ ဆုငွေတွေ ကို စက်တင်ဘာ ၃၀ ရက်မှာ နောက်ဆုံးထားပြီး ထုတ်ယူရမယ်။ (၂၈၅)ကြိမ်မြောက် ပေါက်တဲ့ ဆုငွေတွေကို အောက်တိုဘာ ၃၁ ရက်မှာ နောက်ဆုံးထားပြီး ထုတ်ယူရမယ်'' ဟု စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

သတ်မှတ်ထားသည့် နေ့များတွင် နောက်ဆုံးထားပြီး လာရောက် ထုတ်ယူရန်အတွက် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အခွန်ရုံးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးရှိ အောင်ဘာလေ သိန်းဆုဌာန ရုံးခွဲများတွင် ပေါက်မဲ ထီနံပါတ်များကို ကြော်ငြာထားကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယ ညွှန်ကြားရေးမှူးက ''နောက်ဆုံး သတ်မှတ်ထားတဲ့နေ့ထိ လာရောက် ထုတ်ယူခြင်း မရှိဘူးဆိုရင် ဒီဆုငွေတွေကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားပါမယ်'' ဟု ထပ်မံ ပြောကြားခဲ့သည်။ (၂၈၅) ကြိမ်မြောက်တွင် ကျပ်သိန်း ၁၅၀၀ အထူးဆုကြီး ပေါက်ခဲ့သည့် နံပါတ် မှာ ဃ/၈၈၀၅၄၆ ဖြစ်ကြောင်း သိရသည်။

Eleven media group

ထီထိုးရန် အက္ခရာနံပါတ် ရွေးနေသူများကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ပြည်တွင်း အောင်ဘာလေထီ ဖြစ်သည့် ကျပ်သိန်း ၁၅၀၀ အထူးဆုကြီး ပေါက်သည့် ကံထူးရှင်မှာ တစ်နှစ် ၀န်းကျင် ကြာသည်အထိ ဆုငွေကို လာရောက်ထုတ်ယူခြင်း မရှိသေးကြောင်း အောင်ဘာလေ သိန်း ဆုဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သီတာက စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် တစ်နေ့လျှင် ပျမ်းမျှ လူ ၁၀ ဦးနှုန်း သေဆုံးနေ



Photo: နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် တစ်နေ့လျှင် ပျမ်းမျှ လူ ၁၀ ဦးနှုန်း သေဆုံးနေ
Tuesday, September 17, 2013

နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် တစ်နေ့လျှင် ပျမ်းမျှ လူ ၁၀ ဦးနှုန်း သေဆုံးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရှစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၉၀၅၈ မှု၊ သေဆုံးသူ ၂၄၁၇၊ ဒဏ်ရာရရှိသူ ၁၅၆၇၅ အထိ ရှိကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုများ လျော့ကျစေရန်အတွက် လမ်းအန္တရာယ် ကင်းစင်ရေး စီမံခန့်ခွဲမှု၊ လုံခြုံရေး ကောင်းမွန်သော လမ်းများနှင့် ခရီးသွားလာနိုင်မှု၊ လုံခြုံမှုရှိသည့် မော်တော်ယာဉ်များ အသုံးပြုနိုင်မှု၊ စည်းကမ်းလိုက်နာသော လမ်းအသုံးပြု သူများရှိရန် လိုအပ်မှုနှင့် ထိခိုက်မှု ဖြစ်ပွားပြီးနောက် ထုတ်ပြန်မှု ကောင်းမွန်ရန် လိုအပ်မှု စသည့်ငါးချက်ကို ချမှတ်ကာ လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ထံမှ သိရသည်။

''ယာဉ်တိုက်မှု ဖြစ်စဉ်တွေ လျော့ကျဖို့ အချက် ငါးချက်စလုံး ဟန်ချက်ညီညီ တိုးတက်ဖို့ လိုအပ်တယ်။ ဒီအချက်ငါးချက်က ယာဉ်ထိန်း ရဲတပ်ဖွဲ့ တစ်ဖွဲ့တည်း ဆောင်ရွက်လို့ မရဘူး။ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက အစိုးရအဖွဲ့တွေ၊ NGO တွေ၊ လမ်းအသုံးပြုသူတွေ အားလုံးမှာ တာဝန်ရှိတယ်။ အားလုံးပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် နောက်ဆုံးအချက်က ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူကို အမြန်ဆုံး သွားရောက်ပြီး ဆေးကုသမှု ပေးရပါမယ်။ အနီးစပ်ဆုံး ဆေးရုံကို ပို့ဆောင်ပေးရမယ်။ ဒီကဏ္ဍမှာဆိုရင် ဆေးကုသမှု အပိုင်းတွေ၊ အရေးပေါ်ယာဉ်တွေ အများကြီး လိုအပ်တယ်။ ရန်ကုန်မှာဆိုရင် အရေးပေါ် လူနာတင်ယာဉ် သုံးစီးပဲ ရှိပါသေးတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ပြည်တွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ် ၂၀၁၃ ခုနှစ် ဇန်န၀ါရီတွင် ၁၉၉၉ မှု၊ ဖေဖော်ဝါရီတွင် ၁၁၂၇ မှု၊ မတ်တွင် ၁၁၈၆ မှု၊ ဧပြီတွင် ၁၃၂၁ မှု၊ မေတွင် ၁၀၇ မှု၊ ဇွန်တွင် ၁၀၈၈ မှု၊ ဇူလိုင်တွင် ၁၀၈၀ မှု၊ သြဂုတ်တွင် ၁၀၅၀ မှုတို့ ဖြစ်ပွားခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Eleven media group

စက်တင်ဘာ ၉ ရက် ညပိုင်းက ယာဉ်တိုက်ခံခဲ့ရသူအား လူနာတင်ယာဉ်ပေါ်သို့ တင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် တစ်နေ့လျှင် ပျမ်းမျှ လူ ၁၀ ဦးနှုန်း သေ ဆုံးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

နိုင်ငံအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ရွာလုံးကျွတ် ပြောင်းရွှေ့မှုများနှင့် အဆိုးရွားဆုံးဖြစ်နေ



Photo: နိုင်ငံအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ရွာလုံးကျွတ် ပြောင်းရွှေ့မှုများနှင့် အဆိုးရွားဆုံးဖြစ်နေ
Tuesday, September 17, 2013

မြန်မာနိုင်ငံအနှံ့တွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေပြီး အလယ်ပိုင်း ဒေသများ ဖြစ်ကြသော မန္တလေး၊ မြင်းခြံ၊ အောင်လံ၊ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ မုံရွာ၊ ပခုက္ကူ စသည့် ဒေသများတွင် မြစ်ရေကြီးမှုကြောင့် နေရာအနှံ့ ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကာ ရွာများပြောင်းရွှေ့၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေရကြောင်း သိရသည်။

မန္တလေးမြို့၌ ဧရာဝတီ မြစ်ရေသည် စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး အနီးဝန်းကျင်ရှိ ကျေးရွာအများအပြားတွင် လူနေအိမ်ခြေများ ရေ၀င်နစ်မြုပ် နေလျက်ရှိသည်။ ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ် ဆုံရာနေရာတွင်ရှိသော တံတားဦး၊ အင်းဝဒေသ တစ်လျှောက်လုံးတွင် မြစ်နှစ်စင်းလုံး မြစ်ရေမြင့်တက် နေမှုကြောင့် စိုက်ပျိုးမြေများ အပါအ၀င် လူနေအိမ်ခြေ များ၌လည်း ရေ၀င်နစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှု များပြားနိုင်ကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် ဧရာဝတီမြစ်ရေ တိုးသည့်အတွက် တောင်သမန် အင်းတွင်လည်း ရေမျက်နှာပြင် မြင့်တက်ကာ တောင်သမန် ကန်ပတ်လမ်း ရေကျော်ခြင်းနှင့် စစ်ကိုင်း-မန္တလေး ကားလမ်း နေရာအချို့ ရေကျော်ခြင်းများ ဖြစ်ပေါ်လျက် ရှိနေသည်။

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၌ စက်တင်ဘာ ၁၃ ရက်က ယင်းမြို့၏ စိုးရိမ်ရေမှတ် စင်တီမီတာ ၂၃၀ အထက် ကျော်လွန်ကာ ၂၃၁ ဒသမ ၀၄ ပေသို့ ရောက်ရှိခဲ့ပြီး စက်တင် ဘာ ၁၄ ရက်တွင် ၂၃၁ ဒသမ ၂၇ ပေသို့ ဆက်လက် မြင့်တက်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၆ ရက် တွင်မှု စိုးရိမ်ရေမှတ် ၂၂၇ ပေတွင် ရပ်တန့်နေကြောင်း သိရသည်။

ထို့အတူ စစ်ကိုင်းမြို့တွင် စက်တင်ဘာ ၁၃ ရက်၌ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၁၁၉၂ စင်တီမီတာဖြင့် စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် မြင့်တက်နေကြောင်း သိရသည်။ ဒုဋ္ဌ၀တီ မြစ်ရေသည် မြစ်ငယ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် စင်တီမီတာ ၈၇၀ အထက်တွင် ရှိနေပြီး စက်တင်ဘာ ၁၆ ရက်တွင် စင်တီမီတာ ၉၃၀ ရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၃ ရက်မှစ၍ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် စိုးရိမ်ရေမှတ် ၁၇၀၀ စင်တီမီတာ ရှိသည့် မင်းဘူးမြို့တွင် စက်တင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီက ၁၆၄၆ စင်တီမီတာအထိ ရောက်ရှိလာပြီး မင်းဘူးမြို့ပေါ်နှင့် မင်းဘူးခရိုင်အတွင်း ကျေးရွာ ၁၀ ရွာကျော်သို့ မြစ်ရေများ ၀င်ရောက်ကာ နေအိမ်နှင့် ကျွဲနွားတိရစ္ဆာန်များ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာ ဌာနများထံမှ သိရသည်။

မင်းဘူးမြို့ အနိမ့်ပိုင်း ရပ်ကွက်များ ဖြစ်သည့် အမှတ် ၃ နှင့် အမှတ် ၄ ရပ်ကွက် များအတွင်း စက်တင်ဘာ ၁၃ ရက်မှစ၍ မြစ်ရေ ၀င်ရောက်လာကာ စက်တင်ဘာ ၁၆ ရက် နံနက်အထိ ဆက်တိုက်မြင့်တက် လာသောကြောင့် ယင်းနေ့ မွန်းတည့်ပိုင်းအထိ နေအိမ် ၁၇၀ ခန့် ရေ၀င်ရောက် ခံခဲ့ရကာ မိသားစု ၅၀ ခန့် ပြောင်းရွှေ့ခဲ့ရသည်။

ပြောင်းရွှေ့ခဲ့ရသည့် မိသားစုများမှာ မင်းဘူးမြို့ ဓာတ်တော်ကုန်း ဓမ္မာရုံနှင့် မှန်ကင်း ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

မြစ်ရေမြင့်တက်မှုကြောင့် မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် အတွင်းရှိ ခုံစု၊ ရှားတော၊ ဆည်မုန်း၊ ကျောင်းကုန်း၊ ညောင်ကုန်း ကျေးရွာများနှင့် မင်းဘူး (စကု) မြို့နယ် အတွင်းရှိ ထုံးမကြီး၊ ပေါက်လေးပင်၊ ရွာသစ်ကုန်း၊ ပေါင်းကူး၊ သနပ်ပင်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာများမှ နေအိမ်များနှင့် ကျွဲ၊ နွား၊ ၀က် စသည့် တိရစ္ဆာန်များအား ကုန်းမြင့်ပိုင်း နေရာများသို့ ပြောင်းရွှေ့ပေး နေရကြောင်း သိရသည်။

''ကျွန်တော်တို့ရွာက ကမ်းပြိုလို့ ရွှေ့ထားရတဲ့ အိမ်တွေဟာ ပြန်မဆောက်နိုင်ခင် ရေထပ်တက်လာလို့ အိမ်အမိုးနဲ့ ထရံတွေ မျောပါကုန်တာတွေ ရှိခဲ့တယ်။ သစ်လုံးတွေကိုတော့ ဖောင်ဖွဲ့ပြီး သစ်ပင်တွေမှာ ကြိုးနဲ့ဆိုင်းထားရတယ်။ တစ်ရွာလုံး ရေထဲမှာဆိုတော့ ချက်ရေးပြုတ်ရေးနဲ့ နွားစာအတွက် ဒုက္ခပိုကြီးပါတယ်။ ငွေကြေးမရှိသူတွေကတော့ မင်းဘူးမြို့ပေါ် ဆိုင်တွေက အကြွေးယူစား နေရတယ်'' ဟု နိဗ္ဗာန်ကျွန်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

ညောင်ဦးမြို့တွင် စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီအချိန် တိုင်းထွာချက်များအရ ၂၁၇၁ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ရာ မြို့ပေါ်ရပ်ကွက် အချို့ရှိ မြစ်ရေ၀င်ရောက် လျက်ရှိသည့် နေအိမ်များနှင့် ရေလယ်ကျွန်းရွာများ ရေလွတ်ရာသို့ ဆက်လက်ပြောင်းရွှေ့ နေကြရကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအနှံ့တွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေပြီး အလယ်ပိုင်း ဒေသများ ဖြစ်ကြသော မန္တလေး၊ မြင်းခြံ၊ အောင်လံ၊ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ မုံရွာ၊ ပခုက္ကူ စသည့် ဒေသများတွင် မြစ်ရေကြီးမှုကြောင့် နေရာအနှံ့ ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကာ ရွာများပြောင်းရွှေ့၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေရ...

''ရေကတက်တုန်း ရှိသေးတယ်။ နွားတွေတော့ အခြေအနေ ဆိုးနေတယ်။ ဒီအတိုင်း တက်နေရင် ရွှေ့မှဖြစ်မယ်။ ရေက ကျွန်တော်တို့ တစ်ရပ်လောက် မြုပ်နေပြီ။ ခြောက်ပေ ခုနစ်ပေလောက် ရှိမယ်။ ရွှေ့ပြန်ရင်လည်း စားဝတ်နေရေးက မိသားစု တကွဲတပြား ဖြစ်ရင် မလွယ်ဘူးဗျ။ ကူညီထောက်ပံ့မှုတွေ ရရင်တော့ ကောင်းတာပေါ့'' ဟု လက်ပန်ခြေပေါ်အုပ်စု၊ အုန်းနဲကျွန်းမှ ဦးရွှေမန်းက ပြောကြားသည်။

ညောင်ဦးမြို့နယ်၊ ဧရာဝတီမြစ် အတွင်းရှိ ကျွန်းရွာများသည် ကျွန်းရေမြုပ်သည့်တိုင် ပြောင်းရွှေ့လိုသည့်ဆန္ဒ နည်းပါးလေ့ ရှိကြောင်း၊ လက်ရှိ အခြေအနေတွင်မူ ရေ၀င်ရောက်မှုသည် ယခင်နှစ်များထက် မြန်ဆန်ကြောင်း ဆယ်လံကျွန်းမှ ရွာသားတစ်ဦးက ဆိုသည်။

မြင်းခြံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာ ၁၂ ရက် ညနေပိုင်းမှစ၍ ဧရာဝတီမြစ်ရေ ရုတ်တရက် တိုးလာခြင်းကြောင့် ဒေသခံများ ရေလွတ်ရာ ဒေသများသို့ ပြောင်းရွှေ့မှုများ ပြုလုပ်နေရသည်ဟု သိရသည်။

''ဧရာဝတီမြစ်ရေ အခုလို မတိုးတာ ခုနစ်နှစ်လောက် ရှိပါပြီ။ ဒီနှစ်တော့ ထင်မထားဘဲ ရုတ်တရက်ရေကြီးမှုနဲ့ ကြုံရတာ။ စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ ကျွဲ၊ နွားများကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပြီးတော့၊ အချို့လည်း ရွာမှာ ဆက်လက် နေထိုင်ကြပါတယ်။ မိုးလေ၀သ သတင်းမှာတော့ ဧရာဝတီမြစ် အထက်ပိုင်းတွေ ရေတိုးနေဆဲလို့ သိရတဲ့အတွက် ပြောင်းရွှေ့ဖို့ လုပ်နေပါတယ်'' ဟု ဖိုးတုတ်ဖြူကျေးရွာမှ ကိုသိန်းဇော်က ဆိုသည်။

မြင်းခြံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဧရာဝတီမြစ်ရေ ရုတ်တရက် တိုးလာခြင်းကြောင့် ကမ်းနီး၊ ကမ်းဝေး ကျေးရွာများဖြစ်ကြသော သဲဖြူဝ၊ ဇီးကုန်း၊ လက်ပံပင်၊ သရက်ကုန်း၊ လေးအိမ်တန်း၊ အနောက်ရွာ၊ ကျီးပင်ရွာ၊ အုတ်ကျင်း၊ ဖိုးတုတ်ဖြူ၊ တလုပ်မြို့၊ ကျားတိုင်း၊ ကုလရွာ၊ စားကြူး အစရှိသော ကျေးရွာများတွင် မြစ်ရေကြီးမှုကြောင့် ရေဘေးဒုက္ခများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၅ ရက် တိုင်းထွာချက်အရ အောင်လံမြို့ဘက်ရှိ ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်အောက် ခြောက်ပေခန့် မြင့်တက်နေပြီး ကမ်းနားအနိမ့်ပိုင်းရှိ ဈေးဆိုင်အများစု ရေနစ်မြုပ်နေကြောင်း သိရသည်။ မြစ်ရေ စိုးရိမ်ရေမှတ်မှာ ၂၅၅၀ စင်တီမီတာ ဖြစ်ပြီး ယခု ၂၄၀၀ စင်တီမီတာအထိ ရေတက်နေကြောင်း ရေလမ်းထိန်းသိမ်းရေးနှင့် ရေအရင်းအမြစ် ဌာနမှ သိရသည်။ သမားရိုးကျအရ ရေကျနိုင်ဖွယ် ရှိသော်လည်း မိုးရွာသွန်း မှုများပါက ဆက်လက်၍ မြစ်ရေ မြင့်တက်နိုင်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပခုက္ကူမြို့ ဧရာဝတီမြစ် ကမ်းဘေးရှိ ကျေးရွာပေါင်း ၃၀ ခန့်နှင့် မြို့ပေါ်ရပ်ကွက် အချို့တွင် မြစ်ရေဆက်လက် မြင့်တက်နေသည့် အတွက် ရေကြီးရေနစ်မြုပ်မှုများ ဖြစ်ပေါ်ကာ အိမ်ထောင်စု အများအပြား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။

မြို့ပေါ်ရှိ မြေအနိမ့်ပိုင်းဖြစ်သည့် အမှတ် (၁) ရပ်ကွက်တွင် မြစ်ရေ၀င်ရောက်မှုကြောင့် ယခုလ ၁၄ ရက်မှစ၍ အိမ်ထောင်စုပေါင်း ၃၀ ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရပြီး မြစ်ကမ်းဘေးရှိ အနောက်ဆယ်လံ၊ ရှားပင် ကျေးရွာများတွင်လည်း မြစ်ရေကြီးမှုကြောင့် နွားအကောင် ၃၀၀ ကျော်အား သက်ဆိုင်ရာ အကူအညီဖြင့် ရွှေ့ပြောင်းခဲ့ရသည်။

ပခုက္ကူမြို့ အနောက်ဘက်ရှိ ကြက်တန်းကုန်း၊ ကျွန်းဦး၊ ကျွန်းညိုကြီး၊ သိမ်ကုန်း၊ မြင်းကျွန်း၊ ရှားတော၊ ထနောင်းကုန်းများနှင့် မြို့အရှေ့ဘက်ရှိ အေးကျွန်း၊ ရွှေချောင်းကျွန်း၊ ကွမ်းကျေးရွာ များတွင်လည်း ကျေးရွာအတွင်း မြစ်ရေ၀င်ရောက် မှုကြောင့် သက်ကြီးရွယ်အိုများ၊ အသုံးအဆောင် ပစ္စည်းများ၊ ကျွဲ၊ နွားနှင့် အခြား အိမ်မွေး တိရစ္ဆာန်များအား ရေလွတ်ရာ ကုန်းမြင့်များဆီသို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံကျေးရွာ သားများထံမှ သိရသည်။

''ရွာထဲရေ၀င်တာ တအားများလာလို့ အသက်ကြီးတဲ့ သူတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို ရေလွတ်တဲ့ မြေအမြင့်ဆီ ရွှေ့ထားတယ်။ အတော်များများက နီးစပ်ရာ ဘုန်းကြီးကျောင်းတွေကို ပြောင်းနေကြတယ်။ တချို့ မိသားစုတွေကျလည်း နွားတွေကို ရွှေ့ပြောင်းရင်း တစ်ခါတည်း ပြောင်းသွားကြတယ်။ ရွာထဲမှာ လူငယ်တွေလောက်ပဲ ကျန်တယ်။ ရေထပ်များလာရင် ရွှေ့ပြောင်းတာတွေ ဒီထက်ပို များလာနိုင်တယ်'' ဟု ရေကြီးမှုနှင့် ကြုံတွေ့နေရသည့် ကျွန်းဦးကျေးရွာမှ ကိုဖိုးကျော်က ဆိုသည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ စိုးရိမ်ရေမှတ် ၂၁၅၀ စင် တီမီတာသို့ ရောက်ရှိရန် ၁၀ စင်တီမီတာခန့်သာ လိုတော့ကြောင်း သိရပြီး ၂၀၀၄ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်များတွင် စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိခဲ့သည့် အတွက် ရေကြီးရေနစ်မြုပ်မှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ဧရာဝတီမြစ်သည် ပြီးခဲ့သည့် မိုးဦးကာလနှင့် မိုးလယ်ကာလတို့တွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားခြင်း မရှိခဲ့ဘဲ ယခုမိုးနှောင်း ကာလမှသာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် စပါးစိုက်ပျိုးခြင်းများ ပြုလုပ်လျက်ပြီး ရေကြီးရေလျှံ မှုကြောင့် စပါးခင်း အများအပြား ပျက်စီးခဲ့ရသည်။

Eleven media group

မြင်းခြံမြို့ ကျေးရွာတစ်ခု၏ ရွာလမ်းတွင် ရေကြီးနစ်မြုပ် နေသည်ကို တွေ့ရစဉ်
မြန်မာနိုင်ငံအနှံ့တွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေပြီး အလယ်ပိုင်း ဒေသများ ဖြစ်ကြသော မန္တလေး ၊ မြင်းခြံ၊ အောင်လံ၊ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ မုံရွာ၊ ပခုက္ကူ စသည့် ဒေသ များတွင် မြစ်ရေကြီး မှုကြောင့် နေရာအနှံ့ ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကာ ရွာများပြောင်းရွှေ့၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေရကြောင်း သိရသည်။

တရုတ်အမျိုးသားများ၏ ဇနီးအဖြစ် မြန်မာအမျိုးသမီးများအား ၀ယ်ယူမှုနှုန်း မြင့်တက်နေခြင်းကို ပြန်လည်ဆန်းစစ်ရန် တရုတ်နှင့် မြန်မာ တာဝန်ရှိသူတို့ ညှိနှိုင်း

တရုတ်အမျိုးသားများ၏ ဇနီးအဖြစ် မြန်မာအမျိုးသမီးများကို သိန်းဆယ်ဂဏန်းဖြင့် ၀ယ်ယူမှုနှုန်း မြင့် တက်နေခြင်းကို ပြန်လည်ဆန်းစစ် ပြုပြင်ရန် တရုတ်နိုင်ငံ ရဲအရာရှိ ကြီးများနှင့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်တားဆီး နှိမ်နှင်းရေးတို့ ညှိနှိုင်းလျက် ရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပေါင်ခြံဖြူစေရန်

Photo: ပေါင်ခြံဖြူစေရန်
Tuesday, September 17, 2013

နေ့စဉ်ရေ(၁၂)ခွက်ရအောင် သောက် ပါ။

မုန်လာဥအဖြူဖျော်ရည်ကို သောက် ပါ။

သခွားသီးအခြမ်း (သို့မဟုတ်) သခွား ရည်ပွတ်လိမ်းပေးပါ။ (၁) ညထား၍ နံနက်ရောက်မှ ဆေးပစ်ပါ။

သစ်ကြံပိုးခေါက်အမှုန့် အနည်းငယ် နှင့်ပျားရည်လက်ဖက်ရည်ဇွန်း တစ် ဝက်နှင့် ရော၍လိမ်းပါ။

မင်သော်ရွက်ကို အနှစ်လုပ်၍ လိမ်း ပါ။ မိနစ် (၂၀-၃၀)ခန့်ထားပြီး ရေ ဆေးပါ။

သံပရာရည်၊ နနွင်း၊ ပျားရည်စသည့် သဘာဝချွတ်ဆေးကို ပေါင်ခြံရှိအ မည်းကွက်နှင့်အနီကွက်နေရာကို လိမ်းပေးပါ။

ဂျုံ၊နို့၊လက်ဖက်ရည် (၂)ဇွန်း၊ ရှောက် ရည်(၃-၄)စက်ကို ရော၍လိမ်းပြီး (၁၅)မိနစ်ခန့်ထားပါ။ ပြီးမှ ရေ ဆေးချပါ။ (၁၅)ရက် ရက်(၂၀)ခန့်ကြာလျှင် အမည်းကွက်၊ အနီကွက် များ သိသာစွာ လျော့ပါးလာသည်ကို တွေ့ရမည်။
လိမ္မော်ခွံကို ကြိတ်ပါ။ သံပရာရည် နှင့်ရော၍ အဖတ်ပြုလုပ်ပြီး လိမ်း ပါ။

ကြပ်သောအတွင်းခံများကို မ ဝတ်ပါ နှင့်။
နေ့စဉ် နို့နွေးနွေး(၁)ခွက်ကို နနွင်း လက်ဖက်ရည်(၁)ဇွန်း ထည့်၍ သောက်ပါ။

HT
Health Updates Journal
နေ့စဉ်ရေ(၁၂)ခွက်ရအောင် သောက် ပါ။

အရက်ကို ခွန်အားဖြည့်အချိုရည်နှင့် ရောစပ်ပြီး သောက်ခြင်းက ထင်ထား သည်ထက် ပို၍အန္တရာယ်ကြီး

အရက်ကို ခွန်အားဖြည့်အချိုရည်နှင့် ရောစပ်ပြီး သောက်ခြင်းက ထင်ထား သည်ထက် ပို၍အန္တရာယ်ကြီး

၁၆.၉.၂၀၁၃၊ တနင်္လာနေ့

ပို၍သောက်ကောင်းစေရန် အရက်ကို ခွန်အားဖြည့်အချိုရည် များနှင့် ရောစပ်သောက်ခြင်းက လောလောဆယ် သုတေသနက ပြောကြားထားသည်များထက် ပို ၍အန္တရာယ်ကြီးကြောင်း ကျော် ကြားသည့် စိတ်ပညာရှင်တစ်ဦး က အခိုင်အမာပြောကြားလိုက် သည်။
လွန်စွာလူကြိုက်များသည့် Red Bull ကဲ့သို့ အချိုရည်များ နှင့် ဗော့ဒ်ကာအရက်အား ရော၍ အားရပါးရ မော့သောက်နေသူ များကို အစစ်အမှန်ထင်ဟပ်ခြင်း မရှိသော ဓာတ်ခွဲခန်း လေ့လာမှု များက လွဲမှားစွာနှစ်သိမ့်ခြင်းဖြစ် နိုင်ကြောင်း ပါမောက္ခ ပီတာမီလာ က ပြောကြားခဲ့သည်။

http://goo.gl/m2Nlqp

@[334119789940281:274:Yangon Media Group]
ပို၍သောက်ကောင်းစေရန် အရက်ကို ခွန်အားဖြည့်အချိုရည်များနှင့် ရောစပ်သောက်ခြင်းက လောလော ဆယ် သုတေသနက ပြောကြားထားသည်များထက် ပို ၍အန္တရာယ်ကြီးကြောင်း ကျော်ကြားသည့် စိတ်ပညာရှင်တစ်ဦး က အခိုင်အမာပြောကြားလိုက် သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အချုပ်အခြာအာဏာ မထိခိုက် ရန် အရေးကြီးကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ပြောကြား

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အချုပ်အခြာအာဏာ မထိခိုက်ရန် အရေးကြီးကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦး ပြောကြား
Tuesday, September 17, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည် ဆိုပါက အချုပ်အခြာ အာဏာ မထိခိုက်ရန် အရေးကြီးကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက စက်တင်ဘာ ၁၅ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲ တွင် The Hot News Weekly Journal မှ သတင်းထောက် မေးမြန်း ခဲ့သည့် ဖွဲ့ စည်းပုံပြင်ဆင်နိုင်ပြီး ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမည် ဆိုပါက နိုင်ငံခြား လွှမ်း မိုးမှုများ ရှိလာပါက တား ဆီးနိုင် ရန် စီမံထားရှိပုံအား မေးမြန်းရာ ဦးဌေးဦးက ''ဖွဲ့စည်းပုံ လေ့လာ သုံး သပ်ရေး ကော်မတီ ဖွဲ့ထားတာပဲ ရှိပါသေးတယ်။ ပြင်ဆင်မယ်ဆိုပြီး ဖွဲ့ထားတာ မဟုတ်ပါဘူး။ ပြင်ဆင်ဖို့ လေ့လာရာမှာလည်း အချုပ်အခြာ အာဏာ မထိခိုက်ဖို့ အရေးကြီးပါတယ်။ ဖွဲ့စည်းပုံမှာ တားမြစ်ထားတာ ကလည်း သူ့တစ်ယောက် တည်းကို ရည်ရွယ်တာ မဟုတ်ပါဘူး။ ၁၉၄၇ နဲ့ ၁၉၇၄ ဖွဲ့စည်းပုံတွေမှာဆိုရင် လွှတ်တော်အမတ်တောင် ဖြစ်ခွင့်မရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ လွှတ်တော်အမတ်ဖြစ်ခွင့် ပေးထားပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာ ကိုယ့်အချုပ်အခြာ အာဏာကို တိုင်းတစ်ပါးက စိုးမိုးနိုင်တယ်လို့ ယူဆရင်တော့ မစဉ်းစားဘူး'' ဟု ပြောကြားသည်။

''ပြည်သူတွေ ပြင်ချင်တယ်ဆိုတာ ကျွန်တော်ကတော့ မယုံကြည်ဘူး။ ဘာလို့လဲ ဆိုတော့ ဖွဲ့စည်းပုံကို လေ့လာတဲ့ ပြည်သူတွေဆိုတာ ရှားပါ တယ်။ ကျွန်တော်တောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေ ရတာ။ ပြင်ချင်တဲ့ သူတွေ က ပြည်သူတွေဆီ သွားရှင်းပြပြီး ပြည်သူတွေ က ပြင်ချင် တာ ဖြစ်နေ တယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ လူတွေက ရူးပြီးဖြစ်နေကြတာပါ'' ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်နိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင်များ လေ့ လာနေပြီ ဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲ ကျင်းပပြီး စာတမ်းဖတ်ပွဲမှ ရရှိလာသည့် အချက်များပေါ် မူတည်ပြီး ဆက် လက် ဆောင်ရွက်မည့် အတိုင်းအတာကို ဆက်လက် စဉ်းစားမည် ဖြစ်ကြောင်း ဦးဌေးဦးက ဆက်လက် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို အဖွဲ့ဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင် စု လွှတ်တော်သို့ တင်သွင်းရမည် ဖြစ်သည့်အတွက် တိုင်းရင်းသား အဖွဲ့ များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှလည်း လေ့လာပြုစုလျက် ရှိကြောင်း သိရသည်။

အလားတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူများ နားလည်သိရှိ နိုင်ရေးအတွက် အဖွဲ့ချုပ်အနေနှင့် အသိပညာ ပေးမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း ပြော ကြား ထားသည်။

Eleven Media Group
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုပါက အချုပ်အခြာအာဏာ မထိခိုက်ရန် အရေးကြီးေ ကြာင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက စက်တင်ဘာ ၁၅ ရက်တွင် သတင်းထောက် များနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။