နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်တို့ တွေ့ဆုံကြတဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပ။ (ဧပြီလ ၁၀၊ ၂၀၁၅)
၆ ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ မြန်မာ့နိုင်ငံရေး သုံးသပ်သူတွေ၊ နိုင်ငံရေး သမားတွေက သဘော ထား အမြင် အမျိုးမျိုး ရှိနေကြပါတယ်။ ဒီလိုတွေ့ဆုံမှုက ကောင်းမွန်တဲ့ အစပျိုးမှုတခု ဖြစ်ပေမဲ့ - ကျေနပ်လောက်တဲ့ ရလာဒ် ထွက်ပေါ်လာပါ့မလား ဆိုတာကိုတော့ အများစုက သံသယရှိနေကြတာ ဖြစ်ပါ တယ်။