Monday, 26 May 2014

တရုတ်တောင်ပိုင်းတွင် ရေကြီး၊ ၁၉ ဦး သေဆုံး

Photo: တရုတ်တောင်ပိုင်းတွင် ရေကြီး၊ ၁၉ ဦး သေဆုံး
Monday, May 26, 2014

တရုတ်နိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က မိုးသည်းထန်ပြီးနောက် ရေကြီးမှုအတွင်း လူ ၁၉ ဦး သေဆုံးသွားတယ်လို့ နိုင်ငံပိုင်မီဒီယာက အစီရင်ခံပါတယ်။

chinese flood copyစီစီတီဗွီရုပ်သံမှာ ကယ်ဆယ်နေတဲ့ပုံတွေကို ပြသထားပြီး မိုးသည်းထန်လွန်းတာကြောင့် ဂွမ်ဇူးမြို့က နှစ် ၈၀ သက်တမ်းရှိတဲ့ တံတား ၁ စင်းလည်း ပြိုကျသွားတယ်လို့ ဆိုပါတယ်။

ဂွမ်ဇူးခရိုင်ထဲက တချို့ ဒေသတွေမှာ ရေ ၂ ပေအထိ မြင့်တက်နေပြီး  လူ ၇ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။

ဒီ ၁ ပတ်အတွင်းမှာ နောက်ထပ် မိုးသည်းထန်ဦးမယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထားတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

ဒီဗွီဘီ
တရုတ်နိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က မိုးသည်းထန်ပြီးနောက် ရေကြီးမှုအတွင်း လူ ၁၉ ဦး သေဆုံးသွားတယ်လို့ နိုင်ငံပိုင်မီဒီယာက အစီရင်ခံပါတယ်။

ဗိုလ်မှူးကြီးဗထူး အောက်မေ့ဖွယ်အခမ်းအနား ဇာတိရွာတွင် ကျင်းပမည်

Photo: ဗိုလ်မှူးကြီးဗထူး အောက်မေ့ဖွယ်အခမ်းအနား ဇာတိရွာတွင် ကျင်းပမည်
Monday, May 26, 2014

ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၆၉) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားပွဲကို ၎င်း၏ဇာတိ ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ် လေးသွန်းခံကျေးရွာ၌ ထားဝယ် တိုင်းရင်းသားများပါတီက ဦးဆောင်၍ လာမည့် ဇွန်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

ယင်းအခမ်းအနားအတွက် ဗိုလ်မှူးကြီးဗထူး၏ မွေးရပ်မြေဖြစ်သော လေးသွန်းခံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အနီးဝန်းကျင်ရှိ ကျေးရွာသားများကို ဖိတ်ကြားကာ အခမ်းအနား အစီအစဉ်ကို မကြာမီ ရက်ပိုင်းအတွင်း အသေးစိတ် ဆွေးနွေးမည် ဖြစ်ကြောင်း အထက်ပါ ပါတီထံမှ သိရသည်။

“အခု ထားဝယ်နယ်မှာ မသိတဲ့သူက များသွားပြီ။ ဒါကြောင့် သူ့ (ဗိုလ်ဗထူး) ကိုပြန်လည် အမှတ်ရစေချင်တယ်” ဟု ထားဝယ် တိုင်းရင်းသားများပါတီမှ အထွေထွေ အတွင်းရေးမှူး ဒေါ်နွယ်နီသိန်းက ပြောသည်။

ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်မှူးကြီးဗထူးအား ရည်စူး၍ သံဃာတော် ၁၀ ပါးကို ဆွမ်းဆက်ကပ် လှူဒါန်းပြုလုပ်ပြီး အောက်မေ့ဖွယ် အခမ်းအနားကိုပါ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း အောက်မေ့ဖွယ် အခမ်းအနားကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်ပြီး ဗိုလ်မှူးကြီးဗထူးကို ထားဝယ်ဒေသရှိ လူငယ်များက ပြန်လည် အမှတ်ရ၍ အားကျလာစေရန်နှင့် ဒေသအတွင်းရှိ တိုင်းရင်းသားနှင့် ဒီမိုကရေစီ အင်အားစု လူငယ်များ အချင်းချင်း ချစ်ကြည် ရင်းနှီးလာစေရန် ရည်ရွယ်၍ အခမ်းအနားကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ထားဝယ် တိုင်းရင်းသားများပါတီက ရှင်းပြသည်။

ဗိုလ်မှူးကြီးဗထူးကို ၁၉၁၆ ခုနစ် (မြန်မာသက္ကရာဇ် ၁၂၇၈ ခုနစ်) တွင် လေးသွန်းခံ ကျေးရွာ၌ အဘဦးဘကွန်း အမိဒေါ်စိန်မြတို့က မွေးဖွားခဲ့ပြီး ၁၉၄၅ ခုနစ် ဇွန်လ ၂ ရက်နေ့တွင် ဖက်ဆစ်ဂျပန်များကို တော်လှန်ရင်း ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့အနီး တယ်လူစခန်း (ယခုဗထူးတပ်မြို့နေရာ) တွင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ 

The Voice Weekly
ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၆၉) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားပွဲကို ၎င်း၏ဇာတိ ထားဝယ်ဒေ သ၊ လောင်းလုံးမြို့နယ် လေးသွန်းခံကျေးရွာ၌ ထားဝယ် တိုင်းရင်းသားများပါတီက ဦးဆောင်၍ လာမည့် ဇွန်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

ဒေသတွင်း နိုင်ငံများ၏ နိုင်ငံရေး အခြေအနေကြောင့် မြန်မာသို့ ရင်းနှီးမြှုပ်နှံမှု ရွေ့နိုင်ဟုဆို

ဒေသတွင်း နိုင်ငံများ၌ လတ်တလော ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကြောင့် ဒေသတွင်း ရင်း နှီးမြှုပ်နှံ မှု အချို့သည် မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလာနိုင်ဖွယ် ရှိကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် အချို့ က ပြောကြားသည်။

အမျိုးသမီးအင်္ဂါထဲ သေနတ်ဖွက်ယူလာတဲ့ ဆယ်ကျော်သက်မိန်းကလေး

Photo: အမျိုးသမီးအင်္ဂါထဲ သေနတ်ဖွက်ယူလာတဲ့ ဆယ်ကျော်သက်မိန်းကလေး
Monday, May 26, 2014

အသက် ၁၉ နှစ်အရွယ် Dallas Archer ဆိုသူ မိန်းကလေးတစ်ယောက်ကို ဆိုင်းငံ့ထားတဲ့ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်မှုနဲ့ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

Tennessee ပြည်နယ်၊ Kingsport မြို့ သူ Archer ကို ထောင်မိန့် ချပြီးနောက် အမျိုးသမီးထောင်အရာရှိ တစ်ယောက်က ရှာဖွေစစ်ဆေးခဲ့ရာ ပေါင်ခြံကြားက အမည်မသိအရာဝတ္ထုတစ်ခုကို တွေ့ ရှိခဲ့ပါတယ်။

ထောင်မှူးနဲ့ အမျိုးသမီးရဲဝန်ထမ်းတစ်ယောက်က သူမကို သန့် စင်ခန်းဆီခေါ်ဆောင်ပြီး စစ်ဆေးခဲ့ရာ Revolver သေနတ်တစ်လက်ကို သူမရဲ့ မိန်းမအင်္ဂါအတွင်းက တွေ့ ရှိခဲ့ကြောင်း သိရှိရပါတယ်။

လေးလက်မအရွယ်ရှိတဲ့ Revolver သေနတ်ကို ၂၀၀၃ ခုနှစ်က အသက်ကြီးအမျိုးသားတစ်ယောက်ရဲ့ ကားထဲကနေ ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်ပိုင်ရှင် အသက် ၇၀ အရွယ် John Souther က သေနတ်လေးကို ပြန်လည်တိုက်ချွတ်ပြီးမှ ပြန်ယူချင်တယ်လို့ ဆိုပါတယ်။

The Smoking Gun သတင်းဌာနရဲ့ အဆိုအရ Archer ကို သေနတ်လက်ဝယ်ထားရှိမှု ၊ အကျဉ်းထောင်ထဲ တားမြစ်ပစ္စည်း ခိုးသွင်းမှုနဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။

Archer ကို အာမခံဒေါ်လာ ၆၀၀၀ နဲ့ အချုပ်ထောင်ကနေ လက်ရှိလွှတ်ပေးထားကြောင်း ထောင်အာဏာပိုင် တစ်ယောက်က ပြောကြားခဲ့ပါတယ်။

တရားဝင်ရဲမှတ်တမ်းမှာ “ Ms.Archer ကို ရေချိုးခန်းတွင် ထောင်မှူးက စစ်ဆေးခဲ့ရာမှာ NAA 22 LR revolver အသေးစားတစ်လက်ကို Ms Dallas ရဲ့ မိန်းမအင်္ဂါအတွင်းကနေ ကျည်ဖြည့်ထားလျက်နဲ့ တွေ့ ရှိခဲ့ရတယ်” လို့  ဖော်ပြထားပါတယ်။

Ref: Mirror.co.uk
http://www.trend.com.mm/
အသက် ၁၉ နှစ်အရွယ် Dallas Archer ဆိုသူ မိန်းကလေးတစ်ယောက်ကို ဆိုင်းငံ့ထားတဲ့ ယာဉ်မောင်း လိုင်စင် ကိုင်ဆောင်မှုနဲ့ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ထီတစ်စောင်တန်ဖိုး တိုးမြှင့်ရန် စီစဉ် ဆုကြေးငွေတိုးမြှင့်ရန်နှင့် e-lottery စနစ် ကျင့်သုံးရန် ပြင်ဆင်

အောင်ဘာလေထီ ဈေးကွက်တည်ငြိမ်စေရေးနှင့် ဆုကြီးများထွက်ရှိရေးအတွက် ထီစနစ်ပြောင်းလဲရန် ကြိုးပမ်းနေပြီး ထီတစ်စောင်တန်ဖိုးကိုလည်း တိုးမြှင့်ရန် စီစဉ်နေသည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က မဇ္ဈိမကို ပြောသည်။ 

'''အကြော ပြတ်တာ ပျောက်အောင် ဘယ်လို လုပ်ရ ပါသလဲ '''

Photo: '''အကြော ပြတ်တာ ပျောက်အောင် ဘယ်လို လုပ်ရ ပါသလဲ '''
Monday, May 26, 2014

( ၁ ) Doctor ဝတဲ့သူ တွေမှာ အကြော ပြတ် ကြပါတယ် အကြော ပြတ်တာ
 ပျောက်အောင် ဘယ်လို လုပ်ရပါသလဲ

( ၂ ) ဆရာ ရှင့် အကြော ပြတ် တဲ့ အကြောင်း လေး လည်း ရှင်းပြ ပေးပါဦး ဆရာ။ ကျွန်မ ရဲ့ ဒူးခေါင်း နဲ့ ပေါင်ခြံ တွေမှာ သိသိ သာသာ ကြီး အကြောပြတ် လာပါ တယ်။ အကြောပြတ် တာ ကုလို့ ရပါသလား။ သူများ ပြောတာ သံလွင် ဆီ လိမ်း ရတယ် ဆိုတာ အကြော မပြတ်ခင် လိမ်းရတာ မဟုတ်လား။ ပြတ်ပြီး သား အရာ ကြောင်းကြီး ကော လိမ်းဆေး ရှိပါ သလား ဆရာ။

“ဗိုက်အကြော ပြတ်တယ်” လို့ ပြောလေ့ ရှိတဲ့ ဟာက ရောဂါ တော့ မဟုတ် တတ် ဘူး။ ကျန်းမာရေး ပြဿနာ တော့ ဖြစ် တယ်။ ဗိုက်မှာ တင် မဟုတ် ပါ။ ရင်သား၊ တင်ပါး၊ ပေါင် စတဲ့ နေရာ တွေ မှာပါ ဖြစ်တတ် တယ်။ ဖြစ်တဲ့ နေရာ မှာ ပြိုင်နေ တဲ့ မျဉ်းကြောင်း တွေလို၊ ပါးလျ၊ ပြောင် ချော၊ အရောင် ဖျော့၊ ဖြစ်စ မှာ အနီရောင်၊ ကြာရင် ငွေရောင်၊ အမာရွတ် လိုလို အပိုတွေ ဖြစ်လာ တယ်။ အနား ရှိတဲ့ ပုံမှန် အရေပြား ထက် နဲနဲ နိမ့်ပြီး၊ ထိ - ကိုင်ကြည့် ရင် ခံစားမှု မတူ ဘူး။

ကိုယ်ဝန် ဆောင် ရလို့ ဖြစ်ရ တာက အများဆုံး ပါ။ ကိုယ်ဝန် ရင့်လာ ချိန် ၇၅% ကနေ ၉ဝ% မိခင် လောင်း တွေ မှာ ဖြစ် ပါတယ်။ ကိုယ်ဝန် မဟုတ် ဘဲ ရုတ်တရက် ဝလာ - ပိန်သွား တာက နေ လည်း ဖြစ်တတ် တယ်။ တခြား အကြောင်း ခံ ရောဂါ တွေ လည်း ရှိသေး တယ်။ ( ကော်တီဇုန်း ) လိမ်းဆေး ကြာကြာ သုံးလို့၊ ဆီးချို ရောဂါ၊ Cushing syndrome, Ehlers - Danlos syndrome, Lichen planus ရောဂါ တခုခု ရှိလို့ ဖြစ်တတ် တယ်။ လူပျို ဝင်၊ အပျို ဖြစ်ဆို တဲ့ အရွယ် ရောက်ချိန် မှာ ကိုယ်ခန္ဓာ အချိုး အစား ပြောင်းလာ လို့ လည်း ဖြစ်ရ ပါတယ်။ လူပျို ဖြစ်ပြီး နောက် ( မာစတာ ဘေးရှင်း ) လုပ်တတ် တဲ့ အရွယ် မို့ ဒူး နေရာ အကြောတွေ ပြတ်တာ ရင် ဒီ အလေ့ ကြောင့်လို့ ပြောင် ချင်ကြ တယ်။

Collagen ( ကိုလာဂျင် ) တွေ ပုံမှန် မဟုတ် ဖြစ်လာ လို့၊ အရေပြား ရဲ့ အလည် ထပ် Dermis မှာ သွား ဖြစ် ပါတယ်။ Glucocorticoid ဟော်မုန်း နဲ့ ဆိုင်သေး တယ်။ လူမဲ တွေ မှာ အဖြစ် နည်း တယ်။ မျိုးရိုး လိုက်တာ လည်း ရှိတယ်။ အမေ ဖြစ်ရင် သမီး တွေမှာ အဖြစ် များ လို့ မိန်းမ မယူ ခင် သူ့အမေ ကိုပါ လေ့လာ သင့် တယ်။ ဈေး အကြီးဆုံး မော်ဒယ် ၁ဝ ယောက် စာရင်း ဝင် သြစတြေးလျ က Miranda Kerr ကလေး ယူတော့ မယ် ဆိုတော့ သူ့ အဖွါးက ပြောတယ် "ခါးရ် မိသားစု မှာ ဗိုက်ကြော ပြတ် တဲ့ ရာဇဝင် မရှိဘူး" တဲ့။

ဘယ်လို ကုရမလဲ ဆိုတာ “ပြော ရမှာ တော့ ဝမ်းနည်း ပါတယ်။” ( ဒီ စကား အသုံး အနှုံး က I am sorry to tell you ကို တိုက်ရိုက် ဘာသာ ပြန် ပြော တာပါ။ နောက်ပေါ် အသုံး အနှုံး တခုပါ။ ဒီလို ပါဘဲ နုတ်ဆက် ရင် “မင်္ဂလာပါ” လို့ ပြောလာ နေ ကြတယ်။ မူလ ပဋိ သန္ဓာရ စကားက “နေကောင်း လား” “ထမင်း စားပြီး ပြီလား” မျိုး သာ ဖြစ်ပါ တယ်။ Good morning ကို ဘာသာ ပြန်ရာ ကနေ အခုတော့ ယဉ်ကျေး တဲ့ နုတ်ခွန်း ဆက် တခု လိုလို ဖြစ်လာ တယ်။ ကိုယ့် စကား ကိုယ် အား မရ တာလား။ ဗိုလ် ဆန်ချင် တာလား တော့ မသိ ဘူး။ )

ကြော်ညာ ပြီး ရောင်းတဲ့ ( ခရင်မ် ) တွေက လက်တွေ့ မှာ တကယ် ကောင်းတယ် လို့ အာမ မခံ နိုင်ပါ။ အကြော ပြတ်တာ ဖြစ် စေတဲ့ အခံ ရောဂါ ရှိရင် ကုသ ဘို့ လိုတယ်။ မဖြစ် အောင် ကာကွယ် ဘို့ လိုမယ်။ ဒါ့ကြောင့် ကိုယ် ခန္ဓာ အလေးချိန် ကို အပြောင်း အလဲ မမြန်အောင် သတိ ထား ရမယ်။ ကော်တီဇုံး ဆေးတွေ သိပ် လိုအပ် မှ သာ သုံးပါ။ ကိုယ်ဝန် ဆောင် နေတုံး မှာ လေ့ကျင့်ခန်း လုပ်ပါ။ ဆီးချို ရှိ - မရှိ စစ်ပါ၊ ကုပါ။ ဟော်မုန်း ပါ ဆေးတွေ ကို သတိ ထားပါ။

အကြော ပြတ်တာ က အမာရွတ် သဘော နဲ့ တူတယ်။ အမာရွတ် ဆိုတာ မျိုး က ပျောက် သွားအောင် လုပ် လို့ မရ သလောက် ပါ။ အနာ - ဒဏ်ရာ ဖြစ်တုံး က အရေပြား ကို ဘယ်လောက် ထိ နက် သွားခဲ့ သလဲ အပေါ် မှာ မူတည် ပြီး အကြီး - အသေး၊ အပျောက် နှေး - မြန် ကွာ တယ်။ ဖြစ်တဲ့ နေရာ အရ လည်း မတူ ကြ သလို၊ လူ အပေါ်မှာ ပါ တည်သေး တယ်။ အသား အရေ ကောင်းသူ၊ အရွယ် ငယ်ငယ် မှာ အပေါ်ယံ ဖြစ်တဲ့ အမာရွတ် ဆိုရင် ကြာ လေလေ ပျောက် လေလေ။

စိတ်ဓါတ် မကျ ပါနဲ့အုံး။ သုတေသန တခု က Gotu kola, Vitamin E, Collagen hydrolysates တွေ က အကြောပြတ် တာ အတွက် အကျိုး ရှိတယ် လို့ ဆိုပါတယ်။ Gotu kola ဆိုတာ တခြား မဟုတ်ဘူး မြင်းခွါရွက် ပါ။ Collagen hydrolysates ဆိုတာ က လည်း Shampoos, Conditioners, Soaps, Face cares, Make - up လူသုံး ပစ္စည်း တွေ မှာ ပါတဲ့ ဓါတ်ပါဘဲ။ ဗီတာမင် E ကို စာ တပုဒ် ရေးထား ပါတယ်။

နောက် သုတေသန တခု က Vitamin E, Panthenol, Hyaluronic acid, Elastin နဲ့ Menthol တွေပါတဲ့ ( Verum ) Cream က ကောင်းတယ် လို့ ဆိုတယ်။ Cocoa butter ဆိုတာ ကလည်း ရေငွေ့ ပေးတာ မို့ ကောင်းတယ် ပြော တယ်။ သုတေ သန တော့ မရှိသေး ဘူး။

Dermatologic Surgery ဂျာနယ် က Radiofrequency combined with 585 - nm pulsed dye laser နဲ့ ၃၇ ယောက် ကို ကုတာ၊ ၃၃ ယောက် မှာ အလွန် ကောင်း တဲ့ ရလဒ် ရတယ် လို့ ဆိုပါ တယ်။ Tummy tuck ခေါ် တဲ့ ခွဲစိတ် ဖယ်ရှား မှု လည်း လုပ်ကြ တယ်။ Fractional laser resurfacing ( လေဆာ ) နည်းသစ် က လည်း ပိုကောင်း သတဲ့။

Dermatological Treatment ဂျာနယ် “Treatment of striae distensae with a TriPollar radiofrequency device: A pilot study" စာတမ်း မှာ အမျိုး သမီး ၁၇ ယောက် ကို ၆ ပါတ် ကုသ ပေး တာ ဆေးပါတ် ပြည့် ပြီး နောက် ၁ ပါတ် မှာ ၃၈့၂ % က ၂၅့၅ % နဲ့ ၁၁့၈ % က ၅၁့၇၅ % တိုးတက်မှု တွေ့ရ တယ်။ ၂၃ % က ကျေနပ် ကြပြီး၊ ၁၂ % ကတော့ ကျေနပ်မှု မရှိဘူး ဆို ပါတယ်။

“အကြော ပြတ်တာ ကျန်းမာရေး ပြဿနာ” လို့ ရေးခဲ့ ပါတယ်။ လူ ဆိုတာ မွေးတုံး ကထက် ဖြစ်နိုင် ရင် ပိုလှ ချင်၊ ပိုကောင်း ချင်၊ ပို ကျန်းမာ သန်စွမ်း ချင် ကြတယ်။ လျော့ သွား၊ ကျ သွား၊ ပြောင်း သွားရင် လည်း နဂို အနေ ပြန် ဖြစ်ချင် ကြတယ်။ ဒီ အထိ တော့ ( နော်မယ် ) ပါ။ မဖြစ် နိုင်ဘူး ဆိုတာ ကို ပါ ဖြစ်ချင် နေရင် တော့ ဝေဒနာ တိုးတာ ပါ။ ဒါ့ကြောင့် ကံနဲ့ စိတ် ဟာ အကြောင်း တရား တွေထဲ မှာ ပါနေ တာပေါ့။ အဲဒါ ကြောင့် လည်း စိတ် ကို ထားတတ် အောင် ပြုပြင် နည်းတွေ၊ ကံ တရား ကောင်း အောင် ကျင့်ကြံ စရာ တွေ ပေါ်ပေါက် လာခဲ့တယ်။

ကောင်းခြင်း ငါးဖြာ ထဲမှာ ဆံပင်၊ အသား၊ အရိုး၊ အရွယ် နဲ့ အတူ အရေ ၏ ကောင်းခြင်း လည်း ပါတယ်။ အမျိုး သမီး တွေ သာမက အမျိုးသား တွေ အတွက် လည်း ဗိုက်စူ၊ ဗိုက်ပူ တွေ မဖြစ်ချင် ကြတာမို့ “ဗိုက်ခေါက် ကျန်းမာရေး” က အတော် အရေး ပါလှ တယ်။ ဗိုက်ကြော ပြတ်တာ က အရေပြား မှာ ဖြစ်တာ ပါ။ အရေပြား အောက်မှာ အဆီ ပြင်၊ ကြွက်သား၊ နောက်ခံ အရွတ် ပြား၊ အတွင်းဆုံး ကြမှ ဗိုက်ကို ဖုံးနေ တဲ့ အလွှာ ဆိုပြီး ၅ ထပ် ရှိတယ်။ ဗိုက် မစူ ချင်ရင် ဗိုက် လှ ချင်ရင် အရေပြား လှ ရမယ်။ အဆီ မထူ ရဘူး။ ( ဗယ်လီ ) ခေါ်တဲ့ ဗိုက် ကြွက်သား သန် နေရမယ်။ တချို့ သိပ် မသိကြ တာက အရွတ်ပြား ရဲ့ အရေးပါ မှု ဘဲ။ ဗိုက် ကို ခွဲစိတ် ရရင် ဒီ အထပ် ကို ကျကျ နန ပြန်ချုပ် ပေးရတာ လက်ဝင် တဲ့ အလုပ် တခုပေါ့။

လူ တယောက် ကို ကြည့်တာ နဲ့ ဗီတာမင် ဘီ ၂ နည်း နေတာ ကို သိနိုင် တယ်။ ပါးစပ် ဘေး စွန်း တွေ မှာ အရောင် ဖျော့နေ၊ နီနေ။ အနာ ဖြစ်ချင် နေတာ မြင်ရ မယ်။ ဆက်သိ ဘို့က သူ့မှာ ဘီ ၂ နည်း နေရင် ဘီ ၁ လည်း နည်း နေနိုင် သလို၊ တခြား တခြား အာဟာရ တွေ ပါ နည်း နိုင်တယ် လို့ မှန်းတတ် ရတယ်။ ဒီ ဆင်ခြင်မှု သဘော အတိုင်း ဘဲ ဗိုက် ကြောပြတ်သူ တယောက် မှာ အရေ ပြား အောက်လွှာ တွေ လည်း တခုခု လို နေနိုင် တယ် လို့ သံသယ ဝင်ဘို့ ထိုက် တယ်။

ရေနဲ့ အာဟာရ ဓါတ် ပြည့်ဝ နေတဲ့ အရေပြား ဆိုရင် အကြော ပြတ်တာ ဟာ အဖြစ် နည်းတယ်။ ရေသောက် မနည်း စေနဲ့။ မျှတ တဲ့ အစား အစာ စားပါ။ အသား - ငါး၊ အသီး အရွက် - အသီး အနှံ၊ ပဲတွေ စုံအောင် စားရတာ မျိုး ပြောတာပါ။ လှုပ်ရှား ရုံးကန် နိုင်ဘို့ Energy အား ဖြစ်စေတဲ့ အစာ၊ ကြီးထွား ဘို့၊ ပျက်တာ တွေ ပြုပြင် ဘို့ Protein ( ပရိုတင်း )၊ နည်းနည်း စီ နဲ့ နေ့တိုင်း မပါ မဖြစ်တာ တွေ က ဆီ၊ ဗီတာမင် တွေ နဲ့ ဓါတ်ဆား တွေ ဖြစ်တယ်။ ဗီတာမင် A နဲ့ E ကို သောက်သင့် တယ်။ သူ နည်းနေ ရင် ပြော့ ဖတ်ဖတ် ဖြစ် နေတာမို့ ( ပိုတက် ဆီယံ ) ပါ ဖြည့်ပေး ဘို့ လိုတယ်။ အကြော ပြတ်ပြီး သူတွေ အတွက်ပါ ကောင်း ပါတယ်။

ဗိုက်ကြော ပြတ်တာ အတွက် ရေဓါတ်၊ အာဟာရ ဓါတ် နဲ့ စိတ်ဓါတ်၊ အလေး ထားပြီး သကာလ၊ မအိုသေး သမျှ အပျိုလေး လို လှနေ ကြပါစေ။

Dr. တင့်ဆွေ
( ၁ ) Doctor ဝတဲ့သူ တွေမှာ အကြော ပြတ် ကြပါတယ် အကြော ပြတ်တာ 
 ပျောက်အောင် ဘယ်လို လုပ်ရပါသလဲ

ဇွန်သင်ဇာနှင့် ဇာဇာထက်တို့ ဖျော်ဖြေသည့် Pool Party ပြည်မြို့တွင် ပြုလုပ်

Photo: ဇွန်သင်ဇာနှင့် ဇာဇာထက်တို့ ဖျော်ဖြေသည့် Pool Party ပြည်မြို့တွင် ပြုလုပ် 
Monday, May 26, 2014

မော်ဒယ်လ် ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ဖျော်ဖြေသည့် Pool Party ကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပထမဆုံး အကြိမ်အဖြစ် မေ ၂၄ ရက်နေ့က ညနေပိုင်းမှ ညသန်းခေါင်ယံ အချိန်အထိ ပြုလုပ်ခဲ့ရာ အထူးဝင်ကြေး လက်မှတ်မှာ လူလေးဦးစာအတွက် ကျပ်ငွေနှစ်သိန်း၊ သာမန် လက်မှတ်အတွက် တစ်ဦးလျှင် ကျပ် ၇၀၀၀ ဖြင့် ဝယ်ယူခဲ့ရကြောင်း ယင်းပါတီ တက်ရောက်ခဲ့သူများထံမှ သိရသည်။

အဆိုပါ ပါတီကို နွေမိုးဆောင်း ရေကူးကန်တွင် ပြုလုပ်ခဲ့ပြီး ညနေ ၅ နာရီ မှ ၁၂ နာရီထိ ကျင်းပခဲ့ရာ အထူးဝင်ကြေး လက်မှတ်မှာ လူလေးဦး တစ်ဝိုင်းစာအတွက် ကျပ်ငွေနှစ်သိန်း၊ သာမန်လက်မှတ်အတွက် တစ်ဦးလျှင် ကျပ် ၇၀၀၀ သတ်မှတ်ထားကာ မော်ဒယ်လ် ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ဖျော်ဖြေသွားခဲ့သည်။ 

ပွဲစီစဉ်သူ တစ်ဦးဖြစ်သူ ကိုမိုက်ကိုက “VIP က ၂၀၊ ကျန်တာ လူ ၁၅၀ လောက် တက်တယ်။ မော်ဒယ်လ်တွေက Sexy အသားပေး ဖျော်ဖြေမှု အားနည်းတဲ့အတွက် တက်တဲ့သူတွေ အားရမှု နည်းတယ်။ လူကြီးပိုင်းတွေလည်း လာကြတယ်” ဟု The Voice သို့ ပြောဆိုသည်။

ပြည်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ပွဲဖြစ်သည့်အတွက် စားသောက်စရာများ ပေးသည့် အပိုင်းတွင် လိုအပ်ချက် ရှိပြီး လူငယ်သဘာဝ ပျော်ချင်သည့်အတွက် တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မော်ဒယ်လ်များမှာ အတွင်းခံသာသာ ဝတ်စားထားကြောင်း ပါတီပွဲကို တက်ရောက်သည့် ကိုကျော်ဝင်းခိုင်က ဆိုသည်။

“ဌာနဆိုင်ရာ လူကြီးတွေလည်း လာတယ်။ လက်မှတ်တွေ သူတို့ကိုပါ ပေးထားရတယ်လို့ ပြောတယ်။ နောက်ပွဲတွေ လုပ်ဖြစ်ရင်လည်း သွားကြည့်မယ်” ဟု ၎င်းက ထပ်မံဆိုသည်။

ယခုကဲ့သို့ ပထမဆုံးအကြိမ် စီးပွားဖြစ် Pool Party ပြုလုပ်ရခြင်းကို လူလတ်ပိုင်း မြို့ခံတစ်ဦးက ခေတ်ရေစီးကြောင်းအရ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ကို တားဆီးမရနိုင်သော်လည်း ကျောင်းသား လူရွယ်များ ပါဝင်မှု မရှိစေရန် မိဘ၊ ဆရာများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း ထိန်းသိမ်းရန် လိုအပ်ကြောင်း မှတ်ချက်ပြု ပြောဆိုသွားသည်။

The Voice Weekly
မော်ဒယ်လ် ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ဖျော်ဖြေသည့် Pool Party ကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပထမဆုံး အကြိမ်အဖြစ် မေ ၂၄ ရက်နေ့က ညနေပိုင်းမှ ညသန်းခေါင်ယံ အချိန်အထိ ပြုလုပ်ခဲ့ရာ အထူးဝင်ကြေး လက်မှတ်မှာ လူလေးဦးစာအတွက် ကျပ်ငွေနှစ်သိန်း၊ သာမန် လက်မှတ်အတွက် တစ်ဦးလျှင် ကျပ် ၇၀၀၀ ဖြင့် ဝယ်ယူခဲ့ရကြောင်း ယင်းပါတီ တက်ရောက်ခဲ့သူများထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းစဉ် ထိုင်းအိမ်ရှေ့မင်းသား အင်္ဂလန်ရှိကြယ်ငါးပွင့် ဟိုတယ်၌သွားရောက်အနားယူနေ

Photo: စစ်တပ်အာဏာသိမ်းစဉ် ထိုင်းအိမ်ရှေ့မင်းသား အင်္ဂလန်ရှိကြယ်ငါးပွင့် ဟိုတယ်၌သွားရောက်အနားယူနေ
Monday, May 26, 2014

ထိုင်းနိုင်ငံတွင် နိုင်ငံရေးမငြိမ်သက်မှုများ ဖြစ်နေစဉ် ထိုင်းအိမ်ရှေ့မင်းသား မဟာဗာ ဂျီရာလောင်ကွန်သည် အင်္ဂလန်နိုင်ငံ ဟမ်ရှိုင်းယားဒေသရှိ ဟို တယ်တစ်ခု၌ လာရောက်နား ခိုနေကြောင်း ဗြိတိန်သတင်းမီဒီယာများက ရေးသားဖော်ပြ လိုက်ပါသည်။

ပြီးခဲ့သည့်သီတင်းပတ်က ခြောက်လကြာဆန္ဒပြမငြိမ်သက် မှုအပြီးတွင် ထိုင်းတရားရုံးက ၀န် ကြီးချုပ် ယင်လပ်ကို အာဏာအ လွဲသုံးစားမှုဖြင့် ရာထူးမှ ဖယ်ရှား ခဲ့သည်။ ထို့နောက်စစ်အုပ်ချုပ် ရေးကြေညာခဲ့ပြီး နှစ်ရက်အကြာကြာသာပတေးနေ့ကမူ စစ်အာ ဏာသိမ်းကြောင်း ကြေညာကာညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပါ သည်။ ထို့ကြောင့် နိုင်ငံတကာက ထိုင်းနိုင်ငံ၏ အခြေအနေကို စိုး ရိမ်တကြီး စောင့်ကြည့်နေကြ သည်။

ယင်းအချိန်တွင် လက်ရှိဘူမိ ဘောဘုရင်၏ အရိုက်အရာဆက် ခံရမည့် အိမ်ရှေ့မင်းသားက အင်္ဂ လန်ကျေးလက်ဒေသကြယ်ငါး ပွင့်ဟိုတယ်ကြီး၌ ၎င်း၏ လုံခြုံ ရေးအဖွဲ့အပြည့်အစုံဖြင့် လာ ရောက်နေထိုင်ခြင်းဖြစ်သည်။ မင်းသားသည် တစ်ညလျှင် အခန်းခ စတာလင်ပေါင် ၅၃၀ (အမေရိကန်ဒေါ်လာ ၈၉၂) ပေးရသော ဟိုတယ်တွင် တည်းခို နေခြင်းဖြစ်သည်။

မင်းသားနှင့် အဖွဲ့သည် ပြီးခဲ့သော ရက်သတ္တပတ်ခန့်က ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့နှင့်ဝန်စည်စလယ်အများအပြားပါ လာသည်ဟုဆိုသည်။ မြင်တွေ့ရသူတစ်ဦးက ‘‘သေတ္တာတွေရာနဲ့ ချီပြီးပါလာတယ်။ ကြည့်ရတာ ကြာကြာနေဦးမယ် ထင်တယ်။Thai 1 လို့ နံပါတ်ပြားတပ်ထား တဲ့ အကောင်းစားမာစီးဒီးကားနှစ် စီးရပ်ထားတဲ့ ယာယီကားရုံလည်း တွေ့တယ်’’

အရောင်စုံယူနီဖောင်းဝတ် အစောင့်များက ဟိုတယ်အတွင်း အပြင် စောင့်နေကြပြီး အခြား ဧည့်သည်များ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြ၏။ ည ကိုးနာရီတွင် ၎င်းဟိုတယ်သို့ ပြန်ရောက် သည့်အခါ ဟိုတယ်ဝင်ပေါက် ကြီးကို ကားများဖြင့် ပိတ်ကာ ထားပေးပြီး ဟိုတယ်အခန်းထဲ သို့ ၀င်ရောက်မည့် အခြားဝင် ပေါက်များကိုလည်း ၀န်ထမ်း များက ခဏပိတ်ထားခဲ့ကြသည်။ သုံးမိနစ်ခန့်ကြာမှ တံခါးများ ပြန် ပွင့်လာပြီး ပုံမှန်ဖြစ်သွားသည်။

ဟိုတယ်ဝန်ထမ်းတစ်ဦးက လည်း မင်းသားရောက်ရှိနေ ကြောင်းကို အတည်ပြုခဲ့သည်။

‘‘ဟုတ်တယ်၊ ထိုင်းအိမ်ရှေ့ မင်းသားက ဒီမှာတည်းနေတာ၊ လူ ၃၀ လောက်လည်း သူနဲ့ပါလာ တယ်။ သူတို့က အရမ်းသီးသန့် နေကြတော့တွေ့ရခဲတယ်။ သူတို့ ရောက်နေတာ ၁၀ ရက်လောက် ရှိပြီ။ အရင်တုန်းကတော့ ရောက် ဖူးဟန်မတူဘူး’’

ထိုင်းတော်ဝင်မိသားစုများ သည် စနေ၊ တနင်္ဂနွေတွင် ညစာ ထွက်စားသော်လည်း ဒေသခံများ အခြားဧည့်သည်များနှင့် ခပ်တန်း တန်းနေကြပါသည်။ ဧည့်သည် တစ်ဦးက အောက်ပါအတိုင်း ပြောပါသည်။

‘‘သူတို့က ဟိုတယ်တစ်ခြမ်း လုံးကို ယူထားတယ်။ အဲဒီနေရာ မှာလည်း လုံခြုံရေးတွေ အပြည့်ပဲ ကျွန်တော်က ညစာစားတဲ့အခါ မင်းသားရဲ့ ဘေးက စားပွဲမှာထိုင် စားခဲ့တာ။ မင်းသားက အမျိုးသမီးတစ်ဦးနဲ့ အတူစားနေတယ်။ သူ တို့ကို လူတွေကကြည့်နေတယ်’’

အခန်းပေါင်း ၁၁၂ ခန်းရှိ မင်းသားတည်းခိုနေသည့် ဟိုတယ်ကြီးမှာ ၁၇၇၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၆၆ ဧကရှိ ဥယျာဉ်ကြီးပေါ်တွင် တည် ဆောက်ထားသည်။ အထဲအပြင် ရေကူးကန်များပါရှိပြီး စား သောက်ဆိုင်များ၊ ဘားခန်းများ လည်း ပါဝင်သည့် ဟိုတယ်ကြီး ဖြစ်သည်။

မဟာဗာဂျီရာလောင်ကွန် က အသက် (၆၁) နှစ်ရှိပြီဖြစ်ပြီး သြစတြေးလျတော်ဝင် စစ်ကော လိပ်တွင် တက်ရောက်ခဲ့သူ ဖြစ် သည်။ ၁၉၇၅ ခုနှစ်ကတည်းက ထိုင်းတော်ဝင်တပ်မတော်၌ အမှုထမ်းခဲ့သည်။ ထိုင်းမြောက်ပိုင်း တွင် ဖြစ်ပေါ်ခဲ့သည့် ကွန်မြူနစ်သူပုန်နှိမ်နင်းရေးနှင့် ကမ္ဘောဒီး ယားနိုင်ငံက ပိုပေါ့ခမာနီများသိမ်း ထားစဉ်က ကမ္ဘောဒီယားနယ် စပ်တစ်လျှောက် စစ်ရေးဆောင် ရွက်မှုများတွင် ပါဝင်ခဲ့သည်။

ထိုင်းမင်းသားမှာ မြာပွေ သည့် နာမည်သတင်းကျော်စော ပြီး ၂၀၀၉ ခုနှစ်တွင် သြစတြေးလျ ရုပ်သံလိုင်းတစ်ခုက ခန္ဓာကိုယ် အပေါ်ပိုင်းအ၀တ်အစား ၀တ်မထားသည့် လက်ရှိကြင်ယာ တော်မင်းသမီး ဆရီဆမီနှင့် အတူ၎င်း၏ခွေးလေးမွေးနေ့ပွဲ ကျင်းပနေသည့် ဗီဒီယိုခွေကို ထုတ် လွှင့်ပြသခဲ့ဖူးသည်။

ထိုင်းနိုင်ငံတွင် လက်ရှိစစ် အာဏာသိမ်းထားမှုက သက် တော် (၈၆) နှစ်ရှိပြီဖြစ်သော ထိုင်းဘုရင်ကွယ်လွန်သွားပါက မည်သို့ဆက်ဖြစ်လာမည်လဲဆိုသည့် အပေါ်မှာ စိုးရိမ်ပူပန်မှု တစ်ခုမြင်တွေ့နေရပါသည်။ ထိုင်းအိမ်ရှေ့ မင်းသားကို အများက ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာနှင့် နီးစပ်သူဟု ယူဆကြပါ သည်။

ဝီကီလိခ်အင်တာနက်စာ မျက်နှာတွင် ပေါက်ကြားခဲ့သော အမေရိကန်သံတမန်ကြေးနန်း များအရ ထိုင်းအရာရှိများသည် မင်းသားဗာဂျီယာလောင်ကွန် ထီးနန်းဆက်ခံမည်ကို စိတ်ပူနေကြ သည်ဟု သိရသည်။ အချို့တော်ဝင်မိသားစုများက မင်းသားအစား ၎င်း၏ နှမတော် မင်းသမီးသီရိဒုံကို ထီးနန်းဆက်ခံစေချင်ကြသည်ဟု ဆိုကြသည်။

(London Evening Standard သတင်းစာပါ Taking refuge in 5-star Hampshire Hotel: Thailand's Crown Prince and his Retinue of 30 ကို ထားထားမြင့် ဘာသာပြန်ဆိုသည်)

ထိုင်းအိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန် (Britta Pedersen/EPA)

http://www.7daydaily.com/
ထိုင်းနိုင်ငံတွင် နိုင်ငံရေးမငြိမ်သက်မှုများ ဖြစ်နေစဉ် ထိုင်းအိမ်ရှေ့မင်းသား မဟာဗာ ဂျီရာလောင်ကွန်သည် အင်္ဂလန်နိုင်ငံ ဟမ်ရှိုင်းယားဒေသရှိ ဟို တယ်တစ်ခု၌ လာရောက်နား ခိုနေကြောင်း ဗြိတိန်သတင်းမီဒီယာများက ရေးသားဖော်ပြ လိုက်ပါသည်။

အင်အားကြီးသူတို့၏ ဖွဲ့စည်းပုံပြင်ရေး ဆုံးဖြတ်ချက်ကို ကော်မတီ မလွန်ဆန်နိုင်

ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ ဆွေးနွေးဆုံး ဖြတ်ချက်များမှာ အင်အားကြီးပါတီများ၏ သဘောထားကြီးစိုးနေသည်ဟု ယင်းကော်မတီဝင် များက ဝေဖန်ပြောဆိုလိုက်သည်။

'သင့်မျက်နှာပေါ်ရှိ မှဲ့ များမှ ပြောပြသော သင့်အကြောင်း

Photo: '''သင့်မျက်နှာပေါ်ရှိ မှဲ့ များမှ ပြောပြသော သင့်အကြောင်း'
Monday, May 26, 2014

မျက်နှာပေါ်ရှိ မှဲ့ အနက်အဓိပ္ပာယ်ပထမ ဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင်ဆန်း စစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေ ရာကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ ထင်ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက် အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေး ကလေးများကိုထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ
ဆန်းစစ်ကြည့်ရအောင်။

နံပါတ် ၁မှ၃ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲလွယ်တယ်။ မွေးရာပါတီထွင်ကြံဆဥာဏ်ရှိပြီး လွတ်လပ် ခွင့်ပြုထားပါက အကောင်းဆုံးဖြစ်အောင် လုပ်နိုင်စွမ်းရှိသောကြောင့် သင့်ရဲ့ အထက်အရာရှိကသင့်ရဲ့တွေးခေါ်ဆန်းသစ် လုပ်ဆောင်ရည်ကို နှစ်သက်သဘောကျမှာဖြစ်ပါတယ်။ အဲဒီနေရာမှာရှိတဲ့ မှဲ့ပိုင်ရှင် ဟာသူများအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကံပါပြီး စီးပွားရေးမှာလည်း အောင်မြင်ထွန်းပေါက်မှာ ဖြစ်ပါတယ်။

နံပါတ် ၄သင်ဟာ စိတ်ကူးရသလို လုပ်တတ်တဲ့သူဖြစ်ပါတယ်။မကြာခဏဆိုသလို သူတပါးအပေါ်ကို လွှမ်းမိုးသွားအောင်ဆွဲဆောင်နိုင်ပြီး ထူးခြားဆန်းပြားတဲ့ ပင်ကိုယ်အရည်အသွေးမျိုးပိုင်ဆိုင်သူဖြစ်ပါတယ်။ ထင်မြင်ယူဆဝေဖန်မှုများအပေါ်အငြင်းအခုံသန်သူဖြစ်ပြီး မကျေနပ်ချက်နဲ့ အလိုမကျမှုများကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူဖြစ်လို့ အများနှင့် ဆက်ဆံရာမှာ အခက်အခဲတွေ့တတ်ပါတယ်။ အဆိုပါမှဲ့ပိုင်ရှင်မှာ အငြိုးဒေါသ ပေါက်ကွဲလွယ်သူဖြစ်လို့အဲဒီအကျင့်လေးသာ
ဖျောက်အောင် လုပ်နိုင်မယ်ဆိုရင် လူ့လောကမှာ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၅မျက်ခုံးအပေါ်ထက်ရှိ မှဲ့ပိုင်ရှင်ဟာ ဘဝမှာချမ်းချမ်းသာသာနဲ့ နေရမယ့်ကံပါတယ်။ဒါပေမယ့်သူများထက်တော့ပိုရှာပြီး ပိုကြိုးစားလုပ်ကိုင်ရပါတယ်။ သင်ရှာသမျှငွေတွေကို သေချာထိန်းသိမ်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ကိုမနာလိုသူတွေက စကားချိုချိုနဲ့ သင့်ရဲ့ဥစ္စာဓနကို ခွဲဝေယူဖို့ကြံစည်ကြပါလိမ့်မယ်။သင့်ရဲ့အလျင်အမြန်ကြီးပွားချမ်းသာတဲ့စီမံကိန်းကြီးထဲကို ရင်းနှီးမြှုပ်နှံဖို့ကြိုးစားလာသူများကို အထူးသတိရှိပါ၊ သူတပါးအား အယုံမလွယ်မိဖို့သတိပေးပါရစေ။
သင့်ရဲ့ပင်ကိုဥာဏ်ကိုသုံးပြီးသတိဝိရိယနဲ့နေပါ။ဘယ်သောအခါမှ သင့်ရဲ့ငွေကြေးကိစ္စရပ်များကို တပါးသူအားမချုပ်ကိုင်ပါစေနဲ့။

နံပါတ် ၆ဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ ဥာဏ်ကောင်းတယ်၊ တီထွင်ဖန်တီးဥာဏ်ရှိတယ်၊ အနုပညာစွမ်းရည်ရှိတယ်။ အဆိုပါစွမ်းရည်က သင့်ကိုချမ်းသာကျော်ကြားပြီး အောင်မြင်စေတယ်။ ချမ်းသာမဲ့ကံပါလာပြီးသား။ ဒါပေမဲ့သမားရိုးကျစီးပွားရှာဖို့လမ်းစဉ်ထက် ကိုယ်စိတ်နှလုံးသွင်းပြီးရဲရင့်သတ္တိရှိမှ အောင်မြင်မှုကို အကောင်အထည်ဖော်ဆောင်နိုင်မှာဖြစ်တယ်။

နံပါတ် ၇မျက်ခုံးအောက်မှာရှိတဲ့ မှဲ့ပိုင်ရှင်ဟာ ပူဆွေးသောက စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ ဆွေမျိုး၊ မိသားစုအသိုင်းအဝိုင်းကြားမှာ ကတောက်ကဆ စကားများ တတ်တယ်။ အဲဒါက သင့်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ကို ထိခိုက်စေပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ အဆင်ပြေအောင် ညှိယူပါ။

နံပါတ် ၈ဒီနေရာမှာမှဲ့ရှိရင်တော့ မကောင်းပါဘူး။ အသုံးအဖြုန်းများတတ်တဲ့ အတွက်ကြောင့် အမြဲအလိုလို ငွေ ကြပ်နေတတ်တယ်။ လောင်းကစားကို ခုံမင်သူလည်း ဖြစ်တယ်။ ဘယ်အချိန်မှာ ရပ်တန်းက ရပ်ရမလဲဆိုတာ မိမိကိုယ်ကိုသိပါ။အလားတူ အဲဒီမှာ မှဲ့ ရှိတဲ့သူ ဟာ ဆန့်ကျင်ဘက်လိင်ကို သာမက လိင်တူကိုပါ ဆွဲဆောင်ကလူတတ်ပါတယ်။ သင့်ရဲ့ဆွဲဆောင်မှုကို အသုံးချရာမှာ အနည်းငယ် မြော်မြင်ဆင်ခြင်နိုင်မှ တော်ခါကြပါမယ်။ မဟုတ်ရင် ဒုက္ခရောက်သွားနိုင်တယ်။

နံပါတ် ၉ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ အခြားပြဿနာများ ရှိနိုင်ပါတယ်။ ကံမကောင်းတဲ့မှဲ့ဖြစ်လို့ ဖြတ်ပစ်ဖို့အကြံပြုပါရစေ။ ပူဆွေးသောကများစွာနဲ့ ပြဿနာပေါင်းများစွာကို ယူဆောင်လာမဲ့ မှဲ့မျိုးပါ။

နံပါတ် ၁၀နှခေါင်းအောက်တည့်တည့်မှာမှဲ့ပါရင် သားမြေးစဉ်ဆက်ထိ ကံကောင်းတယ်။ အချိန်ပြည့် မိသားစုဝင်များနဲ့သားသမီးများ၊ မြေးများနဲ့ သိုက်သိုက်ဝန်းဝန်းနေရမယ်။ သင်နဲ့အနီးဆုံးလူရဲ့ အထောက်အပံ့ကို ရရှိနိုင်မှာဖြစ်ပြီး သင့်အား ဥစ္စာပစ္စည်းရော၊ စိတ်ခံစားမှုရော အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

နံပါတ် ၁၁ဒီနေရာမှဲ့ရှိတဲ့သူဟာ နာဖျားခြင်းကို မလွန်ဆန်နိုင်ပါ။ အထူးသဖြင့် အဲဒီမှဲ့ကြီးပြီး မည်းလာရင် ဖျက်ပစ်လိုက်တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ် အောက်ခံမိတ်ကပ်ဖောင်ဒေးရှင်းများများသုံးပြီး ဖုံးထားပါ။

နံပါတ် ၁၂ဒီနေရာမှဲ့ရှိတဲ့သူဟာ အောင်မြင်ရုံသာမက တည်ငြိမ်မျှတတဲ့ဘဝကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ သိပ် မချမ်းသာရင်တောင်မှ ကျော်ကြားမယ်။ သင့်ကို မြင့်မားတဲ့ဘဝမှာ နေထိုင်ပိုင်ဆိုင်ဖို့ အခွင့်အရေးပေးသော်လည်းပဲ သင်ဟာသင့်အိမ်နဲ့မိသားစုဘဝမှာပဲ ကျေနပ်တင်းတိမ်နေမယ်။ အဲဒီနေရာမှာမှဲ့ရှိတဲ့ အမျိုးသမီးများဟာ အထူးသဖြင့် ကံကောင်း
မယ်၊ လှပမက်မောစွဲမက်ဖွယ်ကောင်းပါလိမ့်မယ်။

နံပါတ် ၁၃သင့်ကလေးတွေက သင့်ဘဝမှာ ကြီးမားတဲ့ပူပန်သောက စိုးရိမ်မှု တခုပါပဲ။ သူတို့လေးတွေနဲ့ ဆက်ဆံရတာအဆင်မပြေနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သည်းခံနိုင်အောင် ကျင့်ကြံဖို့ ကြိုးစားရုံမှတပါး ဘာမှမတတ်နိုင်ပါ။

နံပါတ် ၁၄ဒီနေရာမှာမှဲ့ရှိတဲ့သူဟာ အစားအသောက်နဲ့ ပတ်သက်ပြီး သင့်ဘဝမှာ ကြီးမားတဲ့ပြဿနာတခုပါပဲ။ဘာလို့လဲဆိုတော့ သင်ဟာတချို့အစားအစာနဲ့ဓါတ်မတည့်မှု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် အစားကြီးလွန်းရင်တောင်ဖြစ်တတ်
ပါတယ်။

နံပါတ် ၁၅သင်ဟာ သွက်လက်တက်ကြွတယ်၊ သင့်အိမ်ကို အမြဲလိုလို ပြုပြင် မွမ်းမံပြီး အလှဆင်ရတာကို နှစ်သက်သူဖြစ်တယ်။ ပစ္စည်းသစ် ကို သုံးရတာ၊ နေရာ အသစ်အဆန်းကို သွားရတာ သဘောကျတယ်။ တနေရာ ထဲမှာ ကြာ ကြာနေရတာကို မနှစ်မြို့ပေ။ ခရီးသွားခြင်း၊ စွန့်စားခြင်းကို နှစ်သက်ပြီး ဂရုတစိုက်စူးစမ်းသိမြင်သော အမြင်ရှိပါတယ်။

နံပါတ် ၁၆သင်အစားစားတော့မယ်၊ လိင်ဆက်ဆံတော့မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ၂ခုဟာ သင့်ရဲ့ကြီးမားတဲ့ပြဿနာဖြစ်ပေတယ်။ သင့်ကိုစိတ်ဓါတ်ကျစေမဲ့ ပူပန်သောကတွေ ရှိလာတတ်ပါတယ်။ သင်ဟာချစ်ရေး ချစ်ရာ မှာ စိတ်ပါဝင်စားပြီး ချစ်သူ ကို တယောက်မက ထား တတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းသူဖြစ်တဲ့
အတွက်ကြောင့် ဒါကို အပြစ်ကျူးလွန်မိတယ် လို့ ယူဆကာ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်
ပါတယ်။

နံပါတ် ၁၇ သင်ဟာ လူမှုရေးရာမှာ ထင်ပေါ်ကျော်ကြားမယ်။ သင်ဟ ပေါင်းသင်းဆက်ဆံရေးကောင်းသလို စကားပြောကောင်းသူတယောက်လဲ ဖြစ်တယ်။ သင့်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ ဂုဏ်သတင်းကျော်စောမှုကို ဆုံးရှုံးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့မိမိကိုယ်ကို ယုံကြည်မှုနဲ့ ကိုယ့် ကိုယ်ကို တန်ဖိုး
ထားလေးစားမှုဟာ သင့်ကို အလွန်အမင်းထိခိုက်စေလိမ့်မယ်။

နံပါတ် ၁၈ သင်ဟာ အမြဲတမ်း ခရီးထွက်နေရမဲ့ သူ ဖြစ်တယ်။ သင့်ဘဝ မှာ နိုင်ငံရပ်ခြားခရီးဝေး အများကြီးသွားရမယ်။ဒါပေမဲ့ ရေလမ်းခရီးသွားရမဲ့အခါတိုင်း အထူးသတိရှိပါ။ ဘာလို့လဲဆိုတော့ အဆိုပါ မှဲ့မျိုးဟာ အိမ်မှာနေရတာက သင့်အတွက် ပိုပြီးကောင်းပါလိမ့်မယ်။

နံပါတ် ၁၉သင့်မှာ ငွေရမဲ့ကံရှိပြီး မိတ်ဆွေကောင်းလည်း ပေါများပါတယ်။ ဒါကြောင့် ဒီမှဲ့မျိုးရှိတာ ကောင်းပါတယ်။ အားနည်းချက်ကဆန့်ကျင်ဘက်လိင်ရဲ့ဆွဲဆောင်မှုနောက်သို့အ
လွယ်တကူပါသွားတတ်ကြတယ်။ သင့်ဘဝမှာအဲဒါက သင့်ကို ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။

နံပါတ် ၂၀ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ ကံအရမ်းကောင်းချင်ကောင်းမယ်။ ကံအရမ်းဆိုးရင်ဆိုးမယ်။ ကံတရားက သင့်ကို အလွန်အမင်းကျော်ကြားမယ် ဒါမှမဟုတ်ရင် မကောင်းသတင်းဖြင့် ကျော်ကြားမယ်လို့ကြိုတင်စီရင်ထားပြီး ဖြစ်တယ်။ သင့်မှာ တီထွင်ဖန်တီးတတ်တဲ့ ပါရမီရှိသလို ဥာဏ်ရည်ထက်မြက်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ပင်ကိုအရည်အသွေး
ကိုကောင်းတဲ့နေရာရော ဆိုးတဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သင်ဟာ လူတွေကို မထီမဲ့မြင်၊ မလေးမစား ဆက်ဆံတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သင်ဟာ သဘောလွယ်သူမဟုတ်တဲ့အတွက် အလွယ်တကူ ခွင့်မလွှတ်တတ်သလို မေ့လဲမမေ့တတ်ပါ။ ဒီမှဲ့ဟာ ထူးချွန်ပြောင်မြောက်သူ (သို့မဟုတ်) နိုင်လိုမင်းထက်ပြုမူသူ အဖြစ် မှတ်ယူရမဲ့ အမှတ်အသား
တစ်ခုပါပဲ။

နံပါတ်၂၁ ဒီမှဲ့မျိုးက ကောင်းပါတယ်။ ဘဝတလျှောက် များများစားရ ၊သောက်ရမှာ ဖြစ်ပါတယ်။နောက်ပြီး ကျော်ကြားမှုနဲ့အသိအမှတ်ပြုခံရမှုများကို ယူဆောင်လာမဲ့ မှဲ့မျိုးဖြစ်ပါတယ်။

နံပါတ် ၂၂သင့်ဘဝဟာအမြဲ ပျော်ရွှင်နေပြီး အစစအရာရာအဆင်ပြေချောမွေ့ပါတယ်။ သင်ဟာအားကစားကိုဝါသနာထုံသူဖြစ်ပါက စူပါစတား အားကစားသမားကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။မျက်ခုံးမွေး အဆုံးမှာရှိတဲ့ မှဲ့ ပိုင်ရှင်များ
ဟာသြဇာတိက္ကမ ရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။

ဒါကြောင့် သင်သာ ကုမ္ပဏီရဲ့ အလုပ်အမှုဆောင် အရာရှိတယောက် ဆိုပါကကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၂၃သင့်မှာ ဥာဏ်ရည် (IQ) အရမ်းပဲမြင့်မားပါတယ်။ ဥာဏ်ရည်ပါးနပ်သလို မြို့ရည်လည်ပြီး လူအမျိုးမျိုးနဲ့ပေါင်းသင်းဆက်ဆံတတ်ပါတယ်။ လူ့ဘဝမှာ ဘယ်လို ရှင်သန် ရပ်တည်ရမလဲ ဆိုတဲ့ ရင့်ကျက် တဲ့ ပင်ကိုဥာဏ်ရှိတဲ့အတွက်ကြောင့် အဓိပ္ပာယ် ရှိရှိ၊ သက်တမ်းရှည် တဲ့ ဘဝ ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက် အိုမင်း လာသည့် တိုင်အောင်တက်ကြွဖျတ်လတ်နေတုန်းပါပဲ။ ဘဝဆုံးတဲ့အထိ မိတ်ဆွေများ၊ မိသားစုများနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားရမှာပါ။

နံပါတ် ၂၄သင်ဟာ ငယ်ရွယ်စဉ်မှာ ကျော်ကြားမှုနဲ့အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။ ဒါကြောင့်အိုမင်းတဲ့အခါအထောက်အပံ့ပြုဖို့ ငယ်စဉ်ခါ ရလာမဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့အဆိုပါမှဲ့ပိုင်ရှင်များဟာ
အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းတတ်ပါတယ်။

နံပါတ်၂၅သင်ရဲ့ ကြိုးစားအားထုတ်မှုက ကြီးပွားချမ်းသာခြင်းနဲ့ အသိအမှတ်ပြုခြင်းကို ရရှိပြီး အခွင့်အလမ်းများစွာ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ကဲမှုကို အထူးသတိပြုပါ။ သမရိုးကျအတိုင်း ပြုမူနေထိုင်ပါ။ အသက်ရှည်ပြီး အကျိုး စီးပွားဖြစ်ထွန်းမဲ့ဘဝမျိုးကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။
မျက်နှာပေါ်ရှိ မှဲ့ အနက်အဓိပ္ပာယ်ပထမ ဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင်ဆန်းစစ်ပါ။ ပြီးရင် သင့် မျက်နှာပေါ်ရှိ မှဲ့နေရာကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ ထင် ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက် အပြောက် များ၊ ဝက်ခြံ (သို့) မှဲ့သေးသေး ကလေးများကိုထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်ရာ အနေ အထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်ထဲမှသာဆောင်ရွက်ရန် ဦးသိန်းညွှန့်တိုက်တွန်း

အခြေခံဥပဒေပြင်ဆင် ရေးအတွက် ဆောင်ရွက်သူများအနေဖြင့် နိုင်ငံရေးသတ္တိရှိစွာဖြင့် လွှတ်တော်ထဲမှ ပြင် ဆင်ရန်လိုအပ်ကြောင်း၊ အခြားသောနည်း ဖြင့် ပြင်ဆင်ပါက တိုင်းပြည်လဲဆုံးရှုံး လူထု လဲနစ်နာမည်ကို သတိချပ်ရန်လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်း ညွန့်က သတိပေးပြောကြား လိုက် သည်။ 

တိုင်းရင်းသား ခေါင်းဆောင်များ ဇွန်လ နောက်ဆုံးပတ် တွေ့မည်

ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ UPWC နှင့် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT တို့အကြား ဆွေးနွေးသည့် အပစ်ခတ်ရပ်စဲရေး စာချုပ်ဆိုင်ရာ မဆုံးဖြတ်နိုင်သေးသည့်ကိစ္စများကို ဆုံးဖြတ်ရန် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ ဇွန်လနောက်ဆုံးပတ်တွင်တွေ့ဆုံရန်ရှိသည်ဟု NCCT ဒုတိယ ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက မေ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။ 

အူရီးဒူးမြန်မာ ဆင်းမ်ကတ်များ သြဂုတ်တတိယပတ်တွင် စရောင်းမည်

Photo: အူရီးဒူးမြန်မာ ဆင်းမ်ကတ်များ သြဂုတ်တတိယပတ်တွင် စရောင်းမည်
Monday, May 26, 2014

အူရီးဒူးမြန်မာ ကုမ္ပဏီမှ ရောင်းချပေးမည့် ဆင်းမ်ကတ်များကို မူလ သတ်မှတ် ထားသည် ထက် အနည်းငယ် နောက်ကျ၍ ၂၀၁၄ ခုနှစ်
 သြဂုတ်လ တတိယပတ်တွင်မှသာရောင်း ချပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အူရီးဒူးမြန်မာ  အနေဖြင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် တွင် ဆက်သွယ်ရေးလိုင်စင်ရရှိခဲ့ သည်။ ၎င်းတို့အနေဖြင့် လိုင်စင်ရပြီး ခြောက်လအတွင်း ဇူလိုင်လလယ်ခန့်တွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကြက်ရာ တွင် ၎င်းတို့မျှော်မှန်းထားသည် ထက် အခက်အခဲအချို့နှင့် ကြုံ တွေ့ရခြင်းကြောင့် ယခုကဲ့သို့အ နည်းငယ် နောက်ကျသွားခြင်းဖြစ် ကြောင်း အူရီးဒူးမြန်မာ၏ အမှု ဆောင်အရာရှိချုပ် Mr.Ross Cor-mack က ရှင်းပြသည်။

‘‘ကျွန်တော်တို့အနေနဲ့ လုပ် ငန်းတွေကို အကောင်အထည် ဖော်တဲ့အခါမှာ မျှော်မှန်းထားတာ ထက် အခက်အခဲတွေကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် အနည်းငယ် နောက်ကျသွားတာပါ။ သြဂုတ်လ တတိယလေးလပတ်အတွင်းကနေစပြီးတော့ ဆင်းမ်ကတ်တစ်ခုကို ၁၅၀၀ နှုန်းနဲ့ လိုသလောက် ရောင်းချပေးသွားမှာပါ’’ ဟု အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ်က ပြောသည်။

အူရီးဒူးအနေဖြင့် 3G ကွန်ရက်စနစ်ဖြင့် အင်တာနက်ပါ တစ်ခါတည်း အသုံးပြုနိုင်မည့် ဆင်းမ်ကတ်များကို ရောင်းချပေးသွားမည်ဖြစ်ပြီး ၀ယ်ယူလိုသူများ နေဖြင့် မှတ်ပုံတင်မိတ္တူတစ်စောင် နှင့် ငွေ ၁၅၀၀ ကျပ်သာ လိုပြီး ကျန်သော ကန့်သတ်ချက်များမရှိ ဘဲ လိုအပ်သလောက် ၀ယ်ယူနိုင် ရန် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့အနေနဲ့ ဖုန်း ခေါ်ဆိုနှုန်းထားတွေကို အားလုံး တတ်နိုင်တဲ့ အတိုင်းအတာအ တွင်းကနေ ဖြစ်အောင် ဆောင် ရွက်သွားမှာပါ။ အခုအချိန်မှာ တော့ ပြောခွင့်မရှိသေးတဲ့အတွက် နောက်ကျရင်တော့ ပြည်သူတွေ ကို တရားဝင် အသိပေးသွားမှာ ပါ’’ ဟု ၎င်းကဆိုသည်။ 

အူရီးဒူး မြန်မာအနေဖြင့် မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို ပေးရာတွင် ၎င်းတို့ကိုယ်တိုင် တည်ဆောက်ထားသော 3G ကွန်ရက်စနစ်များကိုသာ အသုံး ပြုသွားမည်ဖြစ်ပြီး သုံးစွဲသူများ၏ အချက်အလက်များကိုလည်း လုံခြုံမှုရှိစေရန် ကာကွယ်ပေးသွားမည်ဟု ဆိုသည်။

7 Day News Daily
အူရီးဒူးမြန်မာ ကုမ္ပဏီမှ ရောင်းချပေးမည့် ဆင်းမ်ကတ်များကို မူလ သတ်မှတ် ထားသည် ထက် အနည်းငယ် နောက်ကျ၍ ၂၀၁၄ ခုနှစ်  သြဂုတ်လ တတိယပတ်တွင်မှသာရောင်း ချပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တစ်နှစ်တာအတွင်း တောဆင်ရိုင်း ၃၄ ကောင် သတ်ဖြတ်ခံခဲ့ရ

 ပြီးခဲ့သော တစ်နှစ်တာ ကာလအတွင်း  တော ဆင်ရိုင်း ၃၄ ကောင်ဖမ်း ဆီးသတ်ဖြတ် ခံခဲ့ ရကြောင်း သစ်တောဦးစီးဌာနမှ  သတင်းရရှိသည်။

ထိုင်းတောင်ပိုင်းတွင် ရခိုင်အမျိုးသား တစ်ဦး သေနတ်ပစ်သတ်ခံရ

Photo: ထိုင်းတောင်ပိုင်းတွင် ရခိုင်အမျိုးသား တစ်ဦး သေနတ်ပစ်သတ်ခံရ
Monday, May 26, 2014

မေလ ၂၁ ရက် ည ၇ နာရီခွဲ တွင် အလုပ်မှပြန်လာသော ရခိုင်တိုင်းရင်းသား  အသက် (၂၉) နှစ် အရွယ်ကိုကြည်ထွန်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

‘‘အလုပ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတာ။ လမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာပဲ။ ဘယ်သူက ပစ် တာလဲဆိုတာ မသိဘူး။ သူသေ နေတာတွေ့မှ သေနတ်နဲ့ အပစ်ခံ ရတာဆိုတာ သိတာ။ ရခိုင်မြေပုံ မြို့နယ် ကုက္ကိုကျေးရွာကပါ’’ ဟု ထိုင်းနိုင်ငံတောင်ပိုင်း ကောစမေ ကျွန်းတွင် နေထိုင်သော ကိုသက် ဇော်မင်းက ပြောသည်။

ကိုကြည်ထွန်းအား သေနတ် ဖြင့် ပစ်သတ်ခံရမှုနှင့်ပတ်သက် ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးမှ အ လုပ်သမားရေးရာ သံမှူးဦးသိန်း လွင်သို့ ဆက်သွယ်မေးမြန်းရာဖြေကြားခြင်းမရှိပေ။

သေဆုံးသူ ကိုကြည်ထွန်း အား မေလ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ဘုပုဘုန်းတော်ကြီးကျောင်း၌မီးသဂြုင်္ိဟ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မေလ ၂၂ ရက်၌ စစ်တပ်က အာဏာသိမ်းလိုက်ပြီး တစ်နိုင်ငံလုံး ည ၁၀ နာရီမှ နံနက် ၅ နာရီထိ မထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်သောကြောင့် ညပိုင်းအချိန် အလုပ်ဆင်းရမည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများမှာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်တစ်ရက်တွင် ထိုင်းနိုင်ငံ တောင်ပိုင်း ကောစမေ ကျွန်း၌ အလုပ်မှပြန်လာသော မြန်မာအမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း  သတင်းရရှိသည်။

7 Day News Daily
မေလ ၂၁ ရက် ည ၇ နာရီခွဲ တွင် အလုပ်မှပြန်လာသော ရခိုင်တိုင်းရင်းသား  အသက် (၂၉) နှစ် အရွယ်ကိုကြည်ထွန်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ဟောလိဝုဒ်ဒါရိုက်တာတစ်ဦး၏သား ပစ်ခတ်မှုကြောင့် လူခြောက်ဦးသေ ၁၃ ဦး ဒဏ်ရာရ

Photo: ဟောလိဝုဒ်ဒါရိုက်တာတစ်ဦး၏သား ပစ်ခတ်မှုကြောင့် လူခြောက်ဦးသေ ၁၃ ဦး ဒဏ်ရာရ
Monday, May 26, 2014

နယ်၌ လူခြောက်ဦးကို သတ်ဖြတ်ခဲ့သည်ဟု အမေရိကန် ရဲတပ်ဖွဲ့က မေလ ၂၄ ရက်တွင် ပြောသည်။

အသက်(၂၂)နှစ်အရွယ်ရှိ အဲလီးယက်ရော်ဂျာသည် ၎င်း၏ တိုက်ခန်း၌ အခန်းဖော် အမျိုးသားသုံးဦးကို ဓားဖြင့်ထိုးသတ်ခဲ့ပြီးနောက် အနက်ရောင် BMW ကားကိုမောင်း၍ လမ်းတစ် လျှောက်ရှိ လူများကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။

အဲလီးယက်ရော်ဂျာ၏ ပစ်ခတ်မှုကြောင့် လူငယ်သုံးဦး သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

အဲလီးယက်ရော်ဂျာသည် ရဲ တပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ် ပြီးနောက် ၎င်း၏ကားအတွင်း ဦးခေါင်းကို ကျည်ထိမှန်ထား သည့် ဒဏ်ရာဖြင့် သေဆုံးနေ ကြောင်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ သည်။

၎င်းသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည် ဟု ဆန်တာဘာဘရာမြို့ ငြိမ်ဝပ် ပိပြားရေးအရာရှိ ဘီလ်ဘရောင်း က ပြောကြားသည်။

အမေရိကန်ရဲတပ်ဖွဲ့ဝင်များ သည် အဲလီးယက်ရော်ဂျာတင်ခဲ့ သည်ဟု ယူဆရသော ယူကျု့ဘ် ဗီဒီယိုဖိုင်ကို စုံစမ်းစစ်ဆေးလျက် ရှိသည်။

ယင်းဗီဒီယိုထဲတွင် ကိုယ့်ကိုယ်ကိုယ် အဲလီးယက်ရော်ဂျာဟုပြောသော လူငယ်တစ်ဦးက ၎င်းအား အထီးကျန်ဆန်စေသော လောကကြီးကို ကလဲ့စားချေမည်ဟု ပြောကြားသည်။

၎င်းလူပျိုဖော်ဝင်ချိန်မှစ၍ ငြင်းပယ်ခဲ့သော မိန်းကလေးများ အားလုံးကို အပြစ်ပေးသွားမည် ဟု ကြွေးကြော်ခဲ့သည်။

အဲလီးယက်ရော်ဂျာသည် ၎င်း၏တိုက်ခန်းအတွင်း လူသတ်ခဲ့ပြီးနောက် တက္ကသိုလ်ကျောင်း သူများနေရာ အဆောင်သို့သွား ရောက်ခဲ့သော်လည်း အဆောင် တံခါး မဖွင့်ပေးသောကြောင့် လမ်းသွားလမ်းလာ အမျိုးသမီး သုံးဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည်။

ထို့နောက် ဆန်တာဘာဘရာမြို့ ကယ်လီဖိုးနီးယား တက္ကသိုလ် နယ်မြေအနီး၌ ကားမောင်း၍ လမ်းသွားလမ်းလာများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

၎င်းသည် အပြင်းအထန် စိတ်ဝေဒနာ ခံစားနေရသည်မှာ ထင်ရှားကြောင်းနှင့် ၎င်း၏လုပ်ရပ်မှာ စိတ္တဇဝေဒနာသည်တစ်ဦး၏ လုပ်ရပ်ဖြစ်ကြောင်း ရဲအရာရှိဘရောင်းက ပြောကြားသည်။

ပီတာရော်ဂျာ၏သားဖြစ်သူ မှာ အထီးကျန်ရောဂါလက္ခဏာ ရှိသူဖြစ်ကြောင်းနှင့် ရော်ဂျာ မိသားစုကလည်း ၎င်းတို့၏သား မှာ ပြစ်မှုကျူးလွန်သူဖြစ်သည်ဟု ယုံကြည်ကြောင်း ပီတာရော်ဂျာ ၏ ရှေ့နေက ပြောကြားသည်။

သားဖြစ်သူကြောင့် မိသားစု မှာ ဝမ်းနည်းရကြောင်းနှင့် ရဲတပ် ဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ရှေ့နေက ပြော ကြားသည်။

—Ref: BBC
7 Day News daily

ကယ်လီဖိုးနီးယားရှိ အစ္စကဗစ်စတာအရပ်တွင် သေနတ်သမား မောင်းနှင် လာသည်ဟု သတ်မှတ်ထားသော ပျက်စီးနေသည့်ကားအား ကြည့်ရှုနေသူ များကို တွေ့ရစဉ် (ROBYN BECK/AFP)
ကယ်လီဖိုးနီးယားရှိ အစ္စကဗစ်စတာအရပ်တွင် သေနတ်သမား မောင်းနှင် လာသည်ဟု သတ်မှတ်ထားသော ပျက်စီးနေသည့်ကားအား ကြည့်ရှုနေသူ များကို တွေ့ရစဉ် (ROBYN BECK/AFP)
နယ်၌ လူခြောက်ဦးကို သတ်ဖြတ်ခဲ့သည်ဟု အမေရိကန် ရဲတပ်ဖွဲ့က မေလ ၂၄ ရက်တွင် ပြောသည်။

မြေးအရင်းကို အဓမ္မကျင့်လို့ ထောင်ဒဏ်နှစ် ၄၀ ချမှတ်လိုက်ပြီ

အင်းရွာကျေးရွာ တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ဖြစ် ပွား ခဲ့သော ၁၂ နှစ်  အရွယ် သမီးငယ်လေးကို အဓမ္မပြု  ကျင့်သတ်ဖြတ်
ခံရမှုသည် ကသာ မြို့နယ်၌ လူထုစိတ်ဝင်

ပုသိမ်တွင် ကြွက်များ အစုလိုက် သေသောကြောင့် ကျောင်းအပ် လက်ခံမည့်ရက် နောက်ဆုတ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရှောပြာကျေးရွာရှိ နေအိမ် များတွင် ကြွက်များ အစုလိုက် အပြုံလိုက် သေဆုံးခဲ့မှုကြောင့် ၂၀၁၄- ၂၀၁၅ ပညာသင်နှစ် ကျောင်းအပ် လက်ခံမည် ရက်ကို နောက်ဆုတ်ပေး ခဲ့ကြောင်း ယင်းကျေးရွာ အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီး ဦးဗိုဟိန်းက ပြောကြားသည်။

ကျောင်းဖွင့်ချိန်နှင့်ပြည်သူတို့၏အသံ

Photo: ကျောင်းဖွင့်ချိန်နှင့်ပြည်သူတို့၏အသံ
Monday, May 26, 2014

အခမဲ့ပညာရေးဆိုသော ကျောင်းအပ်နှံခနှင့်စာရွက်စာတမ်းကြေး မပေးရသောစနစ်ကို မူလတန်းမှ အလယ်တန်းအထိ ၂၀၁၄−၁၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ် မေလ ၂၅ရက်တွင် စတင်ပြီဖြစ်သည်။ ကုန်ဈေးနှုန်း ကြီးမြင့်သည့်အချိန်တွင် အခမဲ့ပညာရေးကို အလယ်တန်းအထိ တိုးချဲ့ခဲ့၍ ကျောင်းသားမိဘအချို့ ၀န်ထုပ်ဝန်ပိုးလျော့ကျခဲ့ သည်။ သို့သော် အစိုးရသစ်သက်တမ်း သုံးနှစ်ရှိလာသည့်တိုင် အခြေခံပညာကျောင်းများအတွက် သင်ရိုးများကို ယခုနှစ်တွင်လည်း မပြင်ဆင်နိုင်ခြင်း၊ ကောင်းမွန်သောပညာရေးဥပဒေတစ်ရပ် မပြဋ္ဌာန်းနိုင်သေးခြင်းကြောင့် မိဘအချို့ ရတက်မအေးကြသေးပေ။ အလွှာစုံမှ မိဘများ၏ ကျောင်းဖွင့်ချိန်အတွေ့ အကြုံနှင့် ပူပန်မှုများကို တွေ့ဆုံ မေးမြန်းစုစည်းဖော်ပြလိုက်ပါသည်။

မတင်မိုးမိုး၊ တောင်ဥက္ကလာပမြို့နယ်
ကလေးက မူလတန်း အခမဲ့ပညာရေးဆိုတော့ ပူပန်ရတာမျိုးတော့ မရှိပါဘူး။ ကလေးကတော့ တစ်တန်းတက်နေပါတယ်။ ဒီနိုင်ငံမှာနေတာ ဆိုတော့ သူတို့သင်ပေးတဲ့ ပညာရေးပဲပေါ့။ ကိုယ်တွေကကျတော့ သူများတွေလို ကျောင်းကောင်းတွေလည်း မထားနိုင်ဘူး။ ပညာရေးစနစ်ကို ဖြစ်စေချင်တာကတော့ ကျောင်းက ဆရာမတွေက ကျူရှင်မထားရင် အဆင့် ပထမ၊ဒုတိယတွေ မ၀င်ဘူး။ ကိုယ်တွေကလည်း နီးစပ်ရာမှာ ထားရတာဆိုတော့ တချို့မိဘတွေကျတော့ ဆရာမတွေကို ဖျက်ဆီးသလို ဖြစ်နေတယ်။ အဲဒီဆရာမတွေဆီမှာပဲ ကျူရှင်တွေထား၊ ပိုက်ဆံတွေပေး။ အဲဒီတော့ သူတို့ကလေးတွေက ပိုထိရောက်သလို ဖြစ်နေတယ်။ ကိုယ်တွေတုန်းက ပညာရေးနဲ့က တခြားစီပဲလေ။ ကိုယ်တွေတုန်းက ကျူရှင်ဆိုတာလည်း မရှိဘူး။ ခုသူတို့မှာ တစ်တန်းပဲရှိသေးတယ်။ ကျောင်းပြီး ကျူရှင်တက်နေရတာဆိုတော့ သူတို့ကိုကြည့်ပြီး သနားတယ်။

ဦးကျော်ကျော်ခိုင်
ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ၊ မန္တလေး
ကျောင်းသားနှစ်ယောက်ရှိတယ်။ ကျောင်းအပ်ရတော့မယ်ဆိုတော့ကျောင်းအပ်ခတွေ ဘာတွေတော့ မပူဘူး။ သိပ်မှမကုန်တာကိုး။ ကျူရှင်ဖိုးနဲ့ လိုအပ်တာတွေ ၀ယ်ရဖို့လည်း မပူဘူး။ ကလေးနှစ်ယောက်လုံးကို ပလက်ဖောင်းစာသင်ဝိုင်း ပို့ထားတော့ အဲဒီကနေ အကုန်တာဝန်ယူမှာ။ ဒါပေမဲ့ ကျောင်းဖွင့်ပြီဆိုရင် ဘာကြေးညာကြေးတွေက လာတော့မှာ။ အဲဒါကိုတော့ ကြောက်တယ်။ ကလေးတွေရဲ့ ကုန်ကျတာနဲ့ ရတဲ့ပညာနဲ့ တန်လားဆိုတော့ ကလေးတွေက ငယ်သေးတော့ ပြောစရာမရှိသေးဘူး။ ပြောလည်း မပြောတတ်ဘူး။

မအေးမိုးမိုး
ရွှေဟံသာရပ်ကွက်၊ ပြည်မြို့
ကျောင်းအပ်ရတော့မယ်ဆိုတော့ ပိုက်ဆံကုန်မှာရယ်၊ ပုံနှိပ်စာအုပ် မရမှာရယ်ကို ပူပန်တယ်။ အိမ်မှာ ကျောင်းသားက မူလတန်းနှစ်ယောက်နဲ့ အလယ်တန်းနှစ်ယောက်ရှိတယ်။ ကျောင်းစရိတ်က အိမ်ရဲ့အသုံးစရိတ်ကို ထိခိုက်မှုရှိတယ်။ ကျောင်းသုံးစာရေးကိရိယာ၊ ကျောင်းဝတ်စုံကအစ ငွေကို သုံးစွဲရတော့ အိမ်အသုံးစရိတ်ကို လျှော့သုံးစွဲရတာပေါ့။ ကျူရှင်မထားရရင်တော့ ပိုပြီးသက်သာတာပေါ့။ ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့ ပညာရေးထိုက်တန်လားလို့တော့ မပြောတတ်ဘူး။ အခုပညာရေးမှာ ကျောင်းဆရာ၊ ဆရာမတွေက ကျူရှင်တွေ သင်နေကြတော့ မထား နိုင်တဲ့ ကလေးတွေ မျက်နှာငယ်ရတယ်။ အဲဒါမျိုးတွေ မဖြစ်စေချင်ဘူး။ မဖြစ်မနေ ကျူရှင်ထားနေရမယ့်ကိစ္စမျိုးတွေကို စိတ်တိုင်းမကျဘူး။

ဒေါ်တင်မိုးနွယ်
ကျောင်းသားသုံးဦး၏မိခင် ၊ ထားဝယ်
တစ်နှစ်လုံးအတွက် ၀င်ငွေကို ပူပန်ရဆုံးပဲ။ အိမ်မှာက ကျောင်းဖွင့်ပြီဆို အလုပ်လုပ်တဲ့သူက အိမ်ထောင်ဦးစီး တစ်ယောက်ပဲကျန်တော့တာ။ စားဖို့သောက်ဖို့နဲ့ လူမှုရေးတွေလည်း ရှိသေးတယ်။ ဆယ်တန်းတစ်ယောက်အတွက် အရစ်ကျပေးရမယ်။ ကျန်တဲ့ကျောင်းသားနှစ်ယောက်က တဖြည်းဖြည်းကုန်မယ်။ ကျောင်းနေတဲ့သူက သုံးယောက်ဆိုတော့ ထားဝယ်မှာနေလာတဲ့ ဆယ်နှစ်အတွင်းမှာ လက်ရှိလုပ်နေတဲ့ လုပ်စာတွေ မစုမိတဲ့အပြင် ရှိနေတဲ့အတွင်းပစ္စည်းတွေပါ နည်းလာတယ်။ ကိုယ်က သားသမီးတွေကို ပညာတတ်ဖြစ်စေချင်လို့ ကြိုးစားနေတယ်ဆိုတော့ လက်ရှိသူတို့တွေဖြစ်နေတာ ကုန်ရကျိုးနပ်တယ်လို့ထင်တယ်။ ထိုင်းမှာဆိုရင် ကျောင်းသားတွေ ငယ်ငယ်လေးတွေကတည်းက လက်တွေ့ကို ဦးစားပေးသင်စေတာ။ ဒီမှာကျတော့ အလွတ်ကျက်စနစ် ဖြစ်နေတာပေါ့။ စာတွေပဲ အလွတ်ကျက်ပြီး အတန်းအောင်နေတာ။ လက်တွေ့ဘာမှမရှိဘူး။ ဟိုမှာကျတော့ အတန်းကြီးလာရင် အလုပ်ဝင်လုပ်လို့ရတယ်။ မလုပ်နဲ့လို့ ငြင်းလို့မရဘူး။ ကျောင်းပြီး ဘွဲ့ရရင် အလုပ်က တန်းခန့်တယ်။ ဒီမှာက ကျောင်းသာပြီးသွားတာ အလုပ်မရှိဘူး။ အရှေ့မှာ ဘွဲ့ရတွေ အများကြီး။ ကိုယ်တို့က သားသမီးတွေ နောင်ရေးမှာ အေးဆေးစေချင်တာ။ အခုက အာမခံချက်မရှိဘူး။

ဦးတင်လင်း
အလယ်ရပ်၊ မုံရွာမြို့
ကျောင်းအပ်ချိန်အတွက်တော့ ပူပန်စရာမလိုတော့ပါဘူး။ ကျောင်းသားနှစ်ယောက်ရှိတယ်။ တစ်ယောက်က ရှစ်တန်း၊ တစ်ယောက်က လေးတန်းတက်နေတယ်။ ကျူရှင်လခတွေကြောင့် မိသားစု ၀န်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ ပေးဆပ်ရတဲ့ ပညာရေးအသုံးစရိတ်နဲ့ ရလာတဲ့ ပညာ ရေးစနစ်က မတန်ဘူးလို့မြင်တယ်။ ပညာရေးစနစ်ကို သုံးသပ်ရရင် ကလေးတွေက စာတွေတော့ တတ်လာပါတယ်။ အသိတရားတွေတော့နည်း နေဆဲဖြစ်ပါတယ်။

ဦးဆန်းဝင်း
သမီးနှစ်ဦးဖခင်၊မြောက်ဥက္ကလာပ
ကျောင်းစရိတ်တွေကတော့ ဘယ်လိုအခြေအနေမျိုးရှိမယ်လို့ အတိအကျ ပြောလို့မရသေးဘူးပေါ့။ အခုက အခမဲ့ပညာရေးပဲလို့ ပြောတာကြားတယ်။ ဘယ်လိုလဲ မသိသေးဘူး။ အလှူငွေပဲ ထည့်ရမလား။ ဒါမှမဟုတ် ကျောင်းအပ်ခပုံစံကိုပဲ ဘယ်လိုပေးရမလဲ မသိသေးဘူးပေါ့နော်။ ကိုယ်တွေတုန်းက ကျောင်းမှာပဲ အပြီးသင်ပေးလိုက်ပြီး အားလပ် ချိန်တွေများတယ်။ အခုဟာက ကျောင်းကနေ ကျူရှင်တွေပါ ထပ်ယူနေ ရတယ်။ ကျောင်းသွားပြီးတော့လည်း ကိစ္စက မပြီးပြတ်လာဘူး။ အပြင် မှာ ကျူရှင်ထပ်ထားရတဲ့ စနစ်ကြီးဖြစ်လာတယ်။ အဲဒါကတော့ မ ကောင်းဘူး ထင်တယ်။ ဟိုတုန်းကလို ကျောင်းမှာပဲ တော်အောင်တတ် အောင်သင်၊ အိမ်ရောက်ရင် သူ့ဘာသာသူ ပြန်လေ့လာတဲ့ပုံစံမျိုးကိုပဲ ပိုသဘောကျတယ်။ အခုလို အပြင်မှာ ကျူရှင်ထပ်သွားရတာမျိုးဆို ကလေးတွေလည်း အားလပ်ချိန်နည်းသွားတယ်။ အခုဟာက သားသမီး တွေအပေါ် မိဘတွေကပဲ အစအဆုံး လုပ်ပေးနေရတဲ့ပုံစံဖြစ်နေတယ်။ အခုခေတ်က ကျူရှင်မထားနိုင်တဲ့ကလေးက နောက်ကျကျန်ခဲ့တာပဲ။

မခင်နွယ်ဦး
ပေါင်းလောင်းရပ်ကွက်၊ ပျဉ်းမနား
သူငယ်တန်းနဲ့လေးတန်းကို အပ်ရဦးမယ်။ လောလောဆယ်တော့ မအပ်ရသေးဘူး။ ကျောင်းစရိတ်ကတော့ သူငယ်တန်းကနေ ရှစ်တန်းထိ အခမဲ့လို့ပြောတယ်။ ကျောင်းစရိတ်အတွက်ကတော့ ၀န်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး။ ကျွန်မကလေးတွေကို မရှိ ရှိတာနဲ့ ထားသွားမှာပါ။ ခုခေတ်ပညာရေးက အဓိကပဲလေ။ ကလေးတွေ ပညာရေးကနေ ပြန်ရမှာကိုတော့ မမျှော်ထားပါဘူး။ သူတို့ရဲ့ အရည်အချင်း ရှိသလောက်ပေါ့။ လက်ရှိရင်ဆိုင်နေရတာကတော့ ကလေးတွေကို ကျူရှင်မထား နိုင်တာပါပဲ။

ကိုတင်အောင်ဝင်း
အလုံမြို့နယ်
ပူပန်မှုကတော့ ကျောင်းအပ်တဲ့စရိတ်ပဲ ပူပန်မှုရှိပါတယ်။ ကလေး ကတော့ တစ်ယောက်ပဲရှိပါတယ်။ International School မှာ ထားပါ တယ်။ Grade 2 တက်နေပါတယ်။ အစိုးရကျောင်းတွေမှာတက်ရင် ကလေးတွေရဲ့ အနာဂတ်က မလှပနိုင်ဘူး။ အဲဒါကြောင့် မိဘတစ်ယောက်အနေနဲ့ ကလေးတွေ အတွက် ကောင်းတာကိုပဲ ရွေးချယ်တက်ခိုင်းခဲ့တာပါ။ ကလေးတွေရဲ့ အရည်အသွေးပိုင်းအနေနဲ့လည်း လူမှုဆက်ဆံ ရေးတွေ၊ စည်းကမ်းပိုင်းတွေနဲ့ အင်္ဂလိပ်စာက တခြားကလေး တွေနဲ့ယှဉ်ရင် အများကြီးကွာဟမှုရှိတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က ပြုပြင်ဖို့ အများကြီးလိုပါတယ်။ ဒီကပညာရေးစနစ်ကို ခုချိန်ထိ မကြိုက်ဘူး။ အခမဲ့ပညာရေးစနစ် လုပ်ပေးပေမယ့်အပြင်မှာ ကျောင်းထားရတာက ပိုက်ဆံပေးထားရတာနဲ့ တန်တယ်လို့ ထင်တယ်။ နောက်က ဘာမှလိုက်စရာမလိုတော့ဘူး။

မပေါက်
မုန့်ပျားသလက်ရောင်းသူ ပြည်ကြီးရန်လုံရပ်ကွက်၊ မန္တလေး
သားလေးတစ်ယောက်ရှိတယ်။ ဒီနှစ်ခြောက်တန်း တက်ရမှာ။ ကျောင်းအပ်တာကတော့ သိပ်မကုန်ဘူး။ အ၀တ်အစားဖိုးနဲ့ ကျူရှင်လခအတွက် ပူနေရတယ်။ ကျူရှင်လခကတစ်လခြောက်ထောင်ပေးရမှာ။ တခြားဘာမှ ၀န်မကြီးဘူး။ ကျူရှင်လခကြောင့် မောတာတစ်ခုပဲ။ ကုန်ရတာနဲ့တော့ တန်ပါတယ်။ ကလေးကလည်း ပညာရေးလည်း ထူးချွန်တယ်။ ခုခေတ်ပညာရေးကတော့ ပိုက်ဆံရှိလေ ကောင်းလေပေါ့။ ပိုက်ဆံရှိတဲ့ သူတွေနဲ့ယှဉ်ရင် အားငယ်တယ်။ ပိုက်ဆံရှိတဲ့သူတွေက နွေရာ သီကျောင်းစပိတ်ကတည်းက ကျူရှင်တွေ ကြိုထားကြတယ်။ အစ်မတို့ကတော့ မထားနိုင်တော့ အားငယ်ရတာပေါ့။

ဒေါ်ကြီးရှင်
ကျောင်းသားလေးဦးအုပ်ထိန်းသူ၊ ထားဝယ်
ဒီနှစ်က ကျောင်းလခတွေက အခမဲ့ဆိုတော့ ကျူရှင်လခတွေနဲ့ ကျောင်းသုံး ပစ္စည်းတွေပဲ အဓိက ပူပန်ရတယ်။ ကျောင်းဖွင့်တော့မယ်ဆို ၀တ်စုံနဲ့စာရေးကိရိ ယာတွေက မဖြစ်မနေလိုနေပြီ။ ကျောင်းသားက အလယ်တန်းက နှစ်ယောက်၊ မူလတန်းမှာက နှစ်ယောက်၊ သူတို့ကို ထိုင်းမှာနေတဲ့ မိဘတွေက ထောက်ပံ့တာပဲ။ ဒါပေမဲ့ ကျောင်းဖွင့်ရာသီမို့ ပိုပေးနိုင်တာမဟုတ်ဘူး။ ပုံမှန်အတိုင်းပဲ၊ ကျောင်းသားတွေကို ကျောင်းဖွင့်ရင် မုန့်ဖိုးပြီးတော့ ကျောင်းက အလှူခံတာတွေရှိတယ်။ ဒါတွေအားလုံးက ရှိနေတဲ့အထဲကပဲ ပေးနေရတာ။ စားဝတ်နေရေးအပိုင်းမှာ ပြန်ပြီးချွေ တာလာရတယ်။ ကလေးတွေက ကျောင်းက သင်ပြတာ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ကျူရှင်ပဲ အားကိုးနေရတယ်။ ကျောင်းသားတစ် ယောက်ကို ငါးထောင်ပေးရတယ်။ တချို့ဆို ကျူရှင်က နှစ်ခုတောင်။ ကျောင်းစရိတ်ထက်ပိုကုန်တာ။ ဒါပေမဲ့ စာညံ့တာပဲ။ ငွေနဲ့ဝယ်ယူနေရ သလိုပဲ။ အခုခေတ်က အတန်းတွေသာ ကြီးလာတာ။ စာမကျေကြဘူး။ အရင်တုန်းကဆို ငါးတန်း၊ခြောက်တန်းဆို စာကိုကောင်းကောင်းနိုင် နေပြီ။ ဒါကျောင်းကသင်တာ တစ်ခုတည်းနော်။ ဒါကြောင့် ရှစ်တန်း လောက်နေပြီးရင် အလုပ်ပြန်လုပ်နိုင်နေပြီ။ အခုက ဘွဲ့ရဖြစ်တာတောင် အဆင်မပြေဘူး။ ဒါကြောင့် ကုန်ကျစရိတ်များပြီး မျှော်မှန်းထားတာအ ဖြစ်နည်းလာလို့ ကျောင်းသားတွေကို တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခိုင်း ရတာတွေ များလာတယ်။

မသက်သက်မွန်
ပျဉ်းမနား
ကျောင်းသားက နှစ်ယောက်ရှိတယ်။ တစ်ယောက်ကိုတော့ ကျောင်းက ထုတ်လိုက်ရတော့မယ်။ ဘာလို့လဲဆိုတော့ အလုပ်ကတစ်ဖက်နဲ့ မအားဘူးလေ။ လက်ခွဲမရှိလို့ကလေးကို ကျောင်းမထားနိုင်တော့တာပါ။ သူက လေးတန်းအောင်ပြီး ငါးတန်းတက်ရမယ်။ ထားနိုင်တဲ့အရည်အချင်းတော့ ရှိပါတယ်။ ထမင်းဆိုင်ဖွင့်ထားရတာ အလုပ်က တစ်ဖက်မို့ ဘယ်လိုမှ အဆင်မပြေဘူး။

မနန်းခမ်းအုံ
ကျောင်းသားလေးဦး၏မိခင်၊ အရောင်းအ၀ယ်
အခုကျောင်းဖွင့်ချိန်ဆို မကုန်ဘူး။ ကြားချိန်တွေမှာကောက်တဲ့ လစဉ်ကြေးတွေ၊ ကထိန်ကြေးတွေ၊ ပင်စင်ယူရင် ကန်တော့ရတဲ့ကြေးတွေကပဲ ကုန်တာ။ စီးပွားရေး ပြေလည်တဲ့သူတွေကတော့ ပေးသင့်တာပေါ့။ အခုဟာက ဘာမှတော့မကုန်ပါဘူး။ ဒါပေမဲ့ ကိုယ်က မပြေလည်တော့ ကုန်ကျစရိတ်က သိသာတာပေါ့။ လစဉ်ကျူရှင်စရိတ်တွေရော၊ ဖယ်ရီစရိတ်တွေရောက လေးယောက်စာဆိုတော့မနည်းဘူး။ ဆရာမတွေကို ပေးရတာဆိုတော့ တန်တယ်၊ မတန်ဘူးပြောလို့တော့ မရဘူး။ အပြင်ကျူရှင်တွေနဲ့ယှဉ်ရင် ကျောင်းက ဆရာမတွေက ဘာမှမရဘူး။ ပညာရေးကတော့ ကိုယ့်ဟာကိုယ် ထူးချွန်အောင် ကြိုးစားမှရတာ။ သူတို့သွားပြောလို့လည်း ဘာရမလဲ။ ပေါ့ပေါ့နေလို့မှ မရတာ။

ကိုဌေးဇော်
ဆိုင်ကယ်တက္ကစီမောင်းသူ၊ မြရည်နန္ဒာရပ်ကွက်၊ မန္တလေး
ကျောင်းသူနှစ်ယောက်ရှိတယ်။ တစ်ယောက်က သုံးသန်း၊ တစ်ယောက်က ခုနစ်တန်း။ တခြားမပူဘူး။ ကျူရှင်ခ ပူတာ။ သူတို့နှစ်ယောက်အတွက် ကျူရှင်လခချည်း တစ်လ သုံးသောင်းခွဲလောက် ကုန်တယ်။ နောက်ပြီး ဘာကြေးညာကြေးတွေ ပေးရတော့မှာပူတယ်။ မုန့်ဖိုးဆိုရင်လည်း နှစ်ယောက်အတွက် တစ်ရက်နှစ်ထောင်လောက်ကုန်တယ်။ ခုခေတ်ပညာရေးက ကုန်တာနဲ့တန်အောင် အားရလားဆိုတော့ တခြားစီပဲ လုံးဝအားမရဘူး။ အတန်းတွေသာ ကြီးသွားတယ်။ လက်ရေးက အစ မကောင်းသေးဘူး။

ကိုသန်းနိုင်စိုး
ဝန်ထမ်း၊သုံးတန်းကျောင်းသား၏ဖခင်
အခုတင်ကျောင်းအပ်ခဲ့ပြီ။ ဘာမှပူစရာမလိုဘူး။ ပုံနှိပ်စာအုပ်နှစ်အုပ် နဲ့ ငွေတစ်ထောင်ပြန်ပေးတယ်။ တို့တောင် အံ့သြနေတယ်။ ကျောင်းသားလာအပ်ရင်ပေးတယ်။ ကျောင်းဖွင့်ရင်တော့ ကိုယ့်ကလေးကျေနပ်အောင် အင်္ကျီအသစ်တွေ ၀ယ်ပေးရတာကြောင့် ငွေတစ်သောင်းလောက်တော့ ကုန်တယ်။ အတန်းငယ်သေးတော့လည်း ပုဂ္ဂလိက ကျောင်းတွေ မလွှတ် ချင်သေးဘူး။ ဒီနေရာမှာတော့ မိဘတွေ ချဲ့ရင်ချဲ့သလို ကုန်တာပဲ။ ကလေးအတွက် ရင်းထားရတဲ့ကုန်ကျစရိတ်နဲ့ ပြန်ရ တာနဲ့ တန်၊ မတန်ကတော့ ငယ်သေးတော့ မပြောနိုင်သေးဘူး။ အတန်းကြီးတဲ့အချိန်ထိ စောင့်ကြည့်ရမှာပဲ။ ပညာရေးစနစ်က ဒီနှစ်မှာတော့ အပြောင်းအလဲတွေ စဖြစ်တယ်လို့တော့မြင် တယ်။ အရင်က ကျောင်းအပ်ရင် ပိုက်ဆံပေးရတယ်။ အခုကျမပေးရတဲ့အပြင် သူတို့ကတောင် တစ်ထောင်စီ ပြန်ပေးတယ်။တစ်ယောက်တစ်ထောင်စီဆိုလည်း တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့က နည်းတာမှမဟုတ်တာ။ စိတ်တိုင်းမကျတာတော့ ဘာမှမရှိပါဘူး။

မယဉ်ယဉ်မြင့်
ထနောင်းဝန်းစံပြကျေးရွာ၊ မုံရွာမြို့နယ်
ကျောင်းစဖွင့်ချိန်မှာ ကျောင်းအပ်နှံခအတွက် အပူအပင်မရှိဘူး။ ကျောင်းစာမလိုက်နိုင်မှာကိုပဲ ပူပင်နေရတယ်။ ကျောင်းနေအရွယ်က လေးက နှစ်ယောက်ရှိတယ်။ တစ်ယောက် နှစ်တန်း၊ တစ်ယောက်က မူကြိုတက်နေတယ်။ ကုန်ကျတဲ့စရိတ်နဲ့ ရတဲ့ပညာရေးနဲ့ မတန်ဘူး။ လက်ရှိပညာသင်ကြား နေတဲ့ ပညာရေးထက် တိုးတက်စေချင်ပါတယ်။ သင်ရိုးတွေ ခဏခဏ ပြောင်းတာလည်း စိတ်တိုင်းမကျဘူး။ တစ်သမတ် တည်း ပညာသင်ကြားရေးစနစ်ကိုပဲလိုချင်ပါတယ်။

မမိုးမိုး
ကြည့်မြင်တိုင်
ဆယ်တန်းတစ်ယောက်၊ လေးတန်းတစ်ယောက်ရှိတယ်။ ကျောင်းအပ် တာတော့ အခမဲ့ဆိုပေမယ့် ကျောင်းစရိတ်တွေက ဒီလိုပဲပေးရတာပေါ့။ ဒီအခုလို စာအုပ်တို့ ဘာတို့ဝယ်နေ ရတာပဲ။ ဒီအချိန်က အရေးကြီးဆုံးအချိန်ပဲလေ။ ကျူရှင်စရိတ်တွေကတော့ သိန်းဂဏန်း ပေးနေရတာပဲ။ ကိုယ့်ကလေး အဆင့်မီချင်တော့လည်း အပြင်ကိုယ်ပိုင်ကျောင်းမှာ ပြောင်းထားမလားဆိုပြီး ဒီနှစ်ကျောင်းပြောင်းထားတယ်။ အပြင်ကျောင်းဆိုတော့ နည်းနည်းပိုပြီး ကိုယ့်ကလေးကို ဂရုစိုက်ပေး နိုင်တယ်လေ။ ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့ ပညာရေး တန်သလားဆိုတာတော့ သူတို့ထွန်းပေါက်တဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရမယ်ဆိုရင် အခုခေတ် ပညာရေးက မိဘတွေကိုယ်တိုင်ကလည်း ထိုင်နေလို့ မရတော့ ဘူး။

ကိုတင်ထွန်း
လယ်ဝေး၊ ဆည်တိုးအောင်ရွာ
လောလောဆယ်မှာတော့ အခက်အခဲမရှိပါဘူး။ ကလေးတစ်ယောက်ကို ပဲ ကျောင်းထားရမှာမို့။ ခုခေတ်က ပညာတတ်မှ လူရာဝင်မှာ။ ပညာအရည်အချင်းရှိမှ လူဝင်ဆံ့မှာမို့ ကလေးကို မဖြစ်မနေ ကျောင်းထားသွားမှာပါ။ ကလေးကိုလည်း အမြဲတမ်းအားပေးတယ်။ ဆရာဝန်ဖြစ်အောင် ကြိုးစားပါလို့။ ခုခေတ် အစစအရာရာ အဆင်ပြေဖို့က ပညာတတ်မှဖြစ်မယ်။ တချို့ ကျောင်းပြီးသွားတဲ့လူတွေက အလုပ်မရတာတွေ ရှိနေတဲ့အတွက် ကလေးက ကျောင်းပြီးသွားရင် အလုပ်ရမှာလားလို့ မေးရင် ကျွန်တော့်အနေနဲ့ဘာမှပြန်မဖြေတတ်ဘူး။

ဒေါ်တင်နွဲ့
သားသမီးနှစ်ဦး၏မိခင်၊ အင်းစိန်
ကျောင်းအပ်တဲ့အချိန်မှာ အပူပန်ဆုံးက ကိုယ့်သားသမီးရဲ့ အဆင့်နဲ့ညီတဲ့ အတန်းမျိုးမရမှာစိုးတယ်။ အခုကျောင်းမှာဆို အတန်းပိုင်ဆရာမစာသင်တဲ့အိမ်နဲ့ ဝေးတဲ့လူတွေကျတော့ ဆရာမဆီ မတက်နိုင်ဘူး။ ရပ်ကွက်ထဲမှာရှိတဲ့ တခြားဆရာ၊ ဆရာမတွေနဲ့ပဲသင်တော့ ကိုယ့်ကလေးက ဘာသာတိုင်း အမှတ်ပြည့်နီးပါး ရောက်ရင်တောင် အဆင့်က အောက်ဆုံးမှာ။ တစ်ခါ ဆရာမတွေကလည်း အသစ်ပြောင်းတယ်ဆိုတော့ စာသင်တာ စနစ်မကျဖြစ်ပြီး ကိုယ့်သားသမီး အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်တယ်။ ကိုယ့်ဘက်က သားသမီးကို ထူးချွန်စေချင်တဲ့အတွက် စိတ်ပူနေရတယ်။ ဘယ်မှာပဲတက်တက်၊ ဘယ်ကျူရှင်ဆရာဆီမှာပဲတက်တက် နောက်ပိတ်ဆုံး ကိုယ့်အိမ်က ကိုယ့်အစ်မတွေဆီကပဲ သင်တာပဲဖြစ်ဖြစ် တကယ်တမ်းဖြစ်သင့်တဲ့ အနေအထားမျိုးမှာပဲ ရှိနေသင့်တယ်။ ကလေးတွေအနေနဲ့ မှန်ကန်တဲ့ အနေအထားမှာ တန်းတူညီမျှရှိနေသင့်တယ်။

ဦးဖိုးစန်း
မြ၀တီရပ်ကွက်၊ မုံရွာမြို့
ကျောင်းအပ်ခ မကုန်တော့ပေမယ့် အ၀တ်အထည်နဲ့ ကျောင်းသုံးစာအုပ် စာရေးကိရိယာတွေအတွက် ပူပန်ရပါတယ်။ ကျောင်းသားနှစ်ယောက်ရှိတယ်။ တစ်ယောက်က ခုနစ်တန်း၊ တစ်ယောက်က မူကြိုတက်နေတယ်။ ကျောင်းသားတွေအတွက် မိသားစု ၀န်ထုပ်ဝန်ပိုးဖြစ်တာတော့ရှိတယ်။ ကျောင်းသုံးစာအုပ်တွေ ၊ စာရေးကိရိယာတွေ၊ ၀တ်စုံတွေနဲ့ ကျောင်းသားရဲ့ အသုံးစရိတ်တွေကြောင့်ပါ။ ကုန်ကျတဲ့စရိတ်နဲ့ရတဲ့ပညာရေးနဲ့ မတန်ဘူး။ ကျောင်းပြီးဘွဲ့ရ အလုပ်လက်မဲ့တွေ အများကြီးဖြစ်နေတာကြည့် လေ။ အသက်မွေးပညာမပါလို့ဖြစ်တာပါ။ ပညာရေးကို သုံးသပ်ရရင်အခြေခံပညာကျောင်းတွေထက် ပြင်ပကျောင်းတွေကို အားထားနေရတယ်။ ကျူရှင်တက်နိုင်တဲ့ ငွေကြေးပြည့်စုံတဲ့သူကို ဂရုစိုက်ပေးစေချင် ပါတယ်။ အပြင်ကျောင်းတွေထက် အစိုးရကျောင်းတွေမှာ ကလေးတွေ အားထားလာမယ့် ပညာသင်ကြားရေးစနစ် ကျင့်သုံးစေချင်ပါတယ်။

မလဲ့လဲ့ဝင်း
သားသမီးနှစ်ဦး၏မိခင်၊ ထီးတန်းလမ်း
ကျောင်းစရိတ်ကိုတော့ အစက ပူပန်တယ်။ လောလောဆယ် ကျောင်းအပ်တော့ တစ်ပြားမှမပေးခဲ့ရဘူး။ ကိုယ့်အနေနဲ့ လိုက်မီသလောက်ပဲ ထားရမယ်။ သူများတွေလိုတော့ အများကြီးမထားနိုင်ဘူး။ ကိုယ့်အဆင့်အတန်းနဲ့ကိုယ် နိုင်သလောက်ထားရတာပေါ့။ အရမ်း အထက်တန်းကျကျလည်း မထားနိုင်ဘူး။ ပညာရေးစနစ်ကြီးက သားသမီးတွေနဲ့ မိဘတွေအပေါ်မှာပဲ မူတည်တဲ့အနေအထားမျိုးဆိုတော့ ကိုယ်တွေဘက်ကပဲ ရုန်းပြီး လုပ်စရာရှိတာလုပ်နေရတယ်။

ဒေါ်ခွာညို
ကလေးနှစ်ဦး၏မိခင်၊ ပေါင်းလောင်း၊ ပျဉ်းမနား
ဒီလိုပဲ လက်လုပ်လက်စားဘ၀ကနေ ကလေးတွေကို ခြိုးခြံပြီးတော့ ကျောင်းထားရတာပါ။ ကျောင်းသားနှစ်ယောက် ရှိတယ်လေ။ ကိုးတန်းတစ်ယောက်က တော့ အပ်ပြီးသွားပြီ။ ၁၉၀၀ ကုန်သွားတယ်။ ငါးတန်းတစ်ယောက်တော့ ကျန်သေးတယ်။ သူ့ကိုတော့ နောက်ရက်မှအပ်ဖြစ်မယ်။ လက်ရှိအလုပ်က ရှုပ်နေတဲ့အတွက်ကြောင့်ပါ။ ပညာရေးစနစ်က ကျူရှင်မရှိရင် ကောင်းမှာပဲ။ ကျွန်မကလေးတွေကို တစ်ယောက်မှ ကျူရှင်မထားနိုင်ပါဘူး။ သူ့ဟာနဲ့သူပဲ စာဖတ်ခိုင်းပါတယ်။ ဒီလိုနဲ့ တစ်နှစ်တစ်တန်း အောင်နေကြတာပဲ။ ကျူရှင်ထားမယ်ဆို တစ်လကို တစ်သောင်းကျော်လောက်ကုန်မှာ။ မထားနိုင်ဘူး။ ကလေးတွေကို ဘွဲ့ရဖြစ်စေချင်တယ်။ ပညာတတ်တွေ ဖြစ်စေချင်တာပေါ့။

7Day News Journal
အခမဲ့ပညာရေးဆိုသော ကျောင်းအပ်နှံခနှင့်စာရွက်စာတမ်းကြေး မပေးရသောစနစ်ကို မူလတန်းမှ အလယ်တန်းအထိ ၂၀၁၄−၁၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ် မေလ ၂၅ရက်တွင် စတင်ပြီဖြစ်သည်။ ကုန်ဈေးနှုန်း ကြီးမြင့်သည့်အချိန်တွင် အခမဲ့ပညာရေးကို အလယ်တန်းအထိ တိုးချဲ့ခဲ့၍ ကျောင်းသားမိဘအချို့ ၀န်ထုပ်ဝန်ပိုးလျော့ကျခဲ့ သည်။ သို့သော် အစိုးရသစ်သက်တမ်း သုံးနှစ်ရှိလာသည့်တိုင် အခြေခံပညာကျောင်းများအတွက် သင်ရိုးများကို ယခုနှစ်တွင်လည်း မပြင်ဆင်နိုင်ခြင်း၊ ကောင်းမွန်သောပညာရေးဥပဒေတစ်ရပ် မပြဋ္ဌာန်းနိုင်သေးခြင်းကြောင့် မိဘအချို့ ရတက်မအေးကြသေးပေ။ အလွှာစုံမှ မိဘများ၏ ကျောင်းဖွင့်ချိန်အတွေ့ အကြုံနှင့် ပူပန်မှုများကို တွေ့ဆုံ မေးမြန်းစုစည်းဖော်ပြလိုက်ပါသည်။

သမ္မတအမိန့်ဖြင့် နိုင်ငံခြားဘဏ်များရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်း

 မြန်မာနိုင်ငံတွင် ဘဏ် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည့် နိုင်ငံ ခြားဘဏ်များ ရွေးချယ်ရေးအစီ အစဉ်တွင် ပွင့် လင်းမြင် သာမှု ရှိစေ ရန်နှင့် နိုင်ငံတကာ စံချိန်စံညွှန်း များနှင့် ကိုက်ညီစေရန် နိုင်ငံခြား ဘဏ်များ ရွေးချယ် ရေးအဖွဲ့ကို မေလ ၁၂ရက်တွင် ဖွဲ့စည်းလိုက် ပြီဖြစ်သည်။

မြ၀တီ-မဲဆောက်ကုန်သွယ်ရေးရပ်တန့်လုဖြစ်

ထိုင်းနိုင်ငံတွင် စစ်တပ် မှ အာဏာသိမ်းပြီးနောက် မြ၀တီ -မဲဆောက်ချစ်ကြည်ရေးတံတား အနီးရှိ လှေဆိပ် များ ကို ပိတ်လိုက် သဖြင့် နှစ်ဖက်ကုန်သွယ်မှုမှာ ရပ်တန့်လုနီးပါးဖြစ်သွားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှု မြင့်တက်နေသောကြောင့် ပြည်တွင်းရှိ အချို့ရထားလမ်းပိုင်းများ၌ စင်းလုံးငှားစနစ်ဖြင့် အထူးရထား ပြေးဆွဲမည်

Photo: မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှု မြင့်တက်နေသောကြောင့် ပြည်တွင်းရှိ အချို့ရထားလမ်းပိုင်းများ၌ စင်းလုံးငှားစနစ်ဖြင့် အထူးရထား ပြေးဆွဲမည်
Monday, May 26, 2014 

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု မြင့်တက်နေသောကြောင့် ပြည်တွင်းရှိ အချို့သော ရထားလမ်းပိုင်းများ၌ စင်းလုံးငှားစနစ်ဖြင့် အထူးရထားပြေးဆွဲခြင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၀င်ရောက်မှုအနေဖြင့် ၂၀၁၄ ခုနှစ် ဧပြီလကုန်အထိ ခရီးသွားတစ်သန်းကျော် ၀င်ရောက်ခဲ့ကြောင်းနှင့် နိုင်ငံအလိုက် ၀င်ရောက်မှုများတွင် ထိုင်းနိုင်ငံသားမှာ ခြောက်သိန်းကျော်ဖြင့် အများဆုံးဖြစ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ကမ္ဘာလှည့် ခရီးသည်များအတွက် ပုဂံ-ကျောက်ပန်းတောင်း-ပုဂံလမ်းပိုင်း၌ စင်းလုံးငှားစနစ်ဖြင့် အထူးရထား ပြေးဆွဲခြင်း လုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းရှိ စိတ်ပါဝင်စားသော လုပ်ငန်းရှင်များသို့ တင်ဒါခေါ်ယူထားကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

“ကမ္ဘာ့လှည့်ခရီးသည်တွေ အနေနဲ့ ဥပမာ-ကျောက်ပန်းတောင်းကနေ ပုဂံကိုသွားမယ်။ လေ့လာမယ်။ ပြီးရင် လမ်းတစ်လျှောက်က ရှုခင်းတွေကို ဓာတ်ပုံရိုက်မယ်။ လေ့လာမယ် စသဖြင့် sideseen ပေါ့။ နေ့ချင်းပြန် သွားချင်တာမျိုးတွေရှိရင် အဆင်ပြေစေဖို့အတွက် ဒီလို စင်းလုံးငှားစနစ်နဲ့ အထူးရထား ပြေးဆွဲတဲ့လုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုမှာပါ။ လုပ်ကိုင်ချင်တဲ့ ပြည်တွင်းကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်ယူထားပါတယ်” ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား အနေဖြင့် ရထားစီး ခရီးသည်များအတွက် ၀န်ဆောင်မှုလုပ်ငန်း ပိုမိုဆောင်ရွက်ပေးနိုင်ရန် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းကာ စင်းလုံးငှားစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် လုပ်ငန်းလုပ်ကိုင်လိုသည့် ပြည်တွင်းမှ ပုဂ္ဂလိက အဖွဲ့အစည်း၊ ကုမ္ပဏီများ အနေဖြင့် တင်ဒါတင်သွင်းနိုင်ကြောင်း သိရသည်။

ပုဂံ-ကျောက်ပန်းတောင်း-ပုဂံလမ်းပိုင်း၌ ရေနွေးငွေ့စက်ခေါင်းဖြင့် ကမ္ဘာ့လှည့် ခရီးသည်များအား အထူးရထား ပြေးဆွဲခြင်းလုပ်ငန်းအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သက်တမ်းကို သုံးနှစ်ခွင့်ပြုမည်ဖြစ်ပြီး တစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆို ငှားရမ်းသွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ လုပ်ငန်းများအတွက် တင်ဒါပုံစံများကို တင်ဒါစိစစ် ရွေးချယ်ရေးကော်မတီ (စီးပွားရေးဌာန)၊ မြန်မာ့မီးရထားရုံးချုပ်၊ နေပြည်တော်ဘူတာကြီးသို့ ၂၀၁၄ ခုနှစ် ဇွန် ၆ ရက် နောက်ဆုံးထားပြီး ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားသုံးသန်း ၀င်ရောက်မည်ဟု ခန့်မှန်းထားကြောင်းနှင့် မေ ၆ ရက်အထိ နိုင်ငံခြားခရီးသွား ၁ ဒသမ ၀၄ သန်းကျော်အထိ ၀င်ရောက်လာခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ၀င်ရောက်လာခဲ့သော ခရီးသွားများမှာ ဂျပန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီစသည့် နိုင်ငံများနှင့် အမေရိကန်နိုင်ငံသားများလည်း ပါဝင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှုမှာ လေကြောင်းဖြင့် လာရောက်သူ ၈၈၅၄၇၆ ဦး၊ ရေကြောင်းဖြင့် လာရောက်သူ ၆၀၈၆ ဦးနှင့် နယ်စပ်မှတစ်ဆင့် လာရောက်သူ ၁၁၄၄၁၄၆ ဦးရှိခဲ့ကာ စုစုပေါင်း ခရီးသွားနှစ်သန်းကျော်အထိ ရှိခဲ့ကြောင်း သိရသည်။ 

Eleven Media Group 

ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးအတွင်းရှိ လက်မှုပစ္စည်း အရောင်းဆိုင်တစ်ဆိုင်တွင် နိုင်ငံခြား ခရီးသွားများကို တွေ့ရစဉ်
ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးအတွင်းရှိ လက်မှုပစ္စည်း အရောင်းဆိုင်တစ်ဆိုင်တွင် နိုင်ငံခြား ခရီးသွားများကို တွေ့ရစဉ်
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု မြင့်တက်နေသောကြောင့် ပြည်တွင်းရှိ အချို့သော ရထား လမ်းပိုင်း များ၌ စင်းလုံးငှားစနစ်ဖြင့် အထူးရထားပြေးဆွဲခြင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလပ်ကို ဖမ်းဆီးပြီး နိုင်ငံရေးသမား ၁၅၀ ခန့် စစ်တပ်ကို သတင်းပို့ရန် အမိန့်ထုတ်

Photo: ယင်းလပ်ကို ဖမ်းဆီးပြီး နိုင်ငံရေးသမား ၁၅၀ ခန့် စစ်တပ်ကို သတင်းပို့ရန် အမိန့်ထုတ်
Monday, May 26, 2014 

ထိုင်းနိုင်ငံကို စစ်တပ်က အာဏာ သိမ်းလိုက်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ထင်ရှားသော ပညာရှင်များ အပါအဝင် လူ ၃၅ ဦးကို စနေနေ့ နေ့လယ် မတိုင်မီ ထိုင်းစစ်တပ်ကို သတင်းပို့ရန် အမိန့်ထုတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ထိုင်းစစ်တပ်သည် သောကြာနေ့က ဝန်ကြီးချုပ်ဟောင်း ယင်းလပ် အပါအဝင် နိုင်ငံရေးသမား ၁၅၀ ကျော်ခန့်ကို စစ်တပ်ကို သတင်းပို့ရန် အမိန့်ထုတ်ခဲ့ပြီး ယင်းလပ်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီးနောက် တစ်ရက်တွင် နောက်ထပ် လူ ၃၅ ဦးကို စစ်တပ်ကို သတင်းပို့ရန် အမိန့်ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ယင်းလပ် အပါအဝင် နိုင်ငံရေးသမားများကို ထိန်းသိမ်းထားခြင်းသည် ၎င်းတို့အတွက် စဉ်းစားချိန်ပေးရန် ဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Werachon Sukhondhadhpatipak က ပြောကြားခဲ့ပြီး ၎င်းတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ပြောကြားရန် ငြင်းဆန်ခဲ့သည်။

ထို့ပြင် ဖမ်းဆီးခံထားရသော နိုင်ငံရေးသမားများ၏ မိုဘိုင်းလ်ဖုန်းများကိုလည်း သိမ်းဆည်းထားကြောင်း ထိုင်းစစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Werachon Sukhondhadhpatipak က ပြောကြားသည်။

ထို့အတူ စစ်တပ်ကို သတင်းပို့ရန် ယခု ထပ်မံ အမိန့်ထုတ်လိုက်သော လူ ၃၀ ကျော်အနေနှင့် စနေနေ့ ညနေ ၄ နာရီ မတိုင်မီ စစ်တပ်ကို လာရောက် သတင်းပို့ကြရန်နှင့် အချိန်မီ သတင်းမပို့ပါက အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ထိုင်းစစ်တပ် အာဏာသိမ်းယူမှုကြောင့် ထိုင်းစစ်တပ်ကို ထောက်ပံ့မည့် အမေရိကန်ဒေါ်လာ သုံးသန်းကျော်ကို ဆိုင်းငံ့ထားရန် အမေရိကက ဆုံးဖြတ်လိုက်ပြီး အရပ်ဘက်အုပ်ချုပ်ရေးကို ပြန်လည်အစားထိုးရန် အမေရိကက ပြောကြားသည်။

ထို့ပြင် ထိုင်းသို့ သွားရောက်ရန် စီစဉ်ထားသော အမေရိကန် ခရီးသွားများကိုလည်း ခရီးစဉ် ဖျက်သိမ်းရန် အမေရိကန်အစိုးရက တိုက်တွန်းခဲ့ပြီး အမေရိကန် အစိုးရအရာရှိများ၏ ထိုင်းသို့ မဖြစ်မနေ သွားရမည့် ကိစ္စများမှ လွဲ၍ အခြားခရီးစဉ်များကို ဆိုင်းငံ့ထားလိုက်သည်။

ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးပရာယုသည် သောကြာနေ့က အရေးပါသော အစိုးရအရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် ရွေးကောက်ပွဲ မကျင်းပမီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဟု ပြောကြားသွားခဲ့သည်။

“နိုင်ငံကို စုစည်း တည်ဆောက်ရာမှာ အစိုးရဝန်ထမ်းများရဲ့ အကူအညီကို လိုချင်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပခင်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးပရာယုက ပြောကြားသည်။

ယခု အာဏာသိမ်းမှုသည် ယခင် အာဏာသိမ်းမှုများနှင့် မတူဘဲ အရပ်ဘက်ကို အာဏာ အလျင်အမြန် လွှဲပေးမည် ဟူသော ကတိစကား ပြောကြားခြင်း မရှိကြောင်း ဘန်ကောက်ရှိ ဘီဘီစီသတင်းထောက် ဂျော်နသန်ဟတ်က ပြောကြားသည်။

The Voice Weekly
ထိုင်းနိုင်ငံကို စစ်တပ်က အာဏာ သိမ်းလိုက်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ပြီးနောက် ထင်ရှားသော ပညာရှင်များ အပါအဝင် လူ ၃၅ ဦးကို စနေနေ့ နေ့လယ် မတိုင်မီ ထိုင်းစစ်တပ်ကို သတင်းပို့ရန် အမိန့်ထုတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ် ပြန်လွတ်ပြီဟုဆို

Photo: ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ် ပြန်လွတ်ပြီဟုဆို
Monday, May 26, 2014

ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ်ရှင်နာဝပ်ကို မေလ ၂၅ ရက်နေ့ ညနေပိုင်းက အာဏာသိမ်း စစ်တပ် က ထိန်းသိမ်းထားရာက ပြန်လွှတ်ပေးလိုက်တယ်လို့ စီအန်အန် သတင်းဋ္ဌာနက ထုတ်ပြန်ပါတယ်။ သို့သော်လည်း နိုင်ငံခြား ထွက်ခွင့်ကိုတော့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။ 

မစ္စယင်လတ် ကို အာဏာသိမ်း ထိုင်း စစ်ကောင်စီက ပြန်လွှတ်ပေးတယ်ဆိုတဲ့ သတင်းကို တရားဝင် အတည်ပြုချက်တော့ သက်ဆိုင်ရာ စစ်ကောင်စီဘက်က မပြောသေးပါဘူးလို့ ဘန်ကောက် အခြေစိုက် ထိုင်း သတင်းထောက်တွေက ပြောပါတယ်။ 

အခုလို မစ္စယင်လတ် ပြန်လွတ်တယ်ဆိုတဲ့ သတင်းမထွက်ပေါ်ခင် မေလ ၂၅ ရက်နေ့ နံနက်ပိုင်း လောက် က တည်းက ပြည်ပရောက် အကိုဖြစ်သူ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က အဝေးရောက် အစိုးရဖွဲ့ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ ထွက်ပေါ်ပါတယ်။ 

ဘန်ကောက်နေ မြန်မာတဦးက အခုလို မစ္စယင်လတ် လွတ်လာတာ တကယ်မှန်တယ်ဆိုရင် ဒါဟာ သက်ဆင်ရဲ့ ပြည်ပရောက်အစိုးရဖွဲ့တဲ့ သတင်းနဲ့ ဆက်စပ်နိုင်တယ်လို့လည်း သုံးသပ်ပြောပြပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီက ထိုင်း အထက်လွှတ်တော်ကို ဖျက်သိမ်းပစ်ပြီး ဘန်ကောက်နဲ့ မြို့တချို့မှာ စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြတာတွေ ဆက်တိုက်ဖြစ်နေပါတယ်။ တချို့နေရာတွေမှာ တင်းမာမှုတွေ ရှိတယ်လို့ ထိုင်းသတင်းတွေမှာ တွေ့ရပါတယ်။ 

ထိုင်း ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ မစ္စတာ သက်ဆင်နဲ့ ညီမဖြစ်သူ မစ္စယင်လတ် တို့ရဲ့ ဇာတိမြို့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မှာတော့ မေလ ၂၅ ရက်နေ့ ညနေပိုင်းကနေ ညပိုင်းထိ ပထမနေ့က ဆန္ဒပြနေရာမှာတော့ စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြဖို့ အခွင့် မသာပဲ စစ်တပ်က လုံခြုံရေး အပြည့် ယူထားတာ တွေ့ရပါတယ်။ မေလ ၂၄ ရက်နေ့က ဆန္ဒပြတဲ့ နေရာတွေကိုလည်း သံဆူးကြိုးတွေ ချထားပြီး ပိတ်ထားတာတွေ့ရပါတယ်။ 

စစ်ဘက်က လုံခြုံရေး တင်းကြပ်ထားကာ အခြေအနေမပေးတာကြောင့် ဆန္ဒပြသမားတွေဟာ အဆင်ပြေ သလို ချင်းမိုင်မြို့ ကျုံးပတ် လည်နေရာ
တချို့မှာ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြတာ မျိုးတော့ ရှိတာတွေ့ရပါ တယ်။ 

ထိုင်း အာဏာသိမ်း စစ်ကောင်စီက ယခင် ဝန်ကြီးချုပ် မစ္စ ယင်လတ်နဲ့ 
နီးစပ်တဲ့ ရဲချုပ်ကို လည်း ရာထူးက ဖယ်ရှားပြောင်းရွှေ့လိုက်ပြီး အခြား
ရဲမှူးကြီးတွေတော်တော်များများလည်း အလားတူ ဖယ်ရှား ပြောင်းရွှေ့ 
တာတွေ လုပ်လိုက်ပါတယ်။ 

ဧရာဝတီ
ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ်ရှင်နာဝပ်ကို မေလ ၂၅ ရက်နေ့ ညနေပိုင်းက အာဏာသိမ်း စစ်တပ် က ထိန်းသိမ်းထားရာက ပြန်လွှတ်ပေးလိုက်တယ်လို့ စီအန်အန် သတင်းဋ္ဌာနက ထုတ်ပြန်ပါတယ်။ သို့သော် လည်း နိုင်ငံခြား ထွက်ခွင့်ကိုတော့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်း နိုင်ရန်အတွက် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ် စလုံးကို စစ်ဘက်က ဖျက်သိမ်း

Photo: ထိုင်းနိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်း နိုင်ရန်အတွက် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ် စလုံးကို စစ်ဘက်က ဖျက်သိမ်း
Monday, May 26, 2014

ထိုင်းစစ်ဘက်သည် နိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းနိုင်ရန် အတွက် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးကို မေ၂၄ ရက်တွင် ဖျက်သိမ်း ခဲ့ပြီး အထက်လွှတ်တော်မှ အရေးပါသည့် အရာရှိကြီး များကို ပြောင်းလဲခန့် အပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းနိုင်ရေး အတွက် လုပ်ဆောင်ရာတွင် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ် စလုံးမှ အတည်ပြုချက် ရယူနိုင်ရေးကို ရှောင်ရှားနိုင်ရန် အတွက် ယခုကဲ့သို့ လွှတ်တော် နှစ်ရပ်စလုံးကို အစိုးရသစ် မဖွဲ့စည်းနိုင်သည့် အချိန်ကာလ အထိ ရပ်ဆိုင်း ထားခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုသ် ချန်အိုချာက ပြောကြားခဲ့သည်။

ထိုင်းစစ်ဘက်မှ အခြားရာ ထူးသို့ ပြောင်းရွှေ့ခန့်အပ် ခဲ့သူများတွင် ရဲချုပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒူလ် ဆေးဆင်ခရူးနှင့် အထူး စုံစမ်းရေး အဖွဲ့မှ အကြီးအကဲ သာရစ်ပန်ဒစ် နှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး ဗိုလ်ချုပ်ကြီး နီပက်သွန်လက်တို့ ပါဝင်ကြောင်း သိရသည်။

ရဲချုပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒူလ်ဆေး ဆင်ခရူ၊ ဗိုလ်ချုပ်ကြီးပန်ဒစ်နှင့် ဗိုလ်ချုပ်ကြီး နီပက်တို့သည် ယခင်ယာယီ အစိုးရ အဖွဲ့အား ထောက်ခံသည့် အမာခံ ပုဂ္ဂိုလ်များ ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ထိုင်းစစ်ဘက်သည် နိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းနိုင်ရန် အတွက် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးကို မေ၂၄ ရက်တွင် ဖျက်သိမ်း ခဲ့ပြီး အထက်လွှတ်တော်မှ အရေးပါသည့် အရာရှိကြီး များကို ပြောင်းလဲခန့် အပ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရေးအခြေအနေအရ စစ်တပ်က အာဏာသိမ်းယူမှုသည် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအပေါ် အကျိုးသက်ရောက်မှုမရှိဟုဆို

ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ ယိုယွင်းလာမှုနှင့်အတူ တိုင်းပြည် မငြိမ်မ သက်မှုများကြောင့် စစ်အုပ်ချုပ်ရေးကို မေ ၂၀ ရက်က ကြေညာခဲ့ပြီး မေ ၂၁ ရက်တွင် ထိုင်းစစ်ဦးစီး ချုပ် က ကြီးမှူး၍ထိုင်းပါတီကိုယ်စားလှယ်များအား ခေါ်ယူခဲ့ကာ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကိုကျင်းပ ခဲ့ကြောင်း ထိုင်းသတင်းဌာနများက အသီးသီးဖော်ပြကြသည်။

ဟိန္ဒား သတ္တုတွင်း ညစ်ညမ်းမှု တရားစွဲ

Photo: ဟိန္ဒား သတ္တုတွင်း ညစ်ညမ်းမှု တရားစွဲ
Monday, May 26, 2014

တနင်္သ࿿ာရီ တိုင်း ထားဝယ် မြို့နယ် ဟိန္ဒား သတ္တုတွင်းက စွန့်ပစ် မြေစာ တွေကြောင့် အနီး ချောင်းရိုးပေါ်က ရွာတွေမှာ ဥယျာဉ် ခြံမြေတွေ ပျက်စီးပြီး ဒေသခံတွေ ကျန်းမာရေး ထိခိုက်တဲ့ အတွက် ထားဝယ် ခရိုင် တရားရုံးမှာ အမှုဖွင့် စွဲဆိုထားတယ်။

သတ္တု တူးဖော်ရေး ဖက်စပ် လုပ်နေတဲ့ ထိုင်း ကုမ္ပဏီနဲ့ အမှတ် (၂ ) သတ္တုတွင်း လုပ်ငန်း တိုင်းနဲ့ မြို့နယ် အဆင့် တာဝန်ရှိသူ တွေကို မြောင်းပြိုရွာသား တွေက အမှုဖွင့် ခဲ့ကြတာ ဖြစ်ပါတယ်။

မူလက အစဉ်အဆက် တူးဖော်ခဲ့စဉ်က အထိအခိုက် မရှိခဲ့ဘဲ ၁၉၉၉ နောက်ပိုင်း ထိုင်း ကုမ္ပဏီနဲ့ ပူးတွဲ လုပ်ကိုင်ရာက စက်ကြီးတွေနဲ့ တူးဖော်ပြီး အပွင့်တွင်း တူးဖော်မှု တွေ လုပ်လာ ခဲ့ပြီး နောက် အနည် ပို့ချမှု ပြဿနာ ပေါ်လာ ခဲ့ပါတယ်။

အနီး ဝန်းကျင် ရွာတွေမှာလဲ ထိခိုက်မှု တွေ ရှိကြပြီး နှစ်ရှည် သီးပင်တွေ ပျက်စီး တာနဲ့ ရွာသားတွေမှာ အရေပြား ရောဂါ တွေ ခံစားကြရတယ်လို့ အမှု စွဲဆို သူ ဒေသခံ တွေက ပြောကြား ပါတယ်။

ဟိန္ဒား၊ ဟာမြင်းကြီး၊ ကန်ဘောက် စတဲ့ ထားဝယ် သတ္တုတွင်း တွေက ခဲမဖြူ၊ အဖြိုက်နက် စတဲ့ တွင်းထွက် သတ္တုတွေ တူးဖော် ရရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
တနင်္သ࿿ာရီ တိုင်း ထားဝယ် မြို့နယ် ဟိန္ဒား သတ္တုတွင်းက စွန့်ပစ် မြေစာ တွေကြောင့် အနီး ချောင်းရိုးပေါ်က ရွာတွေမှာ ဥယျာဉ် ခြံမြေတွေ ပျက်စီးပြီး ဒေသခံတွေ ကျန်းမာရေး ထိခိုက်တဲ့ အတွက် ထားဝယ် ခရိုင် တရားရုံးမှာ အမှုဖွင့် စွဲဆိုထားတယ်။

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၉၅ ရာခိုင်နှုန်း၏ ၀င်ငွေမှာ ၁၀ ဒေါ်လာအောက် လျော့နည်းနေပြီး အသေးစား ငွေကြေးလုပ်ငန်းများ အောက်ခြေအထိ ပြန့်နှံ့စေခြင်းဖြင့် အကျိုးများနိုင်ဟု သိရ

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၉၅ ရာခိုင်နှုန်း၏ ၀င်ငွေမှာ ၁၀ ဒေါ်လာအောက် လျော့နည်းနေပြီး အသေးစားငွေကြေးလုပ်ငန်းများ အောက်ခြေအဆင့်အထိ ပြန့်နှံ့အောင် လုပ်ခြင်းဖြင့် နိုင်ငံ့လူဦးရေ အများစုကို အကျိုးများစေမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP နှင့် ကုလအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ UNCDF တို့ ပူးပေါင်းကောက်ယူခဲ့သော Making Access Possible (MAP) စစ်တမ်းအရ သိရသည်။

ဟိန္ဒားသတ္တုတွင်း စီမံကိန်းကြောင့် မြောင်ပျိုကျေးရွာသားများ ပျက်စီး ဆုံးရှုံးရခြင်းတို့အတွက် သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုင်းကုမ္ပဏီ တစ်ခုတို့အား ဒေသခံများက တရားစွဲဆို

Photo: ဟိန္ဒားသတ္တုတွင်း စီမံကိန်းကြောင့် မြောင်ပျိုကျေးရွာသားများ ပျက်စီး ဆုံးရှုံးရခြင်းတို့အတွက် သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုင်းကုမ္ပဏီ တစ်ခုတို့အား ဒေသခံများက တရားစွဲဆို
Monday, May 26, 2014

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အထက်တနင်္သာရီ မြစ်ကမ်းပေါ်ရှိ ဟိန္ဒားသတ္တုတွင်းတူးဖော်ရေး စီမံကိန်းကြောင့် အနီးရှိ မြောင်ပျိုကျေးရွာသားများ၏ ပျက်စီးဆုံးရှုံးမှုများအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်သော အမှတ် (၂) သတ္တုတွင်းဝန်ကြီးဌာန သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်းကုမ္ပဏီတစ်ခုဖြစ်သော Myanmar Pongpiat Compay Ltd.(MPCL) တို့အား ဒေသခံများမှ ထားဝယ်ခရိုင် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

ဟိန္ဒားသတ္တုတွင်း စီမံကိန်းသည် မြန်မာနိုင်ငံရှိ အကြီးဆုံး သတ္တုတွင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ထိုင်းနိုင်ငံ ကုမ္ပဏီဖြစ်သော (MPCL) က ၁၉၉၂ ခုနှစ်တွင် ခဲမဖြူများကို စတင်ရယူဆောင်ရွက်ချိန်မှစ၍ ချောင်းနှင့် မြစ်များကောခြင်း၊ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ မျိုးတုံးလာခြင်း၊ စိုက်ခင်းများ၊ လူနေအိမ်များ၊ ရေတွင်းများမှာလည်း စီမံကိန်းမှ နည်းစနစ်မရှိသော စွန့်ပစ်သော ဓာတုဆိပ်သင့် စွန့်ပစ်ပစ္စည်းများနှင့် အနည်များကြောင့် ပျက်စီးခဲ့ရသည်ဟု မေ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာမီဒီယာ စာကြည့်တိုက်၌ ဒေသခံများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သိရသည်။

ထို့အပြင် ၂ဝ၁၂ ခုနှစ်တွင် အကြီးအကျယ် ရေကြီးခဲ့ပြီး မြောင်ပြိုချောင်းတစ်လျှောက် စိုက်ခင်းများ၊ လူနေအိမ်များနှင့် ရေထွက်ပင်ရင်းများ ရေလွှမ်းပျက်စီးခဲ့ကာ မြောင်ပြိုချောင်းမှာလည်း သတ္တုတွင်းစီမံကိန်းမှ စွန့်ပစ်ပစ္စည်းများ အနည်များနှင့်ပြည့်ကာ ချောင်းကောနေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ရွာက ရေတွင်းအချို့ကို စမ်းသပ်ကြည့်တော့ သုံးနှစ်အတွင်းမှာအာဆင်းနစ်နဲ့ ခဲဓာတ်ပါဝင်မှုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ထားတဲ့ အမြင့်ဆုံးအမှတ်ကို ကျော်နေပြီ။ သောက်သုံးလို့ မသင့်တော့ဘူး။ ယာတွေ ခြံတွေလည်း အကုန်ပျက်စီးနေပြီ။ အိမ်တွေ မြေမြုပ်လို့ တချို့ဆို နေလို့မရတော့ဘူး” ဟု ဒေသခံ ထားဝယ်လူမျိုး ဒေါ်တင်လှက မီဒီယာများသို့ ပြောကြားသည်။

ထိုသို့ ဒေသခံများ၏ ပျက်စီးဆုံးရှုံး နစ်နာမှုများအတွက် (MPCL) ကုမ္ပဏီနှင့် သက်ဆိုင်ရာ အစိုးရဌာနများသို့ ဖြေရှင်းပေးရန် အသိပေး တောင်းဆိုစာများ ပေးပို့ခဲ့သော်လည်း နှစ်ဖက်စလုံးမှ တာဝန်ယူရန် ငြင်းပယ်ခဲ့သဖြင့် ဒေသခံများက ထားဝယ်ရှေ့နေအဖွဲ့အား အကူညီတောင်းခံကာ ၎င်းတို့ပျက်စီးဆုံးရှုံးမှုအတွက် တရားစွဲဆိုထားကြောင်း သိရသည်။

၁၉၉၆ ခုနှစ် မြန်မာ့သတ္တုတွင်း နည်းဥပဒေ-မြေအသုံးပြုမှု နည်းဥပဒေ (၇၃) တွင် ရေသုံးစွဲမှုကြောင့် ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှု မဖြစ်စေရန် တာဝန်ယူရမည်ဟု ပါရှိကြောင်းနှင့် ဒေသခံများ အနေဖြင့်လည်း ယခင်အစိုးရနှင့် ကုမ္ပဏီအကြား ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များကို တောင်းယူကြည့်ရှုခွင့်ရရန် ကြိုးစားသင့်ကြောင်း အဆိုပါ မြောင်ပျိုဒေသရှိ သတ္တုတွင်းတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ဖူးသော အင်ဂျင်နီယာမှူး တစ်ဦးဖြစ်သူ ဦးစိန်သောင်းက သုံးသပ်ပြောကြားသည်။

မြောင်ပျိုကျေးရွာတွင် အိမ်ခြေ ၁ဝ၅ လုံးခန့်ရှိပြီး နေထိုင်သူ ၄၅ဝ ဦးခန့်ရှိပြီး ဒေသခံများ၏ အဓိက အသက်မွေးဝမ်းကြောင်းမှာ ဒူးရင်း၊ ကွမ်းသီးနှင့် ရော်ဘာစိုက်ပျိုးရေးဖြစ်ကာ တချို့မိသားစုများက ဟင်းသီးဟင်းရွက်နှင့် တနင်္သာရီမြစ်အတွင်း တစ်နိုင်တစ်ပိုင် ခဲကျင်ကြကြောင်း သိရသည်။

Eleven Media Group 

ဟိန္ဒားသတ္တုတွင်းတူးဖော်ရေး စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ရှင်းလင်းပြောကြားနေစဉ်
ဟိန္ဒားသတ္တုတွင်းတူးဖော်ရေး စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ရှင်းလင်းပြောကြားနေစဉ်
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အထက်တနင်္သာရီ မြစ်ကမ်းပေါ်ရှိ ဟိန္ဒား သတ္တုတွင်းတူးဖော်ရေး စီမံကိန်းကြောင့် အနီးရှိ မြောင်ပျိုကျေးရွာသားများ၏ ပျက်စီးဆုံးရှုံးမှုများအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်သော အမှတ် (၂) သတ္တုတွင်းဝန်ကြီးဌာန သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်း ကုမ္ပဏီ တစ်ခုဖြစ်သော Myanmar Pongpiat Compay Ltd.(MPCL) တို့အား ဒေသခံများမှ ထားဝယ်ခရိုင် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

အရပ်ဘက် လူ့အဖွဲ့အစည်း ၃၀ ကျော်က လူဦးရေ ၃၀၀၀ ကျော်ဖြင့် ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်

Photo: အရပ်ဘက် လူ့အဖွဲ့အစည်း ၃၀ ကျော်က လူဦးရေ ၃၀၀၀ ကျော်ဖြင့် ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်
Monday, May 26, 2014

နိုင်ငံရေးတက်ကြွလှုပ်သည့် အရပ်ဘက် လူ့အဖွဲ့အစည်း ၃၅ ဖွဲ့က လူဦးရေ ၃ဝဝဝ ကျော်ဖြင့် ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို မေ ၂၅ ရက် ညနေ ၃ နာရီတွင် သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့၌ ပြုလုပ်ခဲ့သည်။

ဆန္ဒပြရန်အတွက် သာကေတ ရုပ်ရှင်ရုံရှေ့နှင့် သာကေတကျောက်တိုင်တို့တွင် လူစု၍ နှစ်ဖွဲ့ခွဲကာ ဒေါပုံမြို့နယ် ဘောလုံးအားကစားကွင်းသို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက “ပုဒ်မ ၄၃၆ ချက်ခြင်းပြင်၊ ပုဒ်မ ၅၉ (စ) အလိုမရှိ၊ ပုဒ်မ ၆(စ) အလိုမရှိ” ဟု ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒို့အရေး”၊ “စစ်ကျွန်ဘဝ လွတ်မြောက်ရေး ၄၃၆ ကို ပြင်ဆင်ပေး ဒို့အရေး”၊ “တိုင်းရင်းသား တန်းတူညီမျှမှု ရရှိရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့အရေး”၊ “ဒီမိုကရေစီရရှိရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့အရေး” နှင့် “စားဝတ်နေရေး ပြေလည်ရေး အခြေခံဥပဒေပြင်ဆင်ပေး ဒို့အရေး” ဟူသော ကြွေးကြော်သံများကို ရွတ်ဆိုပြီး ဆန္ဒပြခဲ့ကြရာ လမ်းတစ်လျှောက် လက်ခုပ်တီး အားပေးသူများနှင့် စိတ်ပါဝင်စားသူများ ထပ်မံပါဝင်ခဲ့ကြသည်။

ထို့နောက် ဆန္ဒပြသည့် အဖွဲ့နှစ်ဖွဲ့မှာ ဒေါပုံမြို့နယ် အားကစားကွင်း၌ စုရုံးကြပြီး ၄၃၆ ပြင်ဆင်ရေး ဟောပြောမှုများကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်အနေနဲ့ လက်ရှိဖွဲ့စည်းပုံ အခြေအခံဥပဒေဟာ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ မပေးနိုင်ဘူးလို့ ထင်မြင်တယ်။ ဒီမိုကရေစီ အစစ်အမှန်ဆိုရင် ပြည်သူလူထုမှာပဲ အာဏာရှိရမယ်။ အခုဟာက စစ်တပ်ကို အာဏာအများဆုံးပေးထားတဲ့ ဥပဒေတွေ ပါဝင်နေတယ်။ ပြီးတော့ စပြီးရေးဆွဲကတည်းက ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်ကို ကောက်ခံခြင်းမရှိခဲ့တဲ့ ဥပဒေဖြစ်နေလို့ ဆန္ဒပြတာပါ။ ဘယ်သူ့အတွက်ရယ်ဆိုပြီး ဆန္ဒပြတာ မဟုတ်ပါဘူး။ နိုင်ငံသား အခွင့်အရေး အပြည့်အဝမရှိတဲ့ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ချင်တဲ့အတွက် အခုဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် သာကေတမြို့နယ်နေ ကိုမြင့်ဦးက ပြောကြားခဲ့သည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် အရပ်ဘက် လူ့အဖွဲ့စည်း ၃၅ ဖွဲ့မှာ Generation Wave၊ Yangon School of Political၊ We Generation၊ ဒီမိုကရေစီ အင်အားစု၊ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၊ ရန်ကုန်လူငယ်များ အစည်းရုံး၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်၊ အခြားနိုင်ငံရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့စည်းများနှင့် စိတ်ပါဝင်စားသူများ ပါဝင်ခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို ကိုယ်စားပြု၍ ခရိုင်လုံးကျွတ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြပွဲကို တရားဝင် ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲများအနက် လူအင်အားအများဆုံး ဆန္ဒပြမှုဖြစ်ခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ၄၂ မြို့နယ် ရှိသည့်အနက် ထက်ဝက်ကျော် ဆန္ဒထုတ်ဖော်ပြီးဖြစ်ကြောင်း သိရသည်။  

Eleven Media Group 

ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်နေမှုအား မေ ၂၅ ရက်က တွေ့ရစဥ
ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်နေမှုအား မေ ၂၅ ရက်က တွေ့ရစဉ်
နိုင်ငံရေးတက်ကြွလှုပ်သည့် အရပ်ဘက် လူ့အဖွဲ့အစည်း ၃၅ ဖွဲ့က လူဦးရေ ၃ဝဝဝ ကျော်ဖြင့် ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးကျွတ် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို မေ ၂၅ ရက် ညနေ ၃ နာရီတွင် သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့၌ ပြုလုပ်ခဲ့သည်။

ကြိုတင်မကြေညာဘဲ သမ္မတအိုဘားမား အာဖဂန်ရောက်ရှိ

Photo: ကြိုတင်မကြေညာဘဲ သမ္မတအိုဘားမား အာဖဂန်ရောက်ရှိ
Monday, May 26, 2014

အမေရိကန်သမ္မတ Barack Obama ဟာ တနင်္လာနေ့မှာ ကျရောက်တဲ့ Memorial Day လို့ခေါ်တဲ့ စစ်ပွဲ အတွင်း တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ စစ်သားတွေကိုအတွက် သတ်မှတ်ထားတဲ့ အောက်မေ့ဘွယ်နေ့ အားလပ်ရက်အတွင်း အာဖရန်နစ္စတန်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေထံ ကြိုတင် အကြောင်းကြားထားခြင်းမရှိဘဲ ၄ နာရီကြာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

စစ်မှုထမ်းနေကြသူတွေကို သူ့အနေနဲ့ ကျေးဇူးတင်ကြောင်းနဲ့ သူတို့ဟာ တကယ့် သူရဲကောင်းတွေဖြစ်ကြောင်း အာဖရန်နိုင်ငံ Bagram လေတပ်စခန်းအတွင်း တနင်္ဂနွေနေ့က တပ်ဖွဲ့ဝင်တွေကို ပြောကြားခဲ့ပါတယ်။
 
“ခင်ဗျားတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်မယ့်သူတွေရဲ့ရန်ကနေ အကာကွယ်ပေးခဲ့ပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်-တဲ့၊ ဒီဒေသမှာရှိနေတဲ့ al-Qaida အဖွဲ့ဟာလည်း ခင်ဗျားတို့ကြောင့် ထွက်ပြေးနေကြရပါပြီ။ ပြီးခဲ့တဲ့လအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ပြန်ကြည့်မယ် ဆိုရင်လည်း - အယ်လ်ခေဒါးအဖွဲ့က အမျိုးမျိုး ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တဲ့ကြားက သန်းနဲ့ချီတဲ့ အာဖဂန် နိုင်ငံသားတွေဟာ ကြောက်ရွံ့ခြင်းမရှိပဲ မဲရုံတွေမှာ တန်းစီပြီး မဲပေးခဲ့ကြပါတယ်လို့ ပြောသွားတာပါ။”

အာဖဂန်သမ္မတရွေးကောက်ပွဲပြီးလို့ သမ္မတသစ် တက်လာတဲ့အခါမှာ အမေရိကန်-အာဖဂန် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်းလည်း သမ္မတ အိုဘားမားက ပြောပါတယ်။

အာဖဂန်မှာရှိနေတဲ့ နိုင်ငံတကာ တိုက်ခိုက်ရေးတပ်ဖွဲ့တွေဟာ အခုနှစ်အကုန်မှာ အာဖဂန်ကနေ ထွက်ခွာ သွားကြတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ အာဖဂန်ခေါင်းဆောင်ပိုင်းက လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို လက်ခံမယ်ဆိုရင် သင်တန်းပို့ချတာနဲ့ အကြံဉာဏ် ပေးတာတွေ ဆက်လက် လုပ်ဆောင်ဖို့ ၂၀၁၄ ဒီဇင်ဘာလ နောက်ပိုင်း တပ်ဖွဲ့တချို့ ဆက်လက် ကျန်ကောင်း ကျန်ခဲ့နိုင်ပါသေးတယ်။

ဗွီအိုအေ (မြန်မာဌာန)

Memorial Day မှာ အာဖဂန်နိုင်ငံ၊ Bagram လေတပ်စခန်းကို သမ္မတ အိုဘားမားက မကြေညာဘဲသွားရောက်ခဲ့စဉ်
Memorial Day မှာ အာဖဂန်နိုင်ငံ၊ Bagram လေတပ်စခန်းကို သမ္မတ အိုဘားမားက မကြေညာဘဲသွားရောက်ခဲ့စဉ်
အမေရိကန်သမ္မတ Barack Obama ဟာ တနင်္လာနေ့မှာ ကျရောက်တဲ့ Memorial Day လို့ခေါ်တဲ့ စစ်ပွဲ အတွင်း တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ စစ်သားတွေကိုအတွက် သတ်မှတ်ထားတဲ့ အောက်မေ့ ဘွယ်နေ့ အားလပ်ရက်အတွင်း အာဖရန်နစ္စတန်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေထံ ကြိုတင် အကြောင်းကြား ထားခြင်းမရှိဘဲ ၄ နာရီကြာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒေါ်သန်းမြင့်အောင် မြန်မာ့ဂုဏ်ရည်ဆုရရှိ

Photo: ဒေါ်သန်းမြင့်အောင် မြန်မာ့ဂုဏ်ရည်ဆုရရှိ
Monday, May 26, 2014 

မြန်မာနိုင်ငံအတွင်း စေတနာ့ဝန်ထမ်း လူမှုရေးလုပ်ငန်းတွေ ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေကို သူတို့ရဲ့ လုပ်ရပ်တွေကို လေးစား ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ပြည်သူ့ဂုဏ်ရည်ဆု Citizen of Burma Award ကို ချီးမြင့်နေတာမှာ ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ရွေးချယ်ကြောင်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် Palm Beach Gardens မြို့မှာ မေလ ၂၄ ရက်နေ့က အခမ်းအနားကျင်းပပြီး ကြေညာလိုက်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုရှင်တွေကို ဆုချီးမြှင့်တဲ့အခမ်းအနားကိုတော့ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ ဇွန်လ ၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးနေသူ တဦးဖြစ်သလို သူမကိုယ်တိုင်ကလည်း တခြား လူမှုရေးလုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေသူ တဦးဖြစ်ပါတယ်။

အခုနှစ်အတွက် ဆုပေးရွေးချယ်ဖို့ အမည်စာရင်း တင်သွင်းခံရသူတွေထဲက ဆရာမ ဒေါ်သန်းမြင့်အောင်ကို ရွေးချယ်လိုက်တာဖြစ်ပြီး ပြည်သူ့ဂုဏ်ရည် အထူးဆုရှင်တွေအဖြစ် တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ယက်က မခင်နှင်းကြည်သာ၊ ပန်းစကားအဖွဲ့နဲ့ One More အဖွဲ့တို့ကို ရွေးချယ်ခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပထမဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ နာရေးကူညီမှုအသင်း စတင်တည်ထောင်သူ၊ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူ ချီးမြှင့်ခံခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာတော့ ထောင်ဝင်စာတွေ့မယ့်သူ မရှိတဲ့ အကျဉ်းသားတွေကို ထောင်ဝင်စာထုတ်တွေ လိုက်လံ ဝေပေးခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ရှု၊ လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်အပါအ၀င် တခြား ပရဟိတလုပ်ငန်းတွေ လိုက်လံ ဆောင်ရွက်ပေးနေတဲ့ Kachinland သတင်းဌာနက လဖိုင်နော်မိန်းနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပညာရေးကွန်ယက်အဖွဲ့တို့ တနှစ်စီ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
မြန်မာနိုင်ငံအတွင်း စေတနာ့ဝန်ထမ်း လူမှုရေးလုပ်ငန်းတွေ ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေကို သူတို့ရဲ့ လုပ်ရပ်တွေကို လေးစား ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ပြည်သူ့ဂုဏ်ရည်ဆု Citizen of Burma Award ကို ချီးမြင့်နေတာမှာ ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ရွေးချယ်ကြောင်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် Palm Beach Gardens မြို့မှာ မေလ ၂၄ ရက်နေ့က အခမ်းအနားကျင်းပပြီး ကြေညာလိုက်ပါတယ်။

ယူကရိန်းရွေးကောက်ပွဲရလဒ် Poroshenko ရှေ့ပြေး

Photo: ယူကရိန်းရွေးကောက်ပွဲရလဒ် Poroshenko ရှေ့ပြေး
Monday, May 26, 2014 

တနင်္ဂနွေနေ့လုပ်တဲ့ ယူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲ ထွက်လာတဲ့ နောက်ဆုံး ရလဒ်တွေမှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ချော့ကလက်လုပ်ငန်းရှင် ကုဋေကြွယ်သူဌေး Petro Poroshenko က အနိုင်ရနေပါတယ်။

မဲရလဒ်တွေအရ Poroshenko ဟာ မဲပေးသူ ၅၆ ရာခိုင်နှုန်းရဲ့ မဲတွေရထားပြီး ၀န်ကြီးချုပ်ဟောင်း Yulia Tymoshenko ဟာ ၁၃ ရာခိုင်နှုန်းနဲ့ ဒုတိယလိုက်နေပါတယ်။ မဲရလဒ် အပြည့်အစုံကတော့ တနင်းလာနေ့မှာ ထွက်လာမယ် မျှော်လင့်ရပါတယ်။

နိုင်ငံရဲ့အရှေ့ခြမ်းမှာတော့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက မဲရုံတွေကို ပိတ်ဆို့ပြီး ရွေးကောက်ပွဲ ပျက်အောင် ခြိမ်းခြောက်နေပေမယ်လို့ ယူကရိန်းအစိုးရကတော့ ဒီရွေးကောက်ပွဲကို ဆက်လုပ်ဖို့ ပိုင်းဖြတ်ခဲ့ပါတယ်။

ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ Donetsk မြို့မှာတော့ မဲရုံတွေ မဖွင့်နိုင်ခဲ့ပါဘူး။ Donetsk ဒေသ တခုလုံးမှာတော့ ရှားရှားပါးပါး မဲပေးသူ အရေအတွက် ၁၆ ရာခိုင်နှုန်းပဲ ရှိတယ်လို့ သတင်းရပါတယ်။ အကြမ်းဖက်မှုတွေနဲ့ ရန်ပြုမှုတွေကြားကနေ ယူကရိန်းပြည်သူတွေဟာ သူတို့ သဘောဆန္ဒ ထုတ်ဖော်နိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောပါတယ်။

ယူကရိန်းပြည်သူတွေအနေနဲ့ သူတို့ခေါင်းဆောင်ကို သူတို့ ရွေးချယ်ခွင့်ရဖို့၊ ဒီမိုကရေစီစနစ်မှာ နေထိုင်ခွင့်ရဖို့ အကြိမ်ကြမ်ပြသခဲ့ပြီးဖြစ်တယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းသမ္မတသစ်နဲ့ ရွေးချယ်ခံလွှတ်တော်နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရားဝင်မှုအပေါ် သံသယဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာက ပြောခဲ့ပေမယ့်လို့ ဒီရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမယ်ဆိုတာကိုတော့ကတိပေးထားပါတယ်။

ယူကရိန်းသမ္မတသစ်အနေနဲ့ ယူကရိန်းအရှေ့ဖက်ခြမ်းက ခွဲထွက်ရေး သမားတွေကို စစ်ရေးနှိမ်နင်းမှုတွေ အဆုံးသတ်လိမ့်မယ်လို့လည်း သူမျှော်လင့်တဲ့အကြောင်း ရုရှားသမ္မတက ပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ယူကရိန်းရဲ့ စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံရေးသမား၊ သမ္မတ ကိုယ်စား လှယ်လောင်း မစ္စတာ Petro Poroshenko မဲရလဒ်တွေ ကြေညာနေသော ဆိုင်းဘုတ်ရှေ့မှာ စကားပြောနေစဉ်။ (မေ ၂၅၊ ၂၀၁၄)
ယူကရိန်းရဲ့ စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံရေးသမား၊ သမ္မတကိုယ်စားလှယ်လောင်း မစ္စတာ Petro Poroshenko မဲရလဒ်တွေ ကြေညာ နေသော ဆိုင်းဘုတ်ရှေ့မှာ စကားပြောနေစဉ်
တနင်္ဂနွေနေ့လုပ်တဲ့ ယူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲ ထွက်လာတဲ့ နောက်ဆုံး ရလဒ်တွေမှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ချော့ကလက်လုပ်ငန်းရှင် ကုဋေကြွယ်သူဌေး Petro Poroshenko က အနိုင်ရနေပါတယ်။

အာဖဂန် စစ်ပွဲပြီးဆုံးပြီဖြစ်ကြောင်း အိုဘားမားပြော

Photo: အာဖဂန် စစ်ပွဲပြီးဆုံးပြီဖြစ်ကြောင်း အိုဘားမားပြော
Monday, May 26, 2014 

အမေရိကန် စစ်သားတွေကို သမ္မတမိန့်ခွန်းပြောရာမှာ သမ္မာကျမ်းစာထဲက ကိုးကားချက်တွေများပြီး စက်တင်ဘာ ၁၁ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန အတိုက်ခံရစဉ်က မီးလောင် ထားပေမယ့် မပျက်စီးတဲ့ အမေရိကန် အလံ အကြောင်းနဲ့ နိဂုံးချုပ်ခဲ့ပါတယ်။ ဒီမိန့်ခွန်းက အာဖဂန်မှာ အမေရိကန်က လာဆင်နွှဲတဲ့ စစ်ပွဲအခုအခါ သူ့အဆိုအရ တာဝန်ယူမှုတွေနဲ့အတူ ပြီးဆုံးပြီဆိုတာပြဖို့ဖြစ်ပါတယ်။

အာဖဂန်နိုင်ငံမှာ အရေးကြီးတဲ့ အချိန်ကျရောက်နေပြီဖြစ်ကြောင်း အမေရိကန်တပ်ဖွဲ့တွေက Al Qaeda ကို နှိမ်နင်းခဲ့သလို တာလီဘန်တို့အရဲ့အရှိန်ကိုလည်း အာနည်းအောင်လုပ်နိုင်တယ်လို့ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေး ပညာရေးပိုကောင်းလာပြီး တောင့်တင်းခိုင်မာတဲ့ အာဖဂန်စစ်တပ်ကိုလည်း အမွေထားခဲ့နိုင်တယ်လို့ သမ္မတကပြောပါတယ်။ အခုစစ်ပွဲမှာ ဒဏ်ရာရတဲ့ စစ်သားတွေကို ကုသမှုနဲ့ပတ်သက်လို့ အမေရိကန်မှာ ပစ်တင်ဝေဖန် ခံနေရတုန်း အခုလို ရုတ်တရက်ရောက် လာတာဖြစ်ပါတယ်။ စစ်ပြန်တွေကို အလုပ်အကိုင် ရှာပေးမယ် ဒဏ်ရာရသူတွေကိုလည်း အပြောမဟုတ်ဘဲ တာဝန်အရ ပြန်ပြုစုမယ်လို့သမ္မတက ပြောတဲ့အခါ တက်ရောက်သူတွေက အကြီးအကျယ် သြဘာပေးခဲ့ကြပါတယ်။

နောက်နှစ်လအတွင်းရာထူးက ဆင်းပေးတော့မယ့် သမ္မတကာဇိုင်က လေတပ်ကို လာဖို့ငြင်းတဲ့အတွက် အိုဘားမားနဲ့မတွေ့ဖြစ်ပါဘူး။ သူဟာအမေရိကန်စစ်တပ်ကို နောက်ဆုံးအချိန်အထိ အပြင်းအထန်ဝေဖန်သွားပါတယ်။ လာမယ့်လအတွင်း အာဖဂန်ရွေးကောက်ပွဲ ဒုတိယအကြော့မှာပါမယ့် သမ္မတလောင်း၂ယောက်လုံးကတော့ ထိ အမေရိကန်တပ်ဖွဲ့အင်အား၁၀ဝ၀ဝ ကနေ ၁၅၀ဝ၀ဝအထိရှိမယ့် အင်အားသေးတဲ့ တပ်ဖွဲ့ လာမယ့်နှစ်မှာ ဆက်ထားဖို့ လုံခြုံရေး စာချုပ်လက်မှတ်ထိုးမယ်လို့ ကတိပြုထားကြောင်း အာဖဂန်ရှိ ဘီဘီစီသတင်းထောက် ကသတင်းပို့ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အာဖဂန်ရောက် သမ္မတအိုဘားမား
အာဖဂန်ရောက် သမ္မတအိုဘားမား
အမေရိကန် စစ်သားတွေကို သမ္မတမိန့်ခွန်းပြောရာမှာ သမ္မာကျမ်းစာထဲက ကိုးကားချက်တွေများပြီး စက်တင်ဘာ ၁၁ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန အတိုက်ခံရစဉ်က မီးလောင် ထားပေမယ့် မပျက်စီးတဲ့ အမေရိကန် အလံ အကြောင်းနဲ့ နိဂုံးချုပ်ခဲ့ပါတယ်။ ဒီမိန့်ခွန်းက အာဖဂန်မှာ အမေရိကန်က လာဆင်နွှဲတဲ့ စစ်ပွဲအခုအခါ သူ့အဆိုအရ တာဝန်ယူမှုတွေနဲ့အတူ ပြီးဆုံးပြီဆိုတာပြဖို့ဖြစ်ပါတယ်။

ပူစပ်သည့် ဟင်းလျာများ စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုရှည် စေနိုင်ဟု သိပ္ပံ ပညာရှင်များ ပြောကြား

Photo: ပူစပ်သည့် ဟင်းလျာများ စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုရှည် စေနိုင်ဟု သိပ္ပံ ပညာရှင်များ ပြောကြား
Monday, May 26, 2014  

ပူစပ်သည့် ဟင်းလျာများကို စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုမိုရှည်လျား စေနိုင်သည်ဟု လေ့လာတွေ့ရှိချက် စာစောင် တစ်ခုတွင် ရေးသားဖော်ပြ ထားသည်။

ပူစပ်သည့် ဟင်းလျာများတွင် ပါဝင်သော ငရုတ်သီးများ၏ နာကျင်မှုကို ဟန့်တားနိုင်စွမ်းရှိသည့် စွမ်းရည်သည် လူ့ဘဝ သက်တမ်းကို ပို၍ ရှည်စေကြောင်း သိပ္ပံ ပညာရှင်များက ပြောကြားထားပြီး ကြွက်များတွင် စမ်းသပ် မှု ပြုလုပ်ပြီးနောက် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တိရစ္ဆာန် များတွင် နာကျင်မှုဒဏ်ကို ခံစားနိုင်သည့်ျTRPV1 ပရိုတင်းကို မထုတ်လုပ် နိုင်ခြင်းသည် ၎င်းတို့ ပို၍ အသက်ရှည်ရသည့် အကြောင်းရင်း ဖြစ်နိုင်သည်ဟု ယူဆ ရကြောင်း၊ တိရစ္ဆာန်များသည် လူသားများထက် ပို၍ ကျန်းမာမှု ရှိသည့်အပြင် ၁၄ ရာခိုင်နှုန်းခန့် ပို၍ အသက်ရှည်ကြကြောင်း သိပ္ပံပညာရှင် များက ပြောကြားသည်။

ထို့ကြောင့် နာကျင်သည့် ခံစားမှု အချက်ပြ မှုများအား ဦးနှောက်သို့ ပေးပို့မှုကို ဟန့်တား နိုင်စွမ်းရှိသည့် ငရုတ်သီးများ၏ စွမ်းရည်ကြောင့် အစပ်ချက်ထားသော ဟင်းလျာများကို စားသုံးသူများသည် သက်တမ်း ပို ရှည်နိုင်ကြောင်း၊ ထို့အပြင် ထိုကဲ့သို့ စားသုံးခြင်းသည် အဝလွန်ခြင်းနှင့် ဆီးချို ရောဂါများကိုလည်း ကာကွယ် ပေးနိုင် သည်ဟု ယူဆ ရကြောင်း သိပ္ပံပညာ ရှင်တစ်ဦးဖြစ်သူ အန်ဒရူး ဒိုင်လန်က ပြောကြားသည်။

မြ၀တီ
ပူစပ်သည့် ဟင်းလျာများကို စားသုံးခြင်းသည် လူ့သက်တမ်းကို ပိုမိုရှည်လျား စေနိုင်သည်ဟု လေ့လာတွေ့ ရှိ ချက် စာစောင် တစ်ခုတွင် ရေးသားဖော်ပြ ထားသည်။