ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အေပြီလအတွင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ၌ ထိခိုက်ဒဏ်ရာရရှိခဲ့သော KIA တပ်ဖွဲ့ဝင်များသည် မေ ၂၀ ရက်နေ့မှ စ၍ နေရပ်အသီးသီးသို့ ပြန်လာရပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
Thursday, 22 May 2014
အပယ်ခံ KIA တပ်ဖွဲ့ဝင်များ နေရပ်ပြန်ရပြီ
ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အေပြီလအတွင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ၌ ထိခိုက်ဒဏ်ရာရရှိခဲ့သော KIA တပ်ဖွဲ့ဝင်များသည် မေ ၂၀ ရက်နေ့မှ စ၍ နေရပ်အသီးသီးသို့ ပြန်လာရပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
တနင်္သာရီတိုင်းတွင် နေ့စားလပေး မူလတန်းပြဆရာမ ၁၂၀၀ ကျော်ခန့်မည်
အခြေခံပညာ မူလတန်းကျောင်း ၇၀၀ ကျော်ရှိသော တနင်္သာရီတိုင်းဒေသကြီး ၌ ယခုနှစ် အတွင်း နေ့စားလပေး မူလတန်းပြ ဆွဲခန့် ဆရာ၊ ဆရာမ ၁၂၀၀ ကျော်ကို ခန့်အပ်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေး ညွန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်နှင့် ယာဉ်မောင်းကို ထိန်းချုပ်ပေးနိုင်သောစနစ် အဝေးပြေး ယာဉ်များတွင် တပ်ဆင်မည်
အဝေးပြေး အမြန်လမ်းမကြီးများပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် ယာဉ်မတော် တဆ မှုများ ဖြစ်ပေါ်ကာ လူအများအပြား သေဆုံးမှုများ ဖြစ်ပေါ် လျက် ရှိရာ အဝေးပြေး ယာဉ်လိုင်းအချို့သည် ဂြိုဟ်တုနှင့် ချိတ်ဆက်ကာ အဝေးပြေးယာဉ်နှင့် ယာဉ်မောင်းကို ထိန်းချုပ်၊ ညွှန်ကြားပေးနိုင်သော B-smart GPRS network system အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း JJ express အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အူရီဒူးဆင်းမ်ကတ်များဝယ်ယူရန် အခမဲ့လျှောက်လွှာ တင်ခွင့်ပေးထားသော်လည်း ကုမ္ပဏီ၏ အရောင်းကိုယ်စားလှယ် ဟန်ဆောင်ကာ အခကြေးငွေတောင်းယူသူများရှိနေ
ရန်ကုန်၊ အူရီဒူးဆက်သွယ်ရေးကုမ္ပဏီ
ထုတ်ဆင်းမ်ကတ်များဝယ်ယူရန် ကြို တင်စာရင်းပေး လျှောက် လွှာဖြည့် ရာ တွင်
အခမဲ့ လျှောက်လွှာတင်ခွင့်ပေး ထားသော်လည်း အူရီဒူးဆက်သွယ်ရေး ကုမ္ပဏီ၏
အရောင်းကိုယ်စားလှယ် ဟန်ဆောင်ကာ အခကြေးငွေတောင်း ယူသူများရှိနေကြောင်း
သိရသည်။
ဆင်းရဲသူတွေအတွက် အစိုးရက လစာ၂၅ရာနှုန်းလှူမယ်
ဆင်းရဲတဲ့ ပြည်သူတွေအတွက် လစာထဲက ငွေလှူကြဖို့ သမ္မတ ဦးသိန်းစိန်က ဝန်ကြီး တွေကို အကြံပြုစဉ်
ဆင်းရဲ ချို့တဲ့တဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေး လိုအပ်ချက်တွေ ထောက်ပံ့ဖို့ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့က လစာ၂၅ရာခိုင်နှုန်း ထည့်ဝင် လှူဒါန်းသွားမယ်လို့ သိရပါတယ်။
မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းအန္တရာယ် သတိပြုရန်လိုဟု မိုး/ဇလ ဆို
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အဝါရောင် အဆင့်ရှိ မုန်တိုင်းငယ် သည် မေလ၂၁ ရက်နေ့မှ နောက် ၂ ရက်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် ကမ်းခြေဘက်သို့ ဦးတည် ရွေ့ လျားနိုင်ခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသ အနေနှင့် အထူးသတိပြုရမည့် အခြေအနေ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
ပါလက်စတိုင်းနှင့် ပွဲတွင် ကစားအချို့ အိပ်ပျော်နေဟု အေဗရာမိုဗစ် ပြင်းပြင်း ထန်ထန် ဝေဖန်
AFC Challenge Cup အုပ်စု ဒုတိယပွဲတွင် ပါလက်စတိုင်း အသင်းကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ပွဲ၌ မြန်မာ ကစားသမား အချို့မှာ ပွဲကစားရင်း အိပ်ပျော် နေသည် ဟု မြန်မာ အသင်း နည်းပြချုပ် အေဗရာမိုဗစ်က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြား ခဲ့သည်။
မေလအတွင်း ဖုန်းဆင်းမ်ကတ် လေးသိန်း ချပေးမည်
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူသည် ၈ ဒသမ ၄၅ သန်းအထိ ရောက်ရှိနေပြီး မေလအတွင်း တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် လေးသိန်း ထပ်မံချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးက မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့ရာ အသုံးပြု သူ ၈ ဒသမ ၈၅ သန်းအထိ ရောက်ရှိလာနိုင်မည်ဖြစ်သည်။
အမြန်လမ်းတွင် လမ်းနံရံထိန်းများနှင့် အရှိန်နှုန်းတိုင်း ကင်မရာများ တပ်ဆင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ
ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပေါ်နေသော ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လမ်းနံရံထိန်း (Guard Rail) များနှင့် အရှိန်နှုန်းတိုင်း ကင်မရာများတပ်ဆင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အိတ်ဖွင့် တင်ဒါ ခေါ်ယူထားသည်။
မကြာမီ မြဝတီ ကုန်သွယ်ရေး စခန်းတွင် စားသောက်ကုန် ဓာတ်ခွဲခန်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိ
မြန်မာ-ထိုင်းနယ်စပ် မြဝတီ ကုန်သွယ်ရေး စခန်းတွင် အစားအသောက်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဆေး ဝါးများ ကို စစ်ဆေးနိုင်ရန် အတွက် မီနီလတ် ဓာတ်ခွဲခန်း အသေးစားကို မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန(FDA) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် ဖက်ဒရယ် ဖွင့်ဆိုချက် ထည့်ရန် တပ်မတော် သဘောတူ
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေး ရာ၌ အဓိက ကွဲလွဲမှုတစ်ရပ် ဖြစ်နေသော ဖက်ဒရယ်စနစ် ဖွင့်ဆိုချက်ကို တပ်မတော်က သဘောတူ လက်ခံလိုက်ပြီ ဖြစ်ကြောင်း တိုင်းရင်းသားများ ကိုယ်စားပြု အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် များက ပြောကြားသည်။
ဗြိတိန်နိုင်ငံမှ သယံဇာတ လေ့လာသည့်အဖွဲ့ ရှမ်းပြည်နယ်သို့ သွားရောက်လေ့လာမည်
သဘာဝသယံဇာတအရင်းအမြစ်များ တူးဖော်ထုတ်ယူသုံးစွဲရေးဆိုင်ရာ ပွင့်လင်း မြင်သာမှုဖော်ဆောင်ရေး (EITI) မြန်မာအဖွဲ့က ဖိတ်ကြားချက်ဖြင့် အဖွဲ့ဝင် လေးဦးပါသည့် ဗြိတိန်အခြေစိုက် (Adam Smith International) အဖွဲ့က မြန်မာနိုင် ငံအတွင်းရှိ သဘာဝသယံဇာတ ပေါကြွယ်ဝ သည့် ပြည်နယ်နှင့် တိုင်းများကို လေ့လာလျက်ရှိရာ ယခုအကြိမ်တွင် ရှမ်းပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ကျောင်းများကို ဒေါ်လာသန်း ၈၀ ကမ္ဘာ့ဘဏ်ကူညီ
မြန်မာနိုင်ငံရှိ ကျောင်းသူကျောင်းသား ၈ ဒသမ ၂ သန်း တက်ရောက် ပညာသင်ကြားနေသည့် စာ သင်ကျောင်း များ သို့ ကျောင်းရန်ပုံငွေထောက် ပံ့ခြင်း အစီအစဉ်နှင့် ဆင်းရဲနွမ်းပါးသော ကျောင်းသူကျောင်း သား တစ်သိန်းခန့်အား ပညာသင်ထောက်ပံ့ပေးခြင်း အစီအစဉ်များကို တိုးချဲ့ဆောင်ရွက်နိုင်ရန် မြန်မာ အစိုးရအား ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာသန်း ၈၀ ကူညီသွားမည်ဖြစ်ကြောင်း မေလ ၂၁ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။
လယ်ယာမြေပြဿနာများကြောင့် တိုင်းပြည်ဆူပူလာမည်ကို ဦးအောင်သိန်းလင်း အလွန်ကြောက်ရွံ့
နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေသည့် သိမ်းဆည်း လယ်ယာမြေပြဿနာများကို အစိုးရက မြန်မြန်ဆန်ဆန် ဖြေ ရှင်းပေးနိုင်မည် မဟုတ်သည့်အတွက် တိုင်းပြည်ဆူပူမှုဖြစ်လာမည်ကို ကြောက်ရွံ့နေရသည် ဟု ပြည်ထော င် စု လွှတ်တော်၏ လယ်ယာမြေ စုံစမ်းရေးကော်မရှင်မှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်း က မဇ္ဈိမကို ပြောဆိုလိုက်သည်။
လွှတ်တော် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ကျပ် သုံးသိန်း ပြောင်းလဲ သတ်မှတ်
ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ မှတ်ပုံတင်ကြေးကို မူလ ကျပ်ငွေငါးသိန်း သတ်မှတ်ထားရာမှ ကျပ်ငွေသုံးသိန်းသို့ လျှော့ချ သတ်မှတ်လိုက်ကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။
သောက်ရေကို မိမိတို့ အသက်ရှူနေသော လေထဲမှ ထုတ်ယူ၍ ရပြီ
အစ္စရေးကုမ္ပဏီဖြစ်သော Water-Gen သည် လေထုထဲမှ သောက်ရေကို ထုတ်ယူသော စက်တစ်မျိုးကို တီထွင်လိုက်ရာ အစ္စရေး စစ်တပ်မှ အသုံးပြုလျက်ရှိသည်။
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်
ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၃၄ဝ ခန့်၊ မြန်မာနိုင်ငံ ဂွမြို့၏ အနောက်တောင်ဘက် မိုင် ၂၆ဝ ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် ၂၅၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ မုန်တိုင်း ငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။
မြန်မာ့နိုင်ငံရေးကို ဦးခင်ညွန့် စောင့်ကြည့်နေ
မြန်မာပြည် နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေပါတယ် လို့ ဦးခင်ညွန့်က ပြောဆိုကြောင်း မဇ္ဈိမ သတင်းစာ မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖော်ပြထားပါတယ်။
ဂြိုလ်သားတွေရဲ့ UFO ယာဉ်တစီး ပျက်ကျတယ်လို့ ဒေသခံတွေပြော
အာကာသထဲက ကျလာတဲ့ ပစ္စည်း ၃ ခုဟာ တရုတ်နိုင်ငံ၊ ဟိုင်လောင်ဂျန်း ခရိုင်က မြေပြင်ကို ရိုက်ခတ် ကာ ကြီးမားတဲ့ ပေါက်ကွဲ သံကြီး တခု ပြီးခဲ့တဲ့ သောကြာနေ့က ကြားခဲ့ရပြီး ရွာသားတွေက ဒါဟာ ဂြိုလ် သားတွေ စီးတဲ့ အမည်မသိယာဉ်ပျံ ( UFO ) ပျက်ကျခဲ့တာလို့ ပြောဆို ယူဆနေကြပါတယ်။
နှစ်နိုင်ငံနယ်စပ်တွင် ခိုအောင်းနေသည့် RSO သောင်းကျန်းသူအဖွဲ့အား ပူးပေါင်းနှိမ်နင်းရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
နှစ်နိုင်ငံ နယ်စပ်တွင် ခိုအောင်းနေသည့် RSO သောင်းကျန်းသူအဖွဲ့အား ပူးပေါင်းနှိမ်နင်းရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေး အရာရှိများ၏ အလံတင်ဆွေးနွေးပွဲအား နယ်စပ်မှတ်တိုင် ၅၀ တွင် မေ ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)