ကိုရီးယားမှာ ကြော်ငြာ ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်အမေရိကန်နိုင်ငံ ကို ၃ ပတ် အလည် သွားခဲ့ပြီး ကိုရီးယား မှာ ၁၁ ရက်လောက် ကြော်ငြာ များသွား ရောက် ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်က မတ်လ ၁၃ ရက်နေ့ က မြန် မာနိုင်ငံ ကိုရောက်ရှိ လာခဲ့ပါတယ်။ အမေရိက ကို အလည် သွားဖြစ်ခဲ့ပုံနဲ့ ကိုရီးယား မှာ ကြော်ငြာ ရိုက်ကူး မှု အတွေ့အကြုံ များကို မိုးစက်ဝိုင်က..
Friday, 28 March 2014
ကိုရီးယားမှာ ကြော်ငြာ ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်
ကိုရီးယားမှာ ကြော်ငြာ ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်အမေရိကန်နိုင်ငံ ကို ၃ ပတ် အလည် သွားခဲ့ပြီး ကိုရီးယား မှာ ၁၁ ရက်လောက် ကြော်ငြာ များသွား ရောက် ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်က မတ်လ ၁၃ ရက်နေ့ က မြန် မာနိုင်ငံ ကိုရောက်ရှိ လာခဲ့ပါတယ်။ အမေရိက ကို အလည် သွားဖြစ်ခဲ့ပုံနဲ့ ကိုရီးယား မှာ ကြော်ငြာ ရိုက်ကူး မှု အတွေ့အကြုံ များကို မိုးစက်ဝိုင်က..
KNU လက်အောက်ခံ ဖာပွန်ခရိုင်အနေနှင့် သန်းခေါင်စာရင်း ကောက်ခံမှုကို KNU ဗဟို၏ ဦးဆောင်မှုဖြင့် မိမိဖာသာ ကောက်ခံမည်
ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ဖာပွန်ခရိုင်အနေနှင့် သန်းခေါင်စာရင်း ကောက်ခံမှုကို KNU ဗဟို၏ ဦးဆောင်မှုဖြင့် မိမိဖာသာ ကောက်ခံမည်ဟုသိရသည်။
၁၀၀ မဂ္ဂါဝပ်ထွက် သဘာဝဓာတ်ငွေ့သုံး စက်ရုံ ဧပြီလအတွင်း အပြီးတည်ဆောက်မည်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှ ရရှိမည့် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်မည့် ၁၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားပေး စက်ရုံကို မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် တောမကျေးရွာတွင် ဧပြီလအတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာဌာန တိုင်း လျှပ်စစ်အင်ဂျင် နီယာ က ပြောကြားသည်။
Samsung အမှတ်တံဆိပ် Galaxy S5 ဖုန်းနှင့်,Gear 2,Gear Fit တို့အား ဧပြီလ ၁ရက်နေ့မှ ၉ ရက်နေ့အထိPre Order ရယူနိုင်မည်ဖြစ်ပြီး ဧပြီလ ၂၁ ရက်နေ့တွင်စတင်ရောင်းချမည်Pre Order မှာယူထားသူများကို သာ ဦးစားပေးရောင်းချသွားမည်
ပြည်တွင်းဈေးကွက်သို့ မကြာမီရောက်ရှိတော့မည့် ရေစိုခံတန်းမြင့် စမတ်ဖုန်း တစ်လုံးဖြစ်သည့ှ်Samsung Galaxy S5 အား လက်တွေ့စမ်းသပ်ပြသ မိတ်ဆက်သည့် ပွဲအား ယနေ့ မတ်လ ၂၈ ရက်နေ့တွင် ပန်းလှိုင်ဂေါက်ကွင်း တွင်ကျင်းပခဲ့ပြီး အဆိုပါပွဲတွင် Galaxy S5 ၊၄င်းနှင့်တွဲဖက် အသုံးပြုနိုင်သည့်
“ နွားကွဲရင် ကျားဆွဲမယ်”
၂၀၁၀ ခုနှစ်နောက်ပိုင်းမှစပြီး မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ၀င်နှင့် အစ္စလာမ်ဘာသာဝင်များအကြား အဓိကရုန်းများဆက်တိုက်ဆိုသလိုဖြစ်ပေါ်လာခဲ့ပါတယ်။ရခိုင်ပြည်နယ်ကျောက်နီမော်မှ ရခိုင်အမျိုးသမီး တစ်ဦကို အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီများကမုဒိန်းကျင့် သတ်ဖြတ် ခဲ့ခြင်းမှစတင်ကာ ရခိုင်နဲ့ ဘင်္ဂလီတွေ အကြားပြသာနာတွေဖြစ်ပွား ခဲ့ပါတယ်။၎င်းမှတဆင့်မြန်မာနိုင်ငံအနှံ့ရှိဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ် ဘာသာဝင်အ ကြားပြသာနာများဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဘာသာရေပဋိပက္ခ အသွင်ဖြစ်လာခဲ့ သည်။ ပြသနာဖြစ်လိုက်တိုင်း အစပြုသည်မှာ အစ္စလာမ်ဘာသာဝင်များသာဖြစ်သည်ကိုတွေ့ရှိရပါတယ်။
ပျောက်ဆုံးနေသော ဆေးကျောင်းသား ငမိုးရိပ်ချောင်းအတွင်း အလောင်းပြန်တွေ့
ဗိုလ်တထောင်မြို့နယ် အမှတ် (၉) ရပ်ကွက်၊ ၄၆ လမ်းတွင် နေထိုင်သူ ဆေးတက္ကသိုလ်(၁) ရန်ကုန် ၌ နောက်ဆုံးနှစ် တက်ရောက်နေသော အသက် ၂၀ အရွယ် ကျောင်းသားတစ်ဦး တစ်ပတ်ကြာ ပျောက် ဆုံးနေရာမှ မတ်လ ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၂၇) ရပ်ကွက် အနီး ငမိုးရိပ်ချောင်း ရေပြင်တွင် အလောင်းပြန်တွေ့ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
ရုရှားသမ္မတ ပူတင်အပေါ် လူထုထောက်ခံမှု ၈၀ ရာခိုင်နှုန်းထိ ရောက်ရှိ
ရုရှားသမ္မတ ဗလာဒီမာပူတင် အပေါ် လူထုထောက်ခံမှုနှုန်းမှာ ၈၀ ရာခိုင်နှုန်းထိ ရောက်ရှိနေပြီး နိုင်ငံမှာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေသည်ဟု နိုင်ငံသား အများစုက ယုံကြည်နေကြောင်း Levada စစ်တမ်း ကောက်ယူမှု တစ်ရပ်ကို ကိုးကား RIA Novosti သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ အိုဘားမားနှင့် ပုပ်ရဟန်းမင်းကြီး ပထမဆုံးအကြိမ် တွေ့ဆုံ
အမေရိကန်သမ္မတ အိုဘားမားနှင့် ပုပ်ရဟန်းမင်းကြီးတို့ ပထမဆုံး အကြိမ်ဖြစ် တွေ့ဆုံလျက်ရှိပြီး အိုဘားမား ၏ ဥရောပခရီးစဉ်မှာ ယူကရိန်းအရေးသာ အဓိကလွှမ်းမိုးနေကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။
ယာဉ်မောင်းသက်တမ်း အောင်မင်္ဂလာတွင်တိုးနိုင်
ယာဉ်မောင်းလိုင်စင်သက်တမ်း တိုးခြင်းပြုလုပ်သူများ အလုပ်အကိုင် မပျက်လုပ်ဆောင်နိုင်စေရန် အောင် မင်္ဂလာအဝေးပြေးဝင်းရှိ ပို့ဆောင် ရေးစီမံကိန်းဦးစီးဌာန (ပို့/ဆက်) အောင်မင်္ဂလာရုံးခွဲတွင် လာရောက် ပြု လုပ်နိုင်ကြောင်း သိရသည်။
ဇောတိက ကနေ သဘာဝဓာတ်ငွေ့ တနေ့ ကုဗပေ သန်း ၁၀၀ ရတော့မည်
ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီနဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ ဖက်စပ် အကောင်အထည်ဖော် တဲ့ ဇောတိက ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကနေ မြန်မာနိုင်ငံအတွက် လက်ရှိ တနေ့ ကုဗပေ သန်း ၅၀ ပို့လွှတ်ရာကနေ လာမယ့် ဧပြီ ၁ ရက်နေ့ကစ ကုဗပေ သန်း ၁၀၀ ပေးတော့မယ်လို့ PTTEP ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ်တွင် ကျည်ဆံဟောင်းတလုံးပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးသေဆုံး
ကရင်ပြည်နယ် ဘားအံမြို့နယ် အိမ်တဲကျေးရွာမှာ မတ်လ ၂၂ ရက်နေ့က မပေါက်ကွဲသေးတဲ့ ၄၀ မမ ကျည်ဆံဟောင်းတလုံးကို ကလေးငယ်တွေက ကစားရင်း ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရရှိခဲ့ပါတယ်။
အိန္ဒိယသမုဒ္ဒရာအတွင်း အပိုင်းအစ ၃၀၀ ကျော် ထိုင်းဂြိုဟ်တုမှ တွေ့ရှိ MH 370 လေယာဉ်ဟု ယူဆရ
အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း ရေပြင်ပေါ်တွင် အပိုင်းအစများ ၃၀၀ ခန့် တွေ့ရှိရသည်ဟု ထိုင်းဂြိုဟ်တု တစ်လုံးက မှတ်တမ်းတင်နိုင်ခဲ့ရာ မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံးလေယာဉ် MH 370 ဟု ယူဆကာ ယင်းနေရာကို ရှာဖွေရန် ရှိကြောင်း BBC သတင်းတစ်ရပ်က ဆိုသည်။
ကင်ဂျုံအန်ဆံပင်ပုံစံအတိုင်း ကျောင်းသားများညှပ်ရန် စည်းကမ်းထုတ်
မြောက်ကိုရီးယားနိုင်ငံတွင် ခေါင်းဆောင် ကင်ဂျုံအန်၏ ဆံပင်ပုံစံအတိုင်း
တက္ကသိုလ်ကျောင်းသားများ လိုက်ညှပ်ကြရန် ယခုအခါ စည်းကမ်းထုတ်ထားကြောင်း
သတင်းများက ဆိုကြသည်ဟု မတ်လ ၂၇ ရက် က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒမဲ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ကို လေးစားရန် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ပြော
၆၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေနှင့် ပတ်သက်၍ အလေးထား ကာကွယ် ပြောဆိုသည်။
သတင်းကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပဲခူးတွင် ကျင်းပ
ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ်မှ သတင်းစာဆရာများ အတွက်
မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) နှင့် နိုင်ငံတစ်ကာ မီဒီယာ
ပံ့ပိုးရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်
ကျင်းပသော သတင်း ကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ
၇ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ ညနေ ၄ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း
အဆိုပါပွဲကို ဦးဆောင်းကျင်းပသူ တစ်ဦးက ပြောကြားသည်။
ပုသိမ် မှန်စက်ရုံ စီမံကိန်း သိမ်းဆည်းခံ လယ်မြေများ တောင်သူ များ ပြန်လည် ရရှိလိုဟုဆို
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မှန်စက်ရုံ စီမံကိန်း တည်ဆောက်စဉ်က သိမ်းယူခဲ့သော လယ်ယာမြေများကို စီမံကိန်း လုပ်ငန်းများ မရှိတော့ပါက ပြန်လည် ရယူလိုကြောင်း ဒေသခံ တောင်သူ များက ပြောဆိုသည်။
စစ်တွေ ရုန်းရင်းဆန်ခတ်မှု ကုလသမဂ္ဂက ကြေညာချက် ထုတ်
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းညှိနှိုင်းရေးမှူး Mr. Toily Kurbanov က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ယမန်နေ့က ကြေညာချက်တရပ် ထုတ်ပြန်သည်။
သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့်တွေ့ဆုံ
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း နှင့်ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုး ရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယမန် နေ့ညနေက သတင်းမီဒီယာများနှင့် တွေ့ဆုံ စဉ် မေးမြ န်းဖြေကြားခဲ့သည်များ ကို ဆက်လက်ဖော်ပြလိုက်ပါသည်။
သတင်းကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပဲခူးတွင် ကျင်းပ
ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ်မှ သတင်းစာဆရာများ အတွက် မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) နှင့် နိုင်ငံတစ်ကာ မီဒီယာ ပံ့ပိုးရေးအဖွဲ့တို့ ပူးပေါင်းစီစဉ် ကျင်းပသော သတင်း ကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၇ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ ညနေ ၄ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း အဆိုပါပွဲကို ဦးဆောင်းကျင်းပသူ တစ်ဦးက ပြောကြားသည်။
ချင်းပြည်နယ် ကလေး၌ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်
ချင်းပြည်နယ်၊ ကလေးမြို့၊ စံပြလမ်းနှင့်လမ်းမတော်လမ်းထောင့်၌မတ်လ(၂၈)ရက်နေ့ နံနက် ၉နာရီအချိန်မှ စတင်ကာ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာပုဒ်မ ၄၃၆ ဖျက်သိမ်းပေး ၊ပုဒ်မ ၅၉(စ) ဖျက်သိမ်းပေး ၊ ပုဒ်မ-၅၉(ဃ)ဖျက်သိမ်းပေးဟူသော ခေါင်းစဉ်များဖြင့် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကျင်းပခဲ့သည်။
ရှိသမျှ စည်းစိမ် အကုန်ရောင်းလို့ ဆင်းရဲကလေးငယ် များကို ကျွေးမွေးသူ ဘီလျံနာ
ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်က Scott Neeson လို့ အမည်ရပြီး 20th Century Fox ဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင် ထုတ်လုပ်ရေးမှာ ၁၀ နှစ်ကြာ ဥက္ကဌ အဖြစ် ဦးဆောင်လုပ်ကိုင် ခဲ့သူဖြစ်ပါတယ်။
မြန်မာ့တပ်မတော်ရဲ့ ကချင်ဒေသစစ်ဆင်ရေးမှာKIA ၏ ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ် ၂ စင်းဆုံးရှုံးမှုနဲ့ပတ်သတ်ပြီးတပ်မတော် အရာရှိကြီးတစ်ဦးမှ ငြင်းဆို
မြန်မာ့တပ်မတော်ရဲ့ ကချင်ဒေသစစ်ဆင်ရေးမှာKIA စစ်သားများရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြန်မာ့ တပ်မတော်မှ ရဟတ်ယာဉ် ၂ စင်းနှင့် စစ်သည် ၅၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး လက်နက်ခဲယမ်းများ ကိုလည်း KIA မှ အများ အပြားရရှိခဲ့တယ်လို့စစ်ရေးဆိုင်ရာအထူးပြု IHS Jane’s Defence စာစောင်မှာ မကြာသေးခင်က ရေးသားထားမှု နှင့်ပတ်သတ်ပြီးမှန်ကန်မှု မရှိကြောင်းတပ်မတော်အရာရှိကြီး တစ်ဦး မှငြင်း ဆိုသွားခဲ့ပါတယ်။
ရန်ကုန် တက္ကသိုလ် အီလက်ထရွန်းနစ် စာကြည့်တိုက်တွင် စာအုပ် ၄ သန်းကျော် ဖတ်ရှုနိုင်
ရန်ကုန် တက္ကသိုလ်တွင် ဖွင့်လှစ် လိုက်သော အီလက် ထရွန်းနစ် စာကြည့်တိုက် Resource Center (ဓာတ်ပုံ – မင်းဗညား)
ရန်ကုန်တက္ကသိုလ် သိပ္ပံဆောင်ရှိ International Center of Excellence (ICoE) တွင် စာအုပ်ပေါင်း ၄ သန်းကျော် ဖတ်ရှုနိုင်မည့် အီလက်ထရွန်းနစ် စာကြည့်တိုက် Resource Center ကို ထိုင်းနိုင်ငံ အခြေစိုက် iGroup မှ အမှုဆောင်အရာရှိချုပ် Mr.Pote N. Lee ၏ ပံပိုးမှုဖြင့် မတ်လ တတိယ အပတ်အတွင်း စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
မပြောင်းလဲသော ရည်မှန်းချက်နဲ့ အခွင့်အရေး လက်တစ်ဆုံးနှိုက်မယ့် UWSA
“၀” သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့က ဦးပေါ်လိုက်ခမ်း ဦးဆောင်တဲ့ ငြိမ်း ချမ်းရေး ဖော်ဆောင် ရေး အဖွဲ့ဝင်တွေဟာ သမ္မတ ဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ် တွေ့ဖို့ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ နေပြည်တော် မှာ တွေ့ဆုံမှာဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ လက်မှတ်ရေးထိုးဖို့ ကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်ဆိုပြီး အသံကောင်း ဟစ်ပြလိုက်ပြီ ဖြစ်ပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေး မြိတ်၌ နေရာပြောင်း ဆန္ဒပြခွင့်ရရှိ
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် မတ်လ ၂၉ ရက်နေ့၌ လူအင်အား ၃၀၀ ဖြင့် ဆန္ဒထုတ်ဖော်ခွင့်ကို နေရာပြောင်း၍ မြိတ်မြို့နယ် ရဲတပ် ဖွဲ့မှူးရုံး က မတ်လ ၂၇ ရက်နေ့က ခွင့်ပြုချက် ပေးလိုက်ပြီ ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူ ဦးမြတ်ကို က ပြောကြားသည်။
စပါးဈေး ကျပ်သုံးသိန်းခွဲအောက် ပြုတ်မကျရန် အရန်ဆန်ကော်မတီ ထိန်းညှိပေးမည်ဟုဆို
စပါးဈေး ကျဆင်းနေမှုကြောင့် စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ရန် အခက်အခဲ ဖြစ်ပေါ်နေသည့် လယ်သမား များ အတွက် နွေစပါးသစ် ပေါ်ချိန်တွင် စပါးတင်းတစ်ရာ ပေါက်ဈေး ကျပ်သုံးသိန်းခွဲအောက် ကျဆင်း မသွားရန် အရန်ဆန် ကြီးကြပ်ရေး ကော်မတီက ထိန်းညှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အရန်ဆန် ကြီးကြပ်ရေး ကော်မတီဝင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။
ရခိုင်နှင့် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးအတွက် ကန်ဒေါ်လာ သန်း ၇၅၀ နီးပါး အိန္ဒိယ ကူညီမည်
အိန္ဒိယအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ဖွံ့ဖြိုးရေး ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲအနက် အမေရိကန်ဒေါ်လာ သန်း ၇၅၀ နီးပါးကို ရခိုင်ပြည်နယ်ရှိ ကုလားတန်မြစ် ကုန်းလမ်း၊ ရေလမ်း စီမံကိန်းနှင့် ချင်းပြည်နယ်ရှိ ကလေး-တမူး လမ်းမကြီးအတွက် သုံးစွဲသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Mr. Gautam Mukhopadhaya က ပြောကြားသည်။
တပ်ထဲတွင် တိုင်းရင်းသားများ ရာထူးနေရာချထားမှု ခွဲခြားမှုမရှိဟု ကာချုပ်ပြော အခြေခံဥပဒေမှာ လူပုဂ္ဂိုလ်တစ်ဦး၊ ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ တိုင်းရင်းသားတစ်ခု၊ တပ်မတော်အတွက် ရေးဆွဲခဲ့ခြင်းမဟုတ်ဟု ကာချုပ်ဆို
(၆၉) နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့တက်ရောက်လာသည့်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် [ ဓာတ်ပုံ -
ဂျေမောင်မောင်(အမရပူရ) ]
တပ်ထဲတွင် တိုင်းရင်းသားများအား ရာထူးနေရာချထားပေးမှုတွင် ခွဲခြားထားခြင်းမရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
တပ်ထဲတွင် တိုင်းရင်းသားများအား ရာထူးနေရာချထားပေးမှုတွင် ခွဲခြားထားခြင်းမရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
အစိုးရ၀န်ထမ်းလစာနှင့် မီတာခတိုးသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်လာမည်ကို ပြည်သူများစိုးရိမ်
တာချီလိတ်ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေသည့် မြင်ကွင်း (ဓာတ်ပုံ- ငြိမ်းချမ်းနိုင်/အီးပီအေ)
အစိုးရ၀န်ထမ်းများလုပ်ခလစာနှင့် မီတာခတို့ အတူတိုးမြှင့်လိုက်ခြင်း၏aနာက်ဆက်တွဲအဖြစ် ကုန်ဈေးနှုန်း မြင့်တက်လာနိုင်ခြင်းကို ပြည်သူများ၊ အစိုးရ၀န်ထမ်းများသာမက လုပ်ငန်းရှင်များကပါ စိုးရိမ် ပူပန်မှု ရှိနေကြော င်း သတင်းရရှိသည်။
ယူနိုက်တက်၏ ကျဆင်းမှုသည် ပရီးမီးယားလိဂ်ကို ဆိုးကျိုး သက်ရောက်စေနိုင်ကြောင်း စကူဒါမိုး ဝန်ခံ
မန်ချက်စတာ ယူနိုက်တက် အသင်း၏ ရလဒ်များ ကျဆင်းနေခြင်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပရီးမီးယားလိဂ် အပေါ် ဆိုးကျိုး သက်ရောက်စေကြောင်း ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချတ် စကူဒါမိုး က ဝန်ခံပြောကြားခဲ့သည်။
ယခုဘဏ္ဍာနှစ်တွင် ကျပ် ၂၂၀ ဘီလီယံကျော် အခွန် ပိုမိုကောက်ခံရရှိ
ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနက ယခုဘဏ္ဍာနှစ် (၂၀၁၃-၂၀၁၄) တွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကထက် ကျပ် ၂၂၂ ဘီလီယံ အခွန် ပိုမိုကောက်ခံရရှိကြောင်း အဆိုပါ ဌာနထံမှ သိရသည်။
ကျောက်မဲ-မိုးကုတ် လမ်းပေါ်တွင် ဆက်ကြေးကောက်နေသော SSPP/SSA တပ်ဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးရမိ
ရှမ်းပြည်နယ် ကျောက်မဲ-မိုးကုတ် သွားကားလမ်းပေါ်တွင် ခရီးသွားပြည်သူ များနှင့် ကုန်တင်ယာဉ်၊ ခရီးသည် ယာဉ်များအား ဆက်ကြေးကောက်နေသော ရှမ်းပြည် တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA တပ်ဖွဲ့ဝင်တစ်ဦးအား မတ်လ ၂၄ ရက်နေ့တွင် နယ်မြေခံအစိုးရစစ်ကြောင်းမှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
အမျိုးသားပညာရေး ဥပဒေကြမ်းကို အချက် ၁၃ ချက်ဖြင့် NNER ကန့်ကွက်
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြင်ဆင် ရေးဆွဲထားသော အမျိုးသားပညာရေး ဥပဒေကြမ်း ကို ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် (NNER) က အချက် ၁၃ ချက်ဖြင့် ကန့် ကွက်ကြော င်း မတ်လ ၂၇ ရက်နေ့တွင် အဆိုပါ ကွန်ရက်က တရားဝင် ကြေညာလိုက်သည်။
မီတာခ တိုးမြှင့်ကောက်ခံမှု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးရှေ့ ဆန္ဒထုတ်ဖော်
မီတာခ တိုးမြှင့် ကောက်ခံရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ခြင်းကို ကန့်ကွက်သည့် အနေနှင့် အလုံမြို့နယ် အတွင်းရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံး ရှေ့သို့ မတ်လ ၂၇ ရက်နေ့တွင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၃၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒထုတ်ဖော်သူ များက ပြောကြားသည်။
ဘ၀မှာ တန်ဖိုးအရှိဆုံးအရာဟာ ဘာလဲ ?
ဒီမေးခွန်းလေးကို စဉ်းစားဖို့အတွက် အောက်ပါမေးခွန်းတွေကို အရင်ဆုံးဖတ်ကြည့်ရအောင်
၁ ။ ကိုယ့်ဘ၀မှာ ဂုဏ် ဒြပ်ငွေကြေးနဲ့ ကိုယ်လက်အဂါင်္နဲ့ တစ်ခု ရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးချယ်မလဲ
၂ ။ ကိုယ်လက်အဂါင်္နဲ့ အသက် နဲ့ တစ်ခု ရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးချယ်မလဲ
၃ ။ အသက်နဲ့ ကိုယ်ကျင့်သီလ နဲ့ တစ်ခုရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးချယ်မလဲ
မြန်မာအစိုးရ ခွင့်ပြုပါက ကျေးလက်ဒေသတွင် အသေးစားချေးငွေများ အိန္ဒိယနိုင်ငံပိုင်ဘဏ် ထုတ်ချေးမည်ဟုဆို
မြန်မာအစိုးရက ခွင့်ပြုပါက မြန်မာနိုင်ငံ၏ လူဦးရေ အများစုနှင့် ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးဖြ စ်သော ကျေး လက်ဒေသသို့ အသေးစား ချေးငွေများ ထုတ်ချေးသွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံပိုင် ဘဏ်ဖြစ်သည့် Bank of India ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Gautam Mukhopadhaya က ပြော ကြားသည်။
သစ်တောထွက်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ကလေး-မန္တလေးပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များကို သတင်းအရ ရှောင်တခင်ပိတ်ဆို့ရှာဖွေရာမှ သစ်တော ထွက်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို မတ်လ၊၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ကလေး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ပေါ့ပါး ပါးလွှာတဲ့ ပုံစံအသစ်နဲ့ Acer E1-470G
Acer ကြိုက်နှစ်သက်သူများအတွက် ပေါ့ပါးပါး လွှာသော Model အသစ် Acer E1-470G Laptop ထွက်ရှိလာကြောင်း သိရသည်။
သင်္ကြန်တွင်း အဆင်ပြေစေမည့် Sony ၏ ဖုန်းအသစ် တစ်မျိုး
Sony ၏ နောက်ဆုံး ထုတ်လုပ်လိုက်သော Xperia Z1 Compact ဖုန်းတစ်မျိုးသည် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။
MSF လုပ်ငန်း ကျန်းမာရေးက လွှဲယူမယ်
နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF-ဟော်လန်) ရဲ့ ရခိုင် ပြည်နယ် က ကျန်းမာရေး လုပ်ငန်း တွေကို တလ အတွင်း ကျန်းမာရေး ဌာနက အပြီးသတ် လွှဲပြောင်း နိုင်မယ် လို့ ကျန်းမာရေး ဦးစီး ဌာန ဒုတိယ ညွှန်ကြား ရေးမှူး ဦး ကျော်ကံကောင်း က ပြောပါတယ်။
ကမ်းလွန်ရေနံ လုပ်ကွက်သစ်များတွင် ကမ္ဘာ့ထိပ်တန်း စွမ်းအင်ကုမ္ပဏီ အုပ်စုများသာ လုပ်ကိုင်ခွင့်ရ
ရခိုင်ကမ်းရိုးတန်း မုတ္တမပင်လယ်ကွေ့နှင့် တနင်္သာရီကမ်းရိုးတန်းရှိ ကမ်းနီး၊ ကမ်းဝေးရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ကွက်သစ်များတွင် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယနှင့် ဥရောပတို့မှ ကမ္ဘာ့ထိပ်တန်း စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းစုကြီးများ တင်ဒါအောင်ကာ လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီး ဌာနထံမှ သိရသည်။
"ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်နှင့်ပတ်သက်၍ သိသင့်သော အချက်များ"
(၁) ဧ၀ရတ်တောင်ကို မည်သည့်တောင်တက်သမားမျှ မတက်ရောက်ခဲ့သော နောက်ဆုံးနှစ်မှာ ၁၉၇၄ ခုနှစ်ဖြစ် သည်။
ရခိုင်ပြည်နယ်တွင်း အန်ဂျီအိုများကို အစိုးရ အကာအကွယ်ပေးရန် ယူအန်တောင်းဆို
ရခိုင်ပြည်နယ်အတွင်းရှိ လူသားချင်း စာနာမှုအကူအညီပေးရေး လုပ်ငန်းဆိုင်ရာ အသိုင်းအဝိုင်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အသိုင်းအဝိုင်းများကို မြန်မာအစိုးရအနေဖြင့် အကူအညီပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှု ကိစ္စများ ညှိနှိုင်းရေးအရာရှိ မစ္စတာ Toily Kurbanovက စစ်တွေမြို့တွင် ၂၆ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှု နှင့် ပတ်သက်၍ ကြေငြာချက် ထုတ်ပြန်လိုက်သည်။
စစ်တွေက ညမထွက်ရအမိန့်နဲ့ ကုလ တာဝန်ခံရဲ့ စိုးရိမ်မှု
ပဋိပက္ခ ပြီးခါစ စစ်တွေမြို့ကို ၂၀၁၂ ခု နိုဝင်ဘာ လအတွင်းက ဤသို့တွေ့ရသည် (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
ကုလသဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာထောက်ထားရေး ဋ္ဌာနေ ကိုယ်စားလှယ် မစ္စ တွိုင်လေ ကာဗန်နော့ဗ် က တော့ မနေ့ မတ်လ ၂၇ ရက်နေ့စွဲနဲ့ အမည်မသိ ဆန္ဒပြသူတွေက စစ်တွေမြို့မှာ အကူ အညီပေးရင်း နေထိုင်ကြတဲ့ NGO အဖွဲ့က တာဝန်ရှိသူတွေကို တိုက်ခိုက်မှုတွေဖြစ်လို့ အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုက ငှက်ဖျားရောဂါပျံ့နှံ့မှုကို ပိုမိုဖြစ်ပေါ်စေ
အဓိကအားဖြင့် အာဖရိက၊ အာရှ၊ အလယ်အမေရိကနှင့် တောင်အမေရိက ဒေသများမှ ကုန်းမြင့်များသို့ ငှက်ဖျားပိုး သယ်ဆောင်သောခြင်များ ရွှေ့ပြောင်း ရောက်ရှိလာရန် အလားအလာများ ဖြစ်ပေါ်နေကြောင်း အမေရိကန်ထုတ် Scienceဂျာနယ်တွင် ဖော်ပြပါရှိသည်။
၉၂ မျိုးဆက် ကစားသမားဟောင်းများ မန်ယူကို ၀ယ်ယူရန် ကမ်းလှမ်းခဲ့
၉၂ မျိုးဆက် မန်ယူ အသင်းသားများမှာ ကာတာ လုပ်ငန်းရှင်တစ်ဦး၏ ကျောထောက်နောက်ခံ ငွေကြေးဖြင့် မန်ယူကို ၀ယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း The Sun သတင်းစာမှ ဖော်ပြခဲ့သည်။
ကမ္ဘာ့ဒုတိယ အရပ်အရှည်ဆုံး မြန်မာနိုင်ငံသား ကိုဝင်းဇော်ဦးအား ဂျာမနီနိုင်ငံ Georg Wessels ကုမ္ပဏီမှ ဖိနပ်လက်ဆောင် ပေးအပ်
မြန်မာနိုင်ငံ၌ အရပ်အရှည်ဆုံးနှင့် ကမ္ဘာ့သက်ရှိထင်ရှား ဒုတိယအရပ်အရှည်ဆုံး မှတ်တမ်းဝင် မြန်မာနိုင်ငံ သား ကိုဝင်းဇော်ဦးအား ဂျာမနီနိုင်ငံ၏ ကမ္ဘာကျော် Georg Wessels ဖိနပ်ကုမ္ပဏီမှ ဖိနပ် လက်ဆော င် ပေးအပ်ပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ရှိ M3 Food Center၌ ကျင်းပခဲ့ကြောင်း သိရသည်။
အသက်၁၈နှစ် ကျောင်းသားဟောင်းက စစ်ထဲမ၀င်ရလို့ ဆရာမကို တရားစွဲ
အထက်တန်းကျောင်းသား တစ်ဦးက သူ့ရဲ့ ဆရာမဟောင်းတစ်ဦး ဖြစ်သူကို သူတို့ရဲ့ ချစ်သူသက်တမ်း အတွင်း အချစ်နယ်ကျွံမှုနဲ့ တရားစွဲခဲ့ပါတယ်။ အခုအချိန်မှာ အဆိုပါ ကျောင်းသားဟောင်းဟာ သူ့ရဲ့ စစ်ထဲဝင်ဖို့ ရည်ရွယ်ချက် ပျက်သွားခဲ့တဲ့အတွက် ယခုလို တရားစွဲခြင်း ဖြစ်တယ်လို့ သိရပါတယ်။
သင်္ကြန်မဏ္ဍပ်များ၌ သရုပ်ပျက် ဝတ်စားဆင်ယင်သူများကို မှတ်တမ်းတင်သူ တစ်ဦးစီထားကာ စောင့်ကြည့် သတိပေး မည်
ရန်ကုန်မြို့တော်ရှိ သင်္ကြန်မဏ္ဍပ်များ၌ စောင့်ကြည့်သူ တစ်ဦးစီ ထားကာ မြန်မာ့ယဉ်ကျေးမှုနှင့် မသင့်လျော်ေ သာ သရုပ်ပျက် ဝတ်စား ဆင်ယင်သူများကို မှတ်တမ်းတင်၍ ခေါ်ယူသတိပေးတားမြစ်မည်
ဖြစ်ကြောင်း တိုင်းဒေသကြီးယဉ်ကျေးမှုဝန်ကြီး ဒေါ်စန်းစန်းနွယ်က ပြောကြားသည်။
MH370 အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုသစ် ၁၂၀ကျော် ထပ်မံတွေ့ရှိ
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုအခုပေါင်း ၁၂၀ ကျော်ကို အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာ ဆက်တလိုက် ဂြိုလ်တု ကနေတဆင့် ထပ်မံတွေ့ရှိခဲ့ပါတယ်။
အိုဘားမား၏ လုံခြုံရေးဝန်ထမ်း အရက်မူးနေ၍ အမေရိကပြန်ပို့ခံရ
နျူကလီးယား လုံခြုံရေးထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် နယ်သာလန်နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမား၏ လုံခြုံရေး ဝန်ထမ်းများတွင် အရက်မူးနေသူ တစ်ဦးနှင့် အခြား ၂ ဦးကို စည်းကမ်းပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် အမေရိကသို့ ပြန်ပို့ လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။
Subscribe to:
Posts (Atom)