Wednesday, 18 September 2013

ယခုနှစ် ချန်ပီယံလိပ်ရာသီမှာ ဘယ်တိုက်စစ်အတွဲကို အကြိုက်ဆုံးလဲ

Photo: ယခုနှစ် ချန်ပီယံလိပ်ရာသီမှာ ဘယ်တိုက်စစ်အတွဲကို အကြိုက်ဆုံးလဲ
Wednesday, September 18, 2013

ပြိုင်ပွဲဝင်ကလပ်အသင်းများ၏ အကောင်းဆုံးတိုက်စစ်တွဲများ ယခုနှစ် ချန်ပီယံလိပ်ရာသီမှာ အစွမ်းပြကစားကြတာကို ပရိတ်သတ်များ မြင်တွေ့ရနိုင်ပါသည်။ အကောင်းဆုံးတိုက်စစ်တွဲထဲမှ စပိန်ကလပ်အ သင်းကြီး နှစ်သင်းက တိုက်စစ်တွဲကတော့ ပရိတ်သတ်အကြား ရေ ပန်းစားလျှက် ရှိနေပါသည်။ အားလုံးလည်း သိပြီးဖြစ်မှာပါ ဒီနှစ်ရာသီမှာ အသီးသီး ပြောင်းရွှေ့ လာတဲ့ ဘေးလ် နှင့် နေမားတို့ကြောင့် ဘာစီလိုနာ မှာဆိုရင် မက်ဆီ နှင့် နေမား တိုက်စစ်အတွဲ၊ ရီးရဲလ်မက်ဒရစ်မှာဆို ရင် ရော်နယ်ဒိုလေး နှင့် ဘေးလ်တို့၏ တိုက်စစ်တွဲများဖြစ်တည်လာခဲ့ပြီး ပရိတ်များ အာရုံစိုက် စောင့်ကြည့်ခံရမည့် တိုက်စစ်တွဲများဟု ဆိုရင် လွဲအံ့မထင်ပါ။

မက်ဆီ နှင့် နေမားကတော့ မယုံကြည်နိုင်လောက်အောင် ကလပ်အ သင်းတွေမှာ အစွမ်းပြနေတဲ့ ကစားသမားများဖြစ်ကြပါသည်။ နေမား တစ်ယောက်အနေဖြင့် ကွန်ဖရက်ဒေးရှင်းဖလားအပြီးတွင် ဖရီးကစ်ကန်သွင်းမှု ပိုမိုလေ့ကျင့်နေတာကို တွေ့ရပါတယ်။ နေမးအနေဖြင့် ဘာစီလိုနာ နဲ့ အသားကျဖို့ အစဘဲရှိနေသေးပေမဲ့လည်း သေချာ တာတစ်ခုကတော့ ယခုထက် ပိုမိုပြီး နောက်ပိုင်း ဘာစီလိုနာပွဲတွေမှာ အန္တရာယ်ကစားသမားအဖြစ် ပြိုင်ဘက်အသင်းများကို ဒုက္ခပေးနိုင် လာမည်ဟု ထင်မြင်မိပါသည်။ မက်ဆီရဲ့  ခုလက်ရှိ အရည်အချင်းတွေနဲ့ ပတ်သတ်ပြီးတော့ အားလုံးလည်း သိရှိပြီးဖြစ်မှာပါ။ ဘာစီလိုနာမှာ ကြိုက်တဲ့ တိုက်စစ်မှုးများ နဲ့ တွဲကစားနိုင်တဲ့ အရည်အချင်းရှိတာမို့ ခုလို အရည်အသွေးရှိတဲ့ နေမားနဲ့ တွဲဖက်လိုက်ရင် ပိုမိုတောင်ပြောင်လာနိုင်ကြောင်း ထင်မြင်မိကြောင်းပါ။

နောက်တိုက်စစ်တွဲ တစ်ခုကတော့ ရိုနယ်ဒို နှင့် ဂျာရက် ဘေးလ် တို့၏ တိုက်စစ်တွဲပါ။ အထက်အောက် ပြေးဆင်းနိုင်မှု နှင့်အတူ တိကျ မြန်ဆန်လှတဲ့ အဝေးကစ်ဘောတွေ ကောင်းလှတဲ့ လက်ရှိစံချိန်ရှင် နှစ်ယောက်ကတော့ အန်ဆန်လော့တီ၏ ရီးရဲလ်အသင်းတိုက်စစ်အတွက် အားထားရမည့် သူတွေပါ။

ချုပ်ကိုင်ထိန်းချုပ်ကစားရင်လည်း သူတို့က သင့်ကိုနောက်မှာချန်ထား ကာပြေးထွက်သွားတက်ကြပါသေးတယ်။ အလွန်လျှင်မြန်လွန်းလှတဲ့ သူတွေပါ။ လှစ်ခနဲပြေးထွက်ကစားနိုင်ပြီး အသင်းအတွက် များစွာ အားဖြည့်ကစားနိုင်ကြတဲ့ သူတွေပါ။ ဘောလုံးကျွမ်းကျင်မှု ကောင်းလှတဲ့ မက်ဆီ နှင့်နေမားတို့အတွဲက ဒီပြိုင်ပွဲမှာ တောက်ပ လာနိုင်သလို၊ ဘေးလ် နှင့် ရိုနယ်ဒိုလေးတို့ တိုက်စစ်အတွဲကလည်း သူတို့တောက်ပ မှုထက် ပိုမိုကာ အစွမ်းပြ ကစားနိုင်ကြမလားဆိုတာတော့ ကဖေးပရိတ်သတ်ကြီးတို့ စောင့်ကြည့် အားပေးရပေအုံးတော့မည်။

Written by မိုးတိမ်
FOOTBALL CAFE
ပြိုင်ပွဲဝင်ကလပ်အသင်းများ၏ အကောင်းဆုံးတိုက်စစ်တွဲများ ယခုနှစ် ချန်ပီယံလိပ်ရာသီမှာ အစွမ်းပြ ကစားကြတာကို ပရိတ်သတ်များ မြင်တွေ့ရနိုင်ပါသည်။

ဓါးဖြင့်ထောက်ကာ ရွှေဆွဲကြိုးလုယူသွားသည့် တရားခံအားဖမ်းဆီးရမိ

Photo: ဓါးဖြင့်ထောက်ကာ ရွှေဆွဲကြိုးလုယူသွားသည့် တရားခံအားဖမ်းဆီးရမိ
Wednesday, September 18, 2013

၁၃.၉.၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ
ဒေါ်မီမီခိုင်သည်နေအိမ်၌ရှိနေစဉ်ယခင်ကခင်မင်ရင်းနှီးသူ မောင်မောင်မြင့်
(ဘ)ဦးထွန်းကြည်၊ (ဈ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူ
ရောက်ရှိလာသဖြင့် ဝေဘာဂီမြို့သစ်၊ (၅)ရပ်ကွက်၊ မဂ္ဂင်လမ်းရှိ
မြေကွက်အား မြက်များရှင်းလင်းခိုင်းခဲ့ပြီးနောက် သွားရောက်ကြည့်ရှုစဉ်
မောင်မောင်မြင့်မှ ခါးကြားတွင်အသင့်ပါလာသောဓါးဖြင့် ဒေါ်မီမီခိုင်အား
ထောက်ပြီး လည်ပင်းတွင်ဝတ်ဆင်ထားသော အလေးချိန်(၃)ကျပ်သား
ခန့်ရှိရွှေဆွဲကြိုး(၁)ကုံး၊ တန်ဘိုးငွေကျပ်(၂၁)သိန်းအား
ခြိမ်းခြောက်လုယူသွားသဖြင့် အရေးယူပေးရန်တိုင်တန်းခဲ့၍
ဝေဘာဂီနယ်မြေရဲစခန်း (ပ)၂၅၇/၂၀၁၃၊ ပုဒ်မ ၃၈၄ ဖြင့်အမှုဖွင့် အရေးယူကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ဝေဘာဂီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အဆိုပါအမှုမှ
ပြစ်မှုကျူးလွန်သူ မောင်မောင်မြင့်အား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ မန္တလေးမြို့သို့ထွက်ပြေးတိမ်းရှောင်သွားကြောင်း
စုံစမ်းရရှိသဖြင့် ၁၄.၉.၂၀၁၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊
တောင်ငူမြို့ဘူတာမှစောင့်ဆိုင်း၍ မီးရထားရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း
ရှာဖွေကာဖမ်းဆီးခဲ့ပြီး သက်သေခံပစ္စည်းရွှေဆွဲကြိုးအား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပါသည်။

ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် အရိုးအသွား(၁၁)လက်မခန့်ရှိ
ဓါးဦးချွန်(၁)ချောင်းအား မဂ္ဂင်လမ်းထိပ်ရှိ ရေမြောင်းအတွင်း၌
လွှင့်ပစ်ထားခဲ့ကြောင်းသိရှိရသဖြင့် ရှာဖွေသိမ်းဆည်းခဲ့ပြီး ၎င်းအား
ဝေဘာဂီနယ်မြေရဲစခန်း(ပ)၂၅၉/၂၀၁၃၊လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် 
ထပ်မံအရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၃.၉.၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ ဒေါ်မီမီခိုင်သည်နေအိမ်၌ ရှိနေစဉ် ယခင်က ခင်မင်ရင်းနှီးသူ မောင်မောင်မြင့် (ဘ)ဦးထွန်းကြည်၊ (ဈ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေ

အပူပိုင်းမုန်တိုင်းတစ်လုံးဖြစ်ပေါ်နေ

ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မုန်တိုင်း သတင်းပါ။ မုန်တိုင်းကြောင့် ရေကြီးနိုင်တယ် ဆိုတာကြောင့် ဒေသခံတွေ သတိထားပေးပါ။ အခုလို သတိပေးပြောပြပေးတဲ့ ဆရာ့ကို ကျေးဇူး တင်ပါတယ်။

အပြောင်းအလဲရှိခဲ့သည့် မြန်မာယူ-၂၃အသင်း ပဏာမလူစာရင်း ထပ်မံထုတ်ပြန်

ဆီး ဂိမ်းကာလ နှစ်လခွဲသာကျန်ရှိ တော့သည့်အချိန်တွင် မြန်မာယူ- ၂၃အသင်းသည် ပဏာမလူစာရင်း ကို ထပ်မံထုတ်ပြန်လိုက်ပြီဖြစ်ပြီး နည်းပြပတ်ဆောင်ဟွာအကြိုက် မတွေ့သည့် ကစားသမားတချို့မှာ လူစာရင်းမှထပ်မံထုတ်ပယ်ခံခဲ့ရ ကြောင်း သိရသည်။

တစ်ယူနစ် ၅၀၀ ကျပ်ပေးရသော ရခိုင်ပြည်နယ် မီတာခ ချက်ချင်းကျရန် မလွယ်ဟု ပြည်ထောင်စုဝန်ကြီး ပြော

တစ်ယူနစ် ငါးရာကျပ်ဝန်းကျင် ပေးသွင်းနေရသော ရခိုင်ပြည်နယ်၏ လျှပ်စစ်မီတာခနှုန်းထားမှာ ချက်ချင်း ပြန်ကျဆင်းနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရခိုင်ပြည်နယ် အစိုးရ အဖွဲ့သို့ပြောကြားခဲ့သည်ဟု ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်းက မဇ္ဈိမကို ပြော သည်။

မြန်မာနိုင်ငံတွင် လူ၁၀၀လျှင် ငါးဦးမှ ၁၂ဦး စိတ်ကျရောဂါ ဖြစ်ပွားနေဟုဆို

မြန်မာနိုင်ငံရှိ လူ၁၀၀တွင် ငါးဦးမှ ၁၂ဦးသည် စိတ်ကျရောဂါ ဖြစ်ပွားပြီး ၄င်းတို့အနက် ငါးရာခိုင်နှုန်းခန့်သာ စနစ်တကျ ဆေးကုသမှုကို ခံယူကြကြောင်း သိရသည်။ စိတ်ကျရောဂွ ဖြစ်ပွားသူများ စနစ် တကျ ရောဂါကုသမှု ခံယူမှုနည်းခြင်းမှာ စိတ်ကျရောဂါဖြစ်မှန်းမသိခြင်းနှင့် ဖြစ်မှန်းသိသော်လည်း စိတ်ရောဂါဟု ယူဆကာလူသိမခံလိုသောကြောင့် ဆရာဝန်များထံသွားရန် ၀န်လေးနေ ကြခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ ရုပ်ရှင်ရုံနှစ်ရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ငါးဦးဒဏ်ရာရ


 
 ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ ရှော့ပင်း မောလ်နှစ်ခု အတွင်းရှိ ရုပ်ရှင်ရုံနှစ်ရုံတွင် စင်တင်ဘာ ၁၆ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ထိုင်းရော်ဘာ စိုက်ပျိုးရေး သမားများနှင့် အစိုးရ တပ်ဖွဲ့ဝင်များ အကြား အဓိကရုဏ်း ဖြစ်ပွား ရဲတပ်ဖွဲ့ဝင် ၇၇ဦး ဒဏ်ရာ ရရှိ



Photo: ထိုင်းရော်ဘာ စိုက်ပျိုးရေး သမားများနှင့် အစိုးရ တပ်ဖွဲ့ဝင်များ အကြား အဓိကရုဏ်း ဖြစ်ပွား ရဲတပ်ဖွဲ့ဝင် ၇၇ဦး ဒဏ်ရာ ရရှိ
Wednesday, September 18, 2013

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာ ၁၆ရက်က ဖြစ်ပွားခဲ့သော ဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့ဝင် ၇၇ဦးထိခိုက် ဒဏ်ရာ ရရှိပြီးနောက် အဆိုပါ ဒေသတွင် အရေးပေါ် ကြေညာချက်တစ်ခု ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ထိုင်းအာဏာ ပိုင်များက ပြောကြားခဲ့သည်။

ကမ္ဘာ့ စီးပွားရေး ကျဆင်းနေစဉ် အတွင်း ထိုင်းနိုင်ငံတွင် ၂ဝ၁၁ခုနှစ်မှစ၍ ရော်ဘာ ဈေးနှုန်းများ ကျဆင်းမှုကြောင့် အခက်အခဲ ကြုံတွေ့နေရသော ရော်ဘာ လယ်သမားများက အစိုးရထံမှ အထောက်အပံ့ ရရန်အတွက် ဆန္ဒပြ တောင်းဆို ခဲ့ကြရာမှ အဓိကရုဏ်း များ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဓိကရုဏ်း များသည် နာခွန်ဆရီသမ် မာရက်ပြည်နယ် ချာအူယက်တ် ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဆန္ဒပြမှုကို ထိန်းချုပ်နိုင်ရန် အစိုးရက ဥပဒေတစ်ခု ထုတ်ပြန်သွားရန် စဉ်းစားလျက် ရှိကြောင်း ဝန်ကြီးချုပ်၏ အကြံပေး တစ်ဦး က ပြောကြား ခဲ့သည်။

အဆိုပါ ဆန္ဒပြမှုတွင် ဆန္ဒပြပြည်သူများက အုတ်ခဲများနှင့် အခြား အရာဝတ္ထုများဖြင့် ပစ်ပေါက် ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၇၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မြ၀တီ
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာ ၁၆ရက်က ဖြစ်ပွားခဲ့သော ဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့ဝင် ၇၇ဦးထိခိုက် ဒဏ်ရာ ရရှိပြီးနောက် အဆိုပါ ဒေသတွင် အရေးပေါ် ကြေညာချက်တစ်ခု ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ထိုင်းအာဏာ ပိုင်များက ပြောကြားခဲ့သည်။

ပြည်တွင်း ဈေးကွက်တွင် မာဇဒါ ကားသစ်များ ရောင်းမည်

Photo: ပြည်တွင်း ဈေးကွက်တွင် မာဇဒါ ကားသစ်များ ရောင်းမည်
Wednesday, September 18, 2013

ဂျပန် နိုင်ငံအခြေစိုက် မာဇဒါ (Mazda)  မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ကား အသစ်များ ရောင်းချသွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏အမှု ဆောင်အရာရှိက ပြောကြားလိုက် ကြောင်း ဂျပန်နိုင်ငံမှလာသည့် သတင်းတစ်ပုဒ်တွင်ဖော်ပြထား သည်။ မြန်မာနိုင်ငံ စီးပွားရေးပိတ် ဆို့မှု ဖယ်ရှားပြီးနောက်ပိုင်း မြန်မာ့ကားဈေးကွက်တွင် မာဇဒါ (Mazda)အနေဖြင့် ခြေကုပ်ယူ နိုင်ရန် ခြေလှမ်းသစ်စတင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်း ကုမ္ပဏီ၏ အမှု ဆောင်အရာရှိ   Masamichi Kogai က ပြောကြားသည်။

Masamichi Kogai က  ''Mazda Brand ရဲ့အဖွဲ့သစ်အဖြစ် အနာဂတ်မှာ တည်ဆောက်သွား မယ်''ဟုပြောသည်။ မြန်မာ့ကားဈေးကွက် ပြီး ခဲ့သည့် ၂၀၁၁ခုနှစ်မှစတင်ကာ တိုးတက်ပွင့်လင်းလာခဲ့ပြီး မြန်မာ နိုင်ငံတွင်ရှိ လူဦးရေသန်း၆ဝသော ကားဈေး ကွက် အတွင်း ဂျပန်နိုင်ငံ ထုတ် မော်တော်ကားများမှ နေ ရာယူထားသည်ဟု ယင်းကဆက် လက်ပြောသည်။ လက်ရှိမြန်မာနိုင်ငံတွင် နစ် ဆန်းမော်တော်ယာဉ်ထုတ်လုပ် သည့်ကုမ္ပဏီသည် ပဲခူးတိုင်းဒေ သကြီးတွင် မော်တော် ယာဉ် ထုတ်လုပ် နိုင်ရန် အတွက် မြန်မာ့ရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက် ရရှိခဲ့ပြီး လုပ်ငန်းများဆောင်ရွက် နေကာ ဆူဇူကီးမော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီများမှ လည်း ယင်းတို့၏မော်တော်ယာဉ် ထုတ်လုပ်သည့် လုပ်ငန်းများကို ဆောင် ရွက် လျက်ရှိခြင်းကြောင့် မာဇဒါအနေဖြင့် ယင်းတို့၏မော် တော်ယာဉ်ထုတ်လုပ်သည့်လုပ် ငန်းများကို မြန်မာနိုင်ငံတွင် အ ကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်းသတင်း တွင် ဖော်ပြထားသည်။

အောင်ကမ္ဘာကား အရောင်း စင်တာမှ ကိုငယ်က ''အရောင်း စင်တာတွေအတွက်တော့ သိပ် ပြီးမထူးနိုင်ဘူး။ လက်ရှိကားအ ဟောင်းကို ကျပ်သိန်း၁ဝဝနဲ့ဝယ် စီးနိုင်တယ်။ သူတို့က ဒီမှာလာ ရောင်းမယ်။ Quality ကို လျှော့ ပြီး ဈေးနှုန်းကို ချပြီးရောင်း မယ်ဆို ရင်တော့ သူတို့အနေနဲ့ အောင် မြင်နိုင်မယ်''ဟု သုံးသပ်ပြောသည်။ မြန်မာ့မော်တော်ကားဈေး ကွက်မှာ ယခုနှစ်မှ လာမည့်၂၀၁၉ ခုနှစ်အတွင်း နှစ်စဉ်သုံးစွဲမှုရာခိုင် နှုန်းမှာ ရဒသမ၈ရာခိုင်နှုန်းအထိ တိုးတက်လာ ဖွယ်ရှိ ကြောင်း၊ မြန်မာ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၊ အခြေခံအဆောက်အအုံများ တိုး တက်မှု၊ ဝင်ငွေများတိုးတက်မှုနှင့် အတူ မြန်မာ့ကားဈေးကွက်မှာ အဆိုပါနှစ်များအတွက် ဖွံ့ဖြိုးတိုး တက်လာမည်ဟု Asia Pacific at Frost & Sullivan   ၏ စစ်တမ်း တစ်ခု တွင် ဖော်ပြချက်အရ သိရသည်။

သန်းနိုင်ဦး
Yangon Media Group
ဂျပန် နိုင်ငံအခြေစိုက် မာဇဒါ (Mazda) မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ကား အသစ်များ ရောင်းချသွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏အမှု ဆောင်အရာရှိက ပြောကြားလိုက် ကြောင်း ဂျပန်နိုင်ငံမှလာသည့် သတင်းတစ်ပုဒ်တွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံ စီးပွားရေးပိတ် ဆို့မှု ဖယ်ရှားပြီးနောက်ပိုင်း မြန်မာ့ကားဈေးကွက်တွင် မာဇဒါ (Mazda)အနေဖြင့် ခြေကုပ်ယူ နိုင်ရန် ခြေလှမ်း သစ်စတင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်း ကုမ္ပဏီ၏ အမှု ဆောင်အရာရှိ Masamichi Kogai က ပြောကြားသည်။

ဘရာဇီးလ်တွင် စင်ပေါ်မှ ဆွဲချခံရသည့် Beyoncé

ဘရာဇီးလ်တွင် စင်ပေါ်မှ ဆွဲချခံရသည့် Beyoncé
Wednesday, September 18, 2013

စက်တင်ဘာလ (၁၅) ရက်နေ့၌ ဘရာဇီးလ်တွင် ပြုလုပ်သည့် ဖျော်ဖြေပွဲ တစ်ခုတွင် Beyoncé သည် စတေ့ခ်ျစင် အတွင်းဘက်သို့

သွားရောက် ဖျော်ဖြေခိုက်တွင် ပွဲခင်းထဲမှ ပရိတ်သတ် တစ်ဦးသည် အလွန် စိတ်လှုပ်ရှားလာကာ Beyoncé ၏ လက်ကောက်ဝတ်အား ဖမ်းဆုပ်ကာ ပွဲခင်းထဲသို့ ဆွဲချခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ပါသည်။

လုံခြုံရေးများ ရောက်ရှိလာပြီး သူမအား ကာကွယ်ပေးခဲ့သဖြင့် ဆက်လက်ပြီး  သီဆို ဖျော်ဖြေနိုင်ခဲ့ပါသည်။ သီချင်းသီဆို ဖျော်ဖြေပြီးနောက် Beyoncé သည် ထိုဆွဲချခဲ့သည့် ပရိတ်သံထံသို့ သွားခဲ့ပြီး ထိုသူ၏ အမည်ကို မေးမြန်းခဲ့ပြီး သူမကလည်း ချစ်ခင်ပါကြောင်း သွားရောက် ပြောကြားခဲ့သည်။

Source: www.people.com
http://www.people.com/people/article/0,,20735426,00.html?xid=rss-tophead...

MRTV-4
စက်တင်ဘာလ (၁၅) ရက်နေ့၌ ဘရာဇီးလ်တွင် ပြုလုပ်သည့် ဖျော်ဖြေပွဲ တစ်ခုတွင် Beyoncé သည် စတေ့ခ်ျစင် အတွင်းဘက်သို့ သွားရောက် ဖျော်ဖြေခိုက်တွင် ပွဲခင်းထဲမှ ပရိတ်သတ် တစ်ဦးသည် အလွန် စိတ်လှုပ်ရှားလာကာ Beyoncé ၏ လက်ကောက်ဝတ်အား ဖမ်းဆုပ်ကာ ပွဲခင်းထဲသို့ ဆွဲချ ခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ပါသည်။

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်းများ

၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။

အိပ်စက်ခြင်းပုံစံများနှင့် ကျန်းမာရေး

(၁)ခြေပစ်လက်ပစ်ခုန်ချခြင်း (the freefall))
မှောက်လျက်အနေအထားဖြင့် လက်နှစ်ဖက်မြှောက်ကာ ခေါင်းအုံး ပေါ်တင်ထားပြီး အိပ်သည့်ပုံစံ ဖြစ် သည်။

လယ်ယာမြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာပါ မြေယာကိစ္စများအား တစ်နှစ်အတွင်း ပြီးစီးအောင် ဖြေရှင်းမည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရယူကာ လုပ်ကိုင်ခြင်းမရှိသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များကို အရေးယူနိုင်ရန် ဆွေးနွေးမည်


Photo: လယ်ယာမြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာပါ မြေယာကိစ္စများအား တစ်နှစ် အတွင်း ပြီးစီးအောင် ဖြေရှင်းမည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရယူကာ လုပ် ကိုင်ခြင်းမရှိသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များကို အရေးယူနိုင်ရန်
ဆွေးနွေး မည်
Wednesday, September 18, 2013

လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ မြေယာကိစ္စများအား တစ်နှစ်အတွင်း ပြီးစီးအောင် ဖြေရှင်းနိုင်ရန်အတွက် စက်တင်ဘာ ၁၇ ရက်တွင် နေပြည်တော်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီး ဌာနတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံ
ရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရန်အတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပေါ် နည်းဥပဒေ၊ ဥပဒေများနှင့်အညီ မြေယာကိစ္စရပ်များအား တစ်နှစ်အတွင်း ပြီးစီးအောင် ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စု
ဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ပိုင်ခွင့် ရယူထားပြီး လုပ် ကိုင်ခြင်း မရှိသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များကိုလည်း အရေးယူ ဆောင်ရွက်နိုင် ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားထားမှုများ အပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဦးမြင့်လှိုင်က "လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မရှင် အစီရင်ခံစာမှာပါတဲ့ တပ်မတော်နှင့် သက်ဆိုင်တဲ့ တင်ပြတိုင်ကြားစာ ၅၆၅ စောင်၊ မြို့ပြတိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်းနဲ့ စက်မှုဇုန် တည်ဆောက်ရေးအတွက် သိမ်းဆည်းထားတဲ့ တင်ပြစာ ၆၃ စောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ပုဂ္ဂလိကကို ချပေးရာမှာ တောင်သူတွေ လုပ်ကိုင်နေတဲ့ လယ်မြေတွေ ပါသွားတာတွေ ရှိပါတယ်။ နောက်ပြီးတော့ နိုင်ငံတော်စီမံကိန်းဖြစ်တဲ့ ရထားလမ်း၊ ကားလမ်း၊ လေယာဉ်ကွင်း တိုးချဲ့ခြင်း၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ တည်ဆောက်ရန် သိမ်းထားတဲ့အတွက် တိုင်ကြားစာပေါင်း ၁၁၇ စောင် ရှိပါတယ်။ ယခင်အစိုးရ အဆက်ဆက်မှာ ဖြစ်ပေါ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှု အမှုတွဲပေါင်းက ၇၄၅ ခု ရှိပါတယ်။ ဒါတွေကို တိုင်းဒေသကြီး၊ ပြည်နယ်
အသီးသီးမှာရှိတဲ့ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့နဲ့ အစိုးရအဖွဲ့များ အနေနဲ့ ဆုံးဖြတ်ဖြေရှင်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်" ဟု ဦးမြင့်လှိုင်က
ပြောကြားသည်။

လွှတ်တော်စုံစမ်းရေး အစီရင်ခံစာတွင် တော်လှန်ရေးကောင်စီ လက်ထက်မှ ဖြစ်စဉ်များ အပါအ၀င် ယခင်အစိုးရ အဆက်ဆက်က ဖြစ်စဉ်
များ ပါဝင်နေကြောင်း၊ တပ်မတော် အဖွဲ့အစည်း အပါအ၀င် ၀န်ကြီးဌာန အသီးသီး၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင် ကုမ္ပဏီများ ပါဝင်နေကြောင်း၊ ယင်းသို့ ဆက်စပ်ပါဝင် နေသူများအား ဖြစ်စဉ်အမှန် ပေါ်ပေါက်ရန်အတွက် အထောက်အထား ခိုင်မာစွာဖြင့် တည်ဆောက်လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြား
ခဲ့သည်။

ထို့အပြင် နိုင်ငံတစ်ဝန်းလုံးတွင် မြေလွတ်မြေလပ်မြေရိုင်းများအား လုပ်ပိုင်ခွင့် ရရှိထားသူများ ရှိကြောင်း၊ လုပ်ပိုင်ခွင့် ရယူထားပြီး ဥပဒေနှင့်အညီ အမှန်တကယ် လုပ်ကိုင်ခြင်း မရှိသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များကို အရေးယူနိုင်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း ဦးမြင့်လှိုင်၏ ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာတွင် တပ်မတော်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးတွင် တင်ပြတိုင်ကြားစာ ၁၅၆ စောင်၊ မွန်ပြည်နယ်တွင် ၁၄၄ ခု၊ ရှမ်းပြည်နယ်တွင် ၅၇ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၅၅ ခု၊ ရခိုင်ပြည်နယ်တွင် ၃၈ ခု၊ မကွေးတိုင်းဒေသကြီးတွင် ၃၂ ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၆ ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၅ ခု၊ ကရင်ပြည်နယ်တွင် ၁၄ ခု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁၃ ခု၊ တနင်္သာရီတိုင်း ဒေသကြီးတွင် သုံးခု၊ ကချင်ပြည်နယ်တွင် တစ်ခု၊ ကယားပြည်နယ်တွင် တစ်ခုရှိကြောင်း သိရသည်။

Eleven Media Group 
လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ မြေယာကိစ္စများအား တစ်နှစ်အတွင်း ပြီးစီးအောင် ဖြေ ရှင်းနိုင်ရန် အတွက် စက်တင်ဘာ ၁၇ ရက်တွင် နေပြည်တော်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ငှက်ပျောသီးမှ ပေးစွမ်းနိုင်သော ကျန်းမာရေးဆိုင်ရာနှင့် အလှအပရေးရာ

မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ကျေးရွာ မြို့ပြမကျန် ဘာသာရေး ပွဲများနှင့် အချိုပွဲများ တည်ခင်းရာ၌ မပါမဖြစ်သော ငှက်ပျောသီးမှာ စားသုံးရုံသာ မက ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ကဏ္ဍများတွင်လည်း အသုံးဝင်ကြောင်း တင်ပြလိုက်ရ ပါသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ သမ္မတလက်မှတ်ရေးထိုး အတည်ပြု

Photo: အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ သမ္မတလက်မှတ်ရေးထိုး 
အတည်ပြု
Wednesday, September 18, 2013

လွှတ်တော်ကနေ တင်ပြထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ အတည်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

အခုလို ဥပဒေအတည်ဖြစ်သွားတဲ့အတွက် အဂတိလိုက်စားမှုတွေနဲ့ နာမည်ပျက်နေတဲ့နိုင်ငံအတွက် နာမည်ကောင်းဖြစ်အောင်ပြန်လုပ်ဖို့ အခွင့်အလမ်းပေါ်လာပြီဖြစ်သလို၊ ဒီအတွက်လည်း သမ္မတကို ကျေးဇူးတင်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီသစ်ပါတီ ဥက္ကဌ ဦးသိန်းညွန့်က ပြောပါတယ်။

“လာဘ်ပေးလာဘ်ယူဆိုတာ ငွေပေးတာလေးပဲပါမှာကိုး၊ တကယ်တန်းကျတော့ ခန္ဓာကိုယ်ပေးခြင်းပေါ့ ဒီလိုနည်းနဲ့ ယူခြင်းလည်းပါတာကိုး၊ ဒါကြောင့် အဂတိလိုက်စားမှုဥပဒေနဲ့ ပတ်သက်ရင် ဒီအမည်ကိုမှတ်ချက်ပေးခဲ့တဲ့ သမ္မတရဲ့အမျှော်အမြင်ကို ကျနော်ချီးကျူးပါတယ်၊ သမ္မတကြီးက အခုချိန်မှာ ဒီဥပဒေကို အာဏာတည်မြဲတဲ့အမိန့် ထုတ်ပြန်လိုက်တယ်ဆိုတာကတော့ ကျနော်တို့တိုင်းပြည်အတွက် အကျင့်ပျက်နေတဲ့ တရားသူကြီးတွေ၊ အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ ပြောရရင် ဒီနေ့ ၁၅ဝဝ ဖုန်းကို အလွဲသုံးစားလုပ်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို အရေးယူနိုင်တော့မှာဖြစ်တဲ့အတွက် ဒီနေ့ထုတ်ပြန်တာကိုတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျနော်ကြိုဆိုထောက်ခံပါတယ်”

ဒီဥပဒေကို ပြီးခဲ့တဲ့နှစ်တွေမှာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးဆိုတဲ့
အမည်နဲ့ လွှတ်တော်မှာ တင်သွင်းဆွေးနွေးခဲ့ပြီး၊ နောက်ပိုင်းမှာတော့ သမ္မတရဲ့အကြံပြုချက်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအဖြစ် သတ်မှတ်ခဲ့တာလို့ ဦးသိန်းညွန့်က ပြောပါတယ်။

RFA Burmese
လွှတ်တော်ကနေတင်ပြထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို သမ္မတ ဦးသိန်းစိန် လက် မှတ်ရေးထိုးပြီး ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ အတည်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းငါးခုကို စက်တင်ဘာ တတိယပတ်၌ ဖွင့်လှစ်မည်


ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအတွက် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး စခန်းငါးခုကို စက်တင်ဘာလ တတိယအပတ်အတွင်း ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။