Monday, 18 March 2013

ပုဂံဒေသတွင် ညစာစားပွဲများ ပြုလုပ်ခွင့် စတင်ခွင့်ပြုမည်

 
 ပုဂံ၊ မတ်လ ၁၈ ရက်
 ပုဂံဒေသ ဟိုတယ်လုပ်ငန်းရှင်များနှင့် ပုဂံခရီးသွား လုပ်ငန်းရှင်များအနေဖြင့် ရှေးဟောင်း အဆောက်အအုံများ၏ ပရဝုဏ်နှင့် လွတ်ကင်းသည့် နေရာများတွင် ညစာစားပွဲများ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံက သိရသည်။

ပုဂံဇုန်သို့ လည်ပတ်သည့် ခရီးသည်များအတွက် စိတ်ရွှင်လန်းမှု ရရှိစေရန်ဖြစ်သည်ဟု ဆိုသည်။

မန်းကျုံးဘေးတွင် သင်္ကြန်မဏ္ဍပ်လျှောက်ထားသူ ၁၇၂ခုရှိ

မန်းကျုံးဘေးတွင် သင်္ကြန်မဏ္ဍပ်လျှောက်ထားသူ ၁၇၂ခုရှိ

မန္တလေး-- မတ် ၁ဂ
ယခုနှစ်မန်းတွင် သင်္ကြန်မဏ္ဍပ်လျှောက်ထားသူများမှာ ကျုံးဘေးတွင်သာ အများဆုံးဖြစ်ပြီး ဌာနဆိုင်ရာ မဏ္ဍပ်များအပါအ၀င် ၁၇၂ခုရှိကြောင်းသိရသည်။ သင်္ကြန်မဏ္ဍပ်လျှောက်ထားလိုသူများသည် မန်းစည်ပင် အခွန်ဌာုနုသို့ ယခုလ ၈ရက်နေ့တွင် နောက်ဆုံးထားလျှောက်ထားစေခဲ့ပြီး လျှောက်
ထားလိုသူများမှာ အာမခံကြေး ငါးသိန်းပေးသွင်းခဲ့ရပြီး ကျုံးပတ်လည်တွင် တစ်ဖက်လျှင် မဏ္ဍပ်၁၀ခုသာ လက်ခံမည်ဖြစ်သောကြောင့် ကျုံးဘေးလျှောက်ထားလိုသူများအား မဲနှိက်နေရာချထားပေးမည်ဖြစ်ပြီး မဲမပေါက်ပါက အာမခံကြေးငါးသိန်းမှ လေးသိန်း
ပြန်လည်ပေးမည်ဖြစ်
ကြောင်း မြို့ထဲနှင့် အခြားနေရာ လျှောက်ထားလိုသူများသည် အာမခံကြေးပေးသွင်းရန်မလိုကြောင်း အခွန်ဌာနမှ တာဝန်ရှိုသူတစ်ဦးက ပြောသည်။
ယခင်နှစ် မန်းသင်္ကြန်များတွင် ကျုံးဘေးပတ်ပတ်လည်သာ မဏ္ဍပ်များရှိပြီး လူစည်ကားခဲ့ကာ တစ်နေရာနှင့်တစ်နေရာ ကူးသန်းဖို့ပင်မလွယ်၍ မန်းမြို့သူ မြို့သားများမှ ဝေဖန်မှုများရှိခဲ့ရာယခုနှစ်တွင် မြို့အနှံ့ အပြားစည်ကားစေရန် လမ်း ၃၀၊ ၃၅လမ်း၊ သိပ္ပံလမ်း
မြို့ပတ်လမ်း၊ ၆၂လမ်း၊ ၇၃လမ်း၊ ၇၈လမ်းစသည့် လမ်းကျယ်သောနေရာများနှင့် အခြားယဉ်ကြောမပိတ်ဆို့နိုင်သောနေရာများတွင် မဏ္ဍပ်တည်ဆောက်လိုသူများအား မန်းစည်ပင်ဌာနမှ ရေလိုအပ်ပါက အကူညီပေးသွားမည်ဖြစ်ပြီး သင်္ကြန်မတိုင်မီ ရုံးဖွင့်ရက်များတွင် အချိန်မရွေးလာ
ရောက်လျှောက်ထားနိုင်ကြောင်း၊ မဏ္ဍပ်တည်ဆောက်ရာတွင် တီးဝိုင်းပါလျှင် ပေ၁၂၀နှင့် တီးဝိုင်းမပါလျှင် ပေ ၈၀အထိသာ လက်ခံဆောက်လုပ်ရမည်ဖြစ်ကြောင်း၊သတ်မှတ်ချက်နှင့်ကိုက်ညီပါက စိစစ်ချထားပေးသွားမည်ဖြစ်ပြီး မဏ္ဍပ်တည်ဆောက်လိုသူများသည် စည်ပင်ဌာနမှ ချပေးသည့်နေရာတွင် သတ်မှတ်ထားသည့် အကျယ်အ၀န်းအတိုင်း တည်ဆောက်ရမည်ဖြစ်ပြီး မဏ္ဍပ်အောက်တွင် ဆယ်ပေပတ်လည် အမှိုက်ကန်ထားရှိရ မည်ဖြစ်ကာ ယာယီရေလောင်းအိမ်သာထားရှိရမည်ဖြစ်သည်။ ထို့အပြင် စီးကရက်၊ ဆေးလိပ်၊ ဘီယာနှင့် အရက်ကြော်ငြာများကပ်ခြင်း၊ ချိပ်ဆွဲခြင်းများမပြုလုပ်ရန်နှင့် မဏ္ဍပ်တည်ဆောက်ရာတွင် ပလပ်ဖောင်းအတွင်း သာတည်ဆောက်ရမည်ဖြစ်ပြီး လေအိုးသ
ုံးရေပိုက်၊ မီးသက်ပိုက်ခေါင်းများဖြင့် ရေပတ်ခြင်းအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လိုက်နာခြင်းမရှိပါက Black Listစာရင်းသွင်းရ်ျ လိုအပ်သလို အရေးယူသွား မည်ဖြစ်ကြောင်း မဏ္ဍပ်တည်ဆောက်လိုသူများလိုက်နာရန် မန်းစည်ပင် အခွန်ဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအရသိရသည်ဖိုးလပြည့်

မန္တလေး၊မတ်လ ၁ဂ ရက်

ယခုနှစ်မန်းတွင် သင်္ကြန်မဏ္ဍပ်လျှောက်ထားသူများမှာ ကျုံးဘေးတွင်သာ အများဆုံးဖြစ်ပြီး ဌာနဆိုင်ရာ မဏ္ဍပ်များအပါအ၀င် ၁၇၂ ခု ရှိကြောင်းသိရသည်။ သင်္ကြန်မဏ္ဍပ်လျှောက်ထားလိုသူများသည် မန်းစည်ပင် အခွန်ဌာုနုသို့ ယခုလ ၈ရက်နေ့တွင် နောက် ဆုံး ထားလျှောက်ထားစေခဲ့ပြီး လျှောက် ထားလိုသူများမှာ အာမခံကြေး ငါးသိန်းပေးသွင်းခဲ့ရပြီး ကျုံးပတ်လည်တွင် တစ်ဖက်လျှင် မဏ္ဍပ်၁၀ခုသာ လက်ခံမည်ဖြစ်သောကြောင့် ကျုံးဘေးလျှောက်ထားလိုသူများအား မဲနှိက်နေရာချထားပေးမည်ဖြစ်ပြီး မဲမပေါက် ပါ က အာမခံကြေးငါးသိန်းမှ လေးသိန်း ပြန်လည်ပေးမည်ဖြစ်ကြောင်း မြို့ထဲနှင့် အခြားနေရာ လျှောက်ထားလိုသူများသည် အာမခံကြေးပေးသွင်းရန်မလိုကြောင်း အခွန်ဌာနမှ တာဝန်ရှိုသူတစ်ဦးက ပြောသည်။

လူကိုသစ်ပင်ဖြစ်စေသော ရောဂါ



လူကို သစ်ပင်ဖြစ်စေတဲ့ ရောဂါ တကယ်ရှိပါတယ်။ သစ်ပင်ဖြစ်စေတယ် ဆိုတာထက် သစ်မြစ်ဖြစ်စေ တယ် ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ တစ်ကိုယ်လုံးကနေ သစ်ပင်ကဲ့သို့ အမြစ်အသားပိုများ အဆမတန် တိုးပွား လာခြင်း မျိုး ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးမားဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်

 အဘူဒါဘီ ၊ မတ်လ ၁၈ ရက်


UAE နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ် အားပေး စက်ရုံကြီးကို စတင်ဖွင့်လှစ်လိုက်ပြီ ဟု သိရှိရသည်။ အရှေ့အလယ်ပိုင်း ဒေသရှိ နေရောင်ခြည် ပူပြင်းကောင်းမွန်စွာ ကျရောက်ရာ နိုင်ငံ၏ သမ္မတဖြစ်သော ရှိတ်စော်ဘွား ခါလီဖာ ဘင်ဇာယက်ဒ် အယ်လ်ညာဟန်သည် အဆိုပါ ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်မှု အခမ်းအနားကို တနင်္ဂနွေနေ့က ကိုယ်တိုင်တက်ရောက်ခဲ့သည်။ Shams 1 အမည်ရှိ စက်ရုံသည် မဂ္ဂါဝပ်(၁၀၀) ရှိ လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်မည် ဖြစ်သည်။

solar plant uae

မန်းတွင် စခန်းမှူးတစ်ဦး ကိုယ့်ကိုယ်ကို ဆွဲကြိုးချသတ်သေမှုဖြစ်ပွား

Photo: မန်းတွင် စခန်းမှူးတစ်ဦး ကိုယ့်ကိုယ်ကို ဆွဲကြိုးချသတ်သေမှုဖြစ်ပွား

မန္တလေး၊မတ်လ ၁၈ ရက်

မန်းတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် စခန်းမှူး ရဲအုပ် ထွန်းအောင်ကျော်(၄၀)နှစ်မှာ မိမိနေအိမ်တွင် ယခုလ၁၂၇က်က ဆွဲကြိုးချသေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယခုလ ၁၂ရက်နေ့မနက် ၁၀နာရီခန့်တွင် ရဲအုပ် ထွန်းအောင် ကျော်မှာ မိမိနေအိမ်တွင် နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချသေ ဆုံးနေကြောင်းသိရသဖြင့် မြို့နယ်တရားသူကြီး၊ စဥ့်ကူး မြို့နယ်ရဲ တပ်ဖွဲ့မှူးနှင့် မှုခင်းဆရာဝန်တို့သွားရောက် စစ်ဆေးရာ မိမိကိုယ်ကိုယ်ကို သက်သေခြင်းသာဖြစ်ပြီး တရားပြင်ပဒဏ်ရာမတွေ့ရှိရကြောင်း သိရသည်။
အဆိုပါစခန်းမှူးရဲအုပ်ထွန်းအောင်ကျော်သည် သေဆုံးချိန် တွင် ဇနီးသည် တစ်ဦးနှင့် သူငယ်တန်းတက်ရောက်နေသည့် ကလေးငယ်တစ်ဦးရှိကြောင်း ဇနီးသည်နှင့် ကလေးမှာ ဘုန်းကြီးကျောင်းသို့ ယဉ်ကျေးလိမ္မာသင်တန်း သွားရောက်တက်နေစဉ် ယခုလိုဖြစ်ပွားခဲ့ပြီး သေဆုံး သူတွင် တခြားရောဂါမ ရှိဘဲ မသေဆုံးမီ ၁၀ရက်ခန့်တွင် ညပိုင်းမအိပ်ခြင်းများရှိကြောင်း သေဆုးံသူ မိသားစုဝင် များက ပြောသည်။

ရဲအုပ်ထွန်းအောင်ကျော်မှာ လူမှုရေးအရှုပ်အရှင်းမရှိခြင်း အောက် လက်ငယ်သားများနှင့် အထက်အရာ ရှိများနှင့် အဆင်ပြေခြင်းများ ရှိကြောင်း မန်းလေးတိုင်းဒေသကြီး တိုင်းရဲမှူး ဦးစိုးငြိမ်းက Popular news ဂျာ နယ် သို့ ပြောသည်။

သူက အောက်လက်ငယ်သားတွေနဲ့လည်း အဆင်ပြေတယ်။ တခြားလူမှုရေးအရှုပ်ရှင်းလည်းမရှိဘူး။ သူဖာသာပဲနေတာ။ တခြား စိတ်ခံစားမှုတစ်ခုခုကြောင့်ပ ဖြစ်မှာပါ ဟု ဦးစိုးငြိမ်းက ပြောသည်။ 

ref:popular myanmar
 
မန္တလေး၊မတ်လ ၁၈ ရက်

မန်းတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် စခန်းမှူး ရဲအုပ် ထွန်းအောင်ကျော်(၄၀)နှစ်မှာ မိမိနေအိမ်တွင် ယခုလ ၁၂၇က်က ဆွဲကြိုးချသေဆုံးခဲ့ကြောင်းသိရသည်။

လက်ပံတောင်းတောင်ဒေသခံများကို နိုင်ငံရေးအမြတ်ထုတ်နေသည်ဟု စွပ်စွဲခံထားရသူနှင့် တွေ့ဆုံခြင်း


 လက်ပံတောင်းတောင်ဒေသခံများကို နိုင်ငံရေးအမြတ်ထုတ်နေသည်ဟု စွပ်စွဲခံထားရသူနှင့် တွေ့ဆုံခြင်း
လက်ပံတောင်းတောင်သပိတ်စခန်းများကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကအင်အားသုံးဖြေရှင်းခဲ့ပြီးနောက် ဖြစ်ပေါ် လာသော နောက်ဆက်တွဲပြဿနာများနှင့် ဒေသခံများကြုံ တွေ့နေရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို နိုင်ငံတော်သမ္မတကဖွဲ့စည်းပေးခဲ့သည်။အဆိုပါကော်မရှင်က ၄င်းတို့ ၏ အပြီးသတ်အစီရင်ခံစာကို မတ်လ ၁၂ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံအချို့က အစီရင်ခံစာနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ စုံစမ်းစစ်ဆေး ရေးကော်မ ရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်အစီရင်ခံစာနှင့်ပတ်သက်၍ ဒေသခံများနှင့်တွေ့ဆုံ ရှင်းပြမှုများပြုလုပ်ရာတွင်လည်း ကန့် ကွက်ဆန္ဒပြမှုအချို့နှင့်ကြုံတွေ့ခဲ့ရသည်။ ယင်းဆန္ဒပြမှုများ၏ နောက်ကွယ်တွင် ပြည်ပမှ အထောက်အပံ့များ ရယူ၍ လက်ပံတောင်းတောင်ဒေသခံများအား ကြိုးကိုင်လှုပ်ရှား နေသူ နိုင်ငံရေးအရ အမြတ်ထုတ်နေသူဟု စွပ်စွဲခံထားရသော ကိုဟန်ဝင်းအောင်နှင့်The Messenger ဂျာနယ်က တွေ့ဆုံမေးမြန်းထားသည်များ ကို ဖော်ပြ လိုက်ပါသည်။

နျူလက်နက်နှင့် အကူအညီ လဲလှယ်မည်မဟုတ်ဟု မြောက်ကိုရီးယား ထုတ်ပြန်



ပြုံးယမ်း၊မတ်လ ၁၈ ရက်

 နိုင်ငံတကာထံမှ အကူအညီများ ရရန်အတွက် နိုင်ငံ၏ နျူကလီးယား လက်နက် စီမံကိန်းများနှင့် မည်သည့် အခါမှညှိနှိုင်းမှု ပြုလုပ်သွားမည်မဟုတ်ဟုမြောက်ကိုရီးယားက မတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံ ကာ ကွယ်ရေးအတွက်နျူကလီးယားလက်နက်များဆိုင်ရာရပ်တည်ချက် ကို ပြောင်းလဲသွားမည် မဟုတ်ကြောင်း လည်း ထုတ်ပြန်ခဲ့သည်။

မျက်နှာဖုံးခေါင်းစွပ်များ ၀တ်ဆင်ထားသည့် လူ ၃ သုံးဦး၏ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသော်လည်း တစ်နှစ်ကျော် ကြာသည့်အထိ တရားခံဖမ်းဆီးမိခြင်း မရှိသေး ကာယကံရှင် မိသားစုမှ သတင်းစာရှင်းလင်းပွဲပြုလုပ်

 ရန်ကုန်၊မတ်လ ၁၈ ရက်

မျက်နှာဖုံးခေါင်းစွပ်များ ၀တ်ဆင်ထားသည့် လူ ၃ သုံးဦး၏ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသော်လည်း တစ်နှ စ်ကျော် ကြာသည့်အထိ တရားခံဖမ်းဆီးမိခြင်း မရှိသေးသည့် သာယာဝတီခရိုင်၊ ကံသာယာ ကျေးရွာ အမှု ကို ကာယကံရှင်မိသားစုက ရန်ကုန်မြို့၊ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကိုကျင်းပပြုလုပ်နေသည်။

ဘီလူးချောင်းရေ ရေရှည် ကျန်းမာရေး ထိခိုက်နိုင်ဟုဆို၍ ထီးစဲခါးမှ ရေသွယ် ယူနိုင်ရန် လွှတ်တော်တွင် တင်ပြမည်


 
 လွိုင်ကော်၊မတ်လ ၁၈ ရက်

ကယားပြည်နယ်လွိုင်ကော်မြို့တွင် ဒေသခံများ သောက်သုံးနေသည့်ဘီလူးချောင်းရေမှာ ရေရှည် ကျန်း မာရေး အတွက် ထိခိုက်မှုတွေရှိလာနိုင် တယ်လို့ဆိုပြီး ထီးစဲခန်းမှ ရေသွယ် ယူနိုင်ရေးအ တွက် ပြည်ထောင် စု လွှတ်တော်မှာ အဆိုတင်သွင်းဖို့ အစီအစဉ်ရှိကြောင်း ကယားပြည်နယ် ရှားတော မဲဆန္ဒနယ် (၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်က ပြောပါတယ်။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် မဟာအင်ဂျင်နီယာဘွဲ့သင်တန်းများအတွက် လျှောက်လွှာခေါ်ယူ

 
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးဝန်ကြီးဌာန

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
မဟာအင်ဂျင်နီယာဘွဲ့သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း

ညောင်ဦးမှ ရန်ကုန်သို့ ပျံသန်းထွက်ခွာမည်ပြုစဉ် ရန်ကုန်အဲဝေးလေယာဉ် ခရီးသည်များပြန်ချကာ စက်ပိုင်းဆိုင်ရာစစ်ဆေးမှုပြုလုပ်ခဲ့ရ


 

 ညောင်ဦး၊ မတ်လ ၁၈ ရက်

ပုဂံညောင်ဦး လေဆိပ်တွင် မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ညောင်ဦးမှရန်ကုန်သို့ ပျံသန်းထွက် ခွာမည့် ရန်ကုန်အဲဝေးလေယာဉ် တစ်စီးသည်လေယာဉ်ပြေးလမ်းပေါ် ရောက်ရှိပြီးမှ ခရီးသည်များပြန်ချကာ စက် ပိုင်းဆိုင်ရာစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာအေး ဘုရားလမ်း လမ်းနီ မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွား အမျိုးသမီးတစ်ဦး ပွဲခြင်းပြီးသေဆုံး


 

ရန်ကုန်၊မတ်လ ၁၈ ရက်

မတ်လ ၁၇ ရက်နေ့ ည ၈နာရီခွဲခန့်က ကမ္ဘာအေး ဘုရားလမ်း လမ်းနီ မှတ်တိုင်အနီးတွင် လမ်းဖြတ်ကူး သည့် အမျိုးသမီးတစ်ဦးကို အဌားယာဉ် တစ်စီးမှ ၀င်ရောက်တိုက်မိမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်



နေပြည်တော်၊မတ်လ ၁၈ ရက်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာတရုတ်နိုင်ငံ ရွှေလီမြို့ မှာကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက်   မြန်မာ အစိုးရနဲ့ ကချင်တိုင်းရင်းသားအဖွဲ့တို့ကြားက ဆွေးနွေးပွဲအခြေအနေကို ဒေါ်ခင်စိုးဝင်း ကညီညွှတ်ေ သာ တိုင်းရင်းသားကောင်စီ UNFC (United Nationalities Federal Council) တွဲဖက်အထွေထွေ အတွင်းရေးမှုးနှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို တွေ့ ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

မန်း မဟာမုနိဘုရားကြီးဝန်းအတွင်း ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွား


မန္တလေး-မတ်လ၁၈

ကလေးချီထားသောအမျိုးသမီးတစ်ဦးအား မန်းမဟာမုနိဘုရားကြီးဝန်းအတွင်း အမျိုးသမီး ၆ယောက် ၇ယောက်ခန့်က မတ်၁၅ ရက်တွင် ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

လေယာဉ်မောင်းသင်တန်း တက်ရောက်ရန် စိတ်ဝင်စားပြီး ငွေကြေးချို့တဲ့သူများအတွက် HTOO FOUNDATION’S SCHOLARSHIP PROGRAM


 
ရန်ကုန်၊မတ်လ ၁၈ ရက်

Asian Wings Airways Ltd. သည် မျိုးဆက်သစ် မြန်မာလူငယ်များ လေကြောင်းဆိုင်ရာ အဆင့်မြင့် နည်းပညာများကို ပြည်တွင်း၌ပင် သင်ယူစေနိုင်ရန် ရည်ရွယ်၍ Myanmar Aviation Academy အတွက် လိုအပ်သော မတည်ရင်းနှီးမှုများဖြစ်သည့် ကျောင်း အဆောက်အဦများ တည်ဆောက်ပေး ခြင်း၊ DA40 NG လေယာဉ်များနှင့်လိုအပ်သောသင်ကြားမှုအထောက်အကူပစ္စည်းများဝယ်ယူဖြည့် တင်းပေးခြင်း အပါ အ၀င် လုပ်ငန်းတည်ထောင်မှုအတွက် ကုန်ကျစရိတ်များကို Asian Wings Airways ၏ လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းမှ ရရှိသောဝင်ငွေများထဲမှ ပြန်လည်စိုက်ထုတ် ကျခံစေလျက် ဆောင်ရွက်ပေး ခဲ့ခြင်းဖြင့် Myanmar Aviation Academy မွေးဖွားပေါ်ပေါက်လာခဲ့ပါသည်။

လေကြောင်းရန် ကာကွယ်ရေးတပ် ရေဒါစခန်းအဖြစ် အသုံးပြုရန်အတွက် လောင်းလုံကြိုးဝိုင်းတော အတွင်းရှိ မြေ ၂၁၅ ဧကကို ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်


ထားဝယ်၊မတ်လ ၁၈ ရက်

လေကြောင်းရန် ကာကွယ်ရေးတပ် ရေဒါစခန်းအတွက် တပ်ပိုင်မြေအဖြစ် အသုံးပြုရန် တနင်္သာရီတိုင်းဒေ သကြီး၊ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ လောင်းလုံကြိုးဝိုင်းတောအတွင်းရှိ မြေ ၂၁၅ ဧကကို ကြိုးဝိုင်းေ တာမြေ အဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရှိရသည်။

ကုလကန့်သတ်မှု ရုတ်သိမ်းပေးဖို့ သမ္မတဦးသိန်းစိန်တောင်းဆို




ကင်ဘာရာ၊မတ်လ ၁၈ ရက်

မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ကန့်သတ်မှုတွေကိုရုတ်သိမ်းပေး ဖို့အတွက် သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေစဉ် အတွင်း တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

မြေမြှုပ်မိုင်းများကြောင့် ရွာသစ်ရေကာတာဘက် အသွားအလာ ပိတ်ပင်

 ကယားပြည်နယ် ဘော်လခဲ ခရိုင်ရှိ ရွာသစ် ရေကာတာ တည်ဆောက်မှုအား ပွင့်လင်းမြင်သာမှု မရှိခြင်းမှာ ယခင် စစ်ပွဲကာလက ထောင်ထားသည့် မိုင်းများရှိနေခြင်းကြောင့် ဖြစ်ကြောင်း ကယားပြည်နယ် ၀န်ကြီးချုပ် မှ ပြန်လည် ရှင်းလင်းခဲ့သည်။

၈၈ ကျောင်းသားများ ပါတီ ထောင်မည်

၈၈ မျိုးဆက်ကိုကိုယ်စားပြုပြီး နိုင်ငံရေးပါတီတခုဒီနှစ်ထဲထွက်ပေါ်လာဖို့ရှိတယ်လို့(၈၈)မျိုးဆက် ကျောင်း သား ခေါင်းဆောင်တဦးက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မိုးလေ၀သသတင်း


(၂၀၁၃ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်အများအားဖြင့်သာယာနေပြီး၊

ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။

အမေရိကန် မောင်းသူမဲ့ လေယာဉ်ထံ ပျံသန်းလာသော အီရန် တိုက်ခိုက်ရေး လေယာဉ်တစ်စင်း အချက်ပြမီး တွေ့ရှိပြီး နောက်လှည့်ပျံသန်း


အီရန် တိုက်လေယာဉ် တစ်စင်းသည် အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်းဆီသို့ ဦးတည် ပျံသန်း လာစဉ် သတိပေး မီး ကျည်ပစ်ခတ်ပြီးနောက်အီရန် လေယာဉ်မှာနောက်လှည့်ပျံသန်းသွားကြောင်းပင်တဂွန်စစ်ဌာနချုပ်၏ထုတ်ဖော် ပြောကြားချက် အရ သိရသည်။ လက်နက် တပ်ဆင်ထားခြင်း မရှိသော Predator ဟု အမည် ပေးထားသည့် ယင်းမောင်းသူမဲ့ လေယာဉ်ကို အမေရိကန် စစ်လေယာဉ် နှစ်စင်း ကစောင့်ကြပ်၍ နိုင်ငံတကာ ရေပိုင်နက် အတွင်း ပျံ သန်းနေ စဉ် အီရန် လေယာဉ် ချဉ်းကပ် လာမှုကို အစောင့် လိုက် လေယာဉ်နှစ်စင်း အနက်မှ တစ်စင်းက အချက်ပြ မီးကျည် ပစ်ခတ် ခဲ့ခြင်း ဖြစ် သည်။