မန္တလေးမြို့တွင် ပြည်ပမှ တရားမဝင်တင်သွင်း အသုံးပြုနေ သော လိုင်စင်မဲ့ဆိုင်ကယ်များအား One Stop Service ဖြင့် လိုင်စင် ပြုလုပ်ပေးနေခြင်းကို ဇူလိုင် ၄ ရက်နောက်ဆုံးထားပြုလုပ်ပေးမည် ဖြစ်၍ ပြည်သူများအနေဖြင့် အမြန် ဆုံးလာရောက် လုပ်ဆောင်နိုင်ကြရန် မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနက အသိပေးထားကြောင်း သိရသည်။
Sunday, 22 June 2014
တယ်လီနောနှင့် ဆမ်ဆောင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုး
တယ်လီနောမြန်မာနှင့် ကမ္ဘာ့ နံပါတ်တစ် မိုဘိုင်းပစ္စည်းထုတ် လုပ်သူ Samsung Electronics တို့ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာကို ရန်ကုန်မြို့ရှိ တယ် လီနောရုံးချုပ်၌ နှစ်ဖက်ကုမ္ပဏီမှ အကြီးတန်းအရာရှိများက ဇွန် ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။
ဂျပန်နှင့်မြန်မာ့ဆက်သွယ်ရေးတို့ ပူးပေါင်းပြီး တန်ဖိုးနည်းဆင်းကဒ်များ အကန့်အသတ်မရှိရောင်းမည်
ပြည်သူများ လက်ကိုင်တယ်လီဖုန်းသုံးစွဲနိုင်ရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက နိုင်ငံခြားမှ ကုမ္ပဏီ တစ်ခုနှင့် အကျိုးတူပူးပေါင်းကာ တန်ဖိုးနည်းဆင်းကတ်များကို ဆိုင်တိုင်းတွင် စိတ်တိုင်းကျ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အချစ်ရေးမှာ နှစ်ဦးသား ပိုနွေးထွေးစိုပြေစေဖို့ သိထားရမယ့် အချက်များ
တစ်ဦးနဲ့တစ်ဦး ချစ်ကြပြီဆိုတာနဲ့ နားလည်မှုတွေ တည်ဆောက်ရမယ်၊ ယုံကြည်မှုတွေ ခိုင်မြဲအောင် ကြိုးစား ရတော့မှာပါ။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အချက်ကလေးတွေကြောင့် သင့်ရဲ့အချစ်ရေးဟာ ပျက်ပြား သွားနိုင်သလို အဲ့ဒီ ဘာမဟုတ်တဲ့ အချက်တွေကြောင့်ပဲ သင်တို့ဟာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ရရှိနိုင် ပါတယ်။ ကိုယ်ချစ်သူနဲ့ ပိုခိုင်မြဲတဲ့ သံယောဇဉ်မျိုး ရရှိစေဖို့နဲ့ နှစ်ဦးသား ဒီအချစ်ရေးမှာ သက်တောင့် သက်သာနဲ့ ပိုမိုနွေးနွေးထွေးထွေးရှိစေဖို့အတွက် ဒီအချက်ကလေးတွေက ကူညီပေးပါ လိမ့်မယ်။
လူးဝစ်ဆာရက်ဇ်၏ စွမ်းဆောင်ရည်မှာ အံ့အားသင့်စရာဟု မော်ရင်ဟိုဆို
ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက အင်္ဂလန်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ခြေစွမ်းပြပြီး (၂)ဂိုးသွင်းယူခဲ့သည့် လူးဝစ်ဆွာရက်ဇ်အား ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ မော်ရင်ဟိုသည် ပြီးခဲ့သည့် ရာသီက လီဗာပူးလ်အသင်း၏ ကစားသမားဖြစ်သူ ဆွာရက်ဇ်အား ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသူ ဖြစ်သည်။
သတင်းမီဒီယာအချို့ကို သတင်းတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့က ရန်ကုန်မြို့တော်အခြေစိုက် သတင်းမီဒီယာများမှ အယ်ဒီတာအချို့ကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့သည်။
ဦးစိုးဝင်းမှာ ယခင်ပြန်ကြားရေးဝန်ကြီးဌာနတွင် ငွေကြေးအရှုပ်အရှင်းရှိသူဟု ဦးလှဆွေ ပြော
သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ် တော်သို့ အမည် စာရင်းပေးပို့ထား သော ဦးစိုးဝင်းမှာ ယခင်ပြန်ကြား ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်း ဆောင်စဉ် ကာလအတွင်း ငွေ ကြေးကိစ္စရပ်နှင့်ပတ်သက်၍ နာ မည်ပျက်ရှိခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှ ဆွေက ပြောသည်။
ပုပ္ပားတောင်အနီးတွင် ဗုံးသီးဟောင်း နှစ်ရာကျော်တွေ့
ပုပ္ပားတောင်မြောက် ဘက်ရှိ စိတ္ထိန်းကျေးရွာတွင် ဆေး ခန်းအနီး ၀န်ထမ်းအိမ်ရာ တည်ဆောက်ရန် မြေကျင်းတူးရာ ဗုံးသီးနှစ်ရာကျော်တွေ့ရှိ၍ မိတ္ထီလာမိုင်းရှင်းလင်းရေးတပ်က လာရောက် ရှင်းလင်းပေးခဲ့ ကြောင်း သတင်းရရှိသည်။
အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်မည်ဆိုပါက တိကျစွာ ဆောင်ရွက်ရန်လိုဟု လွှတ်တော်ကိုယ်စားလှယ်များပြော
သမ္မတ၏ ဖိလစ်ပိုင်ခရီးစဉ်အတွင်း တွေ့ရသော အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့ (ဓာတ်ပုံ - သီဟ)
အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုကို အမှန်တကယ်တိုက်ဖျက်မည်ဆိုပါက ဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်ရန်လိုပြီး ဥပဒေ၏ အထက်တွင် မည်သူမျှမရှိရန်လိုသည်ဟု ဥပဒေပညာရှင် များနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားလိုက်သည်။
နိုင်ငံရေးပါတီ တစ်ခုကို ထောက်ခံအားပေးရန် ဖွဲ့စည်းထားသော အဖွဲ့အစည်း မဟုတ်ကြောင်း မဘသညီလာခံ ကြေညာ
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသသည် နိုင်ငံရေးပါတီ တစ်ခုကို ထောက်ခံအားပေးရန် ဖွဲ့စည်းထားသော အဖွဲ့အစည်း မဟုတ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) နှစ်ပတ်လည် ညီလာခံတွင် ထုတ်ပြန်ကြောင်း အဆိုပါအဖွဲ့ဝင် ဒေါက်တာသောပါကက မိန့်ကြားသည်။
ဆိပ်ခံဗောတံတားများတွင် သင်္ဘောအကပ်၊ အခွာ ကြီးကြပ် မည့် ဝန်ထမ်းများ ရှိစေလို
ဒလမှ ရန်ကုန်ဘက်ကမ်းသို့ ဇွန် ၂ဝ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ ဝန်းကျင်တွင် ထွက်ခွာလာသော ကူးတို့ရေယာဉ်နှစ်ထပ်ပေါ်သို့ ဆိပ်ခံဗောတံတားပေါ်မှ ခရီးသည်တစ်ဦး အပြေးအလွှားခုန်တက်နေသည့် မြင်ကွင်းကို အဆိုပါသင်္ဘော အပေါ်ထပ်မှ လိုက်ပါလာသော ခရီးသည်တစ်ဦးက ရိုက်ကူးပေးပို့လာ ရာ မြင်ရသူအဖို့ စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေသော်လည်း အဆိုပါခရီးသည်မှာမူ အချိန်လုသည့် ဇော(စိတ်)ကြောင့် စိုးရိမ်စိတ်မဖြစ်ပေါ်သော်လည်း အသက်ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။
ရန်ကုန်တောင်ပိုင်း ခရိုင်လုံးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ယနေ့ ဆန္ဒထုတ်ဖော်မည်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တောင်ပိုင်း ခရိုင်လုံးဆိုင်ရာ လူထုလှုပ်ရှားမှု ဆန္ဒ ထုတ်ဖော်ပွဲကို ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် သန်လျင်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း ဦးဆောင် ကျင်းပမည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်က ဇွန်လ ၂၁ ရက်နေ့က မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအရ သိရှိရသည်။
ကြက်ဥကို စားသင့်တဲ့ အကြောင်းများ
ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပက်သက်ပြီး သိသင့် တဲ့ အရာလေးတွေကို စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။
သင် မထင်မှတ်ထားတဲ့ Vodka ကို အသုံးပြုနိုင်တဲ့ နည်းခြောက်သွယ်
အလယ်ခေတ်အစောပိုင်းလောက်ကတည်းကစပြီးတော့ Vodka ကို လူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလာကြတယ်လို့ ဆိုပါတယ်။ Vodka ဟာ ကမ္ဘာ မှာ လူသိအများဆုံး အဖျော်ယမကာ တစ်မျိုးလည်းဖြစ်ပါတယ်။ ဥရောပအရှေ့ ပိုင်းနဲ့ မြောက်ပိုင်းတို့ မှာ “neat” သောက်
သုံးကြသလို cocktail စပ်ပြီးတော့လည်း သောက်သုံး ကြပါတယ်။
ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်
ရခိုင်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမည်ဟု သတင်းများ ထွက်ပေါ်နေသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်လွှတ်တော် တပ်မတော်သား လွတ်တော် ကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
အီရတ်နိုင်ငံသို့ စစ်ဘက်ဆိုင်ရာ အကြံပေး ၃ဝဝ ဦးကို စေလွှတ်မည်ဟု အိုဘားမား ပြောကြား
အီရတ် နိုင်ငံတွင်းသို့ စစ်ဘက်ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ၃ဝဝ ဦးကို စေလွှတ်သွားရန် အမေရိကန် ပြည်ထောင်စု အနေဖြင့် အသင့်ရှိနေကြောင်း ဇွန် ၁၉ ရက်တွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ပြောကြားသည်။
လှိုင်သာယာတွင် စေတီမုခ်ဦးပိတ်၍ ခြံဝင်းခတ်သောကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ ရွှေလင်ပန်းကျေးရွာအုပ်စု ကျုံစုကျေးရွာရှိ ရွှေရင်အေး စေတီတော် ၏ အနောက်ဘက် မုခ်ဦးကို ပိတ်၍ ခြံဝင်းခတ်သောကြောင့် ဇွန်လ ၂၁ ရက်နေ့က ဒေသခံများကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ ဒေသခံများက ပြောကြားသည်။
ကော်စတာရီကာ ကစားသမား(၇)ဦးအထိ ဆေးစစ်ခဲ့သည့် ဖီဖာကို မာရာဒိုနာ ဝေဖန်
အာဂျင်တီးနား ဂန္ထ၀င်ဘောလုံးသမား မာရာဒိုနာသည် အီတလီအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲ အပြီးတွင် ကော်စတာရီကာ ကစားသမား (၇)ဦးအထိ ဆေးစစ်ဆေးခဲ့သည့် ဖီဖာ၏လုပ်ရပ်ကို ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။ မာရာဒိုနာက ဖီဖာသည် အသင်းငယ်လေး တစ်သင်းကို ပြစ်မှုကျူးလွန်ခြင်းဟု စွပ်စွဲခဲ့ပြီး၊ လုံးဝလက်သင့်ခံနိုင်စရာ မရှိသည့် လုပ်ရပ်ဟုလည်း ဝေဖန်ခဲ့သည်။
နိုင်ငံရေးခိုလှုံခွင့်တောင်းသူစာရင်းတွင် မြန်မာ အဆင့်သုံး၌ ရပ်တည်
ကမ္ဘာတွင် နိုင်ငံရေးခိုလှုံ ခွင့်တောင်းခံသူအများဆုံးနိုင်ငံ များစာရင်း၌ မြန်မာနိုင်ငံကအ ဆင့်သုံးနေရာတွင် ရပ်တည်နေ ကြောင်း UNHCR အစီရင်ခံစာ တစ်ခု၌ ဖော်ပြသည်။
ဝန်ကြီးအချို့အပြောင်းအလဲရှိဦးမည်ဟု သတင်းထွက်ပေါ်
မကြာမီရက်ပိုင်းအတွင်း အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ပြည်ထောင်စုဝန်ကြီးအချို့အား တာဝန်မှ နုတ်ထွက်ခွင့် ပြုတော့မည်ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။
ရခိုင်နှင့် ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်းထပ်ကောက်ရန် အချိန်ကာလ တိုးလိုက်သော်လည်း လူဦးရေထက်ဝက်ကျော် ကျန်နေသေး
သန်းခေါင်စာရင်း ပထမဆုံးအသုတ်အဖြစ် ရခိုင်ပြည်နယ်တွင် လုံခြုံရေးအပြည့်နှင့် ကောက်ယူစဉ်
ရခိုင်နှင့် ကချင်ပြည်နယ်တို့တွင် ကျန်ရှိနေသော လူဦးရေ သုံးသိန်းသုံးသောင်းကျော်ကို ဆက်လက် စာရင်းကောက်ယူရန် ကာလတိုးမြှင့်လိုက်သော်လည်း သတ်မှတ်ကာလအတွင်း စာရင်း ကောက်ယူရန် လူဦးရေထက်ဝက် ကျော် ကျန်ရှိသေးပြီး အပြီးမသတ်နိုင်သေးကြောင်း ဗဟိုသန်းခေါင်စာရင်းကောက်ယူ ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ၊ကျန်းမာရေး ဆိုင်ရာ ပစ္စည်းများ ပေးအပ်
ရခိုင်ပြည်နယ် အတွင်းရှိ လမ်းပန်း ဆက်သွယ်ရေး ဝေးလံခက်ခဲသော ဒေသရှိ တိုင်းရင်းသား ပြည်သူများ အား ကျန်းမာရေး ကဏ္ဍ မြှင့်တင်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း တို့ကို အနောက် ပိုင်း တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့ များက ဆောင်ရွက် ပေးလျက်ရှိရာ ဇွန် ၁၉ ရက်တွင် ဘူးသီးတောင် မြို့နယ်ရှိ ငကျည်တောက် (ဒိုင်းနက်) တိုင်းရင်းသား ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၂၆၁ ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။
Mann Yadanarpon Air Line မှ တနင်္သာရီ တိုင်း ဒေသကြီး ခရီးစဉ် ယခုလ အတွင်း စတင် ပြေးဆွဲမည်
မန္တလေးမြို့ အခြေစိုက် လေကြောင်း လိုင်းသစ်တစ်ခု ဖြစ်သည့် Mann Yadanarpon Air Lineသည် တနင်္သာရီတိုင်း ဒေသကြီး အတွင်း ခရီးစဉ်များကို ဇွန် ၂၅ ရက်တွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း မြိတ်လေဆိပ်၌ ဖွင့်လှစ်ထားသော အဆိုပါ လေကြောင်းလိုင်း၏ မြိတ်ရုံးခွဲမှသိရသည်။
မြန်မာ့လက်ရွေးစင် အသင်းကို ပဏာမ ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်း
အာဆီယံ ဒေသတွင်း၏ အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်သည့် အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ရန် အတွက် မြန်မာ အသင်းသည် ပြင်ဆင်မှု များ ပြုလုပ်နေပြီ ဖြစ်သည်။ ပြိုင်ပွဲမတိုင်မီ မြန်မာအသင်းမှာ နိုင်ငံ တကာ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
ရန်ကုန်တွင် မီးဖိုချောင်သုံးဂက်စ် ဈေးနှုန်းထပ်တက်
ထိုင်းနိုင်ငံဘက်က တင်သွင်းလို့ မရတဲ့ အတွက် ရန်ကုန်မှာ မီးဖိုချောင်သုံး ဂက်စ်ဈေးနှုန်း သုံးဆလောက် အထိ တက်နေပြီး တချို့ဆိုင်တွေမှာ ရောင်းစရာ မရှိဘူး ဖြစ်နေပါတယ်။
တောင်ကိုရီးယားတပ်ကြပ် ပစ်ခတ်မှု ၅ ဦးသေ
မြောက်ကိုရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေရာမှာ တာဝန်ကျနေတဲ့ တောင်ကိုရီးယား စစ်သားက တခြားသူနဲ့ တာဝန်ကျနေတဲ့ ရဲဘော်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ၅ ဦးသေဆုံးပြီး တခြား ၅ ဦးလည်း ထိခိုက် ဒဏ်ရာရ သွားခဲ့ပါတယ်။
အသက်၁၅ နှစ်အရွယ် မယားပါ သမီးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး အကြပ်ကိုင်ငွေတောင်း
အသက်၁၅ နှစ်အရွယ် မယားပါ သမီးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး အကြပ်ကိုင်၍ငွေေ ကြးပါ ထပ်မံတောင်းခံသဖြင့် MAT နှင့် FED တို့ က နယ်မြေခံရဲဖြင့်ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။
ဘဂ္ဂဒက်မှာ ရှီအာ တွေ အင်အားပြ
လက်နက်များ ကိုင်ဆောင်ပြီး အင်အားပြနေစဉ်
အီရတ်နိုင်ငံ ဘဂ္ဂဒက် မြို့တော်မှာ ထောင်နဲ့ချီတဲ့ ရှီအာမွတ်ဆလင်တပ်တွေက လက်နက်တွေကိုင်ဆောင်ပြီး လှည့်လည် အင်အားပြ ခဲ့ကြပါတယ်။
အစ္စလာမ်မစ်တွေကို သေဒဏ်စီရင်ချက် အီဂျစ်တရားရုံး အတည်ပြု
မွတ်ဆလင်ညီအကိုတော်များအဖွဲ့ကို ထောက်ခံသူတွေနဲ့ တခြား အစ္စလာမ်မစ်တွေက သေဒဏ်စီရင် ချက် ကို ကြားနာပြီးနောက် ရှေ့နေခေါ်ပေးဖို့ အော်ဟစ် တောင်းဆိုကြစဉ်
အီဂျစ်နိုင်ငံမှာ စစ်အာဏာသိမ်းပြီး ဖြုတ်ချခံခဲ့ရတဲ့ သမ္မတဟောင်း မိုဟာမက်ဒ် မော်စီရဲ့ပါတီဖြစ်တဲ့ မူစလင်ညီအကိုတော်များအဖွဲ့ ခေါင်းဆောင် Mohamed Badie အပါအ၀င် အစ္စလာမ်ဝါဒီ ၁၈၃ ဦးအပေါ် သေဒဏ်ချမှတ်ထားတာကို အီဂျစ်တရားရုံးတခုက အတည်ပြုလိုက်ပါတယ်။
ဒုနယ်စပ်ရေးရာဝန်ကြီးဟောင်းကို ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ခန့်အပ်
နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး အဖြစ်ကနေ မူလတပ်တာဝန်တွေကို ပြန်လည်ထမ်းဆောင် စေခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ပြည်နယ် လွှတ်တော်အတွက် တပ်မတော် ကိုယ်စားလှယ်အဖြစ် အစားထိုး ပြောင်းလဲ ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ကြေညာပါတယ်။
အစိုးရအဖွဲ့ဝန်ကြီးများ၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တိုင်ကြားမှုများရှိလာပါက ချိပ်ပိတ်ထားသော ပိုင်ဆိုင်မှုစာရင်းများကို ဖွင့်ဖောက်စစ်ဆေးမည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြောကြား
အစိုးရအဖွဲ့ဝန်ကြီးများ၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တိုင်ကြားမှုများရှိလာပါက ချိပ်ပိတ်ထားသော ပိုင်ဆိုင်မှု စာရင်းများကို ဖွင့်ဖောက်စစ်ဆေးမည်ဟု နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြား သည်။
တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးခဲ့ရသော သီးနှံများအတွက် ပေးလျော်သည့်ပမာဏ နည်းလွန်းသည်ဟုဆိုကာ ဒေသခံတောင်သူများ လွှတ်တော်သို့တင်ပြရန် ပြင်ဆင်
နတ်ရေကန်တောင်ကြောပေါ်တွင် မင်းဘူး-အမ်း ကားလမ်းနှင့်အပြိုင် ပိုက်လိုင်းဖြတ်သန်း တည်ဆောက် ထားသည့် တစ်နေရာအား တွေ့ရစဉ်
တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဆက်စပ်ပျက်စီးခဲ့ရသော မကွေးတိုင်း ငဖဲ မြို့နယ် ဂုတ်ကြီးဒေသ နတ်ရေကန်တောင်ကြောပေါ်မှ သီးနှံများအတွက် ပေးလျော်သည့်ပမာဏမှာ အမှန် တကယ် ရရှိသင့်သည်ထက် ဆယ်ပုံတစ်ပုံခန့်သာ ရှိသည်ဟုဆိုကာ လျော်ကြေးမယူသည့် တောင်သူများ ကိစ္စ လွှတ်တော်သို့ တင်ပြနိုင်ရန် လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မတီ အဖွဲ့ဝင်များထံ အချက်အလက် များပေး၍ ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးထားကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ကုလသမဂ္ဂအထူးသံတမန် အိန်ဂျလီနာဂျိုလီ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းသို့ သွားရောက်
ကုလသမဂ္ဂအထူးသံတမန် အိန်ဂျလီနာဂျိုလီ ထိုင်း-မြန်မာနယ်စပ်ရှိ Ban Mai Nai Soi ဒုက္ခသည်စခန်းတွင် ကရင်နီဒုက္ခသည်များနှင့် တွေ့ဆုံစဉ်
ကုလသမဂ္ဂအထူးသံတမန်တစ်ဦးဖြစ်သည့် ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီသည် ဇွန် ၂ဝ
ရက် တွင် ထိုင်းနိုင်ငံမြောက်ပိုင်း Ban Mai Nai Soi ဒုက္ခသည်စခန်းရှိ မြန်မာဒုက္ခသည်များထံ သွားရောက်ခဲ့သည်ဟု UNHCR က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီးတွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်ပြီး နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ
လျှပ်စစ်ဓာတ်ကြိုးပြတ်ကျပြီး သေဆုံးသွားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား အခင်းဖြစ်ပွားရာနေရာ၌ တွေ့ရစဉ်
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ၃ ရပ် ကွက်တွင် ဇွန် ၂၁ ရက် ညနေ ၅ နာရီ မိနစ် ၃ဝ ခန့်က မိုးသည်းထန်းစွာ ရွာနေချိန် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျရာမှ ဓာတ်လိုက်ပြီး လူနှစ်ဦး အခင်းဖြစ်နေရာတွင်
သေဆုံးကာ လူနှစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာ ဖြစ်
လူမှုကွန်ရက်စာမျက်နှာများ(Facebook)တွင် တွေ့ရှိရသည့် ဓာတ်ပုံအချို့
ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့်ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ရဲတပ်ဖွဲ့သာဖြစ်ကြောင်း တည်ဆဲဥပဒေများအရ သိရသည်။
၁၉၈၈ ခုနှစ် ဇွန် ၂၁ ရက် ကျောင်းသားလှုပ်ရှားမှုတွင် ကျဆုံးသွားသည့် ကျောင်းသားများအား ဂုဏ်ပြုအလေးပြုပွဲကို မြေနီကုန်းမီးပွိုင့်၌ ပြုလုပ်
ဇွန်၂၁ ရက် မြေနီကုန်းမီးပွိုင့်၌ ပြုလုပ်ခဲ့သော ဂုဏ်ပြုအလေးပြုပွဲအား မြင်တွေ့ရစဉ်
၁၉၈၈ ခုနှစ် ဇွန် ၂၁ ရက် ကျောင်းသားလှုပ်ရှားမှုတွင် ကျဆုံးသွားသည့်ကျောင်းသားများအား ဂုဏ်ပြုသည့် အနေဖြင့် အလေးပြု ပွဲကို မြေနီကုန်းမီးပွိုင့်၌ ပြုလုပ်ခဲ့သည်။
Subscribe to:
Posts (Atom)