ထိုင်းဆယ်ကျော်သက်လူငယ်တဦးကို မဖွယ်မရာလုပ်မှု ကျူးလွန်ခဲ့တဲ့ အသက် ၆၆ နှစ်အရွယ် ဒတ်ခ်ျ အမျိုးသားတဦးကို အောက်တိုဘာ ၂၈ ရက်နေ့မှာ ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၃၇ နှစ် ပြစ်ဒဏ် စီရင်လိုက်ပါတယ်။
Tuesday, 28 October 2014
ထိုင်းလူငယ်ကို မဖွယ်မရာပြုမှုဖြင့် ဒတ်ခ်ျနိုင်ငံသား ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံရ
ထိုင်းဆယ်ကျော်သက်လူငယ်တဦးကို မဖွယ်မရာလုပ်မှု ကျူးလွန်ခဲ့တဲ့ အသက် ၆၆ နှစ်အရွယ် ဒတ်ခ်ျ အမျိုးသားတဦးကို အောက်တိုဘာ ၂၈ ရက်နေ့မှာ ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၃၇ နှစ် ပြစ်ဒဏ် စီရင်လိုက်ပါတယ်။
ထားဝယ် အထူးစီးပွားရေးဇုန် နိုဝင်ဘာလအတွင်း စတင်နိုင်ရန် ကြိုးပမ်းနေဟုဆို
လုပ်ငန်းခွင် ရပ်ဆိုင်းထားသော ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအား ယခုနှစ် နိုဝင်ဘာလအတွင်း စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် ဆောင်ရွက်နေလျက်ရှိသည်ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယ၀န်ကြီး ဦးဟန်စိန်က အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ဝယ်ယူရောက်ရှိလာသော မီးသတ်ကားများ သက်ဆိုင်ရာမြို့နယ်များသို့ ဖြန့်ဝေပေး
စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မီးသတ် ဦးစီးဌာနများတွင် အသုံးပြုနိုင်ရန် ခေတ်မီ မီးသတ်ယာဉ် ၆၅စီးနှင့် ရေ သယ်ယာဉ် ၄၃စီးတို့ကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဘဏ္ဍာငွေမှ ဝယ်ယူ ထောက်ပံ့ပေး မည်ဖြစ်ပြီး ယခုနှစ်အတွင်း ပထမဆုံးဝယ်ယူရောက်ရှိ လာသည့်မီးသတ်ယာဉ် ၁၁စီးအား သက်ဆိုင် ရာမြို့နယ်များသို့ လွှဲပြောင်း ပေးအပ်ခြင်းကို အောက်တိုဘာ၂၇ ရက် နံနက်ပိုင်းက မုံရွာမြို့ မြို့တော် ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
လွှတ်တော်သို့ ဝင်ပစ်ခဲ့သောသေနတ်သမားသည် တိုက်ခိုက်မှု မပြုလုပ် မီ ဗီဒီယိုရိုက်ကူးခဲ့ဟု ကနေဒါရဲပြော
လွန်ခဲ့သောသီတင်းပတ်တွင် ကနေဒါစစ်သားတစ်ဦးကို ပစ်သတ်ကာ ကနေဒါလွှတ်တော်ကိုဝင်ရောက် ပစ်ခတ်ခဲ့သည့် သေနတ်သမားသည် ထိုတိုက်ခိုက်မှုမပြုလုပ်မီ ၄င်းကိုယ် ၄င်းဗီဒီယိုရိုက်ခဲ့သည်ဟု သိရသည်။
ခြေထောက်ကို သစ်ကိုင်းခြောက်လိုဖြစ်သွားစေသည့် မြွေဆိပ်
ဗင်နီဇွဲလားနိုင်ငံတွင် ၁၃နှစ်အရွယ်မိန်းကလေးတစ်ဦးကို ကိုက်ခဲ့သည့် မြွေဆိပ်သည် ခြေထောက်တစ်ခုလုံး အား ညိုမည်းခြောက်သွေ့ ကာ သစ်ကိုင်းခြောက်ကဲ့ သို့ ဖြစ်စေသွားစေသည်။
ဖမ်းဆီးခံ မြန်မာနှစ်ဦး ထိန်းသိမ်းရက် ထပ်တိုး
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မြန်မာ လူငယ်နှစ်ဦးဖြစ်သူ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို နောက်ထပ်အနည်းဆုံး ၁၂ ရက် ထိန်းသိမ်း ထား မယ် လို့ သိရပါတယ်။
ကင်ဆာဆဲလ်တွေ သေစေနိုင်တဲ့ အစေ့ပါစပျစ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
ကင်ဆာရောဂါ ကြီးထွားလာမှုနှုန်းနှေးကွေးစေခြင်းနဲ့ ကင်ဆာဆဲလ်တွေ သေစေတဲ့ အစေ့ပါစပျစ်သီးတွေ ရဲ့အကျိုးကျေးဇူးတွေကို လေ့လာချက်အများစုက ဖော်ပြထားခဲ့ပြီဖြစ်ပါတယ်။ Kentucky တက္ကသိုလ်က သုတေသီတွေ က အစေ့ပါစပျစ်သီးမှာ ပါဝင်တဲ့ Antioxidant တွေက ကင်ဆာဆဲလ်တွေ ပုံမှန်အသက်ရှင်လည်ပတ်စေတဲ့ INK ခေါ် အသားဓာတ်အဖြစ်ပြောင်းလဲခြင်းအားဖြင့် သွေးကင်ဆာဆဲလ် ၇၆% ရာခိုင်နှုန်း သေဆုံးမှုဖြစ်စေတယ်လို့ ဆိုပါတယ်။
လူမှုရေး၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောကြား
လူမှုရေး၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်မှုမှာ မြန်မာနိုင်ငံဟာ အပြည် ပြည်ဆိုင်ရာနှင့် ပူးပေါင်းဆောင် ရွက်ရန်အတွက် အဆင်သင့်ဖြစ်နေပါ ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြော ကြားခဲ့သည်။
IS အုပ်စုကို နောက်ကွယ်မှ ထောက်ပံ့နေသည်ဟူသည့် သတင်းများ လုံးဝမမှန်ကြောင်း ကာတာနိုင်ငံငြင်းဆို
ဆီးရီးယားနိုင်ငံတွင် ခြေကုပ်ယူ လှုပ်ရှားလျက်ရှိသော အစ္စလာမ္မစ်နိုင်ငံတော် (IS) ကဲ့သို့သော အစွန်းရော က် အကြမ်းဖက်အုပ်စုများကို ကာတာနိုင်ငံက ထောက်ပံ့မှု ပြုနေသည်ဟူသော စွပ်စွဲပြောဆိုချက်များမှာ လုံးဝမှန်ကန်မှု မရှိဟု ကာတာအစိုးရ အရာရှိကြီးများက ငြင်းဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
နိုင်ငံအတွင်းရှိ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများတွင် မတော်တဆပေါက်ကွဲမှုများ မဖြစ်ပွားစေရန် ကြိုတင် စီမံဆောင်ရွက်ထားပြီး ပေါက်ကွဲနိုင်သည့် အလားအလာရှိပါက ကြိုတင်သိရှိနိုင်ရန် ဆောင်ရွက်ထားဟုဆို
မြန်မာ-တရုတ်ဆက်သွယ်ဖောက်လုပ်နေသည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနေရာတစ်ခုကို တွေ့ရစဉ်
မြန်မာ- တရုတ်ဆက်သွယ် ဖောက်လုပ်ထားသည့် ဓာတ်ငွေ့ပိုက်လိုင်းနှင့်မြန်မာ နိုင်ငံအတွင်းရှိ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများတွင် မတော်တဆပေါက် ကွဲမှုများမဖြစ်ပွားစေရန် ကြိုတင် စီမံဆောင်ရွက်ထားပြီး ပေါက်ကွဲနိုင်သည့် အလားအလာရှိပါကကြိုတင် သိရှိနိုင်ရန်ဆောင်ရွက်ထားကြောင်း စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးကပြောသည်။
သင်ရိုးကြောင့် အရည်အချင်းပြည့် ဆရာများရရှိရေး ခက်ခဲနေဟု တိုင်းဝန်ကြီးချုပ် ပြော
ရန်ကုန်တိုင်းအတွင်းရှိ ငှက်အော်စမ်းကျေးရွာ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
မြန်မာ့ပညာရေးသည် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင်ပင် နိမ့်ကျနေသည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်က သုံးသပ်သည်။ ကျောင်းစနေစဉ် အချိန်မှစ၍ ဆရာဖြစ်သင်တန်းအထိ သင်ရိုးနှင့်နည်း စနစ်အား နည်းချက်များစွာရှိ၍ အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမများ ဖြစ်လာရေး အခက်အခဲများစွာ ရှိနေ သည်ဟု ဧရာဝတီ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။
တရားမဝင် ဆိုင်ကယ်စီးရေအလွန်များဟု ရထားပို့ဆောင်ရေး ဒု-ဝန်ကြီးဝန်ခံ
ဆိုင်ကယ်စီးနင်းခွင့် ပြုမထားသည့် ရန်ကုန်မြို့ နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနှင်း နေသည်ကို အောက် တိုဘာ ၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ -ဟိန်းထက်၊ မဇ္ဈိမ)
မြန်မာနိုင်ငံသို့ တင်သွင်းသည့် မော်တော် ဆိုင်ကယ်များသည် ပြည်ပသွင်းကုန် ပါမစ်ဖြင့် တရားဝင်တင် သွင်းလာသော အစီးရေထက် တရားမဝင်တင်သွင်းလာသည့် ဆိုင်ကယ်အရေအတွက်သည် အဆမတန် ပိုမိုများပြားနေကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက ဝန်ခံပြောကြားလိုက်သည်။
တပ်မတော် တောင်းခံငွေ၏ သုံးပုံတစ်ပုံ တိုက်ခိုက်ရေးအတွက် သုံးစွဲဟု ကာကွယ်ရေးဝန်ကြီးဆို
လွှတ်တော်က ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေ အသုံးစရိတ်များထဲမှ သုံးပုံတစ်ပုံကို တိုက်ခိုက်ရေးအတွက် တပ်မတော်ကသုံးစွဲနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကပြောသည်။
ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယားကျောင်းသူများ အတင်းအဓမ္မ လက်ထပ်ခိုင်းခံရ
နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်သူပုန်တွေရဲ့ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အတင်းအဓမ္မ လက်ထပ်ခိုင်းတာ၊ ကိုးကွယ်ရာ ဘာသာပြောင်းခိုင်းတာနဲ့ အလွဲသုံးစားလုပ်တာတွေ ခံခဲ့ရ တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး (HRW) က အောက်တိုဘာ ၂၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
UNFC က ထွက်ဖို့ KNU ဆုံးဖြတ်
ကရင်အမျိုးသား အစည်းအရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC ကနေနုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
ပြည်တွင်းပဲဈေးကွက်မှာ လောင်းကစားဆန်ဆန် ဈေးကွက်ဖြစ်နေပြီး လေရောင်းလေဝယ် ရာခိုင်နှုန်း ၅ဝ အထိရှိနေရာ ကြိုတင်ငွေကြောင့် အရောင်းအဝယ် ကျဆင်းနိုင်
ပြည်တွင်းပဲဈေးကွက်ကို သုံးသပ်ပါ က လက်ငင်းရောင်းဝယ်မှုမှာ ၂ဝ ရာခိုင်နှုန်း ဝန်းကျင်သာရှိပြီး ကြိုရောင်းကြိုဝယ်မှာ ၃ဝ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်း၊ ကျန်ရောင်းဝယ် မှုအားလုံးမှာ လေရောင်း လေဝယ် များသာဖြစ် နေကြောင့် ခန့်မှန်းရရှိပြီး အရောင်းအဝယ် အားလုံးမှာ ကုန်ထုတ်ညွှန်ကြားလွှာ (Delivery Order)ပေါ်တွင် အခြေခံ၍ အရောင်းအဝယ် ပြုလုပ်ကြကြောင်း တွေ့ရပြီး အောက်တိုဘာ ၉ ရက်တွင် အာမခံစနစ်ဖြင့် ပဲမျိုးစုံရောင်း ဝယ်မှု စနစ်စတင်ခဲ့ရာ ပဲဈေးမှာ ပုံမှန်ပြန်ဖြစ် လာသော်လည်း အရောင်း အဝယ် နည်းသွား ကြောင်း သိရသည်။
ရွေးကောက်ပွဲစနစ်အသစ်တစ်ခုကို ပြောင်းလဲကျင့်သုံးမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲစနစ်အား ဦးစွာပြင်ဆင် ပြီးနောက် ပြည်သူ့ ဆန္ဒခံယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
ရွေးကောက်ပွဲစနစ်အသစ်တစ်ခုကို ပြောင်းလဲကျင့်သုံးမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲ စနစ်အား ဦးစွာပြင်ဆင်ပြီးနောက် ပြည်သူ့ဆန္ဒ ခံယူသင့်ကြောင်း နေပြည်တော်၌ အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ၁၁ကြိမ် မြောက်ပုံမှန်အစည်းအဝေး ၂၃ ရက်မြော က်နေ့ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့်လိုက်လျောညီထွေမှုရှိ မည့်ရွေးကောက်ပွဲ စနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင် ၏ အစီရင်ခံစာ နှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ က ဆွေးနွေး ခဲ့ကြသည်။
အသက်အရွယ်နှင့်ဆိုင်သော မှတ်ဉာဏ်ဆုံးရှုံးမှုကို ကိုကိုးမှုန့်တွင်ပါဝင်သော သဘာဝဒြပ်ပေါင်းက ကာကွယ်နိုင်
အသက် (၅၀) ကျော်နှင့် (၆၀) ကျော်အတွင်း ၀င်ရောက်လာသူများမှာ ၎င်းတို့၏ ကာလတိုမှတ်ဉာဏ် အချို့သော အစိတ်အပိုင်းကို စတင်ဆုံးရှုံးလာလေ့ရှိသည်။ သို့သော် ယင်းကဲ့သို့ မှတ်ဉာဏ်ဆုံးရှုံးမှုကို ကိုကိုးမှုန့် ထဲတွင် သဘာဝအလျောက် ပါဝင်သော ဒြပ်ပေါင်းတစ်မျိုးက ကာကွယ် တိုက်ဖျက်ပေးနိုင်ကြော င်း လေ့လာမှု တစ်ခုအရ သိရသည်။
ရွေးကောက်ပွဲစနစ်သစ် ကျင့်သုံးမည်ဆိုလျှင် ပြည်သူ့ဆန္ဒခံယူပွဲ မဖြစ်မနေ လုပ်ရမည်ဟု လွှတ်တော်အမတ်များပြော
ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုရွေး ကောက်ပွဲစနစ်ပုံစံတစ်မျိုးမျိုးနှင့် ကျင်းပမည်ဆိုပါက ပြည်သူ့ ဆန္ဒ ခံယူပွဲမဖြစ်မနေ ပြုလုပ်ရမည်ဖြစ် ကြောင်း ပြည်ခိုင်ဖြိုးပါတီလွှတ် တော်ကိုယ်စားလှယ်တစ်ဦးအပါ အ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ လွှတ်တော်ကိုယ်စား လှယ်များက ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပြောကြား လိုက်သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွှေရတုသဘင်ပွဲ ကျင်းပမည်
ရန်ကုန်− ရန်ကုန်စီးပွားရေးတက္က သိုလ် တည်ထောင်သော နှစ်(၅၀)ပြည့် ရွှေရတုသဘင်အား ရန်ကုန် စီးပွားရေးတက္ကသိုလ် (ကမာရွတ် နယ်မြေ)နှင့် စီးပွားရေးတက္ကသိုလ်အဆောင်များ တည်ရှိရာ သမိုင်း ဝင်းတို့တွင် ၂၀၁၄ ခုနှစ် အောက် တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
မြန်မာသို့ နည်းပညာအကူအညီများပေးရန် သမ္မတရုံးဝန်ကြီး နိုင်ငံတကာသို့ မေတ္တာရပ်ခံ
နည်းပညာပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှောင့် နှေးနေသည့် မြန်မာနိုင်ငံသို့ နည်း ပညာထိပ်တန်း ရောက် နေသော နိုင်ငံများမှ ပံ့ပိုးကူညီစေလိုကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က မေတ္တာရပ်ခံလိုက်သည်။
တောင်သူများအတွက် အစိုးရက ဆောင်ရွက်နေသည့် စီမံကိန်းများကို ဒေါ်အောင်ဆန်းစုကြည်ဝေဖန်
မန္တလေးတိုင်းအတွင်းရှိ စိုက်ခင်းအချို့-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
အစိုးရက တောင်သူ လယ်သမားများအတွက် လက်ရှိ လုပ်ဆောင်နေသည့် စီမံကိန်းအ များစုသည် ရေတို သက်သာစေ သည့် စီမံကိန်းများဖြစ်ပြီး ရေရှည်တွင် ကျေးရွာနေပြည်သူလူထု၏ ဘ၀ကိုမြှင့် တင်ပေးနိုင်မည့် ပုံမျိုး ရှိမနေကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ဝေဖန်လိုက်သည်။
ကြိုတင်ခွင့်ပြုချက်နှင့် ယူရသည့် ဆိုက်ရောက်ဗီဇာ ပြန်လည်ခွင့်ပြု
ပြီးခဲ့သည့်တစ်လကျော်က ရပ်ဆိုင်းလိုက်သော ကြိုတင်ခွင့်ပြုချက်ဖြင့်ယူရသည့် ဆိုက် ရောက်ပြည်ဝင်ခွင့် ဗီဇာ (Pre- Arrangement Visa On Arrival) ကို ယခုနှစ်ကုန်အထိ ပြန်လည်ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)