Friday, 3 May 2013

စင်ကာပူ ယာဉ်ရပ်နားစခန်းမှာ လုပ်သား ၂ ဦး Ferrari 458 အား ပိုင်ရှင်အလစ်၌ မြို့တစ်ပတ် ခိုးယူမောင်းနှင်

Photo: စင်ကာပူ ယာဉ်ရပ်နားစခန်းမှာ လုပ်သား ၂ ဦး Ferrari 458 အား ပိုင်ရှင်အလစ်၌ မြို့တစ်ပတ် ခိုးယူမောင်းနှင်
Friday, May 03, 2013

ပြီးခဲ့သည့် အင်္ဂါနေ့ လင်းအားကြီးအချိန်မှာ စင်ကာပူနိုင်ငံ Resorts World Sentosa သို့ လူတစ်ဦးမှ ယင်း၏ ဒေါ်လာ ၂ သိန်းခွဲတန် Ferrari 458 ဖြင့် ရောက်ရှိလာခဲ့ပါတယ်။

Sentosa ရှိ ယာဉ်ရပ်နားရာသို့ ရောက်ရှိပြီးနောက် လုပ်သား ၂ ဦးအား ကားသော့ပေးပြီး ထွက်ခွာသွားပါတယ်။ ကားသော့ရပြီး နောက်မှာတော့ လုပ်သား ၂ ဦးက ကားကို အသေအချာ သိမ်းဆည်းပေးတယ်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။

ကားသော့ရပြီးနောက် အဆိုပါ လုပ်သား ၂ ဦးဟာ ဤ Ferrari 458 စူပါကားအား စင်ကာပူမြို့တစ်ပတ် အပျော်ခရီး မောင်းနှင်ခဲ့ကြပါတယ်။ မောင်းနှင်ရုံတင်မဟုတ်ပဲ ဗီဒီယို ရိုက်ကူးပြီး မှတ်တမ်းတင်ခဲ့ ကြပါသေးတယ်။

အဆိုပါ ပုဂ္ဂိုလ် ၂ ဦးရဲ့ ကားခိုးမောင်းမှုကို ပိုင်ရှင်ဖြစ်သူက ကားပေါ်ရှိ လုံခြုံရေး ကင်မရာအား ပြန်လည်ကြည့်ရှုရာမှ ဖော်ထုတ်နိုင်ခဲ့ပြီး ရဲထံသို့ တိုင်ကြားခဲ့သလို Resorts World Sentosa သို့လည်း ယင်း၏ရှေ့နေမှတဆင့် စာရေးသား ပေးပို့ခဲ့သည်ဟု သိရှိရသည်။

FOR MORE + VIDEO: http://bit.ly/122Ckub

Myanmar Comsumer Guide

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ပြီးခဲ့သည့် အင်္ဂါနေ့ လင်းအားကြီးအချိန်မှာ စင်ကာပူနိုင်ငံ Resorts World Sentosa သို့ လူတစ်ဦးမှ ယင်း၏ ဒေါ်လာ ၂ သိန်းခွဲတန် Ferrari 458 ဖြင့် ရောက်ရှိလာခဲ့ပါတယ်။

တောင်တွင်းကြီး ကုက္ကိုလ်စုရွာတွင် မိုးသက်လေပြင်းကြောင့် ဘုန်းကြီးကျောင်း စာသင်ကျောင်း နှင့် လူနေအိမ် အများအပြား ပျက်ဆီး.

ယနေ့နေ့လည် ၂ နာရီ ခွဲခန့်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကုက္ကိုဝကျေးရွာအုပ်စု ကုက္ကိုစုကျေးရွာ အရှေ့စု တွင် မိုးသက်လေပြင်းတိုက်ခတ်ကာ ဇေယျသိဒ္ဓိဘုန်းကြီးကျောင်း အနောက် ဖက်ခြမ်း အခန်းရေ ၇ ခန်းရှိ သွပ်အချပ် ၁၃၀ ခန့်လွင့်ပါပျက်စီး ကာ ဒိုင်း ၂၅ ချောင်း မျှား အချောင်း ၄၀ ခန့် ကျိုးပဲ့ပျက် စီးသွားပြီး ကုက္ကိုစုကျေးရွာ အထက(ခွဲ)ရှိ ပေလေးပင် ကျောင်းဆောင်နှင့် ဗိသနိုးကျောင်းဆောင် ရှိ သွပ် ၂၀၄ ချပ်လွင့်ပါပျက်စီးကာ ဒိုင်းမျှား ၅၁ ချောင်းပျက်စီးသွားကြောင်းသိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာနှင့် မမုံကျေးရွာတို့တွင် နေအိမ်နှင့် ဈေးဆိုင်ခန်းများအား လူအုပ်စုဖြင့် ဖျက်ဆီးမှုများအား ရဲတပ်ဖွဲ့မှ ထိန်းသိမ်းဆောင်ရွက်

၂-၅-၂ဝ၁၃ ရက်နေ့ ၁၃ဝဝ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာ ဘုန်းကြီးကျောင်းတွင် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းအား သင်တန်းသား/ သူ(၄၇၆)ဦး၊ ဆရာတော်(၄)ပါးနှင့် အရပ်သား ဆရာ/ဆရာမ(၇)ဦးဖြင့် ပို့ချနေစဉ် အဆိုပါသင်တန်းအား နှောင့်ယှက်မည်ဟု ကောလာဟလ သတင်းကြောင့် သင်တန်းသား/ သူများ၏ မိဘဆွေမျိုးများမှစိုးရိမ်ပြီး ယူမာကျေးရွာဘုန်းကြီးကျောင်း သို့ ကျောင်းသားမိဘ(၇ဝ)ဦးခန့် တုတ်/ဓါးများဖြင့်ရောက်ရှိနေကြောင်း သတင်းအရ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ရင်းမှတပ်ဖွဲ့ဝင်များ ယူမာကျေးရွာဘုန်းကြီးကျောင်းသို့သွားရောက်ပြီး ရောက်ရှိနေသည့် သင်တန်းသား/ သူများ၏ မိဘများအား စိုးရိမ်သောက မဖြစ်ရန်နှင့် ဥပဒေနှင့်မညီသောတုန့်ပြန်ဆောင်ရွက်မှုများမပြုလုပ်ရန် ရှင်းလင်းပြောကြားခဲ့သဖြင့် ၁၄၃ဝ အချိန် ပြန် လည်ထွက်ခွာ သွားခဲ့သည်။

အမေရိကန် နိုင်ငံမှ ခေတ်အမီဆုံး ဒုံးခွင်းဒုံးများ ဝယ်ယူရန် တောင်ကိုရီးယား စီစဉ်

ဆိုးလ်   မေ     ၂
တောင်ကိုရီးယား နိုင်ငံ ပူးတွဲ စစ်ဦးစီးချုပ်များ အဖွဲ့သည် Aegis သင်္ဘောများတွင် တပ်ဆင်ရန် အတွက် အမေရိကန်လုပ် SM-3 ဒုံးခွင်းဒုံးများ ဝယ်ယူရန် ရေတပ်ထံမှ ထောက်ခံ အကြံပြုချက် တစ်ရပ်ကို လက်ခံ ရရှိခဲ့ကြောင်း မေ ၂ ရက်တွင် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
SM-3 ဒုံးခွင်းဒုံးသည် လက်ရှိအသုံးပြုနေသော မြေပြင်အခြေစိုက် PAC-3 ဒုံးပျံများထက် ပိုမို ထိရောက် မှုရှိပြီး ပင်လယ်ရေ မျက်နှာပြင် အထက်အမြင့် ၁၅ဝ ကီလိုမီတာမှ ဝင်ရောက်လာသော ရန်သူ့ ပဲ့ထိန်း ဒုံးပျံအား ကြားဖြတ် တိုက်ခိုက်နိုင်စွမ်း ရှိပြီး  ၄င်းသည် မြောက်ကိုရီးယား နိုင်ငံ၏ Scud သို့မဟုတ်

တရုတ်နိုင်ငံတွင် ပြုလုပ်သော ငွေကျပ် ၅ဝဝဝ တန်နှင့် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူ အတုများ မြစ်ကြီးနား မြို့၌ ဖမ်းဆီး ရမိ

တရုတ်နိုင်ငံတွင် ပြုလုပ်သော ငွေကျပ် ၅ဝဝဝ တန်နှင့် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူ အတုများ မြစ်ကြီးနား မြို့၌ ဖမ်းဆီး ရမိ
Friday, May 03, 2013

ကချင်ပြည်နယ် မြစ်ကြီးနား မြို့ပေါ်တွင် ဧပြီ ၂၈ ရက်က ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု ၉၇၇ ရွက် (၄၈၈၅ဝဝဝ) နှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား ခုနစ်ဦး၊ ဧပြီ ၁၂ ရက်က ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု အရွက် ၆ဝဝဝ (၃ဝဝဝဝဝဝဝ) နှင့် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူ အတု ၁ဝ၆၅ ရွက် (၁ဝ၆၅ဝဝဝဝ) နှင့်အတူ တရုတ်နိုင်ငံသား အမျိုးသား နှစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားများအား စစ်ဆေးခဲ့ရာ ငွေစက္ကူ အတုများကို တရုတ်နိုင်ငံတွင် ပြုလုပ် ကြောင်းနှင့် ၎င်း ငွေစက္ကူ အတုများဖြင့် ဖားကန့်ဒေသ၌ ကျောက်စိမ်း ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖားကန့် ဒေသတွင် ငွေစက္ကူ အတုများဖြင့် မူးယစ်ဆေးဝါးများ သုံးစွဲ ရောင်းဝယ်မှုများ ပါရှိနိုင် ကြောင်း ဧပြီ ၂၅ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် လုံခြုံရေးရာ ကွပ်ကဲမှုအဖွဲ့ ညှိနှိုင်း အစည်းအဝေးတွင် ကချင်ပြည်နယ် ခရိုင်ရဲမှူးက ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ တင်ပြချက်အရ ပြည်နယ် ဝန်ကြီးချုပ်မှ ပြည်နယ် ရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့၊ လဝက အဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းများ ဖွဲ့စည်းပြီး ဖားကန့်ဒေသသို့ သွားရောက် ဖမ်းဆီးနိုင်ရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ဖားကန့်မြို့သို့ ဧပြီ ၂၇ ရက်က ရောက်ရှိပြီး မြန်မာ့ စီးပွားရေးဘဏ်၊ ကမ္ဘော ဇဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ မြဝတီဘဏ် များအား ငွေစက္ကူ အတုနှင့် ပတ်သက်သည့် သတင်း များကို အသိပေး အကြောင်းကြား ခဲ့သည်။

ဧပြီ ၂၉ ရက်က ဖားကန့်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲသို့ ရဲလင်း ၃၁ နှစ် (ဘ) ဦးအောင်စိန် (ဗမာ/ဗုဒ္ဓ) ကျောက် အရောင်းအဝယ် မှော်စီစာ ကျေးရွာ လုံးခင်း အုပ်စု ဖားကန့်မြို့နယ် နေသူသည် ငွေကျပ် ၅ဝဝဝ တန် အရွက် ၈ဝဝ (ငွေကျပ် သိန်း ၄ဝ) ကို ပခုက္ကူဘဏ်ခွဲသို့ လွှဲရာ အဆိုပါငွေများ အနက် ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု အရွက် ၅ဝ (တန်ဖိုးငွေ ကျပ် ၂၅ဝဝဝဝ) မှာ အတုများ ဖြစ်နေ၍ ဘဏ်မန်နေဂျာမှ ပူးပေါင်း အဖွဲ့သို့ အကြောင်းကြားသဖြင့် သွားရောက် စစ်ဆေးခဲ့ရာ ရဲလင်းက ၎င်း ရရှိခဲ့သည့် ငွေကျပ် ၅ဝဝဝ တန် များမှာ ရေမဆေးကျောက် အရောင်းအဝယ် လုပ်ကြသည့် မောင်ဝင်း၊ မောင်မြင့်၊ သန်းထွန်း၊ တင်ထွန်းနိုင် တို့နှင့် ၎င်းတို့မှ ထိုငွေများကို ဦးဘထန် ၄၉ နှစ်ထံမှ ရရှိကြောင်း တွေ့ရှိရသဖြင့် ဆက်လက် စစ်ဆေးရာ ဦးဘထန်မှာလည်း ကိုချို လျှပ်စစ်ပစ္စည်း အရောင်းဆိုင် ပိုင်ရှင် မနီနီအောင် ဖားကန့်မြို့ နေသူထံမှ ရရှိခဲ့ကြောင်း၊ မနီနီအောင်မှာလည်း လျှပ်စစ်ပစ္စည်း များ နေ့စဉ် ရောင်းရငွေများ ဖြစ်ပြီး မည်သူထံမှ ရရှိသည်ကို မသိပါကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်။

မြန်မာ့ စီးပွားရေးဘဏ်ခွဲ (ဖားကန့်) ဘဏ် မန်နေဂျာ ဦးစိုးရက သိမ်းဆည်းရမိ ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု များအား တံဆိပ်ရိုက်နှိပ်ပြီး ဘဏ် လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် (ဗဟို) ဘဏ် နေပြည်တော်သို့ အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို Like လုပ်ထားပါ

ကချင်ပြည်နယ် မြစ်ကြီးနား မြို့ပေါ်တွင် ဧပြီ ၂၈ ရက်က ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု ၉၇၇ ရွက် (၄၈၈၅ဝဝဝ) နှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား ခုနစ်ဦး၊ ဧပြီ ၁၂ ရက်က ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု အရွက် ၆ဝဝဝ (၃ဝဝဝဝဝဝဝ) နှင့် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူ အတု ၁ဝ၆၅ ရွက် (၁ဝ၆၅ဝဝဝဝ) နှင့်အတူ တရုတ်နိုင်ငံသား အမျိုးသား နှစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား တစ်ဦး၊ အမျိုးသမီး

ဘီပိုး၊ စီပိုး သမားများအတွက်သခွတ်ပင်၏ အစွမ်း

ဘီပိုး၊ စီပိုး သမားများအတွက်သခွတ်ပင်၏ အစွမ်း



ဘီပိုး စီပိုး အသည်းသမားများအတွက် သခွတ်၏ အစွမ်း..............ဆးရည်ကျို

နည်း ….

ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ

မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။

အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။



အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊

သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။



သော်တာမောင်
ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ။

ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ နယ်ကျော် ဝင်ရောက်လာသူ ၁၄ ဦးကို တရားစွဲမည်

ရခိုင်ပြည်နယ် မင်းဂံဒေသမြင်ကွင်းတခု။ ရခိုင်ပြည်နယ်တွင်း နေထိုင်သူများအနက် မှတ်ပုံတင် မရသူများ နယ်ကျော် သွားလာ ခွင့် ပိတ်ပင်ထားသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မင်္ဂလာဒုံ မြို့နယ်တွင် ဖမ်းမိခဲ့သည့် တရားမ၀င် နယ်ကျော် ၀င်ရောက် လာသူ ၁၄ ဦးထဲတွင် အသက်မပြည့်သူ တဦး ပါဝင်သော်လည်း အားလုံးကို တရားစွဲဆို သွား မည်ဖြစ်ကြောင်း မင်္ဂလာဒုံရဲစခန်းမှ သိရှိရသည်။
ဖမ်းဆီးခံရသောသူများထဲမှ ၃ ဦးကို အင်းစိန်ဆေးရုံ၌ အသက် စစ်ဆေးရာတွင် တဦးမှာ အသက် ၁၃ နှစ်သာရှိသေးပြီး ထို အသက်မပြည့်သေးသော ဂျာကရာမက် (ခ) ခင်မောင်စိုးအား ကလေးသူငယ် တရားရုံးတွင် နယ်ကျော်မှုဖြင့် တရားစွဲဆို သွားမည်ဟု မင်္ဂလာဒုံရဲစခန်းမှ ဒုရဲအုပ် ကျော်မင်းစိုး က ပြော သည်။

SSPP / SSA အဖွဲ့မှ အပြစ်မဲ့ တိုင်းရင်းသား ဒေသခံ ရွာသူ/ ရွာသား (၁၂)ဦး အား ဖမ်းဆီး

SSPP / SSA တိုင်းရင်းသားလက်နက်ကိုင် အင်အား(၁၀)ဦး ပါဝင်သော အဖွဲ့ (၁)ဖွဲ့သည် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်လျက် သီပေါမြို့နယ်၊ မိုင်းလင်း ကျေးရွာ နှင့် ခုတ်နမ့် ကျေးရွာ သို့ ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ ည(၁)နာရီ အချိန်ခန့်တွင် ၀င်ရောက်လာပြီး ရွာသူ ရွာသား (၁၂) ဦးအား  အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါသည်။

ဖားကန့်ရှိ မွတ်စလင် ဆိုင်တချို့ ဖျက်ဆီးခံရ

ဖားကန့်ရှိ မွတ်စလင် ဆိုင်တချို့ ဖျက်ဆီးခံရ

မေလ ၃ ရက် ၂၀၁၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ် စဥ့်ငူရွာတွင် အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သော ကုန်မာဆိုင် သုံးဆိုင်ကို ရိုက်နှက်ဖျက်ဆီးမှု ယနေ့ ဖြစ်ပွားသည်။ ဖားကန့်ဒေသတွင်း ရေတွင်းများကို အဆိပ်ခတ်မည်၊ ဖားကန့်ရှိ ဘုန်းတော်ကြီးကျောင်းတခုကို အစ္စလာမ် ဘာသာ ၀င်များ ၀ိုင်းထားသည်၊ သံဃာတော်များက အစ္စလာမ်ဘာသာဝင်များကို အခြားနေရာသို့ ရွှေ့ပြောင်းရန် စီစဉ်နေသည် ဆိုသည့် ကောလာဟလများ ပျံ့နှံ့လာပြီးနောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိအခြေအနေတွင် အခင်းဖြစ် နေရာတွင် ဒေသခံရဲများနှင့် စစ်တပ်မှ လုံခြုံရေးများချထားကြောင်း၊ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို မသိရသေးကြောင်း၊ အခြေအနေမှာ ပြန်လည်တည်ငြိမ်သွားသော်လည်း ဆူပူအုံကြွမှုများဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီ(သတင်းတို)


ကချင်ပြည်နယ် ဖားကန့်မြို့နယ် စဥ့်ငူရွာတွင် အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သော ကုန်မာဆိုင် သုံးဆိုင်ကို ရိုက်နှက်ဖျက်ဆီးမှု ယနေ့ ဖြစ်ပွားသည်။ ဖားကန့်ဒေသတွင်း ရေတွင်းများကို အဆိပ် ခတ်မည်၊ ဖားကန့်ရှိ ဘုန်းတော်ကြီးကျောင်းတခုကို အစ္စလာမ် ဘာသာဝင်များ ၀ိုင်းထားသည်၊ သံဃာတော်များက အစ္စလာမ်ဘာသာဝင်များကို အခြားနေရာသို့ ရွှေ့ပြောင်းရန် စီစဉ်နေသည် ဆိုသည့် ကောလာဟလများ ပျံ့နှံ့လာပြီးနောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ များက ပြော သည်။

မေ ၂၄ တွင် CDMA 800 MHz ဖုန်းဆင်းကတ် ထပ်ရောင်းမည်

ပထမအကြိမ် ၁၅၀၀ တန် ဖုန်းရောင်းပေးသည့် ရက်အတိုင်း မေ ၂၄ ရက်တွင် ထပ်မံရောင်းချရန် စီစဉ် ထားကြောင်း ဆက်သွယ်ရေးမှ သိရသည်။ “ပထမအကြိမ် ရောင်းခဲ့တဲ့ ၂၄ ရက်ကိုပဲ မှန်းထားပါတယ်။

ဥကံ္ကမြို့၌ တည်ငြိမ် အေးချမ်းနေပြီ ဖြစ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံခြုံရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိ

ဥကံ္ကမြို့၌ တည်ငြိမ် အေးချမ်းနေပြီ ဖြစ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံခြုံရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိ
ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့၌ ဧပြီ ၃ဝ ရက်တွင် လူအုပ်စုက ဘာသာရေး အဆောက်အအုံများ အားခဲဖြင့်ပစ်ပေါက်ပြီး ဈေးဆိုင်များအား ဝင်ရောက်ဖျက်ဆီးခဲ့၍ လုံခြုံရေး

သာသနာညိုးနွမ်းစေမှုနဲ့ ၀င်းဝင်းစိန်ကို စွဲချက်တင်

သာသနာညိုးနွမ်းစေမှုနဲ့ ၀င်းဝင်းစိန်ကို စွဲချက်တင်
Friday, May 03, 2013

ရန်ကုန်တိုင်း ဥက္ကံမြို့ ပဋိပက္ခကို စဖြစ်စေတဲ့ ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးကို ရဲတွေက သာသနာကိုညိုးနွမ်းစေမှုနဲ့ စွဲချက်တင်မယ်လို့ သိရပါတယ်။

အစ္စလာမ်ဘာသာဝင် မဝင်းဝင်းစိန်ဟာ ဆွမ်းခံကြွလာတဲ့ ကိုရင် အရှင်ပုည ကို ဝင်တိုက်မိပြီးနောက်ပိုင်း ဥက္ကံမြို့က ဗလီနဲ့ မူဆလင်နေအိမ်တချို့ ဖျက်ဆီးခံရပြီး လူ တစ်ဦး သေဆုံးခဲ့ရပါတယ်။

မဝင်းဝင်းစိန်နဲ့ တခြား အမျိုးသမီး တစ်ဦးအပါအဝင် စုစုပေါင်း လူ ၂၁ ယောက်ကို စွဲချက်တင်မယ်လို့ မြန်မာရဲက ပြောတဲ့အကြောင်း အေဖက်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

မဝင်းဝင်းစိန် မတော်တဆ ဝင်တိုက်မှုကြောင့် အရှင် ပုညရဲ့ သပိတ်ကြကွဲ
ခဲ့ရပါတယ်။

မြန်မာအစိုးရပိုင် ရုပ်သံမှာတော့ ဆွမ်းခံကြွရင်း ဝင်တိုက်ခံခဲ့ရတဲ့ အရှင်ပုညရဲ့ အင်တာဗျူးကို ထွင့်လွှင့်ခဲ့ပြီး အဲဒီ အင်တာဗျူးအတွင်း အရှင်ပုညပြောပြချက်အရ ဝင်တိုက်တဲ့ အမျိုးသမီးက သပိတ်အသစ် တလုံးဝယ်ဖို့ ငွေကြေး ကမ်းလှမ်းခဲ့တဲ့အကြောင်း အခင်းဖြစ်ပွားပြီး မကြာခင်မှာပဲ ရဲတွေ ရောက်လာတဲ့အကြောင်း ရဲစခန်းကို ရောက်တဲ့အခါ ဝင်တိုက်တဲ့ အမျိုးသမီးက တောင်းပန်စကားပြောခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ သံဃာတော်တွေကို ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး သူရဲကောင်းလို ရှုမြင်ခဲ့ကြပြီး နိုင်ငံရဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဦးဆောင်သူတွေလို့လည်း မြင်ခဲ့ကြပေမယ့် မိတ္ထီလာမြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း သံဃာတော်တွေကပါ အကြမ်းဖက်မှုမှာ ပါဝင်တာကို သက်သေနဲ့တကွ တွေ့ခဲ့ရပြီးနောက်ပိုင်း ပြည်ပမှာသာမက ပြည်တွင်းမှာပါ မွတ်စလင်တွေအပေါ် တိုက်ခိုက်မှုတွေကို ဝေဖန်မှုတွေ ပြုလုပ်လာ ကြပါတယ်။

ABC Radio Australia


နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို Like လုပ်ထားပါ
ရန်ကုန်တိုင်း ဥက္ကံမြို့ ပဋိပက္ခကို စဖြစ်စေတဲ့ ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးကို ရဲတွေက သာသနာကိုညိုးနွမ်းစေမှုနဲ့ စွဲချက်တင်မယ်လို့ သိရပါတယ်။

၁၀ မိနစ်အတွင်း သုံးဂိုးသွင်းပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့ ချဲလ်ဆီး

၁၀ မိနစ်အတွင်း သုံးဂိုးသွင်းပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့ ချဲလ်ဆီး
====================================
Friday, May 03, 2013

မနှစ်ကချန်ပီယံလိဂ်ဖလားအား သိမ်းပိုက်နိုင်ခဲ့သည့်ချဲလ်ဆီးအသင်းသည် ယခုနှစ်ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအ ကျော့တွင် ဘေဆယ်လ်အသင်းအား ၃-၁ ဖြင့်အနိုင်ရရှိခဲ့ပြီးနှစ်ကျော့ပေါင်းရလဒ် ၅-၂ ဖြင့်ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့ပြီဖြစ်သည်။

ပထမအကျော့ဘေဆယ်လ်အသင်း၏ အိမ်ကွင်းတွင် ၁-၂ ဖြင့်အနိုင်ရရှိခဲ့သောချဲလ်ဆီးအသင်းသည် ယခုပွဲစဉ်တွင်တိုက်စစ်၌တောရက်စ် အားအထောင်ထား ခဲ့ပြီး ဟာ့ဒ်ဇက်၊ လမ်းပတ်၊ မော့ဆက်၊ ရာမီးရက်စ်၊ ဒေးဗစ်လူးဝစ္စ၊ ကာဟေးလ်၊ အိုင်ဗန်နိုဗစ်၊ ပီတာဆက်ခ်ျ အစရှိသောကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။ ဘေဆယ်လ်အသင်းတွင် စတယ်လ်လာ၊ စတော့ကာ၊ ဖရိုင်း၊ ဆက်ချာ အစရှိသောအဓိက ကစားသမားများဖြင့်ချဲလ်ဆီးအသင်းအား ပြန်လည်ရင်ဆိုင်ခဲ့သည်။ အိမ်ရှင်ချဲလ်ဆီးအ သင်းသည်ပွဲစသည်နှင့် ဘေဆယ်လ်အသင်းအပေါ် ဖိကစားခဲ့ပြီး လမ်းပတ်၊ တောရက်စ်၊ ရာမီးရက်စ် တို့၏ကန်သွင်း ချက်များအား ဘေဆယ်လ်အသင်းဂိုးသမား ဆမ်မာ ကာကွယ်နိုင်ခဲ့၍သာစောစီးစွာ ဂိုးမရခဲ့ခြင်းဖြစ်သည်။

သို့သော် ဘေဆယ်လ်အသင်းသည် ပွဲချိန်ကြာလာသည်နှင့် အသင်းလိုက်စုစည်းမှုအားကောင်းလာခဲ့ပြီး ပထမပိုင်းပြီးဆုံးကာနီး နာကျင်အချိန်ပိုအရောက်တွင် တောင်ပံကစားသမား မိုဟာမက်ဆာလာ့ဟ် ကလူကျွံထောင်ချောက်အားကျော်ဖြတ်ပြီး ဘေဆယ်လ်အသင်းအတွက် ဦးဆောင်ဂိုးရယူခဲ့ပြီးပထမပိုင်း ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်းပြန်စသည်နှင့် ချေပဂိုးပြန် လည်ရယူနိုင်ရန်အတွက် ချဲလ်ဆီးအသင်းမှပိုမိုဖိကစားလာခဲ့ပြီးမိနစ် ၅၀ တွင်တောရက်စ်၊ ၅၂ မိနစ်တွင် မော့ဆက်စ်၊ ၅၉ မိနစ်တွင်ဒေးဗစ်လူးဝစ္စ တို့မှချဲလ်ဆီးအသင်းအတွက် အသီးသီးဂိုးများသွင်းယူခဲ့ပြီးနောက် ပွဲပြီးဆုံးချိန်တွင် ၃-၁ ဖြင့်ချဲလ်ဆီးအသင်းအနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့တက်ရောက်သွားနိုင်ခဲ့သည်။

မနှစ်ကချန်ပီယံလိဂ်ဖလားအား သိမ်းပိုက်နိုင်ခဲ့သည့်ချဲလ်ဆီးအသင်းသည် ယခုနှစ်ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ဒုတိယအ ကျော့တွင် ဘေဆယ်လ်အသင်းအား ၃-၁ ဖြင့်အနိုင်ရရှိခဲ့ပြီးနှစ်ကျော့ပေါင်းရလဒ် ၅-၂ ဖြင့်ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့ပြီဖြစ်သည်။

မြန်မာအာဏာပိုင်တွေကို အမေရိကန်ဗီဇာပိတ်ပင်မှု ရုပ်သိမ်း

Photo: မြန်မာအာဏာပိုင်တွေကို အမေရိကန်ဗီဇာပိတ်ပင်မှု ရုပ်သိမ်း
Friday, May 03, 2013

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ၁၉၉၆ ခုနှစ် အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်မှု သမ္မတထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံနဲ့ပိုပြီး ထိစပ်ဆက်ဆံနိုင်ဖို့ အခုလိုဆောင်ရွက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက ပြောပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စုကို မြန်မာသမ္မတ ဦးသိန်းစိန် အခုမေလကုန်ပိုင်း လာရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ၊ မြန်မာနိုင်ငံ အစိုးရအာဏာပိုင်တွေနဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ ၁၉၉၆ ခုနှစ် သမ္မတထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးကနေ ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာကြောင့်၊ ဒီအခြေအနေနဲ့အညီ အမေရိကန်-မြန်မာဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ ရည်မှန်းပြီး ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အရာရှိတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“၁၉၉၆ ခုနှစ် ဗီဇာပိတ်ပင်မှုလို့ အသိများတဲ့ သမ္မတရဲ့ထုတ်ပြန်ချက်ဟာ ဆက်ပြီး အသက်မ၀င်တော့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ဆုံးဖြတ်လိုက်ပါပြီ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အနှောက်အယှက်ပြုစေတဲ့ မူဝါဒ၊ လုပ်ဆောင်မှုတွေမှာ တာဝန်ရှိသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည်ထောင်စုတွင်း ၀င်ရောက်ခွင့်တွေ ပိတ်ပင်ထားတဲ့ သမ္မတထုတ်ပြန်ချက်ကို ပယ်ဖျက်လိုက်တာပါ။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ပိုင်းဖြတ်ချက်နဲ့ ဆောင်ရွက်နေချိန် မှာပဲ၊ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ အားကောင်းလာအောင် အမေရိကန်အစိုးရအနေရဲ့ ဟန်ချက်ညီညီ ဆောင်ရွက်ချက်ဖြစ်ပါတယ်။”

၁၉၉၆ ခုနှစ် Visa Ban ထုတ်ပြန်ချက်ဟာ အရင်စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် စစ်တပ်အရာရှိကြီးတွေ၊ အစိုးရ၀န်ကြီးဌာနကပိုင်း ထိပ်ပိုင်းတာဝန်ရှိသူတွေ၊ အစိုးရ၀န်ထမ်းတွေ၊ ပင်စင်စားတချို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည် လာလို့မရအောင် ပိတ်ပင်ထားတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တုန်း ကတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကြောင့် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအ၀င် ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့သူတချို့ကို အဲဒီစာရင်းကနေ ပယ်ဖျက်ပေးခဲ့ပြီးသားပါ။

၁၉၉၆ ခုနှစ် Visa Ban မှာ ပါဝင်တဲ့ အမေရိကန်အစိုးရရဲ့ စိုးရိမ်ချက်တွေကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ မြန်မာအစိုးရအနေနဲ့ အတော်လေး ပြုပြင်ဆောင်ရွက် လာခဲ့တာမို့၊ အခုတော့ ၁၉၉၆ ခုနှစ် စာရင်းတခုလုံးကို ပယ်ဖျက်ပေး လိုက်ခြင်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။

“ဒီ ပြည်ပခရီးသွားလာခွင့် ကန့်သတ်ချက်ကို ၁၉၉၆ ခုနှစ်က ချမှတ်ခဲ့တာဖြစ်ပြီးတော့ မြန်မာနိုင်ငံထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိနှိပ်မှုအပါအ၀င် စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပေါ်မှာ အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီး အရပ်သားဦးဆောင်တဲ့ မြန်မာအစိုးရဟာ မြန်မာနိုင်ငံတွင်း သိသာထင်ရှားတဲ့ လူမှုရေး နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်လာ ခဲ့ပါတယ်။ ဒါဟာ ၁၉၉၆ ခုနှစ်ထုတ်ပြန်ချက်ပါ စိုးရိမ်မှုတွေ၊ ဖော်ပြထားတဲ့ အချက်တွေအပေါ်မှာ တိုးတက်အောင်မြင်လာမှုပါ။ ပြုပြင်ပြောင်းလဲမှုတွေ ထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်ယှဉ်ပြိုင်တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ မြန်မာလွှတ်တော်ထဲမှာ သူတို့ အောင်အောင်မြင်မြင် နေရာယူနိုင်ခဲ့တာတွေ ပါဝင်ပါတယ်။”

အခုလို ၁၉၉၆ ခုနှစ် Visa Ban ထုတ်ပြန်ချက်ကို ပယ်ဖျက်လိုက်ပေမဲ့လည်း အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ၁၉၉၇ ခုနှစ် အမျိုးသားအရေးပေါ် အက်ဥပဒေ၊ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံဒီမိုကရေစီနဲ့ လွတ်မြောက်ရေးအက်ဥပဒေ၊ ၂၀၀၈ ခုနှစ် JADE အရေးယူမှု ဥပဒေ၊ ၂၀၁၂ ခုနှစ် သမ္မတအမိန့်တွေအတိုင်း ကန့်သတ်ချက်တွေကတော့ ဆက်ပြီး အကြုံးဝင်နေဦးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါကြောင့် ၂၀၀၃ ခုနှစ်နောက်ပိုင်း ပစ်မှတ်ထားအရေးယူခဲ့တဲ့ စာရင်းတွေတော့ မပါသေးဘူးလို့ ဆိုရမှာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (ဧပြီလ ၁၉ ရက်၊ ၂၀၁၃)။

VOA


နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို Like လုပ်ထားပါ။
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ၁၉၉၆ ခုနှစ် အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်မှု သမ္မတထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံနဲ့ပိုပြီး ထိစပ်ဆက်ဆံနိုင်ဖို့ အခုလိုဆောင်ရွက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦး က ပြောပြပေး ပါမယ်။

ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိကြောင်း ကြံ့ခိုင်ရေးကိုယ်စားလှယ်ပြော

Photo: ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိကြောင်း ကြံ့ခိုင်ရေးကိုယ်စားလှယ်ပြော
Friday, May 03, 2013

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိကြောင်း၊ ပါတီဥက္ကဌအဖြစ် သမ္မတဦးသိန်းစိန်က ဒီကနေ့အထိ ဆက်လက် တာဝန်ယူထားဆဲဖြစ်ကြောင်း နေပြည်တော်မှာ ကျင်းပနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံကို တက်ရောက်နေတဲ့ ပါတီကိုယ်စားလှယ်တွေက ပြော ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ပါတီဥက္ကဌအဖြစ်က နှုတ်ထွက်ခြင်းမရှိသေးဘဲ ပါတီဒုတိယဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းက ဥက္ကဌရဲ့လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေခြင်းသာဖြစ်တယ်လို့ ပါတီလူငယ်ညီလာခံ တက်ရောက်နေတဲ့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက RFA ကို ဒီကနေ့ အတည်ပြုပြောကြားပါတယ်။

“နဂိုအတိုင်းပဲ၊ ဥက္ကဌက နိုင်ငံတော်သမ္မတကြီးပေါ့၊ သမ္မတကြီးက ဥက္ကဌတာဝန်ကို ယူထားပေမယ့် ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့်မို့ ယာယီဥက္ကဌက ဥက္ကဌတာဝန်ကို ထမ်းဆောင်နေတာခင်ဗျ၊ ကျနော်တို့ ပါတီဥက္ကဌကြီးကတော့ ဦးသိန်းစိန်ပါပဲ၊ သို့သော် ဦးသိန်းစိန်ဟာ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်ရခြင်းမရှိပါဘူး၊ ဥပဒေအရ သူကနာမည်သာရှိတာ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်ခြင်းမရှိပါဘူး၊ သူကပါတီတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့် ယာယီဥက္ကဌဖြစ်တဲ့ ဦးသူရရွှေမန်းက ဥက္ကဌတာဝန်၊ ဥက္ကဌအလုပ်တွေကို အကုန်လုပ်ပါတယ်ခင်ဗျ၊ ဒီနေ့ဆိုရင် ပြည်ထောင်စုဝန်ကြီး ၄ ပါးလောက်လည်းတက်တယ်၊ သို့သော်သူတို့ဟာ ပါတီမှာရာထူးတွေ ယူထားသော်လည်း ပါတီအလုပ်တွေကို မလုပ်ပါဘူး၊ ဆိုလိုတာက CEC တို့ EC တို့စသဖြင့် ယူထားပါတယ်၊ ယူထားပေမယ့် သူတို့ကလာပြီးတော့ပါတီမှာ တာဝန်ထမ်းဆောင်ခြင်းမရှိပါဘူး၊ မျက်နှာလေးလာပြပြီးတော့ ပြန်သွားတာပါပဲ၊ အဲ့ဒီသဘောပါ”

သမ္မတဦးသိန်းစိန်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌအဖြစ်က နှုတ်ထွက်လိုက်ပြီဖြစ်ပြီး၊ လက်ရှိပါတီဥက္ကဌအဖြစ် သူရဦးရွှေမန်းက ဆောင်ရွက်နေကြောင်း The Voice နေ့စဉ်သတင်းစာနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေတဲ့ ပြည်ထောင်စု နေ့စဉ်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပါတီဒုတိယဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းဟာ ယခင်က ဦးသိန်းစိန်ရဲ့ ဥက္ကဌလုပ်ငန်းတာဝန်တွေကို ပူးတွဲထမ်းဆောင်နေခဲ့တာဖြစ်ပြီး၊ အခုနေပြည်တော်မှာ ၃ ရက်ကြာကျင်းပနေတဲ့ လူငယ်ညီလာခံအတွင်း ဦးသိန်းစိန်ထံက ဥက္ကဌရာထူး လွှဲပြောင်းရယူလိုက်တာဖြစ်တယ်လို့ အဲဒီစာစောင်တွေမှာ ဖော်ပြထားပါတယ်။

ဦးလှဆွေနဲ့ RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/news/usdp-youth-conference-05022013101828.html/1025102e1038101c103d10311006103c101410321094-103110191038103b10191014103910381001103a10001039/inline.html


နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာ မေလ ၂ ရက်နေ့ကကျင်းပတဲ့ ပါတီလူငယ်တွေ့ဆုံပွဲကို တွေ့ရစဉ် 


RFA
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsို Like လုပ်ထားပါ။

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိကြောင်း၊ ပါတီဥက္ကဌအဖြစ် သမ္မတဦးသိန်းစိန်က ဒီကနေ့အထိ ဆက်လက်တာဝန်ယူထားဆဲဖြစ်ကြောင်း နေပြည်တော်မှာ ကျင်းပနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံကို တက်ရောက်နေတဲ့ ပါတီကိုယ်စားလှယ်တွေ က ပြော ပါတယ်။

စစ်တွေ လူဦးရေ စစ်သူတွေကို တိုက်ခိုက်မှုမှာ ပါသူတွေကို ဖမ်းဆီး

စစ်တွေ လူဦးရေ စစ်သူတွေကို တိုက်ခိုက်မှုမှာ ပါသူတွေကို ဖမ်းဆီး
Friday, May 03, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူဦးရေ စာရင်း စစ်ဆေးတဲ့ ဆွဲတင်စစ် အဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့မှုမှာ ပါဝင် ကြိုးကိုင်သူလို့ ယူဆရတဲ့ မွတ်ဆလင် ၇ ဦးကို သက်ဆိုင်ရာက ဖမ်းဆီလိုက်ပါတယ်။

လွန်ခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က မူဆလင် ဒုက္ခသည် စခန်းတွေမှာ လူဦးရေ စာရင်း သွားစစ်တဲ့ ဆွဲတင်စစ် အဖွဲ့တွေကို နှောင့်ယှက် ဟန့်တားခဲ့ပြီး အုပ်စုဖွဲ့ ရန်ရှာခဲ့မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်သူတွေလို့ ယူဆရသူတွေကို သက်ဆိုင်ရာက လိုက်လံ ရှာဖွေ ဖမ်းဆီးနေခဲ့ရာမှာ အခု အဲဒီ လူ၇ဦးကို ဖမ်းဆီးလိုက်တာပါ။

အခု အဖမ်းခံရတဲ့ အထဲမှာ သက်ကယ်ပြင်ရွာက ဦးကျော်မြင့်၊ သူ့ရဲ့သား ဦးလှမြင့်နဲ့ တိရိစ္ဆာန် ဆေးကု ဆရာဝန်တစ်ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့ကို ဧပြီလ ၃၀ ရက်နေ့က ရုံးထုတ်ခဲ့ရာမှာ လုယက်မှု (ပုဒ်မ ၃၈၂)၊ ဆူပူ အုံကြွမှု ဖြစ်ပွားအောင် လှုံ့ဆော်မှု (ပုဒ်မ ၅၀၆)၊ လူစုလူဝေးနဲ့ တုတ်၊ ဓား ကိုင် အကြမ်းဖက်မှု (ပုဒ်မ ၁၄၈)၊ တာဝန် ထမ်းဆောင်စဉ် အပြင်းအထန် ဒဏ်ရာရစေ မှု (ပုဒ်မ ၃၃၃) တို့နဲ့ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

ကျန်တဲ့ လူတချို့ကတော့ ထွက်ပြေး ပုန်းရှောင်နေကြတယ်လို့ ပြောပါတယ်။

လူဦးရေ စာရင်း စစ်ဆေးတဲ့ အဖွဲ့တွေ ရန်ရှာ တိုက်ခိုက်ခံခဲ့ရ အပြီးမှာ အခုလို ဖမ်းဆီးမှုတွေ လုပ်ခဲ့သလို မွတ်ဆလင် ဒုက္ခသည် စခန်းတွေရဲ့ လူဝင် လူထွက် ကိုလည်း ပိုမို တင်းကြပ်ထားတယ်လို့ သိရပါတယ်။

BBC Burmese News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို Like လုပ်ထားပါ

မွတ်ဆလင် ဒုက္ခသည်စခန်းတွေမှာ လူဦးရေ စာရင်း လာရောက်စစ်ဆေးမှုတွေကို ဟန့်တားခံရမှုတွေ ရှိခဲ့

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူဦးရေ စာရင်း စစ်ဆေးတဲ့ ဆွဲတင်စစ် အဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့မှုမှာ ပါဝင် ကြိုးကိုင်သူလို့ ယူဆရတဲ့ မွတ်ဆလင် ၇ ဦးကို သက်ဆိုင်ရာက ဖမ်းဆီလိုက်ပါတယ်။
လွန်ခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က မူဆလင်ဒုက္ခသည် စခန်းတွေမှာ လူဦးရေစာရင်း သွားစစ်တဲ့ ဆွဲတင်စစ်