Appleကုမ္ပဏီက အသစ်ထုတ်လုပ်လိုက်သည့် မြေပုံ Softwareသည် စစ်ဘက်ဆိုင်ရာ အချက်အလက်များ ကို ပေါက်ကြားစေကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားလိုက်သည်။ Appleက iPhone 5နှင့်အတူ မိတ်ဆက် ပြသလိုက်သော မြေပုံ စနစ်အရ စစ်စခန်းများ၏ တည်နေပုံကို အလွန်ကြည်လင် ပြတ် သားသော Resolutionမျိုးနှင့် တွေ့မြင်နေရကြောင်း ထိုင်ဝမ် အစိုးရ တာဝန်ရှိသူများက ဆိုသည်။ Googleသည်လည်း မြေပုံစနစ် Softwareကို ထုတ်ဝေခဲ့သည့်တိုင် စစ်အခြေစိုက် စခန်းများ တည်ရှိသည့် နေရာတွင် မှုန်ဝါးပေးထားသည်။ အစောပိုင်းက Apple၏ မြေပုံစနစ်သည် ကြည်လင် ပြတ်သားမှု မရှိဆိုသော ဝေဖန်မှုများ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ တမင်ပင် မှုန်ဝါးပေးရန် တောင်းဆိုမှုမျိုး ပေါ်ပေါက်လာခြင်း ဖြစ်သည်။
(ထိုင်ဝမ်နိုင်ငံမြောက်ပိုင်းရှိ ဆင်ချူဒေသရှိနေရာများအား Apple မြေပုံစနစ်တွင် မြင်တွေ့ရပုံ)