Wednesday, 24 July 2013
နစက အား ဖျက်သိမ်း ပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့၊ ရဲတပ်ရင်းနှင့် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့များမှ ဆက်လက် တာဝန်ယူ
မောင်တောမြို့နယ်၏ လုံခြုံရေးအား ဆက်လက်တာဝန်ယူနေသည့် တပ်မတော်နှင့် ရဲတပ်ဖွဲ့အား လုံခြုံရေးစခန်း တစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမောင်) |
နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (နစက)ကို ဇူလိုင် ၁၂ ရက်က
ဖျက်သိမ်းလိုက်ပြီးနောက် နစက၏ တာဝန် များကို ရဲတပ်ရင်းမှ အစားထိုးဝင်ရောက်နေပြီး နစကနယ်မြေများနှင့် စစ်ဆေးရေးဂိတ်များတွင် ရဲတပ်ရင်းမှ
တပ်ဖွဲ့ဝင်များ အစားထိုး တာဝန်ထမ်းဆောင် နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဖိလိပိုင်က မွတ်စလင် ဆရာမတွေကို စာသင်ချိန်မှာ ခေါင်းမပေါင်းရ အမိန့် ထုတ်
ဖိလိပိုင်နိုင်ငံ မနီလာမြို့တော်က မွတ်စလင်အမျိုးသမီးများ ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်ကြစဉ် (Credit: AFP) |
ဖိလိပိုင်နိုင်ငံက ဆရာ ဆရာမနဲ့ကျောင်းသားတွေကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် စာသင်ကျောင်းက မွတ်စလင် ဆရာမတွေကို စာသင်ပြနေတဲ့အချိန်မှာ သူတို့ရဲ့ ခေါင်းပေါင်းတွေကို ချွတ် ထားရမယ်လို့ ဖိလိပိုင်အစိုးရက အမိန့်ထုတ်ပြန် လိုက်ပါတယ်။
လွတ်ငြိမ်း ချမ်းသာ ခွင့်ထဲ တိုင်းရင်း သား အများစုပါဝင်
လွတ်မြောက်လာသူ ကချင်တိုင်းရင်းသား မရန် နော်ဆန်း |
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၆၈ ယောက် ကို အင်္ဂါနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ လွှတ်ပေးလိုက်သူတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ
မက်ဆီစိတ်ကြိုက် မာတီနိုကို ဘာကာ နည်းပြ ခန့်လိုက်ပြီ
ဘာစီလိုနာသည် ကျန်းမာရေး ပြဿနာကြောင့် အနားပေးခဲ့သော နည်းပြ ဗီလာနိုဗာ နေရာတွင် နယူးဝဲလ် အိုးဘွိုင်း နည်းပြဟောင်း မာတီနိုကို အစားထိုးခန့်အပ်ခဲ့သည်။ မာတီနိုသည် ယမန်နေ့က ဘာစီလိုနာ
မန္တလေးမြို့ ဆရာတော် ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး CCTV ကင်မရာ မှတ်တမ်းအရ မသင်္ကာသူနှစ်ဦးကို စစ်ဆေးလျက်ရှိ
မန္တလေးမြို့ရှိ ရတနာပုံ ဒိုင်းမွန်းပလာဇာတွင် CCTV ကင်မရာ တပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်) |
မန္တလေးမြို့၊ ဇူလိုင် ၂၁ ရက်ညက မဟာအောင်မြေမြို့နယ်၊ ရတနာဘုမိ အနောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် ပြုလုပ် ခဲ့သော သဟပုညကာရီဘုံ ဆွမ်းလောင်းအသင်းမှ ငါးနှစ်ပြည့် အထိမ်း အမှတ် အဖြစ် တရားပွဲကျင်းပခဲ့ရာ ငါးရက်မြောက်နေ့ ဆရာတော် ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲ ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး CCTV ကင်မရာ မှတ်တမ်းအရ မသင်္ကာသူနှစ်ဦးအား စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
လူရည်ချွန် များကို အရှေ့တောင် အာရှ နိုင်ငံ များသို့ လေ့လာရေး ခရီး စေလွှတ်ရန် စီစဉ်ထားပြီး အသေး စိတ်အား ဆွေးနွေးနေ
လူရည်ချွန် ကျောင်းသားကျောင်းသူများကို တောင်ကြီးမြို့၌ တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းအောင်မြတ်(တောင်ကြီး)) |
လူရည်ချွန်များအတွက် ပြည်ပနိုင်ငံ လေ့လာရေးခရီးစဉ်အဖြစ် အရှေ့တောင်အာရှ နိုင်ငံများသို့ စေလွှတ် ရန် စီစဉ်ထားပြီး လတ်တလောတွင် အဆိုပါ ခရီးစဉ်နှင့် စပ်လျဉ်းသည့် အသေးစိတ် အချက်အလက်များ အား ဆွေးနွေးနေဆဲဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။
ပဋိပက္ခအား ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများ၏ Power အား မြှင့်တင်ပေးမည်
မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်စဉ်များ ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တရားဥပဒေ စိုးမိုးရေး အဖွဲ့ အစည်းများ၏ Power အား မြှင့်တင်ပေးမည်ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြော ကြားသည်။
ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းအပေါ် ပြင်ဆင်လိုသည့် အချက်များအားလုံးကို ဥပဒေကြမ်းကော်မတီမှ ပြင်ဆင်ခွင့် မပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ပြောကြား
ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်းအပေါ် ပြင်ဆင် လို သည့် အချက်များအားလုံးကို ဥပဒေကြမ်းကော် မတီက ပြင်ဆင်ခွင့် မပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကော် မတီ အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ဇူလိုင် ၂၃ ရက်တွင် ပြောကြားသည်။
ချင်းပြည်နယ်တွင် ဆင်းရဲမွဲတေမှု ပပျောက်ရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန် အဆိုကို ပြည်သူ့လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြု
ဇူလိုင် ၂၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ်တွင် ဆင်းရဲနွမ်း ပါးမှု ဖြေရှင်းရန်အတွက် အထူးစီမံချက် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန် ပြည်ထောင်စု
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ခေတ်မီ လက်နက် ပစ္စည်းများ၊ စစ်ဆေးရေး ကိရိယာ များနှင့် မိုင်း ရှင်းလင်းရေး တွင် အသုံးပြုသည့် စက်ပစ္စည်း များ ၀ယ်ယူ ရန် နိုင်ငံတကာ သို့ တင်ဒါခေါ်ယူ ရန် စီစဉ်
၆၆ နှစ်မြောက် အာဇာနည်နေ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-၀င်းမြင့်ကျော်) |
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ခေတ်မီလက်နက် ပစ္စည်းများ၊ စစ်ဆေးရေး ကိရိယာများနှင့် မိုင်းရှင်းလင်းရေးတွင် အသုံးပြုသည့် စက်ပစ္စည်းများကိုဝယ်ယူရန် နိုင်ငံတကာသို့တင်ဒါခေါ်ယူသွားရန် စီစဉ်နေကြောင်း မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ကော့မှူးမြို့နယ် စာကြည့်တိုက် ပြန်လည်ပြုပြင် လှူဒါန်းပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဖွဲ့စည်းတည်ထောင် ထားသော ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်သော ရွေ့
ကြိုတင်သဘောတူထားသည့် အချက်များ မပါဘဲ ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသည့် ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းအား ပြန်ပြင်ရန် စာနယ်ဇင်းကောင်စီ၊ ပြည်သူ့လွှတ်တော်နှင့် ပြန်ကြားရေးမှ တာဝန်ရှိသူများ ယနေ့တွေ့ဆုံမည်
စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ နှစ် ဖက်ဆွေးနွေး ကာ ပြင်ဆင်ရန် သဘော တူထားသည့် အချက်အချို့ မပါဘဲ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်သူ့လွှတ်တော်သို့ တင်သွင်းအတည်ပြု ထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းပါ အချက်များအား ပြန်ပြင်နိုင်ရန် အတွက် စာနယ်ဇင်းကောင်စီ (ယာယီ)၊ ပြည်သူ့လွှတ်တော်နှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှတာဝန်ရှိ သူများ ယနေ့ (ဇူလိုင် ၂၄ ရက်)တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် လမ်းကြောင်းပေါင်း ၄၀ မှ တရားမ၀င် ကားသွင်းမှုများ ပြုလုပ်နေပြီး တရုတ်နှင့် ထိုင်းနယ်စပ်များမှ အများဆုံး ခိုးသွင်းကာ အစိုးရသစ်လက်ထက် ၂၀၀၇ စီးနှင့်အထက် ဖမ်းမိ
မြ၀တီမြို့တွင်း တစ်နေရာ (ဓာတ်ပုံ-မင်းသီဟဇော်) |
မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်ရှိ လမ်းကြောင်းပေါင်း ၄၀ မှ တရားမ၀င်
ကားတင်သွင်း မှုများ ပြုလုပ်လျက်ရှိကြောင်း ဇူလိုင် ၂၃ ရက်က ကျင်းပသည့်
အမျိုးသားလွှတ်တော် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန ဒေါက်တာပွင့်ဆန်း၏ ရှင်းလင်းချက်အရ သိရသည်။
အစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃ ခုနှစ် ဇွန်လအထိ ပြည်ထဲရေး
ဝန်ကြီးဌာန၊ စီးပွား/ကူးသန်း ၀န်ကြီးဌာန၊ ဘဏ္ဍာ/အခွန် ၀န်ကြီးဌာနနှင့်
ပြည်နယ်သုံးခု၊ တိုင်းဒေသကြီး တစ်ခုတို့မှ ဖမ်းဆီးရမိသည့် လိုင်စင်မဲ့
ကားစီးရေမှာ ၂၀၀၇ စီးနှင့် အထက်ရှိကြောင်း သိရသည်။
နယ်စပ်မှ တရားမ၀င် ကားတင်သွင်းရာတွင် ကချင်ပြည်နယ်မှ လမ်းကြောင်းငါးခု၊
ကယားပြည်နယ်မှ လမ်းကြောင်းနှစ်ခု၊ ကရင်ပြည်နယ်မှ လမ်းကြောင်း ၁၇ ခု၊
တနင်္သာရီမှ လမ်းကြောင်းလေးခု၊ ရှမ်းပြည်နယ်မှ လမ်းကြောင်း ၁၂ ခု စုစုပေါင်း
လမ်းကြောင်း ၄၀ ရှိကြောင်း သိရသည်။
သောင်ရင်းမြစ် တစ်ဖက်ကမ်း ၁၃ ဂိတ် ကားဝင်းအတွင်း မြန်မာနိုင်ငံဘက်သို့ ရောင်းချမည့် လိုင်စင်မဲ့ကားများအား ဇူလိုင်ပထမပတ် အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း) |
"တရားမ၀င် လိုင်စင်မဲ့ယာဉ် ၀င်ရောက်နိုင်တဲ့ လမ်းကြောင်းတွေက ၄၀
ရှိပါတယ်။ ပြည်နယ်အတွင်း ခရီးသွားလာမှု အဆင်ပြေဖို့နဲ့ ကားဝယ်ယူ သုံးစွဲရတာ
အဆင်ပြေဖို့အတွက် တရားဝင်ကားတွေကို အရစ်ကျငွေ ချေစနစ်နဲ့
ဝယ်ယူသုံးစွဲနိုင်အောင် ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး အရောင်းပြခန်း
ဖွင့်လှစ်ပေးသွားဖို့ စီစဉ်နေပါတယ်" ဟု ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးတိုးဝင်း၏ လိုင်စင်မဲ့ကားများ တရားဝင်ဖွင့်လှစ်ထားသည့်
နယ်စပ်ဂိတ်များမှသော် လည်းကောင်း၊ တရားမ၀င် နယ်စပ်ဂိတ်များမှသော်
လည်းကောင်း ၀င်ရောက်လာခြင်းကို သိရှိခြင်း ရှိ၊ မရှိ မေးမြန်းချက်အပေါ်
ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။
တရားမ၀င် လိုင်စင်မဲ့ကားများ ၀င်ရောက်နေမှုအပေါ် လက်ရှိတွင် ပြည်ထဲရေး
ဝန်ကြီးဌာန၊ နယ်ခြားစောင့် တပ်၊ ကျေးရွာအုပ်ချုပ်ရေး၊
ပြည်သူ့စစ်တပ်ဖွဲ့များမှ စောင့်ကြည့်စစ်ဆေးသည့်အပြင်
ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက အဖွဲ့ခေါင်းဆောင်အဖြစ်
တာဝန်ယူထားပြီး အကောက်ခွန်၊ မြန် မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ် ထွေ/အုပ်၊
ကုန်သည်များ အသင်းရုံးတို့မှ အဖွဲ့ဝင်အဖြစ် ပါဝင်သည့် Mobile Team
အဖွဲ့ဖြင့်လည်း နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်
တားဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
နယ်စပ်မှတစ်ဆင့် လိုင်စင်မဲ့ကားများ တင်သွင်းရာတွင် စီးပွား/ကူးသန်း
ဦးစီးဌာန၏ ဖမ်းဆီးရမိသည့် စာရင်းများအရ ထိုင်းနှင့်တရုတ် နယ်စပ်များမှ
ခိုးသွင်းလျက်ရှိကြောင်း သိရသည်။
စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း
ဖမ်းမိသည့် အစီးရေသည် ၅၉၆ စီးအထိ ရှိပြီး ကျပ် ၁၇ ဒသမ ၈၁၁ ဘီလျံကျော်
တန်ဖိုးရှိကြောင်း သိရသည်။
Eleven Media Group
Subscribe to:
Posts (Atom)