Thursday, 18 July 2013

eBay မှ ကျင်းပ ပြုလုပ်မည့် ရန်ပုံငွေ ကစားပွဲ အကြောင်း

Photo: eBay မှကျင်းပ ပြုလုပ်မည့် ရန်ပုံငွေကစားပွဲအကြောင်း
Thursday, July 18, 2013

eBay မှဖိတ်ခေါ် ရန်ပုံငွေကစားပွဲအကြောင်းတင်ပြလိုပါတယ်။ အသင်းနဲ့ ကစားရမှာဖြစ်ပြီးအနိုင်ရတဲ့ အသင်းကိုဆုကြေးငွေများ ချီးမြှင့်ပေးမှာဖြစ်ပြီး အဆိုပါဆုကြေးများကို မိမိတို့ လှူဒါန်းလိုတဲ့ အဖွဲ့အစည်းများအတွက် ရန်ပုံငွေအဖြစ် သတ်မှတ်ပေးအပ် နိုင်ကြောင်းလည်း သိရှိရပါတယ်။ ဇူလိုင် ၂၄ရက်နေ့ ည ရှစ်နာရီမှာ စတင်မှာဖြစ်ပြီးတော့ အသေးစိတ် သိရှိလိုသူများအနေနဲ့ eBay.com မှာ ၀င်ရောက် ကြည့်ရှုနိုင် ပါတယ်။ ကယ်လီဖိုးနီးယား အခြေစိုက် eBayမှ PC gaming tournament များပြုလုပ်သွားမှာ ဖြစ်ပြီး ၎င်းအနေနဲ့ အနိုင်ရရှိတဲ့သူ (သို့မဟုတ်) အဖွဲ့ကို ဒေါ်လာငါးထောင် ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ရန်ပုံငွေပွဲမှာ သီးသန့်လှူဒါန်းလိုသူများ အတွက်လည်း eBayမှ လက်ခံဆောင်ရွက်ဖို့ စီစဉ်လျက်ရှိပါတယ်။

Ref : http://www.polygon.com/2013/7/17/4531672/league-of-legends-teams-partner-with-ebay-for-charity-tournament

Myanmar ICT
eBay မှဖိတ်ခေါ် ရန်ပုံငွေကစားပွဲအကြောင်းတင်ပြလိုပါတယ်။ အသင်းနဲ့ ကစားရမှာဖြစ်ပြီးအနိုင်ရတဲ့ အသင်းကိုဆုကြေးငွေများ ချီးမြှင့်ပေးမှာဖြစ်ပြီး အဆိုပါဆုကြေးများကို မိမိတို့ လှူဒါန်းလိုတဲ့ အဖွဲ့အစည်း များ အတွက် ရန်ပုံငွေအဖြစ် သတ်မှတ်ပေးအပ် နိုင်ကြောင်းလည်း သိရှိရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ တွင် သန့်ရှင်းမျှတ ပါကNLD နိုင်မည်၊ သမ္မတဖြစ်ရေး တားဆီးထားသည့် ဖွဲ့စည်းပုံပါအချက်တို့ကို ပြင်ဆင်ပေး ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို

၂၀၁၅ ရွေးကောက်ပွဲ တွင် သန့်ရှင်းမျှတ ပါက NLD နိုင်မည်ဖြစ်ပြီး သမ္မတဖြစ်ရေးတားဆီးထားသည့် ဖွဲ့စည်းပုံပါအချက်တို့ကို ပြင်ဆင်ပေးရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် က မီဒီယာများနှင့် လွှတ်တော်
တွင်တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းအား ပြောကြားခဲ့သည်။

အနောက် ဘက် ကမ်းခြေ ထောက်ပံ့မှု ရပ်သည့် ဥရောပ သမဂ္ဂ စည်းမျဉ်း သစ် အစ္စရေး ရှုတ်ချ

Photo: အနောက်ဘက်ကမ်းခြေ ထောက်ပံ့မှုရပ်သည့် ဥရောပသမဂ္ဂ စည်းမျဉ်းသစ် အစ္စရေး ရှုတ်ချ
Thursday, July 18, 2013

ဥရောပသမဂ္ဂက အစ္စရေးကို ထောက်ပံ့မှုပေးရာတွင် ၁၉၆၇ ခုနှစ်မှစ၍ အစ္စရေးတို့ သိမ်းထားသော အရှေ့ဂျေရုဆလင်၊ အနောက်ဘက် ကမ်းခြေ စသော နယ်မြေများရှိ အစ္စရေး စီမံကိန်းများကို ဖယ်ထုတ်လိုက်ခြင်းအပေါ် အစ္စရေးက ပြစ်တင် ရှုတ်ချလိုက်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြ ထားသည်။

၂၀၁၄ ခုနှစ်တွင် စတင် အသက်ဝင်မည့် ဥရောပသမဂ္ဂ၏ စည်းမျဉ်း အသစ်အရ ဥရောပ သမဂ္ဂက အစ္စရေးကို ထောက်ပံ့မှုများ ပေးရာတွင် အရှေ့ ဂျေရုဆလင်၊ အနောက်ဘက် ကမ်းခြေ၊ ဂါဇာကမ်းမြောင်နှင့် ဂိုလန်ကုန်းမြင့်တို့ရှိ အစ္စရေး ပရောဂျက်များကို ပေးအပ်မည် မဟုတ်ပေ။

ဥရောပသမဂ္ဂ၏ အဆိုပါ စည်းမျဉ်းသစ်သည် တကယ့် အမှား ကြီးဖြစ်ကြောင်း၊ ယင်းစည်းမျဉ်းသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် ဥရောပသမဂ္ဂ ဘက်လိုက်မှုမရှိ ဟူသည့် ကိစ္စကို သံသယဖြစ်စေကြောင်း အစ္စရေးဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးနှင့် စွမ်းအင်နှင့် ရေ အရင်းအမြစ်ရေးရာ ဝန်ကြီး စလိဗန်ရှာလွန်က ပြောကြားသည်။

ဥရာပသမဂ္ဂ၏ စည်းမျဉ်းသစ်အရ အစ္စရေးသို့ ပေးအပ်နေသော ထောက် ပံ့ငွေများ၊ ဆုကြေးများနှင့် အထောက်အပံ့ ချေးငွေများ ပေးအပ်ရာတွင် အထက်ပါဒေသ လေး နေရာအတွက် အသုံးပြုခွင့်ပေး မည် မဟုတ်ပေ။

ဥရောပသမဂ္ဂ၏ အဆိုပါ လုပ်ရပ်သည် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး အတွက် အထောက်အကူ မပြုကြောင်း အစ္စရေးက ဒေါသတကြီး တုံ့ပြန် ပြောကြားသော်လည်း ယင်းလုပ်ရပ်သည် အပြု သဘောဆောင်သော ခြေလှမ်း ဖြစ်သည်ဟု ပါလက်စတိုင်းက ပြောကြား သည်။

“ဥရောပ သမဂ္ဂကတော့ အမှားကြီးတစ်ခု ထပ်လုပ်လိုက်တာပါ။ သူတို့ဟာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့နေရာက ပါဝင်ချင်ပေမယ့် သဘောထား မျှတမှု မရှိတဲ့ အတွက် သူတို့အနေနဲ့ အရေး ပါတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်မှာ မဟုတ်ဘူးဆိုတာ ထပ်မံပြလိုက်တာ ပါပဲ” ဟု အစ္စရေးဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးနှင့် စွမ်းအင်နှင့် ရေ အရင်း အမြစ်ရေး ရာ ဝန်ကြီး စလိဗန်ရှာလွန်က ပြောကြားသည်။

ပါလက်စတိုင်းသည် အရှေ့ ဂျေရုဆလင်ကို မြို့တော်အဖြစ် သတ်မှတ်၍ အနောက်ဘက် ကမ်းခြေနှင့် ဂါဇာကမ်းမြှောင် ဒေသတို့ ပါဝင်သော နိုင်ငံ တစ်ခု တည်ထောင်ရန် လိုလားလျက် ရှိသည်။

အနောက်ဘက် ကမ်းခြေနှင့် အရှေ့ဂျေရုဆလင်ရှိ အစ္စရေးက တည်ဆောက်နေသော အိမ်ရာ ၁၁၀ ခန့်တွင် ဂျူးလူမျိုး ငါးသိန်း ခန့် နေထိုင်လျက် ရှိသည်။

အဆိုပါ အိမ်ရာများမှာ နိုင်ငံတကာ ဥပဒေအရ တရားမဝင်ဟု ယူဆထားသော်လည်း အစ္စရေးကမူ ယင်းကိစ္စနှင့် ပတ်သက်၍ လက်ခံခြင်း မရှိပေ။
The Voice Weekly
ဥရောပသမဂ္ဂက အစ္စရေးကို ထောက်ပံ့မှုပေးရာတွင် ၁၉၆၇ ခုနှစ်မှစ၍ အစ္စရေးတို့ သိမ်းထားသော အရှေ့ဂျေရုဆလင်၊ အနောက်ဘက်ကမ်းခြေစသောနယ်မြေများရှိ အစ္စရေးစီမံကိန်းများကို ဖယ်ထုတ်

မန်းကျုံး တွင် လူသေ အလောင်းတွေ့ပြန်

Photo: မန်းကျုံးတွင် လူသေအလောင်းတွေ့ပြန်

မန္တလေး၊-ဇူလိုင် ၁၈

မန်းကျုံးရေပြင်တွင် ရေနစ်သေဆုံးသည်ဟု ယူဆရသည့် လူသေအလောင်းတစ်လောင်း တွေ့ရှိမှု ယနေ့မနက် ၁နာရီ ၄၅မီနစ်ခန့်က ဖြစ်ပွားခဲ့သည်။ 
ဖြစ်စဉ်မှာ ည ၁၁နာရီခန့် လှည့်ကင်းရဲများ ကင်းလှည့်စဉ် ၂၆လမ်း၊ ၇၀-၇၁လမ်းကြား ကျုံးဘေးပလက် ဖောင်းတွင် ၁ယ/၅၂၅၆၀တစ်စီးရပ်ထားသည်မှာ ကြာမြင့်နေသောကြောင့် လှည့်ကင်းရဲများမှ စစ်ဆေးရာ ဆိုင် ကယ်နှင့်အတူ ဂိုးလွှမ်းပိုင်အမည်ပါ နိုင်ငံသားကဒ်ပြားတစ်ခု၊ ယာဉ်မောင်းလိုင်စဉ်တစ်ခု၊ ဓာတ်ပုံနှစ်ပုံ၊ မန်မိုရီကဒ်တစ် ကဒ်၊ မျက်မှန်တစ်လက်၊ ဂွင်းထိုးဖိနစ်တစ်ရံတို့ကို တွေ့ရှိခဲ့ပြီး အနီးနားဝန်းကျင်အား ထိုဆိုင်ကယ်ပိုင်ရှင်အား လိုက်ရှာရာတွင် မတွေ့ဘဲ ကျုံးရေပြင်သို့ရှာဖွေရာ ၁နာရီ ၄၅မီနစ်အချိန်တွင် လူသေအလောင်းတစ်လောင်း ကျုးရေပြင်မှာ တွေ့ရှိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အလောင်းမှာ ပြင်ပဒဏ်ရာမတွေ့ရှိ ရဘဲ ရေနစ်သေဆုံးသည်ဟု ယူဆရသောကြောင့် ခွဲစိတ်စစ်ဆေးရန် မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံ ကြီးသို့ ပို့ဆောင်ထားပြီး သေဆုံးသူမှာ မှတ်ပုံတင်လိပ်စားများအရ ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် တွင်နေထိုင်သူဖြစ်ပြီး အမှုအား အမှတ်(၂)ရဲစခန်းမှ သေမှုသေခင်းအမှတ် ၃၅/၂၀၁၃အရအမှုဖွင့်အရေးယူထား ကြောင်း ရဲမှတ်တမ်းများမှသိ၇သည်။ဖိုးလပြည့်

Popular Myanmar News Journal
မန်းကျုံးရေပြင်တွင် ရေနစ်သေဆုံးသည်ဟု ယူဆရသည့် လူသေအလောင်းတစ်လောင်း တွေ့ရှိမှု ယနေ့မနက် ၁နာရီ ၄၅မီနစ်ခန့်က ဖြစ်ပွားခဲ့သည်။

အာဇာ နည်နေ့ မှာ ရင်သိမ့် သိမ့်တုန်အောင် ၀မ်းနည်းခြင်း အထိမ်း အမှတ် ဥသြဆွဲ သံ နားဆင် ချင်သူ

Photo: အာဇာနည်နေ့မှာ ရင်သိမ့်သိမ့်တုန်အောင် ၀မ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲသံ နားဆင်ချင်သူ
Thursday, July 18, 2013

၁၉၄၇ခုနှစ်၊ဇူလိုင်လ၁၉ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး အစည်းအဝေး ခန်းမ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရ အဖွဲ့ဝင် များ မြန်မာနိုင်ငံရှေ့ဆက်လုပ်ငန်းစဉ် များအတွက် အစည်းအဝေးပွဲ ကျင်းပနေစဉ် နယ်ချဲ့လက်ပါးစေတို့၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့ကြရသည်။ ထိုအချိန် မှစပြီး ဇူလိုင်၁၉ရက်နေ့ကို ပြည်သူအပေါင်းက အာဇာနည်နေ့ဟု သတ်မှတ်ခဲ့ကြပြီး ထိုနေ့ရောက်တိုင်းမှာ အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းဆွတ် သတိရသောအားဖြင့် အထိမ်းအမှတ်များပြုလုပ်ကာ အာဇာနည်နေ့ အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။ ခေတ်ကာလများ ရွှေ့လျားလာသည့်နောက်ပိုင်း လူငယ်များက အာဇာနည်နေ့ဆိုသည်ကို သမိုင်းထဲတွင်သာ ရှိတော့ပြီး တေးသံရှင် Rဇာနည်နှင့် ရောထွေးစွာ အမှတ်မှားနေကြသည် ကိုလည်း တွေ့ရသည်။ ထိုသို့သော အကြောင်း အရာများကို စေ့ ငုကြည့်ဖို့ရာ တေးသံရှင်Rဇာနည်နှင့် တွေ့ဆုံပြီးRဇာနည်နဲ့ အာဇာနည်နေ့ ခံစားမှု၊ သားလေးဖစ်ဖစ်တုန် အပေါ်မှာ Rဇာနည်၏ အာဇာနည်နေ့လက် ဆင့်ကမ်း အမွေ သဘောထားတွေကို မေးဖြစ်ခဲ့ကြသည်။

”အာဇာနည်နေ့ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားတဲ့နေ့။ အာဇာနည်ခေါင်းဆောင် ကြီးတွေ ကျဆုံးသွားတဲ့အတွက် စိတ် မကောင်း ဖြစ်မိတာပေါ့။ တစ်ခုရှိတာက သူတို့ရဲ့ကြိုးစားအား ထုတ်ခဲ့မှုကြောင့်ကျွန်တော်တို့ မြန်မာ နိုင်ငံကြီးက သူ့ကျွန်ဘဝကနေ လွတ်မြောက် ခဲ့ရတယ်။ အဲဒါကိုတော့ အမြဲတမ်းအမှတ်ရမိတယ်”
အရင်နဲ့မတူ ကွာခြားသွားတဲ့ အာဇာနည်နေ့”ဥသြသံတွေမကြား ရတော့ဘူး။ ကျွန် တော်တို့ လူမှန်းသိတတ်စမှာ တီဗီက စပေါ်တာ။ အဲဒီမတိုင်ခင် က ရေဒီယိုပဲ အားကိုးရတယ်။ ရေဒီယိုကနေ ကြေညာထားတယ်။ ပြီးတော့ ကျွန်တော်တို့က ဗဟန်းမှာနေတာဆိုတော့ အာဇာနည်နေ့ရောက်ရင် ဥသြဆွဲသံ ကြားရတယ်။ အလေးပြုသံတို့ကြားရင် စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ `အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြု´ဆိုတဲ့ အသံကြားရင် ကျွန်တော်တို့ကပါ အိမ်ကနေလိုက်ပြီး အလေးပြုကြတယ်။ ကျွန်တော်တို့ငါးတန်းနှစ် အထိပေါ့။ အဲဒီနောက်တော့မရှိတော့ဘူး။”
မျှော်လင့်မိတဲ့ အာဇာနည်နေ့”တကယ်ကိုအသိမှတ်ပြု လေးစား ထိုက်တဲ့ သူတွေကို ဂုဏ်ပြုတဲ့အစဉ်အလာလေးကို နောင်လာနောက်သားတွေ လက်ထက်မှာလည်း မပျောက်ပျက်စေချင်ဘူး။ ခုဟာက အဲဒါကြီး ပျောက် ကွယ်သွားတဲ့အခါကျတော့ ကျွန်တော်အဆိုတော် Rဇာနည်ပဲ တစ်ကိုယ်တော်ရှိုးလုပ်တဲ့နေ့လိုလို၊ မွေးနေ့လိုလိုဖြစ်နေတာတွေ မဖြစ်စေချင်ဘူး။ အိမ်က လူကြီးတွေ အပေါ်မှာလည်း တာဝန်ရှိတယ်။ ဒီနေ့၊ဒီရက်ဟာ ဗိုလ်ချုပ်အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့နေ့ဆိုတာမျိုးကို မိဘတွေကလည်း သားသမီးတွေ ကို သွန်သင် မှတ်သားစေသင့်ပါတယ်”

သားကို ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပြောပြပေး

”ကျွန်တော်က သူ့ကို ဗိုလ်ချုပ်အောင်ဆန်း၊ဒေါ်အောင်ဆန်း စုကြည်စ သဖြင့် ပြထားတယ်။ ဘွားဘွားစုရဲ့ဖေဖေက ဗိုလ်ချုပ်အောင်ဆန်းလို့ လည်း ပြောပြထားတယ်။ အဲဒါနဲ့ အန်တီစုနဲ့တွေ့တဲ့အခါ သူကသွားမေး တယ်။ `ဘွားဘွားစု ဗိုလ်ချုပ်အောင်ဆန်းကော´တဲ့။ အဲဒါ ကျွန်တော်တို့ လည်း လုံးဝ သင်ပေးမထားဘူး။ သူက ကျွန်တော့်ကို ပါပါးလို့ခေါ်တော့ သူ့ကို ဘွားဘွားစုရဲ့ပါပါးက ဗိုလ်ချုပ်အောင်ဆန်းလို့ပြောပြထားတာကို သူက အန်တီစုနဲ့တွေ့တော့သွားမေးတာ။ သားလေးကိုတော့ သူအရွယ်ရ လာတာနဲ့ အမျှ အဲဒီလို နေ့ထူးနေ့မြတ်တွေကို မမေ့ မလျော့ရှိအောင် သင်ပြပေးသွားမှာပါ”


ရဲရဲ
Popular Journal
၁၉၄၇ခုနှစ်၊ဇူလိုင်လ၁၉ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး အစည်းအဝေး ခန်းမ၌ ဗိုလ်ချုပ်အောင် ဆန်းနှင့် အစိုးရအဖွဲ့ဝင်များ မြန် မာနိုင်ငံရှေ့ဆက် လုပ်ငန်းစဉ်များအတွက် အစည်း အဝေးပွဲ ကျင်းပနေစဉ်

" သမိုင်း တွင်ခဲ့ သည့် အာဇာ နည် ခေါင်းဆောင်ကြီး များ ၏ ဈာပန မှတ် တမ်း၊ ရုပ်ရှင်"

Photo: " သမိုင်း တွင်ခဲ့သည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏
ဈာပနမှတ်တမ်း၊ ရုပ်ရှင်"
Thursday, July 18, 2013

၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် နေ့တွင် ဖြစ်ပွားခဲ့သော “နိုင်ငံတော် လုပ်ကြံမှုကြီး” သည် စစ်ပြီးခေတ် မြန်မာ့ နိုင်ငံရေး သမိုင်းတွင် အလွန် အရေးပါသော အဖြစ် အပျက်ကြီး တစ်ခု ဖြစ်သည်။ “၁၉ ဇူလိုင်၊ မမေ့ နိုင်” ဆိုသလို ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင်ကြီး များ လုပ်ကြံ ခံခဲ့ရသည်။ ၆၆ နှစ် တိုင်ခဲ့ပြီ ဖြစ်သော အာဇာနည်ခေါင်း
ဆောင်ကြီး တို့ ကျဆုံးခဲ့မှု (အာဇာ နည်နေ့)အတွက် ပြည်သူတို့မှာ လွမ်းဆွတ်နေကြ ဆဲဖြစ်သည်။

မြန်မာ့လွတ်လပ်ရေး သမိုင်း တွင် အရုပ်ဆိုး၊ အကျည်းတန် စေခဲ့သည့် အဖြစ်အပျက် မြင်ကွင်းတစ်ခု ဆိုလျှင် မမှား။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အတူ ဖြစ်တည် ခဲ့သော အာဇာနည်နေ့အား နိုင် ငံ တည်တံ့သရွေ့ နိုင်ငံသူ၊ နိုင်ငံ သားများ၏ ရင်ဝယ်အရိပ်ထင်ရှိနေမည်မှာ အမှန်။

ထိုစဉ်အချိန်က အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဈာပန အခမ်းအနားအား ဂျူဗလီဟော အဆောက်အအုံကြီး ၌ ခေတ္တပြင် ဆင် ထားရှိခဲ့ပြီး ပြည်သူ လူထု ဂါရဝပြုနိုင် ခဲ့ပုံကို ဆရာကြီး ဒဂုန်မြင့်စိုးက သမိုင်းမှတ်တမ်း ရုပ်ရှင် ရိုက်ကူးခဲ့သည်။ “အဲဒီတုန်းက အဘ အသက်က ငယ်သေးတော့ ဝါသနာအရ လိုက်ရိုက်တာ။ အလောင်းတွေ သယ်သွားတာ ကစပြီး ဂူသွင်းတဲ့ အထိ မပင်မပန်းနိုင်ဘဲ ရိုက်ခဲ့တာ။ အဘက ပထမတုန်းက လိုက်ရိုက်ခဲ့တာ ဝါသနာ အရပေမယ့် တကယ်တမ်း ကျတော့ ဒီရိုက်ကူး မှုဟာ နိုင်ငံနဲ့ လူမျိုး ရေးနဲ့လည်း ပတ်သက်တော့ စိတ်ထဲ မှာ ဝမ်းနည်းပြီး စိတ်တော့ မကောင်း ဘူး။ အဘဘဝ အတွက် အမှတ်တရ၊ နိုင်ငံတော် အတွက် မှတ်တမ်း ရာဇဝင် သမိုင်းကားကြီး ငါရိုက်ခဲ့ပါ လား ဆိုတဲ့ အသိက အသက်ကြီးလာ လေလေ ပိုသိလာခဲ့လေပဲ။ ရိုက်ကူး လို့ပြီး သွားပြီ ဆိုတာနဲ့ အေဝမ်း ရုပ်ရှင် ကုမ္ပဏီမှာပဲ ဖလင် ကူးဆေးတာရော၊ တည်းဖြတ်တာရော၊ အသံဖမ်း တာရော အကုန်လုံး အဘ လုပ်ခဲ့တာ” ဟု ဆရာကြီး ဒဂုန် မြင့်စိုး က ငယ်ရွယ်နုပျိုစဉ်က အာဇာ နည် ခေါင်းဆောင် ကြီးများ၏ ဈာပန အခမ်းအနားသို့ ကိုယ်တိုင် ကိုယ်ကျ သတင်း မှတ်တမ်းရိုက်ကူး ခဲ့ပုံကို ရှင်းပြခဲ့သည်။ အာဇာနည် ၉ ဦး၏ ဈာပနကို ရုပ်ရှင် အနုပညာရှင် တို့က ဝမ်းနည်း စွာ သတင်းရိုက်ကူး မှတ်တမ်းပြုခဲ့ကြသည်။

နိုင်ငံတော် အတွက် သမိုင်းဝင် သည့် မှတ်တမ်း ရုပ်ရှင်ဇာတ်ကားကြီး ကို ရန်ကုန် မြို့လယ်ရှိ ရုပ်ရှင်ရုံကြီး ၄ ရုံတွင် တစ်ပြိုင်တည်း ပြသခဲ့သည်။ ထိုကာလက ရုပ်ရှင်ရုံ များ သည် တစ်နေ့လျှင် ၄ ပွဲသာ ပြသပြီး တနင်္ဂနွေ တစ်ရက်သာ ၅ ပွဲပြသနေ ချိန်ဖြစ်သည်။ အဆိုပါ မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကြီး ပြသနေသည့် အချိန်တွင် ၅ ပွဲပြသ ခဲ့သည်။ အပျော် တမ်း မှတ်တမ်း ရိုက်ကူးခဲ့ရာကနေ မှတ်တမ်း ရုပ်ရှင်ဖြစ်ခဲ့သလို လာ ရောက် ကြည့်ရှုကြသည့် မြန်မာ ပြည်သူ များက ထိုနေ့၊ ထိုအဖြစ် အပျက် အတွက် ယူကြုံး မရ ဝမ်းနည်း ခံစားကြသည်။ အာဇာနည် ခေါင်း ဆောင်ကြီးများ ဈာပန ကို ရိုက်ကူး ခဲ့သည့် ဆရာကြီး ဒဂုန်မြင့်စိုးသည် ရုပ်ရှင် နယ်မြေမှာမွေး၊ ရုပ်ရှင် နယ်မြေမှာ ကြီးပြင်းသော ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်သည်နှင့်အညီ ရုပ်ရှင် လောကအပေါ် သံယောဇဉ် ကြီးသူ လည်းဖြစ်သည်။

မြန်မာပြည်သူ့ ပြည်သား များသာမက ကမ္ဘာကပါ စိတ်ဝင်တစား ရှိကြသည့် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဈာပန အခမ်း အနား မြင်ကွင်း ရုပ်ရှင်သည် သမိုင်းမှာ မှတ် ကျောက် တင်နိုင်ခဲ့ သည်။ အဆိုပါ သမိုင်းဝင်သည့် မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကြီးကို ၆၆ နှစ်မြောက် အာဇာနည်နေ့ တွင် ပြသရန် မြန်မာ နိုင်ငံသူ နိုင်ငံသားများက ဆန္ဒရှိကြသည်။ ပွင့်လင်း မြင်သာသော ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေချိန်တွင် ပြည်တွင်း ရုပ်သံမီဒီယာ များအနေဖြင့် အာဇာနည်နေ့နှင့် သက်ဆိုင်သည့် သီချင်းများ ၊ဈာပန မှတ်တမ်း ရုပ်ရှင် များ စသည်တို့ကို ထုတ်လွှင့် ပြသ သင့်ကြောင်း တိုက်တွန်း လိုက်ရ ပါသည်။
ထွဋ်မြတ်
Popular Journal
၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် နေ့တွင် ဖြစ်ပွားခဲ့သော “နိုင်ငံတော် လုပ်ကြံမှုကြီး” သည် စစ် ပြီးခေတ် မြန် မာ့ နိုင်ငံရေးသမိုင်းတွင် အလွန်အရေးပါသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်သည်။ “၁၉ ဇူလိုင်၊

ဖေ့ဘွတ် အကောင့်များ အဟက် ခံထားရပြီး ရေးသား ခံနေရသော ကိစ္စ အချို့ပေါ် သရုပ်ဆောင် အဆိုတော် ခွန်း ဆင့်နေခြည် ရှင်း လင်းမည်

Photo: ဖေ့ဘွတ်အကောင့်များအဟက်ခံထားရပြီး ရေးသားခံနေရသော ကိစ္စ
အချို့ပေါ် သရုပ်ဆောင်အဆိုတော် ခွန်းဆင့်နေခြည် ရှင်းလင်းမည်
Thursday, July 18, 2013

သရုပ်ဆောင်အဆိုတော် ခွန်းဆင့်နေခြည်၏ ဖေ့ဘွတ်အကောင့်များ
အဟက်ခံထားကြောင်းသိရသည်။

အဟက်ခံထားရသော ဖေ့ဘွတ်အကောင့်ခ်မှာ ၂ ဖြစ်ပြီးယင်းသို့ ဟက်ခံရ
ထားသော အကောင့်ခ်များတွင် ရေးသားခံနေရသော အကြောင်းအရာ
အချို့နှင့်ပတ်သက်ပြီး သရုပ်ဆောင်ခွန်းဆင့်နေခြည်မှ သတင်းစာရှင်းလင်းပွဲ
တစ်ရပ်ပြုလုပ် ရှင်းလင်းသွားမည်ဖြစ်ကြောင်းသိရသည်။

စာနယ်ဇင်းရှင်းလင်းပွဲအား ယနေ့ ညနေ ၄ နာရီတွင် မဟာဗန္ဓုလ ပန်းခြံလမ်း အလယ်ဘလောက်ရှိ Orchid Hotel (City Hall) တွင် ပြုလုပ်သွားမည်ဖြစ်
ကြောင်းသိရသည်။

သရုပ်ဆောင်အဆိုတော် ခွန်းဆင့်နေခြည်၏ အဟက်ခံထားရသော
ဖေ့ဘွတ်အကောင့်ခ်များမှာ
https://www.facebook.com/kunn.naychi?fref=ts
https://www.facebook.com/khunnsint.naychi?fref=ts

Popular Myanmar News Journal
သရုပ်ဆောင်အဆိုတော် ခွန်းဆင့်နေခြည်၏ ဖေ့ဘွတ်အကောင့်များ အဟက်ခံထားကြောင်းသိရသည်။

ကမ္ဘာ့ အကြီးဆုံး ကျောက် မီးသွေးထုတ် ကုမ္ပဏီ မြန်မာ တွင် ကျောက် မီးသွေး ထုတ်ရန် စီစဉ်

Photo: ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေးထုတ်ကုမ္ပဏီ မြန်မာတွင် ကျောက်မီးသွေး ထုတ်ရန် စီစဉ်
Thursday, July 18, 2013

အိန္ဒိယနိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေး တူးဖော်ထုတ်
လုပ်ရေးကုမ္ပဏီ Coal India Limited (CIL)က မြန်မာနိုင်ငံတွင် ကျောက်
မီးသွေးတူးဖော်ထုတ်လုပ်ရန် စီစဉ်နေကြောင်း အိန္ဒိယမီဒီယာများတွင် ဖော်ပြ
ထားသည်။

ယင်းကုမ္ပဏီသည် မိုဇမ်ဘစ်နိုင်ငံတွင် ယခုနှစ်အတွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများ စတင်နိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် ဘောစ်ဆွာနာနိုင်ငံ တို့တွင် ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ထပ်မံစီစဉ်နေခြင်းဖြစ်သည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ မြေအောက် ကျောက်လွှာများအောက်တွင် ကျောက်မီးသွေးသတ္တုပမာဏ တန်သန်းပေါင်း ၂၇၀ ခန့် ခိုအောင်းနေသည်ဟု ခန့်မှန်းထားပြီး
နှစ်စဉ် တန်ချိန်နှစ်သန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်း သတ္တုတွင်းဝန်ကြီး
ဌာန စာရင်းဇယားများအရ သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လအထိ စာရင်းများအရ မြန်မာနိုင်ငံ၏ သတ္တုတူးဖော် ထုတ်လုပ်ရေးကဏ္ဍတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၈၂၉ ဒသမ ၆၉၄ သန်းရှိသည်။

“ကျောက်မီးသွေးက မြန်မာနိုင်ငံမှာ စီးပွားဖြစ် မထုတ်နိုင်သေးဘူး။ သူ့ကိုအသုံးချတော့လည်း ပတ်ဝန်းကျင်နဲ့လည်း မသင့်တော်ဘူး။ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သိပ်တော့သဘောမကျဘူး” ဟု ပြည်ပ ပို့ကုန်သွင်းကုန်လုပ်ငန်းနှင့် စက်မှုပစ္စည်း အစိတ်အပိုင်းများ ပြည်တွင်း၌ ထုတ်လုပ်သူ ဦးစိုးအောင်မြင့်က မှတ်ချက်ပေးသည်။

၁၉၈၅ ခုနှစ်က စတင်တည်ထောင်ခဲ့သော Coal India Limited သတ္တုနှင့် ကျောက်မီးသွေး ထုတ်လုပ်ရေးကုမ္ပဏီသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျောက်မီးသွေး ထုတ်လုပ်သူဖြစ်ပြီး အိန္ဒိယအစိုးရက ၉၀ ရာခိုင်နှုန်းပိုင်ဆိုင်ကာ အိန္ဒိယတစ်နိုင်ငံလုံး ကျောက်မီးသွေး ထွက်ရှိမှုပမာဏ၏ ၈၅ ရာခိုင်နှုန်း ထုတ်လုပ်နေသည်။

ကျောက်မီးသွေးထုတ်လုပ်ရုံ သက်သက်ဖြင့် ဘေးထွက်ဆိုးကျိုး မရှိနိုင်သော်လည်း မြန်မာနိုင်ငံအတွင်းရှိ အဓိက ကျောက်မီးသွေး
သိုက်ဖြစ်သော ကလေးဝမှ ထုတ်ယူလျှင် သိုက်တည်ရှိမှု နယ်မြေအနေ
အထားနှင့် ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု စရိတ်စကတို့ကြောင့် မဖြစ်နိုင်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ အငြိမ်းစား အထွေထွေ
မန်နေဂျာ ဦးစောမိုးမြင့်က ပြောကြားသည်။

“Export လုပ်ချင်ရင် နယ်စပ်နဲ့နီးတဲ့နေရာတွေ ဥပမာ- မောတောင်လို
နေရာတွေမှာ ထုတ်မှရမယ်” ဟု ၎င်းကဆိုသည်။

ကျောက်မီးသွေး ထုတ်လုပ်ရန်နှင့် ပတ်သက်၍ ပြည်တွင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးပညာရှင်များ ထုတ်ဖော်ပြောဆိုလေ့ မရှိသော်လည်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်
ရန်ကို အပြင်းအထန် ကန့်ကွက်လျက်ရှိသည်။

The Voice Weekly
အိန္ဒိယနိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ Coal India Limited (CIL)က မြန်မာနိုင်ငံတွင် ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ရန် စီစဉ်နေကြောင်း အိန္ဒိယ မီဒီယာများတွင် ဖော်ပြထားသည်။

ငြိမ်း ချမ်းရေး ဆွေးနွေးပွဲ များတွင် ဒေါ်အောင်ဆန်း စုကြည် ပါဝင်ရန် UNFC တောင်းဆို

Photo: ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရန် UNFC တောင်းဆို
Thursday, 18 July 2013

အစိုးရနှင့် နောက်ထပ် တွေ့ဆုံမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကြားဝင် စေ့စပ်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထင်ရှားသည့် တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များကို ပါဝင်ခွင့်ပြုရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အစိုးရကို
 တောင်းဆိုလိုက်သည်ဟု သိရသည်။

UNFC ၏ နည်းပညာ အထောက်အကူပြုအဖွဲ့ (Technical Ten) နှင့်
 ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (UPWC) ၏ နည်းပညာ အထောက်အကူပြုအဖွဲ့ (Technical Ten) တို့ ယခုလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးကြစဉ် UNFC က ယင်းသို့ တင်ပြ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့နဲ့ အစိုးရနဲ့ နှစ်ဘက်ဆွေးနွေးတဲ့ကြားမှာ ညှိနှိုင်း ဆက်စပ်ပေးတဲ့ အင်အားစုအနေနဲ့ပေါ့ဗျာ၊ ဒေါ်အောင်ဆန်း စုကြည် ကိုရော ပြည်တွင်းမှာဆိုရင် တိုင်းရင်းသားအင်အားစုဖြစ်တဲ့ UNA နဲ့ NBF တို့ကိုပါ ပါဝင်စေချင်တယ်၊ အဲဒါကြောင့် ကျနော်တို့က တောင်းဆိုလိုက်တာ” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီသို့ ပြောသည်။

UNFC အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ် အဖွဲ့ (UNA) နှင့် ညီနောင် တိုင်းရင်းသားများပါတီ ဖက်ဒရေးရှင်း (NBF) တို့ကို ကြားဝင်စေ့စပ်သူများအဖြစ် ထည့်သွင်းပေးရန် တောင်းဆိုခြင်းသည် ပထမဆုံးဖြစ်ကြောင်းလည်း သိရသည်။

UNA အဖွဲ့သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသည့် မဟာမိတ် အဖွဲ့ဖြစ်ပြီး မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စသည့် အဖွဲ့များပါဝင်ပြီး NBF သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသား ပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

UNFC ၏ တောင်းဆိုချက်ကို အစိုးရဘက်မှ လက်ခံခဲ့ပါက ပြည်တွင်း၊
 ပြည်ပ၌ ကျော်ကြားသည့် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ပါဝင်လာမည်ဖြစ်ပြီး UNA မှ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် နှင့် တခြားထင်ရှားသည့် တိုင်းရင်းသား ခေါင်းဆောင်များ၊ NBF မှ ထင်ရှားသည့် ခေါင်းဆောင်များပါ ပါဝင်လာမည်ဖြစ်သည်။

သို့သော်လည်း ယင်းပုဂ္ဂိုလ်များ ပါဝင်နိုင်ရေး တောင်းဆိုချက်ကို အစိုးရဘက်က ချက်ချင်းဆုံးဖြတ်ချက် မပေးကြောင်း၊ ယခင်ကလည်း ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ တရုတ်၊ ထိုင်း စသည့် နိုင်ငံများမှ ကိုယ်စားလှယ်များကိုပါ ကြားဝင် စေ့စပ်ခွင့်ပေးရန် UNFC က အစိုးရကို တောင်းဆိုထားမှုကိုလည်း အစိုးရဘက်က ငြင်းဆိုခဲ့ပြီး လေ့လာသူ အဖြစ်သာ ခွင့်ပြုခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ဆွေးနွေးကြတော့ အစိုးရဘက်က ကြားဝင် Mediator အနေနဲ့တော့ သူတို့ လက်မခံနိုင်ဘူး။ ဒါ ကျနော်တို့ အချင်းချင်း ဖြေရှင်း
လို့ရသားပဲ၊ သူတို့ (နိုင်ငံတကာအဖွဲ့များ) ကိုတော့ လေ့လာသူအဖြစ်နဲ့ပဲ တက်ရောက်ခွင့် ပြုနိုင်မယ် ဆိုပြီးတော့ သဘောထားပေးတယ်ဗျ” ဟု နိုင်ဟံသာက ပြောသည်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် ၎င်းကို ကမ်းလှမ်းခဲ့လာလျှင် တတ်နိုင်သမျှ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က တရားဝင် ထုတ်ဖော် ပြောဆိုထားသည်။

အလားတူ UNA အဖွဲ့ဝင်များကလည်း စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် ကူညီနိုင်ကြောင်း မကြာခဏ ပြောဆိုထားပြီး NBF အဖွဲ့ကလည်း ယခင်လတွင် ပြုလုပ်ခဲ့သော အစည်းအဝေးကျင်းပစဉ် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ကူညီလုပ်ဆောင် ပေးလိုကြောင်း ထုတ်ဖော်ပြောဆို
ထားသည်။

ကြားဝင်စေ့စပ်သူအဖြစ် ခွင့်ပြုပေးရန် အစိုးရကို တောင်းဆိုထားသော
 ဒေါ်အောင်ဆန်းစုကြည်၊ UNA နှင့် NBF တို့၏ သဘောထား များကိုလည်း UNFC အနေဖြင့် စုံစမ်းထားပြီးဖြစ်ကြောင်း၊ အစိုးရဘက်က ခွင့်ပြုချက်ပေး
လျှင် တရားဝင် ဆက်သွယ် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း နိုင်ဟံသာ
ကပြောသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအနေဖြင့် သေနတ်သံများ ချုပ်ငြိမ်းသွားတော့မည် ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးနှင့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို လာမည့် ရက်သတ္တပတ်များအတွင်း အမြန်ဆုံး ဖော်ဆောင်မည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ဗြိတိန် နိုင်ငံကို ရောက်ရှိနေစဉ် လန်ဒန်မြို့ရှိ Chatham House တွင် ပြုလုပ်သော မြန်မာ့အရေး ဆွေးနွေးပွဲ၌ ပရိသတ်ကို ပြောကြား
ခဲ့သည်။

သို့သော်လည်း ပြည်တွင်း၌ အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရ တပ်တို့အကြား သဘောတူညီမှု ရရှိပြီးနောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုများ ရှိနေသကဲ့သို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံး
ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့်လည်း အပစ်အခတ် ရပ်စဲနိုင်ခြင်းမရှိသေးဘဲ မကြာခဏ ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေသည်။

ဧရာဝတီ
အစိုးရနှင့် နောက်ထပ် တွေ့ဆုံမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကြားဝင် စေ့စပ်သူ အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထင်ရှားသည့် တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များကို ပါဝင်ခွင့်ပြုရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အစိုးရကို
တောင်းဆိုလိုက်သည်ဟု သိရသည်။

ရွာလုံးကျွတ် အကျေမဆပ်နိုင်လျှင် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေထုတ်မပေးသည့် စနစ် အား ပြန်လည်ပြင်ဆင်

Photo: ရွာလုံးကျွတ် အကျေမဆပ်နိုင်လျှင် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေထုတ်
မပေးသည့် စနစ်အား ပြန်လည်ပြင်ဆင်
Thursday, 18 July 2013

မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား ရွာလုံးကျွတ် အကျေမဆပ်နိုင်ပါက မိုးစပါးချေးငွေ ထုတ်မပေးသည့် စနစ်ဟောင်း ပြန်လည်ပြင်ဆင်ပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၅ ရက်အထိ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ၁၈၇ ဒသမ ၉၃ ဘီလျံ ထုတ်ချေးထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က ဇူလိုင် ၁၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ရွာလုံးကျွတ်ပြေကျေ
သည့် ရွာများကို ဦးစားပေးထုတ်ချေးနေကြောင်း၊ရွာလုံးကျွတ်မပြေကျေသေး
သည့် ကျေးရွာအုပ်စုများတွင် ချေးငွေအကျေဆပ်ပြီးသည့် တောင်သူလယ်သမားများကို အစုအဖွဲ့အလိုက် ဆက်လက်ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ
ထုတ်ချေးရာတွင် ရွာလုံးကျွတ်ပြေကျေသည့် ရွာများကို ဦးစားပေး ထုတ်ချေးနေကြောင်း၊ ရွာလုံးကျွတ် မပြေကျေသေးသည့် ကျေးရွာအုပ်စု
များတွင် ချေးငွေအကျေဆပ်ပြီးသည့် တောင်သူလယ်သမားများကို အစုအဖွဲ့အလိုက် ဆက်လက်ထုတ်ချေးပေးမည်ဖြစ်ကြောင်း . . . . .

"ဇူလိုင် ၅ ရက်အထိ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေအဖြစ် ၁၈၇ ဒသမ ၉၃ ဘီလျံ ထုတ်ချေးပေးပြီးပါပြီ။ မြို့နယ်ပေါင်း ၂၂၄ မြို့နယ်၊ ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၃၀၈၀၊ တောင်သူပေါင်း ၃၈၇၂၄၃ ဦးကို ထုတ်ချေးပေးထား
ပါတယ်" ဟု ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြောကြားသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် စိုက်ပျိုးစရိတ် ချေးငွေများကို သီးနှံစိုက်ပျိုးချိန်အမီ ထုတ်ချေးနိုင်ရန်အတွက် ထုတ်ချေးသည့်ကာလကို သတ်မှတ်ထားကြောင်း၊ မိုးချေးငွေကို ဧပြီလမှ သြဂုတ်လ၊ ဆောင်းချေးငွေ
များကို စက်တင်ဘာလမှ ဒီဇင်ဘာလ၊ မိုးကြိုချေးငွေကို ဇန်န၀ါရီလနှင့်
ဖေဖော်ဝါရီလများတွင် ထုတ်ချေးနိုင်ရန်အတွက် ထုတ်ချေးမည့်ကာလ သတ်မှတ်ထားကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

eleven media group
မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား ရွာလုံးကျွတ် အကျေမဆပ်နိုင်ပါက မိုးစပါးချေးငွေ ထုတ်မပေး သည့် စနစ်ဟောင်း ပြန်လည်ပြင်ဆင်ပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၅ ရက်အထိ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ၁၈၇ ဒသမ ၉၃ ဘီလျံ ထုတ်ချေးထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က ဇူလိုင် ၁၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး တွင် ပြောကြားသည်။

ကွန်ဒိုမီနီယံ ဥပဒေ ပြင်ဆင်ရေး ဆွဲရေး အပြီး မသတ်နိုင်သေး

Photo: ကွန်ဒိုမီနီယံ ဥပဒေ ပြင်ဆင်ရေးဆွဲရေး အပြီးမသတ်နိုင်သေး
Thursday, 18 July 2013

မြေယာစီမံခန့်ခွဲမှု ဥပဒေနှင့်ပါ ဆက်စပ် ညှိနှိုင်းပြင်ဆင်ရမည်ဖြစ်၍ ကွန်ဒိုမီနီယံ အဆောက်အအုံဆိုင်ရာ ဥပဒေကို အပြီးသတ် ပြင်ဆင်ရေး
ဆွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကာ ကွန်ဒိုမီနီယံ ဥပဒေကို ပြင်ဆင်ဖြည့်စွက် ရေးဆွဲနေခြင်းဖြစ်ပြီး လွှတ်တော်၏ ပံ့ပိုးမှုပါ လိုအပ်နေသောကြောင့် မြို့ပြစည်ပင်ဖွံ့ဖြိုးရေးအတွက် အရေးကြီး
သော ကွန်ဒိုမီနီယံ အဆောက်အအုံဆိုင်ရာ ဥပဒေ ပြင်ဆင်ရေးဆွဲမှု ရှေ့
မဆက်နိုင်ခြင်းဖြစ်ကြောင်း ဥပဒေရေးဆွဲရေးအဖွဲ့နှင့် နီးစပ်သည့် အသိုင်း
အဝိုင်းမှ သိရသည်။

ကွန်ဒိုမီနီယံ အဆောက်အအုံဆိုင်ရာ ဥပဒေ ထွက်ပေါ်လာပါက စည်းစနစ်ကျ
နသော အိမ်ယာ အဆောက်အအုံများ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း
ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုရွှေအောင်သင်းက ပြောသည်။

“အရင်က ကွန်ဒိုတွေနဲ့ ပတ်သက်ပြီး စည်းကမ်းတကျ လုပ်ဆောင်တာ အားနည်းတယ်။ စည်းစနစ် မကျဘူး။ ဥပဒေ ထွက်လာရင်တော့ စည်းကမ်း
တကျ ရှိလာမယ်။ လူအများ နေထိုင်ရေးမှာ ကျန်းမာရေးဆိုင်ရာနဲ့လည်း ညီညွတ် ပြည့်စုံလာမှာပါ။ ဥပမာ မိလ္လာစနစ်တို့၊ ယာဉ်ရပ်နားဝင်းတို့ မရှိတော့ နေထိုင်သူတွေ အချင်းချင်း ပြဿနာ ဖြစ်တာတွေ ရှိတယ်။ Maintenance (မွမ်းမံပြင်ဆင်မှု) ကလည်း အရမ်းလိုတယ်” ဟု ကိုရွှေအောင်သင်းက ဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီးတဦးကလည်း “ကွန်ဒို ၀ယ်ယူတဲ့သူတွေအတွက် တရားဝင် ဖြစ်လာမယ်။ Facility အပြည့်အစုံ ပါလာမယ်။ ပေးရတဲ့ ဈေးနှုန်းနဲ့အညီ ခိုင်မာမှုလည်း ရှိလာမှာပါ” ဟု ပြောသည်။

ကွန်ဒိုမီနီယံ ဆိုသည်မှာ “ဥပဒေအရ မှတ်ပုံတင်ထားသော စုပေါင်းမြေတွင် အထပ်မြင့် အိမ်ခန်းများဖြင့် စုပေါင်းပိုင်အဖြစ် ဆောက်လုပ်ထားသော အဆောက်အအုံကို ဆိုလိုပြီး ယင်းတွင် စုပေါင်းပိုင်သူများ အသုံးပြုရမည့် စီမံထားရှိသည့် စုပေါင်းပိုင် ပစ္စည်းများလည်း ပါဝင်သည်” ဟု လက်ရှိ ပြင်ဆင်နေသည့် ဥပဒေထဲတွင် အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ယခင်က စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေတွင် အခန်း ၉ ခန်း၊ အပိုဒ်ပေါင်း ၄၅ ပိုဒ် ပါရှိကြောင်း၊ ပြင်ဆင်ရေးဆွဲရာ၌ အချို့ ဥပဒေ ပုဒ်မများကို ပယ်ဖျက်ပြင်ဆင်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင်သာယာရေး နယ်နိမိတ်များတွင် သာမက ပြည်ထောင်စု အစိုးရအဖွဲ့က အမိန့် ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သည့် မြို့/ဒေသများပါ သက်ဆိုင်စေရန်လည်း ဖြည့်စွက် ပြင်ဆင်ထားကြောင်း သိရသည်။

ကွန်ဒိုမီနီယံ အဆောက်အုံဆိုင်ရာ ဥပဒေတွင် လုံလောက်သော ယာဉ်ရပ်နား ဧရိယာ ၁ ဒသမ ၂ ရာခိုင်နှုန်း ပါဝင်ရန်၊ လုံလောက်သော ဓာတ်လှေခါး၊ Service Floor Area နှင့် Public Floor Area ပါဝင်ရန်၊ အဆောက်အအုံတွင် နေထိုင်သူများ၏ လိုအပ်ချက်အရ လုံလောက်သော အားကစားခန်းမ၊ အများသုံး ခန်းမ (Function Hall) ၊ ရေကူးကန် ပါဝင်ရန် စသည့် သတ်မှတ်ချက်များနှင့် ပြည့်စုံရမည် ဟု သိရှိရသည်။

ကွန်ဒို ရေရှည် တည်တံ့ရေး ပြုပြင်ထိန်သိမ်းရန် ကွန်ဒိုတွင် နေထိုင်သူများမှ သင့်တော်သော သူများဖြင့် တိုက်ခန်း ပိုင်ရှင်အသင်းအဖွဲ့ ဖွဲ့စည်း
သင့်ကြောင်း၊ ၎င်းအသင်းအဖွဲ့က အထွေထွေ ထိန်းသိမ်းစောင့်ရှောက်ရေး ကုမ္ပဏီ (Services company) သို့ အပ်နှံဆောင်ရွက်သွား သင့်ကြောင်း၊
နိုင်ငံတော်အနေဖြင့် ကွန်ဒိုမီနီယံ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် တိကျသော ဥပဒေ ပြဌာန်းပေးသင့်ကြောင်း ပြင်ဆင်ရေးဆွဲရေး အကြံပြုချက်
များတွင် တင်ပြထားသည်ဟု သိရသည်။

ဧရာဝတီ
မြေယာစီမံခန့်ခွဲမှု ဥပဒေနှင့်ပါ ဆက်စပ် ညှိနှိုင်းပြင်ဆင်ရမည်ဖြစ်၍ ကွန်ဒိုမီနီယံ အဆောက်အအုံဆိုင်ရာ ဥပဒေကို အပြီးသတ် ပြင်ဆင်ရေးဆွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အီတလီ အခြေစိုက် ကမ္ဘာကျော် FERRERO အမှတ်တံဆိပ် ချောကလက် မြန်မာနိုင်ငံ တွင် တရားဝင် ကိုယ်စား လှယ်ဖြင့် စတင်ဖြန့်ချိ

Photo: အီတလီအခြေစိုက် ကမ္ဘာကျော် FERRERO အမှတ်တံဆိပ် ချောကလက်
 မြန်မာနိုင်ငံတွင် တရားဝင်ကိုယ်စားလှယ်ဖြင့် စတင်ဖြန့်ချိ
Thursday, 18 July 2013 

အီတလီနိုင်ငံ အခြေစိုက် FERRERO အမှတ်တံဆိပ် ကုန်ပစ္စည်း ချောကလက်
များကို မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်စားလှယ်ဖြင့် တိုက်ရိုက်တင်သွင်း
ခွင့်ပြုပြီး မြန်မာဈေးကွက်အတွင်း စတင်ဖြန့်ချိမည်ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်တွင် Park Royal Hotel ၌ ပြုလုပ်သည့် မြန်မာနိုင်ငံအတွက် တရားဝင်
ကိုယ်စားလှယ် ပေးအပ်သည့် အခမ်းအနားမှသိရသည်။

အီတလီနိုင်ငံ အခြေစိုက် FERRERO product မှ အရောင်းမန်နေဂျာ Mr. Marcello Gallo က "တရားဝင် ကိုယ်စားလှယ် ရယူပြီး မြန်မာတစ်နိုင်ငံ
လုံးကို ရောင်းချပါမယ်။ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ အရှေ့တောင်အာရှ
မှာဆိုရင် တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူးနိုင်း၊ စင်ကာပူ၊ ထိုင်းနိုင်ငံတွေမှာ တရားဝင် ဖြန့်ချိနေပါတယ်။ အခုမှ ဒီမှာတရားဝင် ပေးတာ
ပါ" ဟု Park Royal  Hotel ၌ ပြုလုပ်သည့် မြန်မာနိုင်ငံအတွက် တရားဝင်
ကိုယ်စားလှယ် ပေးအပ်သည့် အခမ်းအနားတွင် ပြောကြားသည်။

မြန်မာနိုင်ငံအတွက်  အီတလီနိုင်ငံ အခြေစိုက် FERRERO မှ တရားဝင်
တိုက်ရိုက် ဖြန့်ချိနိုင်ရန်အတွက် မြန်မာနိုင်ငံမှ Premiun Distribution Company နှင့် Pahtama Group တို့ကို တရားဝင်ကိုယ်စားလှယ်အဖြစ်
 ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

"ဈေးကွက်ထဲမှာ FERRERO အမှတ်တံဆိပ် ချောကလက်တွေက အရင်ကတည်းက ရှိပါတယ်။ တရုတ်နဲ့ ထိုင်းနိုင်ငံဘက်ကနေ တရားမ၀င် တင်သွင်းကြတာတွေဆိုတော့ အရည်အသွေးပိုင်းက မကောင်းဘူး။ အခုက အီတလီက တိုက်ရိုက်တင်သွင်းမှာဆိုတော့ မှိုတက်တာတွေ၊ ဆီချေးစော်နံတာတွေ မရှိဘဲ အရည်အသွေးပိုင်းမှာ စိတ်ချရပါတယ်။ စူပါမားကက်တို့၊ စင်တာတို့မှာ FERRERO Counter ဖွင့်ပြီး ရောင်းချ
သွားမှာပါ" ဟု Premium Distribution Company မှ Marketing Executive မချောငယ်ငယ်ချစ်က ပြောပြသည်။

အဆိုပါ FERRERO ထုတ်ကုန်များတွင် Ferrero Rocher, Kinder, Nutella, Tic Tac စသည့် ချောကလက်ဆက်စပ် ကုန်ပစ္စည်းများပါဝင်ပြီး အမေရိကန်၊ ဥရောပနှင့် အာရှစသည့် နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် ရောင်းချလျက်ရှိပြီး လူကြိုက်များသည့် အမှတ်တံဆိပ် တစ်ခုဖြစ်ကြောင်း သိရသည်။

eleven media group
အီတလီနိုင်ငံ အခြေစိုက် FERRERO အမှတ်တံဆိပ် ကုန်ပစ္စည်း ချောကလက်များကို မြန်မာနိုင်ငံတွင် တရား ၀င် ကိုယ်စားလှယ်ဖြင့် တိုက်ရိုက်တင်သွင်းခွင့်ပြုပြီး မြန်မာဈေးကွက်အတွင်း စတင်ဖြန့်ချိ မည်ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်တွင် Park Royal Hotel ၌ ပြုလုပ်သည့် မြန်မာနိုင်ငံအတွက် တရားဝင်
ကိုယ်စား လှယ် ပေးအပ်သည့် အခမ်းအနားမှသိရသည်။

ရန်ကုန်နှင့် မန္တလေး ရှိ ကြက် ဘဲဈေးများ တွင် ကြက်ငှက် တုပ်ကွေး H7N9 ရှိမရှိ စစ်ဆေး မည်

Photo: ရန်ကုန်နှင့်မန္တလေးရှိ ကြက်ဘဲဈေးများတွင် ကြက်ငှက်တုပ်ကွေး H7N9 ရှိမရှိ စစ်ဆေးမည်

Thursday, 18 July 2013 

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေး ရောဂါမျိုးစိတ်သစ် H7N9 ရှိမရှိ ရန်ကုန်နှင့် မန္တလေးရှိ ကြက်ဘဲဈေးများတွင် ယခုလ နောက်ဆုံး
ပတ်အတွင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

စစ်ဆေးရာတွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့
လာရေး ဌာနစိတ်နှင့် FAO အဖွဲ့တို့ ပူးပေါင်းကွင်းဆင်း စစ်ဆေးမည်ဖြစ်ပြီး
 ဈေးများအတွင်း ရောင်းချနေသည့် ကြက်နှင့်အခြား ကြက်ထွက်ပစ္စည်း
များကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုနှစ် မတ်လနှောင်းပိုင်းမှစ၍ တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် H7N9 ကြက်ငှက်တုပ်ကွေး ရောဂါမျိုးစိတ်သစ် ပြည်တွင်း၌ ကူးစက်ပျံ့နှံ့မှု ရှိမရှိ သိရှိနိုင်ရန် မြန်မာ-တရုတ် နယ်စပ်ဒေသများရှိ ကြက်နှင့် အခြားကြက်ထွက် ပစ္စည်းများအား သုတေသနပြု စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သုတေသန ပြုလုပ်ရာတွင် မြန်မာ-တရုတ် နယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ လောက်ကိုင်၊ သိန္ဓီ၊ နမ့်ခမ်း၊ ကုန်းကြမ်း၊ မိုင်းလားနှင့် ချင်းရွှေဟော်ရှိ ကြက်နှင့် အခြားကြက်ထွက်ပစ္စည်း ၅၀၀ ကျော်ကို နမူနာယူကာ ရန်ကုန်
တိုင်းဒေသကြီးရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊တိရစ္ဆာန်ရောဂါရှာဖွေရေး
ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ဆေးမှု ရလဒ်
များအရ ကြက်ငှက်တုပ်ကွေးရောဂါ မျိုးစိတ်သစ် H7N9 ကို မတွေ့ရှိရကြောင်း
သိရသည်။

ပြည်တွင်း၌ အဆိုပါ ကြက်ငှက်တုပ်ကွေး ရောဂါပိုး မျိုးစိတ်သစ်များ ဖြစ်ပွားမှု မတွေ့ရှိရသော်လည်း ကြက်မွေးမြူရေးခြံများ၌ ပုံမှန်မဟုတ်သည့် ကြက်သေ
ဆုံးမှုများ တစ်နှစ်ပတ်လုံး ဖြစ်ပွားမှု ရှိနေကြောင်းနှင့် သေဆုံးမှုများသည် အများအားဖြင့် ကြက်ငှက်တုပ်ကွေးရောဂါ၊ ကြက်လည်လိမ်ရောဂါ၊ ကြက်ဝမ်း
ကျရောဂါနှင့် ကြက်များအပူမိခြင်း (အပူရှိန် ရုတ်တရက်ပြောင်းလဲမှု) ကြောင့်
 သေဆုံးနေခြင်းများ အများဆုံးဖြစ်ပွားမှု ရှိနေကြောင်း သိရသည်။

eleven media group 
တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေး ရောဂါမျိုးစိတ်သစ် H7N9 ရှိမရှိ ရန်ကုန်နှင့် မန္တလေး ရှိ ကြက်ဘဲဈေးများတွင် ယခုလ နောက်ဆုံးပတ်အတွင်း စစ်ဆေးသွား မည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

ဧပြီမှ ဇူလိုင် လဆန်းပိုင်း အထိ ပဲမျိုးစုံ တင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ ၂၃၈ သန်းကျော် ရရှိ ထား

Photo: ဧပြီမှ ဇူလိုင် လဆန်းပိုင်း အထိ ပဲမျိုးစုံ တင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ ၂၃၈ သန်းကျော် ရရှိ ထား
Thursday, 18 July 2013

၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၅ ရက်အထိ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်
ဒေါ်လာ ၂၃၈ သန်းကျော် ရရှိထားသော်လည်း မတ်ပဲ၊ပဲစဉ်းငုံတင်ပို့မှု လျော့
ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ပဲကတ္တီပါ၊ စွန်တာပြာ၊ ကုလားပဲ၊ ဗိုလ်ကိတ်ပဲနှင့် ပဲပုပ်စေ့ အစရှိသည့် ပဲမျိုးစုံကို ပြည်ပသို့ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခုဘဏ္ဍာရေးနှစ် သုံးလကျော် ကာလအတွင်း ပဲမျိုးစုံတင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ ၂၃၈ ဒသမ ၉၇၈ သန်း ရရှိခဲ့သော်လည်း ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပဲမျိုးစုံ တင်ပို့မှုမှ ရရှိငွေမှာ အမေရိ ကန်ဒေါ်လာ ၇၄ သန်းကျော် လျော့နည်းနေကြောင်း သိရသည်။

မတ်ပဲတင်ပို့အနေဖြင့် တန်ချိန်တစ်သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်
လာ ၇၉ သန်းကျော် ရရှိခဲ့ကာ ပဲစင်းငုံတန်ချိန် ၅၀၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၉ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့မှုမှာလည်း ယခင်နှစ် အလားတူကာလ တင်ပို့မှုနှင့်
နှိုင်းယှဉ်ပါက တန်ချိန်နှင့် ရရှိငွေပါ လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲမျိုးစုံ တင်ပို့မှုကို ကြည့်ပါက ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် အဓိက တင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှုများ ကျဆင်းလျက်ရှိသဖြင့် လတ်တလော ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပူးပေါင်းဖြေရှင်းပြီး ကာလတို၊ ကာလရှည် အစီအမံများ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ပဲတင်ပို့မှု အတက်အကျ ဖြစ်ရခြင်းတွင် ၀ယ်လက်နိုင်ငံဈေးကွက်၏ ထုတ်လုပ်မှု၊ စားသုံးမှု၊ ငွေလဲနှုန်း စီးပွားရေး အခြေအနေများအရ ဖြစ်
ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ယခင်ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၂-၁၃ ဘဏ္ဍရေးနှစ်တွင် ပဲမျိုးစုံတင်ပို့မှု
တန်ချိန် ၁၄ သိန်းကျော် ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။
eleven media group
၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၅ ရက်အထိ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော် ရရှိထားသော်လည်း မတ်ပဲ၊ပဲစဉ်းငုံတင်ပို့မှု လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ပေါ်စခိုးလ် နဲ့ တွဲဖက် ကစား ဖို့ အခွင့် အရေး

Photo: ပေါ်စခိုးလ်နဲ့ တွဲဖက်ကစားဖို့ အခွင့်အရေး
Thursday, 18 July 2013

ဘောလုံးလောကကနေ အနားယူသွားပြီလို့ပြောပြီးမှ မန်ယူအတွက် တစ်ကျော့ပြန် ကစားပေးခဲ့တဲ့ ပေါ်စခိုးလ်ဟာအခုလည်း ဘောလုံးပြန်
ကစားပါတော့မယ်။ သူကစားမယ့် အသင်းကတော့ စတယ်လီဘရစ် အသင်းဖြစ်ပြီး သူ့သားကစားနေတဲ့ဘောလုံးအသင်းလည်း ဖြစ်ပါ
တယ်။ ဒါ့အပြင် ဒီသတင်းက ပေါ်စခိုးလ်နဲ့ ဘောလုံး တွဲကန်ချင်သူတွေ
အတွက် သတင်းကောင်းပါပဲ။

ဘာကြောင့်လဲဆိုတော့ ပေါ်စခိုးလ်နဲ့ တစ်သင်းတည်း တူတူကစားချင်သူဟာ အွန်လိုင်းကနေ ရန်ပုံငွေထည့်ဝင်ရမှာဖြစ်ပြီး ရန်ပုံငွေ အများဆုံးပေးတဲ့
သူကို ပေါ်စခိုးလ်နဲ့ တွဲဖက်ကစားခွင့် ပေးသွားမှာလို့ သိရပါတယ်။

၁၀ပေါင်နဲ့ လေလံစတင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အမြင့်ဆုံး ဈေးပေး
မှုက ၁၁၃ပေါင်ထိ ရှိနေပြီး ဇူလိုင် ၂၂ရက်နေ့မှာ လေလံပိတ်သိမ်းမှာပါ။

YoYarLay
ဘောလုံးလောကကနေ အနားယူသွားပြီလို့ပြောပြီးမှ မန်ယူအတွက် တစ်ကျော့ပြန် ကစားပေးခဲ့တဲ့ ပေါ် စခိုးလ်ဟာအခုလည်း ဘောလုံးပြန်ကစားပါတော့မယ်။ သူကစားမယ့် အသင်းကတော့ စတယ်လီဘရစ် အသင်းဖြစ်ပြီး သူ့သားကစားနေတဲ့ဘောလုံးအသင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီသတင်း က ပေါ်စခိုးလ် နဲ့ ဘောလုံး တွဲကန်ချင်သူတွေအတွက် သတင်းကောင်းပါပဲ။

ဘာကြောင့်လဲဆိုတော့ ပေါ်စခိုးလ်နဲ့ တစ်သင်းတည်း တူတူကစားချင်သူဟာ အွန်လိုင်းကနေ ရန်ပုံငွေ ထည့်ဝင် ရမှာဖြစ်ပြီး ရန်ပုံငွေ အများဆုံးပေးတဲ့သူကို ပေါ်စခိုးလ်နဲ့ တွဲဖက်ကစားခွင့် ပေးသွားမှာလို့ သိရပါတယ်။

၁၀ပေါင်နဲ့ လေလံစတင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အမြင့်ဆုံး ဈေးပေးမှုက ၁၁၃ပေါင်ထိ ရှိနေပြီး ဇူလိုင် ၂၂ရက်နေ့မှာ လေလံပိတ်သိမ်းမှာပါ။
YoYarLay

ရွန်နီ အတွက် ကမ်းလှမ်းခဲ့ ပါတယ်----ချဲလ်ဆီး အသင်း ၀က်ဆိုက်

Photo: ရွန်နီအတွက် ကမ်းလှမ်းခဲ့ပါတယ်----ချဲလ်ဆီးအသင်းဝက်ဆိုက်
Thursday, 18 July 2013

အခု အပြောင်းအရွှေ့ကာလမှာ နာမည်ကြီးနေတဲ့ ကာဗာနီတစ်ယောက် ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်မှာဆွာရက်ဇ်ရွန်နီတို့ရဲ့ အပြောင်း
အရွှေ့ သတင်းတွေ ပိုပေါ်ပေါက်လာခဲ့ပါတယ်။ ရွန်နီကို ဘာစီလိုနာ လာကစားဖို့ နေမာတို့ လူစုကဖိတ်ခေါ်ထားသလိုမော်ရင်ဟိုကလည်း
သူ့ခြေစွမ်းကိုလေးစားတယ်လို့ ပြောခဲ့တဲ့အပြင် ကမ်းလှမ်းမှုလည်း လုပ်ခဲ့ပါတယ်။

ရွန်နီအတွက် ချဲလ်ဆီးရဲ့ ပထမအကြိမ် ကမ်းလှမ်းမှုကို မန်ယူက ပယ်ချ
ခဲ့ပြီး သတင်းတွေရဲ့ ဖော်ပြချက်အရတော့ ဒေးဗစ်လူးဝစ်၊ ဟာဇက်တို့ တစ်ဦးဦးအပြင် ချဲလ်ဆီးက ပေါင် ၁၀သန်း အလိုက်ပေးခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီးကလည်း ရွန်နီကို ကမ်းလှမ်းခဲ့တယ်လို့ ၀န်ခံခဲ့ပေ
မယ့် ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုမျိုး မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပြီး ရွန်နီကတော့ သူ့အနေအထားနဲ့ ပတ်သက်ပြီး မန်ယူအပေါ် စိတ်ပျက်နေ
ပါတယ်။

YoYarLay
အခု အပြောင်းအရွှေ့ကာလမှာ နာမည်ကြီးနေတဲ့ ကာဗာနီတစ်ယောက် ပီအက်စ်ဂျီကို ပြောင်းရွှေ့ ခဲ့ပြီး တဲ့နောက်မှာဆွာရက်ဇ်ရွန်နီတို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ပိုပေါ်ပေါက်လာခဲ့ပါတယ်။ ရွန်နီကို ဘာစီ လိုနာ လာကစားဖို့ နေမာတို့ လူစုကဖိတ်ခေါ်ထားသလိုမော်ရင်ဟိုကလည်း သူ့ခြေစွမ်းကိုလေးစားတယ် လို့ ပြောခဲ့တဲ့အပြင် ကမ်းလှမ်းမှုလည်း လုပ်ခဲ့ပါတယ်။

Capital Market ထူထောင်ရန် ကြီး မားသော စိန်ခေါ်မှု များ ရှိနေကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ပြောကြား

Photo: Capital Market ထူထောင်ရန် ကြီးမားသော စိန်ခေါ်မှုများ ရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ပြောကြား
Thursday, July 18, 2013

မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် (Capital Market) ဖြစ်လာရေး အတွက် ကြီးမားသည့် စိန်ခေါ်မှုများ ရှိနေကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဇူလိုင် ၁၆ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံ၏ အနာဂတ်ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံ အနေနဲ့ အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာ ဘဏ်လုပ်ငန်း ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာတွေ ရှိပါတယ်။ အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။ ဥပမာ-Capital Market ထူထောင်မယ့် ကိစ္စဟာ မြန်မာနိုင်ငံအတွက် အကြီးမားဆုံး စိန်ခေါ်မှု ကိစ္စပါ။ အမှန်တော့ Capital Market က စီးပွားရေးဆိုင်ရာ အ၀န်းအ၀ိုင်းတစ်ခုလုံး ကြီးထွား လာဖို့ အတွက် မရှိလို့ မရပါဘူး။ မရှိဘူးဆိုရင် Private Sector တွေ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ထူထောင် သွားဖို့ လိုအပ်ပါတယ်" ဟု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားသည်။

မြန်မာနိုင်ငံအား စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာပြီးနောက် တိုင်းပြည်အနေနှင့် တင်ရှိနေသော အကြွေးများအား အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့ကြောင်း၊ အလားတူ Uniform Exchange Rate System ကို ထူထောင်နိုင်ခဲ့ပြီး ယင်းကဲ့သို့ ထူထောင်နိုင်ခဲ့သောကြောင့် ယခင်ဒေါ်လာဈေး တရားဝင်ဈေးကွက်တွင် ၆ ကျပ်နှင့် တရားမ၀င်ဈေးကွက်တွင် ကျပ် ၁၀၀၀ ၀န်းကျင် ပေါက်နေသော အနေအထားမှ နှုန်းရှင်သတ်မှတ်၍ ငွေလဲသည့်စနစ်အား အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ အလားတူပင် အာမခံ ကုမ္ပဏီများလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထို့အတူ မကြာမီ ရက်ပိုင်းအတွင်းက ဗဟိုဘဏ် ဥပဒေသစ်အား ပြဋ္ဌာန်းလိုက်သည့်အတွက် ဗဟိုဘဏ်အနေဖြင့် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်း တစ်ခု ဖြစ်လာတော့ မည်ဖြစ်ကြောင်း၊ အလားတူ အသေးစားချေးငွေဆိုင်ရာ ဥပဒေကိုလည်း ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ပြည်တွင်းအဖွဲ့အစည်းများ သာမက နိုင်ငံတကာ အဖွဲ့အစည်းများကပါ ပြည်တွင်း တွင် ငွေကြေးထောက်ပံ့မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ထို့အတွက် ဆင်းရဲမွဲတေမှုအား လျှော့ချနိုင်ရေးအတွက် နည်းလမ်းကောင်းဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယင်းကဲ့သို့ တိုးတက်မှုများ ရှိသော်လည်း အခြားတစ်ဘက်တွင် အရင်းအနှီးဈေးကွက် (Capital Market) ထူထောင်ရေးအတွက် အခက်အခဲများလည်းရှိကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ အရင်းအနှီးဈေးကွက် ဖြစ်လာဖို့အတွက် ပြင်ဆင်နေပါတယ်။ ဒါကြောင့် အခု Security Exchange Law ကို ရေးဆွဲနေပါတယ်။ အခုကျင်းပနေ တဲ့ လွှတ်တော်ထဲမှာလည်း တင်ထားပါပြီ။ ဒီလ ဒါမှမဟုတ် နောက်လထဲမှာ ထွက်ပေါ်လာတော့မှာပါ။ ဥပဒေ ထွက်လာတာနဲ့ ကျွန်တော်တို့က ဂျပန်နိုင်ငံက ဒိုင်ဝါရဲ့ အကူအညီနဲ့ Capital Market ကို ထူထောင်သွားမှာပါ။ ပြီးရင် ဦးဆုံးအနေနဲ့ Stock Exchange ဈေးကွက် မြန်မာနိုင်ငံမှာ ရရှိလာတော့မှာ ဖြစ်ပါတယ်" ဟု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။

ဇူလိုင် ၁၆ ရက်တွင် ကျင်းပခဲ့သော ဘဏ်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးအား တွေ့ရစဉ်
Eleven Media Group
ဇူလိုင် ၁၆ ရက်တွင် ကျင်းပခဲ့သော ဘဏ်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးအား တွေ့ရစဉ်
မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် (Capital Market) ဖြစ်လာရေးအတွက် ကြီးမားသည့် စိန်ခေါ်မှုများ