ကင်ဆာအမျိုးပေါင်း ၂ဝဝ ကျော်ရှိသည့်အနက်
အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ သားအိမ်ခေါင်း
ကင်ဆာတို့ဟာ ဖြစ်ပွားမှုအများဆုံး ဖြစ်တယ်။
Sunday, 6 October 2013
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ရှမ်းနီလူဦးရေ စာရင်းများ စတင်ကောက်ခံ
ကချင်ပြည်နယ်နှင့်
စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တိုင်းလိုင်(ရှမ်းနီ)လူဦးရေစာရင်းအား စတင်
ကောက်ခံ လျှက်ရှိကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ
ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးစိုင်းဌေးအောင်က ပြောကြား သည်။
ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး၏ လျှို့ဝှက်စာ ပေးပို့မှု တောင်တက် ကား အသင်း ငြင်းဆို
ကရင်စာပေနှင့်
ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ရန်ပုံငွေအတွက် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ
ကင်ပွန်းစခန်း (တောင်ခြေ)မှ ကျိုက်ထီးရိုးတောင်ပေါ်သို့ ဘုရားဖူးကားငါးစီး
ပြေးဆွဲခွင့်ပြုရန် တောင်းဆိုထားမှုကို
ဘုံချောင်းကျေးရွာတွင် ပညာဗိမာန်စာကြည့်တိုက်ဖွင့်
ကချင်ြပည်နယ်၊
မိုးညှင်းမြို့နယ် အင်းကုန်းအုပ်စု၊ ဘုံချောင်းကျေးရွာတွင်
ပညာဗိမာန်စာကြည့််တိုက် ဖွင့်ပွဲ အခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိ
ပုဂ္ဂိုလ်များနှင့် အောက်တိုဘာလ ၅ရက်နေ့က မြို့နယ်အထွေထွေ
လျော်ကြေးကိစ္စ မပြီးမချင်း လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်း ထားရန် ဒေသခံများ တောင်းဆို
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းကို ပေးလျော်ရမည့် မြေယာ လျော်ကြေးကိစ္စများ မပြီးမချင်း
စီမံ ကိန်းကို ရပ်ဆိုင်းထားရန် လက်ပံတောင်းတောင်အရေး
တက်ကြွစွာလှုပ်ရှားခဲ့သူများက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို
တောင်းဆိုခဲ့သည်။
ယူနီဖောင်းဝတ်ထားသူများက အကြမ်းဖက်စစ်ဆေးမေးမြန်း မှုကြောင့် ဆေးရုံတက်ရောက်ကုသနေရ
ရှမ်းပြည်နယ်မြောက်ပိုင်း
လားရှိုးမြို့တွင် ညအချိန်၌ ပြည်သူ့စစ် ယူနီဖောင်း ၀တ်ဆင်ထားသူများနှင့် ရဲ
အရာရှိယူနီဖောင်းဝတ်ဆင်ထားသူများက ဒေသခံတစ်ဦးအား စက်တင်ဘာလ(၂၇)ရက်နေ့ညက
ရဲစခန်း မဟုတ်သော အဝေးတစ်နေရာသို့ ခေါ်ဆောင်သွား၍ ညုင်းပန်းနှိပ်စက်မှုများ
ပြုလုပ်ခဲ့ခြင်းကြောင့် ပြင်း ထန်သော ဒဏ်ရာများရရှိကာ လားရှိုးပြည့်သူ့
ဆေးရုံသို့ တက်ရောက်ကုသနေ ရကြောင်း ကာယကံရှင် ထံမှ သိရသည်။
အမေရိကန် အထူးတပ်ဖွဲ့တွေ ဆိုမာလီနဲ့ လစ်ဗျားမှာ ဝင်ရောက် စီးနင်းမှု နှစ်ခု ပြုလုပ်
အမေရိကန်
အထူး တပ်ဖွဲ့တွေဟာ အာဖရိကက အစ္စလာမ်ဝါဒီစစ်သွေးကြွ ခေါင်းဆောင်တွေကို
တိုက်ခိုက် စီးနင်းမှုနှစ်ခုကို သီးခြားစီ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ
ပိုပြီးသိသိသာသာ ထင်ရှား လာပါပြီ။
အခြေခံဥပဒေကို အသစ်ရေးဆွဲပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝဖျက်သိမ်း လိုက် ပါက နိုင် ငံတော်နှင့် နိုင်ငံသားများအတွက် အလွန် အန္တရာယ်များပြီး မမျှော်မှန်းနိုင်သည့် ကိစ္စရပ် များ ဖြစ်ပေါ် လာနိုင်ကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ သတိပေး
အခြေခံဥပဒေကို အသစ်ရေးဆွဲပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်းလိုက် ပါက နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အလွန်အန္တရာယ်များပြီး မမျှော်မှန်းနိုင်သည့် ကိစ္စရပ် များ ဖြစ်ပေါ် လာနိုင်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်မည်ဆိုပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအား ပြည် သူများသာ ခံစားကြရမည်ကို သတိပြုဆင်ခြင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အာဏာ ရ ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အောက်တိုဘာ ၅ ရက် နေ့စွဲဖြင့် ကြေညာ ချက် ထုတ်ပြန် ၍ သတိပေးခဲ့သည်။
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းမှ မြန်မာလုပ်သားများ အသိ အမှတ်ပြု လက်မှတ်နှင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဥပဒေ မရှိ သဖြင့် လုပ် ခ လစာများ နစ်နာလျက်ရှိ
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံ သား အလုပ်သမားများအား တွေ့ရစဉ် |
တနသာင်္ရီတိုင်း
ဒေသကြီးရှိ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း မှ မြန်မာလုပ်သားများမှာ
လုပ်ငန်းခွင် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များနှင့် အနိမ့်ဆုံး
လုပ်ခလစာ သတ်မှတ်ချက် ဥပဒေ မရှိသဖြင့် လုပ်ငန်းခွင်အတွင်း
လစာနည်းပါးခြင်းများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် ကေအိုင်အို ပါဝင်လာရေးမှာ အစိုးရ၏ နိုင်ငံရေးအာမခံချက်၊ စစ်ရေး အာမခံချက်တို့ အပေါ် မူတည်ဟုဆို
တစ်နိုင်ငံလုံး
အပစ်အခတ် ရပ်စဲရေးတွင် ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)
ပါဝင်လာရေးမှာ အစိုးရ၏ နိုင်ငံရေး အာမခံချက်၊ စစ်ရေး အာမခံချက်
ပေးမှုအပေါ်တွင် မူတည်နေဟု အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ကြားဝင်ဆောင် ရွက်ပေးနေသည့်
ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။
သံတွဲပဋိပက္ခနောက်ဆက်တွဲ လူ ၃၀ ထက်မနည်း အဖမ်းခံထားရ
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မနေ့ကညပိုင်းအထိ သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ရတဲ့ အခြေအနေတွေ ဆက်ရှိ နေသေးပါတယ်။ ဒါ့အပြင် ပေါက်တောနဲ့ လင်းသီရွာတွေဘက်မှာ အဖမ်းအဆီးတွေရှိခဲ့ပြီးတော့ အခုချိန်ထိဆိုရင် ဖမ်းဆီးခံထားရ သူ အယောက် ၃၀ လောက်ထိ ရှိသွားပြီလို့လည်း ခန့်မှန်း ပြောဆိုကြ ပါတယ်။
သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး (၂) ထပ် ဇိမ်ခံ သင်္ဘောနှစ်စင်း တည်ဆောက် နေမှုနှင့် ဒေါပုံမြို့နယ် သမဝါယမ အသင်းစု လုပ်ငန်းဆောင် ရွက်နေမှု ကြည့်ရှုစစ်ဆေး
သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီက ရွှေနှင်းဆီ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသို့ ရောက်ရှိခဲ့ရာ အသင်း
စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော်တွင် သေဆုံးသူ ၂၅၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆၀၀ နီးပါးရှိ
စက်တင်ဘာလ အတွင်းက ရန်ကုန်မြို့ ကမ်းနားလမ်းတွင် လူတစ်ဦးအား ယာဉ်ဖြင့်အတိုက်ခံရမှုကို တွေ့ရစဉ်
|
စက်တင်ဘာလအတွင်း
ယာဉ်တိုက်မှု တစ်ထောင်ကျော်တွင် သေဆုံးသူ ၂၅၀ ကျော်ခဲ့ပြီး ဒဏ်ရာရရှိသူ မှာ
၁၆၀၀ နီးပါး ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ကမန်တိုင်းရင်းသား နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်း ကွဲများ တွေ့ ရှိ ရသဖြင့် ဖမ်းဆီးစစ်ဆေးနေ
သံတွဲမြို့နယ်၊ ရွှေလှေ (လင်းသည်)ကျေးရွာတွင် ကမန်တိုင်းရင်း သား နေထိုင်သည့် နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်းကွဲများ ရောနှောထည့်ထားသည့်ပုလင်းများကို စစ်ဆေးတွေ့ရှိ ရသဖြင့် ပေါက် ကွဲစေတတ်သော အရာဝတ္တုပစ္စည်းများ ဥပဒေပုဒ်မ (၅)ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၅ ရက်က သတင်းရရှိသည်။
Subscribe to:
Posts (Atom)