Monday, 15 September 2014

Viber ကုမ္ပဏီမှ Version 5.0 အသစ်တွင် ဗီဒိုယိုခေါ်ဆိုမှု ပြုလုပ်နိုင်

Photo: Viber ကုမ္ပဏီမှ Version 5.0 အသစ်တွင် ဗီဒိုယိုခေါ်ဆိုမှု ပြုလုပ်နိုင်
Monday, September 15, 2014

ကမ္ဘာ့နိုင်ငံအ သီးသီးတွင် အသုံးပြုလျက်ရှိသော မိုဘိုင်း ဆက်သွယ်ရေး Viber အား ပိုမိုကောင်းမွန် စွာ အသုံးပြုနိုင်ရန်အတွက် Viber ကုမ္ပဏီ မှ Version 5.0 အသစ်အား ထုတ်လုပ်လိုက် ပြီဖြစ်သောကြောင့် Viber ဖြင့် Video Call ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း စက်တင် ဘာ ၁၁ ရက်က Viber ကုမ္ပဏီမှ သတင်း ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

Viber ကုမ္ပဏီမှ အသစ်ထုတ် လုပ်လိုက်သော Version 5.0 သည် Android နှင့် ios တို့အတွက် ထုတ်လုပ် ထားခြင်းဖြစ်ပြီးWindos, Windows 8 နှင့် OS X တို့အတွက်ကိုလည်း Desktop Application ဗားရှင်းအသစ်များကို ထုတ် လုပ်ထားကြောင်း သိရသည်။

''အခုကုမ္ပဏီမှ အသစ်ထုတ်လုပ် သော Version 5.0 ကို ထုတ်လုပ်လိုက်ပါ ပြီ။ ဒါကြောင့် ဗီဒီယိုခေါ်ဆိုမှု (Video Calling))ကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုလို့ရပါ ပြီ။ ဒါကြောင့် အခုဆိုရင် Viber ကနေ ဗီ ဒီယိုခေါ်ဆိုမှု လုပ်မယ်ဆိုရင် မိတ်ဆွေရဲ့ ဖုန်းမှာသာမက PC နဲ့ Mac ပေါ်မှာပါ တစ် ပြိုင်တည်းအသုံးပြုနိုင်မှာဖြစ်လို့ မိတ်ဆွေ တို့အနေနဲ့လဲ ကျေနပ်ပျော်ရွှင်မယ်လို့ မျှော် လင့်ပါတယ်'' ဟု Viber ၏ CEO Talmon Marco က ပြောသည်။

ယခု အသစ်ထုတ်လုပ်လိုက်သော Version 5.0 တွင် ဗီဒီယိုခေါ်ဆိုမှုအပြင် မိမိသူငယ်ချင်းများ၏ Viber နံပါတ်ကို ရိုက်ထည့်လိုက်တာပဲဖြစ်ဖြစ်၊ QR code နှင့် Scan ဖတ်တာပဲဖြစ်ဖြစ်၊ လုပ်ဆောင် ပြီးပါက မိမိ၏ Contacts များအား အလွယ် တကူ စီမံခန့်ခွဲနိုင်သော နည်းစနစ်လည်း ပါဝင်ကြောင်း ၄င်းကဆိုသည်။

Viber တွင် အသုံးပြုနိုင်သော အရာများမှာ စာပို့ခြင်း၊ ရုပ်သံခေါ်ဆိုခြင်း၊ text message များ၊ ရုပ်ပြောင် စတစ်ကာ များ၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များ၊ ပုံကြမ်းများ၊ HD အရည်အသွေး ဖုန်းခေါ်ဆိုနိုင်ခြင်းတို့ ဖြစ်ပြီး ယခုထုတ်လုပ်လုပ်သော Version 5.0 ကြောင့်Video Calling နှင့် Push To Talk တို့ကိုလည်း အသုံးပြုနိုင်ခဲ့သလို Viber Out အနေနှင့်လည်း နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်ခြင်းများ ကိုလည်း ပြုလုပ် နိုင်သည်။

ယခုအချိန်တွင်မူ နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ Register (စာရင်းသွင်း)ထား သူ သန်း ၆၈ဝရှိပြီး နေ့စဉ်ပုံမှန် အသုံးပြု သူသန်း ၄ဝဝ ကျော်ရှိသလို မြန်မာနိုင်ငံ တွင် Viber အသုံးပြုသူ ငါးသန်းကျော်ရှိနေ ပြီဖြစ်ကြောင်း Viber ကုမ္ပဏီမှ စက်တင် ဘာ ၁၁ ရက်က (Version 5.0 ) ဗားရှင်းအ သစ်ထုတ်လုပ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

Yangon Media Group
ကမ္ဘာ့နိုင်ငံအ သီးသီးတွင် အသုံးပြုလျက်ရှိသော မိုဘိုင်း ဆက်သွယ်ရေး Viber အား ပိုမိုကောင်းမွန် စွာ အသုံးပြုနိုင်ရန်အတွက် Viber ကုမ္ပဏီ မှ Version 5.0 အသစ်အား ထုတ်လုပ်လိုက် ပြီဖြစ်သောကြောင့် Viber ဖြင့် Video Call ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း စက်တင် ဘာ ၁၁ ရက်က Viber ကုမ္ပဏီမှ သတင်း ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

IS အဖွဲ့အား ဆန့်ကျင်ချေမှုန်းရေးတွင် ပါဝင်ရန် ယူအေအီးသို့ သြစတြေးလျတပ်ဖွဲ့ဝင် ၆၀၀ ခန့် စေလွှတ်မည်

Photo: IS အဖွဲ့အား ဆန့်ကျင်ချေမှုန်းရေးတွင် ပါဝင်ရန် ယူအေအီးသို့ သြစတြေးလျတပ်ဖွဲ့ဝင် ၆၀၀ ခန့် စေလွှတ်မည်
Monday, September 15, 2014

အစ္စလာမ်မစ်နိုင်ငံတော်IS အဖွဲ့ စစ်သွေးကြွများအား ဆန့်ကျင်တိုက်ခိုက်ရန် ပြင်ဆင်နေကြသည့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ မဟာ မိတ် ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းရန်အတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံသို့ သြစတြေးလျ တပ်ဖွဲ့ဝင် ၆၀၀ ခန့် စေ လွှတ်တပ်ဖြန့်လိမ့်မည် ဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘက်ထ် က  က ဆိုခဲ့သည်ဟု စက်တင်ဘာ ၁၄ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီရတ် နှင့် ဆီးရီးယားတို့တွင် ပါဝင် တိုက်ခိုက်နေကြသည့် သြစတြေးလျနိုင်ငံသား စစ်သွေးကြွများ သြစတြေးလျ သို့ ပြန် လာကြမည်ဆိုပါက နိုင်ငံ၏ လုံခြုံရေး ထိခိုက်လာမည့်အရေးကို စိုးရိမ်မှုများ ကြီးထွားမြင့်တက်လာလျက်ရှိသဖြင့် အကြမ်းဖက် ဝါဒ အန္တရာယ်ကို အလယ်အလတ် အဆင့်မှနေ၍ မြင့်သောအဆင့်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သြစတြေးလျ အစိုးရ က ကြေညာခဲ့အပြီး နှစ်ရက်အကြာတွင် တိုနီအက်ဘက်ထ်က ယခုကဲ့သို့ ပြောလိုက်ခြင်းလည်း ဖြစ်သည်။

သောင်းကျန်းလျက်ရှိသော အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့အား ဆန့်ကျင်တိုက်ခိုက်မည့် နိုင်ငံတကာ မဟာမိတ် ညွန့်ပေါင်း အဖွဲ့တွင် သြစတြေးလျလည်း ပူးပေါင်းပါဝင်ရန် အမေရိကန်က သြစတြေးလျအား တရားဝင် မေတ္တာရပ်ခံခဲ့ပြီးနောက် သြ စတြေးလျ လေကြောင်း ဆိုင် ရာအမှုထမ်း ၄၀၀ ခန့် နှင့် စစ်ဘက်အမှုထမ်း၂၀၀ ခန့် တပ်ဖြန့်ချထားမည့် အစီအစဉ် ကို ကြေညာ ခဲ့ခြင်း ဖြစ်သည်။ သြစတြေးလျ အနေဖြင့် တိုက်ပွဲ ဝင်တပ်ဖွဲ့များ စေလွှတ်တပ်ဖြန့်ရုံသာမဟုတ်ဘဲ လူသားချင်း စာနာထောက်ထားမှုကင်းမဲ့ခြင်း အကျပ်အတည်း ပို၍ မကြီးမား လာအောင် ကာကွယ်ရန် ရည်ရွယ်သည့် နိုင်ငံတကာ အားထုတ် မှုများတွင်လည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

“သြစတြေးလျတပ်ဖွဲ့တွေ အနေနဲ့ အီရတ်နိုင်ငံအတွင်း စစ်ဆင်တိုက်ခိုက်ရေးတွေမှာ မပါဝင်ခင် မှာ နောက်ထပ်ဆုံးဖြတ်ချက်တွေ ချမှတ်ရဦးမယ်ဆိုတာကတော့ ထင်ရှားပါတယ်” ဟု သြစတြေးလျနိုင်ငံ ဒါဝင်မြို့တွင် ကျင်းပခဲ့ သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝန်ကြီးချုပ် အက်ဘက်ထ်က ပြောကြားခဲ့သည်။

“ဒါပေမဲ့ IS အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရေး နိုင်ငံတကာ စစ်ဆင်ရေးတွေမှာ ပါဝင်ဖို့ သြစေတြးလျနိုင်ငံက ပြင်ဆင်ထားပါတယ်။ဘာကြောင့်လည်းဆိုတော့ ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ လူသတ်အဖွဲ့ဟာ အီရတ်က လူတွေလောက်ကိုပဲ၊ အရှေ့အလယ်ပိုင်းဒေသက လူတွေလောက်ကိုပဲ ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ သြစတြေး လျ အပါအဝင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတာပါ” ဟု ၎င်းက ဆိုခဲ့သည်။

အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွများအား ဆန့်ကျင်ချေမှုန်းရေး ညွန့်ပေါင်းအဖွဲ့တစ်ရပ် ခိုင်ခိုင်မာမာဖြစ်လာအောင် အမေရိကန်နိုင်ငံက ဆောင်ရွက်လျက် ရှိပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည်လည်း IS အား တိုက်ခိုက်ရေး တွင် အာရပ်နိုင်ငံများ၏ ထောက်ခံမှုရအောင် စည်းရုံးရေးအတွက် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်လျက် ရှိသည်။

Ref:AFP
Mizzima - News in Burmese
အစ္စလာမ်မစ်နိုင်ငံတော်IS အဖွဲ့ စစ်သွေးကြွများအား ဆန့်ကျင်တိုက်ခိုက်ရန် ပြင်ဆင်နေကြသည့် အမေရိ ကန် ဦးဆောင်သော နိုင်ငံတကာ မဟာ မိတ် ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းရန်အတွက် အာရပ်စော်ဘွား များ ပြည်ထောင်စု (ယူအေအီး) နိုင်ငံသို့ သြစတြေးလျ တပ်ဖွဲ့ဝင် ၆၀၀ ခန့် စေ လွှတ်တပ်ဖြန့်လိမ့် မည် ဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘက်ထ် က  က ဆိုခဲ့သည်ဟု စက်တင်ဘာ ၁၄ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အတုအစစ်ခွဲရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုပြုလုပ်ခြင်းကို စစ်ဆေးရန်နှင့် ပြည်သူများ ငွေတုငွေစစ်ခွဲခြားနိုင်ရေး ထုတ်ပြန်ပေးရန် လိုအပ်နေ

Photo: အတုအစစ်ခွဲရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုပြုလုပ်ခြင်းကို စစ်ဆေးရန်နှင့် ပြည်သူများ ငွေတုငွေစစ်ခွဲခြားနိုင်ရေး ထုတ်ပြန်ပေးရန် လိုအပ်နေ
Monday, September 15, 2014

အတုအစစ်ခွဲခြားရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုများအား ပြည်သူများခွဲခြားနိုင်မှု မရှိခြင်းကြောင့် နစ်နာမှုများ ကြုံတွေ့နေရသဖြင့် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နိုင်ရန်နှင့် ငွေတုငွေစစ်အား ပြည်သူများခွဲခြားနိုင်ရန် မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ပေး ရန် လိုအပ်လာနေကြောင်း သတင်းရရှိသည်။

“ဘဏ်မှာ ငွေသွားလွှဲတဲ့အချိန်မှာ ကျွန်တော့်ပိုက်ဆံ တစ်သောင်းကျပ်တန်ကို အတုဆိုပြီး သိမ်းမယ်လုပ်တယ်။ ကျွန်တော်က သိမ်းတော့မသိမ်းပါနဲ့။ သုံးမရအောင်လုပ်ပြီး ပြန်ပေးပါပြောမှ အပေါက်ဖောက်ပြီး ပြန်ပေးတယ်။ ဒီပိုက်ဆံကို ဘယ်အချက်ကြောင့် အတုဆိုတာသိအောင် နှစ်ရက်လောက် စဉ်းစားလိုက်ရတယ်။ ကျွန်တော်တို့ နည်းမျိုးစုံကိုင်ကြည့်တယ်။ အကုန်နီးပါးတူ တယ်။ ၁ဝဝဝဝ လို့ရေးထားတဲ့ စာလုံးကလည်း ဖောင်းကြွပါပါတယ်” ဟု ကျပ်တစ်သောင်းတန် ငွေစက္ကူအတုအား တွေ့ရှိခဲ့သူတစ်ဦးက ရှင်းလင်းပြောကြား သည်။

အစစ်နှင့် အလွန်တူသည့် တစ်သောင်းကျပ်တန် အတုများတွင် ရေစာ (water-mark) ပါဝင်ခြင်း၊ ငွေကြိုးပါဝင်ခြင်းနှင့် ယခင်ကထွက်ရှိသည့် ငွေတုများကဲ့သို့ မျက်နှာပြင် ချောမွေ့နေခြင်းမရှိဘဲ နေရာတိုင်းနီးပါးတွင် အစစ်နှင့် ခွဲရခက်အောင် ကြမ်းတမ်းနေခြင်း စသည့်အချက်များကြောင့် ကျပ်တစ်သောင်းတန် ငွေစက္ကူ အစစ်နှင့် ခွဲရခက်လာခြင်းဖြစ်ကြောင်း Myanmar Property Market place လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

“ကျွန်တော်က ဘဏ်လောကက မဟုတ်ပေမယ့် ကျွန်တော့်အစ်ကိုက ဘဏ်လောကကပါ။ ဒီပိုက်ဆံအတုကို တွေ့တဲ့အချိန်မှာ ကျွန်တော်တို့ဝိုင်းစစ်ဆေးတော့ ဒီပိုက်ဆံမှာ ငွေကြိုးနဲ့ ကြာပန်းပုံရေစာကပဲ သိသိသာသာ ကွာခြားနေတယ်။ ကျွန်တော်တို့ ဒီပိုက်ဆံကို တွေ့ခဲ့တာက လှည်းတန်းမှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ တွေ့ခဲ့တာပါ” ဟု Myanmar Property Market place မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

အဆိုပါ ငွေအတုနှင့် အစစ်အား နှိုင်းယှဉ်ကြည်မှုအရ အရှေ့မျက်နှာတွင်ပါဝင် သည့် ရောင်ပြန်ကြိုးမှာ ဘယ်ညာရှုထောင့်ပြောင်း၍ လှုပ်ပြီးကြည့်ပါက အစစ်တွင် အရောင်ပြောင်း၍ ငွေစက္ကူအတုတွင် အရောင်ပြောင်းလဲမှုမရှိကြောင်း သိရသည်။

“ဘဏ်ဝန်ထမ်းတွေ အနေနဲ့တော့ အခုအချိန်ထိ ခွဲခြားနိုင်နေတုန်းပါပဲ။ သာမန်လူတွေကတော့ သတိထားသင့်တယ်” ဟု ဘဏ်နှင့်ငွေကြေးဆိုင်ရာ အကြံပေးလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာက ပြောကြားသည်။

ထို့ပြင် ကြာပန်းပုံ ရေစာနေရာတွင် အထူအပါး ကွာခြားခြင်း၊ အချောအကြမ်းကွာခြားခြင်းကို တွေ့ရှိရပြီး ငွေစက္ကအစစ်မှာ ပါး၍ကြမ်းတမ်းပြီး အတုမှာထူထဲ၍ ချောမွေ့နေသည်။ ယင်းအပြင် ငွေစက္ကူအတု၏ရေစာမှာ ပိုမိုကြီးမားနေပြီး အလင်းရောင်တွင်ကြည့်ရှုပါက အတုမှာ ပို၍အလင်းပိတ်သည်ဟု Myanmar Property Marketplace တွင် ဖော်ပြထားချက်အရ သိရသည်။

“သာမန်လူတွေကတော့ သိချင်မှသိမှာလေ။ ကျွန်တော်တို့ ဘဏ်ဝန်ထမ်းတွေကတော့ သိတယ်။ အစစ်လားအတုလားဆိုတာ ချက်ချင်းခွဲနိုင်အောင် ကျွမ်းကျင်တယ်လေ။ ဗဟိုဘဏ်ကိုလည်း လှမ်းမေးကြည့်ပါ။ သူတို့မှာ အတုအစစ်ခွဲတဲ့ နည်းတွေက အများကြီးပါ။ သူတို့က ပင်တိုင်ပဲလေ။ သူတို့ဆီမှာ သတင်းအစုံအလင် ရောက်တယ်။ အတုနဲ့အစစ် ခွဲရခက်တယ်ဆိုတာတော့ အခုမှကြားဖူးတယ်။ ကျွန်တော်တို့ကတော့ မခက်ဘူးထင်တာပဲ။ အရင်တုန်းက စူပါဒေါ်လာတောင် ပေါ်ဖူးတယ်။ ဒါကလည်း စစ်လိုက်ရင်သိတာပဲ။ အတုအစစ်ခွဲတဲ့ စက်တွေလည်း ရှိနေတာပဲ။ အတုက အတုပါပဲ။ အခု ကျွန်တော်တို့ ငွေစက္ကူတွေ ထုတ်နေတာကလည်း ဂျာမနီနည်းပညာနဲ့ ထုတ်နေတာပါ။ အဆင့်မြင့်ပါတယ်။ နောက်ပြီး အတုက ဘယ်လိုမှ စက္ကူ နှစ်ထပ်နဲ့ မဖြစ်နိုင်ဘူး။ စက်ကြီးတွေက အကြီးကြီးတွေ၊ ကုန်ကျစရိတ်က အရမ်းများသွားမယ်” ဟု ကမ္ဘောဇဘဏ်ဒုဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြံပေးဖြစ်သူ ဦးသန်းလွင်က စက်တင်ဘာ ၁၄ ရက်က ပြောကြားသည်။

ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများမှာ မကြာခဏ တွေ့ရှိနေရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုနှင့် အစစ်အကြား ကွာခြားချက်များအား ထုတ်ပြန်ပေးထားပြီး ငွေစက္ကူအတုတွင် စက္ကူထောင့်ဖြတ်ရာ ပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ဖော်ပြထားသည့် လုံခြုံရေးအမှတ်အသားဖြစ်သည့် ရေစာမပါရှိခြင်း၊ လုံခြုံ ရေးအမှတ်အသား တစ်ခုဖြစ်သည့် ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုးအား ဖော်ပြသည့်စာသား မပါရှိခြင်း၊ ငွေစက္ကူ၏ ညာဘက်ထောင့်အလယ်၌ ဗဟိုဘဏ်က ရိုက်နှိပ်ထားသည့် ရေစာမပါရှိခြင်း စသည့်ခြားနားချက်များရှိကြောင်း . . . . . 
ထိုသို့ သုံးသပ်ချက်အရ ငွေတုငွေစစ် ခွဲခြားရာတွင် ပြည်သူများအတွက် အသိပညာပေးရန်နှင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန် လိုအပ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုဥက္ကဋ္ဌဒေါက်တာဆက်အောင်အား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသည့်အပြင် စာဖြင့်ပါ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေဆိုမှု မရှိချေ။

ထိုသို့ ဘဏ်ဝန်ထမ်းများသာ အတုနှင့်အစစ် ခွဲခြားနိုင်နေပြီး သာမန်ပြည်သူများအနေနှင့် ခွဲခြားနိုင်မှုမရှိပါက နစ်နာမှုများနှင့် စိတ်မကောင်းစရာအဖြစ်များ တွေ့ကြုံရနိုင်ပြီး ကျပ်တစ်သောင်းတန်များအား သေချာစွာစစ်ဆေးသင့်ကြောင်း ဦးသန်းလွင်က ပြောကြားသည်။

“ကျွန်တော်တို့ ဗဟိုဘဏ်ကိုမေးကြည့်တော့ နယ်စပ်တွေမှာ နွားတွေဘာတွေ သွားရောင်းပြီး ငွေတုတွေရတယ်။ အဲဒါကို ဗဟိုဘဏ်သွားအပ်တဲ့အခါမှာ ပြဿနာလေးတွေ ဖြစ်တယ်ဆိုတာမျိုးတော့ ပြောဖူးတယ်။ အဲဒီလိုဆိုတော့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌလာတော့ မေးကြည့်တယ်။ ဗဟိုဘဏ်မှာတော့ ငွေစက္ကူ အတုနဲ့အစစ် ခွဲတဲ့စက်ကြီးတော့ ဝယ်ထားတယ်လို့ သိရတယ်။ ဟိုတုန်းကတော့ ကျွန်တော်တို့မှာ ဆန်ရှင်ရှိနေတော့ ကျွန်တော်တို့ ဂျာမနီကဝယ်ထားတဲ့ စက်တွေရဲ့ ဆေးတွေရော၊ အပိုပစ္စည်းတွေရော ဆယ်နှစ်လောက် ဝယ်လို့မရတာ ဖြစ်ခဲ့ဖူးတယ်။ ၂ဝ၁၁ နောက်ပိုင်းလွှတ်တော်တွေ ပြန်စချိန်မှာ အမေရိကန်ရဲ့ ဆန်ရှင်ကလည်း တဖြည်းဖြည်း လျော့လာတဲ့အချိန်မှာ ဆေးတွေ အပိုပစ္စည်းတွေ ပြန်ဝယ်လို့ရလာတယ်။ နိုင်ငံတကာအဆင့်မီ ငွေထုတ်လာနိုင်ပါတယ်။ သို့သော်လည်း သူတို့ထပ်ပြောတာက အမေရိကန်ဒေါ်လာမှာတောင် အတုအစစ်ဆိုတာ ရှိတာပဲ။ တုတယ်ဆိုတာကတော့ အဖိုးတန်တဲ့ပစ္စည်းမှာ တုတာပဲလေ။ တစ်သောင်းတန်၊ ငါးထောင်တန်ပဲ တုတာပေါ့လေ။ တစ်ထောင်တန်တို့ ငါးရာတန်တို့ကတော့ တုခဲတာပေါ့။ ၁ဝဝ ကျပ်တန်ဆိုရင် အတုတောင် မလုပ်ဖူးလို့ ကျွန်တော်တို့ အကြမ်းဖျင်းတော့ သိထားပါတယ်” ဟု ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒုတိယတန်ဖိုးအမြင့်ဆုံး ငွေစက္ကူဖြစ်သည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအား ၂ဝဝ၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်သုံးစွဲခဲ့ပြီး ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူကို ၂ဝ၁၂ ခုနှစ် ဇွန် ၁၅ ရက်မှစတင်၍ ပြည်သူများအကြား လှည့်လည်သုံးစွဲနိုင်ရန် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများ မကြာခဏတွေ့ရှိပြီးနောက် အစစ်နှင့်ခွဲခြားရခက်လာသည့် ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူအတုများ ပြည်သူများအကြားတွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများမှာ မကြာခဏ တွေ့ရှိနေရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုနှင့် အစစ်အကြား ကွာခြားချက်များအား ထုတ်ပြန်ပေးထားပြီး ငွေစက္ကူအတုတွင် စက္ကူထောင့်ဖြတ်ရာ ပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ဖော်ပြထားသည့် လုံခြုံရေးအမှတ်အသားဖြစ်သည့် ရေစာမပါရှိခြင်း၊ လုံခြုံ ရေးအမှတ်အသား တစ်ခုဖြစ်သည့် ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုးအား ဖော်ပြသည့်စာသား မပါရှိခြင်း၊ ငွေစက္ကူ၏ ညာဘက်ထောင့်အလယ်၌ ဗဟိုဘဏ်က ရိုက်နှိပ်ထားသည့် ရေစာမပါရှိခြင်း စသည့်ခြားနားချက်များရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ထားမှုအရ သိရသည်။

ထို့ပြင် ငွေစက္ကူအတုသည် သာမန်စက္ကူဖြင့် ရိုက်နှိပ်ထားသဖြင့် စာလုံးဆေးသား ကြည်လင်ပြတ်သားမှု မရှိခြင်း၊ စက္ကူသား သိပ်သည်းကျစ်လျစ်မှု မရှိသည့်အတွက် ရာသီဥတုနှင့် ရေစိုဒဏ်မခံနိုင်ခြင်း၊ ငွေစက္ကူပါနံပါတ်များမှာ နေရောင်အောက်တွင် နီရဲတောက်ပမှု မရှိခြင်း၊ ရေစာမှာလည်း အလင်းရောင်အောက်တွင် ကြည့်ရှုပါက ပေါ်လွင်ပြတ်သားမှု မရှိခြင်း၊ လုံခြုံရေးကြိုးမှာလည်း ငွေစက္ကူတွင် ဒေါင်လိုက်ထည့်သွင်းထားခြင်း မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကထုတ်ပြန်သည့် ငွေစက္ကူအတုနှင့်အစစ် ခွဲနည်းအရ သိရသည်။ ကျပ် ၅ဝဝဝ တန်ငွေစက္ကူများကို ကျပ် ၂၈ဝဝ ဘီလျံကျော်အထိ ထုတ်လုပ်ထားပြီး ပြင်ပလောကနှင့် စီးပွားရေးလောကတွင် ငွေတုများ ပျံ့နှံ့နေနိုင်သဖြင့် အတုအစစ်ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ အမှုဖွင့်တိုင်ကြား အရေးယူခြင်းများ ပြုလုပ်နေကြောင်း ယခင်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ၂ဝ၁၃ ခုနှစ် အစောပိုင်းတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးထားသည်။

မည်သူမဆို ငွေစက္ကူကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ လိမ်လည်အတုပြုလျှင်ဖြစ်စေ သို့မဟုတ် အတုပြုမှန်း မိမိသိလျက်နှင့် ထိုသို့လိမ်လည် အတုပြုလုပ်သည့် လုပ်ငန်းအဆင့်ဆင့်တွင် အဆင့်တစ်ခုခုကို ပါဝင်ပြုလုပ်ပါက ထိုသူအား ရာဇသတ်ကြီးပုဒ်မ ၄၈၉ (က) အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို ဖြစ်စေ၊ ၁ဝ နှစ်အထိထောင်ဒဏ်ကို ဖြစ်စေ၊ တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ထို့ပြင် ငွေစက္ကူကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ အတုမှန်းသိလျက် အစစ်အမှန်အဖြစ် အသုံးပြုပါက ရာဇသတ်ကြီးပုဒ်မ ၄၈၉ (ခ) အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို ဖြစ်စေ၊ ၁ဝ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေဒဏ်လည်းချ မှတ်နိုင်ကြောင်း၊ ငွေစက္ကူများအား အတုပြုလုပ်ထားမှန်းသိလျက် သုံးစွဲရန်ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ်ခုနစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်အရေးယူနိုင်သည်ဟု ပြဌာန်းထားကြောင်း သိရသည်။

Eleven Media Group
အတုအစစ်ခွဲခြားရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ ရှိနေပြီး ငွေတုများအား ပြည်သူများခွဲခြားနိုင်မှု မရှိခြင်းကြောင့် နစ်နာမှုများ ကြုံတွေ့နေရသဖြင့် စစ်ဆေး ဖမ်းဆီး မှုများ ပြုလုပ်နိုင်ရန်နှင့် ငွေတုငွေစစ်အား ပြည်သူများခွဲခြားနိုင်ရန် မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ပေး ရန် လိုအပ်လာနေကြောင်း သတင်းရရှိသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည်

Photo: မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည်
Monday, September 15, 2014

ဟာသအခြေခံ ရုပ်ရှင်ကားများ ရိုက်ကူးမှု များပြားလာသဖြင့် နှစ်စဉ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း ပရိသတ်ချစ်သော အနုပညာရှင်အချို့ အကယ်ဒမီဆု ရရှိမြဲဖြစ်သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပမည့် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး နာယကတစ်ဦး ဖြစ်သူ ဒါရိုက်တာဦးနှင်းမိုးက The Voice သို့ ပြောကြားသည်။

“အကယ်ဒမီအတွက် ဒုတိယအဆင့် အကဲဖြတ် ကြည့်ရှုမှုကလည်း ပြီးသလောက် ဖြစ်နေပါပြီ။ နောက်လထဲမှာ အကယ်ဒမီစင်မြင့် ဆောက်ဖို့၊ အကယ်ဒမီဗန်းကိုင် ရွေးဖို့ကိစ္စတွေ စလုပ်တော့မယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ကို ရွေးလိုက်တာကလည်း ဒီရက်လေးက စနေနေ့လည်း ဖြစ်တယ်။ နေ့ကောင်းရက်သာလည်း ကျတဲ့အတွက် ရွေးလိုက်တာပါ” ဟု ယင်းပွဲနှင့် ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောကြားသည်။

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် ၂၀၁၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကား ၁၅ ကားထဲမှ စုန်းပြူး၊ စေတန်ရဲ့ ကချေသည်၊ ကြယ်စင်မော်ကွန်း၊ အဖြူရောင်ရဲတိုက်၊ နင်စေရင်၊ ကိုယ့်အထာနဲ့ ကိုယ် စသည့် ဇာတ်ကာ ခြောက်ကားကို နောက်ဆုံးဆန်ခါတင် ဇာတ်ကားများ အဖြစ် ရွေးချယ်လိုက်ကြောင်းကို ကြိုတင် ကြေညာခဲ့ခြင်းခဲ့အပေါ် ရုပ်ရှင်လောကသား အချို့က ဝေဖန်ခဲ့ကြသည်။

“ကျွန်တော် ကိုယ်တိုင်လည်း ဆန်ကာတင် ဇာတ်ကား အမည်တွေကို ကြိုတင်ကြေငြာတာနဲ့ ပတ်သက်ပြီး သဘောသိပ်မကျပါဘူး။ မြန်မာရုပ်ရှင်ဇာတ်ကားက တစ်နှစ်ကို ဆယ်ကားကျော်လောက်ပဲ ထွက်တော့တာဗျာ။ ဒီထဲကနေမှ ခြောက်ကားကို ဆန်ခါတင် ရွေးလိုက်ကြောင်း ကြေညာလိုက်တော့ ဒီဇာတ်ကားတွေကို ကြည့်ပြီးတဲ့ ပရိသတ်တွေတောင် ဆုရမယ့်သူကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်မှာပဲ။ ဒါဆို အကယ်ဒမီပေးပွဲ အပေါ် ပရိသတ် စိတ်ပါဝင်စားမှုက လျော့သွားမှာပဲလေ” ဟု မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် နောက်ဆုံးဆန်ခါတင် ဇာတ်ကားများကို ကြိုတင် ကြေညာခဲ့ခြင်းအပေါ် ဒါရိုက်တာဦးနှင်းမိုးက ဝေဖန်ထောက်ပြသည်။ 

“အကယ်ဒမီ ဆိုတာကတော့ မလိုချင်တဲ့ အနုပညာရှင် မရှိပါဘူး။ အနုပညာလောကမှာ အစ်မက ကျန်တဲ့အရာတွေနဲ့ ပတ်သက်ပြီး သိပ်ပြီး ရုန်းကန်ရတာမျိုး မရှိဘူး။ ဒါပေမဲ့ အကယ်ဒမီနဲ့ ပတ်သက်ရင်တော့ အစ်မက အမြဲတမ်း ကံဆိုးပါတယ်။ အဲဒီအတွက် သိပ်ပြီး မမျှော်လင့်ရဲပါဘူး။ အစ်မနဲ့ စုန်းပြူး ဇာတ်ကားမှာ အတူတွဲပြီး သရုပ်ဆောင်ရတဲ့ မသိင်္ဂီထွန်းတို့ ဆိုလည်း ကောင်းတာပဲလေ” ဟု စုန်းပြူး ရုပ်ရှင်ဇာတ်ကားနှင့် အမျိုးသမီးဇာတ်ပို့ဆု ရရန် ရေပန်းစားနေသည့် သရုပ်ဆောင် ခိုင်သင်းကြည်က ပြောကြားသည်။

The Voice Weekly
ဟာသအခြေခံ ရုပ်ရှင်ကားများ ရိုက်ကူးမှု များပြားလာသဖြင့် နှစ်စဉ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း ပရိသတ်ချစ်သော အနုပညာရှင်အချို့ အကယ်ဒမီဆု ရရှိမြဲဖြစ်သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူး ကျင်းပမည့် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံး နာယကတစ်ဦး ဖြစ်သူ ဒါရိုက်တာဦးနှင်းမိုးက The Voice သို့ ပြောကြားသည်။

မယူတောင်တန်းမှ တောဆင်ရိုင်းများ လူနေအိမ်များသို့ လာရောက်

တောဆင်ရိုင်းများ အများဆုံးလာရောက်ကျက်စား လျက်ရှိသော မောင်တောမြို့နယ် မယူတောင်တန်းတွင် ဆင်ဖမ်း ဆီးခြင်း၊ အယဉ်သွင်းခြင်းလုပ် ငန်းများကို ဆင်ဖမ်းအဖွဲ့တစ်ဖွဲ့ က လွန်ခဲ့သည့်နှစ်က ပြုလုပ်ခဲ့ပြီး ယခုအခါဆင်ဖမ်းခြင်းလုပ်ငန်းကို ရပ်ဆိုင်းလိုက်၍ တောဆင်ရိုင်းများ လူနေအိမ်များသို့ လာ ရောက်သောင်း ကျန်းမှု များရှိနေ ကြောင်း မယူတောင်တန်းအနီး နေထိုင်လျက်ရှိသည့် ရွာခံများကပြောသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှု ငါးလအတွင်း ဒေါ်လာသုံးဘီလီယံကျော်

မြန်မာနိုင်ငံသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ ယခုဘဏ္ဍာနှစ်အတွက် ရည်မှန်းထား သော ပမာဏ၏ ထက်ဝက်ကျော်ဖြစ်သော အမေရိကန်ဒေါ်လာသုံးဘီလီယံကျော်ရှိပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ  ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ ကုန်းတွင်းမုန်တိုင်းငယ် ၀င်ရောက်နိုင်

Photo: မြန်မာနိုင်ငံသို့ ကုန်းတွင်းမုန်တိုင်းငယ် ၀င်ရောက်နိုင်
Monday, September 15, 2014

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ကယ်လ်မေဂီ(Kalmaegi) ဖြတ်သန်းတိုက်ခတ်နိုင်သည့် မုန်တိုင်းလမ်းကြောင်းပြ သရုပ်ဖော်ပုံကို မုန်တိုင်းစောင့်ကြည့်ရေးဌာန Weather Underground က တွက်ချက်သရုပ်ဖော်ထားပုံ။ အဆိုပါမုန်တိုင်းသည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများသို့ ဝင်ရောက်တိုက်ခတ်နိုင်သည်။

 တောင်တရုတ်ပင်လယ် ၌ အားကောင်းနေသည့် တိုင်ဖွန်း မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် ၀င်ရောက်လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။

တောင်တရုတ် ပင်လယ် ၌ ပြီးခဲ့သည့် သုံးရက်ခန့်ကပင် နိုင်ငံတကာအမည်တပ်မုန်တိုင်း Kalmaegi တိုက်ခတ်နေခြင်းဖြစ် ပြီး လက်ရှိခန့်မှန်းချက်များအရ စက်တင်ဘာ ၁၈ ရက်ခန့်တွင် မုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းသို့ ၀င်ရောက် လာနိုင်သည်ဟု ခန့်မှန်းထား ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

‘‘ဒီနေ့အထိ ခန့်မှန်းချက်ကတော့ မုန်တိုင်းငယ်အနေနဲ့ကို ၀င်လာနိုင်တယ်။ ကုန်းတွင်းမုန်တိုင်းအဖြစ် လာမယ်ဆိုတော့ အချိန်နဲ့တစ်ပြေးညီစောင့်ကြည့်ဖို့ လိုတာပေါ့။ ဒီမုန်တိုင်းပြီးသွားရင်တော့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေဆက်တိုက်ဖြစ်လာနိုင်တယ်’’ဟု ၎င်းက ပြော ကြားသည်။

ယင်းမုန်တိုင်းသည် မြန်မာ နိုင်ငံအထက်ပိုင်းဒေသ ကုန်းတွင်းပိုင်းသို့ တစ်နာရီလေတိုက်နှုန်း ၄၅ မိုင်ခန့်ဖြင့် ၀င်ရောက်လာနိုင်သောကြောင့် ကချင်နှင့် ရှမ်းပြည် နယ်ဒေသအချို့တွင် မိုးရော၊ လေပါကောင်းနိုင်ကြောင်း သတိ ပေးထားသည်။

တိုင်ဖွန်းမုန်တိုင်း Kalmaegiသည် စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်အတွင်း ဖိလစ် ပိုင်နိုင်ငံ
မြောက်ပိုင်း ကမ်းခြေသို့ ၀င်ရောက်ကာ ထိုမှတစ်ဆင့် ကုန်းတွင်း မုန်တိုင်းအဖြစ် တရုတ် ပြည်နှင့် ဗီယက်နမ်နိုင်ငံမြောက် ပိုင်ဒေသများသို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း အမေရိကန် အမျိုးသား မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားသည်။ ထို့ နောက် စက်တင်ဘာ ၁၈ ရက် ညနေတွင် လားရှိုးမြို့ အရှေ့ဘက်မိုင် ၂၅၀ ခန့်၊ မိုင်းယောင်းမြို့မြောက်ဘက် ၂၂၅ မိုင်ခန့် တရုတ်ပြည်မ ယူနန်ပြည်နယ်အတွင်း ကုန်းတွင်း လေဖိအားနည်းရပ်ဝန်း အဆင့်ဖြင့် ၀င်ရောက်လာနိုင်ကြောင်း သတင်းထုတ်ပြန်သည်။

လက်ရှိကာလတွင် မြန်မာ နိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၊ ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာ ရွာနေ ပြီး စက်တင်ဘာ ၁၃ ရက် တစ်နေ့တည်းတွင် စစ်ကိုင်း၊ မန္တလေး၊ မတ္တရာ၊ အမရပူရ၊ ကော့သောင်း၊ ကလေးမြို့နှင့် ပုသိမ်ကြီးမြို့ နယ်တို့တွင် ပုံမှန်မိုးရေချိန်ထက် ပိုမိုရွာသွန်းခဲ့ကြောင်း မိုး/ဇလ  ဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်နောက်ပိုင်း စံချိန်တင်မိုးရွာခဲ့ပြီး မြို့တွင်း မြေနိမ့်ဒေသအချို့ ရေလွှမ်းမိုးမှုကြုံ တွေ့နေရကြောင်း သတင်းရရှိသည်။

7Day DAILY
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ကယ်လ်မေဂီ(Kalmaegi) ဖြတ်သန်း တိုက် ခတ်နိုင် သည့် မုန်တိုင်းလမ်းကြောင်းပြ သရုပ်ဖော်ပုံကို မုန်တိုင်းစောင့်ကြည့်ရေးဌာန Weather Underground က တွက်ချက်သရုပ်ဖော်ထားပုံ။ အဆိုပါမုန်တိုင်းသည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများသို့ ဝင်ရောက်တိုက်ခတ်နိုင်သည်။

ရီးရဲလ်မှ ရော်နယ်ဒိုကိုပြန်မခေါ်မီ မန်ယူနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ သဘောတူထား

Photo: ရီးရဲလ်မှ ရော်နယ်ဒိုကိုပြန်မခေါ်မီ မန်ယူနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ သဘောတူထား
Monday, September 15, 2014

လန်ဒန်-မန်ယူနှင့် ရီးရဲလ်မှ ဘောလုံးကြယ်ပွင့်ရော်နယ်ဒို၏ အေးဂျင့်ဂျော့ခ်ျမန် ဒက်စ် တို့ကြား ဆွေးနွေးခဲ့ပြီးနောက် ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန် မန်ယူနှင့် ပုဂ္ဂိုလ်ရေးအချက်အလက်များ ယေဘုယျသဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

မန်ယူအသင်း အမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝါ့ဒ်အား မန်ယူအသင်းဘုတ် အဖွဲ့က ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန်ညွှန်ကြားထားပြီး အမှန်တကယ် အထမြောက်နိုင်ရန် ငွေစိတ်ကြိုက် အသုံးခွင့်ပြုထားကြောင်းသိရသည်။

 မန်ယူက ရော်နယ်ဒိုကို ၂၀၀၉ ခုနှစ် နွေရာသီက ပေါင်သန်း ၈၀ ဖြင့် ရီးရဲလ် သို့ ရောင်းချခဲ့သည်။ လာမည့် ဇန်န၀ါရီအပြောင်း အရွှေ့ကာလတွင် ဖြစ်နိုင်ခြေ ရှိသောခေါ်ယူမှုအတွက် ပေါ်တူဂီလက်ရွေးစင်ရော်နယ်ဒိုကို မန်ယူက ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်း မည်ဖြစ်သည်။ ယင်းအချိန်တွင် ရော်နယ်ဒိုမှာ အသက် (၃၀)နှစ် ရှိမည်ဖြစ်ပြီး ကမ်းလှမ်းမည့်ငွေပမာဏကိုရီးရဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ် က လက်ခံဖွယ်ရှိသည်။

ရော်နယ်ဒိုကလည်း အသင်းဟောင်းမန်ယူသို့ တစ်နေ့ပြန်လာ လိုကြောင်း ပြော ကြားထားသည်။ ရီးရဲလ်အတွက် ပွဲပေါင်း ၂၅၀ ကစားပေးထားပြီး ၂၅၅ ဂိုး သွင်းယူ ထားသော ရော်နယ်ဒိုသည် ရီးရဲလ်အသင်းကို ဂါရက်ဘေးလ်နှင့် ရိုဒရီဂွတ်ဇ် တို့ ရောက်ရှိလာ ခြင်းကြောင့် အသင်းအပေါ် ၎င်း၏ လွှမ်းမိုးမှု အရှိန်အ၀ါ လျော့ပါး သွားခဲ့သည်။ ရော်နယ်ဒိုနေရာတွင် အစားထိုးရန် ဥက္ကဋ္ဌပီရက်ဇ်က ချယ်လ် စီးအသင်းမှ ဟားဇက်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည်။

Ref: AFP
7Day DAILY
လန်ဒန်-မန်ယူနှင့် ရီးရဲလ်မှ ဘောလုံးကြယ်ပွင့်ရော်နယ်ဒို၏ အေးဂျင့်ဂျော့ခ်ျမန် ဒက်စ် တို့ကြား ဆွေးနွေး ခဲ့ပြီးနောက် ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန် မန်ယူနှင့် ပုဂ္ဂိုလ်ရေးအချက်အလက် များ ယေဘုယျ သဘော တူညီမှု ရရှိခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်း၍ ရွှေတစ်ချောင်းနှင့် ငွေတစ်ချောင်းရေလျှံပြီး မြို့ပေါ်ရပ်ကွက်အချို့ ရေမြုပ်

Photo: မိုးသည်းထန်စွာရွာသွန်း၍ ရွှေတစ်ချောင်းနှင့် ငွေတစ်ချောင်းရေလျှံပြီး မြို့ပေါ်ရပ်ကွက်အချို့ ရေမြုပ်
Monday, September 15, 2014

 မန္တလေးမြို့တွင်မိုး သည်းထန်စွာ ရွာသွန်းသဖြင့် ရွှေ တစ်ချောင်းနှင့် ငွေ တစ်ချောင်း မြောင်းရေများ လျှံကာ မြို့ပေါ် ရပ်ကွက်အချို့  ရေနစ်မြုပ်နေ ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၄ ရက် နံ နက်ကတည်းက စတင်ရွာသွန်းခဲ့ သောမိုးကြောင့် မြို့အတွင်းဖြတ်သန်းစီးဆင်းနေသည့် ရွှေတစ်ချောင်းနှင့် ငွေတစ်ချောင်း မြောင်းရေများလျှံကာ ချမ်းအေးသာစံမြို့နယ်၊   အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များရှိ မြေနိမ့်ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဒဏ် ကြုံတွေ့နေရသဖြင့် ရပ်ကွက်အချို့မှပြည်သူများ  ရေလွတ်ရာလမ်းများပေါ်သို့    တက်ရောက်နေထိုင်နေရကြောင်း ယင်းရပ်ကွက်များတွင် နေထိုင်သူများကပြောသည်။

‘‘မိုးရွာတိုင်း ရေမြုပ်တယ်။ အိမ်အောက်ထပ်က မြုပ်သွားပြီ။ ဒီနှစ်ပိုဆိုးတယ်’’ဟု မန်းတော် သာရပ်ကွက်တွင်နေထိုင်သူ ကို အောင်ကိုလတ်က ပြောသည်။ ရွှေတစ်ချောင်း  ကန်ပေါင်မှာ အသစ်ပြုပြင်ပြီးဖြစ်သော်လည်း ၄၁ လမ်းနှင့် ၄၂ လမ်းရှိ ရွှေတစ် ချောင်းမြောင်းကူးတံတားမှာ နိမ့် နေ၍ အဆိုပါတံတားနေရာမှာ ရေများလျှံကျခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ဗထူးအားကစား ကွင်းအတွင်း၌လည်း ရေကြီးရေ လျှံမှုဖြစ်ပွားခဲ့သဖြင့် ရေစုပ်စက် များဖြင့် စုပ်ထုတ်နေရသော ကြောင့် ယှဉ်ပြိုင်ကစားမည့် ရတ နာပုံအသင်းနှင့် နေပြည်တော် အသင်းတို့၏ ပွဲစဉ်ကို   ညနေ ၅ နာရီနောက်ပိုင်းမှသာ ဗထူး ကွင်းတွင် စတင်ကစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်မှ မီဒီယာတာဝန်ခံ ကိုနေမျိုးကပြောကြားသည်။

ရေလျှံနေသည့်  ရပ်ကွက် များနှင့် လမ်းများတွင် သဲအိတ် သုံးထောင်ကျော် ချထားပေးထား ပြီး ရေစုပ်စက်ဖြင့် စုပ်ထုတ် ပေးနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦး စိုးတင့်အောင်ကပြောသည်။

7Day DAILY 

စက်တင်ဘာ ၁၄ရက်နံနက်က ၄၁လမ်းတွင် ရွှေတစ်ချောင်းရေလျှံကာ လမ်းပေါ်နှင့် လူနေရပ်ကွက်များထံသို့ ရေများစီးဝင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)
စက်တင်ဘာ ၁၄ရက်နံနက်က ၄၁လမ်းတွင် ရွှေတစ်ချောင်းရေလျှံကာ လမ်းပေါ်နှင့် လူနေရပ်ကွက် များထံ သို့ ရေများစီးဝင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)
 မန္တလေးမြို့တွင်မိုး သည်းထန်စွာ ရွာသွန်းသဖြင့် ရွှေ တစ်ချောင်းနှင့် ငွေ တစ်ချောင်း မြောင်းရေများ လျှံကာ မြို့ပေါ် ရပ်ကွက်အချို့  ရေနစ်မြုပ်နေ ကြောင်း သတင်းရရှိသည်။

ပြည်နယ်အစိုးရဆောင်ရွက်သော ဆောက်လုပ်ရေး စီမံကိန်းများကို ကော် မတီဖွဲ့၍ ပြန်စစ်မည်

ပြည်နယ်အစိုးရက ဆောင်ရွက်ခဲ့သော ဆောက်လုပ် ရေးစီမံကိန်းများကို ကော်မတီ ဖွဲ့ စည်း၍ ပြန်လည် စိစစ် သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ သတင်းထုတ်ပြန်သည်။

နာဂဒေသရှိ ကျောင်းများတွင် ကျောင်းဖွင့်ကာလ သုံးလကျော်လာသော်လည်း ပြဋ္ဌာန်းစာအုပ်မလုံလောက်သေး

Photo: နာဂဒေသရှိ ကျောင်းများတွင် ကျောင်းဖွင့်ကာလ သုံးလကျော်လာသော်လည်း ပြဋ္ဌာန်းစာအုပ်မလုံလောက်သေး
Monday, September 15, 2014

 ကျောင်းဖွင့်ကာလ သုံး လကျော်ကြာမြင့်လာပြီဖြစ်သော် လည်း နာဂဒေသ နန်းယွန်း၊ ပန် ဆောင်နှင့် ဒုံဟီးမြို့နယ်များတွင် ကျောင်းပြဋ္ဌာန်းစာအုပ်များ လုံ လောက်မှုမရှိ၍ စာသင်ကြားရေး အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။

‘‘အလယ်တန်းအခမဲ့ပညာ ရေးစနစ်လို့သာပြောနေတာ။ နာဂဒေသမှာ စာအုပ်တောင်အလုံ အလောက်မရဘူး။ ခုနစ်တန်း၊  ရှစ်တန်းတွေက တချို့တစ်ဝက်ပဲ ရှိတယ်။ ငါးတန်းဆိုရင် မြန်မာ ဖတ်စာ တစ်အုပ်ပဲရှိသေးတယ်’’ ဟု ပန်ဆောင်မြို့မှ ပညာရေး ၀န်ထမ်းတစ်ဦးကပြောသည်။

သင်ကြားရေးပြဋ္ဌာန်းစာ အုပ်များမရှိသည့်အတွက် အပြင် ဈေးဆိုင်များမှ ဈေးကြီးပေးကာ ၀ယ်သုံးနေရသော်လည်း စာအုပ် မလုံလောက်သည့် ပြဿနာကြုံ တွေ့နေရခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ကတော့ စာ အုပ်တွေကို ကျောင်းမဖွင့်မီတင် ပို့ပေးဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေး ပိုင်းကို နှစ်စဉ်တင်ပြပေးနေတာ ပဲ။ နန်းယွန်းမြို့ကို မရောက်လာ တာ။ တချို့ရွာတွေက အမက ကျောင်းတွေဆိုရင် လုံးလုံးမရတဲ့ ကျောင်းတွေတောင်ရှိတယ်’’ဟု ပန်ဆောင်ဒေသခံအထက်တန်းပြ ဆရာ ဦးဌေးဝင်းကပြောသည်။

ကျောင်းများတိုးချဲ့ဖွင့်လှစ် ခွင့်ပြုလာသော်လည်း စီမံချက် များပြောင်းလဲမှုမရှိဘဲ အရင်စီမံ ချက်အတိုင်းဆောင်ရွက်နေခြင်း နှင့် ပုံနှိပ်ဖြန့်ချိရေးမှ စာအုပ်အ လုံအလောက်မပို့ပေးနိုင်ခြင်း ကြောင့်  ကျောင်းသုံးစာအုပ်များ အလုံအလောက်မရှိခြင်းဖြစ် ကြောင်း  နန်းယွန်းမြို့ အထက ကျောင်းမှ တာဝန်ခံကျောင်းအုပ် ဦးရှေးကမ်းကပြောသည်။

နိုင်ငံတော်စီမံချက်ဖြင့် အခ မဲ့မူလတန်း၊ အလယ်တန်းပညာ ရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သော်လည်း ဝေးလံသည့် နယ်စပ်ဒေသများတွင် စာအုပ်စာတမ်းများနှင့် ကျောင်းသုံးပစ္စည်းများသယ်ယူ ရန် သယ်ယူစရိတ်အတွက် နှစ်စဉ်အခက်အခဲကြုံနေရသည်ဟုဆို သည်။

နန်းယွန်းမြို့နယ်တွင် အ ထက်တန်းကျောင်း သုံးကျောင်း အပါအ၀င် အခြေခံပညာကျောင်း ပေါင်း ၁၁၈ ကျောင်းထိ ဖွင့်လှစ် ထားသည်။

7Day DAILY 

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
 ကျောင်းဖွင့်ကာလ သုံး လကျော်ကြာမြင့်လာပြီဖြစ်သော် လည်း နာဂဒေသ နန်းယွန်း၊ ပန် ဆောင်နှင့် ဒုံဟီးမြို့နယ် များတွင် ကျောင်းပြဋ္ဌာန်းစာအုပ်များ လုံ လောက်မှုမရှိ၍ စာသင်ကြားရေး အခက်အခဲကြုံနေ ရကြောင်း သတင်းရရှိသည်။

သိမ်းဆည်းလယ်ယာမြေများပြန်လည်ရရှိရေး ချောင်းဦးမြို့နယ် ပေါက်အင်းဒေသခံတောင်သူများ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်

Photo: သိမ်းဆည်းလယ်ယာမြေများပြန်လည်ရရှိရေး ချောင်းဦးမြို့နယ် ပေါက်အင်းဒေသခံတောင်သူများ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်
Monday, September 15, 2014

၁၉၇၄ ခုနှစ်ကတည်းက သက်ဆိုင်ရာက သိမ်းဆည်းထား သည့် ချောင်းဦးမြို့နယ် ကျေးရွာ အုပ်စု ၆ စုမှသိမ်းဆည်းခံထား ရသည့် လယ်ယာမြေဧကသုံးထောင်ကျော်ပြန်လည်ရရှိရန် မူလပိုင်ရှင်များက ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်း သတင်းရရှိ သည်။

‘‘စက်တင်ဘာ ၇ ရက်မှာ ဆန္ဒထုတ်ဖော်ဖို့ စက်တင်ဘာ ၂ ရက်မှာ သက်ဆိုင်ရာကိုခွင့်ပြု ချက်တင်တယ်။ ခွင့်တော့ပြုတယ် ဒါပေမဲ့ ခွင့်ပြုချက်တောင်းခံတဲ့ ပုံစံထဲက လမ်းကြောင်းအတိုင်း ဆန္ဒထုတ်ဖော်ခွင့်မပြုဘူး။ ဒါကြောင့် စက်တင်ဘာ ၉ ရက်မှာခွင့်ပြုချက်ဆက်တင်ပြီး စက်တင် ဘာ ၁၄ ရက်မှာ ပထမဆုံးအ ကြိမ်ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပါ တယ်’’ဟု သိမ်းဆည်းလယ်ယာ မြေများပြန်လည်ရရှိရေး တောင်းဆိုခဲ့သော ချောင်းဦးမြို့နယ် ပေါက်အင်းဒေသခံကိုရန်နိုင်မြင့် ကပြောကြားခဲ့သည်။

မကျီးခွကျေးရွာအုပ်စု၊ မကျီးဘုတ်ကျေးရွာအုပ်စု၊ ငါးလုံးတင်ကျေးရွာအုပ်စု၊ တောကျောင်းကြီးကျေးရွာအုပ်စု၊ သုံးပန်လှကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာအုပ်စုတို့မှ ဒေသခံတောင်သူ ၂၃၀ ခန့်သည် စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာ ရီအချိန်မှစတင်၍ ချောင်းဦးမြို့ အရဲကျောင်းဘုရားဆိုင်းဘုတ် ရှေ့ (ချောင်းဦး-ပခုက္ကူလမ်း)တွင် စုရပ်အဖြစ် စတင်ဆန္ဒဖော် ထုတ်ခဲ့သည်။

တောင်သူများလုပ်ကိုင်စား သောက်လျက်ရှိသည့် လယ်ယာ မြေဧက ၃၅၅၀ ကို ပြည်သူ့လုပ်အားနေရာချထားရေးဦးစီးဌာနမှ ၁၉၇၄ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး အမှတ်(၄) ပေါက်အင်းစိုက်ကွင်းအဖြစ် သတ်မှတ်ကာ ဂျုံ၊ ကုလားပဲစိုက်ခင်းများ တောင်သူများသို့ အနှီး (အငှား)ချကာစိုက်ပျိုးစေ ခဲ့ခြင်း ဖြစ်သည်။

သိမ်းဆည်းခံလယ်ယာမြေ များ ပြန်လည်ရရှိရေးအတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတအပါ အဝင် လွှတ်တော်ရေးရာကော် မတီများ၊ ဝန်ကြီးဌာနများသို့ တင် ပြခဲ့သည်။ ၂၀၁၃ နိုဝင်ဘာအ တွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လယ် ယာမြေများအား မြေယာပိုင်ဆိုင် မှုပုံစံ(၁)လျှောက်ထားခဲ့သဖြင့် လယ်သိမ်းခံ တောင်သူများက ကန့်ကွက်ခဲ့သည်။ ၂၀၁၄ မတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ မကျီး ခွကျေးရွာအုပ်စု၊ ငါးလုံးတင်ကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထား ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်သည့်တောင်သူများအား ရပ်/ကျေးမြေအသုံးချစီမံခန့်ခွဲမှုကော် မတီက စစ်ဆေးခဲ့ကြောင်း သိ ရသည်။

7Day DAILY 

ချောင်းဦးမြို့နယ် ပေါက်အင်းဒေသမြေအသိမ်းခံတောင်သူများ (ဓာတ်ပုံ − မျိုးမင်းဦး)
ချောင်းဦးမြို့နယ် ပေါက်အင်းဒေသမြေအသိမ်းခံတောင်သူများ (ဓာတ်ပုံ − မျိုးမင်းဦး)
၁၉၇၄ ခုနှစ်ကတည်းက သက်ဆိုင်ရာက သိမ်းဆည်းထား သည့် ချောင်းဦးမြို့နယ် ကျေးရွာ အုပ်စု ၆ စုမှ သိမ်းဆည်း ခံထားရသည့် လယ်ယာမြေဧကသုံးထောင်ကျော်ပြန်လည်ရရှိရန် မူလပိုင်ရှင်များက ဆန္ဒ ထုတ် ဖော်ခဲ့ကြကြောင်း သတင်းရရှိ သည်။

နာဂဒေသ ဖွံ့ဖြိုးတိုးတက်စေရန် အဓိကအရေးကြီးဆုံးမှာ လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍဖြစ်

နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသဖွံ့ဖြိုးတိုးတက်စေရန် အဓိကအရေးကြီးဆုံးမှာ လမ်း ပန်းဆက်သွယ်ရေး အခန်းကဏ္ဍ သာ အဓိကဖြစ်သည်ဟု ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသဥက္ကဋ္ဌ ဦးရူစံကြူးက ပြောသည်။

တရားထိုင်ခြင်းဖြင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း သက်သာစေနိုင်

Photo: တရားထိုင်ခြင်းဖြင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း သက်သာစေနိုင်
Monday, September 15, 2014

ခေါင်းတစ်ခြမ်းကိုက်သည့် ဝေဒနာကိုမကြာခဏခံစားနေရ သူအရေအတွက်မှာ နည်းပါးသော်လည်း သိသာထင်ရှားသော အရေအတွက်ရှိနေဆဲဖြစ်သည်။

နေ့စဉ်မိနစ်အနည်းငယ်မျှ တရားထိုင်ပေးခြင်းဖြင့် စိတ်ဖိစီး မှုလျော့ ကျစေနိုင်ကြောင်း လေ့လာမှုများကဖော်ပြသည်။ တရား ထိုင်ခြင်းနှင့် ယောဂကျင့် သည့် နည်းအတိုင်း အသက်ရှူလေ့ကျင့် ခန်းလုပ်ခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက် သည့် ဝေဒနာကိုသက်သာ စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ခေါင်းကိုက်ခြင်းကို အဓိကဖြစ်စေနိုင်သောအရာမှာ စိတ်ဖိစီးခြင်းဖြစ်ပြီး ခေါင်း တစ်ခြမ်းကိုက်ခြင်းနှင့် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်သည့် တရားထိုင်ခြင်းနှင့် ပတ်သက်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ဒေါက်တာရေဗက္ကာ အာဝင်ဝဲလ်စ်က ‘‘Headche’’ဂျာနယ်တွင် ယခုသီ တင်းပတ်အတွင်း ထောက်ပြရေး သားထားသည်။

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရသူ ၁၉ ဦးကို သုတေသီများက အုပ်စုနှစ်စုခွဲကာ ၁၀ ဦးကိုတရားထိုင်ခြင်း၊ ယောဂနည်းအတိုင်း အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ရန် ညွှန်ကြားခိုင်းစေခဲ့သည်။ ၎င်းတို့ကို သီတင်းအပတ်စဉ်တိုင်း ငါးရက်ကြာမျှတစ်နေ့လျှင် ၄၅ မိနစ်စီ တရားထိုင်ခိုင်းခဲ့သည်။ အခြားဝေဒနာရှင်ကိုးဦးကို စံချိန်မီဆေးဝါးများဖြင့် ကုသပေးခဲ့သည်။ ထို့နောက်၎င်းတို့၏ ခေါင်းကိုက်ဝေဒနာခံစားရမှုအဆင့်နှင့် ကြာမြင့်ချိန်တို့ကို သုတေသီများက မေးမြန်းလေ့လာခဲ့သည်။

တရားထိုင်သော ဝေဒနာရှင်များမှာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာလျော့ပါးသွားပြီး ဝေဒနာပြင်းထန်မှုပိုနည်းသွားကြောင်း သု တေသီများက စစ်ဆေးတွေ့ရှိခဲ့သည်။ ၎င်းတို့သည် စိတ်ပိုင်းဆိုင် ရာကျန်းမာရေးပိုကောင်းလာပြီး ခေါင်းကိုက်ဝေဒနာကို ထိန်းချုပ် ခံစားနိုင်မှုလည်း ပိုလာကြောင်း ဒေါက်တာဝဲလ်စ်ကပြောသည်။

တရားထိုင်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး ခေါင်းကိုက်ဝေဒနာကို ကုသသူများမှာ ဆေးဝါးဖြင့်ကုသသူများထက် ပိုမိုသက်သာမှုရှိကြောင်း ယခု လေ့လာမှုကဖော်ပြသည်။ 

Ref:UPI
7Day DAILY
ခေါင်းတစ်ခြမ်းကိုက်သည့် ဝေဒနာကိုမကြာခဏခံစားနေရ သူအရေအတွက်မှာ နည်းပါးသော်လည်း သိသာ ထင်ရှားသော အရေအတွက်ရှိနေဆဲဖြစ်သည်။

ပရိသတ်ကို တောင်းပန်တဲ့အနေနဲ့ သီချင်းသုံးပုဒ် အွန်လိုင်းတင်ပေးမယ့် လင်းနစ်

Photo: ပရိသတ်ကို တောင်းပန်တဲ့အနေနဲ့ သီချင်းသုံးပုဒ် အွန်လိုင်းတင်ပေးမယ့် လင်းနစ်
Monday, September 15, 2014

တတိယတစ်ကိုယ်တော် ခွေတွင် ပါဝင်မည့် သီချင်းသုံးပုဒ် ကို အခွေမဖြန့်ချိမီ အွန်လိုင်းတွင် တင်ပေးသွားမည်ဖြစ်ကြောင်း လင်းနစ်က ပြောသည်။

‘‘တတိယတစ်ကိုယ်တော် ခွေကို ဇူလိုင်လောက် ထွက်မယ် လို့ ပြောထားတာ။ ဒါပေမဲ့ ကျန်း မာရေး မကောင်းတာနဲ့ ကောင်း ပြန်တော့လည်း ဆိုတာ အားမရ လို့ ခုမှ ဆိုရတာဆိုတော့ ပြော ထားတာနဲ့ အချိန်နဲ့ ဟနေလို့ ပရိသတ်ကိုတောင်းပန်တဲ့အနေနဲ့ တင်ပေးဖြစ်တာ’’ဟု ၎င်းက ပြော သည်။

အွန်လိုင်း   တင်ပေးမည့် သီချင်းသုံးပုဒ်မှ တစ်ပုဒ်ကို စက် တင်ဘာလဆန်းတွင်   တင်ပေး ထားပြီး    ကျန်သည့်နှစ်ပုဒ်ကိုမူ ဆယ့်ငါးရက်ခန့်စီခြား၍ တင်ပေး သွားမည်ဖြစ်ကြောင်း ၎င်းကဆို သည်။

‘‘လောလောဆယ် အတိတ် ရဲ့ အရိပ်ဆိုတဲ့ သီချင်းတင်ထား တယ်။ အဲဒီသီချင်းက ကျွန်တော် ကိုယ်တိုင်ရေးထားတဲ့ သီချင်းပါ။ တတိယတစ်ကိုယ်တော်ခွေရဲ့ နာမည်ကိုလည်း ဒီသီချင်းထဲမှာ ပါတဲ့ အနှေးပြကွက်ဆိုတဲ့ စကား လုံးလေးကို ကြိုက်လို့ သုံးထား တယ်’’ဟု လင်းနစ်က ပြောသည်။

ယင်းအခွေတွင် သီချင်း ၁၂ ပုဒ်ပါဝင်မည်ဖြစ်ပြီး ၎င်းကိုယ် တိုင်ရေးထားသည့် သီချင်းရှစ်ပုဒ် ပါဝင်ကာ ကိုယ်ပိုင်သံစဉ်သီချင်း များသာ ပါဝင်မည်ဟု ၎င်းက ပြောသည်။

‘‘ဒီအခွေမှာ သီချင်းဟောင်း တစ်ပုဒ်ပြန်ဆိုချင်တယ်ဆိုတော့ ကျွန်တော်ငယ်ငယ်ကတည်းက ဆိုနေကျ    ဆရာစောဘွဲ့မှူးရဲ့ သုခုမ၏ သီးသန့်ပိုင်ရှင်သီချင်း ကို သူငယ်ချင်းတွေ ရွေးပေးလို့ ဆိုထားတယ်’’ ဟု    ၎င်းက ပြော သည်။

ယင်းသီချင်းခွေအတွက် သီချင်းနှစ်ပုဒ် အသံသွင်းရန် ကျန် ရှိနေပြီး အောက်တိုဘာလကုန် တွင် ထွက်ရှိနိုင်ရန် ကြိုးစားသွား မည်ဟု ၎င်းက ဆိုသည်။

7Day DAILY
တတိယတစ်ကိုယ်တော် ခွေတွင် ပါဝင်မည့် သီချင်းသုံးပုဒ် ကို အခွေမဖြန့်ချိမီ အွန်လိုင်းတွင် တင်ပေး သွားမည်ဖြစ်ကြောင်း လင်းနစ်က ပြောသည်။

ဘီယွန်းစေး ဒုတိယကိုယ်ဝန်ရှိနေသလို ပြောလိုက်တဲ့ ဂျေးဇီ

Photo: ဘီယွန်းစေး ဒုတိယကိုယ်ဝန်ရှိနေသလို ပြောလိုက်တဲ့ ဂျေးဇီ
Monday, September 15, 2014

ပါရီ- အမေရိကန်အဆိုတော် ဂျေးဇီသည် ပါရီမြို့ဖျော်ဖြေပွဲ အတွင်း ဇနီးဖြစ်သူ အဆိုတော် ဘီယွန်းစေး၌ ဒုတိယကိုယ်ဝန်ရှိနေကြောင်း အရိပ်အမြွက်ပြော ကြားခဲ့သည်ဟု မီဒီယာများက ဖော်ပြသည်။

ဂျေးဇီသည် စက်တင်ဘာ ၁၂ ရက်ညတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပပြု လုပ်သော ဖျော်ဖြေပွဲအတွင်း ၎င်း၏ သီချင်း Beach Is Better ကို သီဆိုခဲ့ သည်။ ဂျေးဇီသည် သီချင်းစာသားအချို့ကို‘‘သူကလေးက နောက် ထပ် တစ်ယောက် ကိုယ်ဝန်ဆောင်ထားတယ်’’ဟူ၍ ပြောင်း လဲသီဆိုခဲ့ရာမှ ဘီယွန်းစေး ၌ ဒု တိယကိုယ်ဝန်ရှိနေပြီဟူသော သတင်းများ ပို၍ ထွက်ပေါ်စေ ခဲ့သည်။

ဘီယွန်းစေးနှင့် ဂျေးဇီတို့၌ ၂ နှစ်အရွယ် သမီးတစ်ဦးရှိသော် လည်း ၎င်းတို့အိမ်ထောင်ရေးမှာ အဆင်မပြေ၍ ကွာရှင်းပြတ်စဲ တော့မည်ဟူသော သတင်းများ လည်း ထွက်ပေါ်လျက်ရှိသည်။

စက်တင်ဘာ ၁၂ ရက် ညတွင် ဂျေးဇီသီချင်းစာသား ပြောင်းလဲသီဆိုမှုနှင့် ပတ်သက်၍ ၎င်း၏ ကိုယ်စားလှယ်က မည် သည့်မှတ်ချက်မှ ပြောကြားခြင်းမရှိဟုလည်း Raclar သတင်းက ဖော်ပြသည်။ ဂျေးဇီနှင့် ဘီယွန်းစေးတို့ ဇနီးမောင်နှံသည် လက်ရှိတွင် ဥရောပတိုက်သို့ ‘‘On the Run’’ အမည်ရ ဖျော်ဖြေရေးခရီးထွက် လျက်ရှိသည်။

Ref:IB Times
7Day DAILY
ပါရီ- အမေရိကန်အဆိုတော် ဂျေးဇီသည် ပါရီမြို့ဖျော်ဖြေပွဲ အတွင်း ဇနီးဖြစ်သူ အဆိုတော် ဘီယွန်းစေး၌ ဒုတိယ ကိုယ်ဝန်ရှိနေကြောင်း အရိပ်အမြွက်ပြော ကြားခဲ့သည်ဟု မီဒီယာများက ဖော်ပြသည်။

ဟိုတယ်အသစ်ဆောက်လိုသူများ တိုင်းအစိုးရခွင့်ပြုချက်ရယူရန်မလိုတော့

မန္တလေးတိုင်းဒေသကြီး အတွင်း ဟိုတယ်အသစ်ဆောက် လုပ်လိုသူများအနေဖြင့် တိုင်းဒေ သကြီးအစိုးရ ခွင့်ပြုချက် ရယူရန် မလိုအပ်တော့ကြောင်း သတင်း ရရှိသည်။

ချင်းပြည်နယ်တွင် မိုးရာသီအတွင်းဆိုင်ကယ်များဖြင့်သာ အဓိကသွားလာနေရ

Photo: ချင်းပြည်နယ်တွင် မိုးရာသီအတွင်းဆိုင်ကယ်များဖြင့်သာ အဓိကသွားလာနေရ
Monday, September 15, 2014

မိုးရာသီကာလဖြစ် သော လေးလတာအတွင်း မိုးများ ချိန်တွင် ဒေသခံ တိုင်းရင်း သားများ အနေဖြင့် ပြည်နယ်အတွင်းတစ် နေရာနှင့်တစ်နေရာသွားလာရာ တွင် ဆိုင်ကယ် များကိုသာ အဓိ ကအားထား၍ သွားလာနေရကြောင်း ဒေသခံပြည်သူ များထံမှ သတင်းရရှိသည်။

ထိုကဲ့သို့ ပြုလုပ်ရသည်မှာ ချင်းပြည်နယ်အတွင်းရှိတောင် ကုန်းတောင်တန်းများသည်တစ်ခု နှင့်တစ်ခု ဆက်စပ်တည်ရှိမနေ ဘဲ၊ သက်နုကျောက်များဖြင့်ဖွဲ့ စည်းတည်ရှိနေခြင်းကြောင့်မိုးရာ သီကာလမိုးများစွာရွာသွန်းသော အခါတွင် လမ်းပိုင်းများပြိုကျပြီး ကားလမ်းများ ပိတ်နေတတ် သည်။ ထိုအခါတွင်ဆိုင်ကယ်များ ဖြင့်သွားလာမည်ဆိုပါက ဆိုင် ကယ်များအား ထမ်း၍ လွယ်လင့် တကူ ဖြတ်ကျော်သွားလာနိုင် ခြင်း၊ ခရီးတွင်ခြင်းတို့ကြောင့် မိုးရာသီကာလဆိုင်ကယ်များဖြင့် သွားလာနေရခြင်းဖြစ်သည်။

‘‘ဆိုင်ကယ်နဲ့ဆိုတော့တော် ရုံလမ်းပိတ်တာလောက်တော့ ဖြတ်ကျော် သွားလာလို့ ရတယ်။ ပျက်ရင်လည်း ပြင်ရတာလွယ် တယ်။ တောင်ယာ ထွက်သီးနှံကုန် စည်တွေအပါအ၀င် ကဏ္ဍစုံအ တွက် အသုံးပြုသွားလာရတာ လွယ်တဲ့အတွက်ကြောင့် ဆိုင် ကယ်နဲ့ပဲ မိုးရာသီကာလမှာအဓိ ကထားသွားလာနေရတယ်’’ဟု ချင်းတိုင်းရင်းသားတစ်ဦးကပြော သည်။

တရုတ်နိုင်ငံထုတ် Kenbo တံဆိပ် 125အင်ဂျင်ပါဝါရှိဆိုင် ကယ်တစ်စီးလျှင် ကျပ်ခြောက် သိန်းဝန်းကျင်သာရှိပြီး ချင်းတောင်တန်းပေါ်တွင် ဆိုင်ကယ် များက သွားလာရေးအတွက်အသုံးဝင်ဆုံးဖြစ်ကာ အခြားဆိုင်ကယ်များမှာ သွားလာရမလွယ်ကူဘဲပျက်စီးမှုလွယ်ကူသောကြောင့် ယင်းဆိုယ်ကယ်များကိုသာ အားထား သွားလာနေရခြင်းဖြစ်သည်။

7Day DAILY 

မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချင်းပြည်နယ်တွင် ခက်ခဲစွာ သွားလာနေကြ ရသည်(ဓာတ်ပုံ − ကိုစိုင်း)
မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချင်းပြည်နယ်တွင် ခက်ခဲစွာ သွားလာနေကြ ရသည်(ဓာတ်ပုံ − ကိုစိုင်း)
မိုးရာသီကာလဖြစ် သော လေးလတာအတွင်း မိုးများ ချိန်တွင် ဒေသခံ တိုင်းရင်း သားများ အနေဖြင့် ပြည် နယ် အတွင်းတစ် နေရာနှင့်တစ်နေရာသွားလာရာတွင် ဆိုင်ကယ်များကိုသာ အဓိကအားထား၍ သွား လာနေ ရကြောင်း ဒေသခံပြည်သူ များထံမှ သတင်းရရှိသည်။

တောင်တက်သမားနှစ်ဦးအတွက် ဆုတောင်းမေတ္တာ

Photo: တောင်တက်သမားနှစ်ဦးအတွက် ဆုတောင်းမေတ္တာ
Monday, September 15, 2014

မြစ်ဝကျွန်းပေါ်ဒေသ၊ တ လုပ်လပ်အရှေ့ကျေးရွာကလေး တွင် မွေးဖွားကြီးပြင်းခဲ့သည့် ဝေယံမင်းသူ တစ်ယောက် မြန်မာ နိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ၁၉၂၉၆ ပေ (၅၈၈၁ မီတာ)အမြင့်ရှိ၍ အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ် မှတ်ထားသည့် ခါကာဘိုရာဇီ ရေခဲတောင်ထိပ်သို့ တက်ရောက် ခဲ့ပြီး အမိနိုင်ငံတော်အလံကို လွှင့် ထူနိုင်ခဲ့ခြင်းက သူတို့တစ်ရွာလုံး ကို သာမက အမြို့မြို့အရွာရွာ အတွက်ပါ ဂုဏ်ယူစရာဖြစ်သွား သည်။

‘‘ကလေးက ဒီတောင်ကို သိပ်တက်ချင်တယ်။ သူ့ဆန္ဒက ဒီ တောင်ထိပ်မှာ ခြေချချင်တာ။ လူ့ဘ၀မှာ လုပ်ချင်တာကို လူတိုင်းမလုပ်နိုင်ဘူးလေ။ ကိုယ့်ကလေး က သူလုပ်ချင်တာ တစ်ခုကို လုပ် နိုင်ခဲ့တာကို အဒေါ်တို့က ဂုဏ်ယူ တယ်။ အခုသူ့အတွက် ကောင်း အောင် မိသားစုတွေ ၀ိုင်းဆု တောင်းပေးတာပဲ တတ်နိုင်ပါ တယ်’’

ပြီးခဲ့သည့် ၁၄ ရက်က ခါ ကာဘိုရာဇီတောင်ထိပ်တွင် မြန် မာနိုင်ငံအလံကို စိုက်ထူနိုင်ခဲ့ သည့် တောင်တက်သမားကို ဝေယံမင်းသူ၏ တစ်အိမ်တည်း နေ အဒေါ်အရင်းဖြစ်သူက လေ သံမှန်မှန်လေးဖြင့် တစ်လုံးချင်း ပြောသည်။ သြဂုတ် ၃၁ ရက်၊ ညနေ ၅နာရီ ၁မိနစ်နောက်ပိုင်း ကတည်းကစ၍ စက်တင်ဘာ ၁၄ ရက်အထိ ဝေယံမင်းသူနှင့် အတူ တောင်တက်သော အောင် မြင့်မြတ်တို့နှစ်ဦးမှာ အဆက် အသွယ် လုံးဝပြတ်တောက်နေ သည်။

၎င်းတို့နှစ်ဦးကို ရှာဖွေရန် အတွက် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဦးဆောင်သည့်ထူးဖောင်ဒေးရှင်းနှင့် တက္ကသိုလ်ခြေလျင် နှင့် တောင်တက်အသင်း (သဘာ ၀ခေါ်သံဖောင်ဒေးရှင်း)က စက် တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက စတင်ခဲ့သည်။ တပ်မတော် (လေ)နှင့် ထူးဖောင်ဒေးရှင်းက ရဟတ် ယာဉ်များအသုံးပြုရှာဖွေခဲ့သည် ဟု ဆိုသည်။ စက်တင်ဘာ ၁၃ ရက်တွင် ဘလူးစကိုင်းအမည်ရှိ တရုတ်နိုင်ငံမှ အကြီးဆုံးအရပ် သားကယ်ဆယ်ရေး အဖွဲ့သည် ရှာဖွေကယ်ဆယ်ရေး ပူးပေါင်း လုပ်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ရာသီဥတု ဆိုးရွားမှုကြောင့် ယင်းဘလူးစ ကိုင်းအဖွဲ့အနေဖြင့် ရှာဖွေကယ် ဆယ်ရေးဆက်လက်လုပ်ဆောင် ရန် မသေချာတော့ကြောင်း စက် တင်ဘာ ၁၄ ရက်တွင် ထူးဖောင် ဒေးရှင်းမှ ပြောကြားလာသည်။

‘‘ဝေယံမင်းသူမှာ (အသည်း ရောင်အသားဝါ) ဘီပိုးရော၊ စီပိုး ပါရှိတယ်။ ဒါကြောင့် သူတောင် တက်တယ်။ ကျန်းမာတယ်။ သူက အရမ်းစိတ်ဓာတ်ကြံ့ခိုင် တယ်’’ဟု အသက် (၅၆) နှစ်အ ရွယ် ဒေါ်မမလေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ တလုပ်လပ်အ ရှေ့ရွာတွင် မွေးဖွားကြီးပြင်းခဲ့ သည့် ကိုဝေယံမင်းသူသည် အထက်တန်းကို ရန်ကုန်မြို့၊ အထက (၂) ကမာရွတ်တွင် တက်ရောက်အောင်မြင်ခဲ့သည်။ ယင်းနောက် သင်္ချာအဓိကဖြင့် ဘွဲ့ရခဲ့သလို တက္ကသိုလ်ခြေလျင် နှင့် တောင်တက်အသင်း(သဘာ ၀ခေါ်သံဖောင်ဒေးရှင်း)၏ တောင်တက်သမားတစ်ဦး ဖြစ်လာခဲ့ သည်။

ခါကာဘိုရာဇီတောင်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယ၊ တရုတ် နိုင်ငံတို့နှင့် ထိစပ်ရာ၊ မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ် နယ်နိမိတ်အတွင်းရှိ ဟိမ၀န္တာတောင် တန်းအရှေ့ဘက်တွင် တည်ရှိ သည်။ ၁၉၂၅ ခုနှစ်က ပြုလုပ်ခဲ့ သော ပထ၀ီလေ့လာမှုစစ်တမ်း တစ်ရပ်အရ ခါကာဘိုရာဇီမှာ ၅၈၈၁ မီတာ(၁၉၂၉၆ ပေ) အမြင့်ရှိကြောင်း တိုင်းထွာနိုင်ခဲ့ပြီး အရှေ့တောင်အာရှ၏ အမြင့်ဆုံး တောင်အဖြစ် သတ်မှတ်ထား သည်။ ခါကာဘိုရာဇီတောင်ထိပ် သို့ ၁၉၉၆ ခုနှစ်က ဂျပန်လူမျိုး တာကာရှိအိုဇာကီနှင့် တိဗက်လူ မျိုး မြန်မာနိုင်ငံသား နမားဂျွန် ဆင်(ခ)အောင်ဆည်တို့ ပထမ ဆုံးအကြိမ်အဖြစ်တက်ရောက်ခဲ့ ဖူးသည်။

ဝေယံမင်းသူ၊ အောင်မြင့် မြတ်၊ ဟန်လင်းထွန်း၊ ကျော် ထွန်းနိုင်၊ မျိုးညွန့်သန်း၊ မောင် မောင်ပြည့်စုံ၊ ဇော်ဇင်ခိုင်၊ ဇေ ယျာထွန်း စသည့်တောင်တက်သမားရှစ်ဦးပါဝင်သည့် တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း)   အဖွဲ့သည်မြန်မာလူမျိုးသီးသန့်အဖြစ် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ရန် စီစဉ်ခဲ့ကြသည်။  ပူတာအိုသို့ ရောက်ရှိနေ သော တောင်တက်သမား အောင် မြင့်မြတ်နှင့် ဝေယံမင်းသူမိသား စုဝင်တို့နှင့် ဆက်သွယ်ရန် 7 Day Daily မှ အကြိမ်ကြိမ် ကြိုးစားခဲ့ သော်လည်း တယ်လီဖုန်းဆက် သွယ်ရေးကွန်ရက်အဆင်မပြေ ခြင်းကို ကြုံရသည်။

‘‘ရှာဖွေရေးက အခုထိ မစရ သေးဘူး။ ဒီမှာမိုးလေ၀သက မ ကောင်းဘူး။ သဘာဝဖောင်ဒေး ရှင်းရယ်၊ ဦးတေဇရယ်၊ တရုတ် တွေရယ်၊ အင်တိုင်အားတိုက် တော့ ရှာနေကြတာပါပဲ။ အခက် အခဲတွေရှိတယ်လို့ ပြောတယ်။ ကျွန်မတို့က ပူတာအိုမှာပဲ စောင့်  နေရတယ်။ အဲဒီတောင်ခြေဘက် ကို သွားဖို့က မလွယ်ဘူး’’ ဟု ကိုဝေယံမင်းသူ၏ မိခင်ဖြစ်သူ အသက် (၅၈) နှစ်အရွယ် ဒေါ်ခင် ဆွေတင်က 7 Day Daily နှင့် ဖုန်းအဆက်အသွယ်ရစဉ်အတွင်း ပြောကြားသည်။

ဝေယံမင်းသူ၏ ဇာတိ တလုပ်လပ် အရှေ့ကျေးရွာမှာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်၊ မအူပင်မြို့နယ်တွင်ရှိပြီး  မအူပင်မြို့၏ တစ်ဖက်ကမ်းတွင် တည်ရှိသည်။

မြန်မာနိုင်ငံတောင်ပိုင်း ဧရာ ၀တီမြစ်ဝကျွန်းပေါ်တွင် မွေးဖွား ခဲ့သူ ဝေယံမင်းသူသည်သူ့အသက် (၂၈) အရွယ်တွင် မြန်မာနိုင်ငံ မြောက်ဖျားရှိ ခါကာဘိုရာဇီ တောင်ထိပ်သို့ ခြေချနိုင်ခဲ့သည်။

‘‘ကျွန်မတို့ ဘာသာတရားက ကံတရားကို ယုံကြည်တယ်။ ကလေးရဲ့အသက်ရဲ့ကံပဲဆိုတာ ကို နားလည်ထားပါတယ်။ သူက ဘယ်ခရီးသွားသွား အိမ်မှာ လူကြီးတွေကို ကန်တော့ပြီးမှ သွားတတ် တယ်။ နွေးနွေးထွေးထွေးနေတတ် တဲ့ ကလေးတစ်ယောက်ပါ။ အခု သူ့ဘ၀လေး တည်ငြိမ်အောင် မေတ္တာပို့ပေးတာ တစ်ခုပဲပေါ့’’ဟု ဝေယံမင်းသူကို ထိန်းကျောင်းပြု စုလာခဲ့သူ ဒေါ်မမလေးကဆိုပါ သည်။

7Day DAILY 

တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် စက်တင်ဘာ ၁၄ ရက်က တိုင်ပင်နေကြ စဉ် (ဓာတ်ပုံ− ထူးဖောင်ဒေးရှင်း)
တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် စက်တင်ဘာ ၁၄ ရက်က တိုင်ပင်နေကြ စဉ် (ဓာတ်ပုံ− ထူးဖောင်ဒေးရှင်း)
မြစ်ဝကျွန်းပေါ်ဒေသ၊ တလုပ်လပ်အရှေ့ကျေးရွာကလေးတွင် မွေးဖွားကြီးပြင်းခဲ့သည့် ဝေယံမင်းသူ တစ်ယောက် မြန်မာ နိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ၁၉၂၉၆ ပေ (၅၈၈၁ မီတာ)အမြင့်ရှိ၍ အရှေ့တောင် အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ် မှတ်ထားသည့် ခါကာဘိုရာဇီ ရေခဲတောင်ထိပ်သို့ တက်ရောက် ခဲ့ပြီး အမိနိုင်ငံတော်အလံကို လွှင့်ထူနိုင်ခဲ့ခြင်းက သူတို့တစ်ရွာလုံး ကို သာမက အမြို့မြို့အရွာရွာ အတွက်ပါ ဂုဏ်ယူစရာဖြစ်သွား သည်။

ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီဦးရေ လေးသောင်းခန့်တိုးလာဟု ရခိုင်အမျိုးသားအင်အားစုပြော

Photo: ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီဦးရေ လေးသောင်းခန့်တိုးလာဟု ရခိုင်အမျိုးသားအင်အားစုပြော
Monday, September 15, 2014

ပဋိပက္ခ ၂ နှစ်ကျော် ကာလအတွင်း ဒုက္ခသည်စခန်း များတွင် ဘင်္ဂါလီ လူဦးရေလေး သောင်းခန့် တိုးပွားလာနေ ကြောင်း ရခိုင်အမျိုးသားအင် အားစုများက နိုင်ငံတော်သမ္မတ ထံသို့တင်ပြစာတွင် ဖော်ပြထား သည်။

စစ်တွေမြို့ရှိ မြို့မိမြို့ဖ အဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူ ညီစောင့်ရှောက်ရေးရဟန်းတော် များ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တို့က ဘင်္ဂါ လီလူမျိုးများ နေရာချထားရေး နှင့် ပတ်သက်၍ ဒေသခံများ၏ ဆန္ဒသဘောထားများကို နိုင်ငံ တော် သမ္မတထံသို့ ပေးပို့သော စာတွင် ယင်းကဲ့သို့ ဖော်ပြထား ခြင်းဖြစ်သည်။

ယင်းတင်ပြစာကို စက်တင် ဘာ ၁၁ ရက်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှတစ်ဆင့်နိုင်ငံတော် သမ္မတထံ တိုက်ရိုက်ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းကဆိုသည်။ အဆိုပါ စာတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး ၌ ဘင်္ဂါလီလူမျိုး ၁ ဒသမ ၃၃ သန်းရှိသည့်အနက် ရခိုင်ပြည် နယ်တွင် ၁ ဒသမ ၀၅ သန်းခန့်ရှိ ကြောင်း၊ သန်းခေါင်စာရင်းကာ လတွင် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ လူမျိုးခြောက်ထောင်သာစာရင်း ကောက်ခံပြီး ကျန်သူများမှာ တရားမ၀င် ရိုဟင်ဂျာအမည်ခံ၍ စာရင်းအကောက်မခံဘဲဖီဆန်နေ ကြောင်းနှင့် ပဋိပက္ခ ၂ နှစ်ကျော် ကာလအတွင်း ဒုက္ခသည်စခန်း များ၌ ဘင်္ဂါလီလူဦးရေ လေး သောင်းခန့် တိုးပွားလာနေ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ကိုးကား၍ ဖော်ပြထားသည်။

ယင်းအချက်နှင့် စပ်လျဉ်း၍ ‘‘လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနက ကျွန် တော်တို့ကို ပြောကြားထားတာ တွေရှိပါတယ်’’ ဟု စစ်တွေမြို့မိ မြို့ဖဦးသန်းထွန်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဦးခင်ရီထံ ဆက်သွယ် မေးမြန်းခဲ့ရာ ရုံးအဖွဲ့မှူးသို့ ဆက်သွယ်၍ စာဖြင့်ရေးသားအ ကြောင်းကြားထားရန်နှင့် ၀န်ကြီး ခရီးထွက်နေသောကြောင့် လတ် တလောတွင် ပြန်လည်ဖြေကြား ရန် အဆင့်သင့် မဖြစ်သေး ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဒုက္ခသည်စခန်း များတွင်လူဦးရေတိုးပွားလာခြင်း မှာ တရားမ၀င်ဝင်ရောက်နေထိုင် သူများရှိနေ၍ဖြစ်ကြောင်းရခိုင်အ မျိုးသားအင်အားစုများကသုံးသပ် သည်။

ဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာနှင့် ဆေးဝါး စောင့် ရှောက်မှုများ ထောက်ပံ့မှုရခြင်း ကြောင့်လည်း ယင်းကဲ့သို့ ၀င် ရောက်နေထိုင်မှုမျိုးရှိကြောင်း ၎င်းတို့ကဆိုသည်။

ရခိုင်ပြည်နယ်ရှိ အမှတ် (၄) ရဲတပ်ရင်းများကွပ်ကဲရေးအဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဘင်္ဂါလီ ဒုက္ခသည်စခန်းများသို့ အခြားဒေသများမှ ခိုးဝင်မှု၊ ခိုး ထွက်မှုများရှိတတ်ပြီး လုံခြုံရေး တပ်ဖွဲ့များက ပင်လယ်ပြင်ဝင် ပေါက်ကို အချိန်ပြည့် စောင့် ကြည့်နေရကြောင်း ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ ဒုက္ခသည်စခန်းများမှာ စစ်တွေ မြို့အနောက်ပိုင်းတွင် အများဆုံး တည်ရှိပြီး လူဦးရေ တစ်သိန်း ကျော်ရှိသည်ဟု ခန့်မှန်းထား သည်။ သို့သော် ဒေသအတွင်း အဖွဲ့အစည်းများက တစ်ဖက် နိုင်ငံ ပင်လယ်ရေလမ်းမှ တစ် ဆင့် ခိုးဝင်မှုများ ရှိနေသည့်အ တွက် ယင်းပမာဏထက် များ ပြားနိုင်ကြောင်း ဆိုသည်။ တစ် ဘက်နိုင်ငံ နယ်စပ်မောင်တော တွင်မူ ဘင်္ဂါလီဒုက္ခသည်စခန်း တစ်ခုမှ မရှိသော်လည်း ရခိုင်အပါအ၀င် တိုင်းရင်းသားလူဦးရေမှာ ၈ ရာခိုင်နှုန်းခန့် သာရှိကြောင်း သတင်းရရှိသည်။

ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ကျောက်ဖြူစသည့် မြို့နယ် များ၌လည်း ဘင်္ဂါလီ ဒုက္ခသည် စခန်းများတည်ရှိသည်။

7Day DAILY 

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခု ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခု ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)
ပဋိပက္ခ ၂ နှစ်ကျော် ကာလအတွင်း ဒုက္ခသည်စခန်း များတွင် ဘင်္ဂါလီ လူဦးရေလေး သောင်းခန့် တိုးပွား လာနေ ကြောင်း ရခိုင်အမျိုးသားအင်အားစုများက နိုင်ငံတော်သမ္မတ ထံသို့တင်ပြစာတွင် ဖော်ပြထားသည်။

ဓာတ်တိုင်ကြွေသီးကွဲ၍ ဓာတ်လိုက်သေဆုံးသူနှစ်ဦးကို ဌာနကနစ်နာကြေး ကျပ်ဆယ်သိန်းစီပေး၊ နာရေးလိုက်မပို့

Photo: ဓာတ်တိုင်ကြွေသီးကွဲ၍ ဓာတ်လိုက်သေဆုံးသူနှစ်ဦးကို ဌာနကနစ်နာကြေး ကျပ်ဆယ်သိန်းစီပေး၊ နာရေးလိုက်မပို့
Monday, September 15, 2014

ဓာတ်တိုင်ကြွေသီးကွဲ၍ လျှပ်စစ်စီးဝင်ကာ ဓာတ်လိုက်သေဆုံးခဲ့သူနှစ်ဦးအား လျှပ်စစ်စွမ်း အားဝန်ကြီးဌာနက နစ်နာကြေး ကျပ်ဆယ်သိန်းစီပေးဆောင်ခဲ့ပြီး နာရေးလိုက်လံပို့ဆောင်ပေးခြင်းမရှိကြောင်းသတင်းရရှိသည်။

စက်တင်ဘာ ၁၂ ရက်ညက သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်၊ သုမင်္ဂလာ လမ်းရှိဓာတ် တိုင်တစ်ခုမှ ကြွေသီးကွဲကာဓာတ် အားလိုင်းမှ လျှပ်စစ်ဓာတ်အား များတိုင်သို့  စီးဝင်လာသော ကြောင့် ဓာတ်တိုင်အနီး ရေအိုင် တွင်ဓာတ်ကူးပြီး လူနှစ်ဦးဓာတ် လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူနှစ်ဦးသည် အသက် (၁၀) နှစ်အရွယ် ဒုတိယတန်းကျောင်းသူ မဖြူစင်ငြိမ်းနှင့် အသက်(၄၀) အရွယ် ဒေါ်အေးအေးဆန်းတို့ဖြစ်သည်။

၎င်းတို့နှစ်ဦး၏ နာရေးကိုရေ ဝေးသုသာန်တွင် စက်တင်ဘာ ၁၄ ရက်က ပြုလုပ် ရာ ရပ်ကွက်လူ ထုနှင့်ဆွေမျိုးများသာ လိုက်လံပို့ဆောင်ပေးခဲ့ပြီး လျှပ်စစ်စွမ်း အားဝန်ကြီး ဌာနမှ တာဝန်ရှိသူများတစ်ဦးတစ်ယောက်မျှလိုက်လံပို့ဆောင်ခြင်း မရှိခဲ့ပေ။

သို့သော် ဇွန်လ ၂၃ ရက်က လှည်းတန်းပေ ၅၀ လမ်းတွင်ဓာတ်ကြိုးပြတ်ကျ မှုကြောင့် လူနှစ်ဦးသေဆုံးမှုနှင့် ဇွန်လ ၃၀ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ် ကွက်၊ ပတ္တမြားလမ်းတွင်ဓာတ် ကြိုးပြတ်ကျမှုကြောင့် လူ တစ်ဦး သေဆုံးမှုတို့၏ နာရေးများကိုလျှပ် စစ်စွမ်းအားဝန်ကြီးဌာန တာဝန် ရှိသူများက လိုက်လံပို့ဆောင်ပေး ခဲ့သည်။

ဇူလိုင် ၁၅ရက်က လှိုင်သာ ယာမြို့နယ် ၁၅ရပ်ကွက်ဈေးအ တွင်းရှိ ဓာတ်တိုင်မှ ဓာတ်ကြိုး  ပြတ်ကျမှုကြောင့် ဈေးဝယ်လာသူ အမျိုးသမီးသုံးဦးဓာတ်ကြိုးပတ်မိ ကာ ဓာတ်လိုက်သေဆုံးသောနာ ရေးကိုလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဒုဝန်ကြီးကိုယ်တိုင်လိုက်လံပို့ဆောင်ပေးခဲ့သည်။

‘‘နစ်နာကြေးအတွက်တစ်ဦး  ဆယ်သိန်းစီပေးတယ်။ နာရေး လိုက်ပို့ဖို့အတွက် ကားနှစ်စီးပေး တယ်။ ဓာတ်လိုက်သေလို့ သူတို့ မှာတာဝန်ရှိတယ်လို့မပြောဘူး။ နာရေးကိုလိုက်ပို့ရကောင်းမှန်းမ မသိဘူး’’ဟု စက်တင်ဘာ ၁၂ရက် ညကဓာတ်လိုက်သေဆုံးခဲ့သူ နှစ်ဦး၏ နာရေးကိစ္စ လိုက်လံလုပ်ဆောင်ပေးသော ကိုမြင့်ထွန်းကပြောသည်။

ဓာတ်လိုက်သေဆုံးခဲ့သူနှစ် ဦးလျှင် လျှပ်စစ်ဌာနက စက်တင် ဘာ ၁၃ ရက်တွင် တစ်ဦးလျှင်ကျပ်နှစ်သိန်းစီပေးအပ်ခဲ့ပြီး စက်တင် ဘာ ၁၄ ရက်တွင် ကျပ်ရှစ်သိန်းစီ ထပ်မံပေးအပ်ခဲ့သည်။

ဓာတ်လိုက် သေဆုံးသည့် ဖြစ်စဉ်တွင် သက်ဆိုင်ရာလျှပ်စစ် ဌာနများက မတော်တဆမှုကြောင့် သာဖြစ်သည်ဟုပြောဆိုထားပြီး တာဝန်ရှိသည်၊ မရှိသည်မှာပြော ဆို၍ မရသေးကြောင်းရန်ကုန်မြို့ တော်လျှပ်စစ်ဓာတ်အားပေး အဖွဲ့၊ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ် ရေးမှူးဦးလှမြင့်ကစက်တင်ဘာ ၁၃ ရက်တွင် 7Day သတင်းစာအား ပြောဆိုထားသည်။

ဓာတ်လိုက်သေဆုံးသူများ၏ မိသားစုဝင်များသည် နစ် နာကြေးတစ်စုံတစ်ရာ မတောင်း ဆိုချင်သော်လည်းသက်ဆိုင်ရာ ဌာနက ၎င်းတို့ အပြစ်ရှိကြောင်း ပြည် သူ များအား ၀န်ခံပေးရန်သာ လိုအပ်ကြောင်းသေဆုံးသည့် မိ သားစုဝင်နှစ်ဖက် စလုံးကပြောဆို ထားသည်။

7Day DAILY 

ဓာတ်လိုက်၍ကွယ်လွန်သွားသူနှစ်ဦး၏ နာရေးတွင် မဖြူစင်ငြိမ်း၏ဓာတ်ပုံကို ကိုင်ဆောင် ထားသော မိသားစုဝင်တစ်ဦးနှင့် နာရေးလိုက်ပို့သူများကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဓာတ်လိုက်၍ကွယ်လွန်သွားသူနှစ်ဦး၏ နာရေးတွင် မဖြူစင်ငြိမ်း၏ဓာတ်ပုံကို ကိုင်ဆောင် ထားသော မိသားစုဝင်တစ်ဦးနှင့် နာရေးလိုက်ပို့သူများကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဓာတ်တိုင်ကြွေသီးကွဲ၍ လျှပ်စစ်စီးဝင်ကာ ဓာတ်လိုက်သေဆုံးခဲ့သူနှစ်ဦးအား လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက နစ်နာကြေး ကျပ်ဆယ်သိန်းစီပေးဆောင်ခဲ့ပြီး နာရေးလိုက်လံပို့ဆောင်ပေးခြင်း မရှိကြောင်း သတင်း ရရှိသည်။

ပြည်ပအမှာနည်း၍ အထည်ချုပ်စက်ရုံများ အခက်တွေ့

Photo: ပြည်ပအမှာနည်း၍ အထည်ချုပ်စက်ရုံများ အခက်တွေ့
Monday, September 15, 2014

အထည်ချုပ်စက်ရုံများ သို့ ပြည်ပမှ အပ်ထည်အမှာရရှိမှု လျော့နည်းလာ၍ ထုတ်လုပ် မှုပမာဏ တိုးမြှင့်ရန် အခက် အခဲများ  ကြုံတွေ့နေကြောင်း အထည်ချုပ် လုပ်ငန်းရှင်များက ပြောသည်။

‘‘ချုပ်တဲ့လူကတစ်နေ့ကို ဒီဇိုင်းသုံးမျိုးလောက်ပြောင်းချုပ် နေရတော့ အထည်ပမာဏမတိုး နိုင်ဘူးဖြစ်နေတယ်’’ဟု လက်ဝါး အထည်ချုပ်စက်ရုံဥက္ကဋ္ဌ ဦးခင် မောင်အေးက အထည်ဒီဇိုင်းတစ် မျိုးလျှင်အမှာအနည်းငယ်သာရ နေခြင်းနှင့် ပတ်သက်၍ ပြော ကြားသည်။

ယခုနောက်ပိုင်း ပြည်ပမှ အပ်ထည်ပေးသည့် ကုမ္ပဏီများ က ဒီဇိုင်းတစ်မျိုးလျှင် အထည် သုံးထောင်မှငါးထောင်ကြားသာ အပ်နှံသည်။ ဒေသတွင်း နိုင်ငံအ ချို့တွင် ဒီဇိုင်းတစ်မျိုးကိုအပ်ထည်  သိန်း၊ သန်းနှင့် ချီ၍ ရသဖြင့် ၎င်း တို့နှင့် ထုတ်လုပ်မှုပိုင်းတွင် ယှဉ် ပြိုင်နိုင်ခြင်းမရှိကြောင်း ဦးခင် မောင်အေးကဆိုသည်။

‘‘အော်ဒါနည်းတဲ့ ပြဿနာ က ဒီနှစ်မှာ ပိုကြုံလာရတယ်’’ဟု ထိပ်တန်းမြန်မာအထည်ချုပ်စက် ရုံမှ ဒါရိုက်တာ ဦးလှထွေးကပြော ကြားသည်။

ပြည်တွင်းအထည်ချုပ်စက် ရုံများတွင် အလုပ်သမားဆန္ဒပြမှု များကြောင့် အမှာနည်းသွားခြင်း၊ ဆိပ်ကမ်းများတွင် လုပ်ထုံးလုပ် နည်းများကြောင့် နှောင့်နှေးခြင်း တို့ကြောင့် ပြည်ပမှ မှာယူသည့်အ တိုင်း အချိန်မီမပို့နိုင်မှုများလာ သည်။

အချိန်မီမပို့နိုင်လျှင် ကြားမှအထည်မှာယူပေးသော ကုမ္ပဏီက လျော်ကြေးပေးရ၍ ၎င်းတို့က မြန်မာအထည်ချုပ်စက်ရုံများအ ပေါ် ယုံကြည်မှုနည်းလာပြီး အထည် အမှာနည်းလာကြခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

လက်ရှိ အထည်ချုပ်လုပ် ငန်းတွင် အမှာစာအများဆုံးရရှိ နေသော နိုင်ငံများမှာ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ဖြစ်ပြီး အမေရိကန်နှင့် ဥရောပနိုင်ငံများ မှ အမှာအနည်းငယ်သာရှိသည်။

မြန်မာနိုင်ငံ၏ အလားအ လာကောင်းသော လုပ်ငန်းများ တွင် အထည်ချုပ်လုပ်ငန်းပါဝင် ပြီး ၂၀၁၃ ခုနှစ်တွင် ပြည်ပသို့ ချုပ်ထည်တင်ပို့မှု ၀င်ငွေအမေ ရိကန်ဒေါ်လာ သန်းတစ်ထောင် ကျော်ရရှိသည်ဟု အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကပြောကြားခဲ့သည်။ သို့ သော် ၂၀၁၄ ခုနှစ်တွင် အထည် ချုပ်စက်ရုံများ ရုန်းကန်နေကြရ သည်။

ပြည်တွင်းတွင် လက်ရှိ အ ထည်ချုပ်စက်ရုံသုံးရာကျော်ရှိပြီး အလုပ်သမားဦးရေ သုံးသိန်းနီး ပါးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

7Day DAILY 

အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
အထည်ချုပ်စက်ရုံများ သို့ ပြည်ပမှ အပ်ထည်အမှာရရှိမှု လျော့နည်းလာ၍ ထုတ်လုပ်မှုပမာဏ တိုးမြှင့်ရန် အခက် အခဲများ  ကြုံတွေ့နေကြောင်း အထည်ချုပ် လုပ်ငန်းရှင်များက ပြောသည်။

တရုတ်ပွဲစီစဉ်သူတွေ တစ်ဖက်သတ်ဖျက်သိမ်းလိုက်တဲ့ ကင်ဟွန်ဂျွန်းရဲ့ ဖျော်ဖြေပွဲ

 Photo: တရုတ်ပွဲစီစဉ်သူတွေ တစ်ဖက်သတ်ဖျက်သိမ်းလိုက်တဲ့ ကင်ဟွန်ဂျွန်းရဲ့ ဖျော်ဖြေပွဲ
Monday, September 15, 2014

 တောင်ကိုရီးယားအဆိုတော် ကင်ဟွန်ဂျွန်း၏ ဘေဂျင်း မြို့ဖျော်ဖြေပွဲကို တရုတ်ပွဲစီစဉ် သူများက တစ်ဖက်သတ်ဖျက်သိမ်းခဲ့သည်ဟု ကင်ဟွန်ဂျွန်း၏ အေဂျင်စီ Key East က ၀က်ဘ်ဆိုက်မှ တစ်ဆင့်ကြေညာသည်။

‘‘စက်တင်ဘာ ၁၉ရက်နေ့ ဘေဂျင်းမြို့ဖျော်ဖြေပွဲကို တရုတ်နိုင်ငံက ပွဲစီစဉ်သူတွေ တစ်ဖက်သတ်ဖျက်သိမ်းလိုက်ပါတယ်။ တရုတ်ပရိသတ်တွေနဲ့တွေ့မယ်လို့ ကတိပေးထားတဲ့အတိုင်းအေဂျင်စီနဲ့ ကင်ဟွန်ဂျွန်းက ပြင်ဆင်မှုအားလုံးလုပ်ပြီးခဲ့ပေမယ့် ဒီလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ အဲဒီကိစ္စကို တုံ့ပြန်ဖို့လည်း စီစဉ်နေပါတယ်။ နစ်နာတဲ့ ပရိသတ်တွေအားလုံးကိုတောင်းပန်ပါတယ်’’ဟု Key Eastအေဂျင်စီကပြောကြားသည်။

တရုတ်နိုင်ငံမှ ဖျော်ဖြေပွဲ စီ စဉ်သူများကလည်း ကင်ဟွန်ဂျွန်း  ၏ ဖျော်ဖြေပွဲကို တရားဝင်ဖျက် သိမ်းကြောင်း ကြေညာခဲ့ပြီး ကြို တင်လက်မှတ်ဝယ်ယူထားသော ပရိသတ်များလက်မှတ်ဖိုးငွေများကို ပြန်လည်ထုတ်ယူနိုင်သည်ဟု ကြေညာခဲ့သည်။ ကေပေါ့ပ်နှင့် ကေဒရာမာ စတားကင်ဟွန်ဂျွန်းသည် လက်ရှိတွင် ချစ်သူမိန်းကလေးအပေါ် ကိုယ်ထိလက်ရောက်အကြမ်း ဖက်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရသည်။ မိန်းကလေးက ကင်ဟွန် ဂျွန်းအနေဖြင့် ၎င်း၏အပြစ်ကို ၀န်ခံ၍ တောင်းပန်စေလိုသည် ဟု ပြောကြားခဲ့ကြောင်း TV Report သတင်းက စက်တင်ဘာ ၁၂ ရက်တွင် ဖော်ပြသည်။  Soompi

7Day DAILY
တောင်ကိုရီးယားအဆိုတော် ကင်ဟွန်ဂျွန်း၏ ဘေဂျင်း မြို့ဖျော်ဖြေပွဲကို တရုတ်ပွဲစီစဉ် သူများက တစ်ဖက် သတ် ဖျက်သိမ်းခဲ့သည်ဟု ကင်ဟွန်ဂျွန်း၏ အေဂျင်စီ Key East က ၀က်ဘ်ဆိုက်မှ တစ်ဆင့်ကြေညာ သည်။

နိုင်ငံခြားဘဏ်များ လုပ်ကိုင်ခွင့် ယခုလကုန်ပိုင်းတွင် ချထားပေးမည်

ပြည်တွင်းတွင် နိုင်ငံခြား ဘဏ်များ ဖွင့်လှစ်လုပ်ကိုင်ခွင့် ပေးထားခြင်းကို စက်တင်ဘာလ ကုန်၌ ရွေးချယ် ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင် ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦး ဆက်အောင်ကပြောသည်။

ကျောက်တံတားမြို့နယ် ဖုန်းဆိုင်တစ်ဆိုင်တွင် ဆင်းမ်ကတ်မရသူများ ဆူပူ

Photo: ကျောက်တံတားမြို့နယ် ဖုန်းဆိုင်တစ်ဆိုင်တွင် ဆင်းမ်ကတ်မရသူများ ဆူပူ
Monday, September 15, 2014

ရန်ကုန်တိုင်း၊ ကျောက် တံတားမြို့နယ်အတွင်းရှိ Smart  Connect မိုဘိုင်းဖုန်း အရောင်း ဆိုင်က MPT ဆင်းမ်ကတ်များ ရောင်းပေးမည်ဟုဆိုကာ လူအ များ ကို စောင့်ခိုင်းခဲ့သော်လည်း သတ်မှတ်သည့်အတိုင်း ရောင်းချပေးခြင်းမရှိခဲ့၍ စက်တင်ဘာ ၁၄ ရက်တွင် ဆူပူမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖုန်းဆိုင်သည် MPT ဆင်းမ်ကတ်များ ရောင်းချပေး မည်ဟု စာကပ်ထား သည့် အတွက် ၀ယ်ယူလိုသူများက နံနက် ၅ နာ ရီခန့်မှစ၍ စောင့်ဆိုင်းနေခဲ့သော် လည်း အနည်းငယ်သာ ရောင်းချပေးခဲ့သည့်အတွက် မကျေနပ်မှု များပေါ်ပေါက် ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဖုန်းကတ်ဝယ်ယူရန် နာရီ ပေါင်းများစွာစောင့်ဆိုင်းနေသည့် လူအုပ်ကြီးသည် တံခါးပိတ်ထား သည့်ဆိုင်ရှေ့တွင်စောင့်နေခဲ့ပြီး ဆိုင်တံခါးများကို ထု ရိုက်ခြင်း၊ အော်ဟစ်ခြင်းများပြုလုပ်ခဲ့ကြ သည်။

‘‘ဆင်းမ်ကတ်ရမယ်ဆိုလို့ နံနက်ငါးနာရီကတည်းက လာ စောင့်နေတာ။ မရလိုက်မှာစိုးလို့ ထမင်းတောင်မစားရသေးဘူး။ မရောင်းတော့ဘူးဆိုရင်လည်း မပြောဘူး၊ ညနေတောင်ရောက် လာပြီဘာမှ မသိရသေးဘူး’’ဟု ဆင်းမ်ကတ်ဝယ်ရန်အတွက် စောင့်နေသူ မသန်းစိုးကပြော သည်။

Smart Connet မိုဘိုင်းဖုန်း အရောင်းဆိုင်သည် MPT ဆင်းမ် ကတ် ၇၀ ရောင်း ချပေးသွားရန် စီစဉ်ထားသော်လည်း လာရောက် ၀ယ်ယူသူဦးရေမှာ တစ် ရာကျော် ခန့် ရှိသည့် အတွက် မထိန်းနိုင် သောကြောင့် မဲနှိုက်၍ ရောင်း ချပေးခဲ့သည်။

‘‘ဆိုင်က ကတ်ရောင်းတဲ့အစီ အစဉ်ကို သေချာမလုပ်ဘဲလူများ လာမှ တံခါးပိတ်လိုက်တော့ လာ စောင့်တဲ့သူတွေက ဒေါသထွက် တာပေါ့’’ဟု ဖုန်းကတ်ဝယ်ရန် လာရောက်စောင့်ဆိုင်းနေသည့် ဦးကျော်စွာအုန်းကပြောသည်။

သို့သော်မဲနှိုက်ပေးရာတွင် လူငါးဦးခန့်သာ မဲပေါက်ခဲ့ပြီး ကျန်သောမဲများမှာ ဗလာမဲများဖြစ်နေသည့်အတွက် ဆင်းမ်ကတ်မရသူများမှာ မကျေနပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘သူတို့ကဆက်ပြီး မရောင်း တော့ဘူးလို့ပြောရင်လည်း ကိစ္စ မရှိဘူး။ အခုက ဟန်းဆက်ရှိတဲ့ လူတွေကို ရောင်းပေးမယ် ဟန်း ဆက်တွေပြန်ယူကြတယ်။ ကျွန် တော်ဆို LG ဖုန်းတစ်လုံးပျောက် သွားတာပဲ အဖတ်တင်တယ်။ ဆင်းမ်ကတ်လည်း မရဘူး’’ဟု ဆင်းမ်ကတ်ဝယ်ရန် စောင့်နေသူ ကိုလှထွန်းကပြောသည်။

Smart Connect မိုဘိုင်း ဖုန်းအရောင်းဆိုင်သည် မူလက ဆင်းမ်ကတ် များကို ရောင်းချပေး ရန်အတွက် စီစဉ်ခဲ့သော်လည်း  ၀ယ်ယူသူများမှာ စနစ်တကျ တန်းစီ စောင့်ဆိုင်းခြင်းမရှိသည့် အတွက်ရောင်းမပေးတော့ခြင်း ဖြစ်ကြောင်း ဆင်းမ်ကတ်ဝယ်ယူ ရန် တန်းစီနေသူအချို့ထံမှ သိ ရသည်။

‘‘ရောင်းမပေးတာ ဆိုင်ပိုင် ရှင်ရဲ့အပြစ်လည်း မဟုတ်ဘူး။ လူတွေ က သေချာတန်းစီပြီး စောင့်တာမဟုတ်ဘဲ အရမ်းတိုးတဲ့အ တွက် မနိုင်တော့ တာကြောင့် ပိတ်လိုက်တာလည်း ပါတယ်။ ကျွန်မဆိုရင် မနက်ကတည်းက ကလေး နဲ့လာစောင့်နေတာ အခုထိ မရသေးဘူး’’ဟု မရီရီမြင့်ဆို သူက ပြောသည်။

ယခုဖြစ်စဉ်နှင့် စပ်လျဉ်း၍ အဆိုပါဖုန်းဆိုင်အားမေးမြန်းရန် စောင့်ဆိုင်း ခဲ့သော် လည်း ဆိုင်တံ ခါးပိတ်ထားသည့်အတွက် မေးခွင့်မရခဲ့ပေ။

လူတွေက တအားများတော့ တစ်ယောက်နဲ့တစ်ယောက် တိုး ကြတာ၊ ထိခိုက်ကြ တာတွေတော့ ရှိတယ်။ အကြီးအကျယ်ရန်ဖြစ် ကြတာတော့မရှိပါဘူး။ ဆိုင်ထဲ က လူကလည်း တံခါးပိတ်ထား လို့ အပြင်ထွက်မရ။ အပြင်ကလူ တွေကလည်း ဆိုင် တံခါးဖွင့်နိုးဖွင့် နိုးနဲ့စောင့်နေကြရင်းနဲ့လူတော် တော်များသွားခဲ့တာ’’ဟု ယင်း ဆိုင်အနီးတစ်ဝိုက်ရှိဒေသခံများ ကပြောသည်။

7Day DAILY

ဖုန်းဆိုင်ရှေ့၌ ဆင်းမ်ကတ်ဝယ်ယူရန် စောင့်ဆိုင်းနေသူများ(ဓာတ်ပုံ − နိုင်လင်းအောင်)
ဖုန်းဆိုင်ရှေ့၌ ဆင်းမ်ကတ်ဝယ်ယူရန် စောင့်ဆိုင်းနေသူများ(ဓာတ်ပုံ − နိုင်လင်းအောင်)
ရန်ကုန်တိုင်း၊ ကျောက် တံတားမြို့နယ်အတွင်းရှိ Smart  Connect မိုဘိုင်းဖုန်းအရောင်း ဆိုင်က MPT ဆင်းမ်ကတ်များ ရောင်းပေးမည်ဟုဆိုကာ လူအများကို စောင့်ခိုင်းခဲ့သော်လည်း သတ်မှတ်သည့် အတိုင်း ရောင်းချပေးခြင်းမရှိခဲ့၍ စက်တင်ဘာ ၁၄ ရက်တွင် ဆူပူမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပဲခူးမြို့တွင် သံဃာအတုအယောင်များ လိုက်လံစစ်ဆေး

Photo: ပဲခူးမြို့တွင် သံဃာအတုအယောင်များ လိုက်လံစစ်ဆေး
Monday, September 15, 2014

ပဲခူးမြို့တွင် သံဃာအ တုအယောင်များက အရက် သောက်ပိုက်ဆံတောင်းမှု များ ပြု လုပ်နေသောကြောင့် မြို့နယ်သံ ဃဂိုဏ်းပေါင်းစုံအဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့က ပဲခူးမြို့နေရာအ များအပြားတွင် လိုက်လံစစ်ဆေး မှုများပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။

စက်တင်ဘာ ၁၄ ရက်တွင်ပဲခူးမြို့ရှိ သံဃဂိုဏ်းပေါင်းစုံအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က ဈေး၊ ဘူတာရုံနှင့် မြို့နေရာအများအ ပြားတွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ စက်တင် ဘာ ၁၂ ရက်က ပဲခူးမြို့ဘူတာရုံ ၌ သံဃာအတုအယောင်နှစ်ပါး သည် နေ့ဘက်တွင် အရက်များ သောက်၍ ပိုက်ဆံတောင်းမှုများ ပြုလုပ်နေပြီး ညဘက်တွင် လူဝတ်လဲကာ နေထိုင်နေကြသည်။ ထိုသို့ နေထိုင်နေသောကြောင့် တစ်ပါး ကို လူဝတ်လဲကာ အရေးယူမှုများ ပြုလုပ်ထားပြီး ကျန်တစ်ပါးသည် စိတ်မနှံ့သူဖြစ်သောကြောင့် လူ ၀တ်လဲပေးခဲ့ကြောင်း   ပဲခူးမြို့၊ သံဃနာယကဥက္ကဋ္ဌ၊ ဥဿာသီရိ ကျောင်းတိုက်ဆရာတော် ဦးဝံဏ္ဍိ တက မိန့်သည်။

‘‘မြို့အကုန်လိုက်စစ်ဆေး တယ်။ သံဃာအတုအယောင်တွေ တော့ မတွေ့ဘူး။ လိုက်ပြီးအလှူ ခံနေတဲ့ ဘုန်းကြီးတွေတွေ့တယ်။ သူတို့ကို ဘယ်ကျောင်းတိုက်က လဲ မေးတယ်။ ကျောင်းတိုက်ဆရာတော်ကို လှမ်းခေါ်ပြီး သူ့ကျောင်း က ဟုတ်၊မဟုတ်မေးတယ်။ သူ့ ကျောင်းက ဟုတ်တယ်၊ သံဃာ ဟုတ်တယ်ဆိုရင် ခေါ်သွားခိုင်းပါ တယ်’’ဟု ဆရာတော်ဦးဝံဏ္ဍိတ က မိန့်သည်။

အဆိုပါသံဃာအတုအ ယောင်များ စစ်ဆေးဖမ်းဆီးခြင်း များကို ယခုနှစ် ဇန်န၀ါရီ လ အ တွင်း   စတင်ပြုလုပ်ခဲ့ခြင်းဖြစ် ပြီး သံဃာအတုအယောင် ၁၀ ပါး ဖမ်းဆီး ရမိကာ အရေးယူဆောင် ရွက်ထားကြောင်း ဆရာတော်က ဆက်လက်မိန့်ကြား သည်။

7Day DAILY 

မြို့နယ်သံဃဂိုဏ်းပေါင်းစုံအဖွဲ့နှင့် တိုင်းဒေသကြီးတာဝန်ရှိသူများလိုက်လံ စစ်ဆေးနေစဉ် ဓာတ်ပုံ−သန့်ဇင်
မြို့နယ်သံဃဂိုဏ်းပေါင်းစုံအဖွဲ့နှင့် တိုင်းဒေသကြီးတာဝန်ရှိသူများလိုက်လံ စစ်ဆေးနေစဉ် ဓာတ်ပုံ−သန့်ဇင်
ပဲခူးမြို့တွင် သံဃာအ တုအယောင်များက အရက် သောက်ပိုက်ဆံတောင်းမှု များ ပြု လုပ်နေသောကြောင့် မြို့နယ်သံ ဃဂိုဏ်းပေါင်းစုံအဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့က ပဲခူးမြို့နေရာအ များအပြားတွင် လိုက်လံစစ်ဆေး မှုများပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။

စတုတ္ထတန်းကို ခရိုင်စစ်၊ အဋ္ဌမတန်းကို တိုင်းစစ်အဖြစ် ယခုနှစ် စပြောင်းမည်

ပညာရေး ဝန်ကြီးဌာနက စတုတ္ထတန်းကို ခရိုင်စစ်အဖြစ် လည်းကောင်း၊ အဋ္ဌမတန်းကို တိုင်းစစ်အဖြစ် လည်းကောင်း အတန်းတင်စာမေးပွဲ စစ်ဆေးမှုစနစ်များ ယခုနှစ်မှ စတင်ပြောင်းလဲမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းဇော်က The Voice သို့ ပြောကြားသည်။

၃နှစ်တာမှာ Third Wave မြှင့်တင်နေကြောင်း ဦးသိန်းစိန်က ဒီမိုကရေစီနေ့မှာပြော

မြန်မာနိုင်ငံဟာ ဒီမိုကရေစီဆီကို ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ရည်မှန်းချက်တွေနဲ့ လျှေက်လှမ်းခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်းမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီး အခုအခါ အခြေခံအုတ်မြစ် ခိုင်မာဖို့ ရည်ရွယ်တဲ့ တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု (Third Wave) ကိုဆောင်ရွက်နေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်ပါတယ်။

စကော့တလန် ခွဲရေးတွဲရေး သေချာစဉ်းစားပြီးမှ မဲပေးကြဖို့ ဘုရင်မကြီးတောင်းဆို

Photo: စကော့တလန် ခွဲရေးတွဲရေး သေချာစဉ်းစားပြီးမှ မဲပေးကြဖို့ ဘုရင်မကြီးတောင်းဆို
Monday, September 15, 2014 

UK နိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံ တည်ထောင်ရေးအတွက် ကြာသပတေးနေ့မှာ မဲမပေးခင် Scot လူမျိုးတွေအနေနဲ့ အနာဂတ်အတွက် အသေအချာ စဉ်းစားပြီးမှ လုပ်ဆောင်ကြဖို့ ဗြိတိန်ဘုရင်မကြီး Elizabeth က တောင်းဆိုလိုက်ပါတယ်။

Scotland ခွဲထွက်ရေးအတွက် သမိုင်းဝင် မဲခွဲဆုံးဖြတ်မယ့်ကိစ္စနဲ့ပတ်သက်လို့ ဘုရင်မကြီးအနေနဲ့ အများပြည်သူတွေကို ပထမဆုံး ထုတ်ဖော် ပြောဆိုခြင်းလည်း ဖြစ်ပါတယ်။ ဘုရင်မကြီးရဲ့ အခုလိုပြောဆိုမှုဟာ သူတို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ခွဲထွက်ရေး လိုလားသူတွေက ယူဆနေကြပါတယ်။

ဒါပေမယ့် ဘုရင်မကြီးအနေနဲ့ နိုင်ငံရေးကိစ္စတွေမှာ ဘယ်ဘက်ကိုမှလိုက်ပြီး ပြောဆိုလေ့မရှိတဲ့အပြင် ဗြိတိသျှဖွဲ့စည်းပုံအရလည်း အဲဒီလို လုပ်လို့ မရအောင် တားမြစ်ထားတယ်လို့ Buckingham နန်းတော်က ပြောပါတယ်။

Scot လူမျိုးတွေအနေနဲ့ ခွဲထွက်ရေးကို မလိုလားကြောင်း မဲပေးကြဖို့ စည်းရုံးလှုံ့ဆော်ရေးလုပ်ဆောင်ဖို့ ၀န်ကြီးချုပ် David Cameron ဟာ တနင်္လာနေ့မှာ Scotland ကို နောက်တကြိမ် ထပ်သွားဖို့ ရှိနေပါတယ်။ မဲပေးကြမယ့် ပြည်သူတွေအနေနဲ့ သူ့အသည်းကိုမခွဲကြဖို့နဲ့ နှစ်ပေါင်း ၃၀၀ လောက် မိသားစု နိုင်ငံတွေအဖြစ် ရပ်တည်လာခဲ့ သမိုင်းအစဉ်အလာကို မဖျက်ဆီးပစ်ဖို့အတွက် ၀န်ကြီးချုပ် ကင်မရွန်းက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မေတ္တာရပ်ခံခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန) 

ဗြိတိန်ဘုရင်မကြီး Elizabethနဲ့ ကြင်ယာတော်မင်းသားကြီး Philip
ဗြိတိန်ဘုရင်မကြီး Elizabethနဲ့ ကြင်ယာတော်မင်းသားကြီး Philip
UK နိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံ တည်ထောင်ရေးအတွက် ကြာသပတေးနေ့မှာ မဲမပေးခင် Scot လူမျိုးတွေအနေနဲ့ အနာဂတ်အတွက် အသေအချာ စဉ်းစားပြီးမှ လုပ်ဆောင်ကြဖို့ ဗြိတိန်ဘုရင်မကြီး Elizabeth က တောင်းဆိုလိုက်ပါတယ်။

ကမန်အဖြစ် ပန်းရောင်ကတ်ကိုင်ဆောင်ထားသူများအား စစ်ဆေးသည့်အခါ အငြင်းပွားမှု၊ ငြင်းဆန်မှုများ ရှိနေသဖြင့် မြေပုံမြို့နယ်တွင် နိုင်ငံသားစိစစ်မှု ရပ်နား


မြေပုံမြို့ တောင်ပေါ်ဘင်္ဂါလီကယ်ဆယ်ရေးစခန်းတွင် နိုင်ငံသားစိစစ် ဆောင်ရွက်နေပုံ
ကမန်အဖြစ် ပန်းရောင်ကတ်ကိုင်ဆောင်ထားသူများအား စစ်ဆေးသည့်အခါ အငြင်းပွားမှု၊ ငြင်းဆန်မှုများ ရှိနေ သဖြင့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံသားစိစစ်မှု ရပ်နားထားရကြောင်း သတင်း ရရှိသည်။

ယာဉ်မတော်တဆ မှုကြောင့် သေဆုံးသွားခဲ့သည့် ပေါလ်ဝေါ့ ကာ မွေးနေ့ အောက်မေ့ ဖွယ် အဖြစ် သမီးဖြစ်သူက မွေးနေ့ဆုတောင်းပြုလုပ်

Photo: ယာဉ်မတော်တဆ မှုကြောင့် သေဆုံးသွားခဲ့သည့် ပေါလ်ဝေါ့ ကာ မွေးနေ့ အောက်မေ့ ဖွယ် အဖြစ် သမီးဖြစ်သူက မွေးနေ့ဆုတောင်းပြုလုပ်
Monday, September 15, 2014 

စက်တင်ဘာ ၁၄။ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရသူ နာမည်ကျော် ရုပ်ရှင်မင်းသား ပေါလ်ဝေါ့ကာ (Paul Walker) ၏ မွေးနေ့ဖြစ်သည့် စက်တင် ဘာလ ၁၂ ရက်နေ့တွင် သမီးဖြစ်သူ မက်ဒိုဝေါ့ကာက မွေးနေ့ ဆုတောင်း ပြုလုပ် ခဲ့သည်။ သရုပ်ဆောင် ပေါလ်ဝေါ့ကာမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ယာဉ်မတော် တဆမှု တစ်ခုကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်သွား ခဲ့ခြင်း ဖြစ်ရာ ယခုဆိုလျှင် တစ်နှစ်နီးပါး ရှိပြီဖြစ်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ သောကြာနေ့မှာ “Fast and Furious”  ဇာတ်ကား ၏ သရုပ်ဆောင် ပေါလ်ဝေါ့ကာ၏ ၄၁ နှစ်မြောက် မွေးနေ့ဖြစ်ရာသမီးဖြစ်သူ မက်ဒိုဝေါ့ကာ က Instagram လူမှုကွန်ယက်စာမျက်နှာတွင် ဖခင်ဖြစ်သူ ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ရေးသားခဲ့ရာ ပရိသတ်များအဖို့ ဝမ်းနည်းစရာ တစ်ခုပင်ဖြစ်သည်။

Instagram စာမျက်နှာတွင် “ပျော်ရွှင်သော မွေးနေ့ပါ။ အဖေ့ကို သမီး ချစ်ပါတယ်” ဟု မက်ဒိုဝေါ့ကာက ရေးသားထားပြီး၊ ဖခင်နှင့်အတူ လမ်းလျှောက်တတ် ခါစ ကလေးအရွယ်က ရိုက်ကူထားခဲ့သည့် ဓာတ်ပုံကိုတင်ခဲ့ခြင်း ဖြစ်သည်။

ဖခင်ဖြစ်သူ ပေါလ်ဝေါ့ကာ နှင့် သမီးဖြစ်သူ ကလေးအရွယ် မက်ဒိုဝေါ့ကာ တို့ တစ်ဦးကို တစ်ဦး ချစ်မြတ်နိုးစွာ ကြည့်နေကြသော ချစ်စဖွယ် ဓာတ်ပုံတစ် ပုံဖြစ်ပြီး၊ ဓာတ်ပုံထဲတွင် မက်ဒိုဝေါ့ကာမှာ ပန်းပွင့်ပုံများ ပါရှိသော အပြာရောင်အင်္ကျီဖျော့ဖျော့ကို ဝတ်ဆင်ထားသည်။

မက်ဒိုဝေါ့ကာသည် ဟာဝိုင်အီရှိ နေအိမ်တွင် မိခင်ဖြစ်သူ ရေဘက္ကာဆိုတားရို့စ် (Rebecca Soteros) နှင့် ယခင်က အတူနေထိုင်ခဲ့ရာမှ၊ ဖခင်ဖြစ် သူ ပေါလ်ဝေါ့ ကာ မကွယ်လွန်ခင် ရက်သတ္တပတ်များတွင် ဖခင်ဖြစ်သူ နေထိုင်ရာ လော့စ် အင်ဂျလိစ် သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

မက်ဒို နှင့် သူ့အကြား နီးစပ်ကောင်းမွန်သော မိသားစု ဆက်ဆံရေး ရှိခြင်း အပေါ် ပျော်ရွှင်ကြောင်း ပေါလ်ဝေါ့ကာက သူ မကွယ်လွန်မီ ၁၄ ရက်အလို၌ လူမှုကွန်ယက်စာမျက်နှာ တွစ်တာတွင် ရေးသားခဲ့သည်။ “အသက် ၂၅ နှစ် အရွယ်မှာ သူ့ကိုရခဲ့တာကို ကျွန်တော် ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ ဘာကြောင့် လည်းဆိုတော့ အသက် ၄၀ အရွယ် ကျွန်တော်နဲ့ အသက် ၁၅ နှစ်အရွယ် သမီးအကြား ဆက်ဆံရေးက ပြေပြစ်ကောင်းမွန်လှပါတယ်။ အဲဒါဟာ အလုပ်ဖြစ်ပါ တယ်။ အကောင်းဆုံး ဆက်ဆံရေးမျိုးပါ” ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။

ပေါလ်ဝေါ့ကာ၏ ပေါင်စတာလင် ၁၅ သန်းတန် အိမ်နှင့် ခြံဝင်းအား အမွေရရှိ ခဲ့သည့် အသက် ၁၅ နှစ် အရွယ် မက်ဒိုဝေါ့ကာကို ယခုအခါ ပေါလ်၏ မိခင်ဖြစ် သူက အုပ်ထိန်းလျက် ရှိသည်။

“Fast and Furious” ဇာတ်ကားတွင် ပေါလ်ဝေါ့ကာ၏ တွဲဘက်သရုပ်ဆောင် များ ဖြစ်ကြ သည့် ဂျော်ဒါးနားဘရူးစတား နှင့် လူဒါခရစ္စ တို့ကလည်း ပေါလ်ဝေါ့ ကာ မွေးနေ့အထိမ်းအမှတ်အဖြစ် အောက်မေ့ဖွယ်များ ရေးသားခဲ့ကြသည်။

WhoSay လူမှုမီဒီယာ စာမျက်နှာတွင် မင်းသမီး ဂျော်ဒါးနားသည် ပေါလ်ဝေါ့ ကာ အောက်မေ့ ဖွယ်အဖြစ် “ပျော်ရွှင်သော မွေးနေ့ပါ။ #ROWW ဟာ ငါတို့ရဲ့ ရင်ထဲမှာ အမြဲရှိနေမှာပါ” ဟု ၂၀၁၀ ခုနှစ်တွင် ပေါလ်ဝေါ့ကာ တည်ထောင်ခဲ့သည့် Reach Out WorldWide (ROWW) အဖွဲ့ကို ရည်ညွှန်း၍ ရေးသားကာ၊ ညနေဆည်းဆာ ဓာတ်ပုံတစ်ပုံနှင့်အတူ တွဲ၍ တင်ခဲ့သည်။ ROWW အဖွဲ့မှာ သဘာဝဘေးအန္တရာယ်များအပြီး အသက်ရှင်သန်ကျန်ရစ်သူများအား အကူအညီပေးရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

ပေါလ် လိုက်ပါခဲ့ပြီး ပေါလ်၏ မိတ်ဆွေ ရော့ဂျာရိုဒက်စ် (Roger Rodas) မောင်းနှင်ခဲ့သော Porsche ကားမှာ အရှိန်မထိန်းနိုင်ဘဲဖြစ်ကာ အနီးရှိ တိုင်တစ်ခုကို တိုက်မိပြီး မီးလောင်ကျွမ်းသွားခဲ့ရာ ကားထဲတွင် လိုက်ပါလာခဲ့သူ နှစ်ဦးစလုံး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

Ref: Mirror၊
Mizzima - News in Burmese
စက်တင်ဘာ ၁၄။ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရသူ နာမည်ကျော် ရုပ်ရှင်မင်းသား ပေါလ်ဝေါ့ ကာ (Paul Walker) ၏ မွေးနေ့ဖြစ်သည့် စက်တင် ဘာလ ၁၂ ရက်နေ့တွင် သမီးဖြစ်သူ မက်ဒိုဝေါ့ ကာက မွေးနေ့ ဆုတောင်း ပြုလုပ် ခဲ့သည်။ သရုပ်ဆောင် ပေါလ်ဝေါ့ကာမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ယာဉ်မတော် တဆမှု တစ်ခုကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်သွား ခဲ့ခြင်း ဖြစ် ရာ ယခုဆိုလျှင် တစ်နှစ်နီးပါး ရှိပြီဖြစ်သည်။

Sierra Leone မှာ အီဘိုလာကြောင့် ၄ ယောက်မြောက် ဆရာဝန်သေဆုံး

Photo: Sierra Leone မှာ အီဘိုလာကြောင့် ၄ ယောက်မြောက် ဆရာဝန်သေဆုံး
Monday, September 15, 2014

Sierra Leone နိုင်ငံမှာ အီဘိုလာရောဂါနဲ့ စတုတ္ထမြောက် ဆရာဝန်တဦး သေ ဆုံး သွားပါတယ်။ အဲဒီဆရာဝန်ဟာ Ebola ရောဂါကို တိုက်ဖျက်ရေးမှာ ရည်မှန်း ချက်ထားပြီး ဒီလုပ်ငန်းမှာ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ထားသူ ဖြစ်ပါတယ်။ 

Freetown မှာတည်ရှိတဲ့ Lumley ဆေးရုံရဲ့ အကြီးအကဲဖြစ်သူ Dr. Olivette Buck ဟာ ရောဂါကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့အပြီး ၅ ရက်အကြာ တနင်္ဂနွေနေ့မှာ ကွယ်လွန်သွားခဲ့တာပါ။ သူမကို ဂျာမနီနိုင်ငံမှာ ဆေးဝါးကုသ ခံယူဖို့ ရွေ့ပြောင်းပေးဖို့ မဖြစ်နိုင်လောက်အောင် ရောဂါပြင်းထန်နေခဲ့တယ်လို့ ဆိုပါတယ်။

အီဘိုလာရောဂါကို တိုက်ဖျက်ဖို့ ရည်ရွယ်သံန္နိဌာန်ချထားသူ ဆေးပညာရှင်တဦး ဆုံးရှုံးသွားရတဲ့အပေါ် ဆီယာရာလီယွန်း ကျန်းမာရေးရေးဝန်ကြီးဌာန အနေနဲ့ လွန်စွာမှာ နှမျော ပူဆွေးသောကရောက်ရတဲ့အကြောင်း ပြင်သစ်သတင်းဌာနကို ဆီယာရာလီယွန်းနိုင်ငံရဲ့ ကျန်းမာရေးဌာန အကြီးအကဲ Brima Karagbo က ပြောဆိုပါတယ်။ 

အိမ်နီးချင်း လိုက်ဘေးရီးယားနိုင်ငံမှာတော့ တိုင်းပြည်အတွင်းမှာ ကူးစက်ပျံ့နှံ့နေ တဲ့ အီဘိုလာရောဂါ  ဖြစ်ပွားနေမှုကို အကူညီပေးဖို့ နိုင်ငံကို ပြန်လာခဲ့ကြဖို့ အမိန့်ပေးထားတာကို ငြင်းဆန်နေကြတဲ့ ထိပ်တန်းအစိုးရတာဝန်ရှိသူ ၁၀ ယောက်ကို သမ္မတ Ellen Johnson Sirleaf က အလုပ်ကနေ ထုတ်ပယ် ပစ်လိုက်ပါတယ်။

လိုက်ဘေးရီးယား ဂီနီနဲ့ ဆီယာရာလီယွန်းနိုင်ငံတို့ဟာ အာဖရိကအနောက်ပိုင်း မှာ အီဘိုလာရောဂါကို အဆိုးရွားဆုံး ခံစားနေကြရပြီး အခုဆိုရင် သေဆုံးသူ အရေတွက်ဟာ ၂၄၀၀ ကျော်သွားပါပြီ။

ဗွီအိုအေ (မြန်မာဌာန)

လိုက်ဘေးရီးယားမှာ အီဘိုလာရောဂါနဲ့ကွယ်လွန်သွားသူ အသက် ၂၉ နှစ် အရွယ် လူငယ်တဦးကို ကျန်းမာရေးဝန်ထမ်းများ သယ်ဆောင်လာစဉ်
လိုက်ဘေးရီးယားမှာ အီဘိုလာရောဂါနဲ့ကွယ်လွန်သွားသူ အသက် ၂၉ နှစ် အရွယ် လူငယ်တဦးကို ကျန်းမာရေးဝန်ထမ်းများ သယ်ဆောင်လာစဉ်
Sierra Leone နိုင်ငံမှာ အီဘိုလာရောဂါနဲ့ စတုတ္ထမြောက် ဆရာဝန်တဦး သေဆုံးသွားပါတယ်။ အဲဒီ ဆရာဝန် ဟာ Ebola ရောဂါကို တိုက်ဖျက်ရေးမှာ ရည်မှန်း ချက်ထားပြီး ဒီလုပ်ငန်းမှာ ကိုယ်ရော စိတ်ပါ နှစ်မြှုပ်ထားသူ ဖြစ်ပါတယ်။

တိုရွန်တို ရုပ်ရှင်ပွဲတော်တွင် “A Little Chaos” ဇာတ်ကား မိတ်ဆက်ပွဲသို့ ကိတ်ဝင်းစလက် တက်ရောက်

Photo: တိုရွန်တို ရုပ်ရှင်ပွဲတော်တွင် “A Little Chaos” ဇာတ်ကား မိတ်ဆက်ပွဲသို့ ကိတ်ဝင်းစလက် တက်ရောက်
Monday, September 15, 2014

စက်တင်ဘာ ၁၃။ စက်တင်ဘာ၁၃ရက်၌ ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ကျင်းပလျက် ရှိသည့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် မင်းသမီးချော ကိတ်ဝင်းစလက် ပါဝင် သရုပ်ဆောင်ထားသည့် “A Little Chaos” ဇာတ်ကားသစ်ကို ညနေပိုင်း အထူးပွဲအဖြစ် မိတ်ဆက် ပြသ ခဲ့ရာယင်း ပွဲသို့ တက်ရောက်လာသည့်အသက် ၃၈ နှစ်အရွယ် မင်းသမီး ကိတ်ဝင်းစလက်မှာ အထူး လှပနေသည်ကို တွေ့ခဲ့ရသည်။

ထိုပွဲသို့ ထိုဇာတ်ကားထဲမှ တွဲဘက်သရုပ်ဆောင် အလန်ရစ်မန်းလည်း တက်ရောက်ခဲ့သည်။ ထိုသရုပ်ဆောင် နှစ်ဦးလုံးသည် ဂရေးဂုစ် ကုမ္ပဏီ နှင့် ဆိုဟိုဟောက်စ်တိုရွန်တို တို့က ထိုနေ့ညတွင် ကျင်းပခဲ့သော ပါတီသို့လည်း တက်ရောက်ခဲ့ကြသည်။

ထိုရုပ်ရှင်ကို ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စတင်ရိုက်ကူးခဲ့ခြင်း ဖြစ်ကာ ရှစ်ပတ်ကြာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထိုရုပ်ရှင်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ယူကေ၌ စတင် ရုံတင်ပြသမည် ဖြစ်သည်။

“A Little Chaos” ဇာတ်ကားထဲတွင် ကိတ်ဝင်းစလက်က ဥယျာဉ်ပန်းမန်ဗိသုကာ အဖြစ် သရုပ်ဆောင်ထားပြီး  Versaillers တွင် လူးဝစ်စ်၁၄ ဘုရင်အတွက် ခမ်းနားသော ဥယျာဉ်များ တည်ဆောက်ရမည့်သူ အဖြစ် သရုပ်ဆောင်ထားခြင်း ဖြစ်သည်။ အလန်ရစ်မန်းက လူးဝစ်စ်၁၄ ဘုရင်အဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။

Ref: Just Jared
Mizzima - News in Burmese
စက်တင်ဘာ ၁၃။ စက်တင်ဘာ၁၃ရက်၌ ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ကျင်းပလျက် ရှိသည့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် မင်းသမီးချော ကိတ်ဝင်းစလက် ပါဝင် သရုပ်ဆောင်ထားသည့် “A Little Chaos” ဇာတ်ကားသစ်ကို ညနေပိုင်း အထူးပွဲအဖြစ် မိတ်ဆက် ပြသခဲ့ရာယင်းပွဲသို့ တက်ရောက်လာသည့် အသက် ၃၈ နှစ်အရွယ် မင်းသမီး ကိတ်ဝင်းစလက်မှာ အထူး လှပနေသည်ကို တွေ့ခဲ့ရသည်။

ငရုတ်ကောင်းဒေသတွင် ကုမ္ပဏီနှစ်ခုက ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ နှစ်ရုံအထိ တည်ဆောက်ရန်လျာထားကြောင်း ဧရာဝတီတိုင်း စွမ်းအင် ၀န်ကြီး ပြောကြား

Photo: ငရုတ်ကောင်းဒေသတွင် ကုမ္ပဏီနှစ်ခုက ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ နှစ်ရုံအထိ တည်ဆောက်ရန်လျာထားကြောင်း ဧရာဝတီတိုင်း စွမ်းအင် ၀န်ကြီး ပြောကြား
Monday, September 15, 2014

ငပုတောမြို့နယ် ငရုတ်ကောင်းဒေသတွင် ကုမ္ပဏီနှစ်ခုက ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေးစက်ရုံ နှစ်ရုံတည်ဆောက်ရန် လျာထားမှုရှိနေကြောင်း ဧရာဝတီတိုင်း စွမ်းအင်ဝန်ကြီးက ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်က ငရုတ်ကောင်းမြို့၌ ဧရာဝတီတိုင်းအစိုးရနှင့် A1 ကုမ္ပဏီတို့ပြုလုပ်သော ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်း လူထုတွေ့ဆုံရှင်းလင်းပွဲတွင် Eleven Media ၏ မေးမြန်းချက်အား ထိုသို့ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။  

ငရုတ်ကောင်းဒေသတွင် TA TA POWER ကုမ္ပဏီမှ ကျောက်မီးသွေးစက်ရုံစီမံကိန်း ဆောင်ရွက်ရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အဆိုပါကုမ္ပဏီတို့ ၂ဝ၁၃ ဧပြီ ၁၁ ရက်က MoU လက် မှတ်ရေး ထိုး ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိထားသော် လည်း ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းလာသည့် ကုမ္ပဏီသည် A1 ကုမ္ပဏီဖြစ်နေခြင်းအပေါ် ပွင့်လင်းမြင်သာစွာ ချပြပေးရန်နှင့်စပ်လျဉ်းပြီး မေးမြန်းခဲ့သည်။

“TA TA POWER ကုမ္ပဏီနှင့် A1 ကုမ္ပဏီက သက်ဆိုင်ခြင်းမရှိပါဘူး။ အဲဒီ့ကုမ္ပဏီနှစ်ခုက ငရုတ်ကောင်းဒေသမှာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ရုံ တည်ဆောက်ဖို့ လျာထားနေပါတယ်” ဟု ဖြေကြားသည်။

ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းသည့် A1 ကုမ္ပဏီအနေဖြင့် MoU လက်မှတ် ရေးထိုးထားခြင်း မရှိသေးကြောင်း၊ ဒေသခံများ လက်ခံမှသာ MoU လက်မှတ် ရေးထိုးခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။ ယင်းဆွေးနွေးပွဲ မပြီးဆုံးမီအချိန်တွင် ဒေသခံများက ကန့်ကွက်ကြောင်းပြောဆိုပြီး အစည်းအဝေးခန်းမမှ ထွက်ခွာခဲ့ကြသည်။ ဒေသခံများ၏ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းရလဒ်ကို မည်သည့်ပုံစံဖြင့် အတည်ပြုရယူမည် ဆိုသည်ကိုဖြင့် တာဝန်ရှိသူများက ပြောကြားခြင်းမရှိခဲ့ပေ။

ပြည်သူများ လက်ခံမှသာ MoU လက်မှတ် ရေးထိုးရမည်ဟု ဝန်ကြီးကဆိုပါလျှင် TA TA POWER ကုမ္ပဏီအနေဖြင့် ဒေသခံများနှင့် တွေ့ဆုံရှင်းလင်း သဘောထား ရယူမှု မပြုလုပ်ဘဲ MoU လက်မှတ် ရေးထိုးခဲ့ခြင်းအပေါ် ရှင်းလင်းဖြေကြားပေးရန် ဆက်လက်မေးမြန်းခဲ့သည်။

ဝန်ကြီးက “TA TA POWER ကုမ္ပဏီရဲ့ MoU လက်မှတ်ရေးထိုး မှုက ပြည်ထောင်စုအဆင့်နဲ့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ TA TA POWER ကုမ္ပဏီက ဒေသခံတွေနဲ့ တွေ့ဆုံသွားဖို့လည်း ရှိနေပါတယ်” ဟု ဖြေကြားသည်။

TA TA POWER ကုမ္ပဏီမှ MoU ရေးထိုးပြီးချိန်တွင်မှ တွေ့ဆုံ မည်ဆိုခြင်း သည် ဒေသခံတို့၏ သဘောထားကို အမှန်တကယ် ရယူခြင်းဖြစ်မည်လား (သို့မဟုတ်) နှစ်သိမ့်လက်ခံစေမည့် သဘောလား၊ ဒေသခံများက ကန့်ကွက် လာခဲ့သော် MoU ရေးထိုးထားမှု ပျက်ပြယ်နိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းခဲ့ ရာ ဒေသခံများ လက်မခံခဲ့ပါက MoU ရေးထိုးမှု ပျက်ပြယ်မည်ဖြစ်ကြောင်း ဝန်ကြီးကဖြေကြားသည်။

အစိုးရမှ စီမံကိန်းဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်၏သဘော ထားကို ရယူခြင်း မရှိခဲ့ခြင်းသည် လွှတ်တော်၏ အခန်းကဏ္ဍကို ဂရုမ စိုက်ခြင်းဖြစ်ပြီး ဒီမိုကရေစီ စနစ်အတိုင်း သွားနေသည်ဆိုခြင်းကို ယုံကြည်ရန် ခက်ခဲလာကြောင်း ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက သုံးသပ်ပြောကြားသည်။

“ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်ပြီး လွှတ်တော်ဒသမပုံမှန် အစည်းအဝေးမှာ ဝန်ကြီးချုပ်က ပြောလာတယ်။ လွှတ်တော်ကိုတင်ပြပြီး သဘောထားရယူတာမျိုး မဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတစ်ခုအနေနဲ့ ဆောင်ရွက်ပြီးဖြစ်တယ်။ MoU လက်မှတ် ရေးထိုးပြီးဖြစ်တယ်။ ဒီလောက်ပဲ မိန့်ခွန်းထဲမှာ ထည့်ပြောသွားတာ။ အစိုးရအနေနဲ့ သူတို့လုပ်ချင်တဲ့ Project တွေလုပ်ပြီး ပြင်မရတဲ့အချိန်ကျမှ ပြည်သူကို ချပြတတ်တဲ့သဘောလို့ မြင်တယ်။ လွှတ်တော်ရဲ့ အခန်းကဏ္ဍကို လုံးဝထည့်မစဉ်းစားတဲ့သဘော၊ လွှတ်တော်ရဲ့အနေအထားကို သိတယ်ဆိုရင်တောင် ဂရုမစိုက်ဘူးဆိုတဲ့သဘော ဖြစ်နေတယ်” ဟု ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအား TA TA POWER ကုမ္ပဏီမှ မဂ္ဂါဝပ် ၂၇ဝ(ပ-ဆင့်) ကို ၂ဝ၁၅-၂ဝ၁၈၊ မဂ္ဂါဝပ် ၂၇ဝ (ဒု-ဆင့်) ကို ၂ဝ၂၁-၂ဝ၂၅  ပြီးစီးနိုင်ရေး ခန့်မှန်းထားကြောင်း နိုင်ငံပိုင်သတင်းစာတွင် ပါရှိခဲ့သည်။ A1 ကုမ္ပဏီမှာမူ မဂ္ဂါဝပ် ၃ဝဝ စက်နှစ်လုံး ဆောင်ရွက်နိုင်ရေး လျာထားမှုရှိနေကြောင်း တိုင်းစွမ်းအင်ဝန်ကြီးထံမှ သိရသည်။

မြန်မာနိုင်ငံတွင်း ကျောက်မီးသွေးအရင်းအမြစ်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ လုပ်ဆောင်ရန် MoU လက်မှတ်ရေးထိုးပြီး စီမံကိန်းကိုးခုရှိကြောင်း ၂ဝ၁၄ ဇူလိုင် ၂၃ ရက်ထုတ် နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသည်။ ပြည်တွင်းတိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှစ်ခုမှာ ကွမ်းခြံကုန်း(ရန်ကုန်တိုင်း)နှင့် မြိတ်(တနင်္သာရီတိုင်း)တို့တွင်ဖြစ်ပြီး စုစုပေါင်း ခန့်မှန်းတပ်ဆင် စက်အင်အား မဂ္ဂါဝပ် ၃၃၂ဝ ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (ဖက်စပ်ပိုင်) ဆောင်ရွက်မည့် စီမံကိန်းများမှာ ထန်းတပင် (ရန်ကုန်တိုင်း)၊ သီလဝါ (ရန်ကုန်တိုင်း)၊ ကျောက်တန်း (ရန်ကုန်တိုင်း)၊ ငရုတ်ကောင်း (ဧရာဝတီတိုင်း)၊ ဘုတ်ပြင်း (တနင်္သာရီတိုင်း)၊ ကလေးဝ (စစ်ကိုင်းတိုင်း)နှင့် ကျိုင်းတုံ (ရှမ်းပြည်နယ်)တို့တွင်ဖြစ်ကာ စုစုပေါင်း ခန့်မှန်းတပ်ဆင် စက်အင်အား မဂ္ဂါဝပ် ၉၄ဝဝ တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ကန့်ကွက်မှုများ ရှိနေသော်လည်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အမြောက်အမြား ဆောက်ရန်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားထားသည်။ 

Eleven Media Group 

ဧရာဝတီတိုင်း ငရုတ်ကောင်းဒေသတစ်နေရာကို စက်တင်ဘာလ အတွင်း က တွေ့ရစဉ်
ဧရာဝတီတိုင်း ငရုတ်ကောင်းဒေသတစ်နေရာကို စက်တင်ဘာလ အတွင်း က တွေ့ရစဉ်
ငပုတောမြို့နယ် ငရုတ်ကောင်းဒေသတွင် ကုမ္ပဏီနှစ်ခုက ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက် ရုံ နှစ် ရုံ တည်ဆောက်ရန် လျာထားမှုရှိနေကြောင်း ဧရာဝတီတိုင်း စွမ်းအင်ဝန်ကြီးက ပြောကြားသည်။

ချစ်သူ မရှိပါက သူမ ယခုထက်ပိန်နေ လိမ့်မည် ဖြစ်ကြောင်း မင်းသမီး ခရစ္စတန်ဒန့်စ်ပြော

Photo: ချစ်သူ မရှိပါက သူမ ယခုထက်ပိန်နေ လိမ့်မည် ဖြစ်ကြောင်း မင်းသမီး ခရစ္စတန်ဒန့်စ်ပြော
Monday, September 15, 2014

စက်တင်ဘာ ၁၄။ Spider Man ဇာတ်ကားများဖြင့် နာမည်ကျော် လာခဲ့သူ အမေရိကန် မင်းသမီး ခရစ္စတန်ဒန့်စ် (Kirsten Dunst ) သည် စိတ်ချမ်းသာ လျက်ရှိပြီး ကိုယ်အလေးချိန် အနည်းငယ် တက်လာသည်ဟု ဆိုသည်။ သူမသည် နာမည်ကျော် သရုပ်ဆောင် ဂါရက်ဟက်လန် (Garrett Hedlund) နှင့် ချစ်သူဖြစ်ချိန်မှစ၍ ကိုယ်အလေးချိန် အနည်းငယ် တက်လာ ခဲ့ခြင်း ဖြစ်ကြောင်း (NET-A-PORTER) မဂ္ဂဇင်း ကို၎င်းက ဖွင့်ဟ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခု ကျွန်မ ဗိုက်သား နည်းနည်းပိုထွက်လာပါတယ်။ ဒါကြောင့် ကျွန်မမှာ ဂျင်းဘောင်းဘီ အထည် ၂၀ လောက် ရှိပေမဲ့ သုံးထည်ကိုပဲ တစ်နှစ်လုံး ဝတ်ရမှာပါ။ ဘာကြောင့်လည်းဆိုတော့ ကျန်တဲ့ဂျင်းဘောင်ဘီတွေက ကျွန်မ ပိန်နေတုန်းက ဘောင်းဘီတွေပါ” ဟု သူ Spider Man ဇာတ်ကားများ၏ မင်းသမီးက မဂ္ဂဇင်းအား ပြောပြခဲ့သည်။

“တကယ်လို့ ကျွန်မ စိတ်ချမ်းသာမှု မရှိဘူးဆိုရင်၊ ပြီးတော့ ချစ်သူလည်း မရှိဘူးဆိုရင် ခုထက်ပိုပိန်နေမှာလို့ ကျွန်မထင်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ အတူရှိနေပြီဆိုရင် အများကြီးပို စားသောက်မိမယ့် အပြင် စိတ်လည်း ပိုချမ်းသာနေမှာ ဖြစ်တဲ့အတွက်ပါ” ဟု ၎င်းက ဆိုခဲ့သည်။

အသက် ၃၂ နှစ်အရွယ် မင်းသမီးက သူမသည် အလှအပဆိုင်ရာခွဲစိတ်ပြုပြင်မှု ခံယူလိုသူတစ်ဦး မဟုတ်ကြောင်းလည်း ဆိုခဲ့ပြီး၊ မျက်နှာနုပျိုချောမွေ့စေမည့် Botox ထိုးဆေး ခံယူခြင်းနှင့် မျက်နှာအရေးအကြောင်းများ ပျောက်စေမည့် ဆေး ဝါး များ အသုံးပြုခြင်းတို့သည်၊ ကျက်သရေရှိစွာ အရွယ်ကျလာရမည့်အစား မင်းသမီးတစ်ယောက်၏ အနုပညာလုပ်ငန်းကို ပိုမိုဆိုးဝါးစေနိုင်သည်ဟု ယုံကြည်ထားကြောင်းလည်း ၎င်းက ပြောပြသည်။

“တကယ်လို့ ရှင်ဟာ အသက်အရွယ်ကြီးလာတဲ့ အချိန်အထိ သရုပ်ဆောင် အလုပ်ကို ကာလကြာရှည်စွာ စွဲစွဲမြဲမြဲလုပ်မယ့် မင်းသမီးတစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်တယ်ဆိုရင် အဲလိုဟာတွေ လုပ်လို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ သဘာဝမကျ ဖြစ်လာပြီးတော့၊ အရင်ခေတ်တွေကို ဖော်ကျူးတဲ့ ရုပ်ရှင်တွေမှာ လည်း ပါနိုင်မှာ မဟုတ်တော့ပါဘူး။ အဲဒါတွေကို အမျိုးသားတွေလည်း လုပ်ကြ တယ်လို့ ကျွန်မ ကြားမိပါတယ်။ အဲလိုကြားရတော့ ကျွန်မ အရမ်းစိတ်ပျက်မိ ပါတယ်။ ‘သူတို့ မျက်နှာတွေကို သူတို့ ဘာလုပ်လိုက်ကြတာလဲ' ဆိုတာပဲ ကျွန်မ တွေးမိနေလို့ သူတို့ရဲ့ သရုပ်ဆောင်မှုကိုတောင် ကျွန်မ ဂရုမစိုက် မိတော့ လောက်အောင် ဖြစ်သွားပါတယ်။ မျက်နှာပေါ်မှာ အသားအရေ တွန့်ရှုံ့ တာတွေ ပျောက်ဖို့ဆိုပြီး ဆေးဝါးတွေနဲ့ ပြောင်းလဲပစ်တာဟာ လူတွေ လုပ်လေ့ရှိ တဲ့ အဆိုးဝါးဆုံး အရာတစ်ခုပါ။ အဲဒါဟာ လူတိုင်းကို ဖောသွပ်မို့မောက် သလို ဖြစ်စေ ပါတယ်” ဟု၎င်း က ရှင်းပြခဲ့သည်။

Ref: TooFab
Mizzima - News in Burmese
Spider Man ဇာတ်ကားများဖြင့် နာမည်ကျော် လာခဲ့သူ အမေရိကန် မင်းသမီး ခရစ္စတန်ဒန့်စ် (Kirsten Dunst ) သည် စိတ်ချမ်းသာလျက်ရှိပြီး ကိုယ်အလေးချိန် အနည်းငယ် တက်လာသည်ဟုဆိုသည်။ သူမ သည် နာမည်ကျော် သရုပ်ဆောင် ဂါရက်ဟက်လန် (Garrett Hedlund) နှင့် ချစ်သူဖြစ်ချိန်မှစ၍ ကိုယ် အလေးချိန်အနည်းငယ် တက်လာခဲ့ခြင်း ဖြစ်ကြောင်း (NET-A-PORTER) မဂ္ဂဇင်း ကို၎င်းက ဖွင့်ဟ ပြော ကြား ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းကို နေတိုး လက်နက်တွေပို့

Photo: ယူကရိန်းကို နေတိုး လက်နက်တွေပို့
Monday, September 15, 2014
 
ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုဖို့ အတွက် အနောက်အုပ်စုနိုင်ငံတွေက လက်နက်တွေ ပို့ပေးနေပြီလို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး Valeriy Heletey က ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်လောက်က နေတိုးညွန့်ပေါင်းအဖွဲ့နဲ့ ပြုလုပ်ခဲ့တဲ့ လျှို့ဝှက်ဆွေးနွေးပွဲ အတွင်း လက်နက်တွေပို့ပေးဖို့ သဘောတူခဲ့ခြင်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဒုံးကျည် ကာကွယ်ရေးစနစ်ပါ ပါဝင်တဲ့ အဲဒီလက်နက်တွေကို ဘယ်တိုင်းပြည်တွေက ပို့ပေးတယ်ဆိုတာကိုတော့ ကာကွယ်ရေးဝန်ကြီး Heletey က ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

သူပုန်တပ်ဖွဲ့တွေ အခိုင်အမာ ခြေကုတ်ယူထားတဲ့ တိုင်းပြည်အရှေ့ပိုင်းက Donetsk မြို့ လေဆိပ်ကို ထိန်းချုပ်ထားတဲ့ အစိုးရတပ်ဖွဲ့တွေနဲ့ ခွဲထွက်ရေး သူပုန်အဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားပြီး နောက်တနေ့ တနင်္ဂနွေနေ့မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

တနင်္လာနေ့မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြုလုပ်မယ့် အီရတ်နိုင်ငံအရေး ဆွေးနွေး ပွဲမှာ ယူကရိန်းအရေးကိုပါ ထည့်သွင်းဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry အနေနဲ့ ဆွေးနွေးပွဲကို တက် လာကြ တဲ့ နိုင်ငံခြားရေးဝန်ကြီး တချို့ကို ပြင်ပကို ခေါ်ထုတ်ပြီး ယူကရိန်းအရေး ကို ဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတွေက ပြောပါ တယ်။

ဗွီအိုအေ (မြန်မာဌာန)

မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်တစင်း ယူကရိန်းဘက်က စတင်ပစ်လွှတ်နေပုံ
မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်တစင်း ယူကရိန်းဘက်က စတင်ပစ်လွှတ်နေပုံ
ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုဖို့အတွက် အနောက်အုပ်စုနိုင် ငံတွေက လက်နက်တွေပို့ပေးနေပြီလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး Valeriy Heletey က ပြောပါတယ်။