ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့နေတဲ့ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းပေးဖို့နဲ့ ဒေသခံတွေရဲ့ရပိုင်ခွင့်တွေကို ဆောင်ရွက်ပေးဖို့ ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၂၈ ရွာက ဒေသခံတွေ စုပေါင်း လက်မှတ်ရေး ထိုးပြီး နိုင်ငံတော်သမ္မတဆီကို ဒီနေ့ စာပေးပို့လိုက်ပါတယ်။
Monday, 9 September 2013
ကျိုင်းလပ်မြို့နယ်ခွဲတွင် လက်နက်၊ မူးယစ်ရောင်းချသူများကို ဖမ်းမိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ်ခွဲ ကျခမ်းကျောက် ကျေးရွာ အုပ်စု၊ ကျခမ်းဆောင် ကျေးရွာရှိ နေအိမ်တွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၄နာရီ ၄၅ မိနစ်ခန့်က လက်နက်နှင့် မူးယစ်ဆေးဝါး ရောင်းချသူ အကျိုးဆောင်များကို ဖမ်းမိကြောင်း တာချီလိတ်ခရိုင် မူးယစ် ( အထူး) အဖွဲ့မှ ရဲအုပ်မြင့်လွင်က ပြောကြားသည်။
ကျောက်ဖြူ အထူး စီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ပုံစံသစ်ဖြင့် ခွင့်ပြုမည်
ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် တွင် ရင်းနှီးမြှုပ်နှံ မည်ဆိုပါက အစိုးရ ထိန်းချုပ်မှု ကင်းသော ရင်းနှီးမြုပ်နှံမှု ပုံစံသစ်ဖြင့် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး အကြံပေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
အမျိုးသား ၉၁၉ယောက်နဲ့ တရက်အတွင်း အိပ်ပြီး စံချိန်သစ်တင်တဲ့ အမေရိကန်အမျိုးသမီး
အမေရိကန်အမျိုးသမီး Lisa Sparks ဟာ အမျိုးသား ၉၁၉ ယောက်နဲ့ တရက်အတွင်းမှာအိပ်ပြီး စံချိန်သစ် တင်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံ၊ အူတရာ ပရာဒက် ပြည်နယ်တွင် ဟိန္ဒူ နှင့် မွတ်ဆလင် အဓိကရုဏ်း ဖြစ်ပွားရာ ၂၂ ဦးသေဆုံး
အိန္ဒိယနိုင်ငံ၊ အူတရာ ပရာဒက် ပြည်နယ်တွင် ဟိန္ဒူ နှင့် မွတ်ဆလင် အဓိကရုဏ်း ဖြစ်ပွားရာ ၂၂ ဦးသေဆုံး ခဲ့ပါသည်။
ဆီးရီးယားသမ္မတက ဓာတုလက်နက်သုံးစွဲမှုငြင်းဆို၊အမေရိကန်တို့ တိုက်ခိုက်ရေးကိုဖိအားပေး
ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်က ဆီးရီးယားပြည်သူများအား ဓာတုလက်နက် သုံးတိုက်ခိုက်ခဲ့မှု ၏ နောက်ကွယ်တွင် ၎င်းရှိမနေကြောင်း ပြောကြားပြီး အိမ်ဖြူတော်က ဆီးရီးယားအစိုးရအား အပြစ်ပေးသည့် အနေနှင့် စစ်ဆင်ရေးတစ်ခုလုပ် မည်ကို ထောက်ခံရန် အစိုးရအဖွဲ့အား သိမ်းသွင်းခြင်းကို ယခုတပတ်အတွင်း ဖိအားပေးရမည်ဖြစ်သည်။
(၇၄)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် စက်တင်ဘာလ(၉)ရက်နေ့လည်(၁း၀၀)နာရီက
၂ဝဝ၈ အခြေခံဥပဒေကြောင့် အာဏာလွှဲပြောင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သူရ ဦးရွှေမန်း ပြောကြား
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရကနေ နောင် တက်လာမယ့်အစိုးရကို အာဏာလွှဲပြောင်းပေးဖို့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောလိုက်ပါတယ်။
တိရစ္ဆာန်အစာ ကုန်ကြမ်းများကို တရုတ်နိုင်ငံမှ ကြိုတင်စနစ်ဖြင့် ဝယ်ယူနေ သဖြင့် ပြည်တွင်းသားငါးဈေး မြင့်တက်လာနိုင်
မြန်မာနိုင်ငံမှ ထွက်သော တိရစ္ဆာန်အစာ ကုန်ကြမ်းများကို တရုတ်နိုင်ငံ ကုန်သည်များ မဟုတ်သော တစ်ဆင့်ခံ တရုတ်ပွဲစားများက ကြိုတင်ငွေပေး စနစ်ဖြင့် ဝယ်ယူနေသည်ကို မထိန်းချုပ်နိုင်ပါက ပြည်တွင်း တိရစ္ဆာန်အစာ ကုန်ကြမ်းဈေးနှုန်း ကြီးမြင့်မှုကြောင့် ပြည်တွင်း သား၊ ငါး ဈေးနှုန်းများ ကြီးမြင့်လာနိုင် သည်ဟု သိရသည်။
ဒီမိုကရေစီနှင့် ရုပ်ရှင်၊ ရင့်ကျက်မှုနှင့်အနုပညာအမြင်
ရုပ်ရှင်သည် ဖျော်ဖြေတင်ဆက် မှုဖြစ်သည့် အားလျော်စွာ ပရိသတ်နှင့် လူ့အဖွဲ့အစည်းအပေါ် ကြီးမား သည့် သက်ရောက်မှု ရှိပါသည်။ တစ်ပြိုင်နက်တည်းမှာပင် ရုပ်ရှင်သည် အနုပညာလည်းဖြစ်သည်ဆိုသည့်
“ကမ္ဘာ့အကြီးဆုံး” ခေါင်းလောင်း သွန်းမည့် သတင်းကြောင့် ကြေးဈေးတက်
မင်းကွန်း ခေါင်းလောင်းကြီးထက် သုံးဆနီးပါး ပိုကြီးမားနိုင်ပြီးကမ္ဘာ့အကြီးဆုံး ဖြစ်လာနိုင်သည့် ကြေး သွန်း ခေါင်းလောင်းကြီးကို မြောင်းမြမြို့တွင် သွန်းလုပ်မည့် သတင်းကြောင့် ကြေးဝါဈေးနှုန်းများ တရိပ်ရိပ် တက်လျက်ရှိကြောင်း မန္တလေးမြို့ တမ္ပဝတီရပ်မှ ကြေးသွန်း ပညာရှင်များက ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက်နိုင်ငံတကာအကြံပေးအဖွဲ့ ရွေး ချယ်မည်
ရခိုင်ပြည်နယ်တွင် ဖော်ဆောင်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် ရင်းနှီးမြုပ်နှံသူများ ခေါ်ယူ ရာတွင် လိုက်နာရမည့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွန်းများကို ရေးဆွဲရန်အတွက်နိုင်ငံတကာ အကြံပေး အဖွဲ့တစ်ခုကို ရွေးချယ်သွားမည်ဟုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။
အရှေ့ တောင်အာရှမှ အချမ်းသာဆုံး ပုဂ္ဂိုလ်
ရောဘတ်ကွတ် ( Robert Kuok ) လို့အမည်ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး ပိုင်ဆိုင် ငွေကြေး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံအထက်မှာရှိပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အဆင့်လေးဆယ်ကျော်မှာရှိတယ်လို့လည်း Bloomberg မှ စာရင်းကောက် ဖော်ပြပါတယ်။ Forbes မဂ္ဂဇင်းကတော့ ကမ္ဘာ့ အဆင့် ၇၀ ကျော်နေရာမှာ ထားရှိဖော်ပြ ပါတယ်။
ဈေးဝယ်ရင်း ချောစီးရမယ့် ရှော့ပင်းစင်တာ
မလေးရှားနိုင်ငံ၊ ပင်နီစူလမလေးရှားကျွန်းဆွယ် အနောက်ဘက် ကမ်းရိုး တန်း Selangor ပြည်နယ်၊ Subang Jaya မြို့ မှာ တည်ရှိတဲ့ ရှော့ပင်းစင်တာ တစ်ခုမှာ ဖြစ်ပါတယ်။
အိန္ဒိယနှင့် ပြင်သစ်Shakti-2013 ပူးတွဲစစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည်
အိန္ဒိယနှင့်ပြင်သစ် နှစ်နိုင်ငံ စစ်ဘက်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရန် ကြိုးပမ်း အားထုတ်မှု အဖြစ် Shakti-2013 အမည်ရှိ နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်ခန်း တစ်ရပ်ကို စက်တင်ဘာ ၉ ရက်မှ ၂ဝ ရက်ထိ ပြင်သစ်နိုင်ငံ French Alps ဒေသရှိ Grenoble မြို့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ဆွစ်ဇာလန်၊ အီတလီနှင့် မွန်တီနီဂရိုးနိုင်ငံသို့ ထိုင်းဝန်ကြီးချုပ် အလည်အပတ်သွားရောက်
ထိုင်းဝန်ကြီးချုပ် ရင်လပ်သည် ဆွစ်ဇာလန်၊ အီတလီ၊ ဗာတီကန် စီးတီးနှင့် မွန်တီနီဂရိုး နိုင်ငံများသို့ စက်တင်ဘာ ၈ ရက်မှ ၁၅ ရက်အထိ အလည်အပတ် သွားရောက်ရန် စက် တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမှ ထွက်ခွာသွားကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ဆီးရီးယားအရေးနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ၏ သဘောထား လာမည့် ရက်သတ္တပတ် အကုန်တွင် ချမှတ်မည်
ဆီးရီးယားအစိုးရ၏ ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခဲ့ဖွယ် ရှိမှုအပေါ် ပြင်သစ်နိုင်ငံက မည်သို့ အရေး ယူ ဆောင်ရွက်မည်ဆိုသည့် ဆုံးဖြတ်ချက်ကို လာမည့် ရက်သတ္တပတ်အကုန်တွင် ထုတ်ပြန်ကြေညာ မည် ဖြစ်ကြောင်း ပြင်သစ် သမ္မတ ဟော်လန်ဒ်က စက်တင်ဘာလ ၇ ရက်က ထုတ်ဖော် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ရုရှားအပါအဝင် ဗဟို အာရှဒေသ နိုင်ငံများနှင့် စီးပွားရေးဆိုင် ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်မည်
ရုရှားနိုင်ငံ အပါအဝင် ဗဟိုအာရှဒေသရှိ နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ကာဇက်စတန်နိုင်ငံသို့ အလည်အပတ်ရောက် ရှိနေသော တရုတ် သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာ ၇ ရက်တွင် အက်စ်စတာနာ မြို့ရှိ နာဇာ ဘာရဗ်တက္ကသိုလ်၌ မိန့်ခွန်းပြော ကြားစဉ် ထည့်သွင်း ပြောကြား ခဲ့သည်ဟု အင်တာနက်သတင်းတစ်ရပ်အရ သိရသည်။
ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင် ရွက် ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်
ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ပုသိမ်မြို့ အင်ဂျင်နီယာ မှူးကြီးရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီး
KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် တရုတ်အမျိုးသားကောလိပ် ဖွင့်လှစ်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ၂၀၀၇ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့သော တရုတ်စာနှင့် တရုတ်စကား သင်ကြားပေးသည့် ကျောင်းအား စက်တင်ဘာလထဲတွင် တရုတ်ဘာသာ စကား အမျိုးသားကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေပြီး ကျောင်း သားကျောင်းသူအသစ်များကို လည်း စာရင်းလက်ခံနေပြီဖြစ်ကြောင်း လိုင်ဇာမြို့ခံများထံမှ သိရသည်။
နေပြည်တော် ဈေးကွက်အတွင်း အရည်အသွေးမြင့် ဆိုလာဘုတ်များ ဝင်ရောက်
နေပြည်တော် ဈေးကွက်အတွင်းသို့ ယခုတစ်ပတ်အတွင်း နေအလင်းရောင်သုံး တရုတ်နှင့် အိန္ဒိယနိုင်ငံ ထုတ် နည်းပညာမြင့် ဆိုလာပြားများ ပိုမို ဝင်ရောက်လျက် ရှိရာ မြို့ပေါ်နေ ပြည်သူများထက် လျှပ်စစ်မီး ရရှိရန်ခက်ခဲသော တောင်ပေါ်ဒေသနှင့် ကျေးလက်နေ ပြည်သူများ အထူးစိတ်ဝင်စား အသုံးပြု လာကြကြောင်း ပျဉ်းမနားမြို့ မင်္ဂလာ(၈) လမ်းထောင့် ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်မှ ကိုမင်းဇော်ဦး က ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD က တိုင်းရင်းသား ပါတီများအား ဖိတ်ကြားခဲ့ရာ အချိန်မမီသောကြောင့် ၁၄ ဖွဲ့တွင် ခြောက်ဖွဲ့သာ တက်ရောက်နိုင်ဟုဆို
NLD ပါတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီ ၁၄ ဖွဲ့အား ဖိတ်ကြားခဲ့သော်လည်း ဖိတ်ကြားသည့် အချိန်မှာ နီးကပ်လွန်းသဖြင့် ပါတီခြောက်ဖွဲ့သာ တက်ရောက်ခဲ့ကြောင်းကို NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စက်တင်ဘာ ၇ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသား များနှင့် တွေ့ဆုံဆွေးနွေးသည့် ပွဲတွင် ပြောကြားသည်။
ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယားကွန်း စနစ်ပါဝင်သည့် အထူးရထားတွဲများ မကြာမီထည့်သွင်း ပြေးဆွဲမည်
ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယားကွန်း စနစ်ပါဝင်သည့် အထူး ရထား တွဲများအား မကြာမီထည့်သွင်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာ ၇ ရက်က ရန်ကုန် ဘူတာကြီး တွင် ပြုလုပ်သည့် ရန်ကုန် -ကျိုက်ထို- ရန်ကုန် အထူးအမြန် ရထားစတင်ပြေးဆွဲခြင်း အခမ်းအနားအပြီး သတင်း မီဒီယာ အချို့နှင့် တွေ့ ဆုံရာတွင် ပြောကြားသည်။
လွှတ်တော် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ နုနယ်မှုကြောင့် လွှတ်တော်များက ပြဋ္ဌာန်းလိုက်သော ဥပဒေ အချို့သည် မှားယွင်းမှုများ ရှိသည်ကို ပြန်လည် ပြင်ဆင်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား
လွှတ်တော် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ နုနယ်မှုကြောင့် လွှတ်တော်များက ပြဋ္ဌာန်းလိုက်သော ဥပဒေ အချို့သည် မှားယွင်းမှုများ ရှိသည်ကို ပြန်လည် ပြင်ဆင်မည် ဟု ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ တရားရေး ဆိုင် ရာ အဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
"ထန်းကုန်းရွာ အကြမ်းဖက်မူမှာပါဝင်တဲ့ ၄ ဦးကို တရားစွဲဆို"
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူတွေထဲက လေးဦးကို မီးရှို့မူ အကျိုးစီးပွားဖျက်စီးမူတွေနဲ့ စွဲချက်တင် လိုက်ပြီး ၆ဦးကိုပြန်လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။
အောက်တိုဘာ ၁၅ ရက်ကစပြီး တိုင်းရင်းသားရုပ်သံလိုင်း လွင့်တော့မယ်
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး ကချင်၊ ကယား၊ ကရင် (စကော၊
အရှေ့ပိုး၊ အနောက်ပိုး) ချင်း (လိုင်ဇိုး၊ ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဝ
ဘာသာစကားပေါင်း ၁၁ မျိုးနဲ့ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း စတင်
ထုတ်လွှင့်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နဲ့ တိုင်းရင်းသားဆွေးနွေး
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးဆွဲရေးနဲ့ ပတ်သတ်ပြီး တိုင်းရင်းသား ပါတီတွေ နဲ့ တွေ့ဆုံဆွေးနွေးမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးမှာ စက်တင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့ တယ်လို့သိရပါတယ်။
နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ တပ်ဆင် ထုတ်လုပ်နေသည့် ဂျပန်အခြေစိုက် DENSO ကော်ပိုရေးရှင်းက မြန်မာနိုင်ငံ တွင် လာရောက် လုပ်ကိုင်မည်
ပြည်ပနိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ တပ်ဆင် ထုတ်လုပ်နေသည့် ဂျပန်နိုင်ငံ အခြေစိုက် DENSO ကော်ပိုရေးရှင်းမှ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။
ပြုပြင်ပြောင်းလဲရေးမှာ စီးပွားရေးသော့ချက်ကျဟု ဦးရွှေမန်းဆို
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေးသက်သက် ပြုပြင်ပြောင်းလဲမှုလုပ်ရုံနဲ့ မလုံလောက်
ဗြိတိန်တပ်က မြန်မာစစ်တပ်ကို ဒီမိုကရက်တစ်အကြောင်း သင်တန်းပေးမယ်
မြန်မာနဲ့ အမေရိကန်နိုင်ငံတို့ စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့ အချိန်မှာဘဲ ဗြိတိန် စစ်ဘက်ကနေ မြန်မာ စစ်တပ်အရာရှိတွေကို ၂၀၁၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်စနစ်အောက် မှာ နေ ထိုင်တဲ့ တပ်မတော်တွေအကြောင်းနဲ့ ဒီမိုကရက်တစ်စနစ်ရဲ့ တာဝန်ခံမှုအကြောင်းတွေကို သင်တန်း ပို့ချမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဒုတိယအတွင်းဝန် မစ္စတာ ဂျိုးဖရက်ရှာ(Joe Fisher) က ပြောပြပါတယ်။
အစိုးရသစ်အဖွဲ့ လာမယ့် တစ်ပတ်မှာ ကျမ်းကြိမ်ဖို့ရှိ
သြစတြေးလျနိုင်ငံရဲ့ ၂၈ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့ တိုနီအာဘော့တ်က
လာမယ့် တစ်ပတ်အတွင်းမှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကြိမ်ဆိုဖို့ရှိပြီး
ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ဝန်ကြီး ချုပ် ကယ်ဗင်ရဒ်ကတော့ လေဘာပါတီ ခေါင်းဆောင်အဖြစ်ကနှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။
ဆီးရီးယားကိစ္စမှာ ကုလရဲ့ ဆုံးဖြတ်ချက်ရဖို့ ကန်အစိုးရ ဆက်ကြိုးစားမယ်
ဆီးရီးယား နိုင်ငံ အစိုးရက ဓါတုလက်နက် သုံးစွဲခဲ့တာနဲ့ ပတ်သက်ပြီး၊
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်ရဖို့အတွက် အမေရိကန်က နောက်ထပ်
ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
မွတ်စလင် အစွန်းရောက်များ၏ ဆန္ဒပြမှုများကြောင့် Miss World 2013 ပြိုင်ပွဲအား ဘာလီကျွန်းတွင် ကျင်းပမည်
Miss World 2013 ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပရန် စီစဉ်နေမှုအပေါ် မွတ်စလင် အစွန်းရောက်များက ယခုသီတင်းပတ် အတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့မှုကြောင့် ၎င်းပြိုင်ပွဲအား ဂျကာတာနှင့်
ယခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုများ များပြားလာပြီး ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာ
စက်တင်ဘာ ၅ ရက်က သာကေတမြို့နယ်တွင် အသည်းကင်ဆာ ခံစားနေရသူ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးသည့် နေရာအား မိသားစုဝင် တစ်ဦးက ပြနေစဉ် |
မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း မိမိကိုယ်ကိုယ် သေကြောင်းကြံစည် မှု ဖြစ်စဉ်များ အများအပြား ဖြစ်ပွား လာပြီး ယင်းကဲ့သို့ အဆုံးစီရင်မှုတွင် ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာကြောင်း သိရသည်။
ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယား ကွန်း စနစ်ပါဝင်သည့် အထူးရထားတွဲများ မကြာမီ ထည့်သွင်း ပြေးဆွဲမည်
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့ပတ်ရထားပေါ်တွင် လိုက်ပါစီးနင်းသူများ အား တွေ့ရစဉ် |
ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယား ကွန်း စနစ်ပါဝင်သည့်
အထူး ရထားတွဲများအား မကြာမီထည့်သွင်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း
ရထားပို့ဆောင်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာ ၇
ရက်က ရန်ကုန် ဘူတာကြီးတွင် ပြုလုပ်သည့် ရန်ကုန် -ကျိုက်ထို- ရန်ကုန်
အထူးအမြန် ရထားစတင်ပြေး ဆွဲခြင်းအခမ်းအနားအပြီး သတင်းမီဒီယာ အချို့နှင့်
တွေ့ဆုံရာတွင် ပြောကြားသည်။
အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် UNFC တို့၏ ချင်းမိုင်ဆွေးနွေးပွဲ သဘောတူညီချက်မရ
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် ညီညွတ်သော
တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ စက်တင်ဘာ ၈ ရက်တွင်
ထိုင်းနိုင်ငံချင်းမိုင်မြို့၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတရာသဘောတူညီမှုမရခဲ့ကြောင်း UNFC
၏ပြောရေးဆိုခွင့် ရှိသူ နိုင်ဟံသာကပြောသည်။
မြန်မာနိုင်ငံဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှုအားနည်းနေကြောင်း လုပ်ငန်းရှင်များ ပြော
မြန်မာနိုင်ငံ၏
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်နေသည့် အခက်အခဲများကို
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းထံ စီးပွားရေး ကဏ္ဍအသီးသီးမှ
လုပ်ငန်းရှင်များက တင်ပြရာတွင်လုပ်ငန်း ရှင်များ၏ ထက်ဝက်ကျော်က
ဘဏ်လုပ်ငန်းဖွံ့ဖြိုးမှုအားနည်းနေသည်ဟု ပြောဆိုလိုက်သည်။
Subscribe to:
Posts (Atom)