ပြည့်ဝဆီ ကြွယ်ဝစွာ ပါဝင်သော အစားအစာ များက ဦးနှောက် အတွင်းရှိ လူတစ်ယောက်၏ အစာစားချင် စိတ်ကို ထိန်းညှိပေးသော နေရာအား ပျက်စီးစေနိုင်ကြောင်း လေ့လာမှု တစ်ခုမှ တွေ့ရှိ ထားပါတယ်။
Thursday, 5 June 2014
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ချမှတ်နိုင်ရေး MPC နှင့်နိုင်ငံရေးပါတီများ စတင်ဆွေးနွေး
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ဆက်လက်ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများ မူဘောင် ရေးဆွဲရေးအတွက် မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စတင်ဆွေးနွေးပြီ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF ပါတီ) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
မန္တလေးတွင် အပူဒဏ်ကြောင့် သုံးရက်အတွင်း လူ ၇ ဦး ဆေးရုံရောက်
မြန်မာနိုင်ငံအလယ်ပိုင်း ဒေသသို့ မုတ်သုံ စတင်ဝင်ရောက်နေပြီ ဖြစ်သော်လည်း အပူချိန် မြင့်တက်နေဆဲ ဖြစ်သော မန္တလေးမြို့တော်တွင် ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သုံးရက်အတွင်း အပူရှပ်၍ အမျိုးသား ၇ ဦး မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း ယင်းဆေးရုံမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင် က ပြောကြားသည်။
အမေရိကန်ုနိုင်ငံ အနောက်အလယ်ပိုင်းတွင် ဘေ့စ်ဘောလုံး အရွယ်မိုးသီးများ ကြွေကျ
အမေရိကန်နိုင်ငံ နက်ဘရာစကာပြည်နယ်တွင် ကြီးမားသောမိုးသီးများကြွေကျခဲ့ပြီး ကားများနှင့် လူနေ အိမ်များ ပျက်စီးခဲ့သည်။ အိုင်အိုဝါပြည်နယ်၌ ကြွေကျခဲ့သော မိုးသီးများသည် နက်ဘရာစကာ ပြည်နယ် ထက် အပျက်အစီးများပိုမိုဖြစ်စေခဲ့သည်ဟု အမေရိကန်သတင်းများကဖော်ပြသည်။
စစ်ဘေးသင့် ကလေးငယ်များအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကျင်းပမည်
Child Music‘ကျည်ဆန်တွေအစား ပန်းများပွင့်စေ ငါတို့ ချစ်တဲ့ မြန်မာပြေ’ အမည်ရ စစ်ဘေးသင့် ကလေးငယ်များအတွက် ရန်ပုံငွေဖျော်ဖြေပွဲကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒကို ပြင်ဆင်သည့် ဥပဒေကြမ်း လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော်၌ ခုရုံးဥက္ကဌ ဦးမြသိန်းက တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို ပြင်ဆင်သည့်အခါတွင် ဖွဲ့စည်းပုံနှင့် အညီ ပြင်ရန် အခွင့်အရေးဟု ပြည်သူ့လွှတ်တော်အမတ်ဦးရဲထွန်းက သုံးသပ်သည်။
သစ်ပင်စိုက်လို့ တရားစွဲတယ်
ဒီရေကာတော သစ်ပင်တွေစိုက်ပျိုးရာမှာ ခွင့်ပြုချက် မတောင်းလို့ ဆိုပြီး လူ့အခွင့်အရေးစောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN) အဖွဲ့က ဦးထွန်းထွန်းဦး၊ ဒေးဒရဲမြို့နယ်က ဒေသခံဦးချိုလွင်၊ ဦးခင်ရွှေတို့ကိုတရားစွဲဆိုထားကြောင်း သိရပါတယ်။
တရားစွဲခံနေရတဲ့ ဦးချိုလွင်က“ဒီရေကာတောစိုက်ရာမှာ ဒေသခံရာနဲ့ချီပြီး စုပေါင်း စိုက်ကြတာဖြစ်ပေမယ့် ရဲစခန်းက ကျနော်တို့ကိုပဲ သီးသန့်ရွေးပြီး တရားစွဲတာ” လို့ ဧရာဝတီကို ပြောပါတယ်။
ကျုံဒါးစခန်းမှူး ရဲအုပ်နိုင်မွန်ထွန်းက တရားလိုပြုလုပ်၊ ပုဒ်မ ၁၈ နဲ့ တရားစွဲတာပါ။
ဒါကပထမဆုံးအကြိမ် တရားစွဲခြင်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ဒီရေကာတော အရေးပါပုံအကြောင်း လိုက်လံဟောပြောတဲ့၊ ပွဲစီစဉ်တဲ့ သူတို့ကို ဒီရဲစခန်းက ဒီပုဒ်မနဲ့ တရားစွဲထားခဲ့ပါတယ်။ ပထမအမှုကို ဒေးဒရဲမြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေတုန်း အခုလို ဒုတိယအမှု ဖြစ်လာတာပါ။
အမေရိကန် ကုန်သွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့ ယနေ့ရောက်မည်
နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်စ ပြုလာသည့် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်မှုအဖြစ် အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Ms. Penny Pritzker ဦးဆောင်သော အမေရိကန် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဒု-ရုံး အဖွဲ့မှူးထံမှ သိရသည်။
ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးလ်အသင်း ပနားမားကို လေးဂိုးပြတ် အနိုင်ရခဲ့ပြီး ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ဘော့စနီးယားအသင်း နှစ်ပွဲဆက် နိုင်ပွဲရရှိ
ပနားမားနောက်ခံလူများကို ကျော်ဖြတ်၍ ဂိုးသွင်းယူရန် ကြိုးပမ်းနေသော ဘရာဇီးလ်တိုက်စစ်မှူး နေမာ (Photo:AFP)
ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် နိုင်ငံတကာ ခြေစမ်းပွဲများကို ဇွန် ၃ ရက်နှင့် ၄ ရက်တွင် ဆက် လက် ယှဉ်ပြိုင်ကစားခဲ့ရာ ၂၀၁၄ ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးလ်အသင်းက ပနားမားအသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကျပ်သန်း ၁,၀၀၀ အီးယူ ကူညီမည်
ဥရောပသမဂ္ဂ (အီးယူ)က “ကရင်ပြည်နယ်တွင် စီးပွားရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးရေး အတွက် ငွေကြေးအကူအညီပေးသည့်အစီအစဉ်”ကို PlaNet Finance အဖွဲ့မှတစ်ဆင့် ဆောင်ရွက်သွား မည်ဖြစ်ရာ သုံးနှစ်တာထိုစီမံကိန်းအတွက် ကျပ်သန်း ၁,၂၅၀ သုံးစွဲမည်ဟု ဇွန် ၄ ရက်က ထုတ်ပြန်ခဲ့သည်။
တိုင်းဒေသကြီးအစိုးရက တက္ကသိုလ်ကျောင်းကား ပေါ်တွင် ဖဲရိုက်ခြင်းမပြုရန် ညွှန်ကြားချက်ထုတ်
မန္တလေးတိုင်းအတွင်းရှိ တက္ကသိုလ် ကျောင်းပေါင်းစုံ ကြို၊ပို့ယာဉ်များပေါ်တွင် ဖဲရိုက်ခြင်း ပြုလုပ်သည်ကို တွေ့ရှိ နေရ သဖြင့် ပညာရေးနှင့် လုံးဝမသင့်လျော်သော ကိစ္စဖြစ်၍ အရေးယူမှုပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဇွန်လ၂ ရက်တွင် ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန် ထားသည်။
ကမ္ဘာနှင့် ဖွဲ့စည်းပုံ ဆင်တူသည့် ဧရာမဂြိုဟ်ကြီးတစ်လုံး ရှာဖွေတွေ့ရှိ
ကမ္ဘာမြေကဲ့သို့ပင် သက်ရှိများ ရှင်သန်နေထိုင်ရန် သင့်တော်သည့် ဧရာမ ဂြိုဟ်ကြီးတစ်လုံးကို သိပ္ပံပညာရှင် များက ခြေရာခံ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ Kepler-10cဟု လတ်တလော အမည်ပေးထားသည့် ယင်းဂြိုဟ်ကြီးသည် ကမ္ဘာမြေမှ အလင်းနှစ် (၅၆၀)မျှ အကွာတွင် တည်ရှိသည်။ သိပ္ပံပညာရှင်များက ဘော်စတွန်တွင် ကျင်းပသည့် အမေရိကန် နက္ခတ်ဗေဒ ပညာရှင်များအဖွဲ့ အစည်းအဝေးတွင် ယခုတွေ့ရှိ ချက် အသစ်ကို ကြေညာခဲ့သည်။ Kepler-10cက စကြာဝဠာထဲတွင် သက်ရှိများ ရှင်သန်ပေါက်ဖွားရန် သင့်တော်သည့် ဂြိုဟ်ပေါင်း အတော်များများ ရှိနေနိုင်သည်ဆိုသော ခန့်မှန်းချက်များကို ပိုမိုအားကောင်း ခိုင်မာလာစေခဲ့သည်။
ရုရှားကို လိုအပ်ရင် ပို ပိတ်ဆို့အရေးယူမယ်လို့ ဂျီ ဆဲဗင်းပြော
စက်မှု ထိပ်သီး ၇ နိုင်ငံခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအား တွေ့ရစဉ်
ဘရပ်ဆဲလ်စ်မြို့မှာ တွေ့ဆုံ ဆွေးနွေးနေကြတဲ့ စက်မှု ထိပ်သီး အဖွဲ့ဝင် အနောက်အုပ်စု နိုင်ငံ ခေါင်းဆောင် တွေက တကယ်လို့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ မတည်မငြိမ် ဖြစ်အောင် ရုရှားနိုင်ငံက ဆက်လုပ်နေမယ် ဆိုရင် ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့ သူတို့ ပြင်ဆင်နေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနဲ့ပတ်သက်ပြီး ရုရှားကို အမေရိကန် သတိပေး
ယူကရိန်းသမ္မတနဲ့ အမေရိကန်သမ္မတ
ရုရှားနိုင်ငံက ခရိုင်းမီးယားဒေသကို သိမ်းပိုက်တာမျိုး ဒါမှမဟုတ် ယူကရိန်းရဲ့ အချုပ်အခြာအာဏာထဲ လာရောက်စော်ကားတာမျိုးတွေဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ အမေရိကန်နိုင်ငံက ယူကရိန်းဘက်ကို ရပ်တည်သွားမယ်လို့ အမေရိကန် သမ္မတဘာရက်အိုဘားမားက ရုရှားကို သတိပေးပြောကြားလိုက်ပါတယ်။
နေ့စား ကျောင်းဆရာ၊ ဆရာမများကို တစ်ရက်လျှင် လုပ်အားခ ၃,၀၀၀ ပေးမည်
အခြေခံပညာရေးအတွက် သင်ကြားပေးမည့် တရားဝင်ခန့်အပ်ထားခြင်း မရှိသေးသည့် နေ့စား ဆရာ၊ ဆရာမများကို တစ်ရက်လျှင်ကျပ် ၃,၀၀၀ဖြင့် ခန့်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းပညာရေး ညွှန်ကြားရေး မှူး ရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက မဇ္ဈိမကို ပြောသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ် နေအိမ် မီးလောင်မှု ဝန်ကြီးချုပ်ကို တရားစွဲခွင့် မရှိဟုဆို
အစိုးရသစ် လက်ထက်တွင် ပထမဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ် မီးလောင်မှု ကြောင့် ဝန်ကြီးချုပ်ကို ရဲစခန်း၌ အမှုဖွင့်ထားပြီး ယင်းမီးပေါ့ဆမှုဖြင့် ဝန်ကြီးချုပ်ကို တရားရုံး စွဲတင်ရန် ရှေ့နေ ချုပ်ရုံးထံ ဥပဒေအကြံ တောင်းခံထားရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီး ချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
၁၉၈၂ နိုင်ငံသားဥပဒေကို အကောင်ထည်ဖော်ဖို့ ရခိုင်ရဟန်းတော်များတိုက်တွန်း
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အစိုးရက အမြန်ဆုံး အကောင်အထည်ဖော် ဆောင် ရွက် သင့်ကြောင်း စစ်တွေမြို့မှာ ကျင်းပနေတဲ့ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လုံးဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ညီလာခံကနေ တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်တိုင်းရှိ အခြေခံပညာ ကျောင်းဈေးတန်းများ ဇူလိုင်လတွင် စတင် စစ်ဆေးမည်
အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ရှိ အစားအသောက်များကို ရောင်းချခွင့် တားမြစ် ချက် များ ထုတ်ပြန်ထားသော်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းမုန့်ဈေးတန်း အားလုံးအား စစ်ဆေးမှုကို ဇူလိုင်လမှသာ စတင်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွှန့်ရွှေက The Voice သို့ ပြောကြားသည်။
သမ္မတကို ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် ကေအင်န်ယူ ဆန္ဒရှိ
ကေအင်န်ယူအဖွဲ့ဝင်များနှင့် ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံစဉ် (ဓာတ်ပုံ - အောင်သူရ)
တစ်နိုင်ငံလုံးအပစ် ခတ်ရပ်စဲရေးစာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးပြီး ၂၀၁၄ခုနှစ် မကုန်မီ နိုင်ငံရေး ဆွေးနွေး ပွဲများ ပြုလုပ်နိုင်ရန် ကရင်အမျိုးသားအ စည်းရုံး(KNU) ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ် ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံစဉ် အားလုံးကဆန္ဒရှိကြကြောင်းသ တင်းရရှိသည်။
Subscribe to:
Posts (Atom)