Thursday, 2 October 2014

လဝက ထုတ်ပြန်သည့် လူဦးရေ စာရင်းသာ အတည်ဖြစ်မည်

Photo: လဝက ထုတ်ပြန်သည့် လူဦးရေ စာရင်းသာ အတည်ဖြစ်မည်
Thursday,October 2, 2014

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော လူဦးရေ စာရင်းသည် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု၏ ရှေ့ပြေး စာရင်းထက် များပြားနေခြင်းမှာ ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်း ထုတ်ပြန်ထားခြင်းကြောင့်သာ ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန (လ၀က) မှ စာရင်းသာ အတည်ဖြစ်မည်ဟု သိရသည်။

“ကော်မရှင်က ကြေညာခဲ့တယ်ဆိုတာ ၅ နှစ် တကြိမ် ကောက်ယူတဲ့ ဖွားသေစာရင်းကို အခြေခံပြီး ခန့်မှန်းထားတဲ့ စာရင်းပါ။ ကျနော်တို့ ကောက်ယူတယ်ဆိုတာ အိမ်ထောင်စု စာရင်းကိုလည်း အခြေမခံဘူး။ ကောက်ယူဖို့ သတ်မှတ် ထားချိန်အတွင်း မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်နေကြတဲ့ နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားတွေရော၊ စိတ်ပေါ့ရူးသွပ် နေသူတွေပါမကျန် အားလုံးကို ကောက်ယူတာ။ ကျနော်တို့ ကောက်ယူထားတဲ့ စာရင်းကပဲ အတည် ဖြစ်မှာပါ” ဟု လဝက ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ခိုင်က ပြောသည်။

နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ရုံးခန်း၌ အောက်တိုဘာ ၁ ရက်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ၂၀၀၈ ခုနှစ်က ထုတ်ပြန်ထားသော မြန်မာနိုင်ငံ လူဦးရေ ၅၇ သန်းကျော် စာရင်းနှင့် လ၀ကမှ ထုတ်ပြန်ထားသော ရှေ့ပြေးလူဦးရေ စာရင်း ၅၁ သန်းကျော်တို့ ကွာဟနေသည်ဟု သတင်းမီဒီယာများက ထောက်ပြမှုနှင့် ပက်သက်ပြီး ၎င်းက ပြန်လည်ရှင်းလင်း ပြောဆိုခြင်း ဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာထားသည့် မဲပေးခွင့်ရှိသူဦးရေ စာရင်းသည်လည်း ကော်မရှင်မှ မြန်မာနိုင်ငံ အတွင်း သေချာစွာ စာရင်းကောက်ယူထားခြင်းမျိုး မဟုတ်ဘဲ သီးသန့်စာရင်း ပြုစုခြင်းသာဖြစ်သည်ဟု ၎င်းက ဆက်ပြော သည်။

ပြည်လုံးကျွတ် သန်းခေါင်းစာရင်း လူဦးရေ အတိအကျကို ၂၀၁၅ ခုနှစ်၊ မေလတွင် အပြီးသတ် ကြေညာထုတ်ပြန်မည် ဆိုသော်လည်း ထိုသို့ ထုတ်ပြန်ရာတွင် အလုပ်အကိုင်၊ လုပ်ငန်း၊ လူမျိုးနှင့် ဘာသာ ဆိုသည့် အချက် ၄ ချက်ကို ထည့်သွင်း ထုတ်ပြန်မည် မဟုတ်ဟု ၎င်းက ဆိုသည်။

အလုပ်အကိုင်နှင့် လုပ်ငန်း ဆိုသည့် ကဏ္ဍများအတွက် ထပ်မံ၍ သီးခြား စာရင်း ဆက်လက် ပြုစုရမည် ဖြစ်ကြောင်း၊ ထိုကဏ္ဍများ စာရင်းကို မည်သည့် အချိန်တွင် ထပ်မံ ကြေညာနိုင်မည်ကို အတိအကျ မပြောဆိုနိုင်သေးကြောင်း လဝက ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။

မြန်မာနိုင်ငံတွင် မူလ သတ်မှတ်ထားသော လူမျိုး ၁၃၅ မျိုး ရှိသည်ဟု ဆိုသော်လည်း အခေါ်အဝေါ်၊ စကားလုံး၊ အသုံး အနှုန်းနှင့် ပက်သက်ပြီး တိုင်းရင်းသားများ၏ တောင်းဆိုမှုများ ရှိနေသဖြင့် ထိုစာရင်းများကို တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များနှင့် ညှိနှိုင်း အဖြေရှာပြီးမှသာ ထုတ်ပြန်နိုင်မည် ဖြစ်သည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ခိုင်က ပြောသည်။

“လူမျိုးစု ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ အားလုံး ညှိနှိုင်းပြီးမှ ထုတ်ပြန်လို့ ရမှာဖြစ်တဲ့ အတွက် အဲဒီ ကဏ္ဍ ၄ ခုက ကျန်ရစ်ခဲ့မှာပါ။ ၁၃၅ မျိုးလို့ လောလောဆယ် သတ်မှတ်ထားပေမယ့် အတိုးအလျော့၊ နာမည် အသုံးအနှုန်းတွေ ပြောင်းလဲကောင်း ပြောင်းလဲ နိုင်ပါတယ်။ သေချာတာက ကျနော်တို့ဆီမှာ မရှိတဲ့ ရိုဟင်ဂျာလူမျိုး ဆိုတာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

သန်းခေါင်စာရင်း အပြီးသတ် ထုတ်ပြန်မည့် အချိန်၌ ပြည်ပရောက် နိုင်ငံသားများ လူဦးရေ စာရင်းကိစ္စသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူချိန်က မိသားစုများ ဖြေကြားပေးသော စာရင်းများကိုသာ ထုတ်ပြန်မည် ဖြစ်ကြောင်း၊ လူကုန်ကူး ခံရသူ၊ ပြည်ပသို့ တရားမ၀င် သွားရောက် လုပ်ကိုင်နေသူ၊ ဒုက္ခသည်များ အဖြစ် ခံယူထားသူ၊ တခြားနိုင်ငံသား အဖြစ် ခံယူထားသူ၊ ပြည်ပသို့ တရားဝင် သွားရောက် လုပ်ကိုင်နေသူ စသည်များကို တိုက်ဆိုင် စစ်ဆေးသွားမည် မဟုတ်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ခိုင်က ဆက်ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူချိန်၌ ရရှိထားသော စာရွက်စာတမ်း အထောက်အထားများကို နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနရုံးတွင်း၌ ကန့်သတ် အနေဖြင့် မပျောက်မပျက်အောင် သိမ်းဆည်းသွားမည် ဖြစ်သည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ကြိုင်က ပြောသည်။

“တခြားဝန်ကြီး ဌာနတွေက စီမံချက် တခုခုကြောင့် လူဦးရေ စာရင်းတို့၊ ဘာတို့ကို တောင်းခံလာမယ် ဆိုရင်တော့ ကျမတို့ အနေနဲ့ ဒီစာရင်းတွေကို ထုတ်ပေးသွားမှာပါ။ သူတို့ကလည်း ကျမတို့ဆီက ရတဲ့ အချက်အလက်တွေပေါ် မူတည်ပြီးတော့ နောက်ဆုံး အခြေအနေကို ဆက်ပြီး ပြုစုကြမှာပါ။ ကွန်ပျူတာနဲ့ စာရင်းသွင်းထားပြီး သိမ်းထားပေမယ့် စာရွက်စာတမ်း အထောက်အထားတွေကို ဖျက်ဆီးသွားမှာ မဟုတ်ပါဘူး။ ဒီမှာပဲ မပျက်စီး၊ မပျောက်ပျက်အောင် သီးသန့် ထားသွားမှာပါ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတ၀န်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ မှ ဧပြီလ ၁၀ ရက် အထိ လုပ်ဆောင်ခဲ့ပြီး သန်းခေါင်စာရင်း ကောက်ယူမှု၏ ပထမအဆင့် ရှေ့ပြေး လူဦးရေစာရင်း ထုတ်ပြန်မှုကို ပြီးခဲ့သည့် သြဂုတ်လ ၁ ရက် ထုတ်ပြန်ခဲ့သည်။ မူလက သန်း ၆၀ ရှိမည်ဟု တွက်ချက်ထားသော်လည်း အစိုးရ ထုတ်ပြန်လိုက်သည့် ထိုစာရင်းများအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၄ သန်းကျော် ရှိသည်ဟု ဆိုသည်။

ရှေ့ပြေး ထုတ်ပြန်လိုက်သော ထိုလူဦးရေ စာရင်းများ အရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင် နေကြသူများ မပါဝင်သေးကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၉၈၃ ခုနှစ်တွင် နောက်ဆုံးအကြိမ် ဆောင်ရွက်ခဲ့ပြီး ယခု နှစ်ပေါင်း ၃၀ ကျော်ကြာမှ ပြန်လည် ကောက်ယူခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော လူဦးရေ စာရင်းသည် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု၏ ရှေ့ပြေး စာရင်းထက် များပြားနေခြင်းမှာ ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်း ထုတ်ပြန်ထားခြင်းကြောင့်သာ ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန (လ၀က) မှ စာရင်းသာ အတည်ဖြစ်မည်ဟု သိရသည်။

ကမ္ဘောဇဘဏ် ငွေလွှဲခ ထက်ဝက်လျှော့ချ

Photo: ကမ္ဘောဇဘဏ် ငွေလွှဲခ ထက်ဝက်လျှော့ချ
Thursday, October 2, 2014

KBZကမ္ဘောဇ ဘဏ်ဟာ သူ့ရဲ့ ငွေလွှဲခတွေကို အရင်က ကျပ် တစ်သိန်း ငွေ ၁၀၀ ကျပ်နှုန်း ကောက်ခံနေရာကနေ အောက်တိုဘာ ၂ ရက်နေ့ကစပြီး ကျပ် ၁ သိန်းကို ငွေကျပ် ၅၀ နှုန်းပဲ ကောက်ခံတော့မယ်လို့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒါဟာ ငွေလွှဲခ ကို ထက်ဝက်တိတိ လျှော့ချလိုက်တာလည်း ဖြစ်ပါတယ်။

ဒီအတွက် ကမ္ဘောဇဘဏ် အသုံးပြုသူတွေဟာ အရင်က ငွေ ၁၀ သိန်း လွှဲမယ်ဆိုရင် ငွေလွှဲခ ကျပ် ၁၀၀၀၊ ဆက်သွယ်ခ ကျပ် ၅၀၀၊ စုစုပေါင်း ကျပ် ၁၅၀၀ ပေးနေရာကနေ အခု ငွေလွှဲခ ကျပ် ၅၀၀ နဲ့ ဆက်သွယ်ခ ကျပ် ၅၀၀ စုစုပေါင်း ကျပ် ၁၀၀၀ ပဲ ကုန်ကျတော့မှာဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်ဟာ မြန်မာနိုင်ငံမှာ ဘဏ်ခွဲ အများဆုံး ဖွင့်လှစ်ထားနိုင်တဲ့ ဘဏ်ကြီးဖြစ်ပြီး နိုင်ငံတကာက ပေးအပ်တဲ့ ၀န်ဆောင်မှုကောင်း ဆုတွေကိုလည်း လက်ခံရရှိထားပါတယ်။

ဒီဗွီဘီ
KBZ ကမ္ဘောဇ ဘဏ်ဟာ သူ့ရဲ့ ငွေလွှဲခတွေကို အရင်က ကျပ် တစ်သိန်း ငွေ ၁၀၀ ကျပ်နှုန်း ကောက်ခံ နေရာကနေ အောက်တိုဘာ ၂ ရက်နေ့ကစပြီး ကျပ် ၁ သိန်းကို ငွေကျပ် ၅၀ နှုန်းပဲ ကောက်ခံတော့ မယ် လို့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒါဟာ ငွေလွှဲခ ကို ထက်ဝက်တိတိ လျှော့ချလိုက်တာလည်း ဖြစ်ပါ တယ်။

သင့်အရေပြားမှတဆင့် သင့်ကျန်းမာရေးအခြေအနေကို သိသာစေတဲ့ အချက်များ

Photo: သင့်အရေပြားမှတဆင့် သင့်ကျန်းမာရေးအခြေအနေကို သိသာစေတဲ့ အချက်များ
Thursday, October 2, 2014

အရေပြားရောဂါ အထူးကုဆရာဝန်ဆီ ပုံမှန်လေးသွားပေးဖို့ ထူထောင်ရမယ့် အလေ့အကျင့်ကောင်း တစ်ခုဖြစ်တယ်။ ဆရာဝန်တွေဟာ ကျန်းမာရေးနဲ့ပတ်သက်လို့ အခြေခံလက္ခဏာ သဘောတရားများကို သိမြင်နိုင်သူတွေဖြစ်တယ်။ မျက်စိနဲ့မမြင်နိုင်တဲ့ ရောဂါလက္ခဏာတွေကို သတိထားမိပြီဆိုရင် ဆရာဝန်ဆီသွားပြီး ဘာ့ကြောင့်ဒီလိုတွေဖြစ်တယ်ဆိုတာ စစ်ဆေးရင်း ဆေးကုသမှုခံယူသင့်ပါတယ်။

မျက်လုံးများအဝါရောင်သမ်းလာခြင်း

မျက်လုံးအဝါရောင်သမ်းလာတာတွေဟာ sclera icterus ခေါ် ရောဂါလက္ခဏာအခြေအနေ တစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ ဒီရောဂါကြောင့် အသည်းရဲ့လုပ်ဆောင်ချက် ပုံမမှန်တာတွေဖြစ်စေတတ်ပါတယ်။

အသားအရောင် သိသိသာသာပြောင်းလဲလာခြင်းနဲ့ အသားရေမွဲခြောက်လာခြင်း

နေရောင်ခြည် ထိတွေ့မှုဟာ အသားအရောင်ပြောင်းလဲခြင်းရဲ့ တစ်ခုတည်းသော အချက်တော့ မဟုတ်ပါဘူး။ အထူးသဖြင့် လည်ပင်းတဝိုက်၊ ချိုင်းအောက် ဒါမှမဟုတ် ပေါင်ခြံအရေပြားတွေ မွဲခြောက်ခြောက်အရောင် အကွက်လိုက်ဖြစ်ပေါ်လာခြင်းဟာ ဆီးလွန်၊ ဆီးချိုရောဂါလက္ခဏာတစ်ခုလည်းဖြစ်နိုင်တယ်။

အသားရေ  သို့မဟုတ် ခြေ၊လက်သည်းတွေ ခြောက်သွေ့လာခြင်း

အသားအရေခြောက်သွေ့လာပြီး ဆံပင်နဲ့ လက်၊ခြေသည်းတွေ ကျိုးလွယ်ပဲ့လွယ် အခြေအနေဖြစ်လာတယ်ဆိုရင် တိုက်ဖွိုက်ရာဂါလက္ခဏာ အခြေအနေကို ပြနေတာလည်းဖြစ်နိုင်ပါတယ်။ အသားအရေတွေဆိုတာမျိုးဟာ အဖုအထစ်၊ ယောက်ရမ်းနေခြင်း သို့မဟုတ် ထိရှရာတွေကင်းပြီး အမြဲတမ်းစိုပြေချောမွေ့နေသင့်တာပါ။ နောက်ပြီး အသားရေ ခြောက်သွေ့နေခြင်းဟာ ဗီတာမင် အေ နဲ့ လိုအပ်တဲ့ အဆီအက်စစ်ဓာတ်တွေကို အလုံအလောက် မရရှိခြင်းကြောင့်လည်းဖြစ်နိုင်တယ်။

နှုတ်ခမ်းအက်ကွဲခြင်း

ခြောက်သွေ့လို့ ပါးစပ်နားတစ်ဝိုက် အက်ကွဲလာတာတွေဟာ ဗီတာမင် ဘီနဲ့ ဗီတာမင် B6 မလုံလောက်တဲ့ လက္ခဏာကို ပြသခြင်းမျိုး ဖြစ်နိုင်ပြီး အဲဒီလိုအပ်တဲ့ ဗီတာမင်တွေကို ငါးသေတ္တာဗူးနဲ့ B6 ကိုတော့ ကုလားပဲတို့ကနေ ရရှိနိုင်ပါတယ်။

Source: womenshealthmag
Trend Myanmar
အရေပြားရောဂါ အထူးကုဆရာဝန်ဆီ ပုံမှန်လေးသွားပေးဖို့ ထူထောင်ရမယ့် အလေ့အကျင့်ကောင်း တစ်ခုဖြစ် တယ်။ ဆရာဝန်တွေဟာ ကျန်းမာရေးနဲ့ပတ်သက်လို့ အခြေခံလက္ခဏာ သဘောတရားများကို သိမြင်နိုင်သူတွေဖြစ်တယ်။ မျက်စိနဲ့မမြင်နိုင်တဲ့ ရောဂါလက္ခဏာတွေကို သတိထားမိပြီဆိုရင် ဆရာဝန်ဆီ သွားပြီး ဘာ့ကြောင့်ဒီလိုတွေဖြစ်တယ်ဆိုတာ စစ်ဆေးရင်း ဆေးကုသမှုခံယူသင့်ပါတယ်။

ယူနတီဂျာနယ် သတင်းထောက်များနှင့် CEO တို့အား ထောင်ဒဏ် ၃ နှစ်လျှော့

နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ၃(က)ကို ကျူးလွန်သည်ဟုဆို၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံနေရသော ယူနတီသတင်းဂျာနယ်မှ သတင်းထောက်လေးဦးနှင့် CEO တို့၏ ပြစ်ဒဏ်ကို သုံးနှစ်လျှော့ချလိုက်ပြီး ထောင်ဒဏ် ခုနစ်နှစ်သို့ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်က အောက်တိုဘာ ၂ ရက်တွင် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

နာကျင်မှု ဝေဒနာ အတွက် အိမ်တွင်း ကုထုံးများ

လေ့လာမှုတွေ အရ ကျွန်မတို့ လူသား အားလုံးရဲ့ ၅၀%ကျော်ဟာ နာကျင်မှု ဝေဒနာကို အပတ်စဉ် ခံစားရလေ့ ရှိတယ် လို့ သိရှိရပါတယ်။သင်ရဲ့  နာကျင်မှု ဝေဒနာတွေကို သင့်မီးဖိုချောင် ဒါမှမဟုတ် သင့်ရေခဲသေတ္တာထဲက ပစ္စည်းတွေ အသုံးပြုတာ နဲ့ ပျောက်ကင်း နိုင်တဲ့ အကြောင်းကို သုတေသန ပြုချက်အရ သက်သေပြထား နိုင်တာမို့ နည်းလမ်းတွေကို ဖော်ပြ ပေးလိုက်ပါ တယ်။

Homs မြို့ စာသင်ကျောင်းမှာ ဗုံးပေါက်၊ ကျောင်းသား ၄၀ ကျော်သေဆုံး

Photo: Homsမြို့ စာသင်ကျောင်းမှာ ဗုံးပေါက်၊ ကျောင်းသား ၄၀ ကျော်သေဆုံး 
Thursday,October 2, 2014

ဆီးရီးယားနိုင်ငံ Homs မြို့မှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာက ကလေးငယ် အယောက်ပေါင်း ၃၀ ကျော် သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စာသင်ကျောင်း တစ်ကျောင်းမှာ ဗုံးပေါက်ကွဲခဲတာကြောင့် ကလေးတွေသေဆုံးမှု များတာ ဖြစ်တယ်လို့ အေဘီစီ သတင်းထောက် Matthew Carney က သတင်းပေးပို့ထားပါတယ်။

အသေခံ ဗုံးဖောက် ခွဲရေးသမား တစ်ဦးက ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလူဟာ ဗုံးတစ်လုံးကို ကျောင်းရဲ့ နေရာတစ်ခုမှာ ချထားပြီး နောက်ဗုံးတစ်လုံးနဲ့ ကိုယ့်ကိုကိုယ် အသေခံပြီး ဗုံးဖောက်ခွဲ ခဲ့တာပါ။

စာသင်ကျောင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက် ၆ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေ အိမ်ပြန်မယ့်အချိန်မှာပဲ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Homs မြို့ရဲ့ Alawite လူမျိုးတွေနေထိုင်ရာ Akrameh ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဒေသဟာ သမ္မတ Bashar al Assad နဲ့ လူမျိုးခြင်းတူတဲ့ လူတွေ အနေများတဲ့ ဒေသ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆီးရီးယား အစိုးရကတော့ အသက် ၆ နှစ်နဲ့ ၉ နှစ်အကြားက ကလေးငယ် ၃၁ ယောက် သေဆုံးရတယ်လို့ ပြောပါတယ်။

အခုအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တာဝန်ယူမှုတွေ မရှိသေးပါဘူး။

အရင်တုန်းကတော့ အခုလို ဆင်တူတဲ့ ဗုံးဖောက်ခွဲမှုကို Al Qaeda အဖွဲ့နဲ့ ဆက်နွယ်တဲ့ Nusra Front အဖွဲ့က ပြုလုပ်ခဲ့ဖူးပါတယ်။

ABC Radio Australia

ဆီးရီးယားနိုင်ငံ Homs မြို့မှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ရာက ကလေးငယ်အယောက်ပေါင်း ၃၀ ကျော် သေဆုံး ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

၂ဝ၁၅ရွေးကောက်ပွဲ အောင်မြင်ပြီးစီးရေး အကောင်းဆုံးပြင်ဆင်ထားဖို့လိုဟု ပြည်ထဲရေးဝန်ကြီး ပြောကြား

Photo: ၂ဝ၁၅ရွေးကောက်ပွဲ အောင်မြင်ပြီးစီးရေး အကောင်းဆုံးပြင်ဆင်ထားဖို့လိုဟု ပြည်ထဲရေးဝန်ကြီး ပြောကြား
Thursday, October 2, 2014 

၂ဝ၁၅ခုနှစ်အတွင်း ရွေးကောက်ပွဲ ကာလအစမှ အဆုံးတိုင် တည်ငြိမ် အေးချမ်းချောမွေ့စွာ အောင်မြင်ပြီး စီးရေးကို စိန်ခေါ်မှုအဖြစ် မျှော်မှန်း ပြီး အသင့်ဖြစ်အောင်နှင့် အကောင်း ဆုံးဖြစ်အောင် ပြင်ဆင်ထားဖို့လို ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး ကိုကိုက ပြောကြားခဲ့သည်။

ယနေ့ အောက်တိုဘာ ၁ရက် နေပြည်တော် သင်္ဂဟဟိုတယ်တွင် ပြုလုပ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် နေ့အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးမှ ''မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပြည်တွင်းပြည် ပမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ပတ်သက်၍ ပြည်တွင်းပြည်ပမှာ လက်ရှိဖြစ်ပေါ် နေတဲ့အခြေအနေများကို မျက်ခြည် မပြတ် လေ့လာသုံးသပ်ကာ နောင် ဖြစ်ပေါ်လာမည့်အခြေအနေကို မျှော် တွေးပြီး လုံခြုံရေးမကျိုးပေါက်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ 

ဥပမာ-၂ဝ၁၅ခုနှစ်အတွင်း ရွေးကောက်ပွဲကာလ အစမှအဆုံး တိုင်တည်ငြိမ်အေးချမ်းချောမွေ့စွာ အောင်မြင်ပြီးစီးရေးကို စိန်ခေါ်မှုအ ဖြစ်မျှော်မှန်းပြီး အသင့်ဖြစ်အောင်နဲ့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင် ထားဖို့လိုတယ်။ ထို့အတူ လတ်တ လေကာလမှာ မြန်မာနိုင်ငံအပါအ ဝင် ကမ္ဘာတစ်ဝန်း ခြိမ်းခြောက်နေ သော အကြမ်းဖက်မှုအန္တရာယ်နဲ့ပတ် သက်ပြီး မိမိနိုင်ငံလူမျိုးနဲ့ ပြည်သူလူ ထုအပေါ် ဘယ်လိုဘေးအန္တရာယ်မှ မကျရောက်ဖို့နဲ့ ရပ်ရွာအေးချမ်းသာ ယာရေးအတွက် ပြည်တွင်းလုံခြုံမှုကို အပြည့်အဝဆောင်ရွက်ပေးနိုင်ဖို့အ တွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အဘက်ဘက်က ကြိုတင်မျှော်တွေး ပြင်ဆင်ထားကြဖို့ပြောကြားခဲ့သည်။

ယင်းအပြင် ပြည်သူကို ဗဟိုပြု သော ရဲလုပ်ငန်းစနစ်သို့ အလုံးစုံကူး ပြောင်းရောက်ရှိရေးအတွက် ကြိုး ပမ်းဆောင်ရွက်ကြရာမှာ ပြည်သူလူ ထုက ယုံကြည်စွာအပ်နှံထားတဲ့လုပ် ပိုင်ခွင့်တွေကို ရဲတပ်ဖွဲ့အနေနှင့် ဥပ ဒေနှင့်အညီ ဆောင်ရွက်နေကြောင်း ပေါ်လွင်အောင် ပြုမူကြရမှာဖြစ်ပါ တယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတာဝန် ဆောင်ရွက်မှုများ ပွင့်လင်းမြင်သာမှု ရှိအောင် မီဒီယာမှတစ်ဆင့် ပြည်သူ လူထုထံ စဉ်ဆက်မပြတ် ပွင့်လင်းစွာ အသိပေးဆောင်ရွက်ကြရမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အားနည်းချက် များကို အရှိပကတိအတိုင်း ရှုမြင် ဖော်ထုတ်ထောက်ပြလိုတယ်။ အထက် အဆင့်ဆင့်က အမိန့်ညွှန်ကြားချက် များ၊ စစ်ဆေးကြပ်မတ်မှုများပြုလုပ် နေတဲ့ကြားက လက်အောက်ရဲစခန်း များမှာ ကျင့်ဝတ်အညီပြုမူကျင့်ကြံ ကြရန်လိုအပ်မှု၊ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားမှု၊ လာဘ်ပေးလာဘ်ယူ မှုအပြင် တစ်ဦးချင်းနဲ့ တပ်ဖွဲ့အရည် အသွေးကို ထိခိုက်စေတဲ့ ရဲလုပ်ငန်း ပေါ့လျော့မှုများဟာလဲ ယနေ့တိုင်ဖြစ် ဆဲပဲဖြစ်တယ်။ ဒီအတွက် ရဲတပ်ဖွဲ့ ဝင်တွေရဲ့ ဥပဒေလုပ်ထုံးနဲ့အညီ မဆောင်ရွက်မှု၊ အာဏာအလွဲသုံးစား မှုများကို လူထုတိုင်ကြားချက်လက်ခံ ခြင်း၊ ဖုန်း Hot Line ထားရှိခြင်း၊ အင်တာနက်၊ Facebook များမှတင် ပြချက်များရယူပြီး စုံစမ်းဖော်ထုတ် အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိပါတယ်။ ရဲတပ်ဖွဲ့ဝင်များအနေနဲ့ ဒီအားနည်းချက်များ တပ်ဖွဲ့အတွင်း လုံးဝကင်းစင်အောင် ကိုယ်စီကျင့်သုံး ပြုပြင်ကြရမှာဖြစ်တယ်။ ရဲတပ်ဖွဲ့ဝင် များဟာ ရဲလုပ်ငန်းဆောင်ရွက်ရာမှာ ဖိနှိပ်မှုပုံစံနဲ့မသွားဘဲ ထိန်းသိမ်းမှု၊ စီမံခန့်ခွဲမှုပုံစံနဲ့သွားနေတာဖြစ်လို့ မိမိတို့လုပ်ဆောင်ချက်အားလုံးကို လဲ နိုင်ငံတကာစံနဲ့အညီဆောင်ရွက် သွားကြဖို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေတဲ့ ဒီမိုကရေစီရဲ့လုပ် ငန်းရဲ့တိုးတက်မှုဟာ ထိန်းချုပ်မှုကို ရှေးရှုသော ချဉ်းကပ်မှုကနေပြီး ဝန် ဆောင်မှုကို ရှေးရှုသောချဉ်းကပ်မှု အဖြစ် ကူးပြောင်းဆောင်ရွက်ကြရ မှာ ဖြစ်တယ်''ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်(၅ဝ) ပြည့် ရွှေရတုအထိမ်းအမှတ်နေ့အ ခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးမှ ၂ဝ၁၄ ခုနှစ်အတွင်း နိုင်ငံတော်မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ် များချီးမြှင့်အပ်နှင်းခံရသော ရဲသီဟ တံဆိပ်ရရှိသူ တစ်ဦး၊ ရဲသူရတံဆိပ် ရရှိသူ လေးဦး၊ ရဲဗလတံဆိပ်ရရှိသူ တစ်ဦး၊ ရဲကျော်စွာတံဆိပ်ရရှိသူ တစ် ဦး၊ ရဲကျော်သူတံဆိပ်ရရှိသူ လေးဦး၊ တို့အား နိုင်ငံတော်သမ္မတကိုယ်စား ချီးမြှင့်အပ်နှင်းပေးခဲ့သည်။

Yangon Media Group
၂ဝ၁၅ခုနှစ်အတွင်း ရွေးကောက်ပွဲ ကာလအစမှ အဆုံးတိုင် တည်ငြိမ် အေးချမ်းချောမွေ့စွာ အောင်မြင်ပြီး စီးရေးကို စိန်ခေါ်မှုအဖြစ် မျှော်မှန်း ပြီး အသင့်ဖြစ်အောင်နှင့် အကောင်း ဆုံးဖြစ်အောင် ပြင်ဆင်ထားဖို့လို ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး ကိုကိုက ပြောကြားခဲ့သည်။

လွှတ်တော်တစ်ခုပြီးတိုင်း လွှတ်တော်အစီရင်ခံစာ ထုတ်ဝေပေးမည်

လွှတ်တော် စောင့်ကြည့်လေ့လာရေး အစီအစဉ်အရ လွှတ်တော်တစ်ခုပြီးတိုင်း လွှတ်တော်၏ လုပ်ဆောင် မှုများကို အစီရင်ခံစာ ထုတ်ဝေသွားနိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်လင်း မြန်မာ့ ရှေ့ဆောင် အဖွဲ့မှ ပညာရေးနှင့်သုတေသနအဖွဲ့၏ အကြံပေးတစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောသည်။

လက်ပံတောင်းဒေသခံများ တရုတ်အလံကို မီးရှို့

Photo: လက်ပံတောင်းဒေသခံများ တရုတ်အလံကို မီးရှို့
Thursday, October 2, 2014 

ပုံသဏ္ဌာန်မျိုးစုံဖြင့် ကျိန်စာတိုက်ပွဲများ ပြုလုပ်ခဲ့သော လက်ပံတောင်းတောင် စီမံကိန်းနယ်မြေ ဆည်တည်းကျေးရွာ၏ မြောက်ဘက် ရဲကင်းများအနီးတွင် ဒေသခံများက အောက်တိုဘာလ ၁ ရက် ညနေပိုင်းက ကျိန်စာတိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံအလံကို မီးရှို့သရုပ်ပြမှုများ ပြုလုပ်ခဲ့ကြောင်း လက်ပံတောင်း ဒေသခံများက ပြောကြားသည်။

လက်ရှိ ကျိန်စာတိုက်ပွဲသည် လက်ပံတောင်း ဒေသ၏ ၁၁ ကြိမ်မြောက် ကျိန်စာတိုက်ပွဲ ဖြစ်ခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီ ခြံစည်းရိုးအနီး ကန်တော့ပွဲများဖြင့် တောင်စောင့်နတ်များကို ပူဇော်ကာ ဒေသခံများ မြေယာမဲ့ဘဝ ဖြစ်ရအောင် ပြုလုပ်သူများနှင့် တောင်ကို စောင့်ရှောက်နေသော တောင်စောင့်နတ်များကို နေရာပျောက်အောင် ပြုလုပ်သူများကို ကျိန်စာတိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆည်တည်းရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“ရွာက ဒေသခံ အမျိုးသမီးတစ်ဦးက ဖိုလ်ဝင်ရှင်မ နတ်ပူးပြီး ကျိန်စာတိုက်မှုတွေ လုပ်သလို၊ နတ်ကျားပူးကပ်တဲ့ ပုံသဏ္ဌာန်နဲ့ စီမံကိန်း ခြံစည်းရိုးအနီးမှာ ကျားဟိန်းသံလို အော်ပြီး ကန်တော့ပွဲထဲက ဆန်တွေကို စီမံကိန်း ဧရိယာထဲ ပစ်ကြဲပြီး ကျိန်စာတိုက်တယ်” ဟု ၎င်းကဆိုသည်။

လက်ပံတောင်းတောင်အား မျက်နှာမူ၍ ရွှေရောင်သုတ်ထားသည့် မျက်နှာဖုံးများကို တပ်ထားသူ သုံးဦးမှ တရုတ်နိုင်ငံ အလံကို ကိုင်ဆောင်ကာ ကြွေးကြော်သံများ အော်ဟစ်ပြီး မောင်းထုကာ တရုတ်နိုင်ငံအလံကို မီးရှို့မှုများကို ခဲ့သည်။

ကျိန်စာတိုက် ဆန္ဒထုတ်ဖော်ပွဲသို့ ဒေသခံ ၇၀ ဦးခန့် လာရောက်ခဲ့ပြီး ဒေသခံတွေအပေါ် ကျွန်ပြုရန် လုပ်ဆောင်နေသည့် တရုတ် ဝမ်ပေါင်ကုမ္ပဏီ အလိုမရှိ၊ စစ်ခရိုနီ ဦးပိုင်ကုမ္ပဏီ ကျဆုံးပါစေ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝအလိုမရှိ၊ မဖြူနှင်းထွေး အပါအဝင် မတရားဖမ်းဆီးခံ ထားရသူများကို ချက်ချင်းလွှတ် စသည့် အချက်များကိုလည်း ကြွေးကြော်ခဲ့ကြောင်း ပါဝင်ခဲ့သည့် ဒေသခံများက ပြောကြားသည်။

လက်ပံတောင်းတောင် စီမံကိန်းကို ရပ်ဆိုင်းပေးရန် ဒေသခံများက ရာချီသော ဆန္ဒထုတ်ဖော်ပွဲများကို ပြုလုပ်ခဲ့သကဲ့သို့ ထူးခြားသည့် ပုံသဏ္ဌာန်ဖြင့် သုသာန်အတွင်း ပြုလုပ်သည့် ပါဖော့မန့်များ၊ အခေါင်းသုံးလုံး မီးရှို့မှုများ နတ်များ ပင့်ဖိတ်ကျိန်စာတိုက်မှုများကို အမျိုးမျိုး ပြုလုပ်ခဲ့ကြပြီး နောက်ဆုံးအနေနှင့် တရုတ်နိုင်ငံ အလံကိုပါ မီးရှို့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The Voice Weekly
ပုံသဏ္ဌာန်မျိုးစုံဖြင့် ကျိန်စာတိုက်ပွဲများ ပြုလုပ်ခဲ့သော လက်ပံတောင်းတောင် စီမံကိန်းနယ်မြေ ဆည်တည်း ကျေးရွာ၏ မြောက်ဘက် ရဲကင်းများအနီးတွင် ဒေသခံများက အောက်တိုဘာလ ၁ ရက် ညနေပိုင်းက ကျိန်စာတိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံအလံကို မီးရှို့သရုပ်ပြမှုများ ပြုလုပ်ခဲ့ကြောင်း လက်ပံ တောင်း ဒေသခံများက ပြောကြားသည်။

ထုတ်ဝေရန်လျာထားသော ငွေစက္ကူပမာဏထက် ကျပ် ၅၀၀၀ တန်ပုံစံသစ် များကို ပိုမိုထုတ်လုပ်ခြင်း မဟုတ်သောကြောင့် ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်ခြင်းမရှိဟု ဗဟိုဘဏ်တာဝန်ရှိသူ ပြောကြား

ကျပ် ၅ဝဝဝ တန် ပုံစံသစ်များသည် နှစ်တစ်နှစ်တွင် ရိုက်နှိပ်ထုတ်ဝေရန် လျာထားသည့် ငွေစက္ကူ ပမာဏ ထက် ပိုမိုရိုက်နှိပ် ထုတ်ဝေခြင်း မဟုတ်သဖြင့် ငွေကြေးဖောင်းပွမှုအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူက ပြောကြားသည်။ လုံခြုံရေးကြိုး ပုံစံသစ်၊ ရေစာသစ်နှင့် ဗားနစ် (VARNISH)အလွှာဖုံးအုပ်ထားသည့် ကျပ် ၅ဝဝဝ တန် ပုံစံသစ်သည် အရည်အသွေးပိုင်းတွင် အဆင့်မြှင့်ထားခြင်းဖြစ်ပြီး လုံခြုံရေးပိုင်းကို ဦးစားပေးထားပြီး ထုတ်ဝေခြင်းဖြစ်သည်ဟု သိရသည်။

ကွန်ဒိုနှင့် အိမ်ရာသစ်များကြောင့် ၂ နှစ်အတွင်း ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုမဂ္ဂါဝပ် ၂၀၀ ကျော် တိုးလာမည်

Photo: ကွန်ဒိုနှင့် အိမ်ရာသစ်များကြောင့် ၂ နှစ်အတွင်း ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုမဂ္ဂါဝပ် ၂၀၀ ကျော် တိုးလာမည်
Thursday, October 2, 2014

ဒဂုံစီးတီးအပါအ၀င်ရန် ကုန်မြို့တွင် တည်ဆောက်မည့် ကွန်ဒိုနှင့်အိမ်ရာ အဆောက်အ အုံများကြောင့် လာမည့် ၂ နှစ်အ တွင်း ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ် အား လိုအပ်ချက်သည် မဂ္ဂါဝပ်၂၀၀ ကျော် ထပ်တိုးလာမည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ သတင်းရရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မဂ္ဂါဝပ် ၁၆၈၈ဖြန့်ဖြူးပေးနေ ပြီး ထက်ဝက်ခန့်(မဂ္ဂါဝပ် ၈၀၀) ကို ရန်ကုန်မြို့တွင် သုံးစွဲနေသည် ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က မကြာခဏထုတ်ပြန်သည်။ ယခင်သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား ၈၀၀ ခန့်အပြင် ၂ နှစ်အတွင်း မဂ္ဂါဝပ် ၂၀၀ ကျော် ထပ်မံလိုအပ်လာမည်ဖြစ်သည်။

‘‘ရန်ကုန်မြို့ရဲ့  လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကိုတွက် ချက်တဲ့အခါ အခုတိုးနေတဲ့အ ဆောက်အအုံတွေရဲ့ လျှပ်စစ်လို အပ်ချက်ကို တွက်ချက်ရတယ်။  ဆောက်တဲ့သူတွေက လျှပ်စစ်ကို စုံစမ်းတာမရှိဘူး။ကိုယ့်ဘာသာပဲ  ဆက်သွယ်မေးမြန်းရတယ်။ လျှပ် စစ်လိုအပ်ချက်တိုးလာရင် အ လွယ်လုပ်လို့မရဘူး။ ထရန်စဖော် မာတွေဆင်ရတယ်။ ထပ်ထည့်ရ တယ်။ အဆင့်တွေအများကြီးပဲ။  အဆောက်အအုံဆောက်က တည်းက လာတိုင်ပင်သင့်တယ်။ အခုဟာက သူတို့တည်ဆောက် တဲ့လုပ်ငန်းတွေအားလုံးစီစဉ်ပြီးမှ  ပဲရောက်ရောက်လာတာ’’ဟုရန် ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အကြီးတန်းအရာရှိကြီးကထပ်မံပြောသည်။

ဟိုတယ်၊ ရှော့ပင်းမောနှင့်လူနေကွန်ဒိုများပါဝင်မည့် ဒဂုံစီးတီး စီမံကိန်းသည် ၄၅ မဂ္ဂါဝပ်၊ ရွှေတောင် ကုမ္ပဏီက တည်ဆောက်မည့် အဆောက်အအုံအတွက် ၁၅ မဂ္ဂါဝပ်၊ ရှန်ဂရီလာကတည်ဆောက်မည့် အဆောက်အအုံအတွက် ၂၅ မဂ္ဂါဝပ်၊ ကမ္ဘာအေးဘုရားလမ်းတွင် ဗီယက်နမ်ဟိုတယ်အတွက် မဂ္ဂါဝပ် ၂၀ စုစုပေါင်းမဂ္ဂါဝပ် ၁၀၀ နီးပါးလိုအပ်မည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ကောက်ယူထားသည့် စစ်တမ်းအရ သိရသည်။

အဆိုပါစီမံကိန်းကြီးများက လိုအပ်မည့်ပမာဏဖြစ်ပြီး ရန် ကုန်မြို့အတွင်းတည်ဆောက်နေ သည့် လူနေတိုက်ခန်းများ၏ ပျမ်း မျှလိုအပ်ချက်နှင့် ခန့်မှန်းတွက် ချက်ပါက ရန်ကုန်မြို့၏လျှပ်စစ် ဓာတ်အား လိုအပ်ချက်သည် ၂နှစ်အတွင်းပမာဏများစွာလိုအပ် လာမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အ ကြီးတန်း အရာရှိကြီး တစ်ဦးက ပြောသည်။

လာမည့် သုံးလေးနှစ် အ တွင်း ဆောက်လုပ်ပြီးစီးမည့် စီမံ ကိန်း အကြီးစားများ၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုသည် နယ်မြို့  ၁၀ မြို့စာတွင် သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းနှင့် ညီမျှကြောင်း၊ ကျောက်မဲမြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂ မဂ္ဂါဝပ်မျှရှိသည်ကို နှိုင်းယှဉ်၍ သုံးစွဲမှုနှုန်းမြင့်မားသည့် အဆောက်အအုံကြီးများဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

မြန်မာနိုင်ငံတွင် မြို့နယ် ပေါင်း ၃၉၆ မြို့နယ်နှင့် ကျေးရွာ ပေါင်း ခြောက်သောင်းရှိသည့်အနက် မြို့နယ် ၂၂၄ မြို့နယ်နှင့် ကျေးရွာ လေးသောင်းကျော်သာ လျှပ်စစ်မရရှိဘဲ ဖြစ်နေပြီးနိုင်ငံ လူဦးရေ၏ ၇၀ရာခိုင်နှုန်းမှာလျှပ် စစ်ဓာတ်အားမရရှိသေးကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

7Day DAILY 

လျှပ်စစ်သုံးစွဲမှု များပြားသော ရန်ကုန်မြို့လယ် ၀န်းကျင်ကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

လျှပ်စစ်သုံးစွဲမှုများပြားသော ရန်ကုန်မြို့လယ်ဝန်းကျင်ကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ဒဂုံစီးတီးအပါအ၀င်ရန် ကုန်မြို့တွင် တည်ဆောက်မည့် ကွန်ဒိုနှင့်အိမ်ရာ အဆောက်အအုံများကြောင့် လာမည့် ၂ နှစ်အတွင်း ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် မဂ္ဂါဝပ်၂၀၀ ကျော် ထပ်တိုးလာ မည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား Daewoo International Co.,Ltd. မှ နေ့လည်စာဖြင့်တည်ခင်းဧည့်ခံ

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား Daewoo International Co.,Ltd. မှ နေ့လည်စာဖြင့်တည်ခင်းဧည့်ခံ
Thursday, October 2, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဆိုးလ်မြို့၊ Samcheonggak Restaurant သို့ရောက်ရှိရာ Daewoo International Co.,Ltd မှ President ဖြစ်သူ Mr.Jeon Beyong II နှင့် တာဝန်ရှိသူများကကြိုဆိုကြသည်။

ထို့နောက် Mr.Jeon Beyong II က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Daewoo International Co.,Ltd မှ President ဖြစ်သူ Mr.Jeon Beyong II တို့နှင့်အတူ နေ့လည်စာအား အတူတကွသုံးဆောင်ခဲ့ကြသည်။ နေ့လည်စာစားပွဲအပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်များ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Credia to : Senior General Min Aung Hlaing
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဆိုးလ်မြို့၊ Samcheonggak Restaurant သို့ရောက်ရှိရာ Daewoo International Co.,Ltd မှ President ဖြစ်သူ Mr.Jeon Beyong II နှင့် တာဝန်ရှိသူများကကြိုဆိုကြသည်။

နိုင်ငံသားဥပဒေ ပြင်ဆင်ပြီးမှ ပြည်တွင်းပြည်ပဘဏ်များ အကျိုးတူ ဆောင်ရွက်ခွင့်ပေးမည်

 မြန်မာနိုင်ငံသား အက် ဥပဒေပြင်ဆင်ပြီးမှသာ နိုင်ငံခြား ဘဏ်များကို ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် အကျိုးတူပူးပေါင်း ၍ လုပ်ခွင့်ပေးနိုင်မည်ဟု မြန်မာ နိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

ကွက်ခိုင်ဒေသထွက် ဝါးပိုးကောင်နှင့် ပျားကြီးပိုးလောင်းများ ဈေးကောင်းရနေ

ကွတ်ခိုင် ဒေသတွင် တရုတ်လူမျိုးအများစုက ဝါးပင် ၌ နေလေ့ရှိသည့် ဝါးပိုးလောင်း ကောင်လေးများနှင့် ပျားကြီးပိုး လောင်းများကို ဈေးကောင်းပေး ဝယ်ယူလျက်ရှိနေကြောင်း သတင်းရရှိသည်။

လုယက်ခိုးယူမှုများဆက်တိုက်ဖြစ်ပွားနေသည့် မန္တလေးဧရာဝတီမြစ်ကြောင်း လုံခြုံရေး ရေကြောင်းရဲတပ်ဖွဲ့စတင်တာဝန်ယူ

Photo: လုယက်ခိုးယူမှုများဆက်တိုက်ဖြစ်ပွားနေသည့် မန္တလေးဧရာဝတီမြစ်ကြောင်း လုံခြုံရေး ရေကြောင်းရဲတပ်ဖွဲ့စတင်တာဝန်ယူ
Thursday, October 2, 2014

လုယက်ခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားနေသည့် မန္တ လေးမြစ်ဆိပ်များနှင့် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် လုံခြုံ ရေးအတွက် စက်တင်ဘာ ၃၀ ရက်မှစတင်ကာ ရေကြောင်းရဲ တပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက် နေပြီဖြစ်ကြောင်းသတင်းရရှိ သည်။

မြန်မာနိုင်ငံရေကြောင်း ရဲ တပ်ဖွဲ့၊ ရန်ကုန်ရေကြောင်းရဲတပ် ဖွဲ့ခွဲမှ သင်္ဘောတစ်စီး၊ စပိဘုတ် တစ်စီးနှင့် တပ်ဖွဲ့ဝင်အား ၁၆ ဦးသည် စက်တင်ဘာ ၂၉ ရက် ညတွင် မန္တလေးမြို့သို့ရောက်ရှိ လာပြီး ဂေါဝိန်ဆိပ်တွင်အခြေ စိုက်ကာ မန္တလေးဆိပ်ကမ်းများ လုံခြုံရေးနှင့် ဧရာဝတီမြစ်ကြောင်း လုံခြုံရေးတာဝန်များကို စတင် ဆောင်ရွက်နေပြီဟု ရေကြောင်း ရဲတပ်ဖွဲ့ရဲမှူးခွန်မျိုးမြင့်သိန်းက ပြောသည်။

မကြာမီလအတွင်း သင်္ဘောနှစ်စီးနှင့် အင်အားအချို့ထပ်မံရောက်ရှိလာဦးမည်ဖြစ်ပြီး ရေ ကြောင်းရဲတပ်ဖွဲ့အနေဖြင့် သင်္ဘောလေးစီးဖြင့် ဂေါဝိန်ဆိပ်တွင် အခြေစိုက်ကာ ဧရာဝတီမြစ် ကြောင်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်သွားမည်ဖြစ်သည်။

မန္တလေးမြို့တွင် ဧရာဝတီ မြစ်ဆိပ်ကမ်းဆယ်ခုရှိပြီး ယင်း ဆိပ်ကမ်းများလုံခြုံရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏အစီအစဉ်ဖြင့်လည်း ဝပ် ကင်း၊ လှည့်ကင်းများဖြင့် လုံခြုံ ရေးဆောင်ရွက်လျက်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီးလုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးကပြော သည်။

လက်ရှိတွင် မန္တလေးမြို့ရှိ ဧရာဝတီမြစ်   ဆိပ်ကမ်းများ၌ ဆိုက်ကပ်ရပ်နားထားသော ခရီး သည်တင်ရေယာဉ်နှင့် ကုန်တင် သင်္ဘောများ မကြာခဏပစ္စည်း ခိုးယူခံရခြင်းနှင့် လုယက်ခံရခြင်း များကြုံတွေ့နေရသည်။ လုံခြုံ ရေးများတင်းကျပ်ထားသည်ဆို သော်လည်း ခိုးဝှက်လုယက်မှုများ မှာ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ် သည်ဟု မန္တလေးဧရာဝတီမြစ် ဆိပ်များမှ ရေယာဉ်အသင်း တာဝန်ရှိသူများကပြောသည်။

ရေကြောင်း  ရဲတပ်ဖွဲ့ မရောက်မီ စက်တင်ဘာ ၂၇ ရက် ကလည်း ရွှေကြက်ယက်ဆိပ်ကမ်းအနီး ဆိုက်ကပ်ထားသော စက် လှေတစ်စီးတွင် ခြိမ်းခြောက်လု ယက်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

လုယက်သူများက ဓားဖြင့် ခြိမ်းခြောက်ကာ စက်လှေပေါ်ပါ ကေဘယ်ကြိုးခွေများ၊ အင်ဂျင် ဝိုင်ပုံးများ၊ ဓာတ်ဆီများစသည် တို့ကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။ ၎င်းလုယက်သူများနှင့် စစ်ကိုင်းတံတားအနီးတွင် ကင်း လှည့်နေသော ရဲတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံကာ နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့၏ ပစ် ခတ်မှုကြောင့် တဘက်စွဲရွာမှ အမျိုးသားတစ်ဦးသေနတ်ထိမှန် ခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က သ တင်းထုတ်ပြန်သည်။

ယင်းလုယက်မှုအတွက် တဘက်ဆွဲရွာဒေသခံများအပါ အဝင် သံသယရှိသူခုနစ်ဦးကို အမရပူရမြို့နယ်ရဲစခန်းတွင် ပြစ် မှုပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေသည်ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

7Day DAILY 

ဧရာဝတီမြစ်တွင်း သွားလာနေသော လှေတစ်စီးကိုတွေ့ရစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဧရာဝတီမြစ်တွင်း သွားလာနေသော လှေတစ်စီးကိုတွေ့ရစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
လုယက်ခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားနေသည့် မန္တလေးမြစ်ဆိပ်များနှင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် လုံခြုံရေးအတွက် စက်တင်ဘာ ၃၀ ရက်မှစတင်ကာ ရေကြောင်းရဲ တပ်ဖွဲ့မှ တာဝန် ယူဆောင်ရွက် နေပြီဖြစ်ကြောင်းသတင်းရရှိ သည်။

တယ်လီနောကွန်ရက်အစပိုင်းတွင် ဖုန်းခေါ်ဆိုမှုခက်ခဲနိုင်

မန္တလေးမြို့တွင် ဆင်းမ် ကတ်များစတင်ရောင်းချသည့် အချိန်၌     မူလ မျှော်မှန်းထား သည်ထက် ဖုန်းခေါ် ဆိုမှု အများအပြား ပြုလုပ်ခဲ့သည့်အတွက် အချို့နေရာများတွင် ဖုန်းခေါ်ဆို မှုခက်ခဲနိုင်ပြီး ပြည်သူများ မျှော် မှန်းထားသည်ထက် အရည်အသွေးနိမ့်ကျနိုင်ကြောင်း တယ်လီနောအမှုဆောင်အရာရှိချုပ် Petter Furberg ကပြောသည်။

၂၀၁၆ တွင် မြန်မာ့ခရီးသွားနှစ် ပြုလုပ်ရန် စီစဉ်နေ


Photo: ၂၀၁၆ တွင် မြန်မာ့ခရီးသွားနှစ် ပြုလုပ်ရန် စီစဉ်နေ
Thursday, October 2, 2014

 မြန်မာ့ခရီးသွားနှစ်ကို ၂၀၁၆ ခုနှစ်တွင် ပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟု  ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေကပြောသည်။

‘‘၂၀၁၆ ရဲ့ နောက်ပိုင်းမှာ တော့ မြန်မာ့ခရီးသွားနှစ်ကို တစ် ကျော့ပြန်လည် ကျင်းပနိုင်လိမ့် မယ်လို့ မျှော်လင့်တယ်’’ဟု ဒုဝန်ကြီးဒေါက်တာတင်ရွှေက အောက်တိုဘာ ၁ ရက်တွင် ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေး၌ ပြော ကြားခဲ့သည်။

တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ် မှူးအောင်ကျော်နှင်းက နိုင်ငံ တော်စီးပွားရေးအတွက် ၀င်ငွေ ပိုမိုတိုးတက်လာစေရန်နှင့် ဟို တယ်နှင့် ခရီးသွားလုပ်ငန်းများ မြှင့်တင်နိုင်ရန် မြန်မာ့ခရီးသွားနှစ်တစ်နှစ်  သတ်မှတ်အကောင်အ ထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ဒုဝန်ကြီးမှ ဖြေကြားခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် ဇန်န၀ါရီတွင် လည်း မြန်မာနိုင်ငံက  အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ်ကို အိမ် ရှင်အဖြစ် လက်ခံကျင်းပသွားရန် ရှိနေသည်။ ယင်းဖိုရမ်မှတစ်ဆင့် လက်ရှိ နိုင်ငံ၏ အခြေအနေအရ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ဒေါက် တာတင်ရွှေက ပြောသည်။

‘‘ဒါကတော့ ကောင်းတယ် လို့ မြင်တယ်။ ခရီးသွားလုပ်ငန်း အတွက် ပရိုမိုးရှင်းလုပ်ရမယ်။ ခရီးသည်ဝင်အောင် ဆောင်ရွက် ရမယ်။ အီးဗီဇာတို့ ဘာတို့ဆိုတာ လည်းကောင်းတာပဲ။ ဒါပေမဲ့ နည်းနည်း နောက်ကျနေတယ်လို့ မြင်မိတယ်’’ ဟု ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူ ဦးဇော်ဝင်းချိုက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ခရီးသွား နှစ်အဖြစ် ၁၉၉၆ ခုနှစ်က ဆောင် ရွက်ခဲ့ဖူးပြီး   ယင်းနှစ်၌  မျှော် မှန်းထားသလောက် ခရီးသည် မ၀င်ခဲ့ဟု ၎င်းကဆိုသည်။

‘‘၁၉၉၆ မှာ လုပ်တုန်းက ခရီးသည်မ၀င်ဘဲ နောက်နှစ်ကျမှ ခရီးသည်အ၀င်များလာတယ်’’ ဟု ဦးဇော်ဝင်းချိုက ပြောသည်။

ယင်းသို့ ဆောင်ရွက်ခြင်း သည် ခရီးသွားလုပ်ငန်းမှရသော ၀င်ငွေသည် နိုင်ငံကို အထောက်အ ကူပြုသည်ဟူသော   အချက်ကို နိုင်ငံအလေးထားလာကြောင်း ပြသခြင်းဖြစ်သည်ဟု ခရီးသွား လုပ်ငန်းလုပ်ကိုင်သူ ဒေါ်စပယ် အောင်က ဆိုသည်။

‘‘အဲဒီလို နှစ်မှာ ပြည်တွင်း ခရီးသွားလုပ်ငန်းလုပ်တဲ့သူတွေ၊ လေကြောင်းလိုင်းတွေအပြင် ပြည်ပက လေကြောင်းလိုင်းတွေ ကပါ ပူးပေါင်းပါဝင်မယ်ဆိုရင် လက်ရှိဝင်နေတဲ့ ခရီးသည်ထက် နှစ်ဆတက်နိုင်တယ်’’ဟု ၎င်းက ပြောသည်။

၂၀၁၄ ခုနှစ်၌ အာဆီယံ နိုင်ငံများ၌   ခရီးသွားလုပ်ငန်း တိုးတက်မှုရှိနေပြီး ခရီးသည်အ၀င် အများဆုံးဖြစ်နေသည့် မလေးရှားနိုင်ငံက  ၎င်းတို့၏  ခရီးသွားနှစ် (Visit Malaysia 2014) အဖြစ် ဆောင်ရွက်လျက်ရှိနေသည်။

7Day DAILY 

မြန်မာနိုင်ငံသို့လာရောက်သော နိုင်ငံခြားခရီးသွားများကိုတွေ့ရစဉ် -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံသို့လာရောက်သော နိုင်ငံခြားခရီးသွားများကိုတွေ့ရစဉ် -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) 
 မြန်မာ့ခရီးသွားနှစ်ကို ၂၀၁၆ ခုနှစ်တွင် ပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟု  ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေကပြောသည်။

ရန်ကုန်မြို့တော်စည်ပင် ရာထူးအဆင့်ဆင့် မြူနီစီပယ် ရွေးကောက်ပွဲ ကျင်းပမည်

ပြည်သူများ ပါဝင်မဲပေးကာ ဝင်ရောက်ရွေးချယ်ခံနိုင် မည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အဆင့် ဆင့် ရွေးကောက်တင်မြှောက်ပွဲ များ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။