အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားငါးသိန်းကျော်သည် ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်များတွင် ခေါင်းပုံဖြတ်ခံရမှု များ ကြုံတွေ့နေရသည်ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက နိုဝင်ဘာ ၂၆ တွင် မဇ္ဈိမကို ပြောသည်။
Thursday, 27 November 2014
နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး သမ္မတကတိပြု
နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရေးအတွက် ထိပ်သီးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပဖို့နဲ့ ပါဝင်သင့်တဲ့ အင်အားစုတွေအားလုံး ပါ ၀င်နိုင်ရေး ဆောင် ရွက်သွားဖို့လို့ နိုင်ငံတော်သမ္မတက၂၆ရက်နေ့ ကတိပြု ပြောကြားပါတယ်။
ယခုနှစ်အတွင်း တနိုင်ငံလုံးအပစ်ရပ်ရေး မဖြစ်နိုင်ဟု အန်စီစီတီ ခေါင်းဆောင် ပြော
ဒီနှစ်ထဲ အပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။
မိုးမောက်မြို့နယ်ဒုက္ခသည် စခန်းမှ ဒေသခံတိုင်းရင်းသားများ KIA အဖွဲ့၏ အတင်းအကြပ်လုပ်အားပေး စေခိုင်း ခြင်းခံနေရ
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နှစ်ခြင်းခရစ်ယာန်ကျောင်းနှင့် မံပုံကက်သလစ်ဘုရားကျောင်းများရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားများအား နိုဝင်ဘာ ၂၃ ရက်နေ့မှ စတင်ကာ ကချင်လွတ်မြောက် ရေးတပ်မတော်(KIA) အဖွဲ့က အတင်းအကြပ်လုပ်အားပေးစေခိုင်း နေကြောင်း ယင်းဒေသခံများထံမှ သိရ သည်။
ဒဏ်ရာရ စစ်သားများကို ကယ်တင်နိုင်မည့် ကုထုံးသစ်တစ်ခု သြစတေးလျတွေ့ရှိ
စစ်ပွဲအတွင်းမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတဲ့ စစ်သားတွေကို အချိန်မှီအသက်ကယ်နိုင်ဖို့ ကုထုံးသစ် တစ်ခုရှာတွေ့ ထားပြီဖြစ်ကြောင်း သြစတေးလျက သိပ္ပံပညာရှင်တွေက ဗုဒ္ဓဟူးနေ့မှာပြောလိုက်ပါတယ်။
အီဂျစ်တွင် အစိုးရ ဆန့်ကျင်ဆန္ဒပြသူ ဆယ်ကျော်သက် ၇၈ ဦးကို ထောင်ချ
မူဆလင်ညီနောင်ပါတီဘက်မှ ရပ်တည်၍ အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့သည့် အသက် ၁၃ နှစ်မှ ၁၇ နှစ်အတွင်းရှိ ဆယ်ကျော်သက် ၇၈ ဦးတို့ကို အီဂျစ် တရားရုံးတစ်ခုက ထောင်ဒဏ်ကျခံရန် ပြစ်ဒဏ်ချမှတ် လိုက်ပြီ ဖြစ်ကြောင်း BBC တွင် ဖော်ပြပါရှိသည်။
“၀”ခေါင်းဆောင် များအား မူးယစ်ရာဇာ အဖြစ် သတ်မှတ် ထားခြင်းကို ပယ်ဖျက်ရေး ကူညီပေးရန် သမ္မတကို တောင်းဆို
အမေရိကန် နိုင်ငံက ၀ ခေါင်းဆောင် အချို့အား မူးယစ်ရာဇာများ အဖြစ် သတ်မှတ် ထားခြင်းကို ပယ်ဖျက်ပေးရေး အတွက် ကူညီ ဆောင်ရွက် ပေးရန် ယမန်နေ့က ပြည်ထောင်စုအစိုးရ အဖွဲ့ ဝင်များနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ၀ အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးညီပလုပ်က တောင်းဆို လိုက်သည်။
ဒီဇင်ဘာလ ၇ ရက်နေ့တွင် ခေတ်အဆက်ဆက် ကျဆုံးခဲ့သော သူရဲကောင်းစစ်သည်များအား ဂါရ၀ပြုပွဲ ကျင်းပမည်
လာမည့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီ မြောက်ဘက် မုခ်ရှိ သူရဲကောင်းစစ်သည် ဗိမာန်တွင် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသော တပ်မတော်သားများအား ဂါရ၀ပြုပွဲ တစ်ရပ် ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မရမ်းကုန်၌ အခမဲ့ရေပေးဝေရေးစနစ် ဂျပန်ကုမ္ပဏီ စည်ပင်သာယာ ပူးပေါင်းအကောင်အထည်ဖော်မည်
ရန်ကုန်၊ ဂျပန်နိုင်ငံအခြေစိုက် TSS Tokyo Water ကုမ္ပဏီနှင့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီတို့ သည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်တွင် အခမဲ့ရေပေးဝေရေး စီမံ ကိန်းအား ပူးပေါင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။
၁၅ နှစ်အောက် ကလေးများ ဝက်သက်နှင့် ဂျိုက်သိုး ကာကွယ်ဆေးထိုးမည်
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၅ နှစ်အောက် ကလေး ၁၇ ဒသမ ၄ သန်းကျော်အား ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေးကို ဇန်နဝါရီလမှစတင်၍ စီမံချက်တစ်ခုအနေဖြင့် ထိုးပေးမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ပြောသည်။
အမေရိကန်တွင် နှင်းထူထပ်စွာ ကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း
အမေရိကန်နိုင်ငံအရှေ့ဘက်၊ ကမ်းရိုးတန်းပြည်နယ်တွေမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က မိုးနှင်း ထူထူထပ်ထပ် ကျဆင်းခဲ့ပြီး ကျေးဇူးတော်နေ့ အားလပ်ရက် လေယာဉ်ခရီးစဉ်တွေနဲ့ ကားလမ်းခရီးစဉ်တွေ အများအပြား ထိခိုက်ခဲ့ပါတယ်။
ပြိုင်ကားနှင့်ဆိုင်ကယ်များ အပြိုင်အဆိုင်မောင်းနှင်နေသူများအား လိုက်လံဖမ်းဆီးရာ ပြိုင်ကားပေါ်မှ ခွင့်ပြုချက်မရှိဘဲ လက်ကိုင်စကား ပြောစက်တွေ့ရှိသဖြင့်အရေးယူ
၂၅.၁၁.၂၀၁၄ရက်နေ့ ၂၃၀၀အချိန်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့တို့မှတပ်ဖွဲ့ဝင်များသည်လှည့်ကင်းဆောင်ရွက်စဉ် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမ ပေါ်တွင် ပြိုင်ကားနှင့် ဆိုင်ကယ်များ အပြိုင်အဆိုင်မောင်းနှင်နေကြောင်းသတင်းအရ လိုက်လံဖမ်းဆီး ရာ ဆိုင်ကယ်(၁၅)စီးခန့်နှင့် ပြိုင်ကား(၁)စီးတို့ဖြစ်ပြီး 3G--- ပြိုင်ကားအား မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာ ကျေးရွာအုပ်စု၊ ပုလဲ (၃)ရပ်ကွက်၊ အမှတ်(၃)လမ်းမ၊ နီလာရိုးမဓါတ်ဆီဆိုင်ရှေ့တွင် တွေ့ရှိရပါသည်။
ရန်ကုန်မြို့ရှိ အများသုံးတယ်လီဖုန်း(PCO)များ ပိတ်သိမ်းရဖွယ်ရှိနေဟု MPT ပြောဆို
ရန်ကုန်မြို့ရှိ အများပြည်သူသုံး တယ်လီဖုန်းရုံများကို ပိတ်သိမ်းသွားရ ဖွယ်အနေအထားရှိနေသည်ဟု ဆက် သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက် အရ သိရသည်။
အခြေခံဥပဒေပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေမူကြမ်းထုတ်ပြန်
နိုင်ငံရေးပါတီများနှင့် အစိုးရ ကိုယ်စားလှယ်များ အပြန်အလှန်ဆွေး နွေးခဲ့သော ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကိုအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲဥပဒေကြမ်းကို ပြည်ထောင်စုလွှတ် တော်က အတည်ပြုထွက်ရှိလာခဲ့ကြောင်း နိုဝင်ဘာ ၂၆ရက်တွင် နိုင်ငံပိုင်သတင်း စာက ထုတ်ပြန်လိုက်သည်။
တရားမဝင် မြန်မာလုပ်သားများအား ဒီဇင်ဘာ ၁ ရက်နောက်ဆုံးထားကာ နေရပ်ပြန်ရန် မလေးရှားအစိုးရကြေညာ
မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သားများအတွက် အရေးယူမှုကို ခြောက်လ ရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံစာ ပေးပို့ထားသော်လည်း မလေးရှားအစိုးရမှ မလေးရှားနိုင်ငံအတွင်း၌ တရားမ ဝင် နေထိုင်သူများအနေဖြင် ဒီဇင်ဘာ ၁ ရက် နောက် ဆုံးထား၍ မိမိနိုင်ငံသို့ မပြန်ပါက ထောင်ဒဏ်နှင့် ကြိမ် ဒဏ် ချမှတ်မည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။
ရာထူးကြီးသော အမျိုးသမီးများ စိတ်ကျန်းမာရေး ညံ့ဖျင်းနိုင်
အလုပ်တွင် ရာထူးအဆင့်မြင့်မားသည့် အမျိုးသမီးများသည် ရာထူးအဆင့်နိမ့်သော အမျိုးသမီးများထက် စိတ်ကျန်းမာရေးညံ့ဖျင်းမှု အန္တရာယ်ပိုများကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
အခွန်ရှောင်သည့် စားသောက်ဆိုင်များကို ကျသင့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းအထိ ဒဏ်ရိုက်သွားမည်
သီးသန့်စားသောက်ဆိုင်တွေ သာမက ဟိုတယ်နဲ့ တွဲဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ အနေနဲ့ တစ်နှစ် ရောင်းရငွေ ကျပ်သိန်း(၁၅၀)နဲ့ အထက်ရှိပါက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း အခွန်ဆောင်ရမှာဖြစ်ပြီး အခွန် မဆောင်ပါက အခွန်တိမ်းရှောင်မှုအတွက် ဒဏ်ကြေးအဖြစ် ကျသင့်ကုန်သွယ်ခွန်ရဲ့ (၁၀၀)ရာခိုင်နှုန်းအထိ ဒဏ်ရိုက်သွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ဖာဂူဆန်မြို့တွင် အက်ဖ်ဘီအိုင်ထောက်လှမ်းရေး ၂ ဦး သေနတ်ပစ်ခံရ
လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အမေရိကန်နိုင်ငံ၊ ဖာဂူဆန်မြို့မှာ မနေ့ မနက်စောစောက အက်ဖ်ဘီအိုင် ထောက်လှမ်းရေးနှစ်ဦး သေနတ်ပစ်ခံရလို့ ရဲတပ်ဖွဲ့တွေ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။
ချစ်သူနှစ်ဦး ဆယ်စက္ကန့်နမ်းခြင်းဖြင့် ဗက်တီးရီးယား သန်း ၈ဝ ကူးစက်နိုင်ဟုဆို
Microbiome ဂျာနယ်တွင် ရေးသား ဖော်ပြထားသော လေ့လာတွေ့ရှိချက် အ သစ်အရ လူတစ်ဦးနှင့် ၁ဝ စက္ကန့်ကြာ နမ်း ရှုပ်ခြင်းက ဗက်တီးရီးယားပိုးမွှား သန်း ၈ဝ ကို ကူးပြောင်းလက်ခံနိုင်သည်ဟု သိရသည်။
မြစ်ဝှမ်းဒေသ စီမံခန့်ခွဲမှု ဂျပန် နည်းပညာ ကူညီမည်
သစ်တောပြုန်းတီးမှုများနှင့် သယံဇာတ အလွန်အကျွံ ထုတ်ယူမှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာနေသည့် မြန်မာနိုင်ငံ၏ မြစ်ဝှမ်းဒေသများ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးအတွက် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်က နည်းပညာ အကူအညီပေးမည် ဖြစ်ကြောင်း ဧရာဝတီ မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု သုတေသနအဖွဲ့ (ARBRO) ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ဆွေဆွေအေးက ပြောကြားသည်။
ထိုင်း ရွေးကောက်ပွဲ ၂၀၁၆ မှ ကျင်းပနိုင်ချေရှိ
အထွေထွေ ရွေးကောက်ပွဲကို လာမည့်နှစ်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ၂၀၁၆ ခုနှစ်အထိ ကြန့်ကြာသွားနိုင်သည်ဟု ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်က ပြောကြားလိုက်ကြောင်း Reuters တွင် ဖော်ပြပါရှိ သည်။
မန္တလေးမြို့တွင် အမျိုးသားပညာရေးဥပဒေကို ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး မန္တလေးမြို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့မနက်ပိုင်းက လည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
အမြန်လမ်းမကြီးအား ကတ္တရာလမ်းအဖြစ် ပြောင်းလဲတော့မည်
ရန်ကုန်-မန္တလေး အမြန်လမ်းအား ကွန်ကရစ်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်း လဲသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင် ရန်ကုန်-မန္တလေးလမ်းသည် ကွန် ကရစ်နှင့် ခင်းကျင်းထားသည့် လမ်းဖြစ်ပြီး လမ်းချော်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည့် လမ်းလည်းဖြစ် သည်။
အိုင်အက်စ်၏ ခြိမ်းခြောက် မှုကို တွန်းလှန် နိုင်မည်ဟု ပါကစ္စတန် ယုံကြည်
အကြမ်းဖက် သမားများကို ရှာဖွေနေသည့် ပါကစ္စတန် စစ်သားများ
အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ၂၆။ အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေအများအပြား သိမ်းပိုက်ထားသော အိုင်အက်စ် စစ်သွေးကြွ များသည် အခြားနိုင်ငံများကို မျက်စောင်း ထိုးလာသည်။ ၎င်းအုပ်စု၏ ကာလီဖိတ် နိုင်ငံတော်အကျယ်အ၀န်း ရည်မှန်းချက်မှာ မြောက်အာဖရိကမှ အရှေ့တောင်အာရှအထိ ကျယ်ဝန်းသည်။
ငြိမ်းချမ်းရေး အထောက်အကူပြုရန် ပါတီ ၅၆ ခု နိုင်ငံရေးမူဘောင် ချမှတ်
နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက် ၂ ရက်ကျင်းပသော နိုင်ငံရေးပါတီ ၅၆ ခု ၏ မူဘောင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဇူးဇူး/ဧရာဝတီ)
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အထောက်အကူ ပြုနိုင်ရန် နိုင်ငံရေး ပါတီ ၅၆ ခုက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် တခု ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ပြည်သူ့ အပေါ် အကျိုးပြုသည့် နည်းဥပဒေများ ထွက်ရှိရေး ဒေါ်အောင်ဆန်းစုကြည် အရေးကြီး အဆိုတင်
ပီအာရ်နှစ်မျိုး အခြေခံဥပဒေနှင့် ကိုက်ညီဟု ဦးခင်အောင်မြင့် ပြော
အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည့် အချိုးကျကိုယ်စားပြုစနစ် (PR) ဒီဇိုင်းနှစ်မျိုးကို၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ရေးဆွဲထားခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြောသည်။
နိုင်ငံတကာ ယာဉ်အရည်အသွေးစစ်အဖွဲ့ လက်မှတ်ပါသည့် ကားများကိုသာ တင်သွင်းခွင့်ပြုတော့မည်ဟုဆို
ပြည်ပမှ တင်သွင်းမည့် ကားများကို နောက်ပိုင်းတွင် အခြားနိုင်ငံများကဲ့သို့ နိုင်ငံတကာ အရည်အသွေး စစ်ဆေးခြင်းအဖွဲ့၏ အသိအမှတ်ပြုလက်မှတ်ပါမှသာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
စက်မှုဇုန်ထုတ်သုံးဘီးကားများနှင့် သက်တမ်းနှစ်နှစ်ဆယ်ရှိယာဉ်များအား နောက်ဆုံးအပ်နှံရမည့်ရက်ကို တိုးမြှင့်ပေးတော့မည်မဟုတ်
စက်မှုဇုန်ထုတ်ယာဉ်ဟောင်း များ၊ သုံးဘီးကားများနှင့် ထုတ်လုပ်မှု သက်တမ်းနှစ်နှစ်ဆယ်ရှိယာဉ်များအား နောက်ဆုံးထားအပ်နှံရမည့်အချိန်ကို တိုးမြှင့်သတ်မှတ်မည်မဟုတ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးချန်မောင်က ပြောဆိုလိုက် သည်။
IS တို့ သိမ်းပိုက်ထားသည့် မြို့ကို လေကြောင်းဖြင့် တိုက်ခိုက်၍ အရပ်သား ၃၆ ဦး သေဆုံး
အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်ရေး အဖွဲ့ (IS) စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဆီးရီးယား မြောက်ပိုင်းရှိ ရတ်ကာမြို့ကို အစိုးရတပ်ဖွဲ့မှ လေကြောင်းဖြင့် တိုက်ခိုက်ရာ အရပ်သား ၃၆ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း BBC တွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံအတွင်း ၁ နှစ် နေထိုင်ပြီးမှသာ PR လျှောက်ထားနိုင်
နိုင်ငံခြားသားများ အမြဲတမ်း နေထိုင်ခွင့် (Permanent Resident – PR)
လျှောက်ထားရာ၌ မြန်မာနိုင်ငံအတွင်း ၁ နှစ် နေထိုင်ပြီးမှသာ လျှောက်ထားခွင့် ရရှိမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။
တရုတ်ကျောက်မီးသွေးတွင်း မီးလောင်မှု သေဆုံးသူ ၂၆ ဦး ရှိပြီ
ဓာတ်ပုံ - ရိုက်တာ
တရုတ်နိုင်ငံမြောက်ပိုင်း လျောင်နင်းပြည်နယ်က ကျောက်မီးသွေးတွင်းတခုမှာ မီးလောင်ခဲ့လို့ နိုဝင်ဘာ ၂၆ ရက်နေ့က သေဆုံးသူအရေအတွက် အနည်းဆုံး ၂၆ ယောက် ရှိပြီဖြစ်ပြီး အယောက် ၅၀ ဒဏ်ရာရတယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာက အစီရင်ခံပါတယ်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအား ဒေါ်စုနှင့် NLD အမတ်တို့ ထမင်းစားဖိတ်
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော်အမတ်တို့က တပ်မတော်သား လွှတ်တော်အမတ် များအား နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ နိုဝင်ဘာ ၂၇ ရက် ညနေ ၅း၃၀ နာရီတွင် ထမင်းစားကြွ ရောက်ရန် ဖိတ်ကြားထားသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
မျက်စိထဲသို့ အမှိုက် တစ်ခုခု ဝင်ခဲ့လျှင် လုပ်ဆောင်ရမည့် အချက်များ
မျက်စိထဲသို့ တစ်စုံတစ်ခု ဝင်ရန် မလွယ်ကူပါ။
ငွေစက္ကူအတုပြုလုပ်သုံးစွဲသူ (၂)ဦးအား ဖမ်းဆီးအရေးယူ
၂၆.၁၁.၂၀၁၄ရက်နေ့ ၁၀၄၅ အချိန် ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ တော်ဝင်လမ်းရှိ ကုန်စုံ ဆိုင်တစ်ဆိုင်သို့ လူငယ်တဦးမှ မြန်မာငွေကျပ်(၁၀၀၀၀) တန်ငွေစက္ကူဖြင့် ကော်ဖီ၊ အအေးဗူး လာရောက်ဝယ်ယူရာ ဆိုင်ရှင်မှ ၎င်းငွေစက္ကူမှာ အတုဖြစ်ကြောင်း မသင်္ကာ၍ ရပ်ကွက်အုပ်ချုပ်ရေး မှူးထံသို့ အကြောင်းကြား ခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးမှတဆင့် ကြည့်မြင်တိုင်မြို့မ ရဲစခန်းသို့ အကြောင်း ကြားလာခဲ့ပါသည်။
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး LIFT က စီမံကိန်းအသစ်သုံးခု ဆောင်ရွက်မည်
မြန်မာ့စိုက်ပျိုးရေး နှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသက်မွေးဝမ်းကျောင်း မှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံ ငွေ(LIFT) မှ စီမံကိန်းအသစ်သုံး ခုကို ၂၀၁၅ တွင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်း ရရှိ သည်။
ဝန်ထမ်းလစာ တိုးမြှင့်ရေး အသေးစိတ် စိစစ်နေကြောင်း ဘဏ္ဍာရေးဝန်ကြီး ပြောကြား
တပ်မတော်သား၊ ရဲနှင့် အစိုးရဝန်ထမ်းများ ဂုဏ်နှင့် သိက္ခာအညီ သင့်တင့်မျှတသော လစာရရှိစေရန် အသေးစိတ်ရရှိရေး အတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ အသေးစိတ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
အမေရိကန်က ၂၀၁၅ တွင် အာဖဂန်နစ္စတန်သို့ တပ်ဖွဲ့ဝင်များ ထပ်မံ စေလွှတ် ပေးဖွယ်ရှိ
အာဖဂန် နစ္စတန် နိုင်ငံရှိ နေတိုး တပ်ဖွဲ့ယာဉ်တန်း။ ဓာတ်ပုံ - AFP
ဝါရှင်တန်၊ နိုဝင်ဘာ ၂၆။ အမေရိကန် စစ်တပ်သည် လာမည့် ၂၀၁၅ခုနှစ်၌ အာဖဂန်နစ္စတန် နိုင်ငံရှိ တပ်ဖွဲ့ဝင်အင်အားကို မူလ စီစဉ်ထားသည်ထက် ထပ်မံတိုးချဲ့သွားဖွယ်ရှိပြီး လိုအပ်ပါက အာဖဂန် တပ်ဖွဲ့ များကို ကူညီထောက်ပံ့ ပေးသွားရန်ရှိ နေသည်ဟု ကန်စစ်ဘက် တာဝန်ရှိသူများက နိုဝင်ဘာ ၂၅ ရက်က ပြောကြားခဲ့သည်။
နိုင်ငံတော်အဆင့် သဘာဝဘေးအန္တရာယ် အရေးပေါ်စီမံခန့်ခွဲရေးဗဟိုဌာန ဖွဲ့စည်းမည်
သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အရေးပေါ်ကယ် ဆယ်ရေးဆောင်ရွက်ရန် ဗဟို အစိုးရထံ အဆင့်ဆင့် တင်ပြရ သည့် စနစ်ကိုပယ်ဖျက်ပြီး အချိန် နှင့်တစ်ပြေးညီဆောင်ရွက်နိုင် သည့် နိုင်ငံတော်အဆင့် အရေး ပေါ်သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲရေးဗဟိုဌာနဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကုလလူသားချင်းစာနာမှု အကြီးအကဲ ရာထူးမှနှုတ်ထွက်မည်
ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valerie Amos
ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valeria Amos ဟာ နောက်နှစ် မတ်လအကုန်မှာ ရာထူးကနေ နှုတ်ထွက်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ဒုတိယအကြိမ် အရေးကြီးအဆိုတင် ‘‘ပြဋ္ဌာန်းပြီး ဥပဒေများအတွက် နည်းဥပဒေများ အမြန်ဆုံးပြဋ္ဌာန်းရန် အစိုးရအဖွဲ့ကို တိုက်တွန်း’’
အဆိုတင်သွင်းနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ− NLD Chairperson)
အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်က လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေ များ အအတွက် နည်းဥပဒေများကို ပြည် ထောင်စု အစိုးရက အမြန်ဆုံး ထုတ်ပြန်ပေးရန် တိုက်တွန်းသည့် အရေးကြီးအဆို တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိအ တည်ပြုလိုက်သည်။
မြန်မာဘက်သို့ ကျူးကျော်ထားသည့် အဆောက်အအုံများ အိန္ဒိယ ဖယ်ရှားပေးမည်
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မြန်မာနိုင်ငံ တမူးမြို့နှင့် နယ်စပ် မိုရေးမြို့အနီး မြန်မာ−အိန္ဒိယ နိုင်ငံတကာ ခြံစည်းရိုး ဝန်းကျင်၌ သောက်ရေခပ်ပြီးပြန်လာသော အိန္ဒိယအမျိုးသမီးများကို တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)
မြန်မာနှင့်အိန္ဒိယ နိုင်ငံနယ်နိမိတ်တွင် အိန္ဒိယနိုင်ငံဘက်က ကျူးကျော်ထားသောနယ်များကို ပြန်လည်စိစစ် ဖယ်ရှားပေးမည် ဟု အိန္ဒိယအစိုးရက အကြောင်းပြန်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ကျောင်းသားသမဂ္ဂများ မရှိမဖြစ်လိုအပ်ဟု သမ္မတပြော
တက္ကသိုလ်များတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်း ခွင့်ရရှိရေးတောင်းဆိုမှုများရှိနေ ချိန် ကျောင်းသား သမဂ္ဂများ ပေါ်ပေါက်လာရေးသည် မရှိမဖြစ်လိုအပ်သောအချက်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်သည်။
၂၀၁၅ ရွေးကောက်ပွဲသည် အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသောအလှည့်အပြောင်းဟု သမ္မတပြော
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားနေ သည့် သမ္မတဦးသိန်းစိန်(ဓာတ်ပုံ - ကျော်ဇင်သန်း)
၂၀၁၅ အထွေထွေရွေး ကောက်ပွဲသည် တိုင်းပြည်၏ ဒီမို ကရေစီ အသွင် ကူးပြောင်းရေး အတွက် အဓိက ကျသော အလှည့်အပြောင်းကြီး တစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။
Unity ဂျာနယ်အမှု ပြင်ဆင်ချက် အထူးအယူခံဝင်မည်
Unity Journal ဂျာနယ်ရဲ့အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ကိုလူမော်နိုင် ဓါတ်ပုံ- ချိုနွယ်ဦး
နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ထောင်ဒဏ်နှစ်ရှည် ကျခံနေရတဲ့ Unity သတင်းသမားတွေရဲ့အမှု ပြင်ဆင်ချက်ကို နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ သူတို့ရဲ့ အကျိုးဆောင်ရှေ့နေ တွေက လျှောက်လဲ ခဲ့ကြပါတယ်။
Subscribe to:
Posts (Atom)