Thursday, 16 May 2013
မုန်တိုင်း အန္တရာယ်ရှောင်ရန် ဘင်္ဂါလီများ ငြင်းဆန်မှု နောက်ကွယ်တွင် ကြိုးကိုင်သူများရှိဟုဆို
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မုန်တိုင်းဒဏ် ခံရနိုင်သော
ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို လုံခြုံ စိတ်ချရသော နေရာပြောင်းရွှေ့မည့်
အစီအစဉ်ကို ဘင်္ဂါလီဒုက္ခသည် အချို့က ငြင်းဆန်နေမှုနောက်ကွယ်တွင်
ရန်ကုန်မြို့အခြေစိုက် ကြိုးကိုင်လှုံ့ဆော်နေသူများရှိနေကြောင်း
ရခိုင်ပြည်နယ် အစိုးရအဖွဲ့သတင်း ပြန် ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဥပဒေချုပ်
ဦးဦးလှသိန်းက ပြောကြားသည်။
လွန်ခဲ့သောရက်ပိုင်းက ဒုက္ခသည်
စခန်းတစ်ခုတွင် အစည်းအဝေး ပြုလုပ်ပြီး နေရာပြောင်းရွှေ့ရန် ဒုက္ခသည်
များနှင့် သဘောတူညီမှုရသဖြင့် နေရာပြောင်းရန်ကားများ စေလွှတ်လိုက်သောအခါ
ကားနှင့် လိုက်ရန် ငြင်း ဆန်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း ၄င်းက ဆိုသည်။
မဟာစင် မုန်တိုင်း အနီရောင် အရေးပေါ်အဆင့် ရောက်ရှိ
ဆိုင်ကလုန်းမုန်တိုင်းမဟာစင်သည် အနီရောင်အဆင့် အရေးပေါ်အခြေအနေသို့ ရောက်ရှိနေ ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံစစ်တကောင်းမြို့နှင့် မြန်မာနိုင်ငံ ရခိုင်ပြည် နယ် မောင်တောမြို့အကြားကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ယမန်နေ့ ညနေပိုင်းကတိုင်းထွာချက်
“ယနေ့ ညနေ ၆း၀၀ နာရီဝန်းကျင်တွင် ကုန်းတွင်းပိုင်းသို့ မဟာစင် ဖြတ်ကျော်ဝင်ရောက်မည်”
(မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၃ ခုနှစ်၊ မေလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၂း၀၀)နာရီ အချိန်ထုတ်ပြန်ချက်)
ယနေ့ မြန်မာစံတော်ချိန် (၁၁း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွ
နိုင်ငံ တကာ နည်းတူ ၁၂ တန်း ဖြစ်ဖို့ စီစဉ်နေ
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှ စတင်ပြီး အစိုးရကျောင်းများတွင် ၁၂ တန်းအထိ ရှိသော စနစ်သို့ပြောင်းလဲ ရန် စီစဉ်နေကြောင်း ပညာရေးဌာနက ပြောသည်။
ဟောင်ကောင် မှာ မြန်မာ ရင်းနှီးမြှုပ်နှံ မှု ညီလာခံ ကျင်းပ
မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဖို့ ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ညီလာခံမှာ စီးပွါးရေး လုပ်ငန်းရှင်တွေက တောင်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အခုလက်ရှိ အနေအထားမှာပဲ လာရောက်ပြီး ရင်းနှီးမြှုပ်နှံကြဖို့ ဆုံးဖြတ်နေကြသူတွေ ရှိနေပါတယ်။
ပဒူတုပ်၍ တဦးသေ၊ နှစ်ဦးဒဏ်ရာရ
တနင်္လာနေ့နံနက်က ကျန်းမာရေးအတွက် လမ်းလျှောက်နေသော အမျိုးသားတဦး ပဒူကောင်များ ဝိုင်းတုပ် ခံရသဖြင့် သေဆုံးသွားကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
ဘာသာရေး ပဋိ ပက္ခဖြစ်အောင် လှုံ့ဆော် သူ ၅၀၅(ခ) နဲ့ အရေးယူ
မေ ၂ ရက်ညက မန္တလေးမြို့၊ ၃၅ လမ်း၊ ၇၄-၇၅ လမ်းကြားမှာ ဘာသာရေး၊ လူမျိုးရေး
ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ခဲ့သူလို့ သံသယရှိခံရသူတစ်ဦးကို မန္တလေးမြို့၊
မဟာအောင်မြေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
မောင်တောခရိုင်အတွင်း ဘင်္ဂါလီ လူမျိုးများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနှုန်း ကန့်သတ်သည့် ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်
မောင်တောခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါလီလူမျိုးများ
အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားမှုနှုန်း ကန့်သတ်ပြီး ထိန်းချုပ်သည့်
ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်လိုက် ပြီဖြစ်ကြောင်း
မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ
ခရိုင်ဦးစီးမှူး ဦးစောနိုင်က မေ ၁၅ ရက်တွင် ပြောကြားသည်။
မိတ္ထီလာ အကြမ်းဖက်မှု၌ ကျူးလွန်သူဟု သံသယ ရှိသူများအား ဖမ်းဆီးထားမှု ၈၅ ဦးအထိ ရှိနေပြီး အမှုပေါင်း ၁၃ မှုဖြင့် ရုံးတင်ထား
မုန်တိုင်းသတိပေးချက်၊ ၂၀၁၃ခုနှစ်၊ မေလ(၁၆)ရက်နေ့မြန်မာစံတော်ချိန်(၀၆း၀၀)နာရီ အချိန်ထုတ်ပြန်ချက်
ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (MAHASEN)သည် အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ၊မြန်မာနိုင်ငံ၊
မောင်တောမြို့၏ အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ စစ်တွေမြို့၏ အနောက်ဘက်
မိုင်(၁၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၏ အရှေ့ တောင်ဘက်
မိုင်(၁၆၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင်(၁၈၀)ခန်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။
Subscribe to:
Posts (Atom)