Monday 22 December 2014

ကျဆုံးဗိုလ်လောင်း (၂၃)ဦးအတွက် တစ်လပြည့် ဆုတောင်းပွဲဟာ ငြိမ်းချမ်းရေးအက်ကြောင်းသံလား ?

Photo: ကျဆုံးဗိုလ်လောင်း (၂၃)ဦးအတွက် တစ်လပြည့် ဆုတောင်းပွဲဟာ ငြိမ်းချမ်းရေးအက်ကြောင်းသံလား ?
Monday, December 22, 2014

လွန်ခဲ့တဲ့ တစ်လခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးမှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားတာကို တစ်လပြည့် အောက်မေ့သတိရလွမ်းဆွတ်ခြင်း အထိမ်းအမှတ်ပြုလုပ်နေကြတာ တွေ့ပါတယ်။ ဆိုင်းဘုတ်ထောင်၊ ပန်းခြင်းချ အစီအစဉ်တွေနဲ့ မြစ်ကြီးနားမြို့ မနောကွင်းမှာ လုပ်ကြတာပါ။

အဲဒီပွဲကို အစိုးရအဖွဲ့မှ ကချင်ရိုးရာနှင့် ယဉ်ကျေးမှု ကော်မတီကို ခေါ်ယူတွေ့ဆုံပြီး ဆိုင်းဘုတ်ဖြုတ်သိမ်းခိုင်းကြောင်းနဲ့ နောက်တစ်ကြိမ်ပြုလုပ်ပါက ခွင့်ပြုချက်တောင်းဖို့ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ကျွန်တော်တို့ကတော့ ဒီပွဲကို ကျင်းပတာဟာ ကျဆုံးသူဗိုလ်လောင်းတွေကို အောက်မေ့သတိရခြင်းထက် အခြားသော အရောင်တွေ ပါနေတယ်လို့ပဲ မြင်မိပါတယ်။

ကျွန်တော်လည်း ကချင်ပါပဲ။ အဲဒီ ဗိုလ်လောင်း ၂၃ ယောက်ထဲမှာ ကိုယ့်ကချင်လူမျိုးမပါတဲ့အတွက် စိတ်ထိခိုက်စရာ အကြောင်း မရှိပါဘူး။ ကိုယ်ချင်းတော့ စာတာပေါ့လေ။ ကျွန်တော်တို့ ကိုယ်စီမှာလည်း ဘိုးဘွားမိဘတွေ သေဆုံး သွားတယ်။ ဒါပေမယ့် သူတို့ သေဆုံးတဲ့ တစ်လပြည့်၊ ၆ လပြည့်၊ တစ်နှစ်ပြည်တဲ့နေ့တွေမှာ ဘုရားကျောင်းသွားပြီး ဆုတောင်းပေး တယ်။ ဒါဟာ သွားလေသူတွေအတွက် အင်မတန်ထိရောက်တဲ့ကောင်းမှုပါ။ အခုလိုမျိုး ဆိုင်းဘုတ် ထောင်ပြီး ဆုတောင်းပွဲ လုပ်တာကတော့ သာမန်လုပ်ရိုးလုပ်စဉ် မဟုတ်ဘဲနဲ့ သွေးထိုးလှုံ့ဆော်ချင်တဲ့သဘောပဲ ဖြစ်ပါတယ်။

ဒီကချင်မြေမှာ ဗိုလ်လောင်း ၂၃ ဦးပဲ သေခဲ့တာမဟုတ်ပါဘူး။ ခေတ်အဆက်ဆက်တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် အစိုးရတပ်က စစ်သားတွေရော KIA ဘက်က စစ်သားတွေပါ ရာထောင်ချီသေခဲ့ကြရတာပါ။ အဲဒီ လူတွေကိုတော့ အောက်မေ့သတိမရ ကြဘူးလား။ ထားလိုက်ပါ အစိုးရတပ်က စစ်သားတွေကို မအောက်မေ့ချင်ဘူးဆိုလည်း ရတယ်။ ဒါပေမယ့် KIA ထဲက ကျဆုံး အရာရှိ၊ စစ်သည်တွေကိုတော့ အောက်မေ့သတိရ ဆုတောင်းပွဲတွေ တစ်နှစ်ပြည့်၊ နှစ်နှစ်ပြည့် စသဖြင့် လုပ်ကြရမှာပေါ့။

အခုပွဲဟာ အစိုးရတပ်နဲ့ KIA အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ အမုန်းမီးတွေ ထပ်ပြီးတောက်လောင် အောင် လုပ်တာလို့ပဲ မြင်ပါတယ်။ ငြိမ်းချမ်းရေး မရသေးတဲ့ကာလမှာ ထိလွယ်ရှလွယ်တဲ့ အခြေအနေတွေ မဖန်တီးကြ ပါနဲ့လို့ပဲ ပြောချင်ပါတယ်။ အလုပ်မရှိရင်လည်း ငြိမ်ငြိမ်သက်သက် ထိုင်နေကြပါ။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကို ထပ်ပြီး မဖိတ်ခေါ်ကြပါတော့နဲ့လား။ ကျဆုံးဗိုလ်လောင်း ၂၃ ဦးအတွက် တစ်လပြည့် ဆုတောင်းပွဲဟာ ငြိမ်းချမ်းရေး အက်ကြောင်းသံလားဆိုတာ စိုးရိမ်ပူပန်မိတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

ဇော်ဆိုင်း
Credit to KDN
လွန်ခဲ့တဲ့ တစ်လခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးမှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားတာကို တစ်လပြည့် အောက်မေ့သတိရလွမ်းဆွတ်ခြင်း အထိမ်း အမှတ်ပြုလုပ်နေကြတာ တွေ့ပါတယ်။ ဆိုင်းဘုတ်ထောင်၊ ပန်းခြင်းချ အစီအစဉ်တွေနဲ့ မြစ်ကြီးနားမြို့ မနော ကွင်းမှာ လုပ်ကြတာပါ။

အဲဒီပွဲကို အစိုးရအဖွဲ့မှ ကချင်ရိုးရာနှင့် ယဉ်ကျေးမှု ကော်မတီကို ခေါ်ယူတွေ့ဆုံပြီး ဆိုင်းဘုတ်ဖြုတ်သိမ်း ခိုင်းကြောင်းနဲ့ နောက်တစ်ကြိမ်ပြုလုပ်ပါက ခွင့်ပြုချက်တောင်းဖို့ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ကျွန်တော်တို့ကတော့ ဒီပွဲကို ကျင်းပတာဟာ ကျဆုံးသူဗိုလ်လောင်းတွေကို အောက်မေ့သတိရခြင်းထက် အခြားသော အရောင်တွေ ပါနေတယ်လို့ပဲ မြင်မိပါတယ်။

ကျွန်တော်လည်း ကချင်ပါပဲ။ အဲဒီ ဗိုလ်လောင်း ၂၃ ယောက်ထဲမှာ ကိုယ့်ကချင်လူမျိုးမပါတဲ့အတွက် စိတ် ထိခိုက်စရာ အကြောင်းမရှိပါဘူး။ ကိုယ်ချင်းတော့ စာတာပေါ့လေ။ ကျွန်တော်တို့ ကိုယ်စီမှာလည်း ဘိုးဘွား မိဘတွေ သေဆုံး သွားတယ်။ ဒါပေမယ့် သူတို့ သေဆုံးတဲ့ တစ်လပြည့်၊ ၆ လပြည့်၊ တစ်နှစ်ပြည်တဲ့နေ့ တွေမှာ ဘုရားကျောင်းသွားပြီး ဆုတောင်းပေး တယ်။ ဒါဟာ သွားလေသူတွေအတွက် အင်မတန် ထိရောက်တဲ့ ကောင်းမှုပါ။ အခုလိုမျိုး ဆိုင်းဘုတ် ထောင်ပြီး ဆုတောင်းပွဲ လုပ်တာကတော့ သာမန်လုပ်ရိုး လုပ်စဉ် မဟုတ်ဘဲနဲ့ သွေးထိုးလှုံ့ဆော်ချင်တဲ့သဘောပဲ ဖြစ်ပါတယ်။

ဒီကချင်မြေမှာ ဗိုလ်လောင်း ၂၃ ဦးပဲ သေခဲ့တာမဟုတ်ပါဘူး။ ခေတ်အဆက်ဆက်တိုက်ပွဲတွေ ဖြစ်ခဲ့တာ ကြောင့် အစိုးရတပ်က စစ်သားတွေရော KIA ဘက်က စစ်သားတွေပါ ရာထောင်ချီသေခဲ့ကြရတာပါ။ အဲဒီ လူတွေကိုတော့ အောက်မေ့သတိမရ ကြဘူးလား။ ထားလိုက်ပါ အစိုးရတပ်က စစ်သားတွေကို မအောက်မေ့ချင်ဘူးဆိုလည်း ရတယ်။ ဒါပေမယ့် KIA ထဲက ကျဆုံး အရာရှိ၊ စစ်သည်တွေကိုတော့ အောက်မေ့သတိရ ဆုတောင်းပွဲတွေ တစ်နှစ်ပြည့်၊ နှစ်နှစ်ပြည့် စသဖြင့် လုပ်ကြရမှာပေါ့။

အခုပွဲဟာ အစိုးရတပ်နဲ့ KIA အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ အမုန်းမီးတွေ ထပ်ပြီး တောက်လောင်အောင် လုပ်တာလို့ပဲ မြင်ပါတယ်။ ငြိမ်းချမ်းရေး မရသေးတဲ့ကာလမှာ ထိလွယ်ရှလွယ်တဲ့ အခြေ အနေတွေ မဖန်တီးကြ ပါနဲ့လို့ပဲ ပြောချင်ပါတယ်။ အလုပ်မရှိရင်လည်း ငြိမ်ငြိမ်သက်သက် ထိုင်နေကြပါ။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကို ထပ်ပြီး မဖိတ်ခေါ်ကြပါတော့နဲ့လား။ ကျဆုံးဗိုလ်လောင်း ၂၃ ဦးအတွက် တစ်လပြည့် ဆုတောင်းပွဲဟာ ငြိမ်းချမ်းရေး အက်ကြောင်းသံလားဆိုတာ စိုးရိမ်ပူပန်မိတာ တော့ အမှန်ပဲ ဖြစ်ပါတယ်။

ဇော်ဆိုင်း
Credit to KDN 

No comments:

Post a Comment