မန္တလေးမြို့တွင် ချမ်းပြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ် အကွက် ၅၀၇တွင် အောက်တိုဘာလ ၃၁ ရက်နေ့(သတင်းကျွတ်လပြည့်ကျေ
Wednesday, 31 October 2012
မန္တလေးမြို့ ချမ်းပြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ် အကွက် ၅၀၇တွင် အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွား
မန္တလေးမြို့တွင် ချမ်းပြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ် အကွက် ၅၀၇တွင် အောက်တိုဘာလ ၃၁ ရက်နေ့(သတင်းကျွတ်လပြည့်ကျေ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်ပဋိပက္ခများနှင့်ပတ်သက် ၍ ဒုတိယမြောက်ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ ကြေညာချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်ပဋိပက္ခများနှင့်ပတ်သက် ၍ ဒုတိယမြောက်ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ ကြေညာချက် မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
၁။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍
နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ
ရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ
အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက်
(၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ
၁။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အမှတ်(၂/၂၀၁၂)ကို ယနေ့ ည (၈)နာရီတွင် ထုတ်ပြန်သွားမည်
နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အမှတ်(၂/၂၀၁၂)ကို ယနေ့ ည (၈)နာရီတွင်နိုင်ငံပိုင် မီဒီယာများနှင့် နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာသွား မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ရုံးတာဝန်ရှိသူဦးဇော်ဌေး(မှူးဇော်)က၎င်း၏ဖေ့စ်ဘု တ်စာမျက်နှာတွင်ဖော်ပြထားသည်။
visa နှင်.မြန်မာဘဏ်၃ဘဏ် တရားဝင်လက်မှတ်ထိုးပြီ
မြန်မာနိုင်ငံမှဘဏ်၃ဘဏ်နှင်. visa ကုမ္မဏီတို. နိုဝင်ဘာ၃ရက်နေ.တွင် sedona hotel ၌တရားဝင် လက်မှတ်ထိုးမည်ဖြစ်သည်။
ဒိန်းမတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၄ ရက်တွင် လာရောက်မည်
ဒိန်းမတ်ဝန်ကြီးချုပ်
Ms. Helle Thorning-Schmidt သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၄ ရက်နေ့တွင်
လာေ ရာက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒိန်းမတ်သံရုံး၏
အောက်တိုဘာလ ၃၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ်နှံထားဟုဆို
ပြည်ပဘဏ်များတွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် အနည်းဆုံးဘဏ် စာရင်းငါးခုဖြင့် အမေရိကန်ဒေါ် လာခြောက်ဘီလီယံအပ်နှံထားကြောင်းဝါရှင်တန်အခြေစိုက်နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ စောင့်ြ ကည့်ေ န သည့်အဖွဲ့ (BIC)မှ မန်နေဂျာ Jelson Garcia ကပြောကြားသည်။
ပြည်ပကြွေးမြီ ဆယ်လအတွင်း ဒေါ်လာ လေးဘီလီယံတိုး
မြန်မာနိုင်ငံမှ
ပြည်ပသို့ ပေးဆပ် ရန်ရှိသည့် ကြွေးမြီစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်း
၁၅၀၀၀ေ ကျာ်(၁၅ ဘီလီယံကျော်)ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ
ဒုဝန်ကြီး ဒေါက်တာမောင်မောင်
သိမ်းကပြောသည်။
ကင်ဆာ ရောဂါ အတွက် ဒူးရင်းသြဇာ
ကျမတို့ ရုံးနှစ်ပတ်လည် အစည်းဝေး အတွက် နိုင်ငံ အသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တယောက် ကျမတွေ့တော့ တော်တော် အံ့အား သင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ် တဲ့အခါ ကင် ဆာ လို့ အဖြေထွက်ပြီး ကျမတို့ တတွေ စိတ် မကောင်း ဖြစ်နေ ခဲ့တာပါ။
ဥရောပ သမဂ္ဂ ဥက္ကဌ မြန်မာပြည် လာမည်
ဥရောပ
သမဂ္ဂ ဥက္ကဌ Van Rompyy နှင့် ဥရောပ ကော်မရှင် ဥက္ကဌ Barroso တို့သည် လာမည့်
နိုဝင်ဘာ လ အတွင်း မြန်မာနိုင်ငံ သို့ လာရောက်ရန် ရှိကြောင်း သတင်းရသည်။
၎င်းတို့ ၂ ဦးသည် နိုဝင်ဘာ ၉ ရက်နေ့၌ လာအိုနိုင်ငံတွင် ကျင်းပမည့် ဥရောပ
သမဂ္ဂနှင့် အာဆီယံ နိုင်ငံများဆိုင်ရာ ASEM ထိပ်သီးဆွေးနွေးပွဲသို့
တက်ရောက်ရန်ရှိပြီး ဗီယက်နမ်၊ ကမ္ဘောဒီယား၊ မြန်မာ၊ ထိုင်း စသည်
နိုင်ငံများသို့ သွားရောက်ရန် ရှိကြောင်း ဥရောပ သမဂ္ဂ က ထုတ်ပြန် ထားသည်။
နန်းခင်ဇေယျာ စင်ရော်မောင်မောင်နှင့် ကြော်ငြာ စတင်ရိုက်ကူး
Miss
Myanmar နန်းခင်ဇေယျာသည် လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador
အဖြစ်စာချုပ်ချုပ် ဆိုပြီးေ နာက် ယနေ့(အောက်တိုဘာ ၃၁)တွင် ဒါရိုက်တာ
စင်ရော်မောင်မောင်နှင့် Blue Mountain ကြော်ငြာရိုက်ကူးနေကြောင်းနန်းခင်ဇေယျာ၏မန်နေဂျာဖြစ်သူကပြောကြား သည်။
ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံမည်မဟုတ်ဟု ဘင်္ဂလာ လက်ရှိအာဏာရပါတီမှဆို
30-10-12ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ
မိမိနေအိမ်သို့ ရခိုင်ပြည်မှ ပြန်လည်လာရောက်နေထိုင်မည့် ဘင်္ဂလီများအား
လက်ရှိအာဏာရပါတီမှ အထွေထွေအတွင်းရေးမှူးက ကိုယ့်အိမ်ကို မီးရှို့သူနှင့်
အကြမ်းဖက်သမားများကို လက်ခံလိမ့်မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောဆို လိုက်ပြီး
နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များကို တင်းကျပ်စွာချထားလျှက်ရှိကြောင်း သိရှိရသည်။
ပုဂံဘုရားများအပေါ် တက်ရောက်ခွင့် တားမြစ် ပိတ်ပင်ခြင်းကို ကျေနပ်မှု မရှိ
ပုဂံရှေးဟောင်း
ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီဘုရားပုထိုးများ အပေါ်
နိုင်ငံခြားသား များနှင့် ဈေး သည် များ တက်ရောက်ခွင့် တားမြစ်ထားခြင်းကို
ဒေသခံများက ကျေနပ်မှု မရှိကြကြောင်း အောက်တိုဘာ ၂၃ ရက်က မြန်မာ
အင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံစဉ် ဒေသခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ဆုံတွေ့မှုအတွက် သဘောတူညီမှုရ
ကေအိုင်အိုမှတောင်းဆိုသော နိုင်ငံရေးအရဆက်လက်ဆွေးနွေးရန်ကိစ္စအား ဦးအောင်မင်းခေါင်းေ ဆာင်ေ သာပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှလက်ခံဆောင်ရွက်သွားတော့မ ည်ဟုတရုတ်နိုင်ငံ ရွှေလီ ၌ကျင်းပသောပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲသစ်နှင့်ကေအိုင်အို (ဗဟို)၏ ပထမ အကြိမ် တွေ့ဆုံမှုတွင် သဘောတူညီချက်ရရှိခဲ့သည်။
ကေအိုင်အိုမှတောင်းဆိုသော နိုင်ငံရေးအရဆက်လက်ဆွေးနွေးရန်ကိစ္စအား ဦးအောင်မင်းခေါင်းေ ဆာင်ေ သာပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှလက်ခံဆောင်ရွက်သွားတော့မ ည်ဟုတရုတ်နိုင်ငံ ရွှေလီ ၌ကျင်းပသောပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲသစ်နှင့်ကေအိုင်အို (ဗဟို)၏ ပထမ အကြိမ် တွေ့ဆုံမှုတွင် သဘောတူညီချက်ရရှိခဲ့သည်။
ယခုနှစ်အတွင်းကျောက်မဲမြို့၌ ယာဉ်တိုက် သေဆုံးသူအမျုားဆုံးဖြစ်
ကျောက်မဲမြို့နယ်တွင်(၅)နှစ်တာအတွင်း ၂၀၁၂ ခုနှစ်မှာ ယာဉ်တိုက်မှုနှင့် ယာဉ်တိုက် မှုကြောင့် သေဆုံးမှု အများဆုံး နှစ်တ စ်နှ စ်ဖြစ်ပြီး သေဆုံးသူဦးရေ (၁၅)ဦးခန့် ရှိပြီဖြစ်ကြောင်းသက်ဆိုင်ရာဌာနများက သိရှိရ သည်။
“ ၂၀၀၇ ကနေ ၂၀၁၂ အထိမှာ အရင်နှစ်တွေက ယာဉ်တိုက်မှုနဲ့ သေဆုံးမှုကို လက်ချိုးရေလို့ရတယ်၊ ဒီနှစ် လို တစ်ဆယ်ကျော်ဆိုတာ မရှိခဲ့ဘူး”ဟု ကျောက်မဲမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က အတည်ပြုေ ပာကြား သည်။
ဗီယက်နမ်တွင် ဆွန်တင် မုန်တိုင်း တိုက်ခတ် သုံးဦး သေဆုံး နှစ်ဦး ပျောက်ဆုံး လျက်ရှိ
ဗီယက်နမ်
မြောက်ပိုင်း နင်ဘင်း ပြည်နယ်တွင် အောက်တိုဘာ ၂၈ ရက်က အင်အားပြင်း
တိုက်ဖွန်း မုန်တိုင်း ''ဆွန်တင်'' တိုက်ခတ်ခဲ့ရာ သုံးဦး သေဆုံးပြီး
အခြားနှစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း ဗီယက်နမ် နိုင်ငံပိုင် သတင်းဌာန
တစ်ခုဖြစ်သည့် VNA သတင်း ဌာန က အောက်တို ဘာ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။
ရန်ကုန်မြို့တော်၏ အနာဂတ်စီမံကိန်းအတွက် မြို့ဧရိယာကို တိုးချဲ့ရန်လျာထားသည့် နေရာများတွင် ပုဂ္ဂလိကပိုင်မြေနှင့် စိုက်ပျိုးမြေများ ပါဝင်နေခြင်းကြောင့် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်
ရန်ကုန်မြို့တော်၏
အနာဂတ် စီမံကိန်းအရ တိုးပွားလာမည့် လူဦးရေအတွက် မြို့ဧရိယာကို
တိုးချဲ့ရန် လျာထားကြောင်း၊ယင်းကဲ့သို့ လျာထားသည့်နေရာများတွင်
ပုဂ္ဂလိကပိုင်မြေနှင့် စိုက်ပျိုးမြေများ ပါဝင်ခြင်းေ ကြာင့်
ဆွေးနွေးညှိနှိုင်း နေဆဲပင်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ
ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲရေးဌာနမှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ
သိရှိရသည်။
အရွယ်မရောက်သေးသော မြေးကို အဘွားဖြစ်သူက ပြည့်တန်ဆာ အဖြစ် စေခိုင်းမှု တာမွေတွင်ဖြစ်ပွား
အသက်
၁၂ နှစ်အရွယ် မိန်းမငယ်တစ်ဦးအား ၄င်း၏ အဘွား ဖြစ်သူက မိဘများမသိစေ ဘဲ
ပြည့်တန် ဆာအဖြစ်စေခိုင်းခဲ့မှုဖြင့် တာမွေရဲစခန်းမှ အောက်တိုဘာလ ၂၈
ရက်နေ့တွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အီတာလျံ-ထိုင်း အများပိုင်ကုမ္ပဏီကို ထိုင်းအစိုးရမှ ကူညီထားသော်လည်း ငွေကြေးထပ်မံလိုအပ်နေ သတ်မှတ်ပေးချက်အတိုင်း လုပ်မည်ဆိုပါက ဂျပန်အစိုးရမှ ငွေကြေးစိုက်ထုတ် ကူညီမည်ဟု သိရ
ထားဝယ်အထူးစီးပွားရေးဇုန်
စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အီတာလျံ-ထိုင်း အများ ပိုင်ကုမ္ပဏီ
(Italian-Thai Development Public Company-ITD) အနေဖြင့် ငွေကြေးမလုံလောက်၍
ထိုင်းအစိုးရမှ ၀င်ရောက်ကူညီထားရကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလတွင် အပြီးတည်ဆောက်ရန်ညွှန်ကြားထားသည့် လှည်းတန်းခုံးကျော်တံတားဆောက်လုပ်မှု ၂၀၁၃ ခုနှစ် ဧပြီလမှသာ အပြီးသတ်တည်ဆောက်နိုင်မည်ဟု သိရ
ရန်ကုန်မြို့ရှိ လှည်းတန်းခုံးကျော်တံတားဆောက်လုပ်မှုလုပ်ငန်းမှာ ယခုလက်ရှိတွင် ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးေ နပြီး ဒီဇင်ဘာလအတွင်းအပြီး တည်ဆောက်ရန်ညွှန်ကြားထားသော်လည်း လာမည့် ၂၀၁၃ ခုနှစ် ဧပြီလ မှသာ အပြီးသတ်တည်ဆောက်နိုင် မည်ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၌ ရေနက်ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် ဆက်သွယ်မည့် မီးရထားလမ်းစီမံကိန်း ပါဝင်
ရခိုင်ပြည်နယ်
ကျောက်ဖြူတွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန် စီမံကိန်း၌
ရေနက်ဆိပ်ကမ်းနှင့် တရုတ်နိုင် ငံ၊ ယူနန်ပြည်နယ်နှင့် ဆက်သွယ်မည့်
မီးရထားလမ်း စီမံကိန်းလည်း ပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံ မှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
မှောင်ခိုကုန်သွယ်မှု ပပျောက်စေရန် ရွေ့လျားစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းမည်
မြန်မာနိုင်ငံရှိ
ကုန်သွယ်မှုပြုရာ လမ်းကြောင်းများတစ်လျှောက်တွင် တရားမ၀င်ကုန်သွယ်မှုအား
တားဆီး ထိန်းချုပ်သွားမည့် ရွေ့လျားစစ်ဆေးရေးအဖွဲ့
ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါအဖွဲ့
ဖွဲ့စည်းရခြင်းမှာ စားသုံးသူကို အကာအကွယ်ပေးရေး၊ တရားဝင်ကုန် သွယ်မှု
မြင့်မား တိုး တက်စေရေး၊ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်သွားရန်နှင့်
တရားဝင်ကုန် သွယ်မှု လမ်းကြောင်းေ ပါ် ရောက်ရှိစေရန် ရည်ရွယ်သည်ဟုဆိုသည်။
ပုဂံညောင်ဦးဒေသတွင် ပြည်တွင်းပြည်ပခရီးသွားအများ အပြားဝင်ရောက် လျက်ရှိရာ ဟိုတယ်အခန်းနှင့် ဧည့်လမ်းညွှန်လိုအပ်ချက်များကြုံတွေ့နေ
ပြည်တွင်း၊ ပြည်ပ ခရီးသွားအများအပြားဝင်ရောက်လျက် ရှိရာ ပုဂံညောင်ဦးဒေသ တွင် နိုဝင်ဘာလ မှစ တင်၍ ဟိုတယ်အခန်းနှင့် ဧည့်လမ်းညွှန်စီစဉ်ရသည့်အခက်အခဲများ ခရီးသွားလုပ်ငန်းတချို့ကြုံတွေ့ နေရပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။
၂၀၁၃ ဆီးဂိမ်း ဖွင့်ပိတ်ပွဲဖျော်ဖြေမှု လူ ၁၆၀၀၀ကျော် ပါဝင်မည်
နေပြည်တော်တွင် ပြုလုပ်မည့် ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ဖွင့်ပွဲပိတ်ပွဲ အခမ်း အနားများတွ င်
ကပြတင်ဆက် ဖျော်ဖြေမှုအပိုင်း၌ စုစုပေါင်းလူအင်အား
တစ်သောင်းခြောက်ထောင်ကျော် ပါဝင်ဆင်နွှဲ မည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ြ ကူက ပြောကြား သည်။
ရန်ကုန်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ပိုများလာ
ရန်ကုန်မြို့တွင်
လူအများရှေ့၌ပင် အုပ်စုဖွဲ့၍ လူသတ်မှု၊ ရိုက်နှက်မှုများ
မကြာခဏဖြစ်ပွား လာခြင်း ကို တွေ့ရကြောင်း မြို့နေပြည်သူများနှင့်
ဥပဒေနယ်ပယ်မှ ပုဂ္ဂိုလ်များကပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ်အသုံးပြုလိုသူများ သိရှိစေရန်
၁။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ်အသုံးပြုလိုသူများသည် အောက်တွင် ပါရှိသော လျှောက်လွှာပုံစံကို Download ပြုလုပ်ပြီး လို အပ်သောစာရွက်စာတမ်းများအား ပူးတွဲလျှက် စာအိတ်ပေါ်တွင် အင်ဂျင်နီယာချုပ် ၊ သတင်းအချက် အလက်နှင့်နည်းပညာဌာန ၊ ရုံးချုပ်အခြေစိုက်ပြည်ပဆက်သွယ်ရေး အဆောက်အဦး ၊ (၈)မိုင် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့သို့လိပ်မူ၍ လျှောက်ထားနိုင်ပါသည် ။
“၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်မှာ ကတ်အဟောင်းတွေကို လာလဲသည်ဖြစ်စေ၊ မလဲသည်ဖြစ်စေ မူလ ATM ကတ် အားလုံးကို အသုံးပြုလို့မရအောင် ဘဏ်တွေက ပိတ်လိုက်မှာ ဖြစ်ပါတယ်”
မြန်မာငွေပေးချေမှုအဖွဲ့ကော်မတီ အတွင်းရေးမှူး ဦးရဲမင်းဦးနှင့် တွေ့ဆုံခြင်း
စက်တင်ဘာ ၁၄ ရက်တွင် ငွေပေးချေမှု
စနစ်တစ်ခု စတင်သည်။ Myanmar Payment Union-MPU အဖွဲ့ဝင် ဘဏ် ၁၇ ခုထဲမှ ၈
ဘဏ်တွင် MPU ကတ်ကို စတင် မိတ်ဆက် အသုံးပြုခဲ့သည်။ ထိုကတ်မှာ ဘဏ် တွင် ငွေစာ
ရင်းဖွင့်ပြီး ငွေကြို ပေးရသော Debit Card စနစ်ဖြစ်ပြီး အဖွဲ့ဝင် ဘဏ်များ၏
ATM စက်များနှင့် ထိုကတ် လက် ခံသော ဆိုင်များတွင် အသုံးပြုနိုင်သည်။
ထိုကတ်စနစ်မှာ ငွေသား အသုံးပြုမှု လျှော့ချ၍ နိုင်ငံတကာ ကဲ့သို့ ကတ် ကို
ပိုမို အသုံးပြုလာရန်ရည်ရွယ်သည်။ မြန် မာေ ငွ ပေးချေမှုအဖွဲ့ အတွင်းရေးမှူး၊ AGD ဘဏ် အုပ်ချုပ်မှု
ဒါရိုက် တာ ဦးရဲမင်း ဦးနှင့် တွေ့ဆုံ မေးမြန်း ထားသည်များမှ ကောက်နုတ်
ဖော်ပြ လိုက်ပါသည်။
ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို ဖျက်မည့် ဒုံးလက်နက် ရုရှား တည်ဆောက်
ရုရှားသမ္မတ နိုင်ငံသည် မိမိတို့ နေထိုင်ရာ
ကမ္ဘာမြေအား ဝင်ရောက်တိုက် မိနိုင်သည့် ဂြိုဟ်သိမ် ဂြိုဟ်မွှားများ အန္တ
ရာယ်ကို ကာကွယ်နိုင်ရန် အတွက် ကြီးမားသည့် ဂြိုဟ်ဖျက် ဒုံးကျည် ပစ်စင်
တစ်ခုကို တည်ဆောက်လျက် ရှိကြောင်း ဆင်ဟွာ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။
အဆိုပါ ဒုံး လက်နက် (ရော့ကက်)သည် ကမ္ဘာပတ် လမ်းကြောင်း အတွင်း ဝင်ရောက်
လာသည့် ဂြိုဟ်သိမ် ဂြိုဟ်မွှားများကို ထိရောက်စွာ ဖြိုခွဲနိုင်မည်ဟု ရုရှား၏
အာကာသ စွမ်းအင် ဆိုင်ရာ ကော်ပို ရေးရှင်းက ပြောကြားသည်။
သတင်းဇစ်မြစ်နှင့် စာနယ်ဇင်းကျင့်ဝတ်
ပဏာမအနေဖြင့် သတင်းမီဒီယာများအပေါ် ထားရှိသော မိမိတို့၏ သဘောထားကို ဆက်သွယ်ပြော ဆိုခဲ့ဘူးသော မီဒီယာသမားများ ကောင်းစွာ သိရှိထားမည် ဟု ယုံကြည်ပါသည်။ ယခု တင်ပြချက်မှာ စာ နယ်ဇင်းသမားအကုန်လုံး၊ဂျာနယ်အားလုံးကိုရည်ရွယ်ခြင်း မဟုတ်ဘဲ လက်တွေ့ကြုံတွေ့ခဲ့ရ သည့် ဖြစ်ရပ် တစ်ခုကိုအခြေပြု၍အယ်ဒီတာမင်းများချင့်ချိန်စဉ်းစားနိုင်ပါရန်စိတ်ရင်းစေတ နာကောင်းဖြင့် ရေးသား ရခြင်းဖြစ်ကြောင်း အလေးအနက်ထား တင်ပြလိုပါသည်။
3G ထက် ၅ ဆပိုမြန်သည့် 4G network ဗြိတိန်တွင် စတင်အသုံးပြုနိုင်
ဗြိတိန်နိုင်ငံတစ်ဝန်းရှိ
မြို့ ၁၁ မြို့တွင် 4G network ကို အင်္ဂါနေ့ (အောက်တိုဘာ ၃၀ ရက်) က
စတင် အသုံးပြုနိုင်ပြီ ဖြစ်သည်။ Orange နှင့် T-Mobile မိုဘိုင်းကွန်ရက်တို့ကို ပိုင်ဆိုင်သော EE ဆက်သွယ်ရေး
ကုမ္ပဏီ၏ 4G network ကို London, Bristol, Birmingham,
Cardiff, Leeds, Sheffield, Edinburgh, Glasgow, Liverpool, Southampton
နှင့် Manchester မြို့များတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။
အမေရိကန်နိုင်ငံသို့ဝင်ရောက်ခဲ့သော sandy မုန်တိုင်းနှင့် နောက်ဆက်တွဲ အခြေအနေ
ဆန်ဒီ (Sandy) အမည်ရှိ အပူပိုင်းဟာရီကိန်းမုန်တိုင်းသည် အောက်တိုဘာ ၂၉ ရက်က န ယူးယောက်မြို့ မှ မိုင် ၄၀၀ ခန့် အကွာ၊ ကိတ်ဟက်တာရက်စ်မြို့ မှ အရှေ့တောင်ဘက်မိုင်
၂၆၀ အကွာပင်လယ်ပြင်ကို ဗဟိုပြုလျက် တစ်နာရီကို ၁၀ မိုင်နှုန်းဖြင့်
အမေရိကန်ပြည်ထောင်စုသို့ဦးတည် ရွေ့လျားလျက်ရှိပြီး အမေရိ ကန်
အရှေ့ပိုင်းကမ်းခြေဒေသများကို လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ နှုန်းဖြင့်
ဝင်ရောက်တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။
ဆူဇူကီး ဖလား ပြိုင်ပွဲ အတွက် ပဏာမ ကစားသမား (၂၅)ဦး စာရင်း တရားဝင် ထုတ်ပြန်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာ(၂၄)
ရက်နေ့ မှ (၃၀)ရက်နေ့ အထိ ကျင်းပမည့် အာဆီယံ ချန်ပီယံ ရှစ် 2012 AFF SUZUKI
CUP အုပ်စု(က) ပွဲစဉ်များအား ယှဉ်ပြိုင် ကစားရန် မြန်မာ့ လက်ရွေး စင် ပဏာ မ ကစားသမား (၂၅)ဦး စာရင်းအား ထုတ်ပြန်ကြေညာ လိုက်ပြီ ဖြစ်သည်။
မူလက မြန်မာ့ လက်ရွေးစင် အသင်း လူစာရင် ကို အာဆီယံ ဘောလုံး အဖွဲ့ချုပ် ကသာ ၃၅ ဦး စာရင်း အဖြစ် ထုတ်ပြန် ခဲ့ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အနေဖြင့် အဆိုပါ ၃၅ ဦး စာရင်း ထဲမှ ၁၀ ဦးအား ချန်လှပ်ကာ ယခု ကဲ့သို့ ၂၅ ဦးစာရင်း ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
နယူးယောက်ခ်မြေအောက်ရထားစနစ် နာလန်ထူနိုင်ရန် တစ်ပတ်ကျော်ကြာနိုင်
အဂ္ဂမဟာ စူပါမုန်တိုင်းကြီးဖြစ်သည့် ဟာရီကိန်း စန္ဒီ (Hurricane Sandy) နူးယောက်ခ်မြို့ကို ကျော်ဖြတ်၍ နိဂုံးခပတ် အဆုံးသတ် သွားခဲ့သော်လည်း ယခုအခါ မုန်တိုင်း၏ နောက်ဆက်တွဲ အနေဖြင့် နူးယောက်ခ်၏ လမ်းပန်းဆက်သွယ်ရေး မြေအောက်ရထားစနစ် (Subway) ရပ်တန့်သွားခဲ့ရပြီး နူးယောက်ခ်မြို့ကြီး ဒုက္ခိ တ ဖြစ်ခြင်းတည်း ဟူသော အကျိုးဆက်ကို ထားရစ်ခဲ့ပါတယ်။ ဒီလို ရပ်တန့်သွားမှုကို ပြန်လည် ထူေ ထာင်ပြီး နာလည်ထူလာနိုင်ဖို့ ရက်သတ္တပတ် တစ်ပတ်ကျော်ကြာနိုင် သလို ကုန်ကျစရိတ်အားဖြင့် အမေ ရိ ကန်ဒေါ်လာ လီလျံချီပြီး ကုန် ကျနိုင်ကြောင်း Bloomberg သတင်းဌာနက ခန့်မှန်းထားပါတယ်။
Subscribe to:
Posts (Atom)