Monday 22 December 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေးပွဲသို့ နိုင်ဟံသာ နှင့် ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်မည်မဟုတ်

Photo: အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေးပွဲသို့
နိုင်ဟံသာ နှင့် ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်မည်မဟုတ်
Monday, December 22, 2014

လာမည့် ဒီဇင် ဘာ ၂၂ ရက်တွင် ကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေး နွေးပွဲသို့ နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော် စ သည့် ထိပ်သီးခေါင်းဆောင်တချို့ တက် ရောက်မည်မဟုတ်ကြောင်း နှစ်ဖက်တာဝန် ရှိသူများထံမှ သိရသည်။

နှစ်ရက်ကြာကျင်းပမည့် အစိုးရ ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် မှု လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက် နက်ကိုင်များ၏ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ NCCT တို့ ၏ ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယခုအစည်းအဝေး ကို NCCT အဖွဲ့ ဒုတိယခေါင်းဆောင် ဖဒို စောကွယ်ထူးဝင်းမှ ဦးဆောင်ကာ တိုင်းရင်း သားများဘက်မှ ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင် ရွှေက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြော သည်။

" နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော်တို့ က တက်မှာ မဟုတ်ဘူး။ ဖဒိုစောကွယ်ထူး ဝင်က ဦးဆောင်မယ်။ ဒါပေမဲ့ ကေအိုင်အို ဘက်က ဒုတိယဗိုလ်မှူးကြီးလအောင် အပါ အဝင် ကိုယ်စားလှယ်တချို့တော့ တက်မယ်'' ဟု ဦးလှမောင်ရွှေက ဆက်ပြောသည်။

နိုင်ဟံသာမှာ ဆွေးနွေးပွဲများ တွင် တိုင်းရင်းသား အခွင့်အရေးအတွက် မားမားမတ်မတ်ရပ်တည်ပြီး ခိုင်ခိုင်မာမာ ပြောဆိုလေ့ရှိကာ တပ်မတော်ကိုလည်း ပွင့် ပွင့်လင်းလင်း ဝေဖန်တတ်သဖြင့် တပ်မတော် ကိုယ်စားလှယ်တချို့မှာ သူ့ကို သဘောကျ ခြင်းမရှိကြောင်းလည်း ဆွေးနွေးပွဲ မကြာ ခဏတက်ရောက်သူများက ပြောသည်။

''ကေအိုင်အိုရော မွန်ပြည်သစ် ရောက မတက်တာတော့မဟုတ်ဘူး၊ NCCT ထဲမှာပါတဲ့ ထိပ်တန်းခေါင်းဆောင်တွေပဲ မလာတာ။ ကျွန်တော်တို့ဆို ရန်ကုန်တောင် ရောက်နေပြီ''ဟု ကေအိုင်အို နည်းစနစ်ပိုင်း အကြံပေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

''အစိုးရဘက်ကတော့ ဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ် ကြီး သက်နိုင်ဝင်းတို့ တက်မယ်။ ကျန်တဲ့ ကိုယ်စားလှယ်တွေကတော့ အခြေအနေ အရပဲ''ဟု ဦးလှမောင်ရွှေကပြောသည်။

နှစ်ဖက်မကျေလည်မှုများ ရှိခဲ့ သည့် စက်တင်ဘာလ ဆွေးနွေးပွဲနောက် ပိုင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တချို့အကြား တင်းမာမှုများ ဖြစ် ပေါ်ခဲ့ကာ ထိတွေ့တိုက်ခိုက်မှုများလည်း ရှိခဲ့သည်။

ယခုဆွေးနွေးပွဲမှာ နိုင်ငံလုံးဆိုင် ရာ အပစ်ခတ်ရပ်စဲရေးအတွက် အတည် ဆွေးနွေးခြင်းမဟုတ်ပဲ အကြိုညှိနှိုင်းမှု အ နေဖြင့် ပြုလုပ်ခြင်းသာဖြစ်ပြီး ယင်းဆွေး နွေးမှုအပေါ် မူတည်၍ သတ္တမအကြိမ် မြောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပ ဖြစ်၊ မဖြစ် ဆုံးဖြတ်သွားမည်ဟု တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များမှ ပြောသည်။

The Flower News
လာမည့် ဒီဇင် ဘာ ၂၂ ရက်တွင် ကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေး နွေးပွဲ သို့ နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော် စသည့် ထိပ်သီးခေါင်းဆောင်တချို့ တက်ရောက်မည်မဟုတ်ကြောင်း နှစ်ဖက်တာဝန် ရှိသူများထံမှ သိရသည်။

နှစ်ရက်ကြာကျင်းပမည့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် တိုင်း ရင်းသား လက်နက်ကိုင်များ၏ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ NCCT တို့ ၏ ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယခုအစည်းအဝေးကို NCCT အဖွဲ့ ဒုတိယ ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းမှ ဦးဆောင်ကာ တိုင်းရင်းသားများဘက်မှ ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင် ရွှေက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြော သည်။

" နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော်တို့ က တက်မှာ မဟုတ်ဘူး။ ဖဒိုစောကွယ်ထူး ဝင်က ဦးဆောင်မယ်။ ဒါပေမဲ့ ကေအိုင်အို ဘက်က ဒုတိယဗိုလ်မှူးကြီးလအောင် အပါ အဝင် ကိုယ်စားလှယ်တချို့တော့ တက်မယ်'' ဟု ဦးလှမောင်ရွှေက ဆက်ပြောသည်။

နိုင်ဟံသာမှာ ဆွေးနွေးပွဲများတွင် တိုင်းရင်းသား အခွင့်အရေးအတွက် မားမားမတ်မတ်ရပ်တည်ပြီး ခိုင်ခိုင် မာမာ ပြောဆိုလေ့ရှိကာ တပ်မတော်ကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်သဖြင့် တပ်မတော် ကိုယ်စား လှယ် တချို့မှာ သူ့ကို သဘောကျ ခြင်းမရှိကြောင်းလည်း ဆွေးနွေးပွဲ မကြာ ခဏတက်ရောက်သူများက ပြောသည်။

''ကေအိုင်အိုရော မွန်ပြည်သစ် ရောက မတက်တာတော့မဟုတ်ဘူး၊ NCCT ထဲမှာပါတဲ့ ထိပ်တန်း ခေါင်း ဆောင်တွေပဲ မလာတာ။ ကျွန်တော်တို့ဆို ရန်ကုန်တောင် ရောက်နေပြီ''ဟု ကေအိုင်အို နည်း စနစ်ပိုင်း အကြံပေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

''အစိုးရဘက်ကတော့ ဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ် ကြီး သက်နိုင်ဝင်းတို့ တက်မယ်။ ကျန်တဲ့ ကိုယ်စားလှယ်တွေကတော့ အခြေအနေ အရပဲ''ဟု ဦးလှမောင်ရွှေကပြောသည်။

နှစ်ဖက်မကျေလည်မှုများရှိခဲ့သည့် စက်တင်ဘာလ ဆွေးနွေးပွဲနောက်ပိုင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့အကြား တင်းမာမှုများ ဖြစ် ပေါ်ခဲ့ကာ ထိတွေ့တိုက်ခိုက်မှုများလည်း ရှိခဲ့သည်။

ယခုဆွေးနွေးပွဲမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးအတွက် အတည် ဆွေးနွေးခြင်းမဟုတ်ပဲ အကြို ညှိနှိုင်းမှုအနေဖြင့် ပြုလုပ်ခြင်းသာဖြစ်ပြီး ယင်းဆွေးနွေးမှုအပေါ်မူတည်၍ သတ္တမအကြိမ် မြောက် ဆွေးနွေး ပွဲကို ဆက်လက်ကျင်းပဖြစ်၊ မဖြစ် ဆုံးဖြတ်သွားမည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှပြောသည်။

The Flower News 

No comments:

Post a Comment