နောဒစ်နိုင်ငံများ၏ လေတပ်များသည် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး မစ်ရှင်ကို အတုယူလျက် အာတိတ်သမုဒ္ဒရာအောက် ဖက်တွင် မေ ၂၅ က စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်း ဆွီဒင်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
Tuesday, 26 May 2015
လားရှိုးတွင် မိမိရင်သွေးအား မွေးပြီးပြီးခြင်း ဗိုက်ဖောက်သတ်ကာ အမှိုက်ပုံးထဲ စွန့်ပစ် ခဲ့သည့် ၁၇နှစ် အရွယ် မိခင်ကို အရေးယူထား
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့(၁၂)တွင် မွေးကင်းစကလေးငယ်ကို မိခင်ဖြစ်သူက ဘရိတ်ဓါးဖြင့် ၀မ်းဗိုက်ဖေါက်ပြီး အူထုတ်သတ်ကာ အမှိုက်ပုံးထဲစွန့်ပစ်ခဲ့သဖြင့် ဖမ်းဆီး အရေးယူထားကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှ သိရှိရသည်။
မြန်မာကလေးငယ် ၂ ဦး အာဆီယံကျောင်းသားများ သိပ္ပံတီထွင်ဆုရရှိ
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျောင်းသားကလေးငယ် ၂ ဦးဟာ မလေးရှားနိုင်ငံကပေးတဲ့ အာဆီယံလူငယ်များ သိပ္ပံဆိုင်ရာ တီထွင်မှုပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ရရှိသွားပါတယ်။
အိန္ဒိယတွင် အပူလှိုင်းကျ၍ လူ ၅၀၀ ကျော်သေဆုံး
အိန္ဒိယနိုင်ငံတွင် ပြင်းထန်သည့် အပူလှိုင်းကျရာ တစ်ချို့ဒေသများတွင် အပူချိန် ၄၈ ဒီဂရီ စင်တီဂရိတ်အထိရှိပြီး သေဆုံးသူလည်း အနည်းဆုံးလူပေါင်း ၅၀၀ကျော် ရှိသည်။
ငလျှင်ဒဏ်သင့် နီပေါပြည်သူများအတွက် လမ်းဘေး ဂီတာဝိုင်းဖြင့် ကောက်ခံ ရရှိထားသည့် အလှုငွေ သိန်း ၁၂၀ ယခု တစ်ပတ်အတွင်းလှုမည်
#myanmar4 nepal လူငယ်ပရဟိတအဖွဲ့က နီပေါနိုင်ငံတွင် ငလျင်ဒဏ် ဘေးသင့် ပြည်သူများအတွက် ဂီတဖြင့် အလှူခံခြင်းကို မေ ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- သက်ကို၊ မဇ္ဈိမ)
ပရဟိတ မြန်မာလူငယ်များက လမ်းဘေး ဂီတာဝိုင်းဖြင့် ကောက်ခံရရှိထားသည့် အလှူငွေ သိန်း ၁၂၀ အား နီပေါနိုင်ငံမှ ငလျင်ဒဏ်ခံရသည့် ပြည်သူများသို့ ယခု တစ်ပတ်အတွင်းတွင် လှူဒါန်း သွားမည်ဟု အဖွဲ့ဝင် မအိမိုကိုက မဇ္ဈိမကို ပြောသည်။
တရုတ်တွင် သက်ကြီးစောင့်ရှောက်ရေး ဂေဟာတစ်ခု မီးလောင်ပြီး လူ ၃၈ ဦးထက်မနည်း သေဆုံး
တရုတ်နိုင်ငံ အလယ်ပိုင်း ဒေသတွင် သက်ကြီး စောင့်ရှောက်ရေး ဂေဟာတစ်ခု မီးလောင်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၃၈ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
“၀”တပ်ဖွဲ့တွင် ကလေးစစ်သားများရှိ နေကြောင်း ၀န်ခံ
ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တွင် ကလေး စစ်သားများ ရှိနေကြောင်းနှင့် အဆိုပါ ကလေးစစ်သား အရေးကို ရေရှည် နည်းလမ်းဖြင့်သာ ဖြေရှင်းသွား ရမည် ဖြစ်ကြောင်း UWSA ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့်က The Messenger Media သို့ပြောသည်။ ကလေး စစ်သား အရေးနှင့် ပတ်သက်၍ ယခုလ (၂၂) ရက်နေ့တွင် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (Unicef) နှင့်လည်း UWSA ဌာနချုပ်ရှိ ရာ ပန်ဆန်း တွင် ဆွေးနွေးခဲ့ သေးကြောင်း UWSA ထံမှ သိရသည်။
သတင်းပေး ခြိမ်းခြောက်မှုတစ်ခုကြောင့် ပြင်သစ်လေကြောင်းလေယာဉ်ကို အမေရိကန် F-15များ ခြံရံပျံသန်းခဲ့
မည်သူမည်ဝါမှန်းမသိသူတစ်ဦး၏ ဆက်သွယ်ခြိမ်းခြောက်မှုကိုခံခဲ့ရသည့်နောက် ပြင်သစ်လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးကို အမေရိကန်လေတပ် တိုက်လေယာဉ်များက ခြံရံလိုက်ပါ ပျံသန်းခဲ့ ကြောင်း သတင်းရရှိသည်။
မဲရုံဝန်ထမ်း ခန့်အပ်မည့် ဆရာ၊ ဆရာမများကို ရွေးကောက်ပွဲ အသိပညာပေးရေး စတင်
၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် မဲရုံဝန်ထမ်းများအဖြစ် ခန့်အပ်မည့် ဆရာ၊ ဆရာမများအတွက် ရွေးကောက်ပွဲ အသိပညာပေး လုပ်ငန်းစဉ်များကို စတင်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
ကိုယ်စားလှယ်လောင်းများ တပ်ဧရိယာအတွင်း မဲဆွယ်နိုင်ရန် ရွေးကောက်ပွဲကော်မရှင် ကြားဝင်ညှိနှိုင်းပေးမည် မဟုတ်ဟုဆို
အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွင် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများ သက်ဆိုင်ရာ တပ်ဧရိယာများတွင် မဲဆွယ်နိုင်ရန် ရွေးကောက်ပွဲကော်မရှင်က ကြားဝင်ညှိနှိုင်းပေးမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောကြားသည်။
ကျားကျောင်းထိုင်ဆရာတော် ကျားကုတ်ခံရတာမဟုတ်ဟု ဆရာဝန်ပြော
ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်က ၀ပ်ပါလောင်တဘူ ကျားဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဒဏ်ရာဟာ ကျားကုတ်ခံရတာ မဟုတ်ဘဲ လဲကျသွားတဲ့ အတွက် ဖြစ်တယ်လို့ဆရာဝန်က ပြောပါတယ်။
အစိုးရသစ်သက်တမ်းအတွင်း ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံပေါင်း တစ်သောင်းရှိ
လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံပိုင်စီး ပွားေ ရး များသည် လိုငွေ ပြဘတ် ဂျက်ခေါင်း စဉ်အောက် သို့ ရောက်ရှိခဲ့ပြီး အစိုးရသစ်သက်တမ်း အတွင်း ဘတ်ဂျက်လိုငွေ ကျပ် ဘီလီယံပေါင်း တစ်သောင်းရှိခဲ့ ကြောင်း ဘတ်ဂျက်ရေး ရာ ကျွမ်းကျင် ပညာရှင် ဦးဇော်ဖေဝင်း ၏ ပြောကြား ချက်အရ သိရသည်။ ကုန်သည် စက်မှု အသင်းချုပ် တွင် မေ ၂၄ ရက်ကပြုလုပ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ရသုံး မှန်းခြေငွေစာရင်း စကားဝိုင်းဆွေးနွေး ပွဲတွင် ဦးဇော်ဖေဝင်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။
မြန်မာကားသီးသန့်ရုပ်ရှင်ပြပွဲစင်္ကာပူနိုင်ငံတွင်ပြုလုပ်မည်
လာမယ့်သြဂုတ်လ (၈) ရက်နေ့မှာတော့ စင်္ကာပူနိုင်ငံမှာ မြန်မာရုပ်ရှင် ပွဲတော်အဖြစ် မြန်မာ ရုပ်ရှင်ကား (၃) ကားကို သွားရောက်ပြသမယ်လို့ စိန်ဌေးရုပ်ရှင်နဲ့ ဗွီဒီယိုထုတ်လုပ်ရေးမှ သိရပါတယ်။ ပြသမယ့် ရုပ်ရှင် ကား (၃) ကားကတော့ စိန်ဌေးရုပ်ရှင်နဲ့ ဗွီဒီယိုထုတ်လုပ်ရေးက ထုတ်လုပ်ထားတဲ့ တိုက်ဆိုင်မှုရှိရင်၊ ကိုတင့်တို့စူပါရပ်ကွက်၊ နင်စေရင်အစရှိတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။
ကိုးကန့်တပ်ဖွဲ့ဖမ်းဆီးထားသည့် တပ်မတော်သား လေးဦး လွတ်မြောက်လာ
လောက်ကိုင်တိုက်ပွဲတွင် ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးထားခဲ့ သည့် တပ်မတော်သား လေးဦး လွတ်မြောက် လာပြီဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
ရှမ်းပြည်နယ် တီကျစ်မြို့ ပျက်စီးတော့မည်လော
“မိုင်းတွင်း တူးဖော်မှုကြောင့် မိုင်းတွင်းအနီးရှိ မြို့ဦးဘုရားသည်လည်း ယခုအခါ အုတ်ပုံဘ၀သို့ ရောက် ရှိနေပြီး ပြန်လည်ပြုပြင်ပေးမည်ဆိုသည့် ကတိစကားများ လေပေါ်တွင် ပျောက်ကွယ်နေကြောင်း ယင်း အုတ်ပုံက သက်သေထူလျက်ရှိသည်။ … ”
မက္ကစီကိုတွင် အင်အားပြင်း လေဆင်နှာမောင်းတစ်ခု တိုက်ခတ်ပြီး လူ ၁၃ ဦး သေဆုံး
မက္ကစီကို နိုင်ငံရှိ မြို့တစ်မြို့တွင် အင်အားပြင်းထန်သည့် လေဆင်နှာမောင်းတစ်ခု ဝင်ရောက် တိုက်ခတ် ခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
ကမ္ဘာ့ ယူ-၂၀ ပြိုင်ပွဲ မြန်မာအသင်းပွဲစဉ်များ အခမဲ့ရုပ်သံလိုင်းများ၌ ပြသမည်
ကမ္ဘာ့ ယူ-၂၀ ပြိုင်ပွဲအကြို ခြေစမ်းပွဲအဖြစ် မြန်မာနှင့်ဖီဂျီအသင်း ဖေဖော်ဝါရီ ၁၇ ရက်က မန္တလေးမြို့တွင် ယှဉ်ပြိုင်ကစားခဲ့စဉ် (ဓာတ်ပုံ − MFF)
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင် ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအသင်း၏ ပွဲစဉ်အားလုံးကို အခမဲ့ ရုပ်သံလိုင်းများ ဖြစ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV နှင့် MNTV ရုပ်သံလိုင်းများတွင် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အဆို ပါပြိုင်ပွဲကို တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ပြသခွင့် ယူထားသော ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမီ တက်မှ သတင်းရရှိသည်။
ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် ဂုဏ်ရှိန်ကျော်ကြားဆုံးဆုကို Dheepan ဇာတ်ကားဆွတ်ခူး
ပြင်သစ်ဒါရိုက်တာဂျက် အောဒီးယာဒ်ရိုက်ကူးတင်ဆက်သော Dheepan အမည်ရ ပြင်သစ်ဒရာမာ ဇာတ်ကားသည် (၆၈)ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော် ကချီးမြှင့်သော ဂုဏ်ရှိန် ကျော်ကြားဆုံးဖြစ်သည့် Palme d'Or ဆုကို ဆွတ်ခူးရရှိသွားသည်။
မရိုးမဖြောင့်မဲဆွယ်သည်ဟုဆိုကာ မန္တလေးစည်ပင်ကိုယ်စားလှယ်လောင်း တစ်ဦး တိုင်ကြားခံရ
မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲအတွက် အောင်မြေသာစံမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦး၏ မဲဆွယ်စည်းရုံးမှုအပေါ် မကျေနပ်၍ စိစစ်ကြပ်မတ် ပေးရန် ရွေးကောက်ပွဲကော်မရှင်ထံ တိုင် ကြားထားကြောင်း သတင်းရရှိသည်။
ဆီးရီးယားသူပုန်များအား လေကြောင်းအကူအညီပေးရေး အမေရိကန်နှင့် သဘောတူညီမှုရဟု တူရကီပြော
ဆီးရီးယားနိုင်ငံ၏ အဓိကအတိုက်အခံအဖွဲ့မှ တပ်ဖွဲ့အချို့ကို လေကြောင်းအကူအညီပေးရန် အမေရိကန် နှင့် တူရကီနိုင်ငံတို့မူအားဖြင့် သဘောတူညီလိုက်ကြောင်း တူရကီနိုင်ငံ ခြားရေးဝန်ကြီးက ပြောသည်။
အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်အိုမာ့တ် အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်ရှစ်လ ထပ်မံချမှတ်ခံရ
ဂျေရုစလင်မြို့ ခရိုင်တရားရုံးတွင် အမှုစစ်ဆေးခိုက် အစ္စရေးဝန်ကြီးချုပ် အီဟွတ်အိုမာ့တ်က ရှေ့နေများနှင့် တိုင်ပင်နေစဉ် (AFP)
အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်အိုမာ့တ်အား လိမ်လည်မှုနှင့် ယုံကြည်မှုချိုးဖောက်မှုတို့ဖြင့် အစ္စရေး တရားရုံးက မေလ ၂၅ ရက်တွင် ထောင်ဒဏ်ရှစ်လ ချမှတ်လိုက်သည်။
ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် လူနေအိမ်များ၌ မြေအောက်ခန်းရှိ မီးစက်များကြောင့် ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်မှုဖြစ်ပွား
အမေရိကန် နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည် နယ်ရှိ လူနေအိမ်ငါးလုံးတွင် လျှပ် စစ်ဓာတ်အားရရှိရေး အသုံးပြုသည့် မီးစက်များကြောင့် ကာဗွန်မို နောက်ဆိုက် အဆိပ်သင့်မှု ဖြစ် ပွားခဲ့ရာ လူရှစ်ဦး ဆေးရုံတင် ကုသခဲ့ရသည်။
ပြည်ခိုင်ဖြိုး ဗဟိုကော်မတီအစည်းအဝေးတွင် သမ္မတလောင်းရွေးချယ်ရေး ဆွေးနွေးဖွယ်ရှိ
ယခုလ နောက်ဆုံးပတ်တွင် ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီ အစည်း အဝေး၌ သမ္မတလောင်းရွေးချယ်ခြင်းနှင့် ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များလျာထား သတ် မှတ်ခြင်းကို ထည့်သွင်းဆွေးနွေးဖွယ်ရှိကြောင်း ဗဟိုကော်မတီဝင် အချို့ထံမှ သတင်းရရှိသည်။
အင်္ဂလားဒေ့ရှ်လှေစီးဒုက္ခသည်များကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ပြောင်းရွှေ့
ဘင်္ဂလားဒေ့ရှ်လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပြန်လည် လွှဲပြောင်းရန် နှစ်နိုင်ငံနယ်စပ်သို့ မေ ၂၅ ရက်က ပို့ဆောင်နေစဉ် (ဓာတ်ပုံ-MOI)
မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာတွင် ထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နယ်စပ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲသို့ မေလ ၂၅ ရက်က ရွှေ့ပြောင်း လိုက်ကြောင်း သတင်းရရှိသည်။
မလေးရှားရောက် မြန်မာနိုင်ငံသားများ အသွားအလာဆင်ခြင်ရန် မြန်မာသံရုံး သတိပေး
လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍မလေးရှားနိုင်ငံတွင် လှုံ့ဆော် ပြောကြားမှုများဖြစ် ပေါ်နေခြင်းကြောင့် မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားများသတိဖြင့် သွားလာဆင်ခြင်နေထိုင်ကြရန် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက မေလ ၂၅ ရက်၌ သတိပေးချက် ထုတ်ပြန်သည်။
လှေစီးဒုက္ခသည် ၂၀၀ ကယ်ဆယ်ခဲ့သော မြန်မာကို ကုလသမဂ္ဂချီးကျူး
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခသည် ၂၀၀အား ကယ်ဆယ်ခဲ့သဖြင့် မြန်မာကိုကုလသမဂ္ဂက အသိ အမှတ်ပြုချီးကျူး လိုက်ပြီး ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂလူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးရုံးက ကြေညာချက်ထုတ် ပြန်သည်။
ကျောင်းအပ်နှံရာတွင် ငွေကြေးကောက်ခံမှု မရှိစေရန် ပညာရေး ညွှန်ကြားရေးမှူးများ တာဝန်ယူရမည်
၂၀၁၅−၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလက်ခံနေပြီဖြစ်ရာ ရန်ကုန်မြို့ရှိ ကျောင်းတစ် ကျောင်းတွင် ကျောင်းအပ်နေသော ကျောင်းသား မိဘ များနှင့် လက်ခံနေသော ဆရာမများကို မေလ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း စာသင်ကျောင်းများတွင် ငွေကြေးကောက်ခံမှုများ မရှိစေရန် သက် ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးများက တာဝန် ယူဆောင်ရွက်ရမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သတင်း ရရှိသည်။
Subscribe to:
Posts (Atom)