Friday, 18 July 2014

ဂါဇာကို အစ္စရေးက မြေပြင်ထိုးစစ် စတင်

ကြာသပတေးနေ့ နှောင်းပိုင်းက အစ္စရေးတပ်ဖွဲ့ဝင်များသည် အမြှောက်များ တရစပ် ပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်မှုများ နောက်ခံပြု၍ ဂါဇာအတွင်းသို့ ကြီးမားသော မြေပြင်ထိုးစစ်ကြီးကို စတင် လိုက်ရာ ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမတ်စ်တို့နှင့် ၁၀ရက်ကြာနေပြီဖြစ်သော ပဋိပက္ခမှာ သိသိ သာသာ အရှိန်မြင့်လာသည့် သဘောဖြစ်သည်။

ဦးတေဇပိုင် ADG ဘဏ်၏ရှယ်ယာ ၆၀ရာခိုင်နှုန်း အား ဦးနေ၀င်း၏မြေး ဦးကျော်နေ၀င်းဝယ်ယူ

Photo: ဦးတေဇပိုင် ADG ဘဏ်၏ရှယ်ယာ ၆၀ရာခိုင်နှုန်း အား ဦးနေ၀င်း၏မြေး ဦးကျော်နေ၀င်းဝယ်ယူ
Friday, July 18, 2014  

ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ဆိုင်သော အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) ၏အစုရှယ်ယာ၆၀ရာခိုင်နှုန်းအား ၀ယ်ယူလိုက်ပြီဖြစ်ကြောင်း ဦးကျော်နေ၀င်းက Messenger Media နှင့် သီးသန့်တွေ့ဆုံစဉ်ပြောကြားသွားခဲ့သည်။
အဆိုပါဘဏ်၏၆၀ရာခိုင်နှုန်းကိုလွဲပြောင်းရယူပြီးဖြစ်ပြီး၈၅ရာခိုင်နှုန်းအထိဝယ်ယူရန် ဦးကျော်နေ၀င်း ဦးဆောင်သောအဖွဲ့နှင့် AGD တာဝန်ရှိသူများသဘောတူညီထားပြီးဖြစ်ကြောင်းသိရသည်။
“ဘဏ်အတွက်ငွေတွေဘယ်ကရလဲဆိုတာရှိတယ်ကျွန်တော်တို့ ငွေဖြူပြနိုင်တယ်၊ငွေဖြူမပြနိုင်ရင်
ဗဟိုဘဏ်ကလည်းလက်ခံမှာမဟုတ်ဘူး။ပွင့်ပွင့်လင်းလင်းပြောရရင်မိသားစုကတစ်ချိန်တစ်ခါတုန်းက
နိုင်ငံခေါင်းဆောင်ဖြစ်ခဲ့ တဲ့ အတွက်ဟိုနိုင်ငံမှာရှိတဲ့ ငွေကိုဒီနိုင်ငံယူလာပြီးသုံးတယ်လို့ ပြောကြတယ်
လုံးဝမဟုတ်ဘူး။ဒီနေ့ ကမ္ဘာကဖုံးဖိထားလို့ ရတဲ့ ကမ္ဘာမဟုတ်ပါဘူး ”ဟုဦးကျော်နေ၀င်းက
ပြောသည်။
အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်သည် ဘဏ်ခွဲပေါင်း လေးဆယ်ကျော်ရှိပြီး ၀န်ထမ်းပေါင်း ၂၃၀၀ ကျော်ဖြင့်လည်ပတ် နေသည်။
ထို့ပြင် ၂၀၁၂-၁၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် AGDဘဏ်တစ်ခုတည်းမှ အခွန်ငွေ သန်းပေါင်း တစ်ထောင့်ရှစ်ရာကျော် ပေးဆောင်ခဲ့ကြောင်း ယင်းဘဏ်၏ထုတ်ပြန်ချက်များအရသိရသည်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ပိုင်ဆိုင်မှုပမာဏမှာ ကျပ်ဘီလီယံ သုံးရာကျော်ဖြစ်သည်။

Messenger News Journal
ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ဆိုင်သော အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) ၏အစုရှယ်ယာ၆၀ရာခိုင်နှုန်းအား ၀ယ်ယူလိုက်ပြီဖြစ်ကြောင်း ဦးကျော်နေ၀င်းက Messenger Media နှင့် သီးသန့်တွေ့ဆုံစဉ်ပြောကြားသွားခဲ့သည်။

အာဇာနည်(၉) ဦး၏ အတ္ထုပ္ပတ္တိ (၆၇ နှစ်မြောက် အာဇာနည်နေ့ ဂုဏ်ပြု)

Photo: အာဇာနည်(၉) ဦး၏ အတ္ထုပ္ပတ္တိ (၆၇ နှစ်မြောက် အာဇာနည်နေ့ ဂုဏ်ပြု)
Friday, July 18, 2014 

ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ – ၁၉၄၇)
http://www.m-mediagroup.com/news/15844

ဦးဘဝင်း (၁၉၀၁ – ၁၉၄၇)
http://www.m-mediagroup.com/news/15875

သခင် မြ (၁၈၉၇ – ၁၉၄၇)
http://www.m-mediagroup.com/news/15956

ဆရာကြီးဦးရာဇတ် (၁၈၉၈-၁၉၄၇)
http://www.m-mediagroup.com/news/1388
အခြားပိုစ်များ http://www.m-mediagroup.com/news/category/famous-perosn/urazak

မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း
http://www.m-mediagroup.com/news/15910

ဦးအုန်းမောင် (၁၉၁၃ – ၁၉၄၇)
http://www.m-mediagroup.com/news/16085

ဦးဘချို (၁၈၉၃ – ၁၉၄၇)
http://www.m-mediagroup.com/news/16017

မန်းဘခိုင် (၁၉၀၃ – ၁၉၄၇)
http://www.m-mediagroup.com/news/16157

ရဲဘော် ကိုထွေး (၁၉၂၉ – ၁၉၄၇)
http://www.m-mediagroup.com/news/16166
အခြားပိုစ်များ => http://www.m-mediagroup.com/news/category/famous-perosn/yebawkohtwe

ဆောင်းပါးများ
--------------
“အာဇာနည်နေ့သည် ဘာသာပေါင်းစုံ သွေးစည်း ညီညွှတ်တဲ့နေ့ ” ဦးသောင်းညွှန့်(ဖျာပုံ)
http://www.m-mediagroup.com/news/10462

သမိုင်းထဲက သွေးစွန်းခဲ့တဲ့ နေ့တစ်နေ့
http://www.m-mediagroup.com/news/16161

အာဇာနည်နေ့ နှင့် မြန်မာမွတ်စလင်မ်
http://www.m-mediagroup.com/news/16218

မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ်
http://www.m-mediagroup.com/news/16191

ကဗျာ
--------
အလွှာစုံညီ မြန်မာ့အာဇာနည် (ကဗျာ- M-Media Blog ကဏ္ဍ)
http://www.m-mediagroup.com/news/16211

M-Media
ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ – ၁၉၄၇)
http://www.m-mediagroup.com/news/15844

ဟောင်ကောင်အရေးနှင့် ပတ်သက်ပြီး ဗြိတိန်ကို သတိပေးခဲ့သည့် တရုတ်နိုင်ငံ

Photo: ဟောင်ကောင်အရေးနှင့် ပတ်သက်ပြီး ဗြိတိန်ကို သတိပေးခဲ့သည့် တရုတ်နိုင်ငံ
Friday, July 18, 2014 

တရုတ်အစိုးရက ဟောင်ကောင်အရေးနဲ့ ပတ်သက်ပြီး ဗြိတိန်က ၀င်ရောက်စွက်ဖက်နေ တယ်လို့စွပ်စွဲခဲ့ပါတယ်။  ဗြိတိန်လက်ထောက်ဝန်ကြီးချုပ်
"နစ်ခ်ကလက်"ဟာ ဟောင်ကောင်ဒီမိုကရေစီလိုလားသူ ခေါင်းဆောင်နှစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီးနောက် လန်ဒန်မြို့ အစိုးရဟာ ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက် နေတယ်လို့  တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။  
 
အင်္ဂါနေ့မှာ ဟောင်ကောင် အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံခဲ့တဲ့အတွက် ဗြိတိန်ကို ကန့်ကွက်ကြောင်း အစိုးရပိုင်ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ (၁၉၉၇)ခုနှစ်မှာ ဗြိတိန်က ဟောင်ကောင်ကို တရုတ်နိုင်ငံ ဆီပြန်လည် လွှဲပြောင်း ပေးခဲ့တာပါ။
 
ဟောင်ကောင်ဒီမိုကရက်တစ် ခေါင်းဆောင်တွေဟာ ပိုပြီး လွတ်လပ်ဖို့ကို တောင်းဆိုနေတာဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့်ရပုဂ်္ဂိုလ် ကတော့ ဗြိတိန်ရဲ့ လုပ်ရပ်ဟာ တရုတ်နိုင်ငံပြည်တွင်းရေးကို စွက်ဖက်မှုဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ လက်ရှိအကြီး အကဲဟာ ဘေကျင်းမြို့အစိုးရလိုလားသူကော်မတီက ရွေးကောက်တင်မြှောက်ထားတာဖြစ်ပြီး (၂၀၁၇)ခုနှစ်မှာ အသစ်ပြန်လည်ရွေးချယ်မှာဖြစ်ပါတယ်။  ဇူလိုင်(၁)ရက်နေ့က ဒီမိုကရေစီ လိုလားသူများက ဆန္ဒပြခဲ့ပြီး (၁၉၉၇)ခုနှစ်မှာ ပြန်လည်လွှဲပြောင်း ပေးခံခဲ့ရပြီးတဲ့နောက် အကြီးမားဆုံးဆန္ဒပြပွဲ ဖြစ်ခဲ့ပါတယ်။

MRTV-4
တရုတ်အစိုးရက ဟောင်ကောင်အရေးနဲ့ ပတ်သက်ပြီး ဗြိတိန်က ၀င်ရောက်စွက်ဖက်နေ တယ်လို့စွပ်စွဲခဲ့ ပါတယ်။  ဗြိတိန်လက်ထောက်ဝန်ကြီးချုပ် "နစ်ခ်ကလက်"ဟာ ဟောင်ကောင်ဒီမိုကရေစီလိုလားသူ ခေါင်းေ ဆာ င်နှစ် ဦး နဲ့ တွေ့ဆုံခဲ့ပြီးနောက် လန်ဒန်မြို့ အစိုးရဟာ ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက် နေ တယ် လို့  တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။  

ပဏာမအပစ်ရပ် သဘောတူညီချက် အများဆန္ဒဖြင့် အတည်ပြုချက်ရယူမည်

ကချင်ပြည်နယ်လိုင်ဇာတွင် ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာကျင်းပ မည့်တတိယအကြိမ် တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီးအစည်း အဝေးတွင်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေးအတွက် ပဏာမ အပစ်ရပ်သဘောတူညီထားမှုများ ကိုအများ သဘောဆန္ဒဖြင့်အတည်ပြုချက်ရယူသွားမည်ဟု တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်ဦးနိုင်ဟံသာက ပြောကြားသည်။

စည်းကမ်းချက်များ မလိုက်နာသဖြင့် အလှမယ်ခင်ဝင့်ဝါ Miss Supranation Myanmar 2014 ၂ဝ၁၄ ဆုရှင်အား သရဖူ ပေးအပ်ခွင့် ရရှိတော့မည်မဟုတ်ဟုဆို

Miss Golden Land Myanmar Organization နှင့်ချုပ်ဆိုထားသည့် စည်းကမ်းချက်များ လိုက်နာခြင်းမရှိ ခြင်းကြောင့် အလှမယ် ခင်ဝင့်ဝါ သည် Miss Supranation Myanmar 2014 ဆုရှင်အား သရဖူ ပေးအပ်ခွင့်ရရှိ တော့မည်မဟုတ် Organization သတင်း ထုတ်ပြန်ချက်အရသိရသည်။

စမတ်ဖုန်းတွေနဲ့ မြန်မာလူငယ်တွေ အမှောင်ခေတ်ကို ကျောခိုင်းပြီ

စမတ်ဖုန်းတွေ မပေါ်ခင်ကမြန်မာပြည်မှာ စမ်းတဝါးဝါးနဲ့နေထိုင်ခဲ့ရတဲ့ ကာလတွေကို အမှောင်ခေတ်လို့ ဖုန်းသုံးသူတွေက တင်စားကြပါတယ်။ ဖုန်းဆင်းကတ်တွေနဲ့ စမတ်ဖုန်းတွေ လူတိုင်းကိုင်ဆောင်လာကြတဲ့ အချိန်ကတော့ ဖုန်းကနေ အင်တာနက်သုံးစွဲမှု မြင့်တက်လာချိန်ပါ။ စမတ်ဖုန်းတွေဟာ လူငယ်တွေရဲ့ နေ ထိုင် မှု ပုံစံကို ဘယ်လိုပြောင်းလဲလိုက်သလဲ။

ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို ထိုင်းအာဏာသိမ်း စစ်တပ်က နိုင်ငံခြားခရီး ထွက်ခွင့်ပေး

ထိုင်းအာဏာသိမ်း စစ်တပ်က ရာထူးမှ ဖယ်ရှားခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ် ကို နိုင်ငံခြားခရီးသွားခွင့် ပြုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပြည်မြို့တွင် ဗိုလ်ချုပ်ကျောက်ရုပ်နှင့် အများပြည်သူနှင့်ဆိုင်သည့် နေရာများတွင် ပန်းခွေချလျှင် အရေးယူမည်ဟု အမိန့်စာဖြင့် ထုတ်ပြန်

Photo: ပြည်မြို့တွင် ဗိုလ်ချုပ်ကျောက်ရုပ်နှင့် အများပြည်သူနှင့်ဆိုင်သည့် နေရာများတွင် ပန်းခွေချလျှင် အရေးယူမည်ဟု အမိန့်စာဖြင့် ထုတ်ပြန်
Friday, July 18, 2014

၆၇ နှစ်မြောက် အာဇာနည်နေ့တွင် ပြည်မြို့လယ်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်နှင့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ပန်းခွေချလျှင် တည်ဆဲ ဥပဒေများအရ အရေးယူခံရမည် ဖြစ်ကြောင်း ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အမိန့်စာဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးက ဇူလိုင် ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ယင်းအမိန့်စာတွင် အများပြည်သူ စိတ်ငြိုငြင်စေမည့် လုပ်ငန်း၊ အနှောင့်အယှက် ဖြစ်စေသည့် လုပ်ငန်းများ လုပ်ဆောင်ခြင်း မပြုရန်၊ အာဇာနည်နေ့တွင် ဂုဏ်ယူဖွယ်ရာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု၊ မြို့တော်ခန်းမ အပါအဝင် ခန်းမများ၊ အများပြည်သူ အပန်းဖြေရာ ပန်းခြံများ၊ အထိမ်းအမှတ် နေရာများ သတ်မှတ်ထားခြင်း မရှိသော နေရာများတွင် ပန်းခွေချခြင်း၊ ပန်းခြင်းချခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုလုပ်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ပဲ ထုတ်ပြန်လိုက်တယ်။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ဖြန့်ထားတယ်။ ဘယ်သူမဆို သွားကြည့်လို့ရတယ်။ လိုက်နာမှု မရှိရင် သက်ဆိုင်ရာ ဥပဒေနဲ့ အရေးယူသွားဖို့ ရှိတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်က အတည်ပြု ပြောကြားသည်။

၂၀၁၃ ခုနှစ်က ကျရောက်ခဲ့သည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသန္တရ အမိန့်ဖြစ်သည့် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများက အထက်ဖော်ပြပါ နေရာများတွင် စီတန်းလှည့်လည်မှုများ၊ ပန်းခွေချမှုများ ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်တို့က အစဉ်အလာအတိုင်းပဲ ဒီနှစ်လည်း လုပ်သွားမယ်။ မနှစ်က ပန်းခွေချတုန်းက ၁၈၈ နဲ့ တရားစွဲတယ်။ အဲတုန်းက အလုပ်နဲ့ ထောင် ၇ ရက် သို့မဟုတ် ဒဏ်ငွေ ၂၀၀ ပြစ်ဒဏ်ချလို့ ဒဏ်ငွေ ၂၀၀ ဆောင်ခဲ့ရတယ်” ဟု တရားစွဲဆို ခံခဲ့ရသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ ပြည်ဒေသခံ ဦးသိမ်းမင်းထွန်းက ပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့တွင် ဇူလိုင်လ (၁၉) ရက်နေ့၌ ကျရောက်မည့် (၆၇) နှစ်မြောက် အာဇာနည်နေ့၌ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများကို ဥသြဆွဲ ဂုဏ်ပြုခြင်းကို ခွင့်ပြုမည် ဖြစ်ကြောင်း ပုသိမ်မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး ဒုတိယဦးစီးမှူး ဦးစိန်သောင်းက ပြောကြားသည်။

အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲ ဂုဏ်ပြုခြင်းကို ၂၀၁၃ ခုနှစ်ကလည်း ခွင့်ပြုပေးခဲ့ကြောင်း၊ ဥသြဆွဲ ဂုဏ်ပြုသူများ အနေနှင့် အာဇာနည်ကြီးများ ကျဆုံးချိန်၌သာ ဥသြဆွဲ ဂုဏ်ပြုနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

The Voice Weekly
၆၇ နှစ်မြောက် အာဇာနည်နေ့တွင် ပြည်မြို့လယ်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်နှင့် အများပြည်သူနှင့် သက်ဆိုင် သည့် နေရာများတွင် ပန်းခွေချလျှင် တည်ဆဲ ဥပဒေများအရ အရေးယူခံရမည် ဖြစ်ကြောင်း ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အမိန့်စာဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

ခရီးသည်တင်ယာဉ်ကြီးများ CNG ၄၈၀ ကီလိုဂရမ်အိုး ပြောင်းလဲတပ်ဆင်ခွင့်ပြု

Photo: ခရီးသည်တင်ယာဉ်ကြီးများ CNG ၄၈၀ ကီလိုဂရမ်အိုး ပြောင်းလဲတပ်ဆင်ခွင့်ပြု
Friday, July 18, 2014

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော CNG ၂၀၀-၂၅၀ ကီလိုဂရမ်အိုးများ တပ်ဆင်ထားသော ခရီးသည်တင် ယာဉ်ကြီးများကို ဇူလိုင်လ ၁၅ ရက်မှစ၍ ခရီးစဉ် အကွာအဝေးပေါ် မူတည်၍ CNG ၄၈၀ ကီလိုဂရမ် အိုးများကို တပ်ဆင်ခွင့် ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ကော်မတီ (မ.ထ.သ-ဗဟို) ထံမှ သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့က စီအန်ဂျီ တပ်ဆင်ခွင့် ပြုလိုက်သည့် ယာဉ်လိုင်းများမှ မော်တော်ယာဉ် အရေအတွက်မှာ ၃၅ စီး ဖြစ်ပြီး လက်ရှိ ပြေးဆွဲနေသော Original CNG 200-250 ကီလိုဂရမ်အိုးများ တပ်ဆင်ထားသော ယာဉ်ကြီးများ ဖြစ်ကြောင်း မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

“ကျွန်တော်တို့ကို တင်ပြထားတဲ့ ကားတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီး ဝန်ကြီးချုပ်ကိုယ်တိုင် စွမ်းအင်နဲ့ ညှိနှိုင်းပြီး ချပေးလိုက်တာ။ ဒီအတိုင်းဆိုရင် ယာဉ်ကြီးအားလုံး CNG ၄၈၀ ချပေးမယ့်သဘော ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီး အစိုးရထံ CNG တင်ပြ တောင်းခံရာတွင် မ.ထ.သ (ဗဟို) က ၈၆၄ စီး တင်ပြခဲ့ရာ ၇၇၂ စီး စီအန်ဂျီ တပ်ဆင်ခွင့်ရခဲ့ပြီး ၉၂ စီး ကျန်ရှိနေသေးကြောင်း မ.ထ.သ (ဗဟို) က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

“၆၀၀ လောက်နဲ့ မောင်းတဲ့ကားတွေကို ၂၀၀ လောက်ပဲ ချပေးတော့ အဆင်မပြေလို့ မဆွဲနိုင်တာတွေ ရှိတယ်။ ဘတ်စ်ကားတွေကို CNG လုံလုံလောက်လောက် ချပေးလိုက်တယ် ဆိုရင်တော့ သယ်ယူပို့ဆောင်ရေးမှာ ဘတ်စ်ကားတွေ များလာမှာပေါ့။ ခရီးသည်တွေလည်း အဆင်ပြေသွားတာပေါ့။ ယာဉ်ပိုင်ရှင်တစ်ယောက် အနေနဲ့လည်း ဒီလိုမျိုး လုပ်ပေးလိုက်တာကို ကြိုဆိုပါတယ်” ဟု ၄၈ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ဆိုသည်။

မ.ထ.သ (ဗဟို) ကြီးကြပ်မှု အောက်ရှိ ယာဉ်လိုင်းများတွင် ယာဉ်အစီးရေ ခြောက်ထောင်ကျော်အနက် မေလအထိ စီးရေ ငါးထောင်ကျော် CNG ခွင့်ပြုပြီး ဖြစ်ကြောင်း မ.ထ.သ (ဗဟို) ထံမှ သိရသည်။ 

The Voice Weekly
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော CNG ၂၀၀-၂၅၀ ကီလိုဂရမ်အိုးများ တပ်ဆင်ထားသော ခရီးသည်တင် ယာဉ်ကြီးများကို ဇူလိုင်လ ၁၅ ရက်မှစ၍ ခရီးစဉ် အကွာအဝေးပေါ် မူတည်၍ CNG ၄၈၀ ကီလိုဂရမ် အိုးများ ကို တပ်ဆင်ခွင့် ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ကော်မတီ (မ.ထ.သ-ဗဟို) ထံမှ သိရသည်။

မလေးရှားလေယဉ်ပျက်ကျရာနေရာအား ထိပါးနှောက်ယှက်ခြင်းမပြုရန် ရုရှားနှင့် ရုရှားကျောထောက်နောက်ခံပြု ယူကရိန်းခွဲထွက်ရေး သူပုန်များကို အိုဘားမား သတိပေး

Photo: မလေးရှားလေယဉ်ပျက်ကျရာနေရာအား ထိပါးနှောက်ယှက်ခြင်းမပြုရန် ရုရှားနှင့် ရုရှားကျောထောက်နောက်ခံပြု ယူကရိန်းခွဲထွက်ရေး သူပုန်များကို အိုဘားမား သတိပေး
Friday, July 18, 2014

မလေးရှားခရီးသည်တင် ဂျက်လေယာဉ်ပျက်ကျသည့်နေရာအား ထိပါးနှောက်ယှက်ခြင်းမပြုရန် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ရုရှားနှင့် ရုရှားကျောထေက်နောက်ခံပြု ယူကရိန်းခွဲထွက်ရေးသူပုန်များကို ကြာသပတေးနေ့က သတိပေးခဲ့သည်။

လေယာဉ်မှာ သူပုန်တို့ ထိန်းချုပ်ထားသောနယ်ပယ်ပေါ်တါင် ပစ်ချခံရကြောင်းထင်ရှားသည်။ လေယာဉ်ပေါ်ပါသူ ၃၀၀ နီးပါးမှာ မျှော်လင့်ချက်မရှိပေ။

ပျက်ကျခဲ့သည့်လေယာဉ် ဘိုးအင်း ၇၇၇ နှင့် ပတ်သက် ၍ အိုဘားမားသည် ယူကရိန်းသမ္မတနှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ပြီး ဖြစ်ပျက်ခဲ့မှုနှင့် ပတ်သက်လို့ သိရှိနိုင်ရန် လိုအပ်သမျှ အကူအညီအားလုံး ချက်ခြင်းပေးမည်ဟု အိုဘားမားက ကမ်းလှမ်းခဲ့သည်။

Yahoo News
မလေးရှားခရီးသည်တင် ဂျက်လေယာဉ်ပျက်ကျသည့်နေရာအား ထိပါးနှောက်ယှက်ခြင်းမပြုရန် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ရုရှားနှင့် ရုရှားကျောထေက်နောက်ခံပြု ယူကရိန်းခွဲထွက်ရေးသူပုန်များကို ကြာသပတေးနေ့က သတိပေးခဲ့သည်။

မလေးရှားနယ်စပ်ရှိ အလုပ်သမား ၂၆ ဦး လုပ်ခမရ၍ သစ်ရွက်ပြုတ်စားနေကြရ သည်ဟုဆို

မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ကြားရှိ ပန်းရန်လုပ်ငန်းခွင် တစ်ခုသို့ ရန်ကုန်မြို့ရှိ-------ကုမ္ပဏီမှ ပို့ဆောင်ထားသော MoU အလုပ်သမား ၂၆ ဦးမှာ စားစရာမရှိ ၍ ဘောစကိုင်းရွက်များကို ပြုတ်စား နေရသည်ဟု အလုပ်သမားများက ဟြေဆိုကြောင်း ဇူလိုင် ၁၆ ရက် ညပိုင်းက ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (Myanmar Association Thiland) မှ ဆက်သွယ်ဟြေကြားချက်အရ သိရ သည်။

လေယာဉ်ပစ်ချခံရမှုကြောင့် မလေးရှားလေကြောင်းလိုင်း၏ ရှယ်ယာ ၁၈ ရာခိုင်နှုန်းခန့် ထိုးကျ

Photo: လေယာဉ်ပစ်ချခံရမှုကြောင့် မလေးရှားလေကြောင်းလိုင်း၏ ရှယ်ယာ ၁၈ ရာခိုင်နှုန်းခန့် ထိုးကျ
Friday, July 18, 2014 

ပဋိပက္ခ ဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံ ဝေဟင်တွင် မလေးရှား လေကြာင်းလိုင်းမှ MH 17 ခရိးသည်တင်လေယာဉ် ဇူလိုင် ၁၇ ကပျက်ကျခဲ့မှုနှင့် ဆက်စပ်ပြီး မလေးရှားလေကြောင်းလိုင်း၏ ရှယ်ယာမှာ ၁၈ ရာခိုင်နှုန်းခန့် ထိုးကျသွားကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

၁၇ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ရှယ်ယာတစ်ခုလျှင် ရင်းဂစ် သုည ဒသမ ၁၈၅ ဖြစ်ကြောင်း ကွာလာလမ်ပူ စတော့အိပ်ချိန်းက ပြောသည်။

အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းလာသည့် MH 17 လေယာဉ်မှာ ဇူလိုင် ၁၇ ရက်နေ့က ယူကရိန်း အရှေ့ပိုင်းတွင် ပျက်ကျခဲ့ကာ လေယာဉ်ပေါ် လိုက်ပါလာသူ ၂၉၈ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းလေယာဉ် ပျက်ကျမှုသည် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ချခံရခြင်းဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောသည်။

မလေးရှားလေကြောင်းလိုင်း အနေဖြင့် မတ် ၈ ရက်နေ့က လူ ၂၃၉ ဦး လိုက်ပါပြီး ပျောက်ဆုံးခဲ့သည့် MH 370 လေယာဉ်ကိစ္စကိုပင် မဖြေရှင်းနိုင်သေးချိန်တွင် ယခုနောက်ထပ် MH 17 လေယာဉ်ပျက်ကျမှုကြောင့် အဆိုပါ လေကြောင်းလိုင်း၏ ပုံရိပ်မှာ ပိုမိုဆိုးရွားသွားကြောင်း ရင်းနှီးမြှပ်နှံမှု သုတေသီ မိုရှင်အဇစ်က ပြောကြားခဲ့သည်။

“လေကြောင်းသမိုင်းမှာ ဘယ်လေကြောင်းလိုင်းမှ လေးလလောက်အတွင်း ဒီလိုကပ်ဆိုး နှစ်ကြိမ် မဖြစ်ခဲ့ဖူးဘူး” ဟု ၎င်းကပြောသည်။

Ref: AFP

မလေးရှားလေကြောင်းလိုင်းမှ MH 17 လေယာဉ်ပျက်ကျမှုနှင့် ဆက်စပ်ပြီး Tokyo Stock Exchange တွင် ဇူလိုင် ၁၈ ရက်နေ့ နံနက်ပိုင်းက စတော့ဈေးနှုန်းများ ပြောင်းလဲသွားမှုကို တွေ့ရစဉ်
မလေးရှားလေကြောင်းလိုင်းမှ MH 17 လေယာဉ်ပျက်ကျမှုနှင့် ဆက်စပ်ပြီး Tokyo Stock Exchange တွင် ဇူလိုင် ၁၈ ရက်နေ့ နံနက်ပိုင်းက စတော့ဈေးနှုန်းများ ပြောင်းလဲသွားမှုကို တွေ့ရစဉ်
ပဋိပက္ခ ဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံ ဝေဟင်တွင် မလေးရှား လေကြာင်းလိုင်းမှ MH 17 ခရိးသည် တင်လေယာဉ် ဇူလိုင် ၁၇ ကပျက်ကျခဲ့မှုနှင့် ဆက်စပ်ပြီး မလေးရှားလေကြောင်းလိုင်း၏ ရှယ်ယာမှာ ၁၈ ရာခိုင်နှုန်းခန့် ထိုးကျသွားကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

စည်းကမ်းမဲ့ယာဉ်မောင်းများအား လိုင်စင်ပိတ်သိမ်းအရေးယူမှု ခုနစ်ရက်အတွင်း ယာဉ်အစီးရေ ၃ဝဝနီးပါးရှိ

Photo: စည်းကမ်းမဲ့ယာဉ်မောင်းများအား လိုင်စင်ပိတ်သိမ်းအရေးယူမှု
ခုနစ်ရက်အတွင်း ယာဉ်အစီးရေ ၃ဝဝနီးပါးရှိ
Friday, July 18, 2014 

ရန်ကုန်၊ ဇူလိုင်၁၇-ရန်ကုန်တိုင်းဒေသကြီးအတွင်းစည်းကမ်းမဲ့ယာဉ် မောင်းများအားလိုင်စင်ပိတ်သိမ်းအရေးယူမှု ခုနစ်ရက်မြောက်သည့် နေ့တွင် ယာဉ်အစီးရေပေါင်း ၃ဝဝနီးပါးအထိအရေးယူနိုင်ခဲ့ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှဒုရဲမှူးကြီးလင်းထွဋ်က ဒီမိုကရေ စီတူဒေးသို့ ပြောကြားခဲ့သည်။

''စီမံချက်ချပြီးစတင်ဆောင် ရွက်တဲ့အချိန်ကစပြီးတစ်နေ့ကို အစီးရေ၄ဝကျော်လောက်စည်း ကမ်းမဲ့ယာဉ်တွေကိုဖမ်းမိပါတယ်၊ ယာဉ်မောင်းတွေအနေနဲ့က ဒီစီမံချက် ကိုလက်ခံတဲ့သူရှိသလို ငြင်းဆန်တဲ့သူ တွေလဲရှိတယ်''ဟု ၄င်းကဆိုသည်။

၁၉၆၄ခုနှစ်တွင် စတင်တည်ရှိ ခဲ့သည့် စည်းကမ်းချက် ၁၄ ချက်ပါ ရှိသည့် မော်တော်ယာဉ် ဥပဒေအား ဇူလိုင် ၁၁ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ စီမံချက်ချဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ၄င်းဥပဒေထဲတွင် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း များအားချိုးဖောက်ပါက ဖမ်းဆီးမည် ဖြစ်ပြီး ပြစ်မှုပြစ်ဒဏ်များအနေဖြင့် ၆လမှ ၄နှစ်အထိချမှတ်ထားခြင်း ဖြစ်သည်။

သတ်မှတ်ထားသည့် ယာဉ်စည်း ကမ်း ၁၄ ချက်မှချိုးဖောက်သည့်မည်သည့်ယာဉ်မဆို မော်တော်ယာဉ်ဥပဒေဖြင့် လိုင်စင်ပိတ်သိမ်းသည်အထိ ထိရောက်စွာအရေးယူ ဆောင်ရွက်ခြင်း ဖြစ်ပြီး ယာဉ်စည်းကမ်းချိုးဖောက်၍ လိုင်စင်ပိတ်သိမ်းအရေးယူထားသည့် ယာဉ်အစီးရေသည် ဇူလိုင်၁၁ရက်မှ စတင်ကာ ဇူလိုင် ၁၇ ရက်အထိ ၃ဝဝ နီးပါးအထိအရေးယူနိုင်ခဲ့ပြီး၎င်းအစီးရေထဲတွင် အိမ်စီးကိုယ်ပိုင်ကားများ နှင့် အငှားယာဉ်များ အများဆုံးပါဝင် ကြောင်းဒုရဲမှူးကြီးလင်းထွဋ်ကဆိုသည်။

''စည်းကမ်းရှိစေချင်လို့ ခုလိုလုပ်တာမှန်ပေမယ့်ဒါက ကျွန်တော်တို့ အတွက် တော်တော်တင်းကျပ်လွန်းအား ကြီးတယ်။ ဒီလိုအရေးယူလိုက်လို့ရန် ကုန်မှာ မထသအပါ အခြားယာဉ်လိုင်း တွေကို အားထားစီးနင်းအသုံးပြုနေ ရတဲ့ ခရီးသွားပြည်သူ ခြောက်သိန်း လောက်ကို ဝန်ဆောင်မှုပေးနေတဲ့ခရီး သည်ပို့ဆောင်ရေးလုပ်ငန်းကြီးတစ် ခုလုံးကို သွယ်ဝိုက်သောနည်းနဲ့ထိခိုက်လာနိုင်မယ်''ဟု၃၉ ယာဉ်လိုင်း ပိုင်ရှင် ဦးတင်မောင်ထွဋ်ကဆိုသည်။

စည်းကမ်းပျက်ယာဉ်များဖမ်းဆီး အရေးယူရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အပါအဝင် ကညနအဖွဲ့များ၊ မထသ အဖွဲ့ ၉ဖွဲ့ဖြင့် မိုဘိုင်းစနစ်ဖြင့်လှည့် လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

စည်းကမ်းပျက်ယာဉ်မောင်းများ လိုင်စင်ပိတ်သိမ်း အရေးယူ ဆောင်ရွက်ချက်များတွင်၊ ယာဉ်မောင်းလိုင် စင်အပါအဝင် ယာဉ်များပါ သိမ်းဆည်း ရခြင်းသည် မော်တော်ယာဉ် ဥပဒေတွင် ပါရှိသည့်အတိုင်း သတ်မှတ်ထား သည့် လိုင်စင်မရှိခြင်း၊ ဝှီးတက်မရှိခြင်း စသည့် အချက်များကြောင့်ဖြစ်ကြောင်း ဒုရဲမှူးကြီးလင်းထွဋ်ကဆိုသည်။

''တချို့ယာဉ်တွေကျတော့၊လိုင်စင်လဲမပါဘူး၊ ဝှီးတက်လဲမပါဘူး၊ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကိုလဲ ချိုးဖောက်ထားတယ်။ လူဝစ်သောက်၊ လိုင်စင်ဝစ်သောက်ပေါ့။ အဲ့ဒီအခါကျ ရင်တော့ လိုင်စင်ကိုတော့ ပိတ်သိမ်းပြီးတော့ ယာဉ်ကိုခေတ္တထိန်းသိမ်း ထားတဲ့သဘောပါ''၄င်းကဆိုသည်။

ယာဉ်စည်းကမ်းချိုးဖောက်၍ လိုင်စင်ပိတ်သိမ်းအရေးယူထား သည့် ယာဉ်အစီးရေ ၃ဝဝနီးပါးသည် လမ်းပြောင်းပြန်မောင်းခြင်း၊ ယာဉ် နှစ်ထပ်ရပ်ခြင်း၊ ကွေ့ကြောအား တဲ့ ဖြတ်ခြင်း၊ မီးနီဖြတ်မောင်းခြင်း စသည့်အချက်များအား အများဆုံးကျူး လွန်ခဲ့သောကြောင့် ဖမ်းဆီးအရေးယူ ခဲ့ကြောင်း ၄င်းကပြောသည်။

NMK
Yangon Media Group
ရန်ကုန်၊ ဇူလိုင်၁၇-ရန်ကုန်တိုင်းဒေသကြီးအတွင်းစည်းကမ်းမဲ့ယာဉ် မောင်းများအားလိုင်စင်ပိတ်သိမ်း အရေး ယူမှု ခုနစ်ရက်မြောက်သည့် နေ့တွင် ယာဉ်အစီးရေပေါင်း ၃ဝဝနီးပါးအထိအရေးယူနိုင်ခဲ့ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှဒုရဲမှူးကြီးလင်းထွဋ်က ဒီမိုကရေ စီတူဒေးသို့ ပြောကြားခဲ့သည်။

နာမည်ကျော်ကြားသူများအတွက် Mentions app ကို Facebook ဖြန့်ချိ

Photo: နာမည်ကျော်ကြားသူများအတွက် Mentions app ကို Facebook ဖြန့်ချိ
Friday, July 18, 2014 

နာမည်ကျော် လူမှုကွန်ရက်ကြီးဖြစ်သည့် Facebook သည် နာမည်ကျော်ကြားသူများ အတွက် iOS app သစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

Facebook Mentions ဟုခေါ်သည့် app သစ် နာမည်ကျော်ကြားသူများ အဖြစ် အတည်ပြုခြင်း ခံထားရသူများသာ အသုံးပြုခွင့် ရရှိမည် ဖြစ်သည်။ Mentions ကို အသုံးပြုသူများသည် Twitter ပုံစံ post များကို တွေ့မြင်ရမည် ဖြစ်ပြီး လူပြောများသည့် အကြောင်းအရာများကိုလည်း ရှာဖွေနိုင်မည် ဖြစ်သည်။ Feature အများစုသည် Facebook တွင် ပါဝင်သည့် feature များအတိုင်း တူညီသော်လည်း ပရိသတ်များနှင့် တိုက်ရိုက် အမေးအဖြေ ပြုလုပ်နိုင်မည့် option ကို Mentions တွင် ထည့်သွင်းပေးထားသည်။

Mentions ကို iOS အတွက်သာ ဖြန့်ချိထားပြီး Android ဗားရှင်းအတွက် Facebook က တစ်စုံတစ်ရာ ပြောကြားမှု မရှိသေးပေ။ လက်ရှိတွင် အဆိုပါ Mentions app ကို အမေရိကန်ရှိ နာမည်ကျော်ကြားသူများကို အတည်ပြုထားသည့် account များဖြင့်သာ အသုံးပြုနိုင်သေးသည်။ သို့သော်လည်း အခြားနိုင်ငံရှိ နာမည်ကျော်ကြားသူများ အသုံးပြုနိုင်ရန် Facebook က လာမည့် လအနည်းငယ်အတွင်း ခွင့်ပြုပေးသွားမည်ဟု သိရသည်။

Ref: TheVerge
Internet Journal
နာမည်ကျော် လူမှုကွန်ရက်ကြီးဖြစ်သည့် Facebook သည် နာမည်ကျော်ကြားသူများ အတွက် iOS app သစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

တောင်သမန်အင်းတွင် ငှက် ၄၄ မျိုး အကာအကွယ်ပေးရန် သတိပေးကြေညာ

မန္တလေး၊ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်း သိမ်းရေး ဥပဒေပုဒ်မ၃၇(က)အရ အမရပူရ တောင်သမန်အင်း၌ လုံးဝကာကွယ် ထားသည့်ငှက်၄၄မျိုးကို သတ်ဖြတ် ခြင်း၊ သယ်ဆောင်ရောင်းချခြင်းမပြု ရန် သစ်တောဦးစီးဌာနမှ သတိပေး တားမြစ်ချက်များ ထုတ်ပြန် ထား ကြောင်း သိရသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်သည်အထိ အကောင်အထည်ဖော်ရန် အဆို ကန့်ကွက်သူမရှိ အမျိုးသားလွှတ်တော် အတည်ပြု

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးဆုံး အောင်မြင်သည်အထိ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွား ရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြုလုပ်သော အမျိုး သား လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။

KIA ငွေတောင်း၊ လူဖမ်းပြန်ပြီ

Photo: KIA ငွေတောင်း၊ လူဖမ်းပြန်ပြီ
Friday, July 18, 2014 

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ၌ နေထိုင်သော ဒေသခံများအား ဇူလိုင် ၁၆ ရက်နေ့တွင်ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ငွေတောင်းလူဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဆယ်ဇင်းကျေးရွာ၊ မှော်ကုဋေရပ်ကွက်နေ အုပ်ချုပ်ရေးမှူးနေအိမ်သို့ ဇူလိုင် ၁၆ ရက်ည ၁၁ နာရီခန့်တွင် KIA အဖွဲ့တစ်ဖွဲ့ ၀င်ရောက်လာပြီး ငွေ ၅ သိန်းတောင်းခံကြောင်း သိရသည်။

``ငွေ ၅ သိန်း တောင်းတယ်၊ ငွေ ၁ သိန်းပဲရှိတာမို့ တောင်းပန်ပြီး ပေးလိုက် ရတယ်၊ အုပ်ချုပ်ရေးမှူးကလည်း သေနတ်တွေကိုင်ထားတဲ့ ကချင်စစ်သားတွေ ကို ကြောက်နေတာ၊ နောက်ထပ်လာပြီးယူမယ်၊ ငွေအဆင်သင့် လုပ်ထားဆိုပြီး ပြောသွားတယ်ကြားတယ်´´ ဟု အုပ်ချုပ်ရေး မှူးနှင့် ဆွေးမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ဝေကန်မှော်ရပ်ကွက်သို့ ည ၁၂ နာရီချိန်ခန့်တွင် ရောက်ရှိလာပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးအား ငွေမပေးသောကြောင့် ကြိုးတုပ်ဖမ်းဆီးသွားကြောင်း သိရသည်။

``ငွေတောင်းတာမပေးတော့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ အတွင်းရေးမှူးကို ဟိုအဖွဲ့နဲ့ဆက်သွယ်တယ်၊ ဒီအဖွဲ့နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ဖမ်းခေါ်သွားတာ´´ ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
KIA အဖွဲ့မှ ဖမ်းဆီးသွားသူနှစ်ဦးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်(၄၈)နှစ်၊ ဗမာ/ဗုဒ္ဓနှင့် အတွင်းရေးမှူး ဦးမောင်ကြီး(၄၅)နှစ်၊ ဗမာ၊ဗုဒ္ဓတို့ ဖြစ်ကြောင်း သိရသည်။

အလားတူ မဘိမ်းမြို့နယ်၊ တုံကွာကျေးရွာနေ ဒေါ်ရွှေ၏နေအိမ်၌ အတင်းဝင်ရောက်နေထိုင်သော KIA အဖွဲ့ သည် မိုးလှိုင်ကျေးရွာနေ အမျိုးသမီး(၄)ဦးအား ငွေတောင်းရာ မပေးသဖြင့် ရိုက်နှက်ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

``သူတို့ကို မူးယစ်ဆေးဝါးရောင်းတယ်ဆိုပြီး အိမ်ပေါ်တွေကို တက်ရှာတယ်၊ ဘာမှမတွေ့တော့ ဘယ်မှာ ၀ှက်ထား လဲဆိုပြီး ရိုက်ပုတ်မေးတယ်၊ အသားအနာမခံချင်ရင် တစ်ယောက် ၅ သိန်းပေးဆိုပြီး တောင်း တယ်၊ ငွေမပေးနိုင်လို့ ဖမ်းသွားတာ´´ဟု ဆွေးမျိုးတော်စပ်သူ တစ်ဦးက ပြောကြားသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော အမျိုးသမီး(၄)ဦးမှာ မအေး၊ မလွမ်း၊ မခင်နှင်းဆီးနှင့် မနှင်းနန္ဒာဌေးတို့ ဖြစ်ကြသည်။

``လူဖမ်းသွားပြီး ငွေနဲ့ လာရွေး ခိုင်းမှာလေ၊ ကလေးအငယ်ရှိတဲ့ မိခင်တွေလည်း ပါသွားတော့၊ ငွေရှာပြီး လိုက်ရွေးရမှာပေါ့၊ KIA အဖွဲ့က အခုတလော လူဖမ်းပြီးငွေတောင်းတာတွေ လုပ်လာတာဆက်တိုက်ပဲ၊ ကချင်ပြည်နယ် မှာ ပြန်ပေးဆွဲစားနေတဲ့ ပြန်ပေးအဖွဲ့လို့ ပြောရမှာပေါ့၊ နောက်ပိုင်း ဓားပြတိုက်စားမယ်နဲ့ တူပါတယ်´´ ဟု မိုးလှိုင်ရွာသားတစ်ဦး က ပြောကြားသွားသည်။

ဇော်မိုင်
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ၌ နေထိုင်သော ဒေသခံများအား ဇူလိုင် ၁၆ ရက်နေ့တွင်ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ငွေတောင်းလူဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိ ရ သည်။

အွန်လိုင်း ဘဏ်စနစ်ဆိုင်ရာ လုံခြုံရေး အမေရိကန်ကုမ္ပဏီနှင့် ကမ္ဘောဇဘဏ် ပူးပေါင်းမည်

ခေတ်မီ ဘဏ်စနစ်များတွင် ရင်ဆိုင်ရမည့် ဘဏ်ဝန်ဆောင်မှုနှင့် ဘဏ်ငွေစာရင်းများကို အွန်လိုင်းမှ တိုက်ခိုက်ခြင်း၊ လိမ်လည်ခြင်းများ အပါအဝင် ဘဏ်စနစ် လုံခြုံရေးအတွက် ကမ္ဘောဇဘဏ်က အမေရိကန် ပြည်ထောင်စု အခြေစိုက် EMC ကော်ပိုရေးရှင်း၏ လုံခြုံရေးဆိုင်ရာဌာန RSA နှင့် ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ကြောင်း RSA ၏ အာရှပစိဖိတ်ဒေသနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Mr.Vicent Goah က ပြောကြားသည်။

အိန္ဒိယက ၆နှစ်အရွယ် မိန်းကလေး လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရလို့ဆို

Photo: အိန္ဒိယက ၆နှစ်အရွယ် မိန်းကလေး လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရလို့ဆို
Friday, July 18, 2014 

 အိန္ဒိယနိုင်ငံမှာ အသက် ၆ နှစ်အရွယ် ကလေးမလေးတစ်ဦးကို ကျောင်းအမှုထမ်းတွေက လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဘင်္ဂလောမြို့က နာမည်ကြီး ကျောင်းတစ်ကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၆ နှစ်အရွယ် ကျောင်းသူမလေးကို ကာယလေ့ကျင့်ခန်း ဆရာနဲ့ ကျောင်း လုံခြုံရေးတွေ ပါဝင်တဲ့ လူတွေက မဖွယ် မရာ ပြုခဲ့ တယ်လို့ ပြောဆိုနေကြတာပါ။

အဲဒီ ၆ နှစ်အရွယ် ကျောင်းသူလေးဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက မုဒိမ်းကျင့်ခံရတာဖြစ်ပေမယ့် နေထိုင်ရတာ မကောင်းကြောင်း မိခင်ဖြစ်သူကို ဒီရက်ပိုင်းမှ ပြောပြတဲ့အခါမှသာ မိခင်က သံသယဖြစ်ပြီး ဆရာဝန်ဆီ ခေါ်ပြရာက သိရတာ ဖြစ်ပါတယ်။

ကျောင်းအမှုထမ်းတွေက ကလေးကို မဖွယ်မရာ ပြုတယ်ဆိုတဲ့ သတင်းတွေ ကြားတာနဲ့ တခြား မိဘတွေကလည်း ကျောင်းရှေ့မှာ ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။

တက္ကသိုလ်ကျောင်းသူမ တစ်ဦးကို အမျိုးသားတစ်စုက ဝိုင်းပြီး မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ သတင်းက ကမ္ဘာကို ပြန့်နှံ့ပြီးတဲ့နောက်ပိုင်း အိန္ဒိယနိုင်ငံမှာ မုဒိမ်းမှုတွေအပေါ် အာရုံစိုက်မှုတွေ များပြားလာပြီး အမှုဖြစ်ပေါ်လာပြီဆိုရင်လည်း တိုင်ကြားတာတွေ၊ ရှုတ်ချ အရေးယူမှုတွေ ပိုမိုလုပ်ဆောင် လာနေကြပါတယ်။

မုဒိမ်းမှုကို တိုင်ကြားတာတွေ များပြားလာတာကို ကြည့်ခြင်းအားဖြင့် အာဏာပိုင်တွေအနေနဲ့ ဒီအမှုတွေအပေါ် အလေးထားလာတဲ့အကြောင်း ပြသရာရောက်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-18/1344833

မုဒိမ်းမှုတွေကို ဆန့်ကျင် ဆန္ဒပြကြတဲ့ အိန္ဒိယ အမျိုးသမီးတွေ (Credit: ABC)
မုဒိမ်းမှုတွေကို ဆန့်ကျင် ဆန္ဒပြကြတဲ့ အိန္ဒိယ အမျိုးသမီးတွေ (Credit: ABC)
အိန္ဒိယနိုင်ငံမှာ ​အသက် ​၆ ​နှစ်အရွယ် ​ကလေးမလေးတစ်ဦးကို ​ကျောင်းအမှုထမ်းတွေက ​လိင်ပိုင်းဆိုင်ရာ ​မဖွယ်မရာ ​ပြုခဲ့တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာ ပိုက်ဆံ ကိုင်မထားဟု ဦးအောင်မင်းပြော

Photo: မြန်မာ့ငြိမ်းချမ်းရေးစင်တာ ပိုက်ဆံ ကိုင်မထားဟု ဦးအောင်မင်းပြော
Friday, July 18, 2014

မြန်မာ့ငြိမ်ချမ်းရေးစင်တာ(MPC)အနေဖြင့် ပိုက်ဆံကိုင်ဆောင်ထားခြင်း မရှိသည့်အတွက် ငြိမ်းချမ်းရေးအတွက် အသုံးပြုထားသည့် ငွေကြေးများကို လွှတ်တော်တွင် လာရောက်ဖြေကြားရန် အစီးအစဉ်မရှိဟု လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မီဒီယာများကို ပြောသည်။

"မူသုံးချက် ကိုင်ဆောင်ထားတယ်။ MPC က ပိုက်ဆံကို ငါတို့မကိုင်ဘူး။ ဘယ်နေရာမှာ လှူရမယ်ဆိုတာကို ပြောတယ်”ဟု သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကပြောသည်။

ငြိမ်းချမ်းရေးအတွက် ပြည်ပနိုင်ငံအချို့က ပေးသည့် အကူအညီ အထောက်အပံ့များနှင့် ပတ်သက်၍ "သူတို့က ပေးချင်တာကို NGO တစ်ခုခံပြီးတော့ ပေးရတယ်။ ပိုက်ဆံလုံရင်းမပေးဘူး။ ခရီးသွားတဲ့ စရိတ်တို့ အစည်းအဝေးပွဲ လုပ်တဲ့စရိတ်တို့။ အစည်းအဝေးလုပ်တဲ့အခါ တိုင်းရင်သား လေယာဉ်စရိတ်တို့ကို အဲဒီ NGO မှာသွားပြီး စာရင်းတင်မှပေးတာ”ဟု ဝန်ကြီး ဦးအောင်မင်းက ဆက်ပြောသည်။

ထိုအပြင် မြန်မာ့ငြိမ်းချမ်းရေးစင်တာအနေဖြင့် အပြင်တွင် သတင်းထွက်ပေါ်နေသည့် ကကလှမ်း(စစ်အစိုးရလက်ထက်က ထောက်လှမ်းရေး)ပုံစံမဟုတ်ကြောင်း၊ ကကလှမ်းဆိုသည်မှာ အပစ်ရှိသူများကို ဖော်ထုတ်ပြီး အရေးယူသည့်အဖွဲ့အစည်းဖြစ်သည်ဟုဆိုသည်။

"ကကလှမ်းမဟုတ်ဘူးဆိုတာကို ပြောချင်တာ။ ဘယ်သူမှလည်း အရေးယူလို့မရဘူး။ အရေးယူပိုင်ခွင့်လည်းမရှိဘူး။ MPC ဆိုတာက လွတ်မြောက်နယ်မြေဖြစ်တယ်။ ကြိုတ်တာပြောလို့ရတယ်။ ဒီမှာ ပြောလို့ အရေးယူမခံရဘူးဆိုပြီးပြောခဲ့တယ်” ဟု ဦးအောင်မင်းကပြောသည်။

သို့သော် MPC ရှေ့တွင် ဖမ်းဆီးခံရသည့် သတင်းထောက်များ လွတ်မြောက်ရန် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် သတင်းသမားများကိုမူ ပုဒ်မ ၁၈ဖြင့် အမှုဖွင့် အရေးယူထားသည်။

ငြိမ်းချမ်းရေးတည်ဆောက်မှုအဆင့်ဆင့်တွင် ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့အစည်း၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် စသည့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ထောက်ခံမှုပေးသည့် အနေဖြင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများနှင့် နည်းပညာအထောက်အကူများ ပံ့ပိုးပေးလျက်ရှိသည်ဟု ဆိုသည်။

Mizzima - News in Burmese
မြန်မာ့ငြိမ်ချမ်းရေးစင်တာ(MPC)အနေဖြင့် ပိုက်ဆံကိုင်ဆောင်ထားခြင်း မရှိသည့်အတွက် ငြိမ်းချမ်းရေး အတွက် အသုံးပြုထားသည့် ငွေကြေးများကို လွှတ်တော်တွင် လာရောက်ဖြေကြားရန် အစီးအစဉ်မရှိဟု လွှတ်တော် တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မီဒီယာများကို ပြောသည်။

အာရုံနောက်လို့ ဗီဒီယိုမရိုက်ပေမယ့် ဇာတ်လမ်းတွဲရိုက်မယ့် န၀ရတ်

Photo: အာရုံနောက်လို့ ဗီဒီယိုမရိုက်ပေမယ့် ဇာတ်လမ်းတွဲရိုက်မယ့် န၀ရတ်
Friday, July 18, 2014

Art & T8အမည်ဖြင့် ဖွင့်လှစ်ထားသော ဆံပင်အလှပြုပြင် ရေးဆိုင်နှင့်သာ အချိန်ကုန်နေ သော သရုပ်ဆောင်န၀ရတ်က ဗီ ဒီယိုဇာတ်ကားများ လုံးဝရိုက်ကူး မည်မဟုတ်သော်လည်း ဇာတ် လမ်းတွဲရိုက်ကူးရန် စိတ်ဝင်စား သည်ဟု ဆိုသည်။

‘‘ဗီဒီယိုတော့ လုံးဝမရိုက် ဘူး။ အာရုံနည်းနည်းနောက်တာ နဲ့။ ဇာတ်လမ်းတွဲလေးတွေကို တော့ နည်းနည်း စိတ်ဝင်စားတယ်။အခုခေတ်ပုံစံမျိုး၊ ကိုယ်နဲ့ လိုက် ဖက်ပြီး အံဝင်ခွင်ကျဇာတ်ပေါ့။ ကိုယ့်စိတ်တိုင်းကျလုပ်ရမယ့် ဇာတ်မျိုးပေါ့။ ကျန်တဲ့ဟာတွေတော့ အရင်ကလိုတော့ မရိုက်ဖြစ်တော့ ဘူး’’ဟု န၀ရတ်ကပြောသည်။

ဇာတ်လမ်းတွဲအနေဖြင့် SkyNet ရုပ်သံလိုင်းနှင့် အပိုင်း ၁၅ ပိုင်းခန့်ပါဝင်မည့် ဇာတ်လမ်းတွဲ တစ်ခုရိုက်ကူးရန် ပြောဆိုထားကြ ပြီး သြဂုတ်(သို့) စက်တင်ဘာ တွင် ရိုက်ကူးဖြစ်မည်ဖြစ်ပြီး ဇာတ်လမ်းကြိုက်သည့်အတွက် ရိုက်ကူးဖြစ်ခြင်းဖြစ်ကြောင်း န၀ ရတ်ကပြောသည်။

ထိုဇာတ်လမ်းတွဲတွင် ခပ်ကြမ်းကြမ်း မိန်းကလေးတစ် ယောက်အဖြစ် သရုပ်ဆောင် ရမည်ဖြစ်ပြီး မင်းသမီးအသား ပေးဇာတ်လမ်းတစ်ခုဖြစ်ကြောင်း ၎င်းကပြောသည်။

Art & T8 ဆိုင်ရန်ကုန်တွင် အောင်မြင်သည့်အတွက် မန္တလေးတွင်လည်း ဆိုင်ခွဲဖွင့်လှစ်မည်ဖြစ် ကြောင်း န၀ရတ်ကပြောသည်။

ထို့အပြင် န၀ရတ်ပိုင်သော ငွေလမင်းဗီဒီယို၊ ရုပ်ရှင်ထုတ် လုပ်ရေးကိုလည်း ပိတ်သိမ်းလိုက် ပြီး ထွက်ရှိရန် ကျန်ရှိနေသော ဗီဒီ ယိုကားများကို လက်ကီးဆဲဗင်း နှင့် ခရေဖြူထုတ်လုပ်ရေးကို လွှဲ ပေးလိုက်ကာမလေးရှားတွင် ရိုက် ကူးခဲ့သော ‘‘မဟာဆန်တဲ့ မာယာ မျက်နှာဖုံး’’ရုပ်ရှင်ကားကိုသာ ငွေ လမင်းထုတ်လုပ်ရေးအနေဖြင့် ထွက်ရှိလာမည်ဟုဆိုသည်။

7Day Daily
Art & T8အမည်ဖြင့် ဖွင့်လှစ်ထားသော ဆံပင်အလှပြုပြင် ရေးဆိုင်နှင့်သာ အချိန်ကုန်နေ သော သရုပ်ေ ဆာင် န၀ရတ်က ဗီ ဒီယိုဇာတ်ကားများ လုံးဝရိုက်ကူး မည်မဟုတ်သော်လည်း ဇာတ် လမ်းတွဲရိုက်ကူးရန် စိတ်ဝင်စား သည်ဟု ဆိုသည်။

ဥရောပအကောင်းဆုံးဆုအတွက် ဆန်ခါတင်(၁၀)ဦးစာရင်း ထုတ်ပြန် ၊ သြဂုတ်(၁၄)တွင် (၃)ဦးရွေးချယ်ပြီး သြဂုတ်(၂၈)တွင်ဆုချီးမြှင့်မည်

Photo: ဥရောပအကောင်းဆုံးဆုအတွက် ဆန်ခါတင်(၁၀)ဦးစာရင်း ထုတ်ပြန် ၊ သြဂုတ်(၁၄)တွင် (၃)ဦးရွေးချယ်ပြီး သြဂုတ်(၂၈)တွင်ဆုချီးမြှင့်မည်
Friday, July 18, 2014

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ၂၀၁၃-၁၄ ရာသီအတွက် ဥရောပအကောင်းဆုံးဘောလုံးသမားဆုချီးမြှင့်ရန် ဆန်ခါတင်(၁၀)ဦးစာရင်းကို ပြီးခဲ့သည့် ကြာသပတေးနေ့က ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ အဆိုပါ ဆန်ခါတင်(၁၀)ဦးမှာ ပဏာမ(၃၅)ဦးစာရင်းမှ ဆန္ဒမဲအများဆုံးရရှိခဲ့သူများဖြစ်ပြီး UEFA ၏အဖွဲ့ဝင်(၅၃)နိုင်ငံမှ အားကစားဂျာနယ်လစ်များက မဲပေးရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။
လက်ရှိထွက်ပေါ်လာသည့် ဆန်ခါတင်(၁၀)ဦးကိုလည်း ယင်းဂျာနယ်လစ်များကပင် ထပ်မံ၍မဲပေးရွေးချယ်ရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် ကစားသမား(၃) ဦးကို သြဂုတ်လ(၁၄)ရက်နေ့တွင် ကြေညာသွားမည်ဖြစ်သည်။ ထို့နောက် အဆိုပါ (၃) ဦးထဲမှ အကောင်းဆုံး ဘောလုံးသမားရွေးချယ်ရာတွင်မူ ဂျာနယ်လစ်များက တစ်ပြိုင်နက်တိုက်ရိုက်မဲပေးသည့်ပုံစံဖြင့် ရွေးချယ်မည်ဖြစ်သည်။ နောက်ဆုံးအဆင့်တိုက်ရိုက်ရွေးချယ်မှုကို ချန်ပီယံလိဂ်အုပ်စုအဆင့်အတွက် မဲခွဲပွဲကျင်းပမည့် သြဂုတ်လ(၂၈) ရက်နေ့တွင် မိုနာကို၌ ပြုလုပ်သွားမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကိုပါ တစ်ဆက်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ဆန်ခါတင်(၁၀)ဦးစာရင်းတွင် ပါဝင်လာသူများမှာ ဒီယေဂိုကော်စတာ၊ ဒီမာရီယာ၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဖိလစ်လမ်း၊ မက်ဆီ၊ သောမတ်စ်မူလာ၊ နူအာ၊ ရော်ဘင်၊ စီရော်နယ်လ်ဒိုနှင့် လူးဝစ်ဆွာရက်ဇ်တို့ဖြစ်ပြီး ယခင်ဆုရရှိဖူးသူများထဲမှ မက်ဆီတစ်ဦးသာ ပြန်လည်ပါဝင်လာခဲ့သည်။ ယခု ဥရောပအကောင်းဆုံးဘောလုံးသမားဆုကို ၂၀၁၀-၁၁ ရာသီတွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး မက်ဆီ၊ အင်နီယေစတာနှင့် ရီဘာရီတို့ ရရှိခဲ့သည်။ ယခုနှစ်အတွက် စီရော်နယ်လ်ဒို ရေပန်းစားနေကြောင်း သိရှိရသည်။
ဆန်ခါတင်(၁၀)ဦးစာရင်း
ဒီယေဂိုကော်စတာ(စပိန်၊ အက်သလက်တီကို)
ဒီမာရီယာ(အာဂျင်တီးနား၊ ရီးယဲလ်)
ဂျိမ်းစ်ရိုဒရီဂွက်ဇ်(ကိုလံဘီယာ၊ မိုနာကို)
ဖိလစ်လမ်း(ဂျာမနီ၊ ဘေယန်မြူးနစ်)
မက်ဆီ(အာဂျင်တီးနား၊ ဘာစီလိုနာ)
သောမတ်စ်မူလာ(ဂျာမနီ၊ ဘေယန်မြူးနစ်)
နူအာ(ဂျာမနီ၊ ဘေယန်မြူးနစ်)
ရော်ဘင်(နယ်သာလန်၊ ဘေယန်မြူးနစ်)
စီရော်နယ်လ်ဒို(ပေါ်တူဂီ၊ ရီးယဲလ်)
လူးဝစ်ဆွာရက်ဇ်(ဥရုဂွေး၊ လီဗာပူးလ်)

(ပြီးခဲ့သည့်ရာသီက ဥရောပအကောင်းဆုံးဆုကို ရီဘာရီ ရရှိခဲ့စဉ် (Photo: AFP))
Eleven Media Group
(ပြီးခဲ့သည့်ရာသီက ဥရောပအကောင်းဆုံးဆုကို ရီဘာရီ ရရှိခဲ့စဉ် (Photo: AFP))
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ၂၀၁၃-၁၄ ရာသီအတွက် ဥရောပအကောင်းဆုံးဘောလုံး သမားဆုချီးမြှင့်ရန် ဆန်ခါတင်(၁၀)ဦးစာရင်းကို ပြီးခဲ့သည့် ကြာသပတေးနေ့က ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ အဆိုပါ ဆန်ခါတင်(၁၀)ဦးမှာ ပဏာမ(၃၅)ဦးစာရင်းမှ ဆန္ဒမဲအများဆုံးရရှိခဲ့သူများဖြစ်ပြီး UEFA ၏အဖွဲ့ဝင်(၅၃)နိုင်ငံမှ အားကစားဂျာနယ်လစ်များက မဲပေးရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။

ကဗျာချစ်သူများအသင်း အာဇာနည်နေ့တွင် ဝန်ကြီးများရုံးဟောင်းရှေ့၌ ကဗျာရွတ်မည်

Photo: ကဗျာချစ်သူများအသင်း အာဇာနည်နေ့တွင် ဝန်ကြီးများရုံးဟောင်းရှေ့၌ ကဗျာရွတ်မည်
Friday, July 18, 2014

အာဇာနည်နေ့တွင် ကဗျာချစ်သူများအသင်း (PLA)က အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သည့် မဟာဗန္ဓုလလမ်းရှိ ဝန်ကြီးများရုံးဟောင်းရှေ့တွင် အမှတ်တရကဗျာရွတ်၍ ဂုဏ်ပြု ကြမည်ဖြစ်ကြောင်း သိရသည်။

‘‘အာဇာနည်နေ့ရောက် တိုင်း လူတိုင်းက အာဇာနည်တွေ ကျဆုံးခဲ့တဲ့ ဝန်ကြီးများရုံးဟောင်း ကို အမေ့ခံသက်သက်ဖြစ်နေလို့ ရယ်၊ ဝန်ကြီးများရုံးဟောင်းနေရာ မှာ အာဇာနည်တွေရဲ့ စိတ်ဝိညာဉ် တွေရှိနေမယ်လို့ယူဆလို့ အဲဒီမှာ ဂါရဝပြုပြီးတော့ အမှတ်တရ ကဗျာတွေရွတ်ဆိုကြမှာပါ’’ဟု ကဗျာချစ်သူများအသင်း (PLA) တည်ထောင်သူတစ်ဦးဖြစ်သည့် ကဗျာဆရာမောင်ဆောင်းခက ပြောသည်။

ကဗျာချစ်သူများအသင်း (PLA)က အာဇာနည်ခေါင်းဆောင် များအတွက် ရေးဖွဲ့ထားသည့် ကဗျာများကို ရွတ်ဆိုခြင်း၊ ကဗျာ ပန်းဖလက်များဝေငှခြင်း၊ လွမ်း သူ့ပန်းခွေချခြင်း၊ လာရောက် ကြည့်ရှုသူ၊ လမ်းတွင် ဖြတ်သန်း သွားလာနေသူများကို နှင်းဆီပန်း ပေး၍ ၎င်းတို့ကိုယ်တိုင်ပါဝင်ဂါရဝပြုစေခြင်းနှင့် အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သည့်၁၀နာရီ၃၇မိနစ်တွင် ဥဩဆွဲ၍အလေးပြုခြင်းတို့ကို ပြုလုပ်သွား မည်ဖြစ်သည်။

‘‘ဝန်ကြီးများရုံးဟောင်းက အာဇာနည်နေ့အတွက် အဓိက မေ့လို့မရတဲ့နေရာမျိုး ဖြစ်နေ တယ်။ အာဇာနည်နေ့မှာ အဲဒီလို နေရာရှေ့မှာ ကဗျာရွတ်ပြီးတော့ အာဇာနည်တွေကို ဂုဏ်ပြုပေး ချင်လို့ပါ’’ဟု ကဗျာချစ်သူများ အသင်း (PLA)မှ ရခိုင်ပြည်နယ် တာဝန်ခံဘုဏ်းခရိုးရာက ပြော ကြားသည်။

အာဇာနည်နေ့တွင် ဝန်ကြီး များရုံးဟောင်းရှေ့သို့ ကဗျာချစ် သူများအသင်း (PLA)မှ အဖွဲ့ဝင် ၃၀ နီးပါးက ကဗျာ ၁၅ ပုဒ်ခန့်ကို ရွတ်ဆိုဂုဏ်ပြုကြမည်ဖြစ်ပြီး ယမန်နှစ် အာဇာနည်နေ့တွင် လည်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်၍ ကဗျာရွတ်ဆိုဂုဏ် ပြုခဲ့ကြကြောင်း သိရသည်။

7Day Daily
 
ကဗျာချစ်သူများအသင်းဝင်များ ၂၀၁၃ခုနှစ် အာဇာနည်နေ့က ၀န်ကြီးများ ရုံးဟောင်းရှေ့ တွင် ကဗျာရွတ်နေစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
ကဗျာချစ်သူများအသင်းဝင်များ ၂၀၁၃ခုနှစ် အာဇာနည်နေ့က ၀န်ကြီးများရုံးဟောင်းရှေ့တွင် ကဗျာရွတ်နေ စဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
အာဇာနည်နေ့တွင် ကဗျာချစ်သူများအသင်း (PLA)က အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သည့် မဟာဗန္ဓုလလမ်းရှိ ဝန်ကြီးများရုံးဟောင်းရှေ့တွင် အမှတ်တရကဗျာရွတ်၍ ဂုဏ်ပြု ကြမည်ဖြစ်ကြောင်း သိရ သည်။

အစိုးရလိုလားသူအချို့ မောင်းတောမြို့နယ်တွင် သတ်ဖြတ်ခံနေရ

Photo: အစိုးရလိုလားသူအချို့ မောင်းတောမြို့နယ်တွင် သတ်ဖြတ်ခံနေရ
Friday, July 18, 2014

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ဒေသအာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်နေသူ ဘင်္ဂလီလူမျိုး ကျေးရွာလူကြီး အချို့ကို ဒေသအတွင်းမှ ဘင်္ဂလီ အဖွဲ့တစ်ခုက လိုက်လံ ရှင်းလင်း သတ်ဖြတ်မူများ ပြုလုပ်နေသည်ဟု သတင်း ရရှိသည်။

ယခုလ (ဇူလိုင်လ) ၁၆ ရက်နေ့က မောင်တောမြို့ အုပ်ချုပ်ရေးမှူးရုံးသို့ လစဉ် အစည်းအဝေး တက်ရောက်ရန် မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လာရောက်သူ မောင်တောမြို့နယ် တောင်ပိုင်း သပြေတောကျေးရွာ အုပ်စု တာဝန်ခံ ဇီယာဘူရာမန်အား အမည်မသိ ဘင်္ဂလီ အုပ်စုတစ်စုမှ ဓါးများဖြင့် ခုတ်သတ်ပစ်ခဲ့သည်ဟု သိရသည်။

သပြေတောကျေးရွာအုပ်စု တာဝန်ခံ ဇီယာဘူရာမန်သည် ၎င်းအဖေါ်တစ်ဦးဖြစ်သူနှင့် အတူ ဆိုင်ကယ်စီး၍ လာစဉ် ကျောင်းတောင်ကျေးရွာအနီး ရွာပြင်တွင် အသင့်စောင့်ဆိုင်းနေသော လူခုနှစ်ဦးခန့်က ၀ိုင်းဝန်းပြီး ဓါးများဖြင့် ခုတ်သတ်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။

“ အသတ်ခံရတာက မှန်တယ်ဗျာ။ ဒါက နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နယ်မြေထဲမှာ ဖြစ်ပွားတာမို့ အသေးစိတ်တော့ ကျနော်တို့ မသိရှိဘူးခင်ဗျား။ ဖြစ်ပွားတာကိုတော့ အတည်ပြုပေးနိုင်ပါတယ်ခင်ဗျား” ဟု မောင်တောမြို့နယ် ရဲစခန်းမှူးက ပြောသည်။

သပြေတောကျေးရွာမှအုပ်စု တာဝန်ခံ ဇီယာဘူရာမန်အတူ လိုက်ပါလာသူမှာ အသက်မသေဘဲ ထွက်ပြေး လွှတ်မြောက်သွားသည်ဟု သိသည်။ ယခုအခါ ယင်းမူခင်းနှင့် ပတ်သက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကွင်းဆင်း စစ်ဆေးမူများ ပြုလုပ်နေသည်ဟု ဆိုသည်။

အလားတူ ယခုနှစ်မေလ (၃) ရက်နေ့ကလည်း မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ဘင်္ဂလီ ကျေးရွာမှ အုပ်ချုပ်ရေးမှူးမှာ သူ၏ ကိုယ်ဝန်ရှိ ဇနီးသည် အပါအ၀င် နောက်ထပ် ဘင်္ဂလီအမျိုးသား (၂) ဦးနှင့် အတူ သတ်ဖြတ်ခံခဲ့ရသည်။

ယင်းသတ်ဖြတ်မူအား အမည်မသိ ဘင်္ဂလီ အကြမ်းဖက်အဖွဲ့တစ်ခုမှ ကျူးလွန်ခြင်း ဖြစ်ပြီး ၎င်းဖြစ်စဉ်တွင် လူ (၄) ဦး သေဆုံးပြီး ရွာသား ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ယခုနှစ် ဇွန်လ ဒုတိယအပတ်ကလည်း မောင်တောမြို့နယ် တောင်ပိုင်း ကံပူး ဘင်္ဂလီရွာက မူဆလင် အုပ်ချုပ်ရေးမှူးကို ယင်းကျေးရွာမှ တစ်စုက ၀ိုင်းဝန်းသတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။

ယင်းကျေးရွာအုပ်ချုပ်ရေးမှူးမှာ သတ်ဖြတ်မူမှ လွှတ်မြောက်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် ဘင်္ဂလီလူမျိုး (၁၁) ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခဲ့သည်ဟု သိရသည်။

Maung-Daw
နိရဉ္စရာ
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ဒေသအာဏာပိုင်များနှင့် ပူးပေါင်း ဆောင် ရွက်နေသူ ဘင်္ဂလီလူမျိုး ကျေးရွာလူကြီး အချို့ကို ဒေသအတွင်းမှ ဘင်္ဂလီ အဖွဲ့တစ်ခုက လိုက်လံ ရှင်းလင်း သတ်ဖြတ်မူများ ပြုလုပ်နေသည်ဟု သတင်း ရရှိသည်။

အများပြည်သူသို့ အသိပေးပန်ကြားခြင်း

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အား လိုင်းများကြံ့ခိုင်မှုရှိစေရန်၊ ဓာတ် လိုက်မှု အန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ် အားပြတ်တောက်မှုများလျော့နည်းစေရန်အတွက် ဓာတ်အား လိုင်း များနှင့် မလွတ်သော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အား ပေးရေးအဖွဲ့မှ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းဆောင် ရွက် လျက်ရှိ ပါသည်။

ညမထွက်ရအမိန့် ပြန်ရုပ်သိမ်းရန် ၀န်ကြီးချုပ်ကို မေတ္တာရပ်ခံမည်

မန္တလေးမြို့တွင် လတ်တလော ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို တဖြည်း ဖြည်းပြန် လည်ဖြေေ လျှာ့ေ ပး ရန် တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်း ရေးကော်မတီက မေတ္တာရပ်ခံစာ တစ်စောင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂ဝ၁၅ တွင် ရန်ကုန်နှင့်မန္တလေး၌ ကုန်းတွင်းဆိပ်(Dry Port) များ စတင်တည်ဆောက်မည်

ရန်ကုန်၊ မြန်မာနိုင်ငံအတွင်း ကုန်စည် သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက် စေရန် ၂ဝ၁၅ ခုနှစ် ဇွန်လ တွင် စတင် ကာ ကုန်းတွင်းဆိပ်များ စတင်တည် ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးရထား ဝန်ကြီး ဌာနမှ ဒုတိယအထွေ ထွေမန်နေဂျာ(ကုန်စည်) သူရဦးအောင် မျိုးမြင့်က ပြောသည်။

မြိုင်ကလေး ဘိလပ်မြေ စက်ရုံ ကားဝင်း ဈေးဆိုင်တန်းရှိ ဆိုင်တစ်ဆိုင်မှ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေး တန် ၄၀၀၀ ဘိလပ်မြေ စက်ရုံ ကားဝင်း အတွင်း ဈေးဆိုင် တန်းရှိ ဈေးဆိုင်တစ်ဆိုင်မှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြားများကို ဇူလိုင် ၁၂ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှတ်တမ်းဗီဒီယိုကို အမျိုးသားလွှတ်တော်ခေတ္တနားချိန်တွင် ပြသမည်

ယနေ့ကျင်းပမည့် အမျိုးသားလွှတ်တော်အစည်း အဝေး ခေတ္တရပ်နားချိန်တွင် ဗိုလ် ချုပ်အောင်ဆန်းမှတ်တမ်း ဗီဒီယို ကို ပြသမည်ဖြစ်ပြီး ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ် သက်သည့် အထိမ်းအမှတ်များ ကို ပြုလုပ်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သတင်းရရှိ သည်။

ကိုရီးယားနိုင်ငံသားပိုင် MASTER SPORTS ဖိနပ်စက်ရုံ လုပ်သား ၆၀၀ ကျော် လစာနှင့် စက်ရုံပိတ်သိမ်းကြေးများရရှိရေးအတွက် လှိုင်သာယာမြို့နယ်မှ ကိုရီးယားသံရုံးရှေ့သို့လမ်းလျှောက်ဆန္ဒပြ

ကိုရီးယားနိုင်ငံသားပိုင် MASTER SPORTS ဖိနပ်စက်ရုံ အလုပ်သမား ၆၀၀ ကျော် လမ်းလျှောက် ဆန္ဒပြနေ သည်ကို တွေ့ရစဉ်
ကိုရီးယားနိုင်ငံသားပိုင် Master sports ဖိနပ်စက်ရုံအလုပ်သမား ၆ဝဝ ကျော်က ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီတွင် အလုပ်ရှင်ထံက လစာငွေရရှိရေးနှင့် စက်ရုံပိတ်သိမ်းကြေး နစ်နာငွေရရှိရေးအတွက် လှိုင်သာယာမြို့နယ်မှ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ကိုရီးယားသံရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့သည်။

ငြိမ်းချမ်းရေး နောက်မဆုတ်ဘူးလို့ ၀န်ကြီး ဦးအောင်မင်း ပြောကြား

Photo: ငြိမ်းချမ်းရေး နောက်မဆုတ်ဘူးလို့ ၀န်ကြီး ဦးအောင်မင်း ပြောကြား
Friday, July 18, 2014

 ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ နောက်ဆုတ်သွားတာ မရှိကြောင်းနဲ့ လာမယ့် စက်တင်ဘာလ ထဲလောက်မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုး နိုင်မယ်လို့ ယူဆကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ အမျိုးသား လွှတ်တော်ကို တက်ရောက်ခဲ့ ပြီးနောက် သတင်းထောက်တွေကို ငြိမ်းချမ်းရေး လုပ်ငန်း စဉ်နဲ့ ပတ်သက်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

"တိုင်းရင်းသားတွေကနေ သူတို့ခေါင်းဆောင်များ အစည်းအဝေးကို လိုင်ဇာမှာ အခုလာမယ့် ၂၃၊ ၂၄၊ ၂၅ မှာ အဲ့ပတ်ဝန်းကျင်မှာလုပ်ပါမယ်၊ သူတို့လိုင်ဇာမှာ ဆွေးနွေးမယ့်အချက်တွေပေါ် မူတည်ပြီးတော့မှ ကျနော်တို့နဲ့ ပြန်ပြီးတော့ ဆွေးနွေးဖို့ရှိတယ်၊ ရန်ကုန်မှာ ကျနော်တို့ ဆွေးနွေးမှာပါ၊ သြဂုတ်လထဲ ရန်ကုန်မှာ ဆွေးနွေးပွဲလုပ်နိုင်ရင်တော့ သြဂုတ်လလကုန်လောက် စက်တင်ဘာလလောက်မှပဲ လက်မှတ်ထိုးနိုင်မှာပါ၊ အခုတိုက်ပွဲဖြစ်လည်း ဒါနောက်မဆုတ်ပါဘူး၊ ငြိမ်းချမ်းရေးကတော့ ရအောင်လုပ်မယ်"

လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့ကနေ ၂၅ ပတ်ဝန်းကျင်မှာ လိုင်ဇာမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ညီလာခံကျင်းပမှာ ဖြစ်ပါတယ်။

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အကြား အပစ်ခတ်ရပ်စဲရေးအတွက် ညှိနှိုင်းစရာအချက် ၃၅ ချက်သာ ကျန်တော့တယ်လို့သိရပါတယ်။

RFA Burmese
ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ နောက်ဆုတ်သွားတာ မရှိကြောင်းနဲ့ လာမယ့် စက်တင်ဘာလ ထဲလော က် မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုး နိုင်မယ်လို့ ယူဆကြောင်း ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ဒီနေ့ ပြော လိုက်ပါတယ်။

ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့နဲ့ ယန်ဟီးလီး တွေ့ဆုံ

မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို လေ့လာဖို့ ဘာသာပေါင်းစုံက ကိုယ်စားလှယ် ခေါင်းဆောင်တွေနဲ့ Ms Yang hee lee တွေ့ဆုံ
မြန်မာနိုင်ငံကို ဇူလိုင်လ ၁၆ရက် ညနေက ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ် Ms Yang hee lee ဟာ နောက်တနေ့မှာပဲ အင်းစိန် အကျဉ်းထောင်ကို သွားရောက်ပြီး အကျဉ်းသားတွေရဲ့ အခြေအနေ ကို ကြည့်ရှုလေ့လာ ခဲ့သလို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေ ၊ ဘာသာပေါင်းစုံက ကိုယ်စားလှယ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရွှေတူးဖော်ရေး လုပ်ငန်းခွင်၌ ရုတ်တရက် မြေကမ်းပါးရံ ပြိုကျခဲ့ရာ ရွှေလုပ်သား တစ်ဦးသေဆုံး ပြီး လူသုံးဦး အသက်ဘေးမှ လွတ်မြောက်

Photo: ရွှေတူးဖော်ရေး လုပ်ငန်းခွင်၌ ရုတ်တရက် မြေကမ်းပါးရံ ပြိုကျခဲ့ရာ ရွှေလုပ်သား တစ်ဦးသေဆုံး ပြီး လူသုံးဦး အသက်ဘေးမှ လွတ်မြောက်
Friday, July 18, 2014

 စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပိုင်လောင်ဖောင် အုပ်စု၊ ဝေတောင်စိမ်း ရွှေမှော်ရှိ ရွှေ တောင်ကြား ရွှေသတ္ထု တူးဖော်ရေး ကုမ္မဏီ လုပ်ကွက် အမှတ် SHMN – 378 တွင် ဇူလိုင် ၁၅ ရက်နေ့ ညနေ ၃ နာရီအချိန်က ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် ရုတ်တရက် မြေကမ်းပါးရံ ပြိုကျခဲ့ရာ ရွှေလုပ် သား တစ်ဦး သေဆုံးပြီး ကျန်ရွှေလုပ်သား သုံးဦးမှာ အသက်ဘေးမှ လက်မတင်လေး လွတ်မြောက် သွား ခဲ့ ကြောင်း သိရသည်။

အဆိုပါ ရုတ်တရက် မြေပြိုကျ၍ လူသေဆုံးခဲ့ရသည့် သဘာဝဘေး အန္တရာယ်ဖြစ်ပွား ခဲ့ရာ အရပ်သို့ မိုင်းကိုင်း နယ်မြေ ရဲစခန်းမှူး ရဲအုပ် ဇော်ဝင်းနှင့်အဖွဲ့က အချိန်မီ လာရောက်စစ်ဆေးခဲ့သည်။ ထိုသူတို့၏ စစ်ဆေးပေါ် ပေါက်ချက်များအရ ရွှေတူးဖော်ရေးလုပ်ငန်းခွင်၌ ရုတ်တရက်မြေပြိုကျခဲ့မှုကြောင့် မြေပိ၍သေဆုံးသွားခဲ့သူ မှာ ရွှေဘိုခရိုင်၊ တန့်ဆည်မြိဲု့နယ်၊ ဖုံးရိုးကျေးရွာဇာတိဖြစ်သူ ရွှေလုပ်သား ကိုမြင့်နိုင် အသက်(၃၄)နှစ်ဆိုသူ ဖြစ်ကြောင်း သိရသည်။

ထိုနေ့က ရွှေလုပ်သားများဖြစ်ကြသည့် မောင်ဖုးံ၊ မောင်အေး၊ မောင်ဆန်းလင်း ဆိုသူတို့နှင့် သေဆုံးသူ ကိုမြင့်နိုင်တို့မှာ ရွှေတူးဖော်ရေးလုပ်ကွက်တွင် အတူတကွ ရွှေတူးဖော်နေခဲ့သည်။ ထိုသို့ ရွှေတူးဖော်နေစဉ် ရွှေတူးဖော်ရေး လုပ်ငန်းသုံး ချိန်းကြားအပေါ်ရှိ အမှိုက်များအား စက်ကြီးမောင်း တာဝန်လုပ်ကိုင်နေသူ ကိုမြင့်နိုင်မှ ဖယ်ရှားနေခိုက် အနီးရှိ မြေကမ်းပါးရံမှ ရုတ်တရက်ပြိုကျကာ မြေပိ၍သေဆုံးခဲ့ခြင်းဖြစ်သည်။ ကျန်ရွှေလုပ်သားသုံးဦးမှာ လက်မတင်အချိန်လေးအတွင်း အသက်ဘေးမှ လွတ်မြောက်သွားခဲ့သည်။

ထို့ကြောင့် ရုတ်တရက်မြေပြိုကျ၍ လူသေဆုံးမှုဖြစ်ပွားခဲ့ရခြင်းအပေါ် မိုင်းကိုင်းနယ်မြေရဲစခန်းက မှုခင်း ဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် သေမှုသေခင်းအမှတ်စဉ် ၂၉/၂၀၁၄ အရ အမှု ဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ခန္တီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

အဆိုပါ ဟုမ္မလင်းဒေသသည် ရွှေတူးဖော်ရေးလုပ်ငန်းများ အများအပြားတည်ရှိပြီး နှစ်စဉ် ရွှေတူးဖော်ရေး လုပ်ငန်းအတွင်း ရုတ်တရက်မြပြိုကျခဲ့မှုကြောင့် မြေပိ၍သေဆုံးသူ ရွှေလုပ်သားဦးရေမှာ ရာဂဏန်းနီးပါးရှိ နေခဲ့သော်လည်း လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ကြိုတင်ဆောင်ရွက်ထားမှု အခြေအနေမှာ အလွန် နည်းလွန်းသေးကြောင်း မြို့နယ်ထွေအုပ်ရုံးဝန်ထမ်းတစ်ဦးမှ သုံးသပ်ပြောဆိုခဲ့သည်။

သတင်း၊ ကိုတိုးကြီး
https://www.facebook.com/KoToeChinDween

ကချင်ပြည်နယ်မှ ရွှေတူးဖော်ရေး လုပ်ငန်းခွင် တခုအားတွေ့ ရစဉ်
ကချင်ပြည်နယ်မှ ရွှေတူးဖော်ရေး လုပ်ငန်းခွင် တခုအားတွေ့ ရစဉ် 
စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပိုင်လောင်ဖောင် အုပ်စု၊ ဝေတောင်စိမ်း ရွှေမှော်ရှိ ရွှေ တောင်ကြား ရွှေသတ္ထု တူးဖော်ရေး ကုမ္မဏီ လုပ်ကွက် အမှတ် SHMN – 378 တွင် ဇူလိုင် ၁၅ ရက်နေ့ ညနေ ၃ နာရီအချိန်က ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် ရုတ်တရက် မြေကမ်းပါးရံ ပြိုကျခဲ့ရာ ရွှေလုပ် သား တစ်ဦး သေဆုံးပြီး ကျန်ရွှေလုပ်သား သုံးဦးမှာ အသက်ဘေးမှ လက်မတင်လေး လွတ်မြောက် သွား ခဲ့ ကြောင်း သိရသည်။

ကျောင်းထိုင်ဘုန်းကြီးတစ်ပါး မိမိကိုယ်ကို ကြိုဆွဲချ၍ အဆုံးစီရင်

စစ်ကိုင်း တိုင်း ဒေသ ကြီး၊ ရွှေဘို ခရိုင်၊ ရေဦး မြို့နယ်၊ အောင်ကဲဇင့် ကျေးရွာ အုပ်စု၊ ဇီးကုန်း ကျေးရွာ တွင် ဇူလိုင် ၁၅ ရက်နေ့ မနက် ၅ နာရီ ၁၅ မိနစ်အချိန်က ကျောင်းထိုင် ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို ကြိုး ဆွဲချ၍ အဆုံးစီရင် သွားခဲ့ကြောင်း ထောက်ကြံ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဇော်ဆိုသူမှ တင်းတိန်ရံ နယ် မြေရဲစ ခန်းမှူး ရဲအုပ် ဌေးဝင်းထံ ဖုန်းဖြင့် ဆက်သွယ်၍ အကြောင်းကြား ခဲ့သည်ဟု သိရသည်။

တိုင်ဖွန်းမုန်တိုင်း RAMMASUN တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းအား တိုင်ဖွန်းမုန်တိုင်း အဆင့်-၃ ဖြင့် ဖြတ်ကျော် တိုက်ခတ်ခဲ့သော TYPHOON RAMASSUN(09W) (ဖိလစ်ပိုင်အမည် – GLENDA)သည် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ ၏ တောင်ဘက် မိုင် ၆ဝ ခန့်မှ ကပ်၍ ဖြတ်ကျော်ပြီး တောင်တရုတ် ပင်လယ်(အနောက် ဖိလစ်ပိုင် ပင်လယ်)သို့ စတင်ဝင်ရောက် လျှက်ရှိပါသည်။ မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဒေသအား ကုန်းမြေပေါ်မှ ၂၆၅ မိုင်ခန့် ဖြတ်သန်းရွေ့လျားခဲ့ပြီး တောင်တရုတ် ပင်လယ်အား ဖြတ်သန်းကာ ဒုတိယ မြောက် landfall အဖြစ် ဟိုင်နန်ကျွန်းမြောက်ပိုင်းအား ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင် လည်းကောင်း၊ တတိယမြောက်နှင့် နောက်ဆုံး landfall အဖြစ် ဗီယက်နန်နိုင်ငံ မြောက်ပိုင်း ဟနွိုင်းမြို့ အရှေ့ဘက် မိုင် ၉ဝ ခန့်အကွာ တုံကင်ပင်လယ် ကမ်းခြေကို ဇူလိုင်လ ၁၉ ရက် ညနေပိုင်းတွင်လည်းကောင်း ဆက်လက် ဖြတ်ကျော်ဝင်ရောက်မည်ဟု ကွန်ပျူတာမော်ဒယ် ကြိုတင်ခန့်မှန်း ပုံဖေါ်ချက်များတွင် တွေ့ရပါသည်။(ပုံ-၁)

အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းသော မလေးရှားလေကြောင်း လိုင်းလေယာဉ် ယူကရိန်းအရှေ့ပိုင်းတွင် ပစ်ချခံရပြီးနောက် လေယာဉ်ပေါ်လိုက်ပါလာသည့် လူ ၂၉၅ ဦးစလုံး သေဆုံး

ယူကရိန်းအရှေ့ပိုင်း ရှက်တက်မြို့အနီး ပျက်ကျခဲ့သော မလေးရှားလေကြောင်းလိုင်းလေယာဉ်၏ အပျက် အစီး များကို ဇူလိုင် ၁၇ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံ
အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းသော မလေးရှားလေကြောင်းလိုင်းလေယာဉ် ခရီးစဉ် MH 17 သည် ဇူလိုင် ၁၇ ရက်က ယူကရိန်းအရှေ့ပိုင်းတွင် ပျက်ကျသွားခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သူပုန်တို့ ထိန်းချုပ်ထားသော ယူကရိန်းအရှေ့ပိုင်းတွင် ပျက်ကျခဲ့သောလေယာဉ်သည် ပစ်ချခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း ယူကရိန်းသမ္မတ ပီထရိုပိုရိုရှင်ကိုအက ပြောကြားခဲ့သည်။

ပျက်ကျတဲ့ မလေးရှားလေယာဉ် MH17 ပေါ်မှာ ဒတ်ခ်ျခရီးသည် အများစုပါသွား

 အမ်စတာဒမ်ကနေ ကွာလာလမ်ပူကို ပျံသန်းရင်း ယူကရိန်း နိုင်ငံတွင်းမှာ ပျက်ကျခဲ့တဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ပေါ်မှာ ဒတ်ခ်ျခရီးသည် ၁၅၀ ကျော် ပါဝင်တယ်လို့ အမ်စတာဒမ်မှာရှိတဲ့ Schiphol လေဆိပ် အာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်သစ် ရန်း(င်)ဟီးလီ အင်းစိန်ထောင်သို့ သွားရောက်လေ့လာ

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အား တွေ့ရစဉ်
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေများကို လေ့လာရန်အတွက် ဇူလိုင် ၁၆ ရက် ညပိုင်းက ရန်ကုန်မြို့ သို့ ရောက်ရှိလာခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်သစ် ရန်း(င်)ဟီးလီ သည် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အင်းစိန်ထောင်သို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်း ရရှိသည်။

မြစ်ဖျားပိုင်း၌ မိုးကောင်းနေ၍ ဧရာဝတီနှင့်ချင်းတွင်းမြစ်ရေ အနည်းဆုံး တစ်ပေမှ အမြင့်ဆုံး ရှစ်ပေခန့်အထိ မြင့်တက်နိုင်

ဧရာဝတီမြစ်နှင် ချင်းတွင်းမြစ်ရေသည် အဆိုပါမြစ်များ၏ စိုးရိမ်ရေအမှတ်ထက် အနည်းဆုံး တစ်ပေခန့်မှ အများဆုံး ရှစ်ပေခန့်အထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၁ဝ ရက် ပတ် ဇလဗေဒခန့်မှန်းချက်အရ သိရသည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မေးခွန်းများဖြေကြားရာတွင် တိကျသည့်အဖြေနှင့် ကတိက၀တ်ဖြစ်စေသည့်ကိစ္စများကို ပြန်လည်ဖြေကြားရန် သူရဦးရွှေမန်း သတိပေး

ဇူလိုင် ၁၇ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တွေ့ရစဉ်
စွမ်းအင်ဝန်ကြီးဌာနမှ ပုဂ္ဂလိကပိုင် ရေနံချက်ဖိုများနှင့်ပတ်သက်သည့် မေးခွန်းအား ပြန်လည်ဖြေကြား ရာတွင် တိကျသည့်အဖြေနှင့် ကတိကဝတ်ဖြစ်စေသည့် ကိစ္စရပ်များကို ပြန်လည်ဖြေကြားပေးရန် စွမ်းအင် ဝန်ကြီး ဌာနနှင့်သက်ဆိုင်ရာ အစိုးရအဖွဲ့အား ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သတိပေး တိုက် တွန်းပြောကြားသည်။

သတင်းသမားများအား ဖမ်းဆီးထောင်ချခြင်းသည် အာဏာရှင်ဆန်ဆန် ဖိနှိပ်သည့်ပုံစံဖြစ်နေကြောင်းနှင့် နိုင်ငံတကာဆက်ဆံရေးမှာ နောက်ပြန်ဆုတ်သွားနိုင်ကြောင်း အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြောကြား

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဇွန် ၂၇ ရက်က သူရဦးရွှေမန်းနှင့် တွေ့ဆုံနေစဉ် (ဓာတ်ပုံ - ပြည်သူ့လွှတ်တော်ဝက်ဘ်ဆိုက်)
အမေရိကန်အစိုးရ လူ့အခွင့်အရေးထိပ်တန်းအရာရှိတစ်ဦးက မြန်မာနိုင်ငံသည် အာဏာရှင်ဆန်ဆန် ဖိနှိပ် သည့် ပုံစံ ကျင့်သုံးနေကြောင်း မြန်မာအစိုးရမှ အပတ်စဉ်ထုတ်ဂျာနယ်က ဂျာနယ်လစ်ငါးဦးကို အငြင်း ပွား ဖွယ် ဓာတုလက်နက်စက်ရုံတစ်ခုအကြောင်း ထုတ်ဖော်ရေးသားမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ်ချမှတ် ခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

MPC သည် ကကလှမ်း မဟုတ်သည့်အတွက် အရေးယူပိုင်ခွင့်မရှိကြောင်းနှင့် MPC ကို နားလည်မှုမလွဲရန် ဦးအောင်မင်း ပြောကြား

MPC သည် ကကလှမ်း မဟုတ်သည့်အတွက် မည်သူ့ကိုမျှ အရေးယူခွင့် မရှိကြောင်း နှင့် MPC ကို နားလည်မှု မလွဲရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။