ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Ms.Kang Kyung-wha မြန်မာနိုင်ငံသို့ ငါးရက်ကြာ ရောက်ရှိနေပြီး ရခိုင်နှင့် ကချင်ပြည်နယ်တို့ကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်လိုက်သည်။
Thursday, 12 June 2014
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် မိုးလေဝသဌာနကို တိကျသည့် ခန့်မှန်းချက်များပေးရန် ဝေဖန်လမ်းညွှန်
မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအမ်သည် နိုင်ငံ၏ မိုးလေဝသဌာန တာဝန်ရှိဝန်ထမ်း များအား မတိ ကျသည့် မိုးလေဝသခန့်မှန်းချက်များ ပေးနေခြင်းကို ဝေဖန်ခဲ့ပြီး လမ်းညွှန်မှုပေးနေခြင်းကို နိုင်ငံပိုင်မီဒီယာ တွင် ရှားရှားပါးပါး ပြသခဲ့သည်။
ခင်ဗျားတို့ပြောတော့ လွှတ်တော်အထက်မှာ တပ်မတော်ရှိတယ်ဆို..
မေလ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် ဒဿမပုံမှန် အစည်းအဝေး ခေတ္တ နားချိန်မှာ သတင်းမီဒီယာ သမားတွေကို ဒေါ်အောင်ဆန်းစုကြည်မှ လွှတ်တော်ရဲ့ အထက်မှာ တပ်မတော် ရှိနေကြောင်း ပြောဆိုခဲ့ပါ တယ်။ လွှတ်တော်က အဆိုတင်သွင်းတဲ့ ဥပဒေတစ်ခု အတည်ပြုဖို့ တပ်မတော် သားတွေရဲ့ ဆန္ဒက အဓိက မူတည်နေပြီး တပ်မတော်သားတွေ ရဲ့သဘော ထားက ကာချုပ်ရဲ့ သဘောထားဖြစ်တာကြောင့် လွှတ်တော်ရဲ့ အထက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှိနေကြောင်း၊ တပ်မတော်က လွှတ်တော်ရဲ့အထက်မှာ ရှိနေကြောင်း စသည်ဖြင့် မီဒီယာသမားများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပြန် အလှန်ပြောဆိုခဲ့ကြပြီး ဂျာနယ်၊ သတင်းစာများနဲ့ အင်တနက် စာမျက်နှာများပေါ်မှာ လွှတ်တော်အထက်တွင် တပ်မတော်ရှိကြောင်း ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။ ဝါရင့်၊သဘာရင့် ကျွမ်းကျင်တဲ့ ဆောင်းပါးရှင် အများအပြားကလည်း ထောက်ခံဆွေးနွေးရေးသားမှုတွေ တွေ့ခဲ့ရပါတယ်။
ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် မလျော်ညီသော ပညာရေး ဥပဒေကြမ်း ငါးခု ဖျက်သိမ်း
အစိုးရသစ်လက်ထက် ပညာရေး ပြုပြင်ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေ မရှိသော ပြည်သူ့လွှတ်တော်တွင် ၂၀၁၂ ခုနှစ်က တင်သွင်းခဲ့သည့် ပညာရေး ဥပဒေကြမ်း ငါးခုကို ဖျက်သိမ်းရန် ဇွန်လ ၁၁ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သဘောတူညီကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
ဖားကန့်ဒေသမှ ကျောက်စိမ်းလုပ်ငန်းများ ဇွန်လ ၁၂ ရက်နေ့ အပြီးဖယ်ရှားရမည်
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်ကြသူများနှင့် ရေမဆေး ကျောက်ရှာသူများ အားလုံး ဇွန်လ ၁၂ ရက် နောက်ဆုံးထား ဖယ်ရှားပေးရမည်ဟု ဖားကန့်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကြီးကြပ်မှု ကော်မတီက ကြေညာချက် ထုတ်ပြန်ထားကြောင်း ဖားကန့်ဒေသခံများနှင့် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်ကြသူများထံမှ စုံစမ်း သိရှိရသည်။
မဟာသန္တိသုခကျောင်းတိုက်က သံဃာများကိုဖယ်ရှားရာတွင် အသုံးပြုရန် ရွှေစင်စကြ်ာယာဉ်များကို ငှားရမ်းလိုက်ခြင်းမဟုတ်ဟုဆို
ရန်ကုန်၊ ဇွန် ၁၁- မဟာသန္တိသုခ ကျောင်းတိုက်မှ သံဃာများကို ဖယ် ရှားရာတွင် တိုင်းသံဃမဟာနာယက အဖွဲ့ဝင်များ အသုံးပြုခဲ့သည့် ရွှေစင် စကြ်ာယာဉ်လိုင်းမှယာဉ်များသည် အငြင်းပွားမှုအတွက် အသုံးပြုရန် ငှားရမ်းလိုက်ခြင်းမဟုတ်ကြောင်း မထသ(အဝေးပြေး)တာဝန်ရှိသူများ နှင့် ယာဉ်လိုင်းတာဝန်ခံတို့က ဒီမိုက ရေစီတူဒေးသတင်းစာသို့ ပြောသည်။
လီဗာပူးလ် ကစားသမား များက အင်္ဂလန် အတွက် ဆွာရက်ဇ်ကို တားဆီးနိုင် လိမ့်မည်ဟု ဂျိုးဟတ် ပြောကြား
ကမ္ဘာ့ ဖလားတွင် အင်္ဂလန်နှင့် ဥရုဂွေးတို့ တွေ့ဆုံသည့်အခါ လူးဝစ်ဆွာရက်ဇ် ကို လီဗာပူးလ် ကစားသမား များက တားဆီးနိုင် လိမ့်မည်ဟု မျှော်လင့် ကြောင်း ဂျိုးဟတ်က ပြောကြားလိုက်သည်။
ဝန်ဆောင်မှုလုပ်ငန်း ၂၆ မျိုးနှင့် ကုန်စည် ၁၈ မျိုး အခွန်ကင်းလွတ်ခွင့်ပြု
အသစ်ပြဋ္ဌာန်းလိုက်သော ၂၀၁၄ ခုနှစ် အခွန်အကောက် ဥပဒေအရ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ၂၆ ခုနှင့် ပြည်ပမှ တင်သွင်းခြင်းနှင့် ပြည်တွင်းတွင် ကိုယ်တိုင် ထုတ်လုပ်မည့် ကုန်စည် ၁၈ မျိုးတို့ကို လုံးဝ အခွန်ကင်းလွတ်ခွင့် ပြုကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က ပြောကြားသည်။
အီရတ် အစွန်းရောက်များ ဒုတိယမြို့တော်ကို ထိန်းချုပ် လူငါးသိန်းခန့် နေရပ်ကို စွန့်ခွာတိမ်းရှောင်
အီရတ်နိုင်ငံ၏ ဒုတိယမြို့တော် ဖြစ်သော မိုဆောကို အစွန်းရောက် စစ်သွေးကြွများက ထိမ်းချုပ်ထား လိုက် ရာ ဒေသခံပြည်သူ ငါးသိန်းခန့် နေအိမ်များကို စွန့်ခွာ တိမ်းရှောင်ရကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြ ထားသည်။
ပျိုမေတို့ အထင်ကြီး လေးစား လိုအပ်တဲ့ အမျိုးသား အမျိုးအစား
သူငယ်ချင်း တစ်ယောက်က မေးလာ ပါတယ်။ မိန်းကလေးတွေ သူ့ကို ကြွေအောင် ဘယ်လို နေရမလဲတဲ့။ ဘယ်လို ကျင့်ကြံရမလဲတဲ့။ ဆံပင်ပုံစံ ဘယ်လိုထားရမလဲ။ ဘယ်လို ဝတ်စားရမလဲ။ ငွေဘယ်လောက် ရှိရမလဲ အစရှိသဖြင့် မေးပါတယ်။ ဒီတော့ ပြောလိုက်ပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေရန် ဂျေလို ပြန်လည် ဆုံးဖြတ်
ကမ္ဘာကျော်အဆိုတော ဂျနီဖာလိုပက်ဇ်သည် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွင် ပြန်လည် ဖျော်ဖြေရန် ဆုံးဖြတ် လိုက်ပြီဖြစ်သည်။ ထို့ကြောင့် ဂျနီဖာလိုပက်ဇ်ကို ကမ္ဘာ့ဖလားဖွင့်ပွဲတွင် ရက်ပ်ပါ Pitbull၊ ဘရာဇီး အဆိုတော် Claudia leitte တို့နှင့်အတူ စင်မြင့် ထက်၌ တွေ့မြင်ရမည်ဖြစ်သည်။
PR စနစ်အဆို အမျိုးသားလွှတ်တော် အတည်ပြု
လာမည့် ရွေးကောက်ပွဲများ၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အချိုးကျ ကိုယ် စားပြုစနစ်(PR)ကျင့်သုံးရန်အဆိုကို တပ်မတော်သားများနှင့် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အပါ အဝင် တိုင်းရင်းသားပါတီများ ကန့်ကွက်ကြသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူများသဖြင့် အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည်။
ပုဒ်မ ၅၉ (စ) မပြင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီ ဆုံးဖြတ်ပြီ
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တော့ပေ
ဓာတ်ပုံ-ဟိန်းထက်/ဧရာဝတီ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရရှိစေ ရန် တားဆီး နေသော ပုဒ်မ ၅၉ (စ) ပါ ပြဋ္ဌာန်းချက်များကို မပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ဆုံးဖြတ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
မဟာသန္တိသုခ ကျောင်းတိုက်မှ ဖယ်ရှားခံရသော သံဃာတော်များကို ခွင့်ပြုချက်မရှိ သီတင်းသုံးမှုဖြင့် အရေးယူမည်
ပီနန်ဆရာတော်နှင့် နိုင်ငံတော်သံဃမဟာနာယက အကြား ပိုင်ဆိုင်မှု အငြင်းပွားစဉ်တွင် ကျောင်းတိုက်၌ ဝင်ရောက်နေထိုင်သော မဟာသန္တိသုခကျောင်းတိုက် သံဃာတော်များကို နိုင်ငံတော် သံဃမဟာနာယက ထံ ခွင့်ပြုရယူခြင်း မရှိဘဲ သီတင်းသုံး နေထိုင်မှုဖြင့် အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သာသနာ ရေး မှူး ဦးစိန်မော်က ပြောကြားသည်။
နေအိမ် ဖယ်ရှားခံရသော ကျူးကျော်များကို ၂၀၁၅ မကုန်မီ ယာယီနေရာ ချပေးမည်
နေအိမ်များကို ဖယ်ရှားခံထားရသည့် မြေယာ ကျူးကျော်သူများနှင့် အမှန်တကယ် နေထိုင်ရန် မြေနေရာ မရှိသူများကို ၂၀၁၅ မကုန်မီ ယာယီနေရာ ချထားပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။
ကမ္ဘာ့ဖလားဘောလုံးပွဲ ဘရာဇီးမှာ ဒီနေ့စမယ်
ဒီကနေ့ဆိုရင် တမ္ဘာဘာလုံးက ဘောလုံးဝါသနာအိုးတွေရော ဘောလုံးဝါသနာမပါသူတွေပါ စိတ်ဝင်တစား စောင့်ကြည့်ကြမယ့် ၂၀၁၄ ကမ္ဘာ့ ဘောလုံး ပြိုင်ပွဲကြီးကို ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့မှာ ဖွင့်ပွဲ အခမ်အနားနဲ့ စတင်တော့မှာ ဖြစ်ပြီး၊ ဒီနောက်မှာ အိမ်ရှင်ဘရာဇီးနဲ့ ခရိုရေးရှားတို့ ဒေသအချိန် ညနေ ၂ နာရီမှာ ကစားကြမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ စုဝေးခွင့်မရှိမှု မြန်မာကို ကုလဝေဖန်
မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ထုတ်ခွင့်မှာ ဘာသာရေး၊ လူမျိုးရေးအရ အုပ်စုတစုအတွက် သွားပြီး အကန့်အသတ် ဖြစ်နေတယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တဦးရဲ့ အစီရင်ခံစာ ဟာ အခြေအမြစ်မရှိဘဲ မမှန်ကန်တဲ့ ဖော်ပြချက်ဖြစ်တယ်ဆိုပြီး မြန်မာဘက်က ချေပ ခဲ့ပါတယ်။ ဂျနီဗာမှာ လုပ်သွားတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်းမှာ အခုလို တုံ့ပြန်ခဲ့တာပါ။ ကိုသားညွန့်ဦးက ဒီအကြောင်း တင်ပြထားပါတယ်။
အီရတ်စစ်သွေးကြွ ဒုတိယမြို့ဆက်သိမ်း
အီရတ်နိုင်ငံ Mosul မြို့ကို အင်္ဂါနေ့တုန်းက သိမ်းယူလိုက်တဲ့ အစ္စလာမ်စစ်သွေးကြွတွေဟာ ဘဂ္ဂဒတ်နဲ့ ကီလို မီတာ ၂၀၀ လောက်ပဲ ဝေးတဲ့ Tikrit ကို သိမ်းယူလိုက်ပြန်တယ်လို့ အီရတ်လုံခြုံရေး အရာရှိတွေက ပြောပါ တယ်။
မိုးရွာသွန်းမှုကြောင့် ရွှေတိဂုံဘုရားလမ်းတွင် ညောင်ပင်လဲကျ
၁၁.၆.၂၀၁၄ ရက်နေ့ ၁၀၁၅ အချိန်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်း အတွင်းရှိ လုံးပတ်ပေ(၂၀)ခန့်၊ အမြင့်ပေ (၁၀၀)ခန့်ရှိ ညောင်ပင်မှာ မိုးရွာသွန်းမှုကြောင့် ရွှေတိဂုံဘုရားလမ်း ပေါ်သို့ ကန်လန့်ဖြတ်လဲကျခဲ့ပါသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် မဟာသန္တိသုခ ဗုဒ္ဓ သာသနာပြု ကျောင်းတော်ကြီးနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် စပ်လျဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ သာသနာရေး ဝန်ကြီး ဌာန (ရန်ကုန်ရုံးခွဲ)၌ ကျင်းပသည်။
မဟာသန္တိသုခကျောင်းတိုက်၌ဆရာတော်များမှာဝိနည်းနှင့်အညီ နေထိုင်ခြင်း မရှိသောကြောင့် စစ်ဆေးအရေးယူရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သမ္မတရုံးအကြံပေးပုဂ္ဂိုလ် ဦးအံ့မောင်ပြောကြား
မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ သမိုင်းကြောင်းတစ်လျှောက် အရုပ်ဆိုး အကျည်းတန်စေခဲ့သော ၂၀၀၇ သံဃာအရေးအခင်းဖြစ်စဉ် ကာလအတွင်း သာသနာရေးဝန်ကြီးဌာန၌ အကြံပေးအဖြစ် ထမ်းဆောင်ခဲ့သော ဦးအံ့မောင်(၀ဲ-ဒု)ကို အခြားတာဝန်ရှိသူများနှင့် အတူ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်ရှိ လက်ရှိသီတင်းသုံးနေသည့် ဆရာတော်များမှာ ၀ိနည်းနှင့် အညီ နေထိုင်ခြင်း မရှိသောကြောင့် စစ်ဆေး အရေးယူရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဇွန် ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါကျောင်းတိုက်ကိစ္စနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ နိုင်ငံတော် သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဦးအံ့မောင်က ပြောကြား သည်။
သန္တိသုခကျောင်းတိုက် အင်အားသုံးသိမ်းယူမှု မသင့်လျော်ကြောင်း သီတဂူဆရာတော်မိန့်ကြား
ရန်ကုန်တိုင်း တာမွေမြို့ နယ်က မဟာသန္တိသုခကျောင်း တိုက်ကို အင်အား သုံးချိတ် ပိတ်ပြီး ကျောင်းတိုက် တွင်းက သံဃာတော်တွေကို အဓမ္မခေါ်ဆောင် သွားတာဟာ သင့်လျော်မှုမရှိသလို နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးအတွက်လည်း ထိခိုက်မှုဖြစ်မှာစိုးရိမ်ကြောင်း သီတဂူ ဆရာတော် အရှင်ဥာဏိသရက မိန့်ကြားလိုက် ပါတယ်။
ထိုင်းတွင် ဆောက်လက်စ တိုက်နံရံပြိုကျ ၊ မြန်မာအလုပ်သမား ၃ ဦး သေဆုံး
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ကျွန်းစု ဖူးကက်မြို့က ဆာက်လုပ်ရေးလုပ်ငန်း ခွင်တခုမှာ ဇွန်လ
၁၀ ရက် ညနေ ၄ နာရီ က ဆောက်လက်စ ကွန်ကရစ် နံရံပြိုကျပြီး မြန်မာအလုပ်သမားအမျိုးသမီး ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံး၊ ၁ ဦး ဒဏ်ရာရပြီး ဆေးရုံ တင်ထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။
တောဆင်ရိုင်း ၀င်ရောက် မှုကြောင့်(၂) ပတ် အတွင်း အမျိုးသမီး (၁) ဦး သေ၊ အိမ်(၁၅) လုံး ပျက်စီး
ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများသို့ ပြီးခဲ့သော သီတင်း (၂) ပတ်ခန့်က စတင်၍ တောဆင်ရိုင်း ၀င်ရောက် ဖျက်ဆီး မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး၊ နေအိမ် (၁၅) လုံးနှင့် စပါးကျည်များ ပျက်စီးခဲ့ရကြောင်း ဒေသခံများ က ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများအား ချင်းမိုင်အာဏာပိုင်များ ပိုက်စိပ်တိုက် စစ်ဆေး ဖမ်းဆီး
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းရဲနှင့်စစ်တပ်က နေရာ အတော် များများ၌ ပိုက်စိပ်တိုက်စစ်ဆေးကာ တရားဝင်အလုပ်လုပ်ခွင့်လက်မှတ်မရှိသည့် သျှမ်းပြည်မှရွှေ့ပြောင်း အလုပ်သမား အား ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ထိုင်းရဲတပ်ဖွဲ့ အရာရှိတဦးကပြောသည်။
မိုးရွာစဉ် ဟန်းဖုန်းရင်ဘတ်ထဲ ထည့်ထားသူ လျှပ်စစ်သံလိုက် စက်ကွင်းမိပြီး သေဆုံး
မိုးရွာစဉ် ဟန်းဖုန်းကို ရင်ဘတ်ထဲထည့်ပြီး လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး လျှပ်စစ်သံလိုက် စက်ကွင်းမိကာ နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
နွားနောက်အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအချို့ နေရာကွက် မိုးကြီးနိုင်
ဘင်္ဂလားပင်လယ်အော် နှင့် ဆက်စပ်နေသည့် အာရေဗျ ပင်လယ်အောက်ထဲတွင် မြန်မာ နိုင်ငံ မိုး/ဇလဌာန မှ အမည်ပေး ထားသည့် နွားနောက် (Nanauk) မုန်တိုင်းတိုက်ခတ်နေပြီး ယင်းမုန် တိုင်း၏ အရှိန်ကြောင့် မြန်မာ နိုင်ငံဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင်ကာ ကမ်းရိုးတန်းဒေသ များအား လေပြင်းအန္တရာယ် ကျ ရောက်နိုင်ကြောင်း ပညာရှင်များ က သတိပေးထားသည်။
လူကုန်ကူးသူ လှေတစ်စင်းပေါ်က ပစ်ခတ်မှုကြောင့် လူ ၅ဦး သေဆုံး
မလေးရှားနိုင်ငံကို လှေတွေနဲ့ သွားရောက်ဖို့ ကြိုးစားပြီး ရိုဟင်ဂျာတွေ လိုက်ပါသွားတဲ့ လှေတစ်စင်းဟာ ဘင်္ဂလားပင်လယ်အော်မှာ ပြဿနာနဲ့ ကြုံတွေ့ခဲ့တဲ့အတွက် လူ ၅ ဦးသေဆုံးပြီး အယောက် ၂၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အီရတ်မှာ နောက်တမြို့ စစ်သွေးကြွ သိမ်းခံရ
အီရတ်က လာတဲ့ သတင်းတွေ အရ အစ္စလာမ္မစ် စစ်သွေးကြွ တွေက ၂ ရက် အတွင်း နောက်ထပ် တမြို့ကို သိမ်းယူ လိုက်ပြီလို့ ဆိုပါတယ်။
ကမ္ဘာ့ဖလားဘောလုံးဖွင့်ပွဲ ဘရာဇီးလ်ပြင်ဆင်
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ဗိုလ်လုပွဲတွေကို ဒီကနေ့ ဘရာဇီးလ်နိုင်ငံမှာ စတင်တော့မှာနဲ့အတူ နောက်ဆုံး ပြင်ဆင်မှုတွေကို လုပ်နေကြပါတယ်။ ဘရာဇီးလ် မြို့ပေါင်း ၁၂ မြို့မှာ ဘောလုံးပွဲတွေ ကျင်းပမှာနဲ့အတူ၊ လက်စသတ်ဖို့ လိုနေသေးတဲ့ ဘောလုံးကွင်းတွေ၊ လေဆိပ်တွေ၊ လမ်းတွေမှာ အပြီးသတ် လိုအပ်တာတွေကို လုပ်နေကြပါတယ်။
အမျိုးသားလွှတ်တော်အတွက် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရန်အဆို အတည်ဖြစ်ခဲ့သည့်အတွက် ကော်မရှင်ဖွဲ့စည်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မည်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ ဒေါ်ခင်ဝိုင်းကြည် တင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရန် အဆိုအတည်ဖြစ်ပြီးနောက် ကော်မရှင်ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ယင်းကော်မရှင် အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် က ဇွန် ၁၁ ရက်၌ ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။
မသန်စွမ်းသူများအရေးကိစ္စ ကိုယ်စားပြုဆောင်ရွက်ရန် ပြည်ထောင်စုအဆင့် မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီ ဖွဲ့စည်းမည်
ဇွန် ၁၀ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ ညီလာခံတွင် ပြည်ထောင်စုအဆင့် မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီ ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ပဉ္စမအကြိမ် ဗဟိုဦးစီးကော်မတီ ညီလာခံ မန္တလေးမြို့၌ ပြုလုပ်မည်
အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ၏ ပဉ္စမအကြိမ် ဗဟိုဦးစီးကော်မတီ ညီလာခံကို မန္တလေးမြို့ ၁၅ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ နိုင်လွန်ခန်းမ၌ ဇွန် ၁၄ ရက်မှ ၁၅ ရက်ထိ နှစ်ရက်ကြာ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မျိုးစောင့်ဥပဒေ ဆန့်ကျင်သည့် အဖွဲ့များ တွေ့ဆုံ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မျိုးစောင့်ဥပဒေကို ဆန့်ကျင်သည့် အဖွဲ့ဝင် များ သည် ဇွန် ၁၁ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ တွေ့ဆုံခဲ့ကြသည်။
Subscribe to:
Posts (Atom)