Sunday, 29 September 2013

ကျောက်ကပ်ကျန်းမာနေအောင် ဘယ်လို ဂရုစိုက်ပေးရမလဲ

Photo: ကျောက်ကပ်ကျန်းမာနေအောင် ဘယ်လို ဂရုစိုက်ပေးရမလဲ
Sunday, September 29, 2013

ကျောက်ကပ်များဟာ ဆီးစွန့်တဲ့ စနစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ ရေစစ်ကဲ့သို့ တာဝန်ကိုထမ်းဆောင်ရပါတယ်။ ကျောက်ကပ်ဟာ ကိုယ်ခန္ဓာက အညစ်အကြေးများနဲ့ ပိုလျှံအရည် တွေကို ဖယ်ရှားပေးပြီး သွေးတွေကို သန့်စင်ပေးပါတယ်။ ဒါ့အပြင် သွေး ထဲက ဆားဓာတ်၊ သတ္တုဓာတ် တွေနဲ့ သွေးဖိအားကို ထိန်းချုပ်ရပါသေး တယ်။ အဲဒီအတွက်ကြောင့် ကျောက် ကပ်နှလုံးကို ဂရုစိုက်ပေးခြင်းဟာ တစ်ကိုယ်လုံးကို ဂရုစိုက်ပေးခြင်း မည်ပါတယ်။

ကျောက်ကပ်ပျက်စီးတဲ့ရောဂါ တွေထဲမှာ နာတာရှည်ကျောက်ကပ် ပျက်စီးတဲ့ရောဂါ (chronic kidney disease, CKD)ဟာ အန္တရာယ်များ ပြီး ဆီးစွန့်တဲ့ဖြစ်စဉ်ကို တဖြည်းဖြည်း
ယိုယွင်းလာစေပါတယ်။ ကျောက် ကပ်ကို ဂရုမစိုက်ရင် ဒီရောဂါဝင်လာ ဖို့က ရာခိုင်နှုန်းမြင့်မားတယ်လို့ သုတေသနတွေမှာ ဖော်ပြထားပြီး အြေငသညေူုငိညနပ င်္သကညိအေငသည သှ်ုညိငေ က အတည်ပြုခဲ့ပါတယ်။ ကျောက်ကပ်ကို ဂရုမစိုက်တဲ့အတွက် ကျောက်ကပ်ပျက်စီးတဲ့ လူနာ ၉၀၀၀၀ကျော်ဟာ နှစ်စဉ်ကျောက် ကပ်အစားထိုး ခွဲစိတ်မှုခံယူနေရတယ် လို့ အဆိုပါအဖွဲ့ကြီးက ထုတ်ပြန်ထား ပါတယ်။

National Kidney Foundation of India က ဖော်ပြ ထားတဲ့ကျောက်ကပ်ကျန်းမာရေး အတွက် အကြံပြုချက်တွေကို ဖော်ပြ ပေးလိုပါတယ်။

•- ဆေးလိပ်ကို လျှော့သောက်ပါ။
•- ယမကာ မှီဝဲမှုကို ထိန်းချုပ်ပါ။
•- ကိုယ်လက်လှုပ်ရှား အားကစားကို တစ်ပတ်ကိုသုံးကြိမ်အနည်းဆုံး လုပ် ပေးပါ။
•- ကိုယ်အလေးချိန် မတက်အောင် အမြဲဂရုပြုပါ။
•- ဆားပါဝင်မှုများသော အစားအစာ များကို ရှောင်ပါ။
•- သွေးပေါင်ချိန်နှင့် သွေးတွင်းကို လက်စတီရောကို ပုံမှန်ရှိသင့်သော ပမာဏအတွင်း ထိန်းထားပါ။
•- အကိုက်အခဲပျောက်ဆေး အလွန် အကျွံ သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
•- ရေနှင့် အရည်ရွှမ်းသော သစ်သီး များကို များများစားသုံးပေးပါ။

ဒီနည်းလမ်းတွေကို ကျင့်သုံးပေး ပြီးတဲ့အပြင် ကျောက်ကပ်ပျက်စီးနိုင် မယ့် မငျု တွေကို ကြုံတွေ့ရရင် ဆီးနဲ့ကျောက်ကပ်အထူးကုဆရာဝန် ကြီးတွေနဲ့ ပြသဖို့အခုစာတမ်းမှာ ဖော်ပြထားပါတယ်။

သက်ကို
Ref: zeenews
ကျောက်ကပ်များဟာ ဆီးစွန့်တဲ့စနစ်မှာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ ရေစစ်ကဲ့သို့ တာ ၀န်ကို ထမ်းဆောင်ရပါတယ်။ ကျောက်ကပ်ဟာ ကိုယ်ခန္ဓာက အညစ်အကြေးများနဲ့ ပိုလျှံအရည် တွေ ကို ဖယ်ရှားပေးပြီး သွေးတွေကို သန့်စင်ပေးပါတယ်။

မန္တလေး အိမ်၊ ခြံ၊ မြေခေါ်ဈေးမြင့်၍ ဈေးကွက်စောင့်ကြည့်သူ ပိုများ

Photo: မန္တလေး အိမ်၊ ခြံ၊ မြေခေါ်ဈေးမြင့်၍ ဈေးကွက်စောင့်ကြည့်သူ ပိုများ

မန္တလေး၊ စက်တင်ဘာ ၂၈

တရုတ်နိုင်ငံသားများပါ ဝင်ရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသော မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ ခေါ်ဈေး မြင့်မားနေခြင်းကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ဈေးကွက်အေးကာ ဈေးကွက် စောင့်ကြည့်သူ ပိုများလျက် ရှိကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။
“ဝယ်လက်က ရှိတယ်။ ခေါ်ဈေးတွေ မြင့်တော့ အရောင်းအဝယ် မဖြစ်တာ။ ဈေးကွက်ကို နည်းနည်း စောင့်ကြည့်နေကြတဲ့ အခြေအနေမှာ ရှိတယ်” ဟု မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေအကျိုးဆောင် ဒေါ်ချိုက ဆိုသည်။

အိမ်၊ ခြံ၊ မြေဈေးကွက် အခြေအနေမှာ ယခုစက်တင်ဘာလ နောက်ဆုံး ပတ်တွင် မန္တလေးမြို့ စက်မှုမြို့သစ်မြေများ အရောင်းအဝယ် ပြန်ဖြစ်စ ပြုလာကြောင်း၊ မန္တလေးမြို့သစ်ဘက် အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ မူလဈေးထက် ကျပ်သိန်း ၁၀၀ ကျော်ခန့် ခေါ်ဈေး ဖြစ်လျက် ရှိကြောင်း မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ သိရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မမအကွက်များတွင် ကြားကွက် ပေ ၄၀x၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၅၅၀ အထိ ဈေးရှိပြီး လမ်းပေါ်တင် (လမ်းမဘေး) ပေ ၄၀x၆၀ တစ်ကွက်လျှင် သိန်း ၁၀၀၀ ကျော်ခန့်အထိ ဈေးရှိကြောင်း၊ ပြည်ကြီးတံခွန် မြို့နယ် သ (၆)၊ သ (၅) အကွက်များသည် သိန်း ၉၀၀ အထိ ပေါက်ဈေး ရှိလာကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၆၉ လမ်းပေါ် ပေ ၄၀x၆၀ တစ်ကွက်လျှင် သိန်း ၅၅၀ ခန့်အထိ ခေါ်ဈေး ရှိကြောင်း မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ သိရသည်။

မန္တလေးတွင်  စီမံကိန်းရှိရာ မြေနေရာများ ရှိရာသို့ လိုက်၍ မြေဝယ်ရောင်း လုပ်ကိုင်သူများကြောင့် ခေါ်ဈေးမြင့်တက်ခြင်း ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်း စီမံကိန်းများ လုပ်ဆောင်လျက်ရှိရာ မြင်းခြံခရိုင်ရှိ ငါန်းဇွန်မြို့နယ် မန္တလေး-မြို့သာ စက်မှုဥယျာဉ် စီမံကိန်း၊ မြင်းခြံမြို့နယ် ဆီမီးခုံ နိုင်ငံတကာ အဆင့်မီ သင်္ဘောဆိပ် စီမံကိန်း၊ တံတားဦး ဟိုတယ်ဇုန် စီမံကိန်း၊ မန္တလေးခရိုင် အမရပူရမြို့နယ် မြင်းမှူးဆင်ရွာ ကျေးရွာရှိ ကျောက်စိမ်း ကျောက်မျက်ဈေး သစ်စီမံကိန်း၊ မန္တလေးမြို့ချမ်းမြသာစည် မြို့နယ်ရှိ ကျွဲဆည်ကန် အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်း နိုင်ငံတကာ အဆင့်မီ အဆင့်မြှင့်တင်မည့် စီမံကိန်း စသည့် စီမံကိန်းများရှိရာ မြေနေရာများအနီး မြေကွက်များသည်လည်း ယခင်ပေါက်ဈေး နည်းပါးခဲ့ရာမှ ထိုစီမံကိန်း သတင်းကြောင့် ဝယ်လက်များ စုပြုံရောက်လာကာ မြေဈေးများလည်း အဆမတန် မြင့်တက်ခဲ့ကြကြောင်း မန္တလေးမြို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
တရုတ်နိုင်ငံသားများပါ ဝင်ရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသော မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေးနှုန်းများ မှာ ခေါ်ဈေး မြင့် မားနေခြင်းကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ဈေးကွက်အေး ကာ ဈေးကွက် စောင့်ကြည့်သူ ပိုများလျက် ရှိကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။

မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု

ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာ တွင် မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်လေဆိပ်တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

၂၈.၉.၂၀၁၃ရက်နေ့ ၁၀၄၅ အချိန် ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွါ X-Ray စက်၌ တာဝန် ထမ်းဆောင်နေ သည့် ပူးပေါင်းအဖွဲ့သည် ရန်ကုန်မှ မြိတ်မြို့သို့သွားမည့် မြန်မာ့လေကြောင်း UB – Special ဖြင့် တင်ဆောင်ရန်အတွက် ကျော်စွာဝင်း၊ (ဘ)ဦးတင်ဦးလွင်၊ အင်းစိန်မြို့နယ်နေသူ ယူဆောင်

အကျဉ်းသားများနှင့် ပြဿနာ ဖြစ်ပွားခဲ့သည့် ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်းအားလုံးကို နေရာပြောင်းရွှေ့

Photo: အကျဉ်းသားများနှင့် ပြဿနာ ဖြစ်ပွားခဲ့သည့် ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်းအားလုံးကို နေရာပြောင်းရွှေ့
Sunday, 29 September 2013

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်းအားလုံးကို ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်းက စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြော ကြားသည်။

ယင်းကဲ့သို့ ကော့သောင်းထောင် အတွင်းရှိ အကျဉ်းဦးစီး ၀န်ထမ်းများ အားလုံး ၃၀ ကျော်ကို ပြောင်းရွှေ့လိုက်သည့်အပြင် အဆိုပါ ထောင် အတွင်း၌ ထောင်ဝန်ထမ်းများနှင့် အကျဉ်းကျ အကျဉ်းသားအချို့ စည်းကမ်းလျော့ရဲ မှုများကြောင့် စည်းကမ်းထိန်းသိမ်းရေး အပိုင်း များကိုလည်း ဆောင်ရွက်နေကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ကော့သောင်း အကျဉ်းထောင် အတွင်း အကျဉ်းကျနေသူများက ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းတွင်းမှ ဆူပူအုံကြွ ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခဲ့ရာမှ အကျဉ်းသားနှစ်ဦး သေ ဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရ အဖွဲ့၏ သတင်းထုတ်ပြန်မှုအပေါ် မကျေနပ်သဖြင့် စက်တင်ဘာ ၁၅ ရက်တွင် ကော့သောင်း အကျဉ်းထောင် မှ အကျဉ်း သားများက ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက "ကော့သောင်းအကျဉ်းထောင်မှာ တာဝန်ကျနေတဲ့ အကျဉ်းဦးစီး ၀န်ထမ်းတွေ အကုန်လုံးကို အခြားထောင်တွေမှာ ပြောင်းပြီး တာဝန်ပေးထားတယ်လို့ သိရတယ်။ ဖြစ်စဉ်ကို စစ်ဆေးနေတဲ့ ကာလအတွင်းမှာ အကျဉ်းဦးစီး ၀န်ထမ်းတွေကို အခြားထောင်တွေမှာ တွဲဖက်ပြီးတော့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်" ဟု စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပြောကြားသည်။

"စုံခုံဖွဲ့ပြီး စစ်ဆေးတာ ပြီးသွားပြီ။ ဒီစစ်ဆေးချက်တွေကို ပြည်ထောင်စု ၀န်ကြီးဆီ တင်ပြထားတယ်။ ဘယ်လိုဆက်လက် ဆောင်ရွက်မယ် ဆို တာတော့ မသိရသေးဘူး။ ဒါပေမဲ့ ၀န်ကြီးဌာန အနေနဲ့ ထိထိရော က်ရောက် အရေး ယူ သွားမယ်ဆိုတာတော့ သိရတယ်" ဟု တနင်္သာရီ တိုင်းဒေ သကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်းက ပြောကြား သည်။

ကော့သောင်းအကျဉ်းထောင် အတွင်းရှိ အကျဉ်းသားဦးရေ ၁၂၀ ကို မော်လမြိုင်ရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားပြီး အဆိုပါ အကျဉ်းထောင်မှာ အကျဉ်းသားဦးရေ ၁၀၀၀ ဆံ့ ထောင်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ကော့သောင်းအကျဉ်းထောင်အား တွေ့ရစဉ်
ကော့သောင်းအကျဉ်းထောင်အား တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းအကျဉ်းထောင်ရှိ ထောင်မှူးအပါအ၀င် အကျဉ်းဦးစီး ၀န်ထမ်း အားလုံးကို ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်း က စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြော ကြားသည်။

ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ CPI ကုမ္ပဏီ၏ ဖိတ်ကြား ချက် အရ မြစ်ဆုံစီမံကိန်း နေရာသို့ သွားရောက်လေ့လာ



ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များသည် CPI ကုမ္ပဏီ၏ ဖိတ်ကြားချက်အရ မြစ်ဆုံ ဆည် ရေကာတာ စီမံကိန်းနေရာသို့ ယနေ့ သွားရောက် လေ့လာခဲ့ကြောင်း သတင်းရရှိသည်။ လေ့လာရေး အဖွဲ့ တွင် ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအ၀င် လွှတ်တော်အမတ် ၂၁ ဦး ပါဝင်ခဲ့ပြီး နိုင်ငံပိုင် သတင်းစာ ဆရာများနှင့် ပြည်ထောင်စုနေ့စဉ် သတင်းစာဆရာများက ကူမင်းမြို့အခြေစိုက် CPI ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌ ကော့ကိန်း လျှံနှင့် သုံးနာရီကြာ တွေ့ဆုံခဲ့သည်။

လိုင်စင်ရ အသံတိတ် လူသတ်သမားများ

Photo: လိုင်စင်ရ အသံတိတ် လူသတ်သမားများ
Sunday, 29 September 2013

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။

ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။

အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။

နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်းသတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။

ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်း အချိုမှုန့် တစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အချိုမှုန့်၏ အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။

သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီး အများစုကလည်း အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီး အချိုမှုန့် သုံးစွဲမည့်နေရာတွင် အသားမှုန့်များ ဝင်ရောက်လာသည်။

အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့် သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ အသားမှုန့်များသာမက ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။

အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့် အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည် အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးချေ။

လူ့ကျန်းမာရေးအတွက် တိတ်တဆိတ် အန္တရာယ်ပေးနေသော အချိုမှုန့်၊ အသားမှုန့်များသည် မြန်မာနိုင်ငံ အတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့် အစားအစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။

ရေရှည် သုံးစွဲလာသော အချိုမှုန့် ပြဿနာကို အသားမှုန့် အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာ အသားမှုန့်ထက် ဈေးနှုန်းသက်သာသော အချိုမှုန့်များကို စားသောက်ဆိုင် အများစုတွင် အသုံးပြု နေခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့် ရောင်းချနေသော အချိုမှုန့်များ ရှိသော်လည်း တရားမဝင် သွင်းယူလာသော အချိုမှုန့် အန္တရာယ်က ရှိနေသေးသည်။
တရားမဝင် အချိုမှုန့်များတွင် တရုတ်နိုင်ငံရှိ အသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှ အချိုမှုန့် တံဆိပ် အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသော အချိုမှုန့် အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှ အချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင် တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်း အဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသော အချိုမှုန့် တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းပမာဏသည် အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့် အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀ ကျော်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်၊ အသားမှုန့်များ၏ အန္တရာယ်ကို သိလျက်နှင့် တိုးဝင်နေကြရသူ အများအပြား ရှိနေသည်။
“အခုအချိုမှုန့်၊ အသားမှုန့် အစားထိုး ရွှန်းတိုးတိုးကို သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟု အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ် အသားမှုန့်တစ်မျိုး ဖြစ်သည်။

အသားမှုန့် ထုတ်လုပ်ရာတွင် နိုင်ငံနှင့် လုပ်ငန်းရှင်အပေါ် မူတည်၍ ကွဲပြား ခြားနားသလို အသားမှုန့် အရောင်အဆင်းလည်း ကွဲပြားခြားနားကြောင်း၊ ယင်းကြောင့် ပြည်တွင်းထုတ် အသားမှုန့် အများစုသည် အဖြူရောင် အဆင်းရှိပြီး ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသော အသားမှုန့်များနှင့် ကွဲပြားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။

အစားအစာများတွင် အချို့မှုန့်နှင့် အသားမှုန့်များအစား ပုစွန်ခြောက်၊ ငံပြာရည်အချို၊ သကြားနှင့် ဆန်မှထုတ်သော ဟင်းခတ်အရည် တစ်မျိုးတို့ကို အသုံးပြုခြင်းဖြင့် ယင်းဟင်းခတ်မှုန့်များ သုံးစွဲမှုကို လျှော့ချသွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က အကြံပြု ပြောကြားသည်။
“အညာဘက်မှာဆို ဘာဟင်းချက်ချက် မျှင်ငါးပိ ထည့်သုံးကြတယ်။ အဲဒါ ထည့်သုံးရင် အချိုလည်းရတယ်၊ အငန်လည်း ရတယ်၊ အနံ့လည်း ကောင်းတယ်” ဟု ရန်ကုန်မြို့နေ အသက် ၅၀ ကျော် အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်အေးက ပြောဆိုသည်။

သို့သော် လတ်တလော ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသော သတင်းများ ပေါ်ထွက်ပြီး နောက်ပိုင်း ငါးပိ ရောင်းအားများလည်း ကျဆင်းသွားခဲ့ပြီး ငါးပိကို ယုံကြည်စွာ သုံးစွဲခဲ့သူများ ဟင်းပွဲတိုင်းတွင် ထည့်သွင်းရန် ကြောက်လန့်သွားခဲ့သည်။

ယင်းထက် ဆိုးရွားသည်မှာ အချိုမှုန့်၊ အသားမှုန့်များ ပိုသုံးစွဲလာသည့်အတွက် ကလေးသူငယ်များတွင် ငယ်ရွယ်စဉ် ကတည်းက နှလုံးရောဂါ ၊ ဆီးချိုရောဂါနှင့် သွေးတိုး လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အချိုမှုန့်ကို ရေရှည်စားသုံးပါက မှတ်ဉာဏ် အားနည်းလာကာ ပါကင်ဆန် ရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ ဖြစ်လာနိုင်ကြောင်း ပြည်တွင်း အထွေထွေရောဂါကု ဆရာဝန်များထံမှ သိရသည်။

ယင်းအပြင် အချိုမှုန့်ကို နေ့စဉ် စားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ မျက်လုံး ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများအဖြစ် ခြေဖျားလက်ဖျား ထုံကျင်ခြင်း၊ ပူနေခြင်း၊ မျက်နှာ တင်းနေခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။

အချိုမှုန့်နှင့် ဓာတ်မတည့်သူများ အတွက်မူ ယင်းလက္ခဏာများထက် ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရောဂါဖြစ်မှန်း သိလျက်နှင့် အချိုမှုန့်၊ အသားမှုန့်များ သုံးစွဲနေသူတို့အတွက် မည်သည့် ဟင်းခတ် ပစ္စည်းမျိုးကို အသုံးပြုလျှင် အဆင်ပြေမည်ဟူသည့် တိကျသော အဖြေတစ်ခု လိုအပ်နေသည် ဖြစ်ရာ ဦးစွာ သဘာဝ အတိုင်း ပြုလုပ်ထားသော ဟင်းခတ် အစားအစာများကို ရိုးရာ ဟင်းချက်နည်းအတိုင်း နေ့စဉ်ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်မည် ဆိုပါက အသံတိတ် လူသတ်သမား အန္တရာယ်မှ ရှောင်ရှားနိုင်မည်။

သို့သော် စီးပွားရေး လုပ်ငန်းရှင်များ၏ အလွယ်လမ်း လိုက်တတ်သည့် အကျင့်ကြောင့် မြန်မာ့ဓလေ့ ထုံးစံအတိုင်း အသုံးပြုသော ဟင်းခတ်ပစ္စည်းများ၏ အာမခံချက် လျော့ကျလာခြင်းကြောင့် စားသုံးသူများ လွန်စွာစိုးရိမ်နေရသည်။

ယင်းသို့သော အခြေအနေများကို မဖြေရှင်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ သားများသည် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး တို့ထက် အစွမ်းထက်သော လိုင်စင်ရ အသံတိတ် လူသတ်သမားများကို မီးဖို ချောင်ထဲတွင် ငြိုငြင်သော်လည်း ဧည့်ခံထား နေရဦးမည် ဖြစ်သည်။
“အချိုမှုန့်ထက် အသားမှုန့် ပိုဆိုးတာ သိပေမယ့် ဒါမှမစားရင် ရွေးစရာမှမရှိတာ သုံးနေရတာပေါ့။ ကြောက်တော့ နည်းနည်းတော့ လျှော့သုံးဖြစ်တယ်” ဟု အချိုမှုန့်နှင့် အသားမှုန့် နှစ်မျိုးစလုံး သုံးစွဲ နေသူ ဒေါ်တင်တင်ဌေးက ပြောကြားသည်။

(လဲ့ရည်မြင့်၊ သင်းရတနာဆု)
ွှThe The Voice Weekly
“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”

ထွေးဦးမြန်မာ ရုပ်သေးပညာရှင် ဦးမောင်ကြည် ဖျော်ဖြေမှု ပြီးဆုံးချိန် ရုတ်တရတ် ကွယ်လွန်

ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမတွင် စက်တင်ဘာ ၂၇ ရက်နေ့ည က ပြုလုပ်သော ထိုင်း-မြန်မာ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေး တွေ့ဆုံပွဲတွင် ကပြဖျော်ဖြေခဲ့သည့် ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ ပင်တိုင် ရုပ်သေးပညာရှင်ဖြစ်သူ ဦးမောင်ကြည်မှာ အဆိုပါ ခန်းမအတွင်း ဖျော်ဖြေမှု ပြီးဆုံးချိန် ဆေးသောက်နေစဉ် ရုတ်တရက် သေဆုံးခဲ့ကြောင်း ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ မှ ဒေါ်တင်တင်ဦး က The Voice သို့ ပြောကြားသည်။

ပြည်ပသို့ ကျွန်းသစ်တင်ပို့မှုကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ အလုံး လိုက် လုံးဝတင်ပို့တော့မည် မဟုတ်ကြောင်း သစ်တောဝန်ကြီး ပြောကြား

Photo: ပြည်ပသို့ ကျွန်းသစ်တင်ပို့မှုကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ အလုံး လိုက် လုံးဝတင်ပို့တော့မည် မဟုတ်ကြောင်း သစ်တောဝန်ကြီး ပြောကြား
Sunday, 29 September 2013

ပြည်ပသို့ ကျွန်းသစ်လုံး တင်ပို့မှုကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ၄၂ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စ၍ လုံးဝတင်ပို့တော့မည် မဟုတ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပပြုလုပ်သည့် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ မြေစီမံ ခန့်ခွဲမှုဆိုင်ရာ သတင်းထုတ်ပြန် ရှင်းလင်းပွဲအပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ၀န်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော့်ကို သမ္မတက ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ဘာမှမပြောဘူး။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက်ပဲ ပြောတော့ ကျွန်တော့် အတွက် ဘတ်ဂျက်ရှာပေးရတဲ့ နေရာမှာ ဘာမှဖိအား မရှိဘဲ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လုပ်ဆောင်သွားမှာပါ" ဟု ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

ထို့အတူ သစ်တောရေးရာ ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက "ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း သစ်တောဖုံးလွှမ်းမှုကို ငါးနှစ်တစ်ကြိမ် FAO နှင့် ပူးပေါင်းဆန်းစစ်ချက်အရ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ရှိပါတယ်။ ၂၀၁၅ မှာ ငါးနှစ်ပြည့်ရင် ဆန်းစစ်ဖို့ လုပ်ငန်းတွေ လုပ်နေပါတယ်။ ကျွန်တော်တို့က FOI ဥပဒေပေါ်မှာ အခြေခံပြီး MIC က တိုက်ရိုက်စီမံ ခန့်ခွဲမှာပါ။ သစ်တောစီမံမှု မြေတွေထဲမှာ ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့ ကျွန်တော်တို့ ဥပဒေတွေ ပါလာမှာပေါ့" ဟု ပြောကြားသည်။

"နိုင်ငံတော်မှာ သစ်တောပြုန်းတီးမှုတွေ၊ သယံဇာတ ပြုန်းတီးမှုတွေ ရှိလာတဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး နိုင်ငံတော်မှာ သစ်ထုတ်လုပ်မှုကို လျှော့ချခဲ့ပါတယ်။ ကျွန်းက ၁၅ ရာခိုင်နှုန်း၊ သစ်မာဆိုရင် ၂၂ ရာခိုင်နှုန်းလောက် လျှော့ခဲ့ပါတယ်။ ဒီနှစ်မှာ ကျွန်းကို ၄၂ ရာခိုင်နှုန်း လျှော့မယ်။ သစ်မာကို ၅၀ ရာခိုင်နှုန်း လျှော့မယ်။ အလားတူ အလုံးလိုက် ပြည်ပတင်ပို့မယ့် ကိစ္စကို ၂၀၁၄ မှာ တင်ပို့ခွင့် မပြုတော့ဘူး။ ကုန်ကြမ်းအနေနဲ့ ပေးရတော့ အကျိုးအမြတ် နည်းတယ်။ နိုင်ငံမှာ သစ်အခြေခံ လုပ်ငန်းတွေ လုပ်ခွင့်ပေးလိုက်ရင် ရလာမယ့် အကျိုးအမြတ်က များသလို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက် လာမှာပါ" ဟု ဦးဇော်ဝင်းက ဆက်လက်ပြောကြားသည်။

Eleven Media Group

သီလ၀ါ ဆိပ်ကမ်းတွင် သြဂုတ်လ အတွင်းက သင်္ဘာပေါ်သို့ သစ်လုံးများ တင်နေစဉ် (ဓာတ်ပုံ -၀င်းမြင့်ကျော် )
သီလ၀ါ ဆိပ်ကမ်းတွင် သြဂုတ်လ အတွင်းက သင်္ဘာပေါ်သို့ သစ်လုံးများ တင်နေစဉ် (ဓာတ်ပုံ -၀င်းမြင့်ကျော် )
ပြည်ပသို့ ကျွန်းသစ်လုံး တင်ပို့မှုကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ၄၂ ရာခိုင်နှုန်းအထိ လျှော့ချသွား မည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စ၍ လုံးဝတင်ပို့တော့မည် မဟုတ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

ငါးပိရည်ကျို၌် တွေ့ရှိရသည့် ယူရီးယားဓာတ်မှာ ဓာတ်မြေသြဇာ ရောနှော ပါဝင်ခြင်းကြောင့် ဟုတ်၊ မဟုတ်ကို ခွဲခြားနိုင်ခြင်း မရှိကြောင်း FDA က ရှင်းလင်းချက် ထုတ်ပြန်

Photo: ငါးပိရည်ကျို၌် တွေ့ရှိရသည့် ယူရီးယားဓာတ်မှာ ဓာတ်မြေသြဇာ ရောနှော ပါဝင်ခြင်းကြောင့် ဟုတ်၊ မဟုတ်ကို ခွဲခြားနိုင်ခြင်း မရှိကြောင်း FDA က ရှင်းလင်းချက် ထုတ်ပြန်
Sunday, 29 September 2013

ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာများ ပါဝင်နေသည်ဟူသော ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ စက်တင်ဘာ ၂၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ရှင်းလင်းချက် ပြန်လည်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရှင်းလင်းချက်တွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေး ဦးစီးဌာနမှ ဓာတ်ခွဲစစ်ဆေးပေးခဲ့သော နမူနာမှာ ငါးပိမဟုတ်ဘဲ ငါးပိရည်ကျို နမူနာသုံးမျိုးသာ ဖြစ်ကြောင်း၊ ၎င်းငါးပိရည်ကျို နမူနာသုံးမျိုး အနက် တစ်မျိုးတွင် ယူရီးယားဓာတ် ပါဝင်သည်ကို တွေ့ရှိရကြောင်းနှင့် ထိုသို့တွေ့ရှိ သည့် ယူရီးယားဓာတ်မှာ ဓာတ်မြေသြဇာ ရောနှောပါ ၀င်ခြင်းကြောင့် ဟုတ်၊ မဟုတ်ကို ခွဲခြားနိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်သို့ ပြန်ကြား ထားကြောင်း ဖော်ပြ ထားသည်။

ယင်းကဲ့သို့ ရှင်းလင်းချက်ထုတ်ပြန် ရခြင်းမှာ စက်တင်ဘာ ၂၆ ရက် ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည့် "ဈေးကွက်အတွင်း ငါးပိအချို့ ဓာတ်မြေသြဇာများ ပါဝင်မှု အတည်ပြု" သတင်းတွင် ရေးသားခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းခြင်းဖြစ်ပြီး အဆိုပါ သတင်းတွင် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ FDA သို့ ဈေးကွက်အတွင်းမှ ငါးပိနမူနာ သုံးမျိုးကို ပေးပို့စစ်ဆေးခဲ့ပြီး ယင်းတို့ အနက်မှ တစ်မျိုးမှာ ဓာတ်မြေသြဇာများ ပါဝင်နေကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားခဲ့ သည်ဟု ဖော်ပြခဲ့ခြင်း ဖြစ်သည်။

"ဦးဗအုပ်ခိုင် လာစစ်တာက ငါးပိရည်ကျို နမူနာသုံးမျိုး လာစစ်ပါတယ်။ တစ်မျိုးမှာတော့ ယူရီးယားဓာတ် ပါတယ်ဆိုပြီး အဖြေထုတ်ပေးလိုက် ပါတယ်။ အဲဒီဓာတ် ပါဝင်မှုက အလွန်အမင်း ပါနေတာ မဟုတ်လို့ အန္တရာယ် မရှိပါဘူး။ ဒါပေမဲ့ ဦးဗအုပ်ခိုင်ကိုတော့ အန္တရာယ် မရှိဘူးလို့ မပြောလိုက်ပါဘူး။ ဓာတ်မြေသြဇာကပါတဲ့ ယူရီးယားလို့လည်း သူ့ကို မပြောလိုက်ဘူး။ ယူရီးယားဓာတ်ဆိုတာ လူ့ခန္ဓာကိုယ်မှာလည်း ရှိနိုင်သလို ငါးပိလုပ်တဲ့ ငါးတွေမှာလည်း ယူရီးယားဓာတ် ရှိနိုင်ပါတယ်။ နည်းပညာပိုင်း အရတော့ ဒီယူရီးယားဓာတ်က ဓာတ်မြေသြဇာက လာလား၊ မလာဘူးလား လို့တော့ မသိနိုင်ပါဘူး။ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနအနေနဲ့ ငါးပိတွေကို ပုံမှန်စစ်ဆေးနေပြီး စားသုံးသူ အတွက် အန္တရာယ်ရှိနိုင်ရင် ထုတ်ပြန်ပေးသွားမှာပါ။ အခုက အန္တရာယ် ရှိတာ မတွေ့သေးလို့ မထုတ်ပြန်သေးတာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်က စက်တင်ဘာ ၂၈ ရက်က ပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပြန်ကြားချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားရာတွင် "သူတို့ပြန် လည် ရှင်းလင်းချက် ထုတ်ပြန်တာက ငါးပိရည်ကျို နမူနာ သုံးမျိုးမှာ တစ်မျိုးတည်း မှာပဲ ယူရီးယားဓာတ် ပါတယ်လို့ တွေ့ရတယ်။ သဘာဝ အလျောက်ဖြစ်တဲ့ ယူရီးယားဓာတ်ဆိုရင် သုံးမျိုးစလုံးမှာ တွေ့ရမှာပေါ့။ အခုက တစ်မျိုးမှာပဲ ပါတယ်ဆိုတော့ သဘာဝအလျောက်လား၊ လူကထည့် သွင်း ထားတာလားဆိုတာ တိတိကျကျ ခွဲခြားပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော့် အနေနဲ့တော့ သဘာဝအလျောက် ပါဝင်တာ မဖြစ်နိုင်ဘူး။ လူတွေထည့်ထားတာလို့ သုံးသပ်ယူဆပါတယ်" ဟု စက်တင်ဘာ ၂၈ ရက်က Daily Eleven သတင်းစာ၏ မေးမြန်းချက်အပေါ် ပြန် လည်ဖြေကြား ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါက်တာခင်မောင်ညိုက သုံးသပ်ပြောကြား ရာတွင် "အခု FDA က ပြန်ရှင်းတဲ့အထဲမှာ ငါးပိနမူနာ သုံးမျိုးထဲကမှ တစ်မျိုးမှာ ယူရီးယားဓာတ် ပါဝင်နေတယ်လို့ ရှင်းလင်းလိုက်တယ်။ ဦးဗအုပ်ခိုင် ပြောတာကတော့ သုံးမျိုးထဲမှာ တစ်မျိုးတွေ့တယ် ဆိုတာက အဲဒီတွေ့တဲ့ တစ်မျိုးက ယူရီးယားဓာတ်မြေသြဇာ ထည့်ထားတယ်လို့ ဆိုလိုတာ။ အမှန်က ကျန်တဲ့နှစ်မျိုးမှာ မတွေ့တိုင်း တွေ့တဲ့တစ်မျိုးမှာ ထည့်တယ်လို့ ပြောလို့မရဘူး။ ငါးပိရဲ့ အခြေခံက ငါးဖြစ်တဲ့အတွက် ယူရီးယားဓာတ်က ငါးတွေရဲ့ ကိုယ်ထဲမှာ ပါဝင်နေတယ်။ ယူရီးယားကို ငါးပိမှာတွေ့တိုင်း ဓာတ်မြေသြဇာကြောင့်လို့ မပြောနိုင်ဘူး။ နောက်ပြီး ယူရီးယားကို ငါးပိမှာပါတဲ့ ဘက်တီးရီးယား အချို့က စားသုံးတဲ့အခါ အဲဒီဓာတ် လျော့သွားပြီး မရှိတော့တာတွေလည်း ရှိတယ်။ ယူရီးယားဓာတ်ကလည်း လူတွေကို ဒုက္ခပေးနိုင်လောက်တဲ့ ပမာဏ မဟုတ်တဲ့အတွက် ငါးပိကို စားသုံးနိုင်ပါတယ်။ ယူရီးယားဓာတ် များတယ်ဆိုပြီး လူတွေကို အန္တရာယ် မပြုပါဘူး" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ငါးပိလုပ်ငန်း လုပ်ကိုင်ဖူးသူ တစ်ဦးက ပြောကြားရာတွင် ရေချိုငါးပိ ကို ငါးခုံးမ၊ ငါးစင်ရိုင်းစသည့် ငါးများဖြင့် ပြုလုပ်ရခြင်းဖြစ်ပြီး ယင်းငါးများကို ဆားဖြင့်နယ်ကာ အိုးဖြင့်သိပ်ရခြင်း ဖြစ်ကြောင်း၊ သိပ်ထားသည့် ငါးများ ကို နေ လှန်း ရကြောင်း၊ ငါးပိလုပ်ရာတွင်လည်း ငါး၏အစိတ်အပိုင်းများ အားလုံးကို ပြုလုပ်ခြင်းဖြစ်ပြီး ယင်းအစိတ်အပိုင်းများမှ ယူရီးယားဓာတ် ပါဝင်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။  

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းအနေဖြင့် ရန်ကုန် အခြေစိုက် ဈေးများတွင် ရောင်းချနေသော ငါးပိအချို့ကို နမူနာ ၀ယ်ယူကာ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၏ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ တစ်လခန့်အကြာတွင် ယင်းအဖြေကို ရရှိခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၆ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းအနေဖြင့် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Eleven Media Group

ငါးပိရည်ကျို ရောင်းနေသည့် ဈေးဆိုင်တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)

ငါးပိရည်ကျို ရောင်းနေသည့် ဈေးဆိုင်တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)
ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာများ ပါဝင်နေသည်ဟူသော ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ စက်တင်ဘာ ၂၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ရှင်းလင်းချက် ပြန်လည်ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလမှ စတင်ကာ မီတာထိန်းသိမ်း စောင့်ရှောက်ခကို တစ်လ လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၅၀၀ နှုန်းနှင့် မီတာတန်ဖိုးကို တစ်လုံးလျှင် ကျပ် ၈၅၅၀၀ မှ ၆၅၀၀၀ နှုန်းသို့ လျှော့ချမည်


အောက်တိုဘာ ၁ ရက်မှ စတင်ကာ မီတာထိန်းသိမ်း စောင့်ရှောက်ခကို တစ်လလျှင် ကျပ် ၁၀၀၀ မှ ကျပ် ၅၀၀ နှုန်းနှင့် analog မီတာတန်ဖိုးကို တစ်လုံးလျှင် ကျပ် ၈၅၅၀၀ မှ ကျပ် ၆၅၀၀၀ နှုန်းသို့ လျှော့ချ မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်အောင်က စက်တင်ဘာ ၂၈ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခကို ဖြစ်သင့်သည်ထက် ပို၍ မြင့်တက်ရောင်းချခြင်း များ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

Photo: လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခကို ဖြစ်သင့်သည်ထက် ပို၍ မြင့်တက်ရောင်းချခြင်း များ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
Sunday, 29 September 2013

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခကို ဖြစ်သင့်သည်ထက်ပို၍ မြင့် တက်ရောင်း ချခြင်းများ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံး၌ ပြုလုပ်သည့် လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် Daily Eleven သတင်းစာ၏ "လက်ရှိအချိန်တွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ် အားပေး ကုမ္ပဏီများကို ခွင့်ပြုပေးလျက်ရှိကြောင်း ၎င်းတို့မှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားများကို လက်ရှိဓာတ်အားခ နှုန်းထားများထက် ပိုသောနှုန်းဖြင့် ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း၊ ထို့ကြောင့် အဆိုပါ ကုမ္ပဏီများအား ရောင်းချရမည့် လျှပ်စစ်ဓာတ် အားခ နှုန်းထားများကို ၀န်ကြီးဌာန အနေဖြင့် သတ်မှတ်ပေးထားခြင်း ရှိ၊ မရှိ" မေးခွန်းကို ပြန်လည်ဖြေရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက "ပုဂ္ဂလိက ကုမ္ပဏီတွေကို လောလောဆယ်ကတော့ သူတို့ကို ကျွန်တော် တို့က ဓာတ်အားထုတ်လုပ်ခွင့်ပဲ ပေးထားတာ။ ဓာတ်အားရောင်းချ တာတော့ သူတို့ကို ရောင်းခွင့်မပေးသေးပါဘူး။ မပေးသေးဘူး ဆိုတာက ပုဂ္ဂလိ က ဓာတ်အားထုတ်လုပ်တာကလည်း အခုလောလောဆယ် gas နဲ့ ထုတ်တာပါ။ ထုတ်တဲ့အခါမှာ ကျွန်တော်တို့က ဘာကိုပဲ သူတို့ကိုပေးလဲ ဆိုတော့ သူတို့ စက်တပ်ဆင်ပြီး ထုတ်လုပ်ခကိုပဲ သူတို့ကို ပေးတာ။ ကျန်တာက ကျွန်တော်တို့ ၀န်ကြီးဌာနက နေပြီးတော့ ဒီဓာတ်အားတွေကို ယူပြီးတော့မှ ပြည်သူလူထုကိုဖြန့်မှာ ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ နှစ်ပိုင်း ရှိပါတယ်။ နံပါတ်တစ် အပိုင်းက သူတို့ရဲ့ ဓာတ်အားထုတ်လုပ်ခကို ကျွန်တော်တို့ လက်ရှိဝန်ကြီးဌာနက ထုတ်လုပ်နေတဲ့ gas turbine တွေရဲ့ ဓာတ်အားထုတ်လုပ်ခထက် မများစေရဘူး။ အဲဒီနှုန်းတော့ ကျွန်တော်တို့ Level ဖြစ်အောင်ချိန်ပြီး လုပ်ပေးပါတယ်။ လောလောဆယ် ကျွန်တော်တို့ အခုလုပ်နေတာကတော့ သူတို့ဆီက ဓာတ်အားကို ကျွန်တော်တို့က ၀ယ်ပြီးတော့မှ ကျွန်တော်တို့ကပဲ ပြည်သူကို ဖြန့်တဲ့နည်းကို သုံးပါသေး တယ်။ နောက်ဆိုရင်တော့ ခုနက ပုဂ္ဂလိက ဓာတ်အားထုတ်ရောင်းတဲ့ ဟာတွေ ပေါ်လာရင် အဲကျရင်လည်း အခုကျွန်တော်တို့ ၀န်ကြီးဌာနက ပါမယ်။ ပါမယ် ဆိုတာက ဓာတ်အားခ မြင့်သွားမှာ စိုးလို့ပါတာပါ။ ဓာတ်အားခကို ကျွန်တော်တို့က ထိန်းချုပ်ဖို့ပါ။ မြင့်အောင်လုပ်လို့ မရဘူး။ ကျွန်တော်တို့ကနေပြီး တကယ့်စံနှုန်း သတ်မှတ်ပြီးတော့မှ ဖြစ်သင့်ဖြစ် ထိုက် တာကိုပဲ ကျွန်တော်တို့က ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော် မလုပ်ရသေးဘူး။ လာမယ့်နွေမှာ စက်မှုဇုန်တွေ ကျွန်တော်စပြီး လုပ်ကြည့်မယ်။ ဒါလည်း ကျွန်တော်ခင်ဗျားတို့ အားလုံးကိုခေါ်ပြီး ပွင့်ပွင့်လင်းလင်း ချပြပါမယ်။ ကျွန်တော်တို့ ဘယ်လောက်နဲ့ လုပ်မလဲ။ ဘယ်လိုလုပ်မလဲ။ ဒါကို ခင်ဗျားတို့ အနေနဲ့ ၀ိုင်းပြီးသုံးသပ် ပေးကြပါ။

နောက်တော့ ပုဂ္ဂလိက လုံးဝဖြစ်သွားရင်တော့ သူတို့ပဲ ထုတ်ရောင်းဖြစ် သွားမယ် ။အဲဒီ step ကို ကျွန်တော်တို့က သွားလို့မရသေးဘူး။ ပုဂ္ဂလိကကလည်း မလုပ်နိုင်ဘူး။ ကျွန်တော်တို့နှုန်းနဲ့ မရောင်းနိုင်ဘူး။ သူတို့ရောင်းမယ်ဆို သူတို့က ခင်ဗျားတို့ ပြောသလိုပဲ ၁၀၀ ကျော်မယ်။ ၂၀၀ ကျော်မယ်။ ကျွန်တော်တို့ ပေးမရောင်းဘူး။ ကျွန်တော်တို့ပဲ ထိန်းထားတာ" ဟု ဖြေကြားခဲ့သည်။

လက်ရှိတွင် ပုဂ္ဂလိက ကုမ္ပဏီအချို့သည် မြို့နယ်အချို့၌ အစိုးရနှင့် ပူးပေါင်းလုပ်ကိုင် နေမှုများ ရှိကြောင်း၊ ဥပမာ မန္တလေးတွင် ရှိကြောင်း၊ ၎င်းတို့အား လျှပ်စစ်ဓာတ်အား ရောင်းချခြင်းကို လုပ်ကိုင်ခွင့် ပြုခဲ့သော် လည်း လက်ရှိအစိုးရမှ ရောင်းချနေသည့် ဈေးနှုန်းဖြစ်သည့် တစ်ယူနစ် ၃၅ ကျပ်နှုန်းသာ ကောက်ခံရန် သတ်မှတ်ထားကြောင်း ပြည်ထောင်စု ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။  

Eleven Media Group

စက်တင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံး တွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ မီဒီယာတွေ့ဆုံပွဲကို တွေ့ရစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)
စက်တင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံး တွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ မီဒီယာတွေ့ဆုံပွဲကို တွေ့ရစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့်ရရှိသည့် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ဓာတ်အားခ ကို ဖြစ်သင့်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကြံပေးကုမ္ပဏီ ၃၀ ကျော် လျှောက်ထား

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်ရာတွင် အကြံပေးကုမ္ပဏီ ခေါ် ယူနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပရှိ စိတ်ဝင်စားသော ကုမ္ပဏီများကို ဖိတ်ခေါ်ရာ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီ ၃၁ ခုက စိတ်ဝင်စားမှုရှိသည်ဟု တင်ပြလာကြကြောင်း တင်ဒါ စိစစ်အကဲဖြတ် ရွေး ချယ်ရေး ကော်မတီ (BEAC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်း က ပြောကြားသည်။

တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိရေး မွန်ပါတီများနှင့် အစိုးရအဖွဲ့ဆွေးနွေး

မွန်ပြည်နယ်တွင် ယနေ့မှစတင်၍ သုံးရက်တိုင် ကျင်းပမည့် မွန်အမျိုးသား ညီလာခံတွင် တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိရေးအတွက် တိုင်းရင်းသား ပါတီများနှင့် အစိုးရ အဖွဲ့ဝင်များ ဆွေးနွေးခဲ့ကြောင်း ယင်းညီ လာခံ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းကြည်ဝင်း က ပြောကြားသည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်ရန် ပထမဆုံး အကြိမ် မြန်မာ-ဂျပန်-ထိုင်း သုံးပွင့်ဆိုင် ဆွေးနွေး

အစိုးရနှင့် လွှတ်တော်ဆက်ဆံ ဆောင်ရွက်မှု ပိုမိုအဆင်ပြေစေရန်ဆိုင်ရာ ကဏ္ဍများအလိုက် လွှတ်တော်ကော် မတီများက ဖိတ်ကြားမှုများတွင် ဌာနစုံ ပါဝင်သည့် အစိုးရ ဆပ်ကော်မတီများက

လွှတ်တော်ကော်မတီများ၏ ဖိတ်ကြားမှုများတွင် ဌာနစုံပါဝင်သည့် အစိုးရ ဆပ်ကော်မတီများက အဖွဲ့စနစ်ဖြင့် သွားရောက်တွေ့ဆုံမည်

အစိုးရနှင့် လွှတ်တော်ဆက်ဆံ ဆောင်ရွက်မှု ပိုမိုအဆင်ပြေစေရန် ဆိုင်ရာ ကဏ္ဍများအလိုက် လွှတ်တော်ကော်မတီများက ဖိတ်ကြားမှုများတွင် ဌာနစုံပါဝင်သည့် အစိုးရ ဆပ်ကော်မတီများက အဖွဲ့စနစ်ဖြင့် သွားရောက်တွေ့ ဆုံ မည်ဖြစ်ကြောင်း နေပြည်တော်၌ စက်တင်ဘာ ၂၇ ရက်က ပြည်ထောင် စု အစိုးရအဖွဲ့ ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများဖြစ် သည့် ဒုတိယ ၀န်ကြီးများနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်များအရ သိရပါသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ဘရူနိုင်း၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လည်ရောက်ရှိ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဘရူနိုင်း၊ ထိုင်းနှင့် မလေးရှား နိုင်ငံတို့မှ စက်တင်ဘာ ၂၈ ရက်၊ မွန်းလွဲ ၂ နာရီ ၄၉ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း မြန်မာ့ရုပ်မြင်သံကြား၏ သတင်းကြေညာချက်အရ သိရသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဘယ်လ်ဂျီယမ် အစိုးရ၏ ဖိတ်ကြားချက်အရ ရန်ကုန်မှ ထွက်ခွာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဘယ်လ်ဂျီယမ်နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၈ ရက်၊ ည ၇ နာရီ  ၄၅ မိနစ်ခန့်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာ ခဲ့ကြောင်း မြန် မာ့ ရုပ်မြင်သံကြား၏ သတင်းကြေညာချက်အရ သိရသည်။

ထိုင်း-မြန်မာနယ်စပ် ဆင်ဖြူသိမ်ကုန်းကျွန်းနှင့် မယ့်ကွန်ကစ်ကျွန်းတွင် စခန်းချထားသော နှစ်ဖက်တပ်များ ဆုတ်ခွာရန် သဘောတူ

X-29-9
မြ၀တီတံတားအနီး မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် သောင်းရင်းမြစ်လယ် မှ ရေလယ်ကျွန်းကို တွေ့ရစဉ်
ထိုင်း-မြန်မာ နယ်စပ်ရှိ ဆင်ဖြူသိမ်ကုန်းကျွန်းနှင့် မယ့်ကွန်ကစ်ကျွန်း များတွင် တပ်စွဲထားသော နှစ်ဖက် တပ်များ နေရာပြောင်း ဆုတ်ခွာရန် စက်တင်ဘာ ၂၇ ရက်က မြ၀တီမြို့၊ အေးချမ်းဖြိုး ရိပ်သာတွင် ပြုလုပ် ခဲ့သော TBC(Town Border Committee) ၏ အကြိမ် (၃၀)မြောက် ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေး ဆွဲရေး အတွက် NLD နှင့် တိုင်းရင်းသား ပါတီများ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိ၍ ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူပြီး လွှတ်တော်သို့ တင်ပြမည်

Photo: ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေး ဆွဲရေး အတွက် NLD နှင့် တိုင်းရင်းသား ပါတီများ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိ၍ ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူပြီး လွှတ်တော်သို့ တင်ပြမည်
Sunday, 29 September 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေး ဆွဲရေး အတွက် NLD နှင့် တိုင်းရင်းသား ပါတီများ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိ၍ ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူပြီး ပြည်ထောင် စု လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများ၏ စက်တင်ဘာ ၂၈ ရက် ပူးတွဲကြေညာချက်အရ သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး အတွက် စတုတ္ထ အကြိမ်မြောက်အဖြစ် စက်တင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ရှိ NLD  ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အဆိုပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စတုတ္ထအကြိမ်မြောက် အစည်းအဝေးသို့ တိုင်းရင်းသားနိုင်ငံရေး ပါတီ ၁၀ ပါတီမှ ကိုယ်စားလှယ် ၂၀ တက်ရောက်ခဲ့ပြီး အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဗဟိုအလုပ် အမှုဆောင်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင်များ စုစုပေါင်း ၁၃ ဦး တက်ရောက်ခဲ့သည်။

ပူးတွဲကြေညာချက်တွင် "အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်း သားနိုင်ငံရေး ပါတီများ တွေ့ဆုံဆွေးနွေးရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးနှင့် ပတ်သက် သည့် အားသာချက်၊ အားနည်းချက်၊ အကြောင်းအကျိုးတို့ကို လေ့လာ သည့် အခါ အောက်ပါအချက်များကို တွေ့ရှိရပါသည်။ (၁) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ယင်းဥပဒေကို ပြင်ဆင်နိုင်ကြောင်း ထည့်သွင်းပြဋ္ဌာန်း ထားခြင်းကြောင့် အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းသည် ယင်းဥပဒေက ခွင့်ပြုထားခြင်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် "နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ကို လိုက် နာစောင့်ထိန်းရန် တာဝန်" ရှိသည်ဟု ပြဋ္ဌာန်းထားသဖြင့် ဥပဒေ က ပြင်ဆင်နိုင်ကြောင်း ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်ခြင်းသည် ဥပဒေဘောင် အတွင်းက ဆောင်ရွက်ခြင်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ မူလရရှိထားသော အခွင့်အရေးများကို နိုင်ငံတော် အစိုးရက တာဝန်ခံ ရမည်။ (၂) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် "တပ်မတော်သည် နိုင် ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်" ဟု ပြဋ္ဌာန်းထားသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲခြင်းမှာ တပ်မတော်အား ဖိတ်ခေါ်ဆွဲသွင်းရာ ရောက်ပါ သည်။" ဟု ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အထက်ပါ တွေ့ရှိချက် များအား တိုင်းရင်းသား ပါတီများနှင့် ချပြဆွေးနွေး ခဲ့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်မည် (သို့မဟုတ်) အသစ်ရေးဆွဲ မည်ကို တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါ။ ထိုသို့ ဆုံးဖြတ်နိုင်ရန် ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူရန် လိုအပ်လာပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံ ပါတီများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးအတွက် ပြည်သူလူထု၏ ဆန္ဒသဘောထား ရယူရာတွင် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ရရှိလာသည့် ပြည်သူ့ဆန္ဒ သဘောထားကိုလည်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ပါသည်ဟု ပူးတွဲကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လေ့လာရာတွင် (က) ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသော ပြဋ္ဌာန်းချက်များ၊ (ခ) ရှေ့နောက် ညီညွတ်ခြင်း မရှိသော ဆန့်ကျင်ကွဲလွဲနေသည့် ပြဋ္ဌာန်းချက်များ၊ (ဂ) ပြည်တွင်းငြိမ်းချမ်းရေး အတွက် မရှိမဖြစ် လိုအပ်သော တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံရေးနှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတား ဖြစ်နေသည့် ပြဋ္ဌာန်းချက်များ၊ (ဃ) ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေသော . . . . .

"ပြုပြင်မှာလား၊ အသစ်ပြန်လည် ရေးဆွဲမှာလားလို့ မေးထားတာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောရရင် အမြင်နှစ်မျိုး ရှိပါတယ်။ ပြုပြင်ရင် သူ့ရဲ့ အကျိုးဆက်တွေက ဘယ်လိုရှိနိုင်လဲ၊ ဘယ်လိုပုံစံနဲ့ ပြုပြင်ရမလဲ။ အသစ်ရေး ဆွဲမယ် ဆိုရင်လည်း ဘယ်လိုပုံစံနဲ့ ရေးဆွဲနိုင်မလဲ၊ အကျိုးဆက်တွေ က ဘယ်လိုရှိနိုင်မလဲ ဆိုတာကို ကျွန်မတို့ အနေနဲ့ ပြည်သူ လူထု ကို ချပြပြီးတော့ ပြည်သူလူထုရဲ့ အသံကိုလည်း ပြန်ပြီးတော့ နားထောင်မှာ ဖြစ်ပါတယ်။ ဒီအသံကိုလည်း ပြည်ထောင်စု လွှတ်တော်ကနေ ကြားတဲ့အလျောက် လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီက အစီရင်ခံစာကို ရေးမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုသဘောတူပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ဆွေးနွေးပွဲအပြီး  မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြား သည်။

ပြည်သူ့ဆန္ဒ သဘောထား ရယူမည် ဆိုရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စီမံကိန်းချပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ နယ်များအထိ တတ်နိုင်ပါက ရွာများအထိဆင်းကာ ပြည်သူလူထုကို ချပြရန် စီစဉ်ထားပြီး မကြာမီ စတင်တော့မည်ဟု ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောကြားသည်။

"ပြင်ဖို့နဲ့ အသစ်ရေးဆွဲဖို့မှာ ကျွန်မက ဘက်မလိုက်ဘူး။ NLD လည်း ဘက် မလိုက်ဘူး။ ဘာလို့လဲဆိုတော့ အဲဒါမတရားဘူးလေ။ ဇောင်းပေး သလို ဖြစ် သွား မှာပေါ့။ ပြည်သူလူထုကို ဒီဟာလုပ်၊ ဟိုဟာမလုပ်နဲ့လို့ ပြော သလို ဖြစ်နေမှာပေါ့။ ကျွန်မတို့ရဲ့ တာဝန်က ဘယ်လိုလုပ်ရင် ဘယ်ဟာဖြစ်နိုင် တယ် ဆိုတာကိုပဲ တင်ပြဖို့ပဲ။ ပြည်သူတွေ အနေနဲ့ ပြန်ပြီးဆွေးနွေးမယ်။ နောက်ဆွေးနွေးရင်းနဲ့လည်း အဖြေရသွားရင် ရသွားမှာပဲ။ ကျွန်မတို့ ဒီလိုဆွေးနွေးရင်းနဲ့ ဘယ်ဘက်ကို ထောက်ခံသင့် တယ် ဆိုတာ ကျွန်မတို့ အတွက်လည်း ရှင်းလင်းလာမှာ ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

"ကျွန်မတို့နိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တတိ ယမြောက် ဖြစ် ပါတယ်။ ပထမ ၄၇ မှာ ဘယ်လိုပြဋ္ဌာန်းခဲ့တယ်၊ ၇၄ မှာ ဘယ်လိုပြဋ္ဌာန်းခဲ့တယ်၊ ၂၀၀၈ မှာ ဘယ်လိုပြဋ္ဌာန်းခဲ့တယ်၊ အဲဒီ့ သမိုင်းကြောင်းကို ရှင်းပြရမှာ ဖြစ်ပါတယ်။ ဒီအရ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုပုံစံနဲ့ ရေးဆွဲပြီး ဘယ်လိုပုံစံနဲ့ အတည်ပြုခဲ့လဲ၊ ဘာကြောင့် ဒီမိုကရေစီ နည်းမကျဘူးလို့ ယူဆလဲ။ ယုံကြည်လဲ ဆိုတာကို ပြည်သူတွေကို ချပြမှာ ဖြစ်တယ်။ နောက်တစ်ဆင့်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာရှိတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်လို့ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မညီတာ၊ ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်ဖို့ အတွက် အဟန့်အတား ဖြစ်စေတာ၊ အဓိက အချက်တွေကို ရှင်းပြမယ်။ ဒီလို အချက်တွေကြောင့် ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ချင်တယ်ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဖို့ လိုတယ်ဆိုတာကို ရှင်းပြမှာ ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာရာတွင် (က) ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသော ပြဋ္ဌာန်းချက်များ၊ (ခ) ရှေ့နောက် ညီညွတ်ခြင်း မရှိသော ဆန့်ကျင်ကွဲလွဲနေသည့် ပြဋ္ဌာန်းချက်များ၊ (ဂ) ပြည် တွင်းငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်သော တိုင်းရင်းသားများ၏ အခွင့် အရေးများကို အာမခံရေးနှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေး အတွက် အဟန့်အတား ဖြစ်နေသည့် ပြဋ္ဌာန်းချက်များ၊ (ဃ) ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေေ သာ ပြဋ္ဌာန်းချက်များ၊ (င) အပြန်အလှန် ထိန်းကျောင်းရမည့် ဒီမိုကရေစီ မဏ္ဍိုင်ကြီး (၃) ရပ်အား တစ်ဖက်စောင်းနင်း ဖြစ်စေသော ပြဋ္ဌာန်းချက်များ၊ (စ) နိုင်ငံသားများ၏ တန်းတူညီမျှမှုကို အကာအကွယ် ပေးနိုင်ခြင်း မရှိ သည့် ပြဋ္ဌာန်းချက်များ၊ (ဆ) ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတရေးကို ထိခိုက်နေသည့် ပြဋ္ဌာန်းချက်များ စသည်တို့ကို တွေ့ရှိရ သည် ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

"၂၀၁၅ မတိုင်ခင် အခြေခံဥပဒေ ပြင်ဆင်ရတယ်ဆိုတာ အကျပ်အတည်း ကနေ ဖောက်ထွက်ဖို့ ပြင်တာဖြစ်တယ်။ ဒါကို မပြင်နိုင်ရင် အကျပ် အတည်း ဖြစ် မယ်။ အကျပ်အတည်း မဖြစ်အောင် ပြင်ရတာ ဖြစ်တယ်" ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် တပ်မတော်အနေနှင့် ၁၀၀ ရာခိုင်နှုန်း ပါဝင်လာစေရန် မျှော်လင့်ကြောင်းနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် တပ်မတော် ပါဝင်လာပါက တိုင်းရင်းသား အားလုံးကလည်း ကြိုဆိုကြမှာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာသုံးသပ် တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည် ဖြစ်သည်။

မိဘပြည်သူများက ဤဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး ပြည်သူ့ဆန္ဒ သဘောထား ရယူရေးတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများက တိုက်တွန်းနှိုးဆော် ထားသည်။

Eleven Media Group

စက်တင်ဘာ ၂၈ ရက်က NLD ရုံးချုပ်၌ မီဒီယာများနှင့် တွေ့ဆုံနေသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)
စက်တင်ဘာ ၂၈ ရက်က NLD ရုံးချုပ်၌ မီဒီယာများနှင့် တွေ့ဆုံနေသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေး ဆွဲရေး အတွက် NLD နှင့် တိုင်းရင်း

စက်တင်ဘာ ၂၈ ရက်က ၀ဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့် ခံထားရသည့် ရွာသား ၁၀ ဦး ဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင် ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံစဉ်

Photo: စက်တင်ဘာ ၂၈ ရက်က ၀ဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့် ခံထားရသည့် ရွာသား ၁၀ ဦး ဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင် ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံစဉ်
Sunday, 29 September 2013

ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက် တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

ယခုလာရောက် အဖမ်းခံသည့် ၁၀ ဦးသည် ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့ မှူး ဦးသန်းဝင်းက တရားလိုပြုလုပ်၍ တိုင်တန်းထား သည့် ပြစ်မှုများဖြစ် သည့် (ပ)အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ တို့အတွက် ဥပဒေနှင့်အညီ ရင်ဆိုင်ရန် လာရောက်အဖမ်း ခံခြင်းဖြစ်ေ ကြာင်း သိရသည်။

"ကျွန်တော်တို့ ၁၀ ယောက်လုံး ဒီအမှုကို ရင်ဆိုင်ဖို့အတွက် လာရောက် အဖမ်း ခံတာပါ။ နောက်တစ်ခါ သူတို့ဘက်က အချိန်မတော် လာရောက် ကျူးလွန် ထားတာကိုလည်း ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမှုပြန်ဖွင့် ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုအချိန်မှာ အဲလောက်ပဲ ကျွန်တော်ပြောချင် ပါတယ်။ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေ မှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြား ဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်" ဟု ကိုဇော်လတ်က ပြောကြားခဲ့ သည်။

ဥတ္တရသီရီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဦးသူရက "သူတို့တွေ အမှုပြန် ဖွင့်မယ် ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ လက်ခံပြီး ပြန်ဖွင့်ပေးမယ်။ ကျွန်တော်တို့ အနေနဲ့ အမှုမှန် ပေါ်ပေါက်အောင် တရားဥပဒေနဲ့ အညီ ပြန် လည်ဆောင်ရွက် ပေးမှာပါ။ ဒီအမှုကို ပွင့်လင်းမြင်သာစွာနဲ့ စစ်ဆေးသွား မှာပါ။ အမှုစစ်မယ့် နေ့မှာလည်း ဘယ်သူမဆို လာရောက်နားထောင် နိုင် ပါတယ်။ ကိုဇော်လတ်ကို စစ်ဆေးတဲ့ အခါမှာလည်း ကိုဇော်လတ် အနေနဲ့ လွတ် လွတ်လပ်လပ် ပြောပိုင်ခွင့် ရှိပါတယ်။ အခုဟာက ရဲကိုရိုက်လို့၊ ရဲ ဒဏ် ရာရ လို့ အမှု ဖွင့်တာ မဟုတ်ပါဘူး။ ပြည်သူ့ဝန်ထမ်း တာဝန် ထမ်းေ ဆာင် တာကို နှောင့်ယှက်လို့ ဒီပုဒ်မနဲ့ စွဲတာပါ။ ဥပဒေ လမ်းကြောင်း အရ ကျွန်တော်တို့က ဘယ်သူ့ကိုမှ ခွင့်ပြုလို့ မရပါဘူး" ဟု ပြောကြားခဲ့ သည်။  

ယခုကဲ့သို့ လာရောက်အဖမ်းခဲ့သည့် ရွာသား ၁၀ ဦးသည် စက်တင်ဘာ ၁၂ ရက်တွင် အစိုးရ သတင်းစာတိုက်အတွက် သိမ်းယူထားသည့် ၀ဲကြီးကျေး ရွာ သားများ ယခင်က လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများကို ၀င်ရောက်ထွန်ယက်ခဲ့ကြောင်း၊ ယင်းသို့ ထွန်ယက်ပြီးနောက်ပိုင်း စက်တင် ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်ဖြင့် ည ၂ နာရီ ၁၅ မိနစ် ခန့် တွင် ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အခုအချိန် မှာ ထင်ယောင် ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ် . . . . .

စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ညပိုင်းအချိန်မတော် ဖမ်းဆီးခြင်းမှာ တစ်ခါတစ်ရံမှာ လိုအပ်ချက် အရဖြစ်ကြောင်း၊ တရားခံရှိတဲ့အချိန် ၀င်ရောက်ဖမ်းရခြင်း ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း တတ်နိုင်သလောက်တော့ ဒီလိုမျိုး မဆောင်ရွက်အောင် တာဝန်ရှိသူတွေကို မှာကြားထားကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

လာရောက်အဖမ်းခံခဲ့သည့် ၀ဲကြီးကျေးရွာသား ၁၀ ဦးမှာ ကိုဇော်လတ်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်၊ ဒေါ်မာသင်း၊ ကိုအောင်ကျော်မိုး၊ ကိုဆန်းလွင်၊ ကိုသက်နိုင်၊ ကိုထွန်းလတ်၊ ဦးစိုးမြင့်တို့ဖြစ်ကြောင်း သိရ သည်။

အဆိုပါ လယ်မြေများ အတွင်းရှိ ယူကလစ်ပင်များကို ခုတ်သည့် အတွက် ဇေယျာ သီရိမြို့ ရွှေတွင်းကုန်းရဲစခန်းမှ ၀ဲကြီးကျေးရွာသား များဖြစ်သည့် ဒေါ်ဝင်းကြည်၊ ဒေါ်ခင်အေး၊ ကိုဇော်ခင်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်တို့အား ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကိုဇော်လတ်နှင့်ဇနီး မမာသင်း အဖမ်းခံသည့်အတွက် ငါးနှစ်သမီးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က "ဥပဒေမှာကတော့ လူ တစ်ယောက် ရဲ့အိမ်ဟာ သူ့ရဲ့ခံတပ်ပဲ။ သူ့ရဲ့ပိုင်နက်ကို ကျူးကျော်လာရင် အကြောင်းမရှိဘဲနဲ့ ဥပဒေနဲ့အညီ ဆိုတစ်မျိုး၊ ၀ရမ်းမပါဘဲနဲ့ ကျူးကျော် လာရင် ဒါဟာသူ့ကို တိုက်ခိုက်တာဘဲ။ သူ့မှာတုံ့ပြန်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ ညအချိန် ကျွန်တော်တို့ ပိုင်နက်ကို ကျူးကျော်လာရင် သေသည် အထိ ပစ္စည်းကို ခုခံနိုင်တာ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ရှိပြီးသားပါ။ ဒါပေမဲ့ အခု ဟာက လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့၊ တစ်နည်းဆိုရင် ရဲလက်စွဲနဲ့ အညီပေါ့ ဗျာ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတို့၊ အဲဒါတွေနဲ့အညီ ၀င်တာဆိုရင် တစ်မျိုးပေါ့။ ရွာမပြောနဲ့။ အိမ်တစ်အိမ် ၀င်ရင်တောင် ၀ရမ်းပါရတယ်ဗျာ။ ရှာဖွေဝရမ်းဆိုတာ ပါရတယ်။ ထောက်ပြရမယ် ဆိုရင်တော့ ပထမတစ်ချက်က ညအချိန်မတော် ၀င်တယ်။ ဒုတိယတစ်ချက်က ရပ်ရွာလူကြီး မပါဘူး။ တတိယ တစ်ချက်က ဖမ်းတဲ့ဝရမ်း မပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။

Eleven Media Group 

စက်တင်ဘာ ၂၈ ရက်က ၀ဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့် ခံထားရသည့် ရွာသား ၁၀ ဦး ဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင် ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံစဉ်
စက်တင်ဘာ ၂၈ ရက်က ၀ဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့် ခံထားရသည့် ရွာသား ၁၀ ဦး ဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင် ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံစဉ်
ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက်တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံ ခဲ့ကြောင်း သိရသည်။

စပါးစိုက်ပျိုး ချေးငွေနှင့် ဖုန်းဆင်းကတ်များ ချထားပေးမှုအပေါ် အမြတ် ထုတ်သော က၀မြို့နယ်၊ ကသစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို အရေး ယူပေးရန် ဒေသခံများ တောင်းဆို

U-29-9
ကလေးဝမြို့နယ်၊ ကသစ်ပင်ကျေးရွာမှ လယ်သမားများ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
စပါးစိုက်ပျိုးငွေနှင့် ဖုန်းဆင်းကတ်များ ချထားပေးမှုအပေါ် အမြတ်ထုတ် ကိုယ်ကျိုးအတွက် အသုံးပြု သည် ဟုဆိုကာ ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ကသစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာတာဝန်ရှိ သူများမှ အရေးယူပေးစေလိုကြောင်း အဆိုပါ ကသစ်ပင်ကျေးရွာမှ ရွာသူရွာသားများက မြန်မာဂျာနယ် လစ် ကွန်ရက်တွင် စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။