Monday, 23 February 2015

အာဖဂန်ရှိတပ်များ ရုပ်သိမ်းရေး အစီအစဉ် အရှိန်လျှော့ရန် အမေရိကန် သုံးသပ်


အာဖဂန်ရှိတပ်များ ရုပ်သိမ်းရေး အစီအစဉ် အရှိန်လျှော့ရန် အမေရိကန်ပြည်ထောင်စုက သုံးသပ်နေပြီး တိုးတက်မှုများ ခိုင်မာစေရန် ယင်းကဲ့သို့ သုံးသပ်ရခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြ ထားသည်။

နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ ဗုဒ္ဓဆင်းတုတော်ကို ဃွှခညေ ဖတ်ကြည့် ရာမှ ခန္ဓာကိုယ်အတွင်း မမ်မီပြုလုပ်ထားသည့် ရဟန်းတစ်ပါး၏ ရုပ်ကြွင်းတွေ့

နှစ်ပေါင်း ၁၀၀၀ ကျော်သက် တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအတွင်း မမ်မီပြုလုပ်ထားသော ရဟန်းတော် တစ်ပါး၏ရုပ်ကြွင်းကျန်ရစ်နေသည်ကို CT Scan ရိုက် စစ်ဆေးမှုများအရ တွေ့ရှိခဲ့ရသည်။

သိန်းနီမြို့ နယ် ပန်းနားကျေးရွာအနီး ပြည်သူများထံထောက်ပံ့သည့် တပ်မတော် ယာဉ်တန်းကို ကိုးကန့်သောင်းကျန်းသူတပ်ဖွဲ့က တိုက်ခိုက်၊ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်

သိန်းနီမြို့နယ် ပန်းနားကျေးရွာအနီး ကားလမ်းပေါ်တွင် ထွက်ပြေး တိမ်းရှောင်လာသည့်ယာဉ်ပေါ်မှ ကလေး ငယ်များကိုတွေ့ရစဉ်။ ဓာတ်ပုံ - ရည်မွန်  
ရှမ်းပြည် နယ်မြောက်ပိုင်း သိန်းနီမြို့နယ် ပန်းနားကျေးရွာအနီးတွင် ကိုးကန့်ဒေသ ခံပြည်သူများထံ ပို့ဆောင် မည့်ထောက် ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် တပ်မတော်ထောက် ပံ့ရေးယာဉ်တန်းအား သောင်း ကျန်းသူအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့ထွက်ပြေး တိမ်းရှောင် လာကြ ကြောင်း သိရသည်။

ကုန်ကြမ်း - လောက်ကိုင်လမ်း တပ်မတော်က ပြန်သိမ်းပိုက်

လောက်ကိုင်မြို့ လောက်ကိုင်- ကုန်ကြမ်းမြို့နယ် (၁၈ မိုင် လမ်းဆုံ) ကို တပ်မတော်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဟု တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူ အရာရှိကြီး တစ်ဦး က မဇ္ဈိမကို ပြောသည်။

ပြည်ပတွင် အနေကြာသူများ ပြည်ဝင်ခွင့်လျှောက်ထားမှု အစိုးရနှင့် နီးစပ်သူများ ကိုသာ ခွင့်ပြုနေသည်ဆိုသည်မှာ မမှန်ကန်ဟု နိုင်ငံတော် သမ္မတ အကြံပေးပြော

ပြည်ပတွင် အချိန်ကြာ နေထိုင်ခဲ့ပြီး ပြည်ဝင်ခွင့် ပြန်လည်လျှောက်ထားသည့်သူများတွင် အစိုးရနှင့်နီးစပ် သည့်သူများကိုသာ ဦးစားပေး ခွင့်ပြုပေးနေသည်ဟု ဝေဖန်မှုများထွက်ပေါ်နေသော်လည်း လက်တွေ့တွင် ယင်းကဲ့သို့ မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ အကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ ကျော်ရင်လှိုင် ကပြော သည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် လုပ်သားပြဿနာများ မပေါ်ပေါက် ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီး ဌာနနှင့် MOGSS တို့ တွေ့ဆုံဆွေးနွေးမည်

ပြည်တွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် လုပ်ကိုင်နေသည့်လုပ်သား ပြဿ နာများမပေါ်ပေါက် စေရန်အ တွက် အလုပ်သမား၊ အလုပ်အကိုင် နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနနှင့်တွေ့ ဆုံဆွေးနွေး သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံရေနံနှင့် သဘာဝ ဓာတ် ငွေ့ဝန်ဆောင်မှုအသင်း (MOGSS) ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင် က ပြော ကြားခဲ့သည်။

လောက်ကိုင် တိုက်ပွဲတွင် ပြည်သူများ မထိခိုက်ရန် ကြက်ခြေနီအသင်းက ထပ်မံတောင်းဆို

လောက်ကိုင်မှ တိမ်းရှောင်လာသည့် ဒုက္ခသည်များပါသော ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာ ရရှိထားသော ကြက်ခြေနီ တပ်ဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
လောက်ကိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲတွင် ကြက်ခြေနီများ၊ သတင်း မီဒီယာ များနှင့် ပြည်သူများကို မတိုက်ခိုက်ရန် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း က ဖေဖော်ဝါရီ ၂၂ ရက်တွင် ကြေညာချက် ထပ်မံ ထုတ် ပြန် တောင်းဆိုလိုက်သည်။ 

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးကို ထိခိုက်စေသော အရေးအသား မသုံးစွဲရန် သမ္မတပြောရေးဆိုခွင့် ရှိသူကို NNER တိုက်တွန်း

သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ၏ လူမှုကွန်ရက် စာမျက်နှာများတွင် လေးပွင့်ဆိုင် အတည်ပြုရေးဆွဲထားသော ဥပဒေကြမ်းနှင့် ပတ်သက်၍ ရေးသားချက်အပေါ် ပြည်သူလူထုက နားလည်မှု ကွဲလွဲမှုများ ရှိလာကြသောကြောင့် ယခုကဲ့သို့ ဆက်လက်မရေးသားကြရန် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် များက တိုက်တွန်းပြောကြားသည်။

နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦနု ခေါင်းချသွားသည့် နေအိမ် ပြတိုက် လုပ်မည်

မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်သူ ဦးနုနေထိုင်ခဲ့သော ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပြည်ထောင်စု လမ်း အမှတ် ၄၂ ရှိ နေအိမ်ကို ပြတိုက်ပြုလုပ် မည် ဖြစ်ကြောင်း ဦးနု သမီးကြီး ဒေါ်စန်းစန်းနုက The Voice သို့ ပြောကြားသည်။

ငလျင်ဒဏ်ကြောင့်မြေခခဲ့သည့် စစ်ကိုင်းမြို့ လေးကျွန်း မာရ်အောင် စေတီစိန်ဖူးတော် သမ္မတပြန်လည်ကပ်လှူ

စိန်ဖူးတော်တင်လှူ အခမ်းအနားကျင်းပနေစဉ် (ဓာတ်ပုံ − မောင်တာ) 
မန္တလေး− ပြီးခဲ့သည့်နှစ်က လှုပ် ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့်  စိန်ဖူးတော်မြေခပျက်စီးခဲ့သည့် စစ်ကိုင်း မြို့ သောတပန်ရပ်ရှိ လေးကျွန်းမာရ်အောင်စေတီကို ဖေဖော်ဝါရီ ၂၂ရက်တွင် နိုင်ငံ တော်သမ္မတက စိန်ဖူးတော် ပြန်လည်တင်လှူပူဇော်ခဲ့သည်။

ဘာသာရေးကျောင်းများကို ဥပဒေကြမ်းတွင် ထည့်သွင်းထားခြင်း မရှိကြောင်း NNER ထုတ်ပြန်

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တွင်ထည့်သွင်းထားသော ကျောင်း အမျိုးအစား မှာ ဘာသာရေးသင် ကြားသည့် ကျောင်း များကို ဆိုလိုခြင်းမဟုတ်ကြောင်း ပညာရေးစနစ်ပြုပြင် ပြောင်းလဲ ရေး နိုင်ငံ လုံးဆိုင်ရာကွန်ရက် (NNER) က သတင်းထုတ်ပြန်သည်။

အလုပ်သမားဆန္ဒပြမှုများကြောင့် အနောက်ဥရောပနှင့် အမေရိကန်နိုင်ငံများ ရင်းနှီးမြှုပ်နှံခြင်းမရှိဟု ၀န်ကြီးဆို

အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
အလုပ်သမားများ၏ လုပ်ခလစာတိုးတောင်းသော ဆန္ဒပြမှုများကြောင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမည့် ပြည်ပ လုပ်ငန်း ရှင်များ တွန့်ဆုတ်နေပြီး အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများ လာရောက်ရင်းနှီးမြှုပ်နှံမှုမပြု ခြင်းဖြစ်ကြောင်း အလုပ်သမား ဒုဝန်ကြီးကပြောသည်။

ကိုးကန့်ဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား

ကြက်ခြေနီယာဉ်အား ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့က တိုက်ခိုက်၍ ဒဏ်ရာရသူတစ်ဦးကို လူနာတင်ယာဉ်ပေါ် တွင် တွေ့ရစဉ် (ဓာတ်ပုံ− အောင်ခိုင်)
လောက်ကိုင်နှင့် ချင်းရွှေဟော်မြို့ကြားတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ကွမ်းလုံနှင့် သိန်းနီမြို့ကြား ရွာတစ်ရွာတွင်လည်း အစိုးရတပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့တို့ ဖေဖော်ဝါရီ ၂၂ ရက်က တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။

ပြည်မြို့တွင် သောင်းကျန်းနေသည်ဆိုသော လူမည်းကြီးမှာ ကောလာဟလသာဖြစ်

ပြည်မြို့နယ်ရဲတပ်ဖွဲ့၏သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ − ဇော်မင်းထိုက်) 
ပြည်မြို့တွင်အမျိုးသမီးများကို လိုက်လံခြောက်လှန့်နေသော ထူးဆန်းသည့် လူမည်းကြီးတစ်ဦး ပေါ်ထွက် နေသည်ဟူသောသတင်းမှာ ကောလာဟလသာဖြစ်ကြောင်းပြည်မြို့နယ်ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ်ကာ ရှင်းလင်းခဲ့သည်။