မန္တလေးမြို့၊ ရွှေဘိုမြို့၊ ပဲခူးမြို့နှင့် အင်းဝ မြို့ဟောင်းရှိ နန်းတော်များ၊ ကျုံးနှင့် နန်းမြို့ရိုးများ၊ သမိုင်းဝင်ခံတပ်များကို ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ အဆင် ပြေချောမွေ့စွာ လေ့လာနိုင်ရေးအတွက် သမိုင်းဝင်ဥယျာဉ် (Historical Park) များအဖြစ် အဆင့်မြှင့်သွားမည် ဖြစ်ပြီး ပြင်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်း လုပ်ဆောင်သွားနိုင်ရန် လုပ်ငန်း တင်ဒါ ဖိတ်ခေါ်ထားကြောင်းသိရသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက်ဦးစီးဌာန ကြီးကြပ်မှု လက် အောက်ရှိ မန္တလေးမြို့ နန်းတွင်းမှ မြနန်း စံကျော်ရွှေနန်းတော်၊ နန်းမြို့ရိုးနှင့် ကျုံး၊ ရွှေဘိုမြို့ရှိ ရွှေဘုံရတနာမင်္ဂလာနန်း တော်၊ ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီ နန်းတော် နှင့် အင်းဝမြို့ဟောင်းရှိ သပြေတန်းခံ တပ်၊ အစေခံခံတပ်နှင့် ဆင်ကျုံး ခံတပ်တို့ ကို Historical Park များအဖြစ် အဆင့် မြှင့်ကာ ၀န်ဆောင်မှု လုပ်ငန်းများကို ဌာနနှင့်ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သ