လယ်ယာမြေကို အခြားနည်းဖြင့် အသုံးမပြုရေး မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ် သမား သမဂ္ဂများအဖွဲ့ချုပ် (Agriculture and Farmer Federation of Myanmar-AFFM) ၏ နှစ်ပတ်လည် ညီလာခံ နောက်ဆုံးနေ့တွင် ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို လွှတ်တော်မှတင်ပြကာ အစိုးရကို ဖိအားပေးမည် ဖြစ်ကြောင်း အဆိုပါသမဂ္ဂ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးကြည်ဦးက The Voice သို့ ပြော ကြားသည်။
Friday, 2 May 2014
အင်အားကြီးလာသည့် လူဆိုးဂိုဏ်းဝင်များကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီး
အမေရိကန်နိုင်ငံမှာ အင်အားကြီးထွားလာနေတဲ့ ဆူရင်ညို (Surenos) လူဆိုးဂိုဏ်းဝင်တွေကို အမေရိ ကန်နိုင်ငံ တ၀န်း အမေရိကန်အာဏာပိုင်တွေ လိုက်လံဖမ်းဆီးခဲ့ကြပါတယ်။
အခွင့်ထူးခံ လူတန်းစား NGO နဲ့ INGO အဖွဲ့အစည်းများ
မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသော NGO အဖွဲ့များသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ များ အတွက်ဟု လုပ်ကိုင်နေသည်များ ရှိပါသည်။ သို့သော်လည်း “တိုင်းပြည်ကို စေတနာနဲ့၊ တိုင်းပြည်ကောင်း အောင်၊ လူမျိုးကောင်းအောင်ဆိုပြီး လုပ်တဲ့သူတွေ နည်းတယ်။ ငွေ ၁၀၀ ရတယ်ဆိုရင် သူတို့ အိပ်ထောင်ထဲမှာ ၇၀ ထည့်တယ်။ အများဆုံး ၃၀ လောက်ပဲ သုံးတယ်။ ပြည်သူလူထု လက်ထဲကို လုံးဝ မရောက်ဘူး” ဒါတွေ အားလုံးဟာ NGO နဲ့ INGO အဖွဲ့တွေအတွက် အခွင့်ထူးခံ လူတန်းစား တစ်ရပ် လို ဖြစ်နေလေတော့သည်။
အွန်လိုင်းရုပ်ရှင်ဇာတ်လမ်းတွဲပြသမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာ လိုက်တဲ့ Yahoo
ယာဟူးကုမ္ပဏီဟာ မူရင်းတီဗီအစီအစဉ်ဇာတ်လမ်းတွဲနှစ်ခုကို ယာဟူးဝက်ဘ်ဆိုက်နဲ့ မိုဘိုင်းဖုန်းတွေ မှာ ပြသ သွားမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် ယာဟူးကုမ္ပဏီဟာ အလျင်အမြန်ကြီးထွားလာတဲ့ ဒီဂျစ်တယ်ထုတ်ကုန်ဈေးကွက်မှာ ပါဝင်လာတဲ့ နည်းပညာ ကုမ္ပဏီကြီးဖြစ် လာတော့မှာဖြစ်တယ်လို့သိရပါတယ်။ ပထမဆုံးထုတ်လွှင့်ပြသမယ့် မူရင်းဇာတ်လမ်းတွဲတွေဟာ Other Space နဲ့ Sin City Saints လို့ အမည်ပေးထားတဲ့ ဟာသ ဇာတ်လမ်းတွဲဖြစ်တယ်လို့ Yahoo ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ ယာဟူးကုမ္ပဏီဟာ ကုမ္ပဏီ ၀က်ဘ်ဆိုက်ပေါ်မှာ ဟာသဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြ သပြီး ကတည်းက အမေရိကန်နိုင်ငံမှာ Yahoon Screen ကို ကြည့်ရှုသူဟာ သန်း(၅၀၀)ရှိနေပြီလို့သိရ ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ ပြိုင်ဖက်တွေတဖြည်းဖြည်းတိုးပွားလာမှုတွေနဲ့ ယှဉ်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
မိုးလေ၀သသတင်း ကြေညာချက်များ အလေးထား
၂ဝ၁၄ ခုနှစ် ဧပြီလ နောက်ဆုံး ရက်သတ္တပတ် ကာလအတွင်း မြန်မာနိုင်ငံ ရာသီဥတု အခြေအနေ များမှ ဧပြီ ၂၆ ရက်တွင် ရှိသော ထူးခြားသည့် နေ့ အပူချိန် များမှာ ကလေးဝ၊ ကလေး၊ ချောက်၊ မင်းဘူး နှင့် မကွေးမြို့ များ၌ ၄၃ ဒီဂရီ စင်တီဂရိတ် အသီးသီး ရှိခဲ့သည်။ ဧပြီ ၂၇ ရက်တွင် မှတ်သား ဖွယ်ရာ မိုးရေချိန် များမှာ နေပြည်တော်(လယ်ဝေး) သုညဒသမ ၆၉ လက်မ၊ မိုးကုတ် သုည ဒသမ ၄၆ လက်မ၊ နေပြည်တော် (လေဆိပ်) ၁ ဒသမ ၄၂ လက်မ နှင့် နေပြည်တော် (တပ်ကုန်း) သုည ဒသမ ၉၉ လက်မ အသီးသီး ရွာသွန်း ခဲ့ပြီး ဧပြီ ၂၈ ရက်တွင် မိုးကုတ် ၃ ဒသမ ၄၂ လက်မ နှင့် သပိတ်ကျင်း ၁ ဒသမ ၁၈ လက်မ ရွာ သွန်း ခဲ့သည်။
ကမ္ဘာ့ အလုပ်အရှုပ်ဆုံး ရုံး သို့မဟုတ် ပင်တဂွန်
ပင်တဂွန် စစ်ဌာနချုပ်က အများစု သိကြမှာပါ။ ကမ္ဘာပေါ်မှာ အကြီးမားဆုံး၊ သြဇာ အလွမ်းမိုးဆုံး စစ်စခန်း ဌာန တစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရ ပါတယ်။
NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်များကို ဇွန်လအတွင်း အပြီးသတ် ရွေးချယ်မည်
ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို ဇွန်လအတွင်း အပြီးသတ် ရွေးချယ်သွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
ကလေးမြို့ စက်မှုဇုန်ထုတ် ဂျစ်ကားများကို တရားဝင်လိုင်စင် ထုတ်ပေးပြီ
စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ စက်မှုဇုန်တွင် ချင်းပြည်နယ်တောင် တန်းဒေသအတွက် သီးသန့် ရည်ရွယ် ထုတ်လုပ်ထားသော KL SUPER 4 DOORS ဂျစ်ကားများကို တရားဝင်လိုင်စင်ဖြစ်ရေးအတွက် ဧပြီ ၂၈ ရက်မှ စတင်စစ်ဆေးနေပြီဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံခန့်ခွဲ မှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်ထူး သည် မော်တော် ယာဉ်များ လိုင်စင်ပြုလုပ်ပေးနေမှုကို သွားရောက်ကြည့် ရှုစစ်ဆေးခဲ့သည်။
ကုန်ကျစရိတ် သိသိသာသာ တိုးလာမည့် ပျောက်ဆုံးမလေးရှား လေယာဉ် ရှာဖွေမှု
ပျောက်ဆုံးမလေးရှားလေယာဉ် ရှာဖွေမှုမှာ ပိုမိုရှည်လျားသော အခန်း ကဏ္ဍသစ်တစ်ခုသို့ ဝင်ရောက်နေ ပြီ ဖြစ်ရာ ရှာဖွေမှုတွင်ပါဝင်သည့် နိုင်ငံများ အနေဖြင့် ရှာဖွေမှုလုပ်ငန်း အတွက် ငွေမည်မျှ သုံးစွဲရန်ပြင်ဆင် ထား မည်၊ ရှာဖွေမှုဆက်လက်ပြု လုပ်ပါက ငွေမည်မျှအကုန်အကျခံ နိုင်မည်ဆိုသည့်အချက်ကို ဆုံးဖြတ် ရတော့ မည်ဖြစ်သည်။
လှိုင်သာယာတိုးဂိတ် ကတ္တားအတက် ခြောက်ဘီးကုန်ကား လမ်းဘေးထိုးဆင်း
မေ ၁ ရက် နံနက် ၅ နာရီ ၁၅ မိနစ်တွင် မြောင်းမြမြို့မှ မောင်းနှင် လာသော ခြောက်ဘီးကုန်ကားယာဉ် အမှတ် ၃ခ/---အစိမ်းရောင် ယာဉ်မောင်းမြတ်ကိုကိုသည် လှိုင်သာယာ တူးချောင်း လမ်းကြေး ဆောင်ရန် ကတ္တား ပေါ်သို့တက်ရန်ပင် ဆင်ချိန်တွင် ရှေ့မှကတ္တားချိန် ကားတစ်စီးကို ရှောင်လိုက်သည့် အတွက် လမ်းဘေး အနိမ့်ထဲသို့ ကျသွားကြောင်း (အောက်ပုံ) အခင်း ဖြစ်ပွားရာ နေရာရှိသူတစ်ဦးက ဆို သည်။ အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာက အရေးယူထားသည်။
အလုပ်သမားနေ့တွင် အလုပ်မပိတ်ပေးသည့် စက်ရုံများ ပိတ်ပေးရန် စည်းရုံးမည်
အလုပ်သမားနေ့တွင် လုပ်သားများကို အနားပေးခြင်း မရှိသည့် စက်ရုံများကို အဆိုပါနေ့တွင် ပိတ်ပေး ရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။
တရုတ် စစ်သင်္ဘောတွေ မြန်မာပြည် လာနေပြီ
တရုတ် စစ်သင်္ဘော ၂ စင်းဟာ မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား နဲ့ ဗီယက်နမ်နိုင်ငံတွေကို ၂ လကြာလေ့ ကျင့်ရေး ခရီးစဉ် အဖြစ် နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဒါလီယန် Dalian ဆိပ်ကမ်းကနေ ဧပြီလ ၃ဝ ရက်နေ့မှာ ထွက်ခွာသွားပြီဖြစ်ကြောင်း တရုတ်အစိုးရ သတင်းဌာန က ကြေညာပါတယ်။
ပြည်ထောင်စု အစိုးရအဖွဲ့တွင် တိုင်းရင်းသားများ ပါဝင်ခွင့် ခွဲတမ်း သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသား ဝန်ကြီး တောင်းဆို
ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက တိုင်းရင်းသား ကိုယ်စားလှယ် များကို ပါဝင်ခွင့်ပြုရေးအတွက် ခွဲတမ်း သတ်မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်အမျိုးသားညီလာခံတွင် တောင်းဆိုလိုက်သည်။
စစ်မှုမထမ်း မနေရ အမိန့်အာဏာ ယူကရိန်း ပြန်လည်ကျေညာ
ရုရှားလိုလားသူ လက်နက်ကိုင်များ သိမ်းပိုက်ထားတဲ့ မြို့။ (မေ ၁၊ ၂၀၁၄)
ယူကရိန်းနိုင်ငံမှာ ရုရှားလိုလားသူ ခွဲထွက်ရေး သမားတွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ရင်ဆိုင် ဖို့ အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို ယူကရိန်းအစိုးရက ပြန်လည် ကြေညာလိုက်ပါတယ်။ ယူက ရိန်းနိုင် ငံ အရှေ့ပိုင်းက ရုရှားဘာသာ စကားပြောသူတွေ နေထိုင်တဲ့ မြို့ကြီး တဒါဇင်လောက်မှာ အကြမ်းဖက်သူ ရုရှားလိုလားသူတွေက အဆောက်အဦးတွေကို သိမ်းပိုက်နေကြတာ ဖြစ်ပါတယ်။
ရေပြဿနာ ဖြေရှင်းရန် အစိုးရက ကျပ်ဘီလီယံနှစ်ဆယ်ပိုသုံးမည်
ရေရှားပါးရာ အရပ်များတွင် သောက်သုံးရေ အတွက် ဂါလန်ပုံးများဖြင့် သယ်ယူကြရသည်(ဓာတ်ပုံ−ကျော်ဇင်သန်း)
နှစ်စဉ်ကြုံတွေ့နေကျ ဖြစ်သော သောက်သုံး ရေရှား ပါးမှု ပြဿနာ ဖြေရှင်းရန် အစိုးရက ယခင်နှစ်များ ထက် ကျပ်ဘီလီယံ ၂၀ကျော် ပိုသုံးစွဲမည်ဖြစ် ကြောင်း ကျေးလက်ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ သတင်းရရှိ သည်။
ကန်ပက်လက်တွင် ရွာသား ၁၃ ဦး မိုးကြိုးပစ်ခံရ
ချင်းပြည်နယ် ကန်ပက်လက်မြို့ ကြစ်ခြံကျေးရွာတွင် ရွာသား ၁၃ ဦး မိုးကြိုးပစ်ခံရကာ ဒဏ်ရာအခြေအနေ စိုးရိမ်ရသူလေးဦးမှာ မြို့နယ်ဆေးရုံတွင် ကုသနေရကြောင်း သတင်းရရှိသည်။
လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါး အခြေခံဥပဒေပြင်ရန်လိုလားဟု သူရဦးရွှေမန်းပြော
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါးက ပြင်ဆင်ရန် လိုလားကြော င်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။
ငဝန်မြစ်ကမ်းတွင် ရေပေါ်ဈေး ဆောက်မည်
ပုသိမ်မြို့ ကမ်းနားလမ်းရှိ ငဝန်မြစ်ကမ်းပေါ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၂၂၁၂ ဖြင့် ဆောက်မည့် ရေပေါ်ညဈေးကို ခြောက်လအတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဝင်းနိုင်က ပြောကြားသည်။
အချိန်ပို အဓမ္မအလုပ်ဆင်းခိုင်းသော စက်ရုံ ၅၀ ကျော် ခံဝန်ထိုး သတိပေးခံရ
ဥပဒေနှင့်မကိုက်ညီဘဲ အလုပ်အချိန်ပို အဓမ္မခိုင်းစေခဲ့သည့် စက်ရုံ၊ အလုပ်ရုံ ၅၀ ကျော် အား ခံဝန်ကတိ လက်မှတ်ရေးထိုး၍ သတိပေးထားကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစိစစ်ရေး ဦးစီးဌာန ညွှန် ကြားရေး မှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
ရန်ကုန်မှ မြစ်ဆုံထိ ဦးဆောင်ဆန္ဒပြသူ ကိုရဲထွဋ်ခေါင်အား အောင်လံမြို့နယ် တရားရုံး၌ အသရေဖျက်မှုဖြင့် တရားစွဲထား
မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေး ရန်ကုန်မှ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်သော အဖွဲ့၌ ဦးဆောင်သူ တစ်ဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုမှ ကိုရဲထွဋ်ခေါင်အား အောင်လံမြို့ နယ် တရားရုံး၌ အသရေဖျက်မှုဖြင့် တရားစွဲထားကြောင်း တရားလိုဖြစ်သူ စာရေးဆရာ ဆရာ သန်းဝင်းအောင် က ဧပြီ ၂၆ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် စံချိန်စံနှုန်းနှင့် မကိုက်ညီ၍ သတိထားမောင်းနှင်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ ပြောကြား
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်နေရာအား တွေ့ရစဉ်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ စံချိန်စံနှုန်းနှင့် မကိုက်ညီသေးသည့်အတွက် ယာဉ်မောင်းများ အနေဖြင့် သတိ ထားမောင်းနှင် ရန် အရေးကြီးကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်သူ့ဆောက် လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက မေ ၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ရှင်ဖိန်းပါတီခေါင်းဆောင် ဂျယ်ရီအယ်ဒမ်းစ်အမှု
မြောက်အိုင်ယာလန် က ထင်ရှား ကျော်ကြားတဲ့ ရှင်ဖိန်းပါတီ ခေါင်းဆောင် ဂျယ်ရီ အယ်ဒမ်းစ် ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က ရဲ ကနေ၊ ၁၉၇၂ ခုနှစ် က လူသတ်မှု နဲ့ပတ်သက် ပြီး ဖမ်းဆီးလိုက် မှု ဟာ နိုင်ငံရေး လောက မှာ ဟိုးဟိုးကျော် သွားခဲ့ပါတယ်။ မနေ့ ကတော့ သူ့ ကို ရဲ က စစ်ဆေးမှု စတင်ပါပြီ။
ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီများနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း နှုန်းထားအသစ်ဖြင့် စာချုပ်ပြန်ချုပ်မည်
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် ပတ်သက်၍ လွှဲယူ လုပ်ကိုင်နေသည့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် လျှပ်စစ် ဓာတ်အားခ နှုန်းထားအသစ်ဖြင့် စာချုပ်အသစ် ပြန်ချုပ်ဆိုမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးး ဦးမြင့်အောင်က The Voice သို့ ပြောကြားသည်။
တောင်ကိုရီးယား နိုင်ငံတွင် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ကျင်းပ
တောင်ကိုရီးယားနိုင်ငံသည် ၁ဝ နှစ်တာ ကာလအတွင်း အကြီးမားဆုံးသော (၆၅) နှစ်မြောက် တပ် မတော်နေ့ စစ်ရေးပြ အခမ်းအနားကို အောက်တိုဘာ ၁ ရက်တွင် ကျင်းပခဲ့ကြောင်းနှင့် အဆိုပါ စစ်ရေးပြ အခမ်းအနားတွင် မြောက်ကိုရီးယားနိုင်ငံကို တိုက်ခိုက်နိုင်စွမ်းရှိသော ပြည်တွင်းဖြစ Hyunmu-2 နှင့် Hyunmu-3 ဒုံးကျည်များ အပါအဝင် နောက်ဆုံးပေါ်စစ် လက်နက် ပစ္စည်းများကို ထုတ်ဖော်ပြသခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ အဆိုပါ စစ်ရေးပြ အခမ်းအနားတွင် တပ်ဖွဲ့ဝင် ၁၁,ဝဝဝ ခန့် ပါဝင်ခဲ့ပြီး ကြည်းတပ်ဖွဲ့ဆိုင်ရာ စစ်လက်နက်ပစ္စည်း ၁၉ဝ ခုနှင့် စစ် ဘက်လေယာဉ် ၁၂ဝ စင်းတို့ အပြင် ပြည်တွင်းထုတ် တော်ပီဒို ဒုံးအမျိုးအစား အမျိုးမျိုးကိုလည်း ထုတ်ဖော်ပြသ ခဲ့သည်။
မေဒေးနေ့မှာ အလုပ်သမား အခွင့်အရေးတွေ ဆန္ဒပြတောင်းဆို
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ ကွန်ရက်က ဦးစီးပြီး ထောင်ဂဏန်းရှိတဲ့ အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေး အပြည့်အ၀ ရရှိရေးအတွက် ရန်ကုန်မြို့ ဆူးလေဘုရားအနီးတ၀ိုက်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
” TNLA ပြန်ကြားရေးတာဝန်ခံ ပြောကြားချက်များ မှန်ကန်မှု မရှိဟု တပ်မတော် အရာရှိကြီးတစ်ဦးမှ ငြင်းဆို
ယနေ့ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အဖြစ် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်း ခဲ့သည် မှာ သုံးနှစ်နီးပါး ရောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်အဖြစ် အသွင်ပြောင်းလဲ လာသော် လည်း အဓိက အဟန့်အတားဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပုံဖော်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါ တယ်။ ပြည် တွင်း ငြိမ်းချမ်းရေးကို ရရှိဖို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို မလွဲမသွေ လုပ်ဆောင် ရမှာ ဖြစ် သလို အဲဒီအပစ်အခတ်ရပ်စဲရေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ဖို့ လည်း လိုအပ်ပါ တယ်။ သို့မှသာ ထာဝရငြိမ်းချမ်းရေးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ လွတ်လပ်မှု တိုးတက်ပေမယ့် စိုးရိမ်ရဆဲ
စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေး ပုံစံ ပြောင်းလဲကျင့်သုံး လာခဲ့တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်မှု အခြေအနေ တိုးတက်လာ တာတွေ တွေ့ရှိခဲ့ရပေမဲ့၊ ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ စိုးရိမ်စရာ အနေ အ ထားတွေ ပေါ်ပေါက်လာခဲ့တယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂ဝ၁၄ ခုနှစ် လွတ် လပ် မှု အခြေပြ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
တစ်နေ့တာမှာ နှလုံးရောဂါ အဖြစ်ပွားဆုံးအချိန်
နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းတွေ တစ်နေ့တာမှာ အဖြစ်ပွားဆုံး အချိန်ကို သုတေသန ပညာရှင်တွေ က ဖော်ထုတ်နိုင်ခဲ့ ပါတယ်။ တစ်နေ့တာမှာ အဖြစ်ပွားဆုံး အချိန်ကတော့ မနက် ၆နာရီခွဲ အချိန်ဖြစ်တယ်လို့ သိရှိရ ပါ တယ်။
အချို့ကိုယ်ဝန်ဆောင်များတွင်Aspirin ဆေးပုံမှန် သောက်သုံး သင့်ကြောင်းUS မှ ထောက်ခံ
အမေရိကန်မှ ကျန်းမာရေး တာဝန်ရှိသူများက ပြီးခဲ့သည့်အင်္ဂါ နေ့က သွေးကျဲစေရန်နှင့် အကိုက် အခဲပျောက်စေရန်သုံးသည့် Aspirin အက်စပရင်ဆေးအား Low dose ဆေးပမာဏ လျော့သော က်ပေးခြင်း က ကိုယ်ဝန်ဆောင်များတွင် ကြုံတွေ့ ရနိုင်သည့် ကိုယ်ဝန်ဆိပ်တက်ခြင်း Pre- eclampsia အား သက်သာစေသည်ဟု ပြောကြားခဲ့သည်။
လေးစား အတုယူဖွယ်ရာ ကမ္ဘာကျော် မင်းသမီးချော ဂျိုလီ
ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် John Voight နှင့် ပြင်သစ်မင်းသမီးချော Marcheline Bertrand တို့၏ သမီး၊ သရုပ်ဆောင် James Haven ၏ ညီမ၊ သီချင်းရေးဆရာ Chip Taylor ၏ တူမ၊ ဝါရင့် သရုပ်ဆောင် Jacqueline Bisset နှင့် Maximilian Schell တို့၏ မွေးစားသမီးဖြစ်သူ ရုပ်ရှင်မင်း သမီး ချော Angelina Jolie Voight သည် အနုပညာ မျိုးရိုးမှ ဆင်းသက်လာသူတစ်ဦး ဖြစ်ပြီး အသက်ခြောက်နှစ် အရွယ်မှစတင်၍ ဖခင်နှင့်အတူ ရုပ်ရှင်များတွင် သရုပ်ဆောင်ခဲ့သည်။ ၁၉၇၅ ခုနှစ် ဇွန် ၄ ရက်တွင် လော့စ် အိန်ဂျလိစ်၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဂျာမန်၊ စလိုဗတ်၊ ပြင်သစ်၊ ကနေဒီယန်၊ ဒတ်ခ်ျ သွေးနှောသူလည်း ဖြစ်သည်။ Jolie ဟူသည့် အမည်မှာ ပြင်သစ်ဘာသာဖြင့် ''လှပသော'' ဟု အဓိပ္ပာယ် ရသည်ဟုဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ရန်ကုန်မြို့၌ ဟောပြောမည်
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း၌ NLD ပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲကို ၂၀၁၃ ခုနှစ် နိုဝင်ဘာက ပြုလုပ်စဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ရန်ကုန်မြို့တွင် လူထုဟောပြောပွဲတစ်ရပ်ကို မေ ၁၇ ရက်တွင် ပြုလုပ်မည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ တက်ရောက်ဟောပြောမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။
မြန်မာအများအပြား အလုပ် လုပ်ကိုင်နေသည့် စင်ကာပူတွင် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်မူဝါဒအား နိုင်ငံသားများ ဆန္ဒပြ
မေ ၁ ရက်က စင်ကာပူတွင် ဆန္ဒပြခေါင်းဆောင် ဂေးဘတ်ဂိုး လူအုပ်ကြီးကို မိန့်ခွန်းပြောနေစဉ်
မေ ၁ ရက်က စင်ကာပူ၌ နိုင်ငံသား ၄၀၀ ခန့်သည် အစိုးရ၏လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်မူဝါဒကို ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများသည် အနီရောင်ဖြင့် “စင်ကာပူ၏ အခွင့်အရေးကို ကာကွယ်ပါ” ဟု ရေးသားထားသော အနက်ရောင်ခေါင်းစည်းများကို ၀တ်ဆင်လျက် ကာလကြာရှည်စွာ အုပ်စိုးလာသည့် People's Action ပါတီကို ဆန့်ကျင်သည့် ကြွေးကြာ်သံများကို ဟစ်ကြွေးခဲ့ကြသည်။
ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ မဲဆောက်မှာ မြန်မာအလုပ်သမားတွေ မေဒေးနေ့ ဆန္ဒပြ
ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေကြ တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအဖွဲ့တွေ စုပေါင်းပြီး ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးတွေ အပြည့် အ၀ရရှိဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အခက်အခဲအမျိုးမျိုး ကြုံတွေ့ရသော်လည်း ပြည်သူများ ဆန္ဒပြင်းပြနေသည့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မည်ဟု ရေဒီယိုမိန့်ခွန်းတွင် သမ္မတဦးသိန်းစိန် ပြောကြား
အခက်အခဲအမျိုးမျို ကြုံတွေ့ရသော်လည်း ပြည်သူများဆန္ဒပြင်းပြနေသည့် ငြိမ်းချမ်းရေးရရှိရေး ကြိုး ပမ်းဆောင် ရွက် သွား မည်ဟု မေ ၁ ရက်က ပြည်သူလူထုသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်း တွင် နိုင် ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
Subscribe to:
Posts (Atom)