Saturday, 29 December 2012

နယူးယောက်မြို့ လမ်းများပေါ်တွင် စိန်ရှာသည့် အလုပ်ဖြင့် တစ်ရက်ကို ဒေါ်လာ ၁၁၀ မက ရရှိ

နယူးယောက်မြို့ လမ်းများပေါ်တွင် စိန်ရှာသည့် အလုပ်ဖြင့် တစ်ရက်ကို ဒေါ်လာ ၁၁၀ မက ရရှိ
Saturday, 29 December 2012 

ပုံမှာ မြင်တွေ့ရတဲ့ သူဟာ Stepanian အမည်ရ အမျိုးသား တစ်ဦး ဖြစ်ပြီး သူ့အလုပ်ကတော့ နယူးယောက်မြို့  လမ်းမပေါ်က စိန်ရှာသမား ဖြစ်ပါတယ်။

သူ့ကိုမြင်တော့ မြန်မာပြည်မှာက ပလပ်စတစ်အိပ်ကောက်တဲ့ ကလေးတွေကို သွားသတိရပါတယ်။ သို့ပေမယ့် Stepanian ကတော့ အများကြီး သာပါတယ်။ သူ့ဝင်ငွေက တစ်ပတ်ကို ဒေါ်လာ ၈၂၀ ရှိတယ် ဆိုတော့ တစ်ရက်ပျှမ်းမျှဝင်ငွေက ဒေါ်လာ ၁၁၀ မကပါဘူး။ အလုပ်က နည်းနည်းတော့ ပင်ပန်းပါတယ်။

နယူးယောက်မြို့ ကြီး လမ်းမပေါ်က ရေအိုင်မှာပါမကျန် ကြားတွေကြားတွေ ထဲအထိတောင် လိုက်လံ ရှာဖွေ ရတာ ဖြစ်ပါတယ်။ စိန်၊ရွှေတင်မက အခြားသော အဖိုးတန် ရတနာများကို တွေ့ရှိပါတယ်။ တကယ် တွေ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက နယူးယောက်မြို့ ကြီးက လူတွေဟာ အလုပ်တွေ ရှုပ်ပြီး လမ်းမကြီးကို ငုံ့ကြည့်ဖို့တောင် အချိန်မရကြပါဘူး။ ဒါကြောင့် Stepanian လို့ပဲ စိန်ရှာတဲ့သူ အနည်းစုအတွက် အလုပ်ဖြစ် ပါတယ်။ ပျောက်တာတွေရော၊ ပဲ့ကျထားတာတွေရော အဖိုးတန် ရတနာ အားလုံးကို သူတို့ ပိုင်သွားပါတယ်။ နှစ်ပေါင်း ၆၀ မကတဲ့ အချိန်တွေ ကတည်းက တည်ရိနေတဲ့ စိန်ခဲ၊ ရွှေခဲတွေကိုတောင် တွေ့ရ တတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တစ်ပတ်တစ်ပတ် ရှာဖွေထားတာတွေကို ပြန်ရောင်းရင် အနည်း ဆုံး ဒေါ်လာ ၈၂၀ လောက်တော့ ဝင်ငွေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နယူးယောက်မြို့ က စိန်ရှာတဲ့အလုပ်ဟာလည်း ဝင်ငွေ မစိုးတဲ့ အလုပ်မို့ စိတ်ဝင်စားသူ များပြားကြောင်း သိရပါတယ်။
--
Ref: nypost
ရိုးရာလေး သတင်း
YoYarLayပုံမှာ မြင်တွေ့ရတဲ့ သူဟာ Stepanian အမည်ရ အမျိုးသား တစ်ဦး ဖြစ်ပြီး သူ့အလုပ်ကတော့ နယူးယောက်မြို့  လမ်းမပေါ်က စိန်ရှာသမား ဖြစ်ပါတယ်။ သူ့ကိုမြင်တော့ မြန်မာပြည်မှာက ပလပ်စတစ် အိပ်ကောက်တဲ့ ကလေးတွေကို သွားသတိရပါတယ်။ သို့ပေမယ့် Stepanian ကတော့ အများကြီး သာပါတယ်။ သူ့ဝင်ငွေက တစ်ပတ်ကို ဒေါ်လာ ၈၂၀ ရှိတယ် ဆိုတော့ တစ်ရက်ပျှမ်းမျှ ဝင်ငွေ

Who's who 2012- ဦးသိမ်းဝေ (ခ) Mr. Serge Pun

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနက် ဦးသန့်ရှင်း (Mr.Clean) ဟု ပြည်ပက အသိအမှတ် ပြုခံရသော ဦးသိမ်းဝေသည် မြန်မာနိုင်ငံ၌ စီးပွား ရေးလုပ်ငန်း များစွာကို ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိသော SPA (Myanmar) Ltd. နှင့် First Myanmar Investment Co.,Ltd.

Who's who 2012- ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း

 ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း
မြန်မာနိုင်ငံတွင် နှစ်အတန်ကြာ ဒီမိုကရေစီ ဆိတ်သုဉ်းမှုကြောင့် ပြည်သူအများ မပြောရဲ  မဆိုရဲ ဖြစ်ကာ အကြောက်တရားနှင့် ပိတ်ထားသော စိတ်၊ ဖိထားသော စိတ်နှင့် ရှင်သန်ခဲ့သည်မှာ မျိုးဆက် သုံးဆက်ခန့် ရှိခဲ့ရာက ၈၈ ဟု လူသိများသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် မင်းကိုနိုင်၊

Who's who 2012-မှူးဇော် (ခ) ဦးဇော်ဌေး

အင်တာနက်နှင့် ယဉ်ပါးသော မြန်မာလူမျိုး တို့၏ အသည်းစွဲ လူမှုကွန်ရက် Website စာမျက်နှာ ဖြစ်သည့် Facebook မှ တစ်ဆင့် နိုင်ငံတော်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များ၊ သတင်းအချက် အလက် များကို ဖြန့်ဖြူး ဝေငှခြင်းဖြင့် ထိပ်တန်း သတင်း အရင်းအမြစ်အဖြစ် လည်းကောင်း၊ တစ်ဦး တည်း မီဒီယာ (one-person-media) အဖြစ်လည်း ကောင်း၊ သတင်းနှင့် ပြန်ကြားရေး လောက (News and Information) ကို သြဇာ သက်ရောက်ခဲ့သူ သမ္မတရုံး ညွှန်ကြားရေးမှူး

Who's who 2012- ဦးသိန်းညွန့်


ဦးသိန်းညွန့်လွှတ်တော်နိုင်ငံရေး စတင်သည့် အချိန်မှစကာ လွှတ်တော် အတွင်း ဆွေးနွေး၊ အကြံပြုမှုများ၊ ဥပဟောင်းများ ပယ်ဖျက်၊ ပြင်ဆင် ၊ ဖြည့်စွက်ရေး ကိစ္စများ၊ တင်သွင်း ဆွေးနွေးမှုများ မကြာ ခဏ ဆောင် ရွက်ခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ပြုလုပ် ခဲ့သော လွှတ်တော် အစည်းအဝေး များတွင် သတင်းစာ ဆရာများနှင့် နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီး ထောင်ချရာ၌ အသုံးပြုခဲ့သည့် တရားရုံးများ

Who's who 2012-ထွန်းအိန္ဒြာဗို

ရုပ်ရှင်နယ်ပယ် အတွင်း အသက်ဝင်အောင် သရုပ်ဆောင်နိုင်သူ တစ်ဦးအဖြစ်သာမက တေးဂီတ ဘက်တွင်လည်း ပရိသတ် အခိုင်အမာရရှိ ထားသူ၊ လူမှုရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် လည်း အားကောင်းစွာ ပူးပေါင်းပါဝင်သူ တစ်ဦး အဖြစ် အများက လက်ခံထားသည့် ထွန်းအိန္ဒြာဗိုကို အနုပညာ နယ်ပယ်အတွင်း

Who's who 2012-နန်းခင်ဇေယျာ


နန်းခင်ဇေယျာကမ္ဘာတွင် မြန်မာပုံရိပ်ကို ပိုမို ထင်ရှားလာအောင် တွန်းပို့နိုင်ခဲ့သူ များအနက် တစ်ထောင့် တစ်နေရာမှ ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် နန်းခင်ဇေယျာ ကို အားကစားနယ်ပယ်အတွင်း ထူးခြားထင်ရှားသူ

Who's who 2012-စာရေးဆရာ ကျော်ဝင်း


စာရေးဆရာ ကျော်ဝင်းမျက်မှောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ပြောင်းရေး၊ နိုင်ငံ တည်ဆောက်ရေးတို့တွင် အရေးကြီး သည့် နိုင်ငံရေး ဘောဂဗေဒ အပါ အဝင်၊ နိုင်ငံရေး သိပ္ပံ ပညာရပ်များသာမက ကမ္ဘာ့နိုင်ငံရေး အပြောင်း အလဲနှင့် လားရာအမြင်များ၊ မြန်မာ့နိုင်ငံ ရေး သမိုင်းကြောင်း လေ့လာ ဆန်းစစ်ချက် များကို   မြန်မာ စာဖတ်ပရိသတ် လေ့လာနိုင်စေရန် အစဉ် တစ်စိုက် ရေးသားနေသည့် ဘာသာပြန်ဆရာ၊ စာရေး ဆရာ ကျော်ဝင်း သည် ၂၀၁၂ ခုနှစ် အတွင်း  မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်ခဲ့သည့် ပြဿနာ၊ အခက် အခဲနှင့် ပဋိပက္ခများကို အများကြိုက် မပြောဘဲ ရပ်တည်ချက်

Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသုံးရပ် သီးခြားစီ ခွဲခြားကျင့်သုံး အုပ်ချုပ် သည့် စနစ်သို့ ပြောင်းသွားပြီး နောက် ယခင်နှစ် ၂၀ နိုင်ငံတော်အာဏာကိုချုပ်ကိုင်ခဲ့သည့် တပ်မ တော်သည် လည်း မြန်မာ့တပ်မတော် အနေနှင့် သီး ခြားစွာ တည်ရှိကာ တိုင်းပြည်အေးချမ်း သာယာရေးကို ထိန်းသိမ်း ကာ

Who's who 2012-ကျော်သူ

ကျော်သူနာမည်ကျော် သရုပ်ဆောင်ဘဝကို စွန့်လွှတ်ကာ နေ့စဉ်နေ့တိုင်း သေဆုံးသူ ပျမ်းမျှ ၄၅ ဦးမှ ၅၀ ဦးခန့် အထိကို အခမဲ့ သင်္ဂြိုဟ်ပေးသည့် နာရေး ကူညီမှု လုပ်ငန်းကို ၂၀၀၁ ခုနှစ်မှ စတင်ကာ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ရုံ သာမက သုခကုသိုလ်ဖြစ် ဆေးခန်းဖွင့် လှစ်၍ ငွေကြေး

Who's who 2012 -ဒေါ်အောင်ဆန်းစုကြည်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘော မတူသောကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုလိုဟု ၄င်း၏ ဆန္ဒသဘောထား ပြောကြား ခဲ့သော်လည်း NLD ပါတီကိုမူ အများဆန္ဒဖြင့် ဆုံးဖြတ်ရန် ခွင့်ပြုခဲ့သူ၊ ၂၀၁၁ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်နှင့်

Who's who 2012 - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်

မန်မာနိုင်ငံ၏ အုပ်ချုပ်ရေးအာဏာကို နှစ် ၅၀ နီးပါးခန့် တပ်မတော်က ကိုင်တွယ်စီမံခဲ့ပြီး နောက်ဒီမိုကရေစီ နိုင်ငံသစ်တစ်ခုတည်ဆောက် ရန် အလို့ငှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရပ်သား အစိုးရ အသွင် ပြောင်းပြီး အစိုးရအကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့် ၂ နှစ်နီးပါး ကာလအတွင်း အံ့အားသင့်ဖွယ် အပြောင်းအလဲ များ အကောင် အထည် ဖော်ခဲ့သူဖြစ်သည့် အပြင်ရိုးသား ဖြောင့်မတ်သူ၊
ဟိတ်ဟန်မများ မာန်မာနနည်းသူ၊ သြဇာအာဏာအလွဲမသုံးခဲ့သူ၊ ကိုယ် တိုင်ရော မိသားစု၊ ဆွေမျိုးသားချင်းများပါ မည်သည့်အခွင့်ထူးကိုမျှ မရယူ

Who's who 2012 - သီတဂူဆရာတော်

၂၀၁၂ ခုနှစ်သည် မြန်မာနိုင်ငံသမိုင်းတွင် ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးအပါအဝင် နယ်ပယ်အသီးသီးတွင် မှတ်တိုင်သစ်များ၊ မော်ကွန်းသစ်များ စိုက်ထူရေး ထိုးသော နှစ်လည်းဖြစ်ပါသည်။ အထူးသဖြင့် ရာစုနှစ်ဝက်ခန့်အာဏာပိုင် စနစ်အောက်တွင် ရှိလာ ခဲ့သော နိုင်ငံအဖို့လက်ရှိအပြောင်းအလဲ အရွေ့အလျင်များက ရင်သပ်ရှုမောဖွယ် အံ့သြဘနန်း ရှိလှပါ သည်။ သို့သော် အချို့အဖြစ်အပျက်များမှာမူ အရုပ်ဆိုးအကျဉ်းတန်ခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ

မြန်မာ့လေကြောင်းသို့ အသစ်ရောက်ရှိနေသော ဘရာဇီးနိုင်ငံထုတ် Embraer 190 လေယာဉ်သည် ယနေ့ ညနေ ၃ နာရီခွဲဝန်းကျင်၌ စမ်းသပ်မောင်းနှင်စဉ် လေယာဉ်၏ဘရိတ်စနစ်ကြောင့် ဘီးအပူချိန်မြင့်တက်ခဲ့ပြီး

Yangon Airway မှလေယာဉ်တစ်စီး ဟဲဟိုးလေဆိပ်တွင် ဆီယိုစမ့်မှုဖြစ်ပွား

Yangon Airway မှလေယာဉ်တစ်စီး ဟဲဟိုးလေဆိပ်တွင် ဆီယိုစမ့်မှုဖြစ်ပွား
Saturday, 29 December 2012

Yangon Airway မှလေယာဉ်တစ်စီး ဟဲဟိုးလေဆိပ်တွင် ဆီယိုစမ့်မှုဖြစ်ပွားခဲ့သော
ကြောင့် ခရီးသည်များအခြားလေယာဉ်တစ်စီးနှင့်ပို့ဆောင်ပေးခဲ့ကြောင်း
သိရှိရသည်။ ဖြစ်စဉ်မှာ တာချီလိတ်လေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ (၂၈-၁၂-၂၀၁၂) ရက်နေ့ ညနေတွင် ရောက်ရှိလာသော Yangon Airway မှ ATR-72 အမျိုးအစားခရီးသည်တင်လေယာဉ်တစ်စီးသည် ညနေ ၄း၃၀ အချိန်ခန့်တွင် ရန်ကုန်မြို့သို့ထွက်ခွာရန်လေယာဉ်ပြေးလမ်းပေါ်သို့သွားရောက်စဉ် လေယာဉ်ဆီယိုစိမ့်နေကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် ခရီးစဉ်ကိုဖျက်သိမ်းခဲ့ကြောင်းသိရှိရသည်။ ၇န်ကုန်သို့လိုက်ပါမည့် ခရီးသည်များအား ပိုလေယာဉ်တစ်စီးဖြင့် ညနေ ၆း၃၀ အချိန်တွင်ရန်ကုန်သို့ပို့ဆောင်ပေးခဲ့သည်။ ၄င်းစက်ချို့ယွင်းသည့်လေယဉ်အား Yangon Airway မှအင်ဂျင်နီယာများမှစစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။Yangon Airway မှလေယာဉ်တစ်စီး ဟဲဟိုးလေဆိပ်တွင် ဆီယို စမ့်မှုဖြစ်ပွားခဲ့သောကြောင့်ခရီးသည်များအခြားလေယာဉ်တစ်စီးနှင့် ပို့ ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။ ဖြစ်စဉ်မှာ တာချီလိတ်လေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ (၂၈-၁၂-၂၀၁၂) ရက်နေ့ ညနေ တွင် ရောက် ရှိ လာသော Yangon Airway မှ ATR-72 အမျိုးအစား ခရီးသည် တင်လေယာဉ်တစ်စီးသည် ညနေ ၄း၃၀ အချိန်ခန့်တွင် ရန်ကုန်မြို့သို

ယခုနှစ်၌ ရန်ကုန်မြို့တွင် အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံ ၆၇ လုံးရှိပြီး အသစ်ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသည့် အဆောက်အအုံ ၅၄ လုံးရှိ

ယခုနှစ်၌ ရန်ကုန်မြို့တွင် အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော 
အဆောက်အအုံ ၆၇ လုံးရှိပြီး အသစ်ပြန်လည်ဆောက်လုပ်နိုင်ခြင်း 
မရှိသည့် အဆောက်အအုံ ၅၄ လုံးရှိ  
Saturday, 29 December 2012

ယခုနှစ်၌ ရန်ကုန် မြို့တွင် အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံစုစုပေါင်း ၆၇ လုံးရှိကြောင်း၊ ယင်းအထဲတွင် ၅၇ လုံးမှာ အသစ်ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သည့် အဆောက်အအုံ ၆၇ လုံးအနက် အသစ်ပြန်လည်ဆောက်လုပ်ရန် စီစဉ်သည့် အဆောက်အအုံ ၁၃ လုံးသာရှိပြီး ကျန်ရှိသည့် ၅၄ လုံးမှာ ဆောက်လုပ်နိုင်းခြင်း မရှိသေးကြောင်း သိရသည်။

ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးသည့် အဆောက်အအုံများမှာ တည်နေရာ မကောင်းခြင်း၊ မြေကျဉ်းမြောင်းခြင်း စသည်တို့ကြောင့်
ပြန်လည်ဆောက်လုပ်လိုသည့် ကန်ထရိုက်မရှိခြင်းတို့ကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်ဟု အဆောက်အအုံဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်အတွင်း အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံ
များအနက် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အများဆုံးဖြစ်ပြီး ပုဇွန်တောင်မြို့နယ်တွင် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။ အသစ်ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးသည့် အဆောက်အအုံ
များအနက် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၁၇ လုံးဖြင့် အများဆုံးဖြစ်ပြီး ပုဇွန်တောင်မြို့နယ်တွင် ၈ လုံး၊ ပန်းပဲတန်းနှင့် တာမွေမြို့နယ်တို့တွင်
၆ လုံးတို့ ကျန်ရှိနေသည်ဟု သိရသည်။

ပြန်လည်ဆောက်လုပ်နေသည့် အဆောက်အအုံများကိုလည်း  ကြာချိန်ကို တစ်နှစ်ခွဲခန့် သတ်မှတ်ပေးထားကြောင်းနှင့် အသစ်ပြန်လည်ဆောက်
လုပ်နိုင်ခြင်း မရှိသေးသည့် အဆောက်အအုံများအတွက်လည်း
ဆောက်လုပ်လိုသည့် ကန်ထရိုက်များနှင့် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သို့သော် အဆိုပါအဆောက်အအုံအများစုမှ မူလနေထိုင်သူ
များအား အဆောက်အအုံမှ အခြားသို့ ပြောင်းရွှေ့စေခဲ့ပြီးဖြစ်သောကြောင့် 
အမြန်ဆုံး အသစ်ပြန်လည်ဆောက်လုပ်ပေးနိုင်ရန် အရေးကြီးနေသည်။

ရန်ကုန်မြို့တွင် ၁၉၉၄ ခုနှစ်မှ ယခုဒီဇင်ဘာလအထိ အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော  အဆာက်အအုံစုစုပေါင်း ၁၆၅၁ လုံးရှိကြောင်း၊ ယင်းအထဲတွင် အသစ်ပြန်လည်ဆောက်လုပ်မှု မပြီးစီးသေးဘဲ ကြန့်ကြာနေသည့် အဆောက်အအုံစုစုပေါင်း ၁၃၀ နီးပါး ကျန်ရှိနေပြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၃၅ လုံးဖြင့် အများဆုံးဖြစ်နေကြောင်း၊  အသစ်ပြန်လည်ဆောက်လုပ်မှု မပြီးစီးသေးခြင်းကြောင့် မူလနေထိုင်သူ အများစုမှာ အခြားနေရာတွင် ပြောင်းရွှေ့နေထိုင်ရကြောင်း၊ အများစုမှာ အိမ်ငှားနေထိုင်ရသည့် အခက်အခဲ များရှိနေကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် နှစ်အလိုက်အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့မှု

နှစ်                                 အရေအတွက်

၂၀၀၅                              ၁၈၉

၂၀၀၆                              ၁၂၅

၂၀၀၇                              ၈၂

၂၀၀၈                              ၈၃

၂၀၀၉                              ၉၀

၂၀၁၀                              ၁၇၀

၂၀၁၁                              ၁၈၉

၂၀၁၂                              ၆၇

Eleven Media Group

ယခုနှစ်၌ ရန်ကုန် မြို့တွင် အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံစုစုပေါင်း ၆၇ လုံး ရှိကြောင်း၊ ယင်းအထဲတွင် ၅၇ လုံးမှာ အသစ်ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်မြို

MRTV 4 ရုပ်သံလိုင်း မှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည့် ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား

MRTV 4 ရုပ်သံလိုင်း မှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည့် ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား
Saturday, 29 December 2012

၂၀၁၁ ခုနှစ်အတွက် အနုပညာပိုင်းဆိုင်ရာ ထူးချွန်သူတွေကိုဆုချီးမြှင့်
ပေးမယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားကြီးက မနက်ဖြန်ဆိုရင်ရောက်ရှိလို့လာပြီနော်။

ဒီဆုပေးပွဲကြီးမှာ ဘယ်သူတွေက ဘယ်လို ဆုတွေကို ဆွတ်ခူးကြမလဲ
ဆိုတာကိုလည်း ပရိသတ်ကြီးတို့နဲ့အတူတူ အနုပညာရှင်တွေကလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။

ပရိသတ်တို့ အနေနဲ့လည်း မိမိစိတ်ကူးလေးထဲက အကယ်ဒမီဆုပိုင်ရှင်တွေနဲ့ ထူးချွန် ဆုပေးပွဲကြီးမှာ ဆုရရှိမယ့် အနုပညာရှင်တွေနဲ့တစ်ထပ်တည်း
ကျမကျ ကို MRTV 4 ရုပ်သံလိုင်းမှ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ 
၃ နာရီ အချိန်ကနေ ည ၈ နာရီအချိန် အထိ တိုက်ရိုက် ထုတ်လွှင့်ပြသပေး သွားမှာဖြစ်တဲ့အကြောင်းကို သတင်းကောင်းပါးလိုက်ရပါတယ်။

မကြည့်လိုက်ရသူတွေအတွက် လည်း ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီကနေ ၅ နာရီအချိန်အထိ ပြန်လည် ထုတ်လွှင့်ပြသပေး သွား မှာဖြစ်ပါတယ်။

Mrtv-4၂၀၁၁ ခုနှစ်အတွက် အနုပညာပိုင်းဆိုင်ရာ ထူးချွန်သူတွေကို ဆု ချီးမြှင့်ပေးမယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားကြီးက မနက်ဖြန်ဆိုရင်ရောက်ရှိလို့လာပြီနော်။ 
ဒီဆုပေးပွဲကြီးမှာ ဘယ်သူတွေက ဘယ်လို ဆုတွေကို ဆွတ်ခူးကြမလဲ ဆိုတာကိုလည်း ပရိသတ်ကြီးတို့နဲ့အတူတူ အနုပညာရှင်တွေကလည်း

Volkswagen ထုတ်မည့် ဘီးမပါ၊ မြေမထိကား

Volkswagen ထုတ်မည့် ဘီးမပါ၊ မြေမထိကား 

ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။ 

Google က မောင်းသူမလိုတဲ့ ကား စမ်းသပ်ပြသလိုမျိုးပဲ ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုထဲမှာ တရုတ် ဇနီးမောင်နှံ က မောင်းပြပြီး မြို့ တွင်း လူစည်ကားလမ်းတွေမှာ အစွမ်းပြသွားပါတယ်။ တကယ့် ပရိုမိုးရှင်း ဗီဒီယိုထဲကလိုပဲ အပြင်မှာ တကယ် ဖြစ်လာတော့မယ်လို့ VW က ဆိုထား ပါတယ်။ 

ကားက နှစ်ယောက်စီး ဖြစ်ပြီး Joy Stick နဲ့ မောင်းရမှာ ဖြစ်ပါတယ်။ စတီယာရင်ဝီး မဟုတ်ပါဘူး။ ရှေ့ ဖန်သား မျက်နှာပြင်က tochscreen ဖြစ်ပြီး အချက်အလက်များကိုလည်း Display တစ်ခုလို ဖော်ပြ ပါတယ်။ ဥပမာ မြေပုံတွေကို ဖော်ပြတာမျိုး ဖြစ်ပါတယ်။ ကားမှာ အာရုံခံ စနစ်များ ပါဝင်ပြီး လူမောင်းစရာတောင် မလိုပဲ သူ့အလိုအလျောက် လည်း မောင်းနိုင်ပါတယ်။ အချိုး အကွေ့၊ လမ်းဆုံလမ်းခွ တွေမှာ ယဉ်အန္တရာယ် မဖြစ်အောင်လည်း အာရုံခံ စနစ် ပါတယ်။ ကီလိုမီတာ သတ်မှတ်ထားပြီး ယင်းကီလိုမီတာနဲ့ ကားရဲ့  ဦးတည်ချက်ကို တွက်ချက်ပြီး တိုက်နိုင်ချေရှိရင် ရပ်ပါတယ်။ ရှောင်သင့်ရင် အလိုအလျောက် ရှောင်သွားပါ တယ်။ 

ဘီးမပါဘူးဆိုတော့ ဘယ်လိုသွားမလဲလို့ စိတ်ဝင်စားကြပါတယ်။ အဓိကက သံလိုက်အီလက်ထရောနစ် စက်ကွင်းကို အခြေခံမှာ ဖြစ်ပါတယ်။ ကားမှ ထုတ်လွတ်တဲ့ Electromagnetic ဓာတ်က မြေပြင်ကို ထိခတ်လို့ အပေါ်ကို အလိုလို မြင့်တက်နေစေမှာ ဖြစ်ပြီး ဘယ်နေရာဖြစ်ဖြစ်မောင်း လို့ရအောင် တော့ VW ကထပ်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို အခုကားက သံလိုက်လျှပ်စစ်ဓာတ်ဆီးကြောင်း စီးဆင်းတဲ့ မြို့  လမ်း Network ပေါ် အခြေခံ မောင်းနှင်ခြင်း ဖြစ်ပြီး ယင်း Network မရှိတဲ့ နေရာတွေမှာ မောင်းနှင်နိုင်လည်း ကြိုးပမ်းယူလျက် ရှိပါတယ်။ 

၃၊၄ နှစ်အတွင်း ဖြစ်လာနိုင်ချေရှိတဲ့ ကားလို့ ခန့်မှန်းထားကြပြီး မောင်းနှင်ပြ တဲ့ ပရိုမိုးရှင်း ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

http://youtu.be/JWh2qT9yiTo

International news for myanmar
ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။ Google က မောင်းသူမလိုတဲ့ကားစမ်းသပ်ပြ သလို မျိုးပဲ ပြိုင်ဆိုင်မှုအနေနဲ့ ဘီးမလို မြေမထိကား ( Hover Car ) ကို ယခု လို ဗီဒီယိုနဲ့ မိတ်ဆက်ပြသပါတယ်။ ပရိုမိုးရှင်းဗီဒီယိုထဲမှာ တရုတ် ဇနီးမောင်နှံ က မောင်းပြပြီး မြို့ တွင်း လူစည်ကားလမ်းတွေမှာ အစွမ်းပြ

ကမ္ဘာ့တက်တူး အများဆုံး ထိုးသော ပုဂ္ဂိုလ်


ကမ္ဘာ့တက်တူး အများဆုံး ထိုးသော ပုဂ္ဂိုလ်
Saturday, 29 December 2012

ပုံမှာ မြင်တွေ့ရတဲ့ ပုဂ္ဂိုလ်ကတော့ ၂၀၀၆ ခုနှစ်ကစလို့ ယနေ့တိုင်အထိ 
ကမ္ဘာ့ တက်တူးအများဆုံး ထိုးသော ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ထားသူ Lucky Diamond Rich ဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံသားဖြစ်ပြီး လူဖြူလူမျိုး ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  တစ်ကိုယ်လုံး ပြည့်နေတဲ့ တက်တူးကြောင့် လူမည်းတစ်ဦးပမာ ထင်ချင်စရာ ရှိပါတယ်။ တက်တူးထိုးတာမှ မျက်ခွံအထဲထိတောင် ထိုးထားပါ တယ်။ ပြီးတော့ အမျိုးသား အစိတ်အပိုင်းပါမချိန် နေရာအားလုံး တက်တူး ထိုးထားသူ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ၁၀၀ ရာခိုင်နှုန်းပြည့် တက်တူး ထိုးထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၄၀ ကျော်ပြီဖြစ်တဲ့ ဆက်ကပ်အဖွဲ့သား တစ်ဦးဖြစ်ပြီး အာခေါင်ကို ဓားထိုး၊ စတန့်စက်ဘီး၊ ကျွန်းဘား၊ ဘောလုံးလက်ပစ် အစရှိသဖြင့် စတန့်ပြကွက်တော်တော်များများကိုလည်း ပိုင်နိုင်သူ ဖြစ်ပါတယ်။

အသက်ငယ်ငယ်လေးကတည်းက တက်တူးထိုးတာ ဝါသနာ ပါသူ ဖြစ်ပြီး ကမ္ဘာ့စံချိန်တင် တက်တူးထိုးသူများကိုလည်း လေ့လာစောင့်ကြည့်ခဲပါတယ်။ ထို့နောက် သူကိုယ်တိုင်လည်း တက်တူးအများဆုံး ထိုးနိုင်တယ်ဆိုပြီး တစ်နှစ်ထက် တစ်နှစ် တက်တူးများ ဆက်တိုက် ထိုးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ရောက်မှ မူလ တက်တူးအများဆုံး ပိုင်ဆိုင်သူ Tom Leppard ကို ကျော်လွန်ပြီး ကမ္ဘာ့နံပါတ် ၁ ဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ်။

သူ့ထက် တက်တူးထိုးသူ ပေါ်လာနိုင်ချေနည်းသွားပါပြီ။ ဘာလို့လဲ Lucky Diamond Rich ဟာ ယနေ့ချိန်ထိ တက်တူးထိုးခြင်းကို မရပ်တန့်သေး တဲ့ ဆေးမဲပေါ်မှာ တက်တူးဆေးဖြူများ ထပ်ထိုးလျက် ရှိကြောင်း သိရပါ တယ်။
---
Ref: wiki
International news for myanmarပုံမှာ မြင်တွေ့ရတဲ့ ပုဂ္ဂိုလ်ကတော့ ၂၀၀၆ ခုနှစ်ကစလို့ ယနေ့တိုင်အထိ
ကမ္ဘာ့တက်တူးအများဆုံးထိုးသော ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ထားသူ Lucky Diamond Rich ဖြစ်ပါတယ်။နယူးဇီလန်နိုင်ငံသားဖြစ်ပြီး လူဖြူ လူမျိုး ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့ တစ်ကိုယ်လုံး ပြည့်နေတဲ့ တက် တူးကြောင့် လူမည်းတစ်ဦးပမာ ထင်ချင်စရာ ရှိပါတယ်။ တက်တူးထိုး တာမှ မျက်ခွံအထဲထိတောင် ထိုးထားပါတယ်။ ပြီးတော့ အမျိုးသား

မူလတန်းကလေးမိဘများ သတိထားရန်

မူလတန်းကလေးမိဘများ သတိထားရန်
Saturday, 29 December 2012

စက်တင်ဘာ ၁၃ စက်တင်ဘာ ၁၃ ရက်နေ့က ရွှေပြည်သာမြို့နယ် ၁ ရပ်ကွက်ရှိ   အမက (၄၂) ဒုတိယတန်း (ဂ) မှ ကျောင်းသူမအေးပြည့်စုံ (၇) နှစ်၊ မစုဒါလီ (၈) နှစ်တို့သည် နေ့လည် ၁၁ နာရီကျော်က
ကျောင်းတက်ရန် ကျောင်းသို့ အလာ ကျောင်းနားရောက်ခါနီး တွင် 
အရပ် ၅ ပေခန့် အသားညို ပိန်ပိန်ပါးပါးအသက် (၃၀) ခန့် အမျိုးသမီးတစ်ဦးသည်ကလေးနှစ် ယောက်ကို နာရီဗူးကလေးများကို ပြ၍ “မဲနှိုက်ပေးမယ်လိုချင်ရင်   လိုက်ခဲ့”ဟု ခေါ်သွားရာ တညင်းကုန်း
ရထားသံလမ်းအရောက်တွင် မအေးပြည့်စုံ၏ ကိုးသောင်းကျပ် တန်ရွှေနားကပ်ကို ပြုတ်ကျသွားမယ်ချွတ်ပြီး ဗူးထဲထည့်ပေးထား မယ်”ဟု ပြောပြီး။ နားကပ်ကို ချွတ်၍ ဗူးထဲထည့်ကာ ဗူးကို မအေးပြည့်စုံထံ ပြန်ပေးထားလိုက်သည်။

လေတပ်ဘူတာမှ မြို့ပတ် ရထားစီး၍ အင်းစိန်ဘူတာဆင်း ပြီးနောက် အင်းစိန်ပန်းခြံမှ ရွှေပြည်သာသို့သွားသည့်ကား ပေါ်တင်ပေးကာစပယ်ယာကို
မြင်းလှည်းဂိတ်မှတ်တိုင်ချပေးရန် ပြောလွတ်လိုက်ပါသည်။ 

ကားဂိတ်တွင် ယောင်ပေပေဖြစ်နေသော  ကလေးနှစ်ယောက်ကို
ကျောင်းသားမိဘတစ်ဦးမှ ကျောင်းသို့ ခေါ်လာပြီး ကျောင်းအုပ်ကြီးထံ  အပ်နှံခဲ့သည်။ နားကပ်ထည့်ထား သော ဗူးကိုဖွင့်ကြည့်ရာ နားကပ် မရှိဘဲ ကျောက်ခဲလေးသာတွေ့ရ သည်။

ဤကဲ့သို့ဖြစ်စဉ်မျိုးကို မူလတန်း ကျောင်းများတွင် မကြာခဏဖြစ်ပေါ်
နေပါသည်။ ကလေးများကို  အိမ်မှ တစ်ဦးဦးကြို/ပို့ ပြုလုပ် သင့်ပါသည်။ ပို့သူမရှိရင်လည်း စိတ်ချယုံကြည်ရမည့်အဖော်များ  နှင့် ကြို/ပို့
လုပ်သင့်သည်။ အထူး သဖြင့် အရွယ်မရောက်သေးသည့်  ကလေးငယ်များကို ရွှေငွေလက် ၀တ်ရတနာဆင်မပေးတာကလေး များအတွက် အန္တရာယ်အကင်းဆုံး  ဖြစ်ကြောင်း ရေးသားတင်ပြလိုက်  ပါသည်။

ဝင်းနောင် (ရွှေပြည်သာ)
The Hot Newsစက်တင်ဘာ ၁၃ စက်တင်ဘာ ၁၃ ရက်နေ့က ရွှေပြည်သာမြို့နယ် ၁ ရပ်ကွက်ရှိ အမက (၄၂) ဒုတိယတန်း (ဂ) မှ ကျောင်းသူမအေးပြည့်စုံ (၇) နှစ်၊ မစုဒါလီ (၈) နှစ်တို့သည် နေ့လည် ၁၁ နာရီကျော် က ကျောင်း တက်ရန် ကျောင်းသို့ အလာ ကျောင်းနားရောက်ခါနီး တွင်အရပ် ၅ ပေ ခန့် အသားညို ပိန်ပိန်ပါးပါးအသက် (၃၀) ခန့် အမျိုးသမီး တစ်ဦးသည် ကလေးနှစ် ယောက်ကို နာရီဗူးကလေးများကို ပြ၍ “မဲနှိုက်ပေး မယ် လိုချင်ရင် လိုက်ခဲ့”ဟု ခေါ်သွားရာ တညင်းကုန်း ရထားသံလမ်း အရောက်တွင် မအေးပြည့်စုံ၏ ကိုးသောင်းကျပ် တန်ရွှေနားကပ်ကို ပြုတ်ကျသွားမယ်ချွတ်ပြီး ဗူးထဲ

မဒေးကျွန်း တရုတ်စီမံကိန်းတွင် အလုပ်သမား အများအပြား အလုပ်ဖြုတ်ခံရ


မဒေးကျွန်းတွင် တရုတ်က တည်ဆောက်နေသော ရေနက်ဆိပ်ကမ်း ပုံစံ ( ဓါတ်ပုံ- နိရဉ္စရာ)ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် တရုတ်မှ တည်ဆောက်နေသော ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းတွင် နေ့ စား အလုပ်သမား အများအပြားအလုပ်ဖြုတ်ခံရသည်ဟု သတင်း ရရှိ သည်။ကျွန်းပေါ်ရှိ ဒေသခံများက သူတို့ကိုသာ အလုပ်ခန့်ရန်နှင့် ပြင် ပ မှ လာရောက်သူများကို အလုပ်မခိုင်းရန် တောင်းဆိုရာမှ အလုပ်ဖြုတ်

မလေးရှားတွင် ရခိုင် ၃ ဦး ရက်စက်စွာ သတ်ဖြတ်ခံရ

Rubber-plantationsမလေးရှားနိုင်ငံ အ၀က်စတားမြို့ရှိ ရော်ဘာခင်းတစ်ခု၌အလုပ် လုပ်နေသော ရခိုင်အမျိုးသား ၃ဦး လည်လှီးသတ်ဖြတ်ခံရ သည်ဟု သတင်းရရှိသည်။ သတ်ဖြတ်ခံရသူများမှာ ကျော်တော်မြို့ နယ် ပေါက်တော ပလောင် ကျေးရွာ မှ (ဘ) ဦးဖိုးသာနှင့်

ဂျပန်က စီမံချက် သုံးမျိုးအတွက် မြန်မာကို ဒေါ်လာ ၃၂ သန်းခန့် ကူညီပေး

မြန်မာ့ စီးပွားရေး သတင်းများ  ဒီဇင်ဘာ ၂၉၊ ၂၀၁၂

ဂျပန်က စီမံချက် သုံးမျိုးအတွက် မြန်မာကို ဒေါ်လာ ၃၂ သန်းခန့် ကူညီပေး 

ဂျပန်အစိုးရက မြန်မာနိုင်ငံအတွက် စီမံချက်သုံးမျိုးအတွက် အမေရိကန် ဒေါ်လာ ၃၁.၇၅ သန်း ကူညီမည်ဟု သိရှိရသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကွန်ယက်များ၊ အစားအစာ လုံခြုံမှုနှင့် စီမံကိန်းဝင် မဟုတ်သော ကဏ္ဍများအတွက် ဂျပန်က ထိုသို့ကူညီရန် နေပြည်တော်တွင် သောကြာနေ့က နှစ်နိုင်ငံ လက်မှတ်ရေးထိုးလိုက်ကြကြောင်း ရန်ကုန်ရှိ ဂျပန်သံရုံး ကြေညာချက်အား ကိုးကား၍ ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ဆက်သွယ်မှု ပမာဏ တိုးမြင့်လာသည့်အလျောက် ဖွံ့ဖြိုးလာစေရန်အတွက် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ ကြီးများ၏ ပင်မ ကွန်ယက် ဖွံ့ဖြိုးရေးအတွက် ကူညီမည်ဖြစ်သည်။နေပြည်တော်၊ ဧရာဝတီတိုင်း၊ ပဲခူး (အရှေ့ခြမ်း)နှင့် ရန်ကုန်ရှိ လယ်ထွန်စက် စခန်းများကို ကူညီမည်ဖြစ်သည်။

စီမံကိန်းဝင် မဟုတ်သော ကူညီမှုအဖြစ် မြန်မာနိုင်ငံတွင် အလွန်ဆိုးရွားလှသည့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကိုမြှင့်တင်ပေးမည်ဟု ဆိုသည်။ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)ကလည်း မိုးလေဝသ ခန့်မှန်းချက်များ အဆင့်မြှင့်တင်နိုင်ရန်အတွက် ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူမြို့များတွင် ဒုတိယ ရေဒါစနစ်ကို ၂ဝ၁၃ ခုနှစ်ဦးပိုင်းတွင် တပ်ဆင်ပေးမည်ဟု သိရှိရသည်။


NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language

ဂျပန်အစိုးရက မြန်မာနိုင်ငံအတွက် စီမံချက်သုံးမျိုးအတွက် အမေရိကန် ဒေါ်လာ ၃၁.၇၅ သန်း ကူညီ မည်ဟု သိရှိရသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကွန်ယက်များ၊ အစားအစာ လုံခြုံမှုနှင့် စီမံကိန်း ဝင် မဟုတ်သော ကဏ္ဍများအတွက် ဂျပန်က ထိုသို့ကူညီရန် နေပြည်တော်တွင် သောကြာနေ့က နှစ်နိုင်ငံ
အိန္ဒိယ နိုင်ငံ နယူးဒေလီ မြို့ တော် မှာ အုပ်စု လိုက် မုဒိမ်းကျင့်ခံရတဲ့ အသက် ၂၃ နှစ် အရွယ် ဆေးပညာရပ် ဆိုင်ရာ ကျောင်းသူ လေးဟာ 
ဒီနေ့  မနက် အရုဏ် ကျင်းချိန် ဆေးရုံး မှာ ကွယ် လွန် သွားခဲ့ ပြီ လို့  သူ့  ကို အရေး ပေါ် ခွဲစိတ် ကုသ ပေး နေတဲ့ ဆရာဝန် က သတင်း ထုတ် ပြန် ပါတယ်။ 

ပုံမှာတွေ့ ရ တာ က ဒီလူမဆန် တဲ့ ရက်စက် မှု မှာ အဓိက ပါဝင် သူ တွေ ကို
ရဲတပ် ဖွဲ့  က အမြန်ဖော်ထုတ်ပေး ဖို့  နဲ့  အမျိုး သမီး အခွင့် အရေး တွေ ကို
ကာကွယ်စောင့် ရှောက်ပေး ဖို့  ပြည်သူ တွေ ကဆန္ဒ ပြ နေတာ ဖြစ်ပါတယ်။


အေးချမ်းမွန်မှ Freedom News Group(Burma)  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့ တော်မှာ အုပ်စုလိုက် မုဒိမ်းကျင့်ခံရတဲ့ အသက် ၂၃ နှစ် အရွယ် ဆေး ပညာရပ် ဆိုင်ရာ ကျောင်းသူ လေးဟာ ဒီနေ့ မနက် အရုဏ်ကျင်းချိန် ဆေးရုံးမှာ ကွယ်လွန်သွားခဲ့ပြီလို့  သူ့ ကို

“နောက်ထွက်ရှိလာမည့် Samsung Galaxy S4 တွင် S Pen ပါဝင်လာမည် ဖြစ်ကြောင်း သိရ”

“နောက်ထွက်ရှိလာမည့် Samsung Galaxy S4 တွင် S Pen ပါဝင်လာမည် ဖြစ်ကြောင်း သိရ”
------------------------------------------------------

Samsung ရဲ့နောက်ထက် Galaxy S မျိုးဆက်သစ် ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy S4 နှင့်ပတ်သက်သော အချက်အလက်များကတော့ အွန်လိုင်းတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လျှက်ရှိပါတယ်။ ယခုနောက်ဆုံးထွက်ရှိလာသော သတင်းများအရ Samsung Galaxy S4 တွင် Samsung Galaxy Note 2 ကဲ့သို့  S Pen ပါဝင်လာမည် ဖြစ်သလို Galaxy S4 ကို April 2013 တွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း လည်းသိရပါတယ်။

ထို့ အပြင် ယခင်ထွက်ရှိထားသော သတင်းများအရ Samsung Galaxy S4 တွင် Quad-Core Exynos 5440 Chipset ကိုအသုံးပြုထားမှာ ဖြစ်သလို ၅လက်မအရွယ် 1080p AMOLED Display၊ 13MP ကင်မရာ တို့ လည်းပါဝင်မှာ ဖြစ်တယ်လို့  သိရပါတယ်။ အကယ်၍ ယခုထွက်ရှိလာသော သတင်းများကဲ့သို့  Galaxy S4 တွင် S Pen ပါဝင်လာမည် ဆိုလျှင်တော့ Samsung Galaxy S4 သည် ပြိုင်ဘက်ဖုန်းများထက် Productivity ပိုင်းတွင်တော့ သာလွန်သော ဖုန်းတစ်လုံးဖြစ်လာမည် ဖြစ်ပါတယ်။ သို့ သော် သတိပြုရန် အချက်မှာ ယခုအချက်အလက်များသည် အွန်လိုင်းတွင် ထွက်ပေါ်လာသော သတင်းများကိုသာ အခြေခံထားသောကြောင့် ယခုအချက်အလက်များသည် အတည် ဟုတ်မဟုတ်ဆိုတာကတော့ စောင့်ကြည့်ဖွယ်ရာသာ ရှိပါတယ်။

Source : GSMArena
Samsung ရဲ့နောက်ထက် Galaxy S မျိုးဆက်သစ် ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy S4 နှင့်ပတ်သက်သော အချက်အလက်များကတော့ အွန်လိုင်းတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လျှက်ရှိပါတယ်။ ယခုနောက် ဆုံးထွက်ရှိလာသော သတင်းများအရ Samsung Galaxy S4 တွင် Samsung Galaxy Note 2 ကဲ့သို့  S Pen ပါဝင်လာမည် ဖြစ်သလို Galaxy S4 ကို April 2013 တွင် စတင်ရောင်းချသွားမည်

အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်မှုကြောင့် ဥပဒေပညာ သင်ယူသူ များလာပြီး စာရင်းစစ်များပါ ဥပဒေပညာ ပူးတွဲသင်ယူလာ

အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်မှုကြောင့် ဥပဒေပညာ 
သင်ယူသူ များလာပြီး စာရင်းစစ်များပါ ဥပဒေပညာ 
ပူးတွဲသင်ယူလာ
Saturday, December 29, 2012

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စတင်ဝင်ရောက်လာမှုနှင့်အတူ ဥပဒေပညာရှင်များ အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်လာမှုကြောင့် ဥပဒေပညာ လေ့လာသင်ယူသူ များပြားလာပြီး စာရင်းစစ် (Audit) များပါ ဥပဒေပညာကို ပူးတွဲသင်ယူလာကြကြောင်း ဥပဒေပညာရှင်များ အသိုင်းအ၀ိုင်းမှ ပြောကြားချက်အရ သိရသည်။

“ဥပဒေသင်တန်းတွေကို တက်ရောက်လာတဲ့သူတွေ ပိုပြီးများလာတယ်။ စီးပွားရေးနယ်ပယ်က လိုအပ်ချက်တွေကြောင့် Audit တွေပါ ဥပဒေသင်တန်းတွေ တက်လာတာကို တွေ့ရတယ်။ ရှေ့နေတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုလာမယ်လို့ထင်တယ်” ဟု  Legal Affairs ဥပဒေမဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးအယ်လ်ခွန်ရိန်ပန်က ပြောကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်
လာမှုနှင့်အတူ နိုင်ငံခြား ကုမ္ပဏီများက ပြည်တွင်းဥပဒေရေးရာ ကျွမ်းကျင်သူများ လိုအပ်လာမည်ဖြစ်သည်ဟု ဆိုသည်။

“ဥပဒေဘွဲ့ရတွေက စာတွေ့ပဲရှိပြီး လက်တွေ့မရှိတော့ ဥပဒေ
သင်တန်းတွေမှာ ဥပဒေဘွဲ့ရတွေလည်း တက်ရောက်နေတာရှိတယ်။ နယ်ပယ်စုံ အခြားလူငယ်တွေလည်း စိတ်ဝင်စားလာတာရှိတယ်” ဟု တရားလွှတ်တော်ရှေ့နေ၊ စာရေးဆရာ ဦးကျော်ဇေယျက ပြောကြားခဲ့သည်။

ဥပဒေသင်တန်းကို စိတ်ဝင်စား တက်ရောက်လာကြသူများတွင် အိမ်ခြံမြေလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများလည်း ပါဝင်နေသည်ဟု သိရသည်။ အသက် ၂၀ မှ ၃၀ နှစ်အကြား လူငယ်များက ဥပဒေပညာသင်ယူရန် ပိုမိုစိတ်ဝင်စားလာကြသည်ဟု ဆိုသည်။

“ဥပဒေပညာက လူတိုင်းတတ်သင့်တဲ့ ပညာရပ်ဖြစ်ပါတယ်။ မီဒီယာလုပ်ငန်း လုပ်ကိုင်နေသူ ဆိုရင်လည်း ဥပဒေပညာက အသုံးချ တန်ဖိုးမြင့်ပါတယ်။ ဒါမှအလုပ်ကို ချောချောမွေ့မွေ့ ကိုင်တွယ်နိုင်မှာဖြစ်ပြီး ဘောင်အတွင်းက အန္တ ရာယ်ကင်းကင်း ရေးသားနိုင်မှာ ဖြစ်ပါတယ်” ဟု ဥပဒေသင်တန်း တက်ရောက်နေသည့် သတင်းထောက်တစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်း လာရောက်
လုပ်ကိုင်သူ များလာသည်နှင့်အမျှ ဥပဒေရေးရာနှင့် ဘဏ္ဍာရေး ၀န်ဆောင်မှုပေးမည့် ကုမ္ပဏီများ လိုအပ်ချက်မြင့်မားလာပြီး နိုင်ငံခြားမှ Legal Frims များ လာရောက်ဖွင့်လှစ်မှုများလည်း ရှိလာခဲ့သည်။

စင်ကာပူနိုင်ငံ၏ Legal Firm တစ်ခုဖြစ်သည့် Rajah & Tann ကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ရန် အစီအစဉ် ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် အကြံပေးကုမ္ပဏီကြီး တစ်ခုဖြစ်သည့် နယ်သာလန်နိုင်ငံအခြေစိုက် KMPG ကရန်ကုန်မြို့တွင် ရုံးခန်းလာရောက်ဖွင့်လှစ်ပြီး ဖြစ်သည်။

Eleven Media Groupနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စတင်ဝင်ရောက်လာမှုနှင့်အတူ ဥပဒေ ပညာရှင်များ အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်လာမှုကြောင့် ဥပဒေ ပညာ လေ့လာသင်ယူသူ များပြားလာပြီး စာရင်းစစ် (Audit) များပါ ဥပဒေပညာကို ပူးတွဲသင်ယူလာကြကြောင်း ဥပဒေပညာရှင်များ

ပင်လယ်ပြင် ကင်းလှည့် သင်္ဘော တောင်တရုတ် ပင်လယ် အတွင်းသို့ ပထမဆုံး အကြိမ် တရုတ် စေလွှတ်


ပင်လယ်ပြင် ကင်းလှည့် သင်္ဘော တောင်တရုတ် ပင်လယ် အတွင်းသို့ ပထမဆုံး အကြိမ် တရုတ် စေလွှတ်

တရုတ်နိုင်ငံသည် Haixum 21 အမည်ရှိ ရဟတ်ယာဉ်ကွင်း ပါရှိသော ပင်လယ်ပြင်သွား ကင်းလှည့် သင်္ဘော တစ်စင်းကို ပထမဆုံး အကြိမ် တောင်တရုတ် ပင်လယ် အတွင်းသို့ ဒီဇင်ဘာ ၂၇ ရက်က စေလွှတ် ခဲ့ကြောင်း သိရသည်။

Haxium 21 သဘောင်္ကို ဟိုင်နန် ပင်လယ် ရေကြောင်း သွားလာရေး ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ဌာနက ထိန်းချုပ် သွားမည် ဖြစ်သည်။ 

အဆိုပါ သင်္ဘော သည် ပင်လယ်ရေကြောင်း သွားလာရေး ဆိုင်ရာ လုံခြုံမှု၊ ရေကြောင်း သွားလာရေး ဆိုင်ရာ မတော်တဆ ဖြစ်ရပ်များ စုံစမ်း စစ်ဆေးမှု၊ လေထု ညစ်ညမ်းမှု ဆိုင်ရာ စုံစမ်း စစ်ဆေးခြင်း၊ နိုင်ငံတကာ ဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် အညီ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ပင်လယ် ရေကြောင်း သွားလာမှု ဆိုင်ရာ ဗျူရို အဖွဲ့မှ ဒုတိယ အကြီးအကဲ ဟောင်ဟီ က ပြောကြားခဲ့သည်။

http://www.myawady.com.mm/allnews/global/item/3078-2012-12-29-10-18-33


တရုတ်နိုင်ငံသည် Haixum 21 အမည်ရှိ ရဟတ်ယာဉ်ကွင်းပါရှိသော ပင်လယ်ပြင်သွားကင်းလှည့် သင်္ဘော တစ်စင်းကို ပထမဆုံးအကြိမ် တောင်တရုတ် ပင်လယ်အတွင်းသို့ ဒီဇင်ဘာ ၂၇ ရက်က စေလွှတ်ခဲ့ကြောင်း

နောက်ထပ် သားတစ်ယောက် ရဦးမယ့် ရွန်းနီ

မန်ယူ တိုက်စစ်မှူးဝိန်းရွန်နီရဲ့ ဇနီးသည် ကောလင်း ရွန်နီက သူမ လွယ်ထားရတဲ့ ကိုယ်ဝန်ဟာ သားယောက်ျား လေး မွေးမှာဖြစ်ကြောင်းတွစ်တာ စာမျက်နှာ ပေါ်မှာ ဖော်ပြ လိုက်ပါတယ်။ ရွန်နီတို့ ဇနီး မောင်နှံဟာ ကိုင်ဝိန်းရွန်နီလို့ အမည်ရတဲ့ သား ဦးလေး တစ်ယောက် ထွန်းကားပြီးသားပါ။ အခု နောက်
ဂျူဗင်တပ် ဥက္ကဋ္ဌအင်ဒရီယာ အစ်ဂ်နယ်လီက ဒုတိယ နေရာမှလာဇီယိုကို ရှစ်မှတ်ဖြတ်ပြီး စီးရီးအေ၌ အမှတ်ပေး ဇယားထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိနေသော်လည်း မိမိတို့ချန်ပီယံမဖြစ်သေးကြောင်း ဝန်ခံ စကား ပြောကြားလိုက်သည်။ ဂျူဗင်တပ်သည် ပြီးခဲ့သည့် ပွဲစဉ် ၁၈ တွင်ကက်ဂလီယာရီအား ဂိုးပြတ် အနိုင် ရပြီး အမှတ်ပေး ဇယား ထိပ်ဆုံးတွင် အနီးဆုံး ပြိုင်ဘက်အား ရှစ်မှတ် ဖြတ် ထားကာ ဦးဆောင်လျက် ရှိနေ
အီရတ်နိုင်ငံတွင် လူနည်းစု ဆွန်နီမွတ်ဆလင်မ်များ စုရုံး၍ သောကြာနေ့ ဝတ်ပြုအပြီးတွင် အစိုးရဆန့်ကျင်ရေး အင်အားများပြားလှသည့် လူထုဆန္ဒပြပွဲကြီးကို စတင်ခဲ့ကြောင်း Reuters က ဖော်ပြသည်။ 

ရှီယိုက်မွတ်ဆလင်မ်ဖြစ်သူ ဝန်ကြီးချုပ် နူရီ အယ်လ် မာလီကိ အစိုးရအား ဆန့်ကျင်သည့် အနေဖြင့် ဆွန်နီမွတ်ဆလင်မ် ၆၀,၀၀၀ ခန့် စုရုံးကာ နိုင်ငံ၏ အဓိကအဝေးပြးလမ်းမကြီးကို တစ်ပတ်ကြာ ပိတ်ဆို့ဆန္ဒပြသွားမည်ဟု သိရှိရသည်။


Planet Myanmar Network
အီရတ်နိုင်ငံတွင် လူနည်းစုဆွန်နီမွတ်ဆလင်မ်များစုရုံး၍ သောကြာနေ့ ဝတ်ပြုအပြီးတွင် အစိုးရ

မက်ဆီကို နိုင်ငံ၏ရေအောက်ပြတိုက်

မက်ဆီကို နိုင်ငံ၏ရေအောက်ပြတိုက်

ဒီတစ်ခါတော့ ပြတိုက်လေးတစ်ခုကို ကြည့်ကြရအောင်ပါ၊ ကုန်းပေါ်က ပြတိုက်တွေကို ကြည့်ရတာ ရိုးနေသူတွေအတွက် ရေအောက်က ပြတိုက်ကို သွားကြည့်ကြမယ်။

မက်ဆီကို နိုင်ငံ၏ရေအောက်ပြတိုက်သည် ကမ္ဘာ့လှည့်ခရီးသည်များကို အံ့မခန်း ဆွဲဆောင်ထားပါသည်။ မက်ဆီကိုနိုင်ငံ ရေအောက်ပြတိုက်တွင် ကျောက်ဆစ် ပန်းပုရုပ်တုများ ကို ရေအောက် သန္တာကျောက်တန်းများနှင့်အတူ သဘာဝအလှနှင့်ထပ်ဟက် အက်စပ်နေစေရန် ထားရှိကာ ကမ္ဘာပေါ်မှထူးခြားသော ရေအောက်ပြတိုက် တစ်ခုဖြစ်ပါသည်.။ စာရင်းကိန်းဂဏန်း တွက်ချက်ထားမှုများအရ ထိုရေအောက်ပြတိုက် မက်ဆီကိုသို့ လာရောက်သည့် တစ်နှစ်လျှင် 

ကမ္ဘာလှည့် ခရီးသွားအရေအတွက်သည် 750,000 visitors ရှိသည်ဟုသိရပါသည်။ 
ထိုရအောက်ပြတိုက်တွင် ကျောင်းပန်းပုရုပ်တုများ၊ ကျောင်းပန်းရံများ၊ ကျောက်ပန်းဆွဲများနှင့် အခြားစိတ်ဝင်စားစရာလေ့လာစရာ များကိုထားရှီကြောင်းသိရပါသည်.။ထိုပြတိုက်၏အမည်ကိုတော့ Jason deCaires Taylor ဖြစ်ကြောင်းလည်း သိရပါသည်.။ ထိုပြတိုက်သည် မက်ဆီကိုနိုင်ငံ Caribbean ပင်လယ် အနီးတွင်တည်ရှိပြီး ဧရိယာအကျယ်အ၀န်းအနေ နှင့်ကတော့ 4520 squares feet (420 meters squares) အကျယ်အ၀န်းအတွင်း တည်ရှိပါသည်။

ကောင်းသော လိုအင်ဆန္ဒနဲ့ပြည့်စုံနိုင်ကြပါစေ...

မူရင်းလင့်ခ် http://www.underwatersculpture.com/ဒီတစ်ခါတော့ ပြတိုက်လေးတစ်ခုကို ကြည့်ကြရအောင်ပါ၊ ကုန်းပေါ် က ပြတိုက်တွေကို ကြည့်ရတာ ရိုးနေသူတွေ အတွက် ရေအောက် က ပြတိုက်ကို သွားကြည့်ကြမယ်။
မက်ဆီကို နိုင်ငံ၏ရေအောက်ပြတိုက်သည် ကမ္ဘာ့လှည့်ခရီးသည်များကို အံ့မခန်း ဆွဲဆောင်ထားပါသည်။ မက်ဆီကိုနိုင်ငံ ရေအောက်ပြ တိုက်တွင် ကျောက်ဆစ်ပန်းပုရုပ်တုများကို ရေအောက် သန္တာကျောက်

အမေရိကန်ဆရာများ သေနတ်ကိုင်ဆောင်ပြီး ကျောင်းတက်ခွင့် ရတော့မည်

အမေရိကန်ဆရာများ သေနတ်ကိုင်ဆောင်ပြီး ကျောင်းတက်ခွင့်
ရတော့မည်
Friday, 28 December 2012

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အများစုတွင် ကျောင်းဆရာ ဆရာမများကို လက်နက်ကိုင်ဆောင်ခွင့်ပြု တော့မည်ဖြစ်ကြောင်း သိရသည်။ နယူးတောင်းတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားနှင့် ဆရာများ သေနတ်ဖြင့် ပစ်သတ်ခံရမှုမျိုး နောက်တစ်ကြိမ် မဖြစ်ပွားစေလိုသဖြင့် ကာကွယ်ရန် ထိုသို့ ဆရာများကို သေနတ်ကိုင်ခွင့်နှင့် ပစ်ခတ်နည်း သင်တန်းများကိုပေးရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟုဆိုသည်။

အမေရိကန် အမျိုးသားရိုင်ဖယ်အသင်း (NRA) က လက်နက်ထိန်းချုပ်ရေးနှင့်
သေနတ်ကိုင်ဆောင်ခွင့်များကို ပြန်လည်ထိန်းချုပ်ရန် စဉ်းစားနေချိန်တွင် ထိုသို့ ဆန့်ကျင်ဘက်လုပ်ဆောင်ချက်များ ထွက်လာခြင်းကြောင့် လည်း အံ့အားသင့်ကုန်ကြရသည်။

လွှတ်တော်တွင် သေနတ်ကိုင်ဆောင်ခွင့်ကို ပယ်ဖျက်ရန် ကြိုးပမ်း
နေသူများက ကြိုးပမ်းနေချိန်တွင် ဆန်ဒီ ဟွခ် ကျောင်းတွင် ဖြစ်ပွားခဲ့သည့်
သေနတ်ပစ်မှုမျိုးနှင့် ကြေကွဲဖွယ် အဖြစ်ဆိုးမျိုးကို မကြုံလိုပါက၊
သေနတ်သမားကို ပစ်ခတ်နှိမ်နင်းခြင်းကသာ အဖြေဖြစ်ကြောင်း ဆုံးဖြတ်ကြခြင်းဖြစ်သည်။

NRA ကမူ ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်၊ နိုင်ငံအတွင်းရှိ ကျောင်းတိုင်းတွင် လက်နက်ကိုင် အစောင့်အရှောက် များ ထားရှိရန် အကြံပြုခဲ့သည်။ သို့ရာတွင် ယူတားနယ်ရှိ ပုဂ္ဂလိကကျောင်းများတွင် ဆရာများသည် လိုင်စင်ဖြင့် သေနတ်များကိုင်ဆောင်မှုကို ခွင့်ပြုပေးလိုက်ကြောင်း၊
သေနတ်များကို ဖုံးကွယ်ပြီး ကျောင်းသို့ယူဆောင် လာနိုင်ကြောင်း
ပြောသော်လည်း၊ ဆရာအများစုကမူ ထိုအမိန့်ကို မနှစ်သက်သဖြင့်
ငြင်းဆန်နေကြကြောင်း သိရသည်။

နယူတောင်းမြို့တွင် ဆရာများကို လက်နက်ကိုင်ဆောင်နည်း၊ ပစ်ခတ်
နည်းများကို အခမဲ့သင်တန်းပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
ထားသည်။ ထိုမြို့တွင် ကျောင်းဆရာ ၄၀၀ ခန့်ရှိသဖြင့် ထက်ဝက်ခန့် လာတက်မည်ဆိုလျှင်ပင် အားလုံးကို သင်တန်း ပေးရန်အတွက်
နေရာမရှိကြောင်း အာဏာပိုင်များက ပြောကြားထားသည်။ 

မောက္ခအမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အများစုတွင် ကျောင်းဆရာ ဆရာမများကို လက်နက်ကိုင်ဆောင်ခွင့်ပြု တော့မည်ဖြစ်ကြောင်း သိရ သည်။ နယူးတောင်းတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားနှင့် ဆရာ များ သေနတ်ဖြင့် ပစ်သတ်ခံရမှုမျိုး နောက်တစ်ကြိမ် မဖြစ်ပွားစေ လိုသဖြင့် ကာကွယ်ရန် ထိုသို့ ဆရာများကို သေနတ်ကိုင်ခွင့်နှင့်

ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် CPJ ကြိုဆို

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပြုတော့ မယ်လို့ ကြေညာလိုက်တဲ့အပေါ် နယူးယောက် အခြေစိုက် သတင်း သမားများ အကာအကွယ်ပေးရေးကော်မတီ CPJ က ကြိုဆိုလိုက် ပါတယ်။ ပုဂ္ဂလိက သတင်းစာတွေကို ၂၀၁၃ ခုနှစ် ဧပြီလ ၁ရက်နေ့က စပြီး စတင်ထုတ်ဝေခွင့် ပြုတော့မယ့်အကြောင်း မြန်မာ အစိုးရ ၊ ပြန်

ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ရမည်

မြန်မာနိုင်ငံမှာ နေ့စဉ်သတင်းစာတွေ ထုတ်ခွင့်ရတဲ့အခါမှာ လွတ်လပ် မျှတတဲ့ သတင်းတွေ ထုတ်ပြန်နိုင်ရေးမှာ သတင်းသမားတွေမှာလဲ တာဝန်ရှိတယ်လို့ မြန်မာနိုင်ငံသတင်းစာများအသင်း တာဝန်ရှိသူ တယောက်က ပြောလိုက်ပါတယ်။ လာမဲ့ နှစ် April လ ၁ ရက်နေ့က စလို့ လွတ်လပ်တဲ့ ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာတွေ ထုတ်ဝေ

အင်တာနက်အသုံးပြုမှု တရုတ် ပိုမိုထိန်းချုပ် -

အင်တာနက်အသုံးပြုမှု တရုတ် ပိုမိုထိန်းချုပ် -
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

တရုတ်နိုင်ငံက အင်တာနက်အသုံးပြုသူတွေအနေနဲ့ မှတ်ပုံတင်တဲ့အခါမှာ သူတို့ရဲ့ နာမည်အရင်းတွေကို အသုံးပြုရမယ်လို့ စည်းကမ်းသတ်မှတ်ပြီး အင်တာနက် အသုံးပြုသူတွေအပေါ် အစိုးရက ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်လိုက်တယ်လို့ အစိုးရ ပိုင် သတင်းဌာနက ကြေညာပါတယ်။
အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီရဲ့ ငါးရက်ကြာ အစည်းအဝေး နောက်ဆုံးနေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေ က အဲဒီကိစ္စကို အတည်ပြုခဲ့တဲ့အကြောင်း ဆင်ဟွာသတင်းဌာနက ကြေညာတာပါ။

ဒီလိုလုပ်ရတာဟာ အင်တာနက်အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ကာကွယ်ဖို့နဲ့ junk e-mail လို့ ခေါ်တဲ့ ကြော်ငြာတွေနဲ့ လိမ်ဖို့ကြိုးစားတဲ့ အီးမေးတွေလို မတော်တရော် လုပ်ရပ်တွေကို နှိမ်နင်းဖို့ ရည်ရွယ်တာဖြစ်တယ်လို့ တရုတ်တာဝန်ရှိသူတွေကပြောပါတယ်။
ဒါပေမဲ့လည်း နာမည်အရင်းကို အသုံးပြုရမှာကြောင့် အကျင့်ပျက်ခြစားမှုတွေနဲ့ တာဝန်ရှိသူတွေရဲ့ အာဏာအလွဲသုံးစားလုပ်မှု တွေအပေါ် လူတွေအနေနဲ့ နာမည်ရင်းမဖော်ဘဲ သတင်းပို့နိုင်မယ့်အခြေအနေကို ထိခိုက်စေမှာဖြစ်ပါတယ်။ 

http://burmese.voanews.com/content/china-internet/1574230.htmlတရုတ်နိုင်ငံက အင်တာနက်အသုံးပြုသူတွေအနေနဲ့ မှတ်ပုံတင်တဲ့ အခါမှာ သူတို့ရဲ့ နာမည်အရင်းတွေကို အသုံးပြုရမယ်လို့ စည်းကမ်း သတ် မှတ်ပြီး အင်တာနက် အသုံးပြုသူတွေအပေါ် အစိုးရက ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်လိုက်တယ်လို့ အစိုးရပိုင် သတင်း

အုပ်စုဖွဲမုဒိမ်းကျင့်ခံခဲ့ရသည့် အိန္ဒိယမိန်းကလေး ကွယ်လွန်သွားပြီဖြစ်


အုပ်စုလိုက် စော်ကားခံရတဲ့ အိန္ဒိယဆေးကျောင်းသူ သေဆုံး
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ လူစုလူဝေးနဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ် ဟာ ဆေးကုသမှုခံယူနေတဲ့ စင်္ကာပူနိုင်ငံ ဆေးရုံမှာ ကွယ်လွန်သွားပါပြီ။ အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူဟာ စနေနေ့ မနက်ပိုင်းက ငြိမ်းငြိမ်းချမ်းချမ်းပဲ ကွယ်လွန်သွားခဲ့တယ်လို့ စင်္ကာပူနိုင်ငံ Mount Elizabeth ဆေးရုံရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အထူးပြုလုပ်ထားတဲ့ အသက်ရှု အထောက်အပံ့ အမြင့်ဆုံး၊ အကောင်းဆုံး ပဋိဇီဝ ဆေးဝါးတွေ၊ ရောဂါပိုးဝင်ရောက်တာကို ရင်ဆိုင်နိုင်စေမယ့် ခွန်အားပြည့်ဆေးတွေနဲ့ ဆရာဝန်တွေက အစွမ်းကုန် ကြိုးစားခဲ့တယ်လို့ Mount Elizabeth ဆေးရုံ အမှုဆောင် အရာရှိချုပ် ဒေါက်တာ ကယ်ဗင်န် လို (Kevin Loh) က ပြောပါတယ်။

အမည် ထုတ်ဖော်ပြောမထားတဲ့ သူ့ရဲ့ မိသားစုဝင်တွေ သူ့ဘေးနားမှာ ရှိနေကြတယ်လို့လည်း ဒေါက်တာလိုက ပြောပါတယ်။ အမျိုးသမီးငယ်ဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့က နယူးဒေလီမြို့တော်မှာ အမျိုးသားအဖော်တဦးနဲ့အတူ ဘတ်စ်ကားနဲ့ ခရီးသွား နေချိန် ကားပေါ်ပါလာတဲ့ တခြား အမျိုးသားအုပ်စုတစုက သူတို့နှစ်ယောက်စလုံးကို သံတုတ်နဲ့ရိုက်၊ အမျိုးသမီးငယ်ကို မုဒိန်း ကျင့်ပြီး ဘတ်စ်ကားပေါ်ကနေ ပစ်ချခဲ့တာပါ။

မုဒိန်းကျင့်ပြီး လူသတ်ဖို့ကြိုးစားခဲ့မှုနဲ့ စွပ်စွဲပြီးတော့ သံသယရှိသူ ခြောက်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ သူ့ကို ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယကနေ စင်္ကာပူနိုင်ငံဆီ လေကြောင်းခရီးနဲ့ ပို့ခဲ့တာဖြစ်ပြီး အဲဒီလုပ်ရပ်အပေါ် အိန္ဒိယမှာရှိတဲ့ ဆေးဘက် ဆိုင်ရာကျွမ်းကျင်သူတွေက ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။ 

http://burmese.voanews.com/content/gand-rape-victim-die-at-singapore-/1574219.html

အမျိုးသား ၆ ဦး၏ အုပ်စုဖွဲ့ ရိုက်နှိက်ကာ မုဒိမ်းကျင့်ခံခဲ့ရပြီး စင်ကာပူနိုင်ငံ Mount Elizabeth တွင် ဆေးကုသမှုခံယူနေရသည့် အိန္ဒိယမိန်းကလေးမှာ ဒီဇင်ဘာ ၂၉ ရက် စင်ကာပူဒေသစံတော်ချိန်