Friday, 1 February 2013

ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယား မိန့် ခွန်း

ကျမပြောရရင်ဘယ်နိုင်ငံ အတွက်ချမ်းသာရင် ချမ်းသာပါစေ ကျမ တို့ ပြည်သူ အတွက်ရုန်းကန်ရရင်ကျမကျေနပ် တယ် ဒါကိုကျမ စိတ်ထဲ မှာ အသင့် တော် ဆုံးနေ၇ာဘဲ ကျမအကြိုက်ဆုံးနေရာဘဲလိုကျမ စိတ်ထဲမှာဒီလို ဘဲမြင် တယ်နောက်ပြီးတော့ တခြားနိုင်ငံတွေလိုဘဲသင်ယူစရာတွေရှိပါတယ်
ကို့ ယ်နိုင်ငံရဲ့ ပုံစံဟာတခြားနိုင်ငံတွေနဲ့ တူစရာမလိုပါဘူး တခြားနိုင်ငံတွေ ကကောင်းတဲ့ အချက်တွေရှိသလိုလိုလားတဲ့ ကိစ္စမလိုလားတဲ့ ကိစ္စတွေရှိပါ တယ်။

ကော်ဘရာဂိုးလ် Cobra Gold စစ်ရေးလေ့ကျင့်မှုသို့ မြန်မာမှ အရာရှိနှစ်ဦးစေလွှတ်မည်

Photo: ကော်ဘရာဂိုးလ် Cobra Gold စစ်ရေးလေ့ကျင့်မှုသို့
မြန်မာမှ အရာရှိနှစ်ဦးစေလွှတ်မည်
Friday, 01 February 2013

ယခုလအတွင်း ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် ကော်ဘရာဂိုးလ်
Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူနိုင်ငံအဖြစ် ဖိတ်ကြားခံထားရ သော မြန်မာမှ အရာရှိနှစ်ဦး စေလွှတ်သွား
ရန် ရှိနေကြောင်း ထိုင်းစစ်တပ် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဖေဖေါ်ဝါရီ ၁၁ မှ ၂၁ အထိပြုလုပ်မည့် ယင်းစစ်ရေးလေ့ကျင့်မှုသို့ မြန်မာသည် ပထမဆုံးအကြိမ်အဖြစ် ပါဝင် လေ့လာမည်ဖြစ်သည်။

ထိုင်းတပ်မတော်၏ ပူးတွဲစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်
တန်ချီယန် ဆရီဆူဝမ်က မြန်မာသည် ယခုစစ်ဆင်ရေးသို့  လေ့ လာရေးကိုယ်စားလှယ် စေလွှတ်သော နိုင်ငံပေါင်း ၁၀၁ နိုင်ငံမှ တစ်ခုအပါအဝင် ဖြစ်ကြောင်း ဆိုသည်။

ယခုနှစ် ကော်ဘရာဂိုးလ်စစ်ဆင်ရေးတွင် ထိုင်း၊ အမေရိကန်၊
စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားတို့မှ စစ်သားဦးရေ
၁၂,၇၀၀ ဦး ပါဝင်မည် ဖြစ်ကာ ချွန်ဘူရီနှင့် ရာယွန် ပြည်နယ်များတွင် ကမ်းတက်စစ်ဆင်ရေး လေ့ကျင့်ခန်းများလည်း ပြုလုပ်ကြမည် ဖြစ်သည်။

ထိုင်းနှင့် အမေရိကန် ပူးတွဲ၍ နှစ်စဉ်ပြုလုပ်သော ကော်ဘရာဂိုးလ် စစ်ဆင်ရေးသည် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနှင့် သဘာဝဘေး အန္တရာယ် စောင့်ရှောက်ရေး လေ့ကျင့်မှုများကို အဓိကပြုလုပ်သော စစ်ဆင်ရေးဖြစ်သည်ဟု သိရသည်။

Ref: Bangkok Post
The Myanma Age

ယခုလအတွင်း ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် ကော်ဘရာဂိုးလ် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူနိုင်ငံအဖြစ် ဖိတ်ကြားခံထား ရ သော မြန်မာမှ အရာရှိနှစ်ဦး စေလွှတ်သွားရန် ရှိနေကြောင်း ထိုင်း စစ်တပ် ထိပ်တန်းတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

KIA အထက်ပိုင်းခေါင်းဆောင်အချို့ ဌာနချုပ်မှ ခရီးထွက်နေ

KIA အထက်ပိုင်းခေါင်းဆောင်အချို့ ဌာနချုပ်မှ ခရီးထွက်နေ
Friday, 01 February 2013

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာအနီးရှိ အဓိကကျသော လုံခြုံရေး တပ်စခန်းများကို အစိုးရတပ်မှ သိမ်းပိုက်ခဲ့ပြီး
နောက် KIO အထက်ပိုင်း အရာရှိအချို့ လိုင်ဇာဌာနချုပ်မှ ခရီးထွက်
နေကြောင်း သိရသည်။

အဆိုပါ KIO ထိပ်ပိုင်းအရာရှိများ လိုင်ဇာဌာနချုပ်မှ ခရီးထွက်နေခြင်းနှင့် ပတ်သက်၍ လုံခြုံရေးအရနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စများကြောင့်
ဖြစ်နိုင်ကြောင်း KIA အရာရှိများပြောသည်။

ဌာနချုပ်နယ်မြေ လိုင်ဇာရှိ KIA ၏ အမာခံ တပ်စခန်းများကို အစိုးရစစ်တပ်မှ တိုက်ခိုက်သိမ်းယူထားပြီး ဖြစ်သောကြောင့် အစိုးရစစ်တပ်မှ အချိန်မရွေး ၀င်ရောက်သိမ်းပိုက်နိုင်သည့် အခြေအနေဖြစ်၍ လိုင်ဇာမြို့၏ လုံခြုံရေးအရ အထက်ပိုင်း ခေါင်းဆောင်များ စိုးရိမ်နေရချိန်လည်းဖြစ်သည်ဟု ကချင်
လွတ်လပ်ရေးအဖွဲ့ (KIO) ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘား ဒွဲပီဆာပြောသည်။

“သူတို့က မပြောတတ်ဘူး သမ္မတက လိုင်ဇာ(ထိုးစစ်) မ၀င်ဘူးဆိုပြီးပြောတယ်။ တချို့ကဆွေးနွေးရအောင် ပြောတယ်။ တချို့ကချေမှုန်းရအောင်ပြောတယ်။ သူတို့လည်း အမျိုးမျိုးပြောနေတော့ ကျနော်တို့လည်း မခန့်မှန်းနိုင်ဘူးလေနော်။ အဲဒါကြောင့် အရင်ကလိုတော့ မအိပ်ရဘူး၊ မနေရဘူး။ အရင်နဲ့ မတူအောင်တော့ သွားလာနေရတာပေါ့။ တိုက်ပွဲရဲ့ အခြေအနေအရ နေရတာပေါ့။ စစ်ဖြစ်တယ်ဆိုတော့ လွတ်အောင်တော့ လှုပ်ရှားရတယ်လေ။” ဟု ပြောသည်။

ယခုချိန် KIO ဌာနချုပ်နယ်မြေမှ ခရီးထွက်နေသော အရာရှိများသည် အထက်ပိုင်း ခေါင်းဆောင်အချို့ဖြစ်ပြီး အရပ်ဖက်အုပ်ချုပ်ရေးဌာနနှင့် လုံခြုံရေးဌာနများ၊ ဒုက္ခသည်စောင့်ရှောက်ရေး ဌာနများသည် သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

မည်သည့်ခေါင်းဆောင်များဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပဲ ထိုသို့ခရီးထွက်နေခြင်းသည် ရှေ့ဆက်လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စများကြောင့်  ဖြစ်သည်ဟု လိုင်ဇာအုပ်ချုပ်ရေးမူး ဗိုလ်မှူး ကရဲန်နော်အောန် (Kareng Naw Awn) KNG ကချင်သတင်းဌာန
သို့ပြောသည်။

“သူတို့ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး သွားလာတာဟုတ်တယ်။ ဌာနချုပ်နဲ့ ပတ်သက်ပြီးသွားတယ်။ UNFC နဲ့ပတ်သက်ပြီးသွားတာရှိတဲ့။ သူတို့အပိုင်းနဲ့ သူတို့ပေါ့။ အဲလိုနဲ့ သွားလာနေကြတာဟုတ်တယ်။ လိုင်ဇာမှာနေတဲ့ လူတွေလည်းရှိတယ်။” ဟု ပြောသည်။

လိုင်ဇာမြို့တွင်းသို့ အစိုးရတပ်များဝင်ရောက်လာပါက ပြည်သူလူထုနှင့် ဒုက္ခသည်များလုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးရန် စီစဉ်မှုရှိကြောင်း ပြောဆိုသော်လည်း လိုင်ဇာမြို့တွင် ခိုလုံနေသော ဒုက္ခသည်လူထုများသည် အစိုးရ၏ လှုပ်ရှားမှုများကို စိုးရိမ်ပူပန်နေသည်။

ယခုချိန်တွင် အစိုးရတပ်စခန်းဖက်မှ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း
မရှိသေးသော်လည်း အစိုးရတပ်ဖက်မှ လှုပ်ရှားလာလျင် ခုခံပစ်ခတ်ရန် 
KIA ဖက်မှလည်း အဆင်သင့်ပြင်ဆင်ထားရကြောင်း KIA တပ်မဟာ (၅) ရှေ့တန်းမှ အရာရှိတစ်ဦး ပြောသည်။

“ကျွန်တော်တို့လည်း စစ်ရေးအရ စီစဉ်စရာရှိတာတွေ စီစဉ်နေတယ်။ သူတို့ဘယ်လိုပြန်လုပ်လာမယ်ဆိုတာကို စောင့်ကြည့်နေတယ်။ ကျွန်တော်တို့ဖက်ကနေ သွားပစ်လို့လည်းမရ၊ သူတို့လိုမျိုး စစ်လက်နက် အင်အားကြီးတာလည်း မဟုတ်ဘူးဆိုတော့။ အခြေအနေက သူတို့ပစ်ရင် ကျွန်တော်တို့လည်း ခုခံပစ်ရမှာပဲ။” ဟု  ပြောသည်။

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေးနိုင်ရန် ‘၀’ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က  ပန်ဆန်းမြို့သို ဖိတ်ခေါ်ထားပြီး နှစ်ဖက်စလုံးမှ သဘောတူ လက်ခံခဲ့သော်လည်း မည်သည့်ရက်တွင် တွေ့ဆုံမည်ကို မသိရသေးပေ။

ခရီးထွက်နေသည့်အဖွဲ့မှ KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်၊ ဗိုလ်မှူးကြီး ဝေါ့ခရုန်း လဖိုင်ဆင်ဝါး၊ ဗိုလ်မှူးကြီး ဂေါ့လူလအောင် တို့အဖွဲ့သည် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) အပါအ၀င် ဂျပန်နိုင်ငံ လွှတ်တော်အမတ် Mr. Michihiro Ishibashi ဦးဆောင်သော အဖွဲ့များနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇန်န၀ါရီလ ၁၆ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကချင်သတင်းဌာန

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာအနီးရှိ အဓိကကျသော လုံခြုံရေး တပ်စခန်းများကို အစိုးရတပ်မှ သိမ်းပိုက်ခဲ့ပြီး
နောက် KIO အထက်ပိုင်း အရာရှိအချို့ လိုင်ဇာဌာနချုပ်မှ ခရီး ထွက်နေကြောင်း သိရသည်။

မြန်မာ့တပ်မတော်စစ်ဆင်ရေးများတွင် ကျည်ကာအင်္ကျီနှင့် ဦးထုပ်များစတင်အသုံးပြု

Photo: မြန်မာ့တပ်မတော်စစ်ဆင်ရေးများတွင် ကျည်ကာအင်္ကျီနှင့် ဦးထုပ်များစတင်အသုံးပြု
Friday, 01 February 2013

ကချင်ပြည်နယ်တွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော
မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များအတွက် ကျည်ကာအင်္ကျီနှင့် ဦးထုပ်များကို တပ်ဆင်ပေးထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ 

မှန်ပါတယ်။ တပ်မတော်သားတွေကို ကျည်ကာအင်္ကျီနှင့် ဦးထုပ်တွေ ထုတ်ပေးထားပါ တယ်။ဒီပစ္စည်းတွေဟာ ပြည်ပနည်းပညာအသုံးပြုပြီး
နိုင်ငံအတွင်းမှာ ထုတ်ပေးနေတာပါ။ တဖြေးဖြေးနဲ့ တပ်မတော်သား
အားလုံးကို ထုတ်ပေးသွားမှာပါဟုပြောဆိုသွားသည်။ 

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွင်း KIA နှင့် ABSDF မြောက်ပိုင်းတို့မှ တပ်ဖွဲ့ဝင်အချို့ ကျည်ကာအင်္ကျီဝတ်ဆင်
ထားသည် ကိုသတင်းဓာတ်ပုံများတွင် တွေ့ရှိရသည်။ 

ကချင်ပြည်နယ်ရှိ တပ်ဖွဲ့ဝင်များအားကျည်ကာအင်္ကျီနှင့် ဦးထုပ် များ
ထုတ်ပေးထားကြောင်းကိုလဲ လဂျားယန်စခန်းတွင်တာဝန်ထမ်းဆောင်
နေသည့်အရာရှိတစ်ဦး မှလည်း ၎င်း၏ Facebook စာမျက်နှာတွင်
ဖော်ပြထားသည်။

အမေ့အိမ်
ဓာတ်ပုံ - Opposite Eye

ကချင်ပြည်နယ်တွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသော မြန်မာ့ တပ်မတော်မှ တပ်ဖွဲ့ဝင်များအတွက် ကျည်ကာအင်္ကျီနှင့် ဦးထုပ်များကို တပ်ဆင်ပေးထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦး က ပြောကြားခဲ့သည်။

လှိုင်သာယာမြို့နယ် Star Light ကုမ္ပဏီပိုင်မြေတွင် လူအုပ်စုလိုက်မြေနေယာဝင်ရောက်ဦးယူမြေကွက်ရိုက်မှုများဖြစ်ပွား

လှိုင်သာယာမြို့နယ် အောင်ဇေယျတံထားအဆင်း ပီမိုးနင်း လမ်းမ ကြီးနံဘေး ရှိ Star Light ကုမ္ပဏီပိုင်မြေတွင် ဖေဖော်ဝါရီ ၁ ရက်ည ပိုင်းကစတင်ကာ လူအုပ်စုလိုက်မြေနေယာဝင်ရောက် ဦးယူမြေကွက် ရိုက်မှု များဖြစ်ပွားလျက်ရှိရာ ယနေ့ညနေပိုင်းအထိ သက်ဆိုင်ရာ ကုမ္ပဏီ ၀န်ထမ်းများနှင့် မြေလာရောက်ဦးယူသူ များကြား ပြသာ ကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း ယင်းနေရာသို့ သွားရောက် သတင်းယူနေသော 7Day News သတင်းထောက်က သတင်းပေး

အစ်မဖြစ်သူနှင့် အောင်သွယ်ပေးရန်ခေါ်ဆောင်ကာ သားမယား အဖြစ်ပြုကျင့်သူအား အရေးယူ



၃၀-၁-၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေ ဒေါ်xxx (၅၅)နှစ် သည် နေအိမ်တွင်ရှိနေစဉ် ညီမဖြစ်သူ မxxxx(၄၆)နှစ်မှ ခဏလိုက်ခဲ့ရန်လာခေါ်သဖြင့် လိုက်သွားခဲ့ရာ သာကေတမြို့နယ်၊ ဂန္ဓမာလမ်းထိပ်တွင် သမီးဖြစ်သူ မxxxx(၁၄)နှစ်နှင့် ခင်ထွန်း(၁၅)နှစ်တို့အား လူ အများ ၀ိုင်းအုံကြည့်နေသည်ကိုတွေ့ရှိခဲ့ရသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်အား သာသနာရေး ၀န်ကြီးအဖြစ် ရာထူးမှမပြောင်းရွှေ့ရန်ဒေသခံများတောင်းဆို


ပန်းတနော်-ဖေဖော်ဝါရီ၁
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ရာထူးမှ မပြောင်းရွှေ့ရန် ဒေသခံတောင် သူနှင့် ရေလုပ်သားအင်အား ၁၀၀၀ခန့်က က ယနေ့နံနက်၁၀ နာရီခန့် တွင် ပန်းတနော်မြို့အ၀င် ဘော်လုံးကွင်းတွင် ဆန္ဒပြတောင်းဆို ခဲ့ကြ သည်။

Clinton နိုင်ငံခြားရေးဝန်ကြီးအဖြစ် နောက်ဆုံးမိန့်ခွန်းပြော

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ဟာ နိုင်ငံခြားရေး ဝန်ကြီး တယောက်အနေနဲ့ နောက်ဆုံးမိန့်ခွန်းကို ကြာသပတေးနေ့ က ပြောကြားခဲ့တာမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအရေး ကိစ္စတွေမှာ အမေရိကန်ပြည်ထောင်စုက သက်ဆိုင်ရာဒေသတွင်း နိုင်ငံတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အကြောင်း

မြန်မာ မြန်မာ့ပြုပြင်ပြောင်းလဲရေး HRW စိုးရိမ်

မြန်မာနိုင်ငံရဲ့ ရှေ့ဆက်သွားနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေ အပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့ လာရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိပြု ပင်ပြောင်းလဲမှုတွေ ဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်း သွားစေရုံလောက်ပဲ လုပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအဖြစ် မြင်တယ်လို့

ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ သိမ်မွေ့စွာ ကိုင်တွယ်ရမယ့်၊ ထိလွယ်ရှလွယ် အဆင့်ကို ရောက်ရှိနေ ပြီလို့ နိုင်ငံတော် သမ္မတပြော

 
 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြော ကြားသည့် မိန့်ခွန်း

(၁ - ၂ - ၂၀၁၃)

အမေရိကန်သံရုံး(ရန်ကုန်)ထုတ်ပြန်ချက်အပေါ် အငြိမ်းစားစစ်သည်ဟောင်းတစ်ဦး၏ တုန့်ပြန်ချက်



အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ ကချင်ပြည်နယ် တွင် ဖြစ် ပွားနေသောစစ်ပွဲများအတွက် အလွန်ပင်စိုးရိမ်ပူပန် လျက်ရှိကြောင်း သိရှိ ရသည့်အတွက် ကျွန်တော်တို့မှလည်း ကျွန်တော်တို့နိုင်ငံကို စိတ်ဝင်တစား ရှိသည့်အတွက် အလွန်ပင် ဝမ်းသာဂုဏ်ယူမိပါကြောင်း ဦးစွာပြောကြား လိုပါတယ်။ ကျွန်တော်ကတော့ ယခုအချိန်မှာ တိုင်းပြည်တာဝန်တွေကို ကျွန်တော့ သက်တမ်း၆၀ ပြည့်သည်အထိ ကျရာတာဝန်ကို ရောက်ရာဒေ သမှာ ကျေပွန်စွာတာဝန်ထမ်းဆောင်ပြီးလို့ ကျွန်တော်လေးစား ချစ်ခင် တွယ်တာခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ တပ်မတော်ရဲ့သတင်းတွေကို

မိုဘိုင်းဖုန်းဈေး အဆများစွာ လျော့ချပေးမည်

ရန်ကုန်၊ ဇန်န၀ါရီလ ၂၈

မိုဘိုင်းဖုန်း နှုန်းထားများကို အတိအကျ ပြောသော်လည်း ပြည်သူအများမျှော်လင့်ထားသည့် ဈေးနှုန်းနှင့် ကိုက်ညီစေရန် အဆများစွာ ဈေးလျော့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး၊ နည်းပညာနှင့် အချက် အလက်ဝန်ကြီးဌာနမှာ ဒုဝန်ကြီးဦးဝင်းသန်းက ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သည့်ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင် ပြောကြား သွားသည်။

အီတလီမှ တိုက်သစ်တော

အီတလီမှ တိုက်သစ်တော
Thursday, January 31, 2013

အီတလီနိုင်ငံ၊ မီလန်မြို့ မှာ ကြိုးစားပန်းစားနဲ့ တည်ဆောက်လျက် ရှိတဲ့ သစ်တော ဖြစ်ပါတယ်။

စက်မှုထွန်းကားတဲ့ မြို့ ကြီးပြကြီးမှာ စိမ်းလမ်းတဲ့ သစ်တော တစ်ခု ဖြစ်လာ ဖို့ မြေနေရာ သီးသန့်ရှာမနေတော့ပဲ ၂၇ ထပ်တိုက် နှစ်လုံးနဲ့ သဘာဝ ကျအောင် ဖန်တီးတော့မှာ ဖြစ်ပါတယ်။ ဒီတော့ စုစုပေါင်း အကျယ်အဝန်းက စတုရန်း မီတာ ၁သောင်း ရှိပါတယ်။ ယင်း ပေပေါင်း ထောင်ချီမြင့်မယ့် ၂၇ ထပ် အမွာတိုက်နှစ်လုံးမှာ သစ်ပင်ပေါင်း ၇၃၀၊ မြေဖုံးအပင်သေးပေါင်း ၁၁၀၀၀၊ ချုံပင် ပေါင်း ၅ထောင် မက စိုက်ပျိုးမှာ ဖြစ်ပါတယ်။

နောက်ဆိုရင် အပင်တွေပါ မကတော့ပဲ တိရစ္ဆာန်များပါ နေထိုင်နိုင်အောင် ဖန်တီးအုံးမှာ ဖြစ်ပါတယ်။ ဒီတော့ တိုက်အမြင့်ကနေ ခုန်မချနိုင်ပဲ၊ ခုန်မချ ချင်ပဲ သားရဲ တိရစ္ဆာန်များ နေထိုင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ အခြေ အနေ တော့မဟုတ်ပါဘူး။ သို့ပေမယ့် လက်ရှိ ပထမအဆင့်အနေနဲ့ ကတော့ စိမ်းလမ်းစိုပြေတဲ့ တိုက်နှစ်လုံး ဖြစ်အောင် ဖန်တီးမှာ ဖြစ်ကြောင်း သိရပါ တယ်။
--
Ref: rarefacts
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_1979.html

--
အီတလီနိုင်ငံ၊ မီလန်မြို့ မှာ ကြိုးစားပန်းစားနဲ့ တည်ဆောက်လျက်ရှိတဲ့ သစ်တော ဖြစ်ပါတယ်။
စက်မှုထွန်းကားတဲ့ မြို့ ကြီးပြကြီးမှာစိမ်းလမ်းတဲ့ သစ်တောတစ်ခု ဖြစ် လာဖို့ မြေနေရာ သီးသန့်ရှာမနေတော့ပဲ ၂၇ ထပ်တိုက် နှစ်လုံးနဲ့ သဘာဝကျအောင် ဖန်တီးတော့မှာ ဖြစ်ပါတယ်။ ဒီတော့ စုစုပေါင်း