သံတွဲမြို့
သဗြုချိုင်ကျေးရွာမှာ မနေ့ကအကြမ်းဖက်ခံရမှုကြောင့်
သေဆုံးသူများရှိခဲ့သော်လည်း အချို့မှာ မည်သူမည်ဝါဟု၍လည်း မသိရှိနိုင်သေး
တာကြောင့် သေဆုံးသူဦးရေကို အတိအကျ မပြောနိုင်သေးပဲ ထိုအထဲမှ ၅-ဦးအား ယနေ့
နေ့လည်က သံတွဲမြို့တွင် အစ္စလာမ်ဘာသာထုံးစံ အတိုင်း မြှုပ်နှံ လိုက်ပြီ
ဖြစ် ပါတယ်။
Wednesday, 2 October 2013
မန်ယူ သို့ မပြောင်းမီ အာဆင်နယ် တွင် ရော်နယ်ဒို လေ့ကျင့် ခဲ့
အာဆင်နယ် မှာ ၎င်းတို့ အသင်း သမိုင်းတွင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ကို ခေါ်ယူ ရန် နီးစပ် ခဲ့ပြီးမှ လက်လွတ် ခဲ့ရကြောင်း နည်းပြ အာစင်ဝင်းဂါး က ၀န်ခံ ခဲ့သည်။
အာရှမှ အမျိုးသားများ လိင်အကြမ်းဖက်ခြင်း
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အာရှတိုက်နေ အမျိုးသားများကို report ထုတ်ပြန်ခဲ့ရာမှာ အမျိုးသား လေး ဦး မှာတစ်ဦးဟာ ကာမကျူးလွန် မှုပြုနေကြတယ်လို့ ထုတ်ပြန်ထားပါ တယ်။
ကမ္ဘာ့ အဆိပ်ပြင်း ဆုံး ရေဘဝဲ
အပြာရောင် အကွင်း အကွင်း လေး တွေ ပါရှိတဲ့ အတွက် သူ့ကို အင်္ဂလိပ် လို Blue - ringed octopus လို့ခေါ် ပါတယ်။ အိန္ဒိယ သမုဒ္ဒရာ၊ ပစိဖိတ် မုဒ္ဒရာ တို့မှာ ပို အတွေ့များပါတယ်။ သန္တာေ ကျာက် တန်းတွေ ကြား ထဲမှာ နေထိုင် တတ် ပါတယ်။
ယာဉ်အားမဆင်မခြင်မောင်းနှင်၍ ယာဉ်တိုက်လူသေဆုံး
၁.၁၀.၂၀၁၃ရက်နေ့
၂၃၃၀အချိန် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်း အတိုင်း မြောက်မှတောင် သို့
ကောင်းမြတ်၊ (ဘ)ဦးတင်အောင် ၊တောင်ဥက္ကလာပမြို့နယ်နေသူ မောင်းနှင်လာသော
၁ဂ/-----၊ပါရမီ
ရခိုင်ပြည်နယ်က ပဋိပက္ခတွေ အဆုံးသတ်ရေး ပူးပေါင်းကြိုးပမ်းဖို့ သမ္မတတိုက်တွန်း
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပဋိပက္ခတွေ ဆက်လက်မဖြစ်ပွား ရအောင် ပြည်နယ်အစိုးရ အနေနဲ့ ပြည်သူတွေနဲ့ ပူးတွဲပြီး ကြိုးပမ်းသွားဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
သံတွဲမှာ ၅ ဦးသေ၊ အိမ် ၁၀၀ မီးရှို့ခံရ
ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးနွယ်တဲ့ ပဋိပက္ခအတွင်း ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ သံတွဲမြို့နယ် အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
သမ္မတဦးသိန်းစိန် သံတွဲရောက်
မနေ့ကတည်းက
ရခိုင်ပြည်နယ်ကို ၃ ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဒီ
ကနေ့ ညနေပိုင်းမှာတော့ သံတွဲမြို့ ဆီ ရောက်သွားပါပြီ။
သံတွဲအကြမ်းဖက်မှု ကုလ-ကန်စိုးရိမ်
ရခိုင်ပြည်နယ် သံတွဲမြို့မှာ လူအသေအပျောက်တွေရှိခဲ့တဲ့အထိ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိ ပက္ခတွေ နဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်း က စိုးရိမ်တဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန် ခဲ့ကြပါတယ်။
တေးသံရှင်ဆိုတေး ကျန်းမာရေးအခြေအနေတိုးတက်
မန္တလေး
ပြည်သူ့ဆေးရုံကြီးတွင် တစ်လကျော်ကြာ တက်ရောက် ဆေးကုသလျက်ရှိသော တေးသံရှင်
ဆိုတေး၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုတိုးတက်ကောင်းမွန်လျက်ရှိကြောင်း
ဆိုတေး၏ မိသားစုဝင်များ က ပြော ကြားသည်။
ကျောက်ဖြူတွင် ယာဉ်တိုက်မှု ဖြစ်ပွား၊ ၁၈ ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဒီနေ့ မနက်စောစောက ယာဉ်တိုက်မှု ၁ ခုဖြစ်ပွားပြီး လူ ၁၈ ဦး ဒဏ်ရာ ရသွားပါတယ်။
မွန်ပြည်နယ်တွင် တရားမဝင်ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော် ယာဉ် များစဖမ်း
မွန်ပြည်နယ်
မော်လမြိုင်မြို့တွင် အခွန်ဆောင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံမှ
တင်သွင်းလာသည့် တရားမဝင် ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့
မော်တော်ယာဉ်များကို အောက်တိုဘာလမှစတင်ကာ ရွေ့လျား စစ်ဆေးရေး အဖွဲ့ (Mobile
Team) များဖြင့် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲအုပ်
တင်မျိုးဇော် က ပြော ကြား သည်။
အရာရှိအဆင့် (ပြည်သူ့စစ်) မောင်းနှင်လာသော ကားပေါ်မှ ကျောက်စိမ်းတုံးများဖမ်းမိ
မန္တလေးတိုင်းဒေသကြီး ၊ ပုသိမ်ကြီးမြို့နယ် ၊ ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၂၅ ရက်နေ့က မန္တလေးမှမူဆယ်သို့ ထွက်ခွာမည့် အရာရှိအဆင့်နှင့် ဒုဗိုလ်အဆင့်ရှိသူတို့ မောင်းနှင်လာသော စူပါကာစတန် ကားပေါ် မှ တရားမ၀င်ကျောက်စိမ်းတုံးများကို အကောက်ခွန်ဦးစီးဌာနနှင့် နယ်မြေခံရဲစခန်း၊ ၁၆ မိုင်ဂိတ် တာဝန်ကျတို့ ပူးပေါင်းရှာဖွေ ဖမ်းမိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်
Panasonic
ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် အောက်တိုဘာ ၁ရက်နေ့ညက သုံးလောင်းပြိုင်
လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သတင်းရရှိသည်။
နေအိမ်တွင်လာတည်းသူ အမျိုးသမီးထံမှ ရွှေများလု၊ လူကို မြစ်ထဲပစ်ချ
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်
ထုံးဗွက်ရွာတွင် စက်တင်ဘာလ၂၇ ရက်နေ့ ည ၁၀ နာရီခန့်က ခရီး သွားရင်း
မိတ်ဆွေအိမ် ဝင်ရောက်တည်း ခိုသူအမျိုးသမီးတစ်ဦးကို အိမ်ရှင်ဇနီးမောင်နှံ က
မြစ်ကမ်းနံဘေး သို့ ခေါ်ဆောင်ကာ ရွှေငွေများလုယက်၍ လူကိုမြစ်ထဲသို့
ပစ်ချခဲ့ကြောင်း ကာယကံရှင် အမျိုးသမီး က ပြောကြားသည်။
ကလေးတွင် တောင်ကျချောင်းရေကြောင့် တံတားငါးစင်းပျက်စီး
စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်အချို့တွင် စက်တင်ဘာလ နှောင်းပိုင်းက မိုးအဆက်မပြတ် ရွာသွန်း မှုကြောင့် တောင်ကျချောင်းရေများကျဆင်းပြီး ကလေး မြို့နယ်တွင် ဒေသခံများအသုံးများသော အဓိက တံတားငါးစင်း ပျက်စီးခဲ့ကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။
လုံခြုံရေး အားနည်းမှုကြောင့် ဆူးလေအနီးတွင် တရားမဝင် ငွေလဲလှယ် လုပ်ငန်းဖြင့် လိမ်လည်နေသူများ ရှိနေသေး
လုံခြုံရေးအားနည်းမှုကြောင့် မဟာဗန္ဓုလပန်းခြံ အနီးတစ်ဝိုက်တွင် နိုင်ငံခြားငွေ တရားမဝင်ငွေလဲ လှယ်ခြင်း လုပ်ငန်းလုပ်ကိုင်သူများက ငွေလာရောက်လဲလှယ်သူများကို တစ်ပတ်ရိုက်လိမ်လည်မှု များ ပြုလုပ်နေခြင်းများ ယနေ့တိုင်ရှိနေသေးကြောင်း ယင်းအနီးတစ်ဝိုက်တွင် တရားရုံးဝန် ဆောင်မှု လုပ်ငန်း လုပ်ဆောင်နေ သူများက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။
မြိတ်မြို့ပေါ်တွင် လက်စွမ်းပြ ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီး
မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့သွားလာကာ ညပိုင်းအချိန် များတွင် လမ်းသွားလမ်းလာများ၊ မော်တော် ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
လောင်းကစားဒိုင်ချုပ်ဖမ်းဆီးရန် ပျက်ကွက်၍ တောင်ငူခရိုင် ရဲအရာရှိ ငါးဦးကို စုံခုံဖွဲ့စစ်ဆေး
ပြည်ထဲရေးဝန်ကြီးသို့ တိုက်ရိုက်တိုင်ကြားမှုဖြင့် တောင်ငူမြို့ရှိ လောင်းကစားဒိုင်ချုပ်ကို အထူးရဲတပ်ဖွဲ့ ၀င်များက ဖမ်းဆီးပြီးနောက် တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးအပါအ၀င် သက်ဆိုင်ရာရဲအရာရှိငါးဦးကို အထူး စုံစမ်း စစ်ဆေးရေးခုံရုံး၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
လူငယ်နှင့်အမျိုးသမီး နိုင်ငံရေးဗဟုသုတသင်တန်း ဝမ့်ဟိုင်းတွင် ဒုတိယ အကြိမ်ကျင်းပ
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်ဌာနချုပ် ဝမ့်ဟိုင်းတွင် ဒုတိယအကြိမ်မြောက် လူငယ်နှင့် အမျိုးသမီးများ နိုင်ငံရေး ဗဟုသုတုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။
ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွားပြီးနောက် မူစယ်ဒေသခံများ ညအပြင် မထွက်ရဲ
တရုတ်နယ်စပ် မူစယ်မြို့၌ ဓားဖြင့်ခုတ်
ဆိုင်ကယ်လုယူမှု ဆက်တိုက်ဖြစ် ပွားပြီးနောက် ဒေသခံများ ညအချိန်
အပြင်မထွက်ရဲတော့ကြောင်း ဒေသ တွင်း သတင်းအရ သိရှိရပါသည်။
Subscribe to:
Posts (Atom)