ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်း၌ ယနေ့ပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲအတွက် ပြင်ဆင်နေ သည် ကို မေ ၁၆ ရက်က တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင် ရွက် သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း မှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ အောက်မြန်မာပြည် ဟောပြောပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန် မှန် အားကစားကွင်းတွင် ယနေ့(မေ ၁၇ ရက်)တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အထက်မြန်မာပြည် ဟောပြောပွဲ ကို မေ ၁၈ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲ များကို လူထုစိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။