Thursday, 4 September 2014

Master Sports စက်ရုံအား ချိတ်ပိတ်၍ ပစ္စည်းထိန်းကော်မရှင်ဖွဲ့လိုက်

mastersport

Master Sports ဖိနပ်စက်ရုံမှ အလုပ်ရှင် စက်ရုံပိတ်သိမ်းကာ အလုပ်သမားများအတွက် နစ်နာကြေးမပေးဘဲ တိမ်းရှောင်နေ၍ စက်ရုံအား ချိတ်ပိတ်ကာ ပစ္စည်းထိန်းကော်မတီကို စက်တင်ဘာ ၁ရက်က ဖွဲ့စည်းလိုက်ပြီဟု ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသာရေးရာဝန်ကြီး ဦးဇော်အေးမောင်က မဇ္ဈိမကို ပြောသည်။

အင်းစိန်ခုံးကျော်တံတားသစ် ယခုလအတွင်း တင်ဒါခေါ်၍ တရားဝင် သတင်းထုတ်ပြန်ပေးမည်

အင်းစိန် ခုံးကျော်တံတားသစ် အခြေခံတည်ဆောက်ရေးလုပ်ငန်း အတွက် စက်တင်ဘာ ပထမပတ် အတွင်း တင်ဒါခေါ်ယူ၍ တရားဝင်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမြို့ပြတံတားမှ အင်ဂျင် နီယာမှူးကြီး ဦးမျိုး ဇော်ထူးက ပြောသည်။

အိန္ဒိယ မျောက်တစ်ကောင် လူနေအိမ်မှ ပိုက်ဆံများခိုးပြီး လူကြားထဲကြဲ

Photo: အိန္ဒိယ မျောက်တစ်ကောင် လူနေအိမ်မှ ပိုက်ဆံများခိုးပြီး လူကြားထဲကြဲ
Thursday, Setember 4, 2014 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမားချာ ပရာဒက်ရှ် ပြည်နယ်တွင် မျောက်တစ်ကောင် သည် လူနေအိမ်တစ်အိမ်မှ ပိုက်ဆံခိုးပြီး လူများအကြား ကြဲချသွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ပြည်နယ်မြို့တော် ရှင်းမလားအနီးရှိ တောအုပ်တွင် လာရောက် အပန်းဖြေကြသည့် အနားယူသူများက တစ်နာရီကြာ ပိုက်ဆံများ လိုက်ကောက်ခဲ့ကြရကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

မျောက်သတ္တဝါသည် ရူပီးတစ်သောင်း (၁၆၅ အမေရိကန်ဒေါ်လာ) ဖိုးကို အနီးအနားရှိ အိမ်တစ်အိမ်မှ ခိုးယူခဲ့ခြင်း ဖြစ်သည်။

ပထမ အဆိုပါမျောက်သည် အစားအသောက်ခိုးရန် အိမ်ထဲဝင်ခဲ့ခြင်း ဖြစ်သော်လည်း အစားအသောက် မတွေ့သဖြင့် ပိုက်ဆံများကို ယူသွားခြင်း ဖြစ်သည်။

ဟီမားချာပရာဒက်ရှ် ပြည်နယ်တွင် မျောက်ကောင်ရေ သုံးသိန်းကျော်ရှိပြီး ရှင်းမလားဒေသသည်လည်း တိရစ္ဆာန်များအတွက် လွတ်မြောက်နယ်မြေပမာ ဖြစ်လျက်ရှိသည်။

ဟိန္ဒူအယူအဆတွင်လည်း မျောက်ကို ဘာသာရေးနှင့် ဆက်စပ်သော အကောင်အဖြစ် ယူဆထားကြသဖြင့် သတ်ဖြတ်စားသောက်ခြင်းများ မပြုလုပ်ကြသည့် အပြင် အစားအသောက်များပင် ကျွေးကြသေးသည်။

သို့သော် ပြီးခဲ့သည့် နှစ်များအတွင်းမှစပြီး မျောက်များနှင့် လူများ ပဋိပက္ခ စလာခဲ့ပြီး စိုက်ခင်းများကို ဖျက်ဆီးခြင်း၊ အစားအစာအတွက် လူများထံမှ လုယက်ခြင်းနှင့် ကလေးများကို ကိုက်ခြင်းများ ပြုလုပ်လာခဲ့သည်။

ထို့ကြောင့် ပြည်နယ်အာဏာပိုင်များက မျောက်များကို အန္တရာယ်ပေးနိုင်သည့် အကောင်ပလောင်များ အဖြစ် သတိပေး ထုတ်ပြန်ချက်ပင် ပြုလုပ်ထားခဲ့သည်။

မျောက်သည် အစပိုင်း၌ ပိုက်ဆံများကိုကိုင်ပြီး သွပ်မိုးပေါ်တွင် ထိုင်နေခဲ့ပြီးနောက် ပိုက်ဆံကို ကစားသည့်အလား တစ်ရွက်ချင်း ကြဲချနေခဲ့ခြင်း ဖြစ်ပေသည်။

လူများက လိုက်ကောက်ကြသောအခါ သစ်ပင်ပေါ် ပြောင်းတက်သွားပြီး ဆက်ကြဲနေခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားကြသည်။

ယခုဖြစ်စဉ်သည် ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းကလည်း မျောက်က ပိုက်ဆံများခိုးပြီး လူစည်ကားရာ လမ်းပေါ်တွင် ကြဲချခဲ့ဖူးသေးသည်။

The Voice Weekly
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမားချာ ပရာဒက်ရှ် ပြည်နယ်တွင် မျောက်တစ်ကောင် သည် လူနေအိမ်တစ်အိမ်မှ ပိုက်ဆံခိုးပြီး လူများအကြား ကြဲချသွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

မန္တလေးနှင့်လားရှိုးတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ရန်စီစဉ်

Photo: မန္တလေးနှင့်လားရှိုးတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ရန်စီစဉ်
Thursday, Setember 4, 2014 

ရန်ကုန်၊ အဓိကရုဏ်းပဋိပက္ခများ ဖြစ် ပွားခဲ့သည့် မန္တလေးနှင့်လားရှိုးမြို့များ ၌ တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့် လှစ်ရန်စီစဉ်နေကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေးကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်း ဆွေက ''၉ ရက်ကျရင် တိတိကျကျသိ ရမယ်။ ဥက္ကဋ္ဌနဲ့တွေ့ရဦးမယ်။ အခုက တိတိကျကျ ပြောလို့မရသေးဘူး''ဟု ပြောသည်။

အဆိုပါစင်တာများ ဖွင့်လှစ်နိုင် ရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ လွှတ်တော်ခန်းမ၌ အကြိမ် ကြိမ်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

''တရားဥပဒေစိုးမိုးရေးစင်တာ တွေဖွင့်မယ်ဆိုတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အစိုးရနောက်ခံပြုပေးတဲ့အဖွဲ့ တော့မဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆို ရင် ရှေ့နေတွေရဲ့နောက်မှာ အစိုးရရှိ နေမယ်ဆိုရင် ရှေ့နေတွေရဲ့ ဥပဒေ ပိုင်းဆိုင်ရာတွေ ဆုံးဖြတ်တဲ့အခါ မှန် ကန်မှုရှိမှာမဟုတ်ဘူး။ သူတို့အဖွဲ့တွေက ဘယ်လောက်အထိ လွတ်လပ်မှုရှိမရှိ ဆိုတာ စောင့်ကြည့်ရဦးမှာပါ'' ဟု အ လုပ်သမားအရေးဆောင်ရွက်သူ ရှေ့ နေဦးဖိုးဖြူက ပြောသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း တ ရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ လေ့လာသုံးသပ်သူများ ကမူ အမျိုးမျိုးဝေဖန်မှုများ ရှိခဲ့သည်။

Yangon Media Group

ရန်ကုန်၊ အဓိကရုဏ်းပဋိပက္ခများ ဖြစ် ပွားခဲ့သည့် မန္တလေးနှင့်လားရှိုးမြို့များ ၌ တရားဥပဒေစိုးမိုးရေးစင်တာ များ ဖွင့် လှစ်ရန်စီစဉ်နေကြောင်း သိရသည်။

မြန်မာယူ ၁၉ အသင်း ထိုင်း၊ အင်ဒိုနီးရှားတို့နှင့် တအုပ်စုတည်း ကျရောက်

Photo: မြန်မာယူ ၁၉ အသင်း ထိုင်း၊ အင်ဒိုနီးရှားတို့နှင့် တအုပ်စုတည်း ကျရောက်
Thursday, Setember 4, 2014 

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ 2014 AFF NUTIFOOD ယူ ၁၉ ဖလားကို လာမယ့် စက်တင်ဘာ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ် မှာ ဖြစ်ပါတယ်။

အုပ်စု(အေ) မှာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ထိုင်းအသင်းတို့ ပါဝင်ပြီး အုပ်စု(ဘီ) မှာ အိမ်ရှင် ဗီယက်နမ်၊ ဂျပန်နဲ့ သြစတြေးလျအသင်းတို့ ပါဝင်ပါတယ်။

မြန်မာအသင်းဟာ ပွဲဦးထွက်ပွဲစဉ်အဖြစ် ဟန်ဒေးကွင်းမှာ စက်တင်ဘာ ၇ ရက်နေ့ ဒေသစံတော်ချိန် ည ၇ နာရီ ထိုင်းအသင်းနဲ့ စက်တင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီခွဲမှာ အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

တတိယလုပွဲနဲ့ ဗိုလ်လုပွဲစဉ်တွေကို စက်တင်ဘာ ၁၃ ရက်နေ့ ဟနွိုင်းမြို့ရှိ ဟန်ဒေးကွင်းမှာ ကျင်းပ ပြုလုပ်မှာပါ။

ဒီဗွီဘီ
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ 2014 AFF NUTIFOOD ယူ ၁၉ ဖလားကို လာမယ့် စက်တင်ဘာ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ် မှာ ဖြစ်ပါတယ်။

ဂျပန် နိုင်ငံ တွင် အစိုးရ အဖွဲ့ ဝင်သစ် ပြန်လည် ဖွဲ့စည်း ….

Photo: ဂျပန် နိုင်ငံ တွင် အစိုးရ အဖွဲ့ ဝင်သစ် ပြန်လည် ဖွဲ့စည်း ….
Thursday, Setember 4, 2014 

ဂျပန်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အဖွဲ့မှအကြီးအကဲ ယိုရှီ ဟီဒဲဆူဂါသည် အစိုးရ အဖွဲ့ဝင် ဝန်ကြီးသစ်များ ခန့်အပ်မှု အစီအစဉ်ကို စက်တင်ဘာ ၃ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည် ဟုသိရသည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးခန့်အပ်မှု အစီအစဉ်တွင် အဖွဲ့ဝင် ၁၈ဦးပါဝင်ပြီး အမျိုးသမီး ဝန်ကြီး ငါးဦးနှင့် မျက်နှာသစ် အဖွဲ့ဝင် ၁၂ဦး ပါဝင်ကြောင်း သိရသည်။ ယင်းကဲ့သို့ အစိုးရ အဖွဲ့ဝင် ဝန်ကြီး ပြောင်းလဲဖွဲ့စည်းမည့် အစီအစဉ်သည် အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ LDP ၏အုပ်ချုပ်မှု ရေရှည်တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ် သည့် ကြိုးပမ်းချက် တစ်ရပ်ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများက ထုတ်ဖော်ပြောကြား ခဲ့သည်။

အဆိုပါ ရာထူးခန့်အပ်မှုတွင် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးအဖြစ် ရှီဂီရူဘီရှီဘာကို ခန့်အပ်ခဲ့ပြီး LDPပါတီ၏ မူဝါဒရေးရာ အကြီးအကဲဟောင်း ဆာနာအဲ တာခါဘီချီကို ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ် ခဲ့ကြောင်း သိရသည်။

ထို့အတူ အသက် ၅၈ နှစ်အရွယ်ရှိ အာခီနိုရီ အီတိုကို ကာကွယ်ရေး ဝန်ကြီး အဖြစ် လည်းကောင်း၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုရေးရာ ဝန်ကြီးအဖြစ် ယာဆူဟီသာ ရှီအိုမာကီအား လည်းကောင်း၊ စိုက်ပျိုးရေး၊ သစ်တောနှင့် မွေးမြူရေး ဝန်ကြီးအဖြစ် ကိုယာ နီရှီကာဝါအား လည်းကောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးအဖြစ် ယူကို ဘိုဘူချီအား လည်းကောင်း၊ တရားရေး ဝန်ကြီး အဖြစ် မီဒိုရီ မာဆူရှီမာတို့အား လည်းကောင်း အသီးသီး ခန့်အပ်ခဲ့ကြောင်း သိရသည်။

မြ၀တီ
ဂျပန်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အဖွဲ့မှအကြီးအကဲ ယိုရှီ ဟီဒဲဆူဂါသည် အစိုးရ အဖွဲ့ဝင် ဝန်ကြီးသစ်များ ခန့်အပ်မှု အစီအစဉ်ကို စက်တင်ဘာ ၃ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည် ဟုသိရသည်။

ဒိုးနက်စ် မြို့ရှိ လေဆိပ်ကို ပြန်လည် သိမ်းယူရန် နီးစပ် နေပြီ ဖြစ်ကြောင်း ခွဲထွက်ရေး သမားများ ပြောကြား

Photo: ဒိုးနက်စ် မြို့ရှိ လေဆိပ်ကို ပြန်လည် သိမ်းယူရန် နီးစပ် နေပြီ ဖြစ်ကြောင်း ခွဲထွက်ရေး သမားများ ပြောကြား
Thursday, Setember 4, 2014 

ရုရှားလိုလားသော ခွဲထွက်ရေးသမားများသည် ဒိုးနက်စ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယူကရိန်း တပ်ဖွဲ့ဝင်များထံမှ ပြန်လည်သိမ်းယူရန် နီးစပ်နေပြီဖြစ် ကြောင်း ၎င်းအဖွဲ့က ပြောကြားခဲ့သည်။

ဒိုးနက်စ်မြို့ရှိ လေဆိပ်သည် ယခုအခါ ခွဲထွက်ရေးသမားများ၏ လက်အောက်သို့ ၉၅ ရာခိုင်နှုန်း ကျရောက်နေပြီး အပြည့်အဝ ပြန်လည် သိမ်းယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ၎င်းလေဆိပ်တွင် ကျန်ရှိနေသော ယူကရိန်း တပ်ဖွဲ့ဝင်များကိုလည်း ဖယ်ရှားရှင်းလင်းနိုင်ရန် ကြိုးပမ်းလျက်ရှိ ကြောင်း ခွဲထွက်ရေးအဖွဲ့မှ အကြီးအကဲ တစ်ဦးဖြစ်သူ အလက်စ်ဆန်ဒါတီမိုဖီယက်ဗ်က ပြောကြားခဲ့သည်။

ဒိုးနက်စ်မြို့ရှိ လေဆိပ်မှ ယူကရိန်းတပ်ဖွဲ့ဝင်များ ဆုတ်ခွာရခြင်းသည် ၎င်းတို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း၊ ထို့အပြင် ယူကရိန်း တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက်တွင် လူးဟန့်စ်မြို့ရှိ လေဆိပ်မှ ဆုတ်ခွာခဲ့ရကြောင်း သိရ သည်။

မြ၀တီ
ရုရှားလိုလားသော ခွဲထွက်ရေးသမားများသည် ဒိုးနက်စ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယူကရိန်း တပ်ဖွဲ့ဝင်များထံမှ ပြန်လည်သိမ်းယူရန် နီးစပ်နေပြီဖြစ် ကြောင်း ၎င်းအဖွဲ့က ပြောကြားခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံရှိ တရုတ် သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူ သုံးဦး မနီလာ လေဆိပ်တွင် ဖမ်းဆီး

Photo: ဖိလစ်ပိုင် နိုင်ငံရှိ တရုတ် သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူ သုံးဦး မနီလာ လေဆိပ်တွင် ဖမ်းဆီး
Thursday, Setember 4, 2014 

ဖိလစ်ပိုင်နိုင်ငံရှိ တရုတ်သံရုံးနှင့် မနီလာမြို့တော်ရှိ အကြီးဆုံး ဈေးဝယ်စင်တာကြီးတစ်ခုကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သည့်လူသုံးဦးကို မနီလာလေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားသုံးဦးနှင့်အတူ ဓာတ်ဆီပုံးများနှင့် ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသော ဗင်ကားတစ်စီးကိုလည်း အာဏာပိုင်များက လေဆိပ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတို့သည် တရုတ်အစိုးရကို မကျေနပ်သဖြင့် ၎င်းတို့နှင့် သက်ဆိုင်သော နေရာ များ ကို ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်ထားကြောင်း တရားရေးဆိုင်ရာဝန်ကြီး လေလာဒီလီမာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူ သုံးဦးသည် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၏ လက်ဝါးကြီးအုပ်သည့် စီးပွားရေးနှင့် တရားမဝင် သတ္တုတွင်းတူးဖော်ခြင်းကို မကျေနပ်ချက်ကြောင့် ဖိလစ်ပိုင် ပြည်သူများ၏အကျိုးကို ခုခံကာကွယ်သည့် အနေဖြင့် ယခုကဲ့သို့ ကြံစည် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု လီမာက ထပ်လောင်း ပြောကြားခဲ့သည်။ ၎င်းတို့က တောင်တရုတ်ပင်လယ် အတွင်းရှိ နယ်နိမိတ်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ဖိလစ်ပိုင် အစိုးရ၏ ကိုင်တွယ်မှု ပျော့ညံ့ခြင်းအပေါ် ဒေါသထွက်လျက်ရှိကြောင်း လီမာက ဆိုသည်။

၎င်းတို့သည် စက်တင်ဘာ ၁ ရက်က တရုတ်သံရုံး DMCI အဆောက်အအုံနှင့် SM ဈေးဝယ်စင်တာတို့ကို တိုက်ခိုက်ရန် စီစဉ်ထားကြောင်း သိရသည်။ SM ဈေးဝယ် စင်တာသည် တရုတ်နိုင်ငံဖွား ဖိလစ်ပိုင်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဟင်နရီဆေး ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ကြောင်း သိရသည်။

မြ၀တီ
ဖိလစ်ပိုင်နိုင်ငံရှိ တရုတ်သံရုံးနှင့် မနီလာမြို့တော်ရှိ အကြီးဆုံး ဈေးဝယ်စင်တာကြီးတစ်ခုကို ဗုံးခွဲတိုက်ခိုက် ရန် ကြံစည်ခဲ့သည့်လူသုံးဦးကို မနီလာလေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရှေးဟောင်းဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေခ်ျ့တွင် ထပ်မံတူးဖေါ်တွေ့ရှိ

Photo: ရှေးဟောင်းဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေခ်ျ့တွင် ထပ်မံတူးဖေါ်တွေ့ရှိ
Thursday, Setember 4, 2014 

ဘင်္ဂလာဒေခ်ျ့နိုင်ငံ မြောက်ပိုင်းတွင် နှစ်ပေါင်းထောင်ချီကတည်းက တည်ရှိခဲ့သည်ဟု ယုံကြည်ရသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ရှေးဟောင်းသုတေသနဌာနက မြေအောက်မှ ရှာဖွေ တူးဖေါ်တွေ့ရှိခဲ့သည်။

ယင်းတွေ့ရှိမူ ဘင်္ဂလာဒေခ်ျ့မှ သတင်းစာကြီး တစ်စောင် ဖြစ်သော The Daily Star သတင်းစာက လွန်ခဲ့သော ရက်အနည်းငယ်က ဖေါ်ပြခဲ့သည်။

ဘုန်းတော်ကြီးကျောင်းကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ မြောက်ပိုင်း မုန်ရှီဂန်ဂ်ျဒေသအတွင်းရှိ  တုန်ဂီဘာရီ မြို့နယ် Nateshwar တွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယင်းတွေ့ရှိမူကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ယဉ်ကျေးမှုရေးရာဝန်ကြီး အာဆတ်တူဇာမန်က အတည်ပြုပြီး ရှာဖွေတွေ့ရှိမူကို သတင်းဌာနများသို့ တရားဝင်ထုတ်ပြန်ကျေညာခဲ့သည်။

“ ယခုကဲ့သို့ သမိုင်းအရ တန်ဖိုးမဖြတ်နိုင် ရှေးဟောင်း အမွေအနှစ် တစ်ခုကို ရှာဖွေ တွေ့ရှိမူအတွက် အထူးအံ့သြမိပါကြောင်း” ယင်းဝန်ကြီးက ထုတ်ဖေါ် ပြောကြားသည်။

ယင်းတူးဖေါ်တွေ့ရှိခဲ့သော ကျောင်းတော်ကြီးအတွင်း အလျား ၉-မီတာနှင့် အနံ ၉-မီတာရှိ ဘုရားရှိခိုးခန်း တစ်ခန်းအပါအ၀င် ရှစ်ထောင့်ပုံ စတူပါတစ်ဆူ၊ အုတ်ဖြင့်ပြုလုပ်ထားသော မိလ္လာခေါင်းနှင့် အခြားသော ယင်းခေတ်က ပစ္စည်းအသုံးအဆောင်များကိုလည်း တွေ့ရှိခဲ့သည်ဟု သိရသည်။

“ ဒီတူးဖေါ်တွေ့ရှိမူဟာ ဒါဟာဘီခြမ်ပူရ် အတွက်သာမက တနိုင်ငံလုံးအတွက်ပါ ဂုဏ်ယူစရာ ကိစ္စရပ်တခုဖြစ်ပါတယ်” ဟု သူက ဆက်ပြောဆိုသည်။

ဘုရားရှိခိုးခန်းဘေး၌ ဘုန်းကြီးကျောင်းတကျောင်း တူးဖေါ်တွေ့ရှိလိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း သူက ထုတ်ဖေါ်ပြောကြားသည်။

ဘုန်းတော်ကျောင်းကြီးကျောင်းကို ရှာဖွေ တူးဖေါ် ရရှိမူသည် ယင်းခေတ်က အုတ်အတတ်ပညာဖြင့် ဆောက်လုပ်ထားသော ဗိသုကာလက်ရာကို ထင်ထင်ရှားရှား ဖေါ်ပြလျှက်ရှိနေသည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဘဏ္ဍာငွေ အထောက်အပံ့ရရှိခဲ့ပြီးနောက် အဂြာရှာ ဘီခြံပူရ် ဖောင်ဒေးရှန်းက ၄င်းနေရာကို ၂၀၁၀-ခုနှစ်မှ စတင်တူးဖေါ်ခဲ့ခြင်းဖြစ်သည်။ ဂျာဟန်ဂီနာဂါ တက္ကသိုလ် ဗိသုကာပညာဌာနမှ ပါမောက္ခ Dr Sufi Mostafizur Rahman က တူးဖေါ်ရေး အဖွဲ့ကိုဦးဆောင်ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အနည်းဆုံး ရှေးဟောင်းကျောင်းတော်ကြီးပေါင်း (၃၀) ကျော်ကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း  သိရသည်။

( စံမောင်သိန်းဘာသာပြန်သည်။)

နိရဉ္စရာ

တူးဖေါ်တွေ့ရှိခဲ့သော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း ( ဓါတ်ပုံ- Daily Star)
တူးဖေါ်တွေ့ရှိခဲ့သော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း ( ဓါတ်ပုံ- Daily Star)
ဘင်္ဂလာဒေခ်ျ့နိုင်ငံ မြောက်ပိုင်းတွင် နှစ်ပေါင်းထောင်ချီကတည်းက တည်ရှိခဲ့သည်ဟု ယုံကြည်ရသော ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ရှေးဟောင်းသုတေသနဌာနက မြေအောက်မှ ရှာဖွေ တူးဖေါ်တွေ့ရှိခဲ့သည်။

နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ UNA မတက်ရောက်နိုင်ကြောင်း စာပို့

ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA သည် သြဂုတ်လ ၃ ရက်နေ့တွင် ပြုလုပ်ေ သာ နိုင်ငံရေးဆွေးနွေးပွဲများအတွက် ဘုံသဘောထားရယူနိုင်ရန် ပြုလုပ်သည့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ သို့ တက်ရောက်နိုင်မည် မဟုတ်ဟု စာပေးပို့ခဲ့ကြောင်း UNA အဖွဲ့ဝင် မွန်ဒီမိုကရေစီပါတီ ဗဟိုကော်မတီ ဝင် ဦးမင်းကျော်ဝင်းက ပြောကြားသည်။

ကားစလစ်ဈေနဲ့ ကားဈေးတွေ ဆက်လက်ကျဆင်းနေ

Photo: ကားစလစ်ဈေနဲ့ ကားဈေးတွေ ဆက်လက်ကျဆင်းနေ
Thursday, Setember 4, 2014 

ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ယာဉ်အပ်နှံတဲ့စလစ်တန်ဖိုးက ၁ ရက်ကို ကျပ် ၁ သိန်းနှုန်းနဲ့ ၃ ရက်အတွင်းမှာ ကျပ် ၄ သိန်းအထိ ကျဆင်းနေပြီး ကားဈေးတွေလည်း ကျဆင်းနေတယ်လို့ ရန်ကုန်တိုင်း လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရောင်းစခန်းက ၀ယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယာဉ်မှတ်ပုံတင်သက်တမ်း နှစ်၂၀ ပြည့် ယာဉ်ဟောင်း “၂က” အက္ခရာတွေအတွက် ယာဉ်အပ်နှံခွင့်ကို ယခု စက်တင်ဘာ ၁ ရက်နေ့ကစပြီး လက်ခံပေးနေတာပါ။
ဒါပေမယ့် ယခုလ ၁ ရက်နေ့မတိုင်မီက ရန်ကုန်ကားဝယ်ရောင်းဈေးကွက်ထဲမှာ စလစ် ၁ စောင်ကို ကျပ် ၄၅ သိန်း ပေါက်ဈေး ရှိခဲ့ပေမယ့် ဒီကနေ့မှာတော့ ကျပ် ၄၁ သိန်းသာ ပေါက်ဈေးရှိလို့ ရက်ပိုင်းအတွင်း မှာ ကျပ် ၄ သိန်းအထိ ပြုတ်ကျသွားတဲ့အတွက် ဘယ်သူကမျှ ၀ယ်မလှောင်ထားရဲဘူးလို့ ရန်ကုန်တိုင်း လှိုင်မြို့နယ်ကားရောင်းဝယ်ရေးစခန်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ဒီဗွီဘီကို အခုလိုပြောပါတယ်။

“စလစ်ဈေးက တနေ့ထက်တနေ့ ကျတယ်။ ကျနော်မအပ်ခင် စပ်ကြားမှာ ၄၅ သိန်း ပေါက်တယ်။ ဒီနေ့ ဈေးက ၄၁ ပဲပေါက်တယ်။ ၄ သိန်းပြုတ်သွားတယ်။ ကြာရင် ပြုတ်ဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရိုးရိုးစလွန်းကား ကပ်မယ်ဆိုရင် အနှစ် ၂၀ အောက် မည်သည့် အက္ခရာမဆို သူကလည်း ၂၀ ရာခိုင်နှုန်းအကျိုးခံစားခွင့်ရှိတယ်။ ဂျစ်ကား စက်မှုဇုန်ကလည်း ၂၀ ရာခိုင်နှုန်းအကျိုးခံစားခွင့်ရှိတယ်။ အတူတူပဲလေ။ အဲဒီတော့ စက်မှုဇုန်ကို ၃၆၊ ၃၇ ပဲ ၀ယ်ပြီး ကပ်တော့မှာပေါ့။ ကားပြခန်းတွေကလည်း စလစ်ကပ်ကားတွေ များတယ်လေ။ စလစ်က လောလောဆယ် ဘယ်သူမှ ၀ယ်မလှောင်ရဲဘူး။ အတက်အကျ သိပ်ကြမ်းတာ။ ကြမ်းတော့ ကားအ၀ယ်လာရင် ဒီကနေ့စလစ်ပေါက်ဈေးနဲ့ ကပ်ပြီးဈေးပြောလိုက်တာပဲ။ အဲဒီလိုလုပ်တာ။”

Farmer Auto ကားအရောင်းစင်တာရဲ့ ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ကားအရောင်း စင်တာတွေမှာလည်း စလစ်တန်ဖိုးနဲ့အတူ ကားဈေးနှုန်းလည်း ကျဆင်းမှု ရှိနေတဲ့အကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့ ကားအရောင်းပြခန်းတွေက ကားကိုပဲ ရောင်းတာ။ ၀ယ်တဲ့သူက သူ့ဘာသာ စလစ်ပါရတာပေါ့။ အဲဒီတော့ စလစ်တန်ဖိုးကျတဲ့နှုန်းအပေါ် မူတည်တာပေါ့။ စလစ်က ၃၀ လောက်ကျရင် သိန်း ၃၀ လောက် စလစ်တန်ဖိုးကျတာပေါ့နော်။ အရောင်းပြခန်းတွေ အများစု ကားနဲ့အခွန်တန်ဖိုးကိုပဲ တွက်တာ။ ဘာပဲပြောပြော ၀ယ်တဲ့သူ သက်သာသွားတာပေါ့။ အရောင်းအ၀ယ်ပိုပြီး ဖြစ်လာမယ့်သဘောတော့ ရှိတာပေါ့။”

အလားတူ မန္တလေးကားဝယ်ရောင်းဈေးကွက်မှာလဲ ရန်ကုန်ဈေးကွက်နည်းတူ ယာဉ်မှတ်ပုံတင်သက်တမ်း နှစ် ၂၀ ရှိတဲ့ “၂က” အက္ခရာယာဉ်တန်ဖိုးက ပြီးခဲ့တဲ့လ အတော်အတွင်းက ကျပ်သိန်း ၁၁၀ ရှိခဲ့ပေမယ့် ဒီကနေ့ အရောင်းအ၀ယ်ဖြစ်တဲ့နှုန်းက ကျပ် ၆၅ သိန်းသာရှိလို့ ကားဈေးက သိသိသာသာ ပြုတ်ကျသွားတဲ့အကြောင်းနဲ့ အရောင်းအ၀ယ်ကတော့ ပုံမှန်အနေအထား ရှိပါတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကျော်စိုးက ပြောပါတယ်။

By သိုက်ဇင်
ဒီဗွီဘီ
ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ယာဉ်အပ်နှံတဲ့စလစ်တန်ဖိုးက ၁ ရက်ကို ကျပ် ၁ သိန်းနှုန်းနဲ့ ၃ ရက်အတွင်းမှာ ကျပ် ၄ သိန်းအထိ ကျဆင်းနေပြီး ကားဈေးတွေလည်း ကျဆင်းနေတယ်လို့ ရန်ကုန်တိုင်း လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရောင်းစခန်းက ၀ယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ထောင်ဝန်ထမ်းကို သတ်ပြေးသည့် တရုတ်အကျဉ်းသား ၂ ဦးကို ဖမ်းမိ

Photo: ထောင်ဝန်ထမ်းကို သတ်ပြေးသည့် တရုတ်အကျဉ်းသား ၂ ဦးကို ဖမ်းမိ
Thursday, Setember 4, 2014

တရုတ်ရဲတွေက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း အကျဉ်းထောင် ကနေ ထောင်ဝန်ထမ်း အစောင့်တဦးကို သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၃ ဦးထဲက ၂ ဦးကို ပြန်ဖမ်းမိပြီလို့ တရုတ်နိုင်ငံပိုင် မီဒီယာက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Chinaဝမ်ဒမင်၊ ကို့ယုလင်နဲ့ လီဟိုင်ဝေတို့ ၃ ဦးဟာ ဟေလောင်ကျန်းပြည်နယ် ဟာဘင်မြို့နားက ယန်ရှုမြို့နယ် အကျဉ်းစခန်းကနေ ရဲဝတ်စုံတွေ ဝတ်ဆင်ပြီး စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနမှာ ဖော်ပြခဲ့တာပါ။

သူတို့ထဲက တဦးက သေဒဏ်စီရင်ခံထားရပြီး ၂ ဦးကတော့ တမင်သက်သက် ထိခိုက်နာကျင်စေမှု၊ လူသတ်မှုတွေနဲ့ စွဲချက်တင်ခံရလို့ တရားစီရင်မှုကို စောင့်နေရသူတွေပါ။

ရဲအယောက် ၁ ထောင်ကျော်က လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ ရဲဘက်ပြေးတွေကို ရှာဖွေ ဖမ်းဆီးခဲ့ရတယ်လို့ ဆင်ဟွာက ပြောပါတယ်။

ဖမ်းမိထားတဲ့ ရဲဘက်ပြေး ၂ ဦးကိုတော့ သူတို့ လွတ်ထွက်လာတဲ့ အချုပ်ခန်းကို ပြန်ပို့ပြီးပြီလို့ စီစီတီဗွီရုပ်သံက ပြောပါတယ်။

သေဒဏ်ကျပြီးသား တတိယမြောက် ရဲဘက်ပြေး ကို့ယုလင်ကိုတော့ ဆက်ပြီး ရှာဖွေ နေဆဲဖြစ်ပြီး သူ့အမှုကို တရားရုံးချုပ်က ပြန်လည်သုံးသပ်နေတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

 ဒီဗွီဘီ
တရုတ်ရဲတွေက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း အကျဉ်းထောင် ကနေ ထောင်ဝန်ထမ်း အစောင့်တဦးကို သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၃ ဦးထဲက ၂ ဦးကို ပြန်ဖမ်းမိပြီလို့ တရုတ်နိုင်ငံပိုင် မီဒီယာက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဖမ်းမိထားသည့် IS စစ်သွေးကြွက တရုတ်နိုင်ငံသားဟု ပြောကြား

Photo: ဖမ်းမိထားသည့် IS စစ်သွေးကြွက တရုတ်နိုင်ငံသားဟု ပြောကြား
Thursday, Setember 4, 2014

ဖမ်းမိထားသည့် IS စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးက မိမိသည် တရုတ်နိုင်ငံသားဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားသည်ဟု အီရတ် ကာကွယ်ရေးဝန်ကြီးဌာန၏ အာရပ်ဘာသာဖြင့် ရေးသားထားသော ဖေ့စ်ဘွတ်ပေါ် တွင် စက်တင်ဘာ ၂ ရက်က ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ပုံအရ အဆိုပါ IS အဖွဲ့ဝင်သည် တရုတ်နိုင်ငံသားဖြစ် ကြောင်း အတည်ပြုနိုင်ပါက ယင်းအဖွဲ့တွင် တရုတ်နိုင်ငံသားတစ်ဦး ပထမ ဆုံးပေါ်ထွက်လာခြင်း ဖြစ်သည်။

ဖမ်းမိထားသူ၏ ဘယ်ဘက်လက်မောင်းတွင်လည်း IS အဖွဲ့အမှတ်အသား ဆေးမင်ကြောင်ကိုလည်း ရေးထိုးထားသည်။

ယင်းသတင်းနှင့်ပတ်သက်၍ အီရတ်ရှိ တရုတ်သံရုံးက ငြင်းဆိုထားပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ South China Morning Post သတင်းစာ က တွေ့ဆုံမေးမြန်းခန်းတစ်ခုကို ပြုလုပ်ရန် တရုတ်နှင့် အီရတ်အစိုးရများထံ ဆက်သွယ်ထားသော်လည်း အကြောင်းမပြန်သေးကြောင်း သိရ သည်။

Like လုပ်ထားသူ ၉၄၀၀၀ ကျော်ရှိသော အဆိုပါ ဖေ့စ်ဘွတ်သည် ကာကွယ်ရေးဝန်ကြီးဌာ၏ တရားဝင်ဖေ့စ်ဘွတ်ဟုတ်၊မဟုတ်ကို ရှင်းလင်းစွာ သိရှိရန် လိုအပ်နေသေးသည်။ အဆိုပါဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်နှင့် ချိတ်ဆက်ထားသည့် အခြားဖေ့စ်ဘွတ်စာမျက်နှာတစ်ခုတွင် မူ စစ်သွေးကြွ ပုံများကို ဖော်ပြမထားပေ။

အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ တရုတ်သံတမန် ၀ူဆီကေးက နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသမှ မွတ်စလင်အစွန်းရောက်များသည် အရှေ့ အလယ်ပိုင်းဒေသသို့ သွားရောက်ရာ သင်တန်းတက်နေကြ ပြီး အချို့သည် တိုက်ခိုက်ရေးအတွက် အီရတ်နိုင်ငံအတွင်း ၀င်ရောက် သွားကြကြောင်း သြဂုတ်လအ တွင်းက ပြောကြားခဲ့သည်။

ဆီးရီးယားတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်သည် အခြားနိုင်ငံများမှ အစွန်းရောက်များအတွက် လေ့ကျင့်ရေးကွင်းတစ်ခုဖြစ်နေကြောင်း ၀ူဆီကေးက ပြောကြားခဲ့သည်။

“အစွန်းရောက်သမားတွေဟာ အစ္စလာမ္မစ်နိုင်ငံတွေ၊ ဥရောပ၊ မြောက်အမေရိကနဲ့ တရုတ်နိုင်ငံတို့က လာတာပါ။ သူတို့ခေါင်းထဲကို အစွန်းရောက် အတွေးအခေါ်တွေ ထပ်ထည့်ခံရပြီး သက်ဆိုင်ရာနိုင်ငံ အသီးသီးကို ပြန်ရောက်တဲ့အခါ အဲဒီနိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တော့မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုများ၊ သင်တန်းတက်မှုများ လုပ်ဆောင်နေသည့် တရုတ်နိုင်ငံသားအရေအတွက်ကို ၎င်းက မဖော်ပြ ခဲ့သော်လည်း မီဒီယာသတင်းများတွင် ရေးသား ထားမှုများအရ ၁၀၀ ခန့်ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP
mizzimaburmese
ဖမ်းမိထားသည့် IS စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးက မိမိသည် တရုတ်နိုင်ငံသားဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားသည် ဟု အီရတ် ကာကွယ်ရေးဝန်ကြီးဌာန၏ အာရပ်ဘာသာဖြင့် ရေးသားထားသော ဖေ့စ်ဘွတ်ပေါ်တွင် စက်တင်ဘာ ၂ ရက်က ထွက်ပေါ်လာခဲ့သည်။

ဝေဖန်ခံနေရသည့် စည်ပင်နည်းဥပဒေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များအား လူထုရွေးကောက်ပွဲ ပြုလုပ်တင်မြှောက်မည်

Photo: ဝေဖန်ခံနေရသည့် စည်ပင်နည်းဥပဒေဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဝင်များအား လူထုရွေးကောက်ပွဲ ပြုလုပ်တင်မြှောက်မည်
Thursday, September 4, 2014

နှစ်ပေါင်း ၅ဝကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် ကော်မတီဝင်များ လူထု ရွေးချယ် တင်မြှောက်ပွဲကို ယခုစက် တင်ဘာလအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။

''ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီရဲ့ မြို့နယ်အဆင့်လိုက် ခရိုင် အဆင့်လိုက် ကော်မတီဝင်တွေ ရဲ့ ရွေးကောက်တင်မြှောက်ပွဲကို ဒီလ ထဲမှာ ကျင်းပဖို့ရှိပါတယ်''ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီစီမံရေးရာဌာနမှ ဌာနမှူး ဦးတင်ကိုကိုက ''လောလောဆယ် တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောလို့ မရသေးပါဘူး။ မကြာခင် အသေးစိတ် ထုတ်ပြန်ပေးပါမယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အချက်အချာကျ ဆုံး မြို့ကြီးနှစ်မြို့ဖြစ်သည့် ရန်ကုန် နှင့် မန္တလေးမြို့ကြီးများတွင် လွန်ခဲ့သည့် မဆလခေတ် ၁၉၆ဝ ပြည့်နှစ် ဝန်းကျင် က မြို့တော်ဝန်ရွေးကောက်ပွဲများကို စမ်းသပ်ကျင်းပခဲ့ဖူးပြီး ကျန်ပြည်နယ် နှင့်တိုင်းများတွင် ဗဟိုမှ တိုက်ရိုက် ခန့်အပ်သည့်ပုံစံကို ဆက်လက်ကျင့် သုံးခဲ့သည်။ ထိုအချိန်က ရွေးကောက် ပွဲများကို လက်လှမ်းမီခဲ့သည့် ဒီမိုက ရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌဦးသုဝေ ကပြောသည်။

''အများအားဖြင့်တော့ နာမည် ကြီးတဲ့သူတွေကိုပဲ ရွေးတာပဲ။ အတိုက် အခံတွေလဲပါတယ်။ ဖဆပလပြိုကွဲပြီး တဲ့နောက်ပိုင်း မြို့တော်ဝန်ရွေးကောက် ပွဲတွေလဲ ဒီနေ့အချိန်အထိ မရှိတော့ ဘူး'' ဟု၎င်းကပြောသည်။

ယခုလအတွင်း ကျင်းပမည့် ရန် ကုန်စည်ပင်သာယာရေး ကော်မတီ ဝင်အဆင့်ဆင့် ရွေးချယ်တင်မြှောက် ပွဲတွင် ၂ဝ၁၃ခုနှစ် စည်ပင်သာယာ ရေးဥပဒေ၊ နည်းဥပဒေများအရ အဖွဲ့ ဝင်ကိုးဦးပါဝင်သည့် ၄င်းကော်မတီ တွင် မြို့တော်ဝန် (ကော်မတီဥက္ကဋ္ဌ)ကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ် ၍လည်းကောင်း၊ အဖွဲ့ဝင်လေးဦးကို အစိုးရအဖွဲ့မှ တိုက်ရိုက်ခန့်အပ်၍လည်း ကောင်း၊ ကျန်အဖွဲ့ဝင်လေးဦးကို မြို့ တော်နယ်နိမိတ်အတွင်းရှိ ခရိုင်လေး ခုမှ ပြည်သူများက ရွေးချယ်တင်မြှောက် ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စည်ပင်နည်းဥပဒေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန် လုပ်ဆောင်ထားခြင်းကြောင့် ပယ်ဖျက် ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ က တင်ပြခဲ့သော်လည်း တိုင်းဒေသ ကြီးလွှတ်တော်က နဂိုမူလအတိုင်း အ တည်ပြုခဲ့သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ခံနေ သည့် နည်းဥပဒေတစ်ရပ်ဖြစ်ကြောင်း သိရသည်။

TheYangonTimes
Yangon Media Group
နှစ်ပေါင်း ၅ဝကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် ကော်မတီဝင်များ လူထုရွေးချယ်တင်မြှောက်ပွဲကို ယခုစက်တင်ဘာလအတွင်း ကျင်းပသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က ပြောသည်။

KIA တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရာရှိအပါအ၀င် ၂ ဦး သေဆုံး

Photo: KIA တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရာရှိအပါအ၀င် ၂ ဦး သေဆုံး
Thursday, Setember 4, 2014

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ ဖီထကျေးရွာရှိ လမ်းဘေးအရက်ဆိုင်၌ စက်တင်ဘာ ၂ ရက် နေ့လည် ၃ နာရီ ခွဲခန့်တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်ဖွဲ့အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာ တပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်မှာ အရက်ဆိုင်တွင် အရက်သေစာ သောက်စားမူးယစ်နေသော KIA တပ်ဖွဲ့ဝင်တစ်ဦးအား ၎င်းထက်ရာထူးကြီးသော တပ်ဖွဲ့ဝင်တစ်ဦးမှ လာရောက်ခေါ်ဆောင်စဉ် သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ အရက်သောက်ပြီး သောင်းကျန်းနေတာက တပ်သား မာဒွတ်ပါ၊ သူ့ကို တပ်ကြပ်ကြီး ဇော်လီ က လာခေါ်တာ ကို မကျေမနပ်ဖြစ်ပြီး ပစ်သတ်လိုက်တာပါ၊ နောက်ထပ်လာခေါ်တဲ့ အရာရှိတစ်ယောက်ကိုလည်း ပစ်သတ်လိုက်တယ်” ဟု မျက်မြင်ရွာသားတစ်ဦးက ပြောသည်။

တပ်သားမာဒွတ်သည် ၎င်းအား လာခေါ်သော တပ်ကြပ်ကြီး ဇော်လီအား ပစ်ခတ်သတ်ဖြတ်ပြီးနောက် ထပ်မံ လာခေါ်သော ဒုဗိုလ် ဇော်ဒွဲကိုလည်း ပစ်ခတ်ခဲ့ရာ နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“ အဲ့ဒီလို ပစ်သတ်ပြီး မာဒွတ်က ထွက်ပြေးသွားတယ်၊ စခန်းက တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လိုက်ရှာနေကြ တာ မြင်တယ် ” ဟု ဖီထရွာသားတစ်ဦးက ပြောသည်။

အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားသော KIA တပ်ဖွဲ့ဝင်များမှာ KIA တပ်မဟာ(၃)၊ တပ်ရင်း(၁)မှ ဖီတာ ဘွမ်စခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုဗိုလ် ဇော်ဒွဲ ဦးစီးအဖွဲ့ဖြစ်ကြောင်း သိရသည်။

KIA တပ်ဖွဲ့ဝင်အရာရှိနှင့် တပ်ကြပ်ကြီးအား ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသွားသော တပ်သား မာဒွတ်အား စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် ကျောက်တောင်ကုန်းအနီး၌ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီး ရမိပြီး တပ်ရင်း(၁)အင်ဘာပါသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင် ရွာသားအချို့ထံမှ သိရှိရပါသည်။

ဇော်မိုင်
Credit : KDN
ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ ဖီထကျေးရွာရှိ လမ်းဘေးအရက်ဆိုင်၌ စက်တင်ဘာ ၂ ရက် နေ့လည် ၃ နာရီ ခွဲခန့်တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်ဖွဲ့အချင်းချင်းပစ်ခတ်သတ်ဖြတ် မှု ဖြစ် ပွားခဲ့ရာ တပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

မေမြတ်နိုးကို သရဖူပြန်တောင်းနေတဲ့ တောင်ကိုရီးယားအဖွဲ့

Photo: မေမြတ်နိုးကို သရဖူပြန်တောင်းနေတဲ့ တောင်ကိုရီးယားအဖွဲ့
Thursday, Setember 4, 2014

  မေမြတ်နိုးကို သရဖူအပ်ခဲ့၊ အခုတော့ သရဖူ ပြန်တောင်းနေတဲ့ တောင်ကိုရီးယား အခြေစိုက်  Miss Asia Pacific World အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း အငြင်းပွားစရာဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ် ပြိုင်ပွဲမှာ ဗင်နီဇွဲလားအလှမယ်ကို သရဖူပေးဖို့ ကြိုတင် စီစဉ်ထားခဲ့တယ်ဆိုပြီး အဲဒီပွဲက အလှမယ် အများအပြားက ပြောဆိုခဲ့ပါတယ် တဲ့။

 အဲဒီကာလ အငြင်းပွားမှု အခြေအနေကို ရိုက်ကူးထားတဲ့ ရုပ်သံကို “Confessions of a Beauty Queen” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှာရင် ယူကျူမှာ တွေ့နိုင်သေးတယ် ဆိုပဲ။

 ပြိုင်ပွဲမှာ ဆုတွေရချင်ရင် သူတို့နဲ့လိင်ဆက်ဆံဖို့ ပြိုင်ပွဲကော်မတီဝင်တချို့က ကမ်းလှမ်းတယ်ဆိုပြီး တချို့ အလှမယ်တွေက စွပ်စွဲကြပါတယ်။

 ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြိုင်ပွဲကျင်းပတဲ့အဖွဲ့ရဲ့ မီဒီယာညွှန်ကြားရေးမှူး  David Kim က ငြင်းဆိုပါတယ်။

 အလှမယ်တွေက ပြိုင်ပွဲကော်မတီဝင်တွေနဲ့ရော ဒါရိုက်တာတွေနဲ့ရော အိပ်တယ် ဆိုတာ မဟုတ်ပါဘူး၊ ရဲတပ်ဖွဲ့ကလည်း အဲဒါကို ကောလာဟလသက်သက်ဖြစ်တယ်ဆိုတာ ကြေညာပြီးပါပြီ။ အားလုံးကို စစ်ဆေးပြီးပါပြီ၊ ဟိုတယ် လုံခြုံရေးကင်မရာကိုလည်း စစ်ပြီးပါပြီ၊ အဲဒါ ကောလာဟလ သက်သက်ပါ လို့ သူက ရှင်းဆိုပါတယ်။

ခွဲစိတ်ပြုပြင်ဖို့ ကိုရီးယားပြိုင်ပွဲအဖွဲ့က စီစဉ်တာကိုလည်း လက်မခံခဲ့ကြောင်း  မေမြတ်နိုးက ပြောပါတယ်။

AFP သတင်းတပုဒ်မှာတော့ ကိုရီးယားပြိုင်ပွဲအဖွဲ့ကိုတည်ထောင်တဲ့   Young Choi က မေမြတ်နိုး ခွဲစိတ်ပြုပြင်တာနဲ့ ပတ်သက်ပြီး သူတို့ဆီမှာ ဓာတ်ပုံအထောက်အထား ရှိတယ်လို့ ဆိုထားကြောင်း ရေးပါတယ်။
  
မေမြတ်နိုးကို တရားစွဲဖို့လည်း စဉ်းစားမယ်လို့ ဆိုပါတယ်။
ခွဲစိတ်ပြုပြင်တယ်ဆိုတဲ့ စရိတ်စကနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဖြေဆိုခြင်း မပြုပါ၊ ခွဲစိတ်ပြုပြင်ရေးကျွမ်းကျင်သူ ဆယ်ဦးနဲ့ ကာလအတန်ကြာကတည်းက စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

ဘန်ကောက်အခြေစိုက် The Nation သတင်းစာရဲ့ အွန်လိုင်း သတင်းတိုတပုဒ်မှာတော့  ကိုရီးယားအဖွဲ့ရဲ့ ဥက္ကဋ္ဌ Lawrence Choi ကို ကိုးကားထားပါတယ်။
သရဖူပြန်သိမ်းရခြင်းဟာ သူ့အသက် ငယ်လွန်းလို့ပါ တဲ့။ မယ်ပြိုင်ပွဲအတွက် အသက် ကန့်သတ်ချက်က ၁၈ နဲ့ ၂၇ ကြား ဖြစ်ရပါမယ် တဲ့။
မေမြတ်နိုးက ၁၅ နှစ်ပဲ ရှိသေးတယ်လို့ သူက ဆိုပါတယ်။
လာမယ့်လ ၁၃ ရက်နေ့မှ သူ့အသက် ၁၆ နှစ် ပြည့်ပါမယ် တဲ့။ 

ဒါကတော့ မေမြတ်နိုးကို သရဖူပြန်တောင်းနေတဲ့ တောင်ကိုရီးယားအဖွဲ့အကြောင်း ဆက်စပ် အချက်အလက်တွေကို ကောက်နုတ် ဖော်ပြလိုက်တာဖြစ်ပါတယ်။

ဧရာဝတီ
မေမြတ်နိုးကို သရဖူအပ်ခဲ့၊ အခုတော့ သရဖူ ပြန်တောင်းနေတဲ့ တောင်ကိုရီးယား အခြေစိုက် Miss Asia Pacific World အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း အငြင်းပွားစရာဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရတယ်လို့ သိရ ပါတယ်။

တပ်ဖွဲ့ဝင်တစ်ဦး အရေးယူခံထားရမှုအခြေအနေကို မေးမြန်းရန် ဘားအံမြို့မရဲစခန်းသို့ KNU/KNLA (PC) ဌာနချုပ်မှ တပ်ဖွဲ့ဝင် ၃၀ ခန့် လက်နက်အပြည့်အစုံနှင့် လာရောက်ရာ မြို့ခံများစိုးရိမ်ထိတ်လန့်ခဲ့

Photo: တပ်ဖွဲ့ဝင်တစ်ဦး အရေးယူခံထားရမှုအခြေအနေကို မေးမြန်းရန် ဘားအံမြို့မ ရဲစခန်းသို့ KNU/KNLA (PC) ဌာနချုပ်မှ တပ်ဖွဲ့ဝင် ၃၀ ခန့် လက်နက်အပြည့် အစုံနှင့် လာရောက်ရာ မြို့ခံများစိုးရိမ်ထိတ်လန့်ခဲ့
Thursday, Setember 4, 2014

KNU/KNLA (PC) ဌာနချုပ်မှ တပ်ဖွဲ့ဝင် ဗိုလ်အယူဆိုသူအား လက်နက်လက်ဝယ်တွေ့ရှိမှုဖြင့် အမှုဖွင့်အရေးယူထားမှုအပေါ် KNU/KNLA (PC) အဖွဲ့က အမှုတွဲအခြေအနေကိုသိရှိရန်အတွက် ဘားအံမြို့မရဲစခန်းသို့ (KNU/KNLA (PC) ဌာနချုပ်တပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်မှ လက်နက်အပြည့်အစုံဖြင့် လာရောက်ဆွေးနွေးခဲ့သဖြင့် ဘားအံမြို့ခံများ စိုးရိမ်ထိတ်လန့်ခဲ့ကြကြောင်း သိရသည်။

ဘားအံမြို့မရဲစခန်းမှ လွန်ခဲ့သည့် သြဂုတ် ၁၀ ရက်တွင် (KNU/KNLA (PC) ဌာန ချုပ်တပ်ဖွဲ့မှ ဗိုလ်အယူဆိုသူအား လက်နက်လက်ဝယ်တွေ့ရှိမှုနှင့်ပတ်သက်ကာ ဥပဒေပုဒ်မ ၁၉ (စ)ဖြင့် အမှုဖွင့်အရေးယူထားပြီးနောက် စက်တင်ဘာ ၃ ရက် နံနက် ၁၀ အချိန်ခန့်တွင် (KNU/KNLA (PC) ဌာနချုပ်ရုံးမှ ဒုဗိုလ်မှူးကြီးအဆင့်ရှိ စောဂျိုးဇက်ခေါင်းဆောင်၍ ဘားအံမြို့နယ် ကရင်ကော့ကျိုက်ကျေးရွာ အခြေပြုဗဟိုလယ်ယာတာဝန်ခံဗိုလ် ကျော်ကျော်ဦးစီးတပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်က လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အမှုဖွင့်ကိစ္စအား လာရောက်ဆွေးနွေးခဲ့ကြောင်း၊ (KNU/KNLA (PC) တပ်ဖွဲ့ဝင်များမှာ ဘားအံမြို့မရဲစခန်းရှေ့တွင် အသင့်အနေအထားဖြင့် ၀ိုင်းရံထားသည့် သဏ္ဌာန်အနေအထားကြောင့် မြို့မရဲစခန်းအနီးရှိ ရွှေဆိုင်တန်းမှ ဆိုင်ခန်းတချို့ပိတ်သိမ်းမှုရှိခဲ့ပြီး စိုးရိမ်ထိတ်လန့်မှုအခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ မြို့ခံများက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

"ကား ၁၀ စီးလောက်လာပြီး လက်နက်အပြည့်အစုံနဲ့ ရဲစခန်းရှေ့မှာ နေရာယူထားတာတွေ့တော့ ဘာများဖြစ်လေမလဲဆိုပြီး စိုးရိမ်ထိတ်လန့်သွားတယ်။ တချို့ဈေးဆိုင်ခန်းတွေပိတ်ပြီး အိမ်ကိုတန်းပြန်ကြတယ်။ မွန်းတည့် ၁၂ နာရီကျော်မှ အဲဒီ KNU အဖွဲ့က ရဲစခန်းကနေ ထွက်ခွာသွားတာတွေ့ရတယ်" ဟု မြို့ခံတစ်ဦးကဆိုသည်။

(KNU/KNLA (PC) တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် ထို့ကော်ကိုးမှတစ်ဆင့် ဘားအံ KNU ဆက်ဆံရေးရုံးသို့လာရောက်ခဲ့ပြီး နံနက် ၁၀ နာရီအချိန်တွင် အမှုတွဲကိစ္စဖြင့် ဘားအံမြို့မရဲစခန်းသို့ တပ်ဖွဲ့အင်အားအပြည့်အစုံဖြင့် လာရောက်ကာ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် အေးချမ်းစွာ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

Eleven Media Group 

(KUN/KNLA (PC) ဌာနချုပ်မှတပ်ဖွဲ့ဝင်များအား ဘားအံမြို့မရဲစခန်းရှေ့ တွင် တွေ့ရစဉ်
(KUN/KNLA (PC) ဌာနချုပ်မှတပ်ဖွဲ့ဝင်များအား ဘားအံမြို့မရဲစခန်းရှေ့ တွင် တွေ့ရစဉ်
KNU/KNLA (PC) ဌာနချုပ်မှ တပ်ဖွဲ့ဝင် ဗိုလ်အယူဆိုသူအား လက်နက်လက်ဝယ်တွေ့ရှိမှုဖြင့် အမှုဖွင့်အရေးယူထားမှုအပေါ် KNU/KNLA (PC)အဖွဲ့က အမှုတွဲအခြေအနေကိုသိရှိရန်အတွက် ဘားအံ မြို့မ ရဲစခန်းသို့ (KNU/KNLA (PC) ဌာနချုပ်တပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်မှ လက်နက်အပြည့်အစုံဖြင့် လာရောက်ဆွေးနွေးခဲ့သဖြင့် ဘားအံမြို့ခံများ စိုးရိမ်ထိတ်လန့်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန် ဖုန်းဆိုင်အချို့ MPT ဆင်းမ်ကတ် ခွဲတမ်းရောင်းကုန်၍ အရောင်းရပ်

Photo: ရန်ကုန် ဖုန်းဆိုင်အချို့ MPT ဆင်းမ်ကတ် ခွဲတမ်းရောင်းကုန်၍ အရောင်းရပ်
Thursday, September 4, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အကန့်အသတ်မရှိ ရောင်းချပေးမည်ဟု ဆိုထားသော ၁၅၀၀ တန် WCDMA၊ GSM ဆင်းမ်ကတ်များကို တရားဝင် ရောင်းချခွင့် ရရှိထားသော အရောင်းဆိုင်အချို့တွင် ၎င်းတို့ရောင်းချရန် ရရှိထားသော ဆင်းမ်ကတ်များ လက်ကျန်ရောင်းချရန် မရှိတော့၍ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ရောင်းချမှု ရပ်ဆိုင်းထားကြောင်း အဆိုပါ ဖုန်းဆိုင်များထံမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေး MPT မှ ရောင်းချရန် ချပေးထာသော ဆင်းမ်ကတ် ခွဲတမ်းအရေအတွက် ကုန်သွားသည့်အတွက် ဆင်းမ်ကတ်များ အရောင်းရပ်ထားရခြင်း ဖြစ်ကြောင်း Elite ဖုန်းဆိုင်မှ ဈေးကွက်ရှာဖွေရေး မန်နေဂျာ ဒေါ်မြင့်ဇက်ထွန်းက ပြောကြားသည်။ 

“MPT က ကျွန်မတို့ကို ချပေးတဲ့ ခွဲတမ်းအရေအတွက် ကုန်သွားလို့ပါ။ ဆင်းမ်ကတ်တွေက ကျွန်မတို့ပဲရတာ မဟုတ်တဲ့အတွက် ကျွန်မတို့ဆီမှ ရှိသလောက် ရောင်းတာ ကုန်သွားလို့ ဆင်းမ်ကတ် ရောင်းတာ ရပ်လိုက်တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဆင်းမ်ကတ်များ ကုန်သွားသည်ကို မြန်မာ့ဆက်သွယ်ရေး MPT ထံသို့ တင်ပြထားကြောင်း MPT အနေနှင့် သတင်းစာများ၌ အကန့်အသတ်မရှိ ရောင်းချမည်ဟု ကြေညာထားသည့်အတွက် နောက်ထပ် ဆင်းမ်ကတ်များ ချပေးသွားမည်ဟု ထင်မြင်ကြောင်း ၎င်းက ပြောဆိုသည်။

ရန်ကုန် Elite ဖုန်းအရောင်းဆိုင်ခွဲများမှ စက်တင်ဘာ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ဆင်းမ်ကတ်ပေါင်း တစ်သောင်းကျော် ရောင်းချထားပြီး ဖြစ်သည်ဟု ၎င်းကဆိုသည်။

KMD ဖုန်းအရောင်းဆိုင် ပန်းဆိုးတန်းဆိုင်ခွဲမှ တာဝန်ရှိသူ တစ်ဦးကလည်း “ဒီနေတော့ ကျွန်တော်တို့ဆိုင်မှာ မရောင်းပါဘူး။ ကျွန်တော်တို့ ဆိုင်ခွဲက ရရှိတဲ့ ဆင်းမ်ကတ် အရေအတွက် ကုန်သွားလို့ပါ” ဟု ပြောသည်။

စက်တင်ဘာ ၁ ရက်နေ့တွင် ဆင်းမ်ကတ်ပေါင်း နှစ်ရာနှင့် စက်တင်ဘာလ ၂ ရက်နေ့တွင် ဆင်းမ်ကတ်ပေါင်း သုံးရာ ရောင်းချခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

MPT ၁၅၀၀ ဆင်းမ်ကတ်များကို အကန့်အသတ်မရှိ ဝယ်ယူရရှိမည်ဟု ဆိုထားသဖြင့် မနက်အစောပိုင်းကတည်းက ဝယ်ယူရန် တန်းစီ စောင့်နေသော်လည်း ဆင်းမ်ကတ် ကုန်သွားသည်ဟုဆိုကာ မရောင်းကြောင်း စက်တင်ဘာလ ၃ ရက်နေ့တွင် ယင်းဆင်းမ်ကတ် ဝယ်ယူရန် တန်းစီခဲ့သူ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။ 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ဆင်းမ်ကတ်များကို အကန့်အသတ်မရှိ လွတ်လပ်စွာ ရောင်းချပေးမည် ဖြစ်ပြီး လေးလအတွင်း ဆင်းမ်ကတ် အရေအတွက် ငါးသန်းကျော် ရောင်းချသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၁၅၀၀ ကျပ်ဖြင့် ရောင်းချသော ဆင်းမ်ကတ်များကို ပြင်ပဈေးကွက်တွင် ကျပ်တစ်သောင်း ငါးထောင်မှ ကျပ်နှစ်သောင်းခန့်အထိ ရောင်းချလျက်ရှိကြောင်း ဖုန်းဈေးကွက်အတွင်းမှ သိရသည်။

The Voice Weekly
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အကန့်အသတ်မရှိ ရောင်းချပေးမည်ဟု ဆိုထားသော ၁၅၀၀ တန် WCDMA၊ GSM ဆင်းမ်ကတ်များကို တရားဝင် ရောင်းချခွင့် ရရှိထားသော အရောင်းဆိုင်အချို့တွင် ၎င်းတို့ရောင်းချရန် ရရှိထားသော ဆင်းမ်ကတ်များ လက်ကျန်ရောင်းချရန် မရှိတော့၍ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ရောင်းချမှု ရပ်ဆိုင်းထားကြောင်း အဆိုပါ ဖုန်းဆိုင်များထံမှ သိရသည်။

KNU/ KNLA – PC လက်နက်ကိုင် အင်အား ၃၀ ခန့် ဘားအံ ရဲစခန်းသို့ သွားရောက် ဒေသခံတို့ ထိတ်လန့်

KNU/ KNLA – PC အဖွဲ့ဝင်လက်နက်ကိုင်ဆောင်ထားသူများသည် စက်တင် ဘာ ၃ ရက် နံနက်ပိုင်းက ဘားအံမြို့တွင်း ၀င်ရောက်လာသည့်အတွက် ထိတ်လန့်ခဲ့ရသည် ဟု ဒေသခံများ က ပြောသည်။

စက်တင်ဘာ ၁၁ တိုက်ခိုက်မှုမျိုး ထပ်မံဖြစ်ပွားမည်ကို အမေရိကန် စိုးရိမ်


လစ်ဗျား လေဆိပ်တစ်ခုတွင် ခရီးသည်တင် ဂျက်လေယာဉ်အများအပြားကို သူပုန်များက သိမ်းယူ သွားသောကြောင့် အဆိုပါ လေယာဉ်များကို အသုံးပြု ကာ ယခုစက်တင်ဘာလအတွင်း ၁၃ နှစ်ပြည့်မည့် ၉/၁၁ တိုက်ခိုက်မှုမျိုး ထပ်မံဖြစ်ပေါ်မည်ကို အမေရိကန်အရာရှိများက စိုး ရိမ်နေကြ ကြောင်း Washington Free Beacon သတင်းတွင် စက်တင်ဘာ ၃ ရက်က ဖော်ပြခဲ့သည်။

ရခိုင် ကျေးရွာများကို အကူအညီ ပေးရန် NGO များသို့ ပြည်နယ် ၀န်ကြီးချုပ် တောင်းဆို

Photo: ရခိုင် ကျေးရွာများကို အကူအညီ ပေးရန် NGO များသို့ ပြည်နယ် ၀န်ကြီးချုပ် တောင်းဆို
Thursday, September 4, 2014

ရန်ကုန်၊ စက်တင်ဘာ ၃။ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် အကူအညီပေးရေး လုပ်ငန်းများ ဆောင် ရွက်နေသည့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့  NGO  များကို ဒုက္ခသည် စခန်းများ သာမက ဖွံ့ဖြိုးမှု အား နည်းသော ရခိုင်ကျေးရွာ များကိုပါ အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်ပေးရန် ရခိုင် ပြည်နယ်ဝန်ကြီး ချုပ် ဦးမောင်မောင်အုန်း က တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးခန်းတွင် NGO, INGO များနှင့် ပြည်နယ်အစိုးရတို့ စက်တင်ဘာ ၂ ရက်က တွေ့ ဆုံပြီး ထိုသို့ တောင်းဆို လိုက်ခြင်းဖြစ်သည်။ “ဒုက္ခသည် စခန်းတွေ ထက် နေရေးစားရေး အဆင်မပြေ တဲ့ရွာတွေ စာသင်ကျောင်း၊ ဆေးပေး ခန်းတွေ မရှိတဲ့ ရွာတွေ အများကြီးရှိတယ်၊ ဒါတွေကိုလည်း အကူအညီ ပေးဖို့ ၀န်ကြီးချုပ် ကတောင်းဆို လိုက်တယ်”ဟု ယင်းတွေ့ဆုံ ပွဲကို တက်ရောက် ခဲ့သူ ပြည်နယ် ၀န်ကြီး ဦးလှ ဟန်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ပြည်နယ် အစိုးရသည် ဒေသ ခံများ အလုပ်အကိုင်ရ ရှိရေးနှင့် ဒေသခံများ နှင့် အကူအ ညီပေးရေး အဖွဲ့ များအကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ၀န်ထမ်းများ ခန့်အပ်ရာတွင် ရခိုင်တိုင်းရင်းသားများကိုလည်း ခန့်အပ်ရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

“အကူအညီပေးရေး အဖွဲ့တွေထဲက ၀န်ထမ်းတွေက ရခိုင်တိုင်းရင်းသားတွေ မရှိသလောက် ဖြစ်နေတယ်။ ဒါကြောင့် ၀န်ထမ်းတွေ ခန့်အပ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ပြောတာ”ဟု ၎င်းကပြောသည်။
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ များသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင် အကူ အညီပေးရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ထိုသို့ အကူအညီပေးရေးလုပ်ကိုင်ရာတွင် ခွဲခြားဆက်ဆံမှု များရှိသည်ဆိုကာ ဒေသခံအချို့ က ဒေသမှထွက်ခွာသွားရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် ကျေးရွာများတွင် အကူအညီပေးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရခိုင်တွင် အဓိကကူညီမှု များ ပြုလုပ်နေသော မြန်မာနိုင်ငံဆိုင်ရာ UN  အဖွဲ့အစည်းများ ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် မရခဲ့ချေ။
ထို့နောက် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအစီအစဉ်အရ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရက နိုင်ငံတကာ အကူအညီ ပေးရေးအဖွဲ့များကို ပြန်လည်ဖိတ်ခေါ်ခဲ့ပြီး အကူအညီပေးရေးလုပ်ငန်းများဆောင် ရွက်နေခြင်း ဖြစ်သည်။

Mizzima - News in Burmese
ရန်ကုန်၊ စက်တင်ဘာ ၃။ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် အကူအညီပေးရေး လုပ်ငန်းများ ဆောင် ရွက်နေသည့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့  NGO  များကို ဒုက္ခသည် စခန်းများ သာမက ဖွံ့ဖြိုးမှု အား နည်းသော ရခိုင်ကျေးရွာ များကိုပါ အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်ပေးရန် ရခိုင် ပြည်နယ် ၀န်ကြီး ချုပ် ဦးမောင်မောင်အုန်း က တောင်းဆိုလိုက်သည်။

တရုတ်ဆန့်ကျင်ရေး ဗုံးဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့မှုဖြင့် ဖိလစ်ပိုင်နိုင်ငံရေး သမားတစ်ဦး ဖမ်းဆီးခံရ

Photo: တရုတ်ဆန့်ကျင်ရေး ဗုံးဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့မှုဖြင့် ဖိလစ်ပိုင်နိုင်ငံရေး သမားတစ်ဦး ဖမ်းဆီးခံရ
Thursday, September 4, 2014

တရုတ်အစိုးရအား ဆန့်ကျင်ရန် ဗုံးဖောက်ခွဲမှုအား စီစဉ်ခဲ့မှုဖြင့် ဖိလစ်ပိုင်နိုင်ငံရေး သမား တစ်ဦးအား စက်တင်ဘာ ၃ ရက်တွင် ဖမ်းဆီး လိုက်ကြောင်း သိရသည်။

၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော် လည်း အောင်မြင်မှု မရရှိခဲ့သည့် အယ်လီဗလတ်ဇ်ပါမာတွန်သည် ဖိလစ် ပိုင်နိုင်ငံတွင်းမှ တရုတ်လူမျိုးများနှင့် ဆက်နွှယ်နေသည့် နေရာများကို ဗုံးခွဲရန် စီစဉ်ရာတွင် နောက်ကွယ်က ပါဝင်ပတ်သက်ခဲ့ကြောင်း ဖိလစ်ပိုင် တရားရေး ၀န်ကြီး လီလာဒေလိုင်မာက ပြောကြားသည်။

“ဗုံးဖောက်ခွဲဖို့ စီစဉ်မှုတွေမှာ ပါမာတွန်ပါဝင်နေမှုတွေနဲ့ပတ်သက်ပြီး အမျိုးသားထောက်လှမ်းရေး ဗျူရိုက စုံစမ်း နေပါတယ်” ဟု ဒေလိုင်မာက သတင်းထောက်များကို ပြောကြားခဲ့သည်။

မြို့တော်မနီလာနိုင်ငံတကာလေဆိပ်တွင် ဖော်ထုတ်တားဆီးနိုင်ခဲ့သည့် ဗုံးဖောက်ခွဲရန် လုပ်ဆောင်မှု တွင် ဖမ်းမိထားသူသုံးဦးကိုလည်း ပါမာတွန်က သိကြောင်း ၀န်ခံထားသည်။

၎င်းတို့ သုံးဦးသည် တရုတ်သံရုံးနှင့် တရုတ်နွယ်ဖွားသူဌေးများ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများကို လည်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

ပါမာတွန်အား ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှ မနီလာလေဆိပ်သို့ ရောက်ရှိလာစဉ် ဖမ်းမိခဲ့ခြင်းဖြစ် ကြောင်း အမျိုးသားထောက်လှမ်းရေး ဗျူရိုညွှန်ကြားရေးမှူး ဗာဂီလိုမန်ဒက်ဇ်က ပြောကြားသည်။

၂၀၀၄ ခုနှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကြောင့် ပါမာတွန်၏ နောက်လိုက်များက မြို့တော် မနီလာလမ်းများပေါ်မှ ယာဉ်များ၏ တာယာများကို ထိုးဖောက်မှုများ လုပ်ဆောင်ခဲ့မှုဖြင့် ၂၀၁၃ ခုနှစ်ကလည်း ဖမ်းဆီးခံခဲ့ရသည်။ 

Ref:AFP
Mizzima - News in Burmese
တရုတ်အစိုးရအား ဆန့်ကျင်ရန် ဗုံးဖောက်ခွဲမှုအား စီစဉ်ခဲ့မှုဖြင့် ဖိလစ်ပိုင်နိုင်ငံရေး သမား တစ်ဦးအား စက်တင်ဘာ ၃ ရက်တွင် ဖမ်းဆီး လိုက်ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေတက်၍ ဒေသခံငါးရာကျော်ကို ကယ်ဆယ်ရေးစခန်းများ သို့ ပြောင်းရွှေ့ခဲ့ရ

Photo: ဧရာဝတီမြစ်ရေတက်၍ ဒေသခံငါးရာကျော်ကို ကယ်ဆယ်ရေးစခန်းများ သို့ ပြောင်းရွှေ့ခဲ့ရ
Thursday, September 4, 2014

 ညောင်ဦးမြို့တွင် ဧရာ ၀တီမြစ်ရေကြီးသဖြင့် လူဦးရေ ၅၀၀ ကျော် ကယ်ဆယ်ရေးစခန်း များသို့ ရွှေ့ပြောင်းနေထိုင်နေရ ကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာ အုပ်စု အရှေ့ဆယ်လံကျေးရွာ တွင် လေးပေအထိမြင့်တက်လာ ၍ ကျေးရွာခံများနှင့် ကျွဲ၊ နွား စသည်တို့ကို စက်တင်ဘာ ၁ ရက်မှစပြီး ကယ်ဆယ်ရေးစခန်းများ သို့ ရွှေ့ပြောင်းနေရာချထားကြောင်းညောင်ဦးခရိုင်အထွေထွေအုပ် ချုပ်ရေးမှူး ဦးတင်ထူးမောင်က ပြောသည်။

‘‘မနှစ်က ဒီလိုမျိုးအတွေ့အ ကြုံရှိလို့ ဒီနှစ်က ရေတက်တက် ချင်းရွှေ့ပြောင်းပေးထားတာ။ အခုတော့ အဲဒီနေရာတွေမှာ ရေ တွေတော်တော်မြုပ်နေပြီ။ သူတို့ အတွက် အလှူရှင်တွေနဲ့ပူးပေါင်း ပြီး စားသောက်စရာတွေရော ဆေးဝါးကုသမှုအတွက်ပါ လုပ် ဆောင်ပေးနေပါတယ်။ ရွှေ့ပြောင်းရာမှာ ဘာပြဿနာမှမရှိပါဘူး’’ ဟု ၎င်းက ပြောသည်။

ရွှေ့ပြောင်းလာသော လူဦး ရေ ၅၀၀ ကျော်မှာ ယာယီကယ် ဆယ်ရေးစခန်းများဖွင့်လှစ်ထား သည့် တောင်ဘီကျေးရွာရှိ ကမ္မ ကျောင်း၊ ရတနာမာန်အောင် ကျောင်း၊ မြသီတာကျောင်း၊ ရွှေ ကျောင်းနှင့် မြို့ထောင့်ကျောင်း စသည့် ဘုန်းကြီးကျောင်းများတွင် ယာယီနေထိုင်နေကြောင်း သိရ သည်။ ဧရာဝတီမြစ်ရေမှာ ဆက် လက်မြင့်တက်နေပြီး အရှေ့ဆယ်လံကျေးရွာတွင် စက်တင်ဘာ ၃ ရက်အထိ စိုးရိမ်ရေမှတ်အနီးရောက်ရှိနေသည်။

7Day DAILY 

မြစ်ရေတက်၍ နေအိမ်များရေမြုပ်နေစဉ်(ဓာတ်ပုံ−ညောင်ဦးသား)
မြစ်ရေတက်၍ နေအိမ်များရေမြုပ်နေစဉ်(ဓာတ်ပုံ−ညောင်ဦးသား)
ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေကြီးသဖြင့် လူဦးရေ ၅၀၀ ကျော် ကယ်ဆယ်ရေးစခန်း များသို့ ရွှေ့ပြော င်းနေ ထိုင်နေရ ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့မိမြို့ဖများ ပြန်တောင်းနေသည့် အထက(၁)ကျောင်းဆောင် ကို ပြန်ပေးမည်ဟုဆို

စစ်တွေတက္ကသိုလ်ရှိဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကို အဆောင် အ ဖြစ်လက်ရှိ ထားရှိသည့် အထက(၁)ကျောင်းဆောင်ကို စစ်တွေတ က္ကသိုလ်တွင်အဆောင်များ တည် ဆောက် ပြီး စီးပါ က အခြေခံပညာ ဦးစီးဌာန သို့ ပြန်လည်လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း စစ်တွေတ က္ကသိုလ်ပါမောက္ခ ချုပ်ဒေါက်တာ တင်မောင်ထွန်းက ပြောသည်။

ကားနှင့်ပတ်သက်သည့် နိုင်ငံတကာ ကုန်စည်ပြပွဲ ကျင်းပမည်

ယာဉ်အပိုပစ္စည်းနှင့် ၀န် ဆောင်မှုဆိုင်ရာ နိုင်ငံတကာ စက်မှုကုန်စည်ပြပွဲကို ရန်ကုန်မြို့ တပ်မတော် ခန်းမ တွင် ကျင်းပပြု လုပ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။

အရက်ကြောင့်ဖြစ်သော အသည်းရောဂါကာကွယ်ရေး အမျိုးသမီးများ လှုပ်ရှားမှု တစ်ရပ် ပြုလုပ်မည်

အရက်ကြောင့်ဖြစ်သော အသည်းရောဂါကာကွယ်ရေးအ တွက် နိုင်ငံလုံးဆိုင်ရာ  အမျိုးသမီးထု   လှုပ်ရှားမှု တစ်ရပ်ကို နှစ်လတာပြုလုပ်သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။

နှလုံးရောဂါအကြောင်း သိကောင်းစရာ

Photo: နှလုံးရောဂါအကြောင်း သိကောင်းစရာ
Thursday, September 4, 2014

နှလုံးရောဂါနှင့်ပတ်သက်၍ သိ ထားသင့်သည့် အချက်အလက်များ ကို ဖော်ပြပေး လိုက် ပါသည်။ နှလုံးရောဂါနှင့်ပတ်သက်၍ သေဆုံးမှု အများဆုံးမှာ နှလုံးရောဂါ ခံစားရပြီး ပထမဆုံးအချိန်အတွင်း ဖြစ်ပွားလေ့ရှိသောကြောင့် နှလုံးရောဂါ ထလာကြောင်း သံသယရှိပါက ကျန်းမာရေး အရေးပေါ်ဌာနသို့ ဆက်သွယ်ပါ။

နှလုံးရောဂါ လက္ခဏာအများစုတွင် ရင်ဘတ်အလယ်တည့်တည့်၌ မိနစ်အနည်းငယ်ထက်ပို၍ မသက်မသာခံစားရခြင်း (သို့မဟုတ်) မသက်မသာဖြစ်ခြင်း ပျောက်သွားပြီးမှ ပြန်ပေါ်လာလိုက်ဖြစ်တတ်သည်။ လက်နှစ်ဖက်လုံး (သို့မဟုတ်) တစ်ဖက်၊ လည်ပင်း၊ မေးရိုး (သို့မဟုတ်) အစာအိမ်နေရာတွင် နာကျင်သည်ဟု ခံစားရခြင်းမှာ နှလုံးရောဂါ အချက်ပြမှု ဖြစ်နိုင်သည်။ ရင်ဘတ် မသက်မသာဖြစ်ခြင်းနှင့်အတူ (သို့မဟုတ်) မဖြစ်ဘဲ အသက်ရှူချိန် တိုတောင်းခြင်းလည်း ဖြစ်တတ်သည်။

သင်ပုံမှန်ကြုံနေကျ မဟုတ်သော ခန္ဓာကိုယ်တွင်း ခံစားမှုများကို အလေးထားစောင့်ကြည့်ပါ။ ဇောချွေးပြန်ခြင်း၊ မူးမော်ခြင်း၊ အားနည်းသလို ခံစားရခြင်း၊ အလွန်မောပန်းနွမ်းနယ်ခြင်း (သို့မဟုတ်) ပြိုလဲတော့မလို ခံစားရခြင်းတို့ကဲ့သို့ လက္ခဏာများကို အလေးထားစောင့်ကြည့်ပါ။ ယင်းလက္ခဏာများကို အထူးသဖြင့် အမျိုးသမီးများ ကြုံတွေ့ရလေ့ရှိသည်။

နှလုံးရောဂါထချိန်တွင် နှလုံးကြွက်သားများသို့ သွေးစီးဆင်းမှု အနှာင့်အယှက်ဖြစ်ပြီး နှလုံးကြွက်သားဆဲလ်များ စတင်သေဆုံးခြင်းကြောင့် ရင်ဘတ်နာကျင်ခြင်းဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ရင် ဘတ်နာကျင်မှု မရှိဘဲ အထူးသဖြင့် အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည်။ နှလုံးရောဂါအများစုမှာ ရင်ဘတ်ပိုင်း အတန်အသင့်နာကျင်ခြင်း (သို့မဟုတ်)မသက်မသာဖြစ်ခြင်းနှင့်အတူ ရောဂါတဖြည်းဖြည်း ရင့်လာလေ့ရှိသည်။

မည်သူမဆို နှလုံးရောဂါဖြစ်နိုင်ပြီး ရောဂါရှိခြင်းကို မသိရှိဘဲဖြစ်နေနိုင်သည်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူများ၊ နှလုံးရောဂါဖြစ်နိုင်ခြေပိုများသည့် နှလုံးရောဂါမှာ မည်သည့်အချိန်တွင်မဆို ရောဂါဖောက်လာနိုင်သော်လည်း အများစုမှာ နံနက်စောစောတွင် ရောဂါထလေ့ရှိသည်။ နှလုံးရောဂါထခြင်း၏ ၄၀ ရာခိုင်နှုန်းကို နံနက် ၆နာရီနှင့် နေ့လယ်အချိန်ကြားတွင် ဖြစ်ပွားလေ့ရှိသည်။ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးမှု ၂၉ ရာခိုင်နှုန်းမှာ နံနက်တွင် ဖြစ်ပွား လေ့ရှိသည်။

နှလုံးရောဂါထလာပြီဟု သံသယရှိပါက လူနာတင်ယာဉ်ချက်ချင်းခေါ်ပြီး အေးအေးဆေးဆေးထိုင်နေ(သို့မဟုတ်) လဲလျောင်းနေပါ။ ၃၀၀ မီလီဂရမ်ရှိ အက်စပရင်ဆေး(အကိုက်အခဲပျောက်ဆေး) တစ်လုံးဖြည်းဖြည်းချင်းဝါးစားပါ။ အက်စပရင်ဆေးက နှလုံးပျက်စီးမှုကို လျှော့ချရန် (သို့မဟုတ်) အန္တရာယ်ရှိသည့် သွေးခဲမှု ဖြစ်ပေါ်ခြင်းကို လျှော့ချရန် ကာကွယ်ပေးနိုင်သည်။ အိမ်တံခါးကို အလွယ်တကူ ၀င်ထွက်နိုင်ရန် သော့မခတ်ဘဲထားပါ။ မည်သည့် အစားအသောက်မှ မစားမသောက်ပါနှင့်။ တစ်စုံတစ်ဦးကို သင်နှင့်အတူ စောင့်နေခိုင်းပါ။

နှလုံးရောဂါ ဒုတိယတစ်ကြိမ် ခံစားရမည့် အန္တရာယ်များကို လေ့ ကျင့်ခန်းလုပ်ခြင်းက လျှော့ချပေးနိုင်သော်လည်း အန္တရာယ်ကင်းသော လေ့ကျင့်ခန်းမျိုး ဖြစ်စေရန် ဆရာဝန်နှင့်တိုင်ပင်ပါ။ လမ်းလျှောက်ခြင်း၊ ပေါ့ပေါ့ပါးပါး ပြေးခြင်း၊ စက်ဘီးစီးခြင်း (သို့မဟုတ်) နှလုံးကြွက်သားများ အားကောင်းစေမည့် ရေကူးခြင်းကဲ့သို့ နှလုံးကျန်းမာရေး အထောက်အကူပြုမည့် လေ့ကျင့်ခန်းမျိုးကို ဆရာဝန်က လမ်းညွှန်ပါလိမ့်မည်။ ဆရာဝန်မညွှန်ကြားမီအထိ မည်သည့်လေ့ကျင့်ခန်းမျိုးမှ သင့်သဘောဖြင့် စမလုပ်ပါနှင့်။

7Day DAILY
နှလုံးရောဂါနှင့်ပတ်သက်၍ သိထားသင့်သည့် အချက်အလက်များကို ဖော်ပြပေးလိုက် ပါသည်။ နှလုံးရော ဂါနှင့် ပတ်သက်၍ သေဆုံးမှု အများဆုံးမှာ နှလုံးရောဂါ ခံစားရပြီး ပထမဆုံးအချိန် အတွင်း ဖြစ် ပွားလေ့ရှိသောကြောင့် နှလုံးရောဂါ ထလာကြောင်း သံသယရှိပါက ကျန်းမာရေး အရေးပေါ်ဌာနသို့ ဆက် သွယ်ပါ။

ဝန်ကြီးအဖွဲ့အပြောင်းအလဲပြုလုပ်ခြင်းသည် လူမှန်၊ နေရာမှန်ဖြစ်စေရန်ဟု ရခိုင်အစိုးရအဖွဲ့ သတင်းထုတ်ပြန်

ပြီးခဲ့သည့်ရက်ပိုင်းက ဝန်ကြီးအချို့အပြောင်းအလဲပြု လုပ်ခဲ့ခြင်းသည် ပြည်နယ်ဝန်ကြီး ချုပ်က လူမှန်နေရာ မှန်ဖြစ်စေရန် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က သတင်းထုတ်ပြန် သည်။

အီဘိုလာမဟုတ်ဟု သိပြီးနောက် သံသယရှိသူများကို ဆေးရုံမှဆင်းခွင့်ပြု

Photo: အီဘိုလာမဟုတ်ဟု သိပြီးနောက် သံသယရှိသူများကို ဆေးရုံမှဆင်းခွင့်ပြု
Thursday, September 4, 2014

 ဝေဘာဂီကူးစက်ဆေးရုံ ၌ စစ်ဆေးကုသနေသော အီဘို လာရောဂါ သံသယလူနာအပါအ ၀င် ၎င်းနှင့်ထိတွေ့ဆက်ဆံခဲ့သူ လေးဦးတို့တွင် အီဘိုလာရောဂါ မရှိကြောင်း ဓာတ်ခွဲအဖြေသိရှိရ ၍ စက်တင်ဘာ ၃ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်သည်။

‘‘လူနာတွေက ကျန်းမာရေး အခြေအနေ ကောင်းနေပါပြီ။ သွေးစစ်ဆေးတဲ့အဖြေပဲ စောင့် နေတာပါ။ အဖြေလည်း မဟုတ် မှန်းသိရတော့ ဆေးရုံက ဆင်းခွင့် ပြုလိုက်တာပါ။ ဒီနေ့မနက်ပဲ ဆင်းခွင့်ပြုလိုက်ပါပြီ’’ ဟု ကျန်း မာရေးဝန်ကြီးဌာန(နေပြည် တော်) မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၃ ရက် နံနက်တွင် ပြောသည်။

အီဘိုလာရောဂါ သံသယရှိ သူ၏ သွေးနမူနာကို ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲနမူနာအဖြေအရ ကူးစက် မြန် အီဘိုလာရောဂါပိုးမရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က စက်တင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အီဘိုလာသံသယရှိသူ၏ သွေးနမူနာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ဓာတ်ခွဲမှုဌာနရှိရာ အိန္ဒိယနိုင်ငံ၊ ပူနေးမြို့သို့ ပေးပို့ ရန် စီစဉ်ခဲ့သော်လည်း အခက်အ ခဲများရှိနေ၍ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ ဓာတ်ခွဲခန်းသို့ သြဂုတ် ၂၅ ရက်က ပြောင်းလဲ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၁၉ ရက်တွင် အာဖရိကနိုင်ငံများ၌ အလုပ်လုပ် ကိုင်ရာမှ ပြန်လာသော မြန်မာငါး ဦးအနက် အသက်(၂၂) နှစ်အ ရွယ်တစ်ဦး ကိုယ်အပူချိန် မြင့် တက်နေ၍ အီဘိုလာရောဂါ ရှိ၊ မရှိ စစ်ဆေးရန် ဝေဘာဂီကူးစက် ဆေးရုံ၌ စစ်ဆေးကုသနေခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးကုသမှု ခံယူ နေသော အီဘိုလာရောဂါ သံသ ယရှိ လူနာသည် ရန်ကုန်မြို့ ပြည် သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန ဓာတ်ခွဲခန်းအဖြေအရ မည် သည့်ရောဂါမှ မတွေ့ရှိဘဲ ငှက် ဖျားရောဂါပိုး နှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖတ်စီပရမ်နှင့် ပလတ်စမိုဒီယမ် ဗိုင်းဘတ်ရောဂါ ပိုးနှစ်မျိုး ကူးစက်ခံနေရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

7Day DAILY 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စောင့်ဆိုင်းနေသော ကျန်းမာရေး ၀န်ထမ်းများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စောင့်ဆိုင်းနေသော ကျန်းမာရေး ၀န်ထမ်းများ-ဓာတ်ပုံ−ဂျေမော င်မောင် (အမရပူရ)
ဝေဘာဂီကူးစက်ဆေးရုံ၌ စစ်ဆေးကုသနေသော အီဘိုလာရောဂါ သံသယလူနာအပါအ၀င် ၎င်းနှင့် ထိတွေ့ ဆက်ဆံခဲ့သူ လေးဦးတို့တွင် အီဘိုလာရောဂါ မရှိကြောင်း ဓာတ်ခွဲအဖြေသိရှိရ ၍ စက်တင်ဘာ ၃ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်သည်။

တရားဥပဒေစိုးမိုးရေး စင်တာများတွင် ပြည်ထဲရေး တစ်ခုတည်းကသာ ပံ့ပိုးသွားမည်ဟု အစိုးရ အကြောင်းပြန်

မန္တလေးနှင့်လားရှိုးတို့ တွင်  ဖွင့်လှစ်ရန်စီစဉ်နေသော တရားဥပဒေစိုးမိုးရေး စင်တာများ ၌  ပြည်ထဲရေး ဝန်ကြီးဌာနတစ် ခုတည်းကသာ လိုအပ်သမျှပံ့ပိုး သွားမည်ဟု အစိုးရက အကြောင်းပြန်ကြားလာကြောင်း  သတင်း ရရှိသည်။

နှစ်လဲယာဉ်စစ်ဆေးခြင်းကို ပုဂ္ဂလိကလုပ်ခွင့်ပေး

Photo: နှစ်လဲယာဉ်စစ်ဆေးခြင်းကို ပုဂ္ဂလိကလုပ်ခွင့်ပေး
Thursday, September 4, 2014

ရန်ကုန်မြို့တွင်း သွားလာနေသည့်ယာဉ်များ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက နှစ်လဲ ယာဉ်စစ်ဆေးခြင်း လုပ်ငန်းများ ကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နှစ်လဲယာဉ် စစ်ဆေးခြင်း လုပ်ငန်းဆိုသည်မှာ နှစ်စဉ်လိုင် စင်ဝင်ရာ၌ ယာဉ်ကြံ့ခိုင်မှုရှိ၊ မရှိ စစ်ဆေးခြင်းဖြစ်ပြီး ယာဉ်ကြံ့ခိုင်မှုရှိမှသာ လိုင်စင် သက်တမ်းတိုးပေးခြင်း ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည်။ အဆိုပါစစ်ဆေးခြင်း လုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုပါက ယခင်ကထက် ဌာနတွင်ကြန့်ကြာမှုမျိုးမရှိနိုင်တော့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက  မျှော်လင့်ထားသည်။

ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရရေးအတွက် ဌာနက လုပ်ကိုင်လိုသည့်ကုမ္ပဏီကိုရွေး ချယ်သွားမည်ဖြစ်ပြီး အောက်တို ဘာ ၉ ရက်မတိုင်မီ လုပ်ကိုင်လို သည့်လုပ်ငန်းပုံစံနှင့်တကွ ကုမ္ပဏီ၏သမိုင်းအတွေ့အကြုံများကို ပူးတွဲတင်ပြရမည်ဖြစ်သည်။

ပြည်တွင်း ကုမ္ပဏီတစ်ခု တည်းသော်လည်းကောင်း၊ ပြည် ပကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ခြင်းဖြင့်သော်လည်း ကောင်း လုပ်ကိုင်ခွင့်ကို တင်ပြ လျှောက်ထားနိုင်ကြောင်းထုတ် ပြန်ချက်တွင်ဖော်ပြပါရှိသည်။

‘‘ကညနက တခြားအပိုင်း တွေမှာပါ ပုဂ္ဂလိကကို လုပ်ကိုင် ခွင့်ပေးရင် ပိုကောင်းမယ်။ ဒါမှ ဌာနလိုမကြန့်ကြာတော့ဘူး’’ဟု ကားအရောင်းပြခန်းပိုင်ရှင်တစ် ဦးကပြောသည်။

ပြီးခဲ့သည့်လကလည်း ကနဦးယာဉ်မှတ်ပုံတင်ခြင်းကို ထောက်ကြန့် (ကပရ)ဝင်းအတွင်း၌ ယာဉ်ပိုင်ရှင်များပြောင်းလဲလုပ်ဆောင်ရန် မြင်သာကညနမှ ကနဦးယာဉ်မှတ်ပုံတင်ထုတ်ခြင်းလုပ်ငန်းကို ပြောင်းရွှေ့ခဲ့ပြီးဖြစ်သည်။

ထို့ပြင် ယာဉ်မောင်းလိုင်စင်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းများကိုလည်း ရန်ကုန်ဘူတာကြီး၊ ရွာသာကြီးတို့တွင် တိုးချဲ့ဌာနများ ဖွင့်လှစ် လုပ်ဆောင်ပေးလျက်ရှိပြီး ထပ်မံ၍ လိုင်စင်သက်တမ်း တိုးသည့်ရုံးခြောက်နေရာရှိရာမှ ကမ်းနားလမ်းရှိ ဘူတာရုံတွင် တစ်နေရာ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားသည်။

7Day DAILY 

ရန်ကုန်မြို့တွင်း သွားလာနေသည့်ယာဉ်များ (ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ))
ရန်ကုန်မြို့တွင်း သွားလာနေသည့်ယာဉ်များ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက နှစ်လဲယာဉ်စစ်ဆေးခြင်း လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဘားအံရဲစခန်း၌ ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင်ကို လက်နက်ကိုင်အဖွဲ့ လာတောင်း

လက်နက်မှုဖြင့် အရေး ယူခံထားရသည့် တပ်ဖွဲ့ဝင်တစ် ဦး ပြန်လွှတ်ပေးရေးနှင့် သိမ်းယူ ထား သည့် သေ နတ် ပြန်ပေး ရန် KNU/KNLA တပ်ဖွဲ့ဝင်များက ဘားအံမြို့မရဲစခန်းသို့ သွား ရောက်တောင်းဆိုခဲ့ ကြကြောင်း သတင်းရရှိသည်။

ကစားသမားသစ်သုံးဦးအတွက် မန်ယူ ပေါင် ၄၂ သန်း ပိုပေးခဲ့ရ

Photo: ကစားသမားသစ်သုံးဦးအတွက် မန်ယူ ပေါင် ၄၂ သန်း ပိုပေးခဲ့ရ
Thursday, September 4, 2014

မန်ယူအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ခေါ်ယူခဲ့သည့် ကစားသမား သုံးဦးဖြစ်သော ဒီမာရီယာ၊ အန်ဒါဟာရီရာနှင့် လုခ်ရှောတို့ သုံးဦးအတွက် တန်ကြေး ထက် ပေါင် ၄၂ သန်း ပိုပေးခဲ့ရသည် ကို တွေ့ရကြောင်း ဘော လုံးဈေး ကွက် စောင့်ကြည့်ရေးအဖွဲ့ CIES Football Observatory က ထုတ်ပြန်သည်။

အဆိုပါအဖွဲ့၏ ထုတ်ပြန်မှုစာရင်းတွင် မန်ယူမှာ ဒီမာရီယာကို စံချိန်တင်ဈေး ပေါင် ၅၉ ဒသမ ၇ သန်းဖြင့် ခေါ်ယူခဲ့ရာ၌ ကစားသမား၏ ဈေးကွက်တန်ကြေး အစစ်အမှန်ထက် ပေါင် ၂၃ ဒသမ ၉ သန်း ပိုပေးခဲ့ရကြောင်း ဆိုသည်။ ထို့ပြင် မန်ယူသည် ဟာရီရာကိုခေါ်ရာတွင် စာချုပ်ပါ ပေါက်ဈေးထက် ပေါင် ၁၃ သန်း အပိုပေးခဲ့ကာ လုခ်ရှောအတွက် ပေါင် ငါးသန်း အပိုပေးခဲ့ရကြောင်း တွက်ချက်ဖော်ပြထားသည်။

CIES ၏ ထုတ်ပြန်မှုတွင်ကစားသမားများ၏ တန်ကြေးများကို ၎င်းတို့အသက်၊ အသင်းနှင့် စာချုပ်သက်တမ်း၊ ရရှိထားသည့်ဂိုးအရေအတွက်နှင့် ကစားသမား၏ တစ်ပွဲချင်းကစားထားသည့် စွမ်းဆောင်ရည် ရမှတ်များကို ထည့်သွင်းတွက်ချက်ပြီးမှ ကစားသမား၏ ဖြစ်နိုင်ခြေအရှိဆုံး ပြောင်းရွှေ့ကြေးကို တွက်ချက်ပြခြင်း ဖြစ်သည်။ အဖွဲ့သည် စာရင်းတွင် အင်္ဂလန်၊ စပိန်၊ ဂျာမနီ၊ အီတလီနှင့် ပြင်သစ်လိဂ်များမှ ကစားသမားများ၏ တန်ကြေးများကို တွက်ချက်ပြထားသည်။

၎င်းတို့က ရီးရဲလ်သည် ချယ်လ်ဆီးမှ ဒေးဗစ်လူးဝစ်အတွက် ပေါင်၂၃ ဒသမ ၁သန်း၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်  အတွက် ပေါင် ၁၉ ဒသမ ၉သန်း အသီးသီး အပိုပေးခဲ့ရကြောင်းဆိုသည်။ ထို့ပြင် ဈေးသက်သာစွာဖြင့် ကစားသမား ကောင်းများရခဲ့သည့် ကလပ်များအနက်လီဗာပူးမှာ ဘာလော့တယ်လီအား တန်ဖိုးအမှန်ပေါင် ၂၉ သန်းရှိသော်လည်း  ၁၆သန်းဖြင့် ရခဲ့ခြင်းကို ဖော်ပြခဲ့သလို ဆွာရက်ဇ်ကို ဘာစီလိုနာသို့ ရောင်းရာတွင် ပေါင် ၉ ဒသမ ၄ သန်းနစ်နာခဲ့ကြောင်း တွက်ချက်ဖော် ပြခဲ့သည်။    

Ref: Eurosports
7Day DAILY
မန်ယူအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ခေါ်ယူခဲ့သည့် ကစားသမား သုံးဦးဖြစ်သော ဒီမာရီယာ၊ အန်ဒါဟာရီရာနှင့် လုခ်ရှောတို့သုံးဦးအတွက် တန်ကြေးထက် ပေါင် ၄၂ သန်း ပိုပေးခဲ့ရသည် ကို တွေ့ ရကြောင်း ဘော လုံးဈေး ကွက် စောင့်ကြည့်ရေးအဖွဲ့ CIES Football Observatory က ထုတ်ပြန်သည်။

ယာဉ်စီးခပိုတောင်းသည့် တိုင်စာပေါင်း တစ်လအတွင်း ၈၀ ကျော်ရှိဟု မထသပြော

ရန်ကုန်မြို့တွင်း ပြေးဆွဲ လျက်ရှိသည့် ခရီးသည်တင်ယာဉ် လိုင်းများတွင် ယာဉ်စီးခပိုမို တောင်းခံနေ ကြခြင်းကြောင့် မထ သ (ဗဟို)သို့ သြဂုတ်လအတွင်း တိုင်စာပေါင်း ၈၀ ကျော် ရောက် ရှိခဲ့ပြီး သက်ဆိုင်ရာ ယာဉ်လိုင်း များအလိုက် အရေးယူဆောင် ရွက်ခဲ့ကြောင်း မထသ(ဗဟို)မှ သတင်းရရှိသည်။

မန္တလေးတိုင်းအတွင်းရှိ ကျေးလက်အသေးစားကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများအား ချေးငွေပေးအပ်

Photo: မန္တလေးတိုင်းအတွင်းရှိ ကျေးလက်အသေးစားကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများအား ချေးငွေပေးအပ်
Thursday, September 4, 2014

မန္တလေးတိုင်းဒေသကြီး အတွင်း  ကျေးရွာပေါင်းကိုးဆယ် ကျော်ရှိ  ကျေးလက် အသေးစား ကုန်ထုတ်လုပ်ကိုင်သူတစ်သောင်း သုံးထောင်ကျော်အား  စက်တင် ဘာ ၄ရက်မှ စတင်၍ ကျပ်သိန်း တစ်သောင်းနှစ်ထောင် ထုတ်ချေး ပေး မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

 မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သီးသန့်ရန်ပုံငွေမှ ထုတ်ချေးပေးခြင်းဖြစ်ပြီး အမရပူ ရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်၊ စဥ့်ကူး၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ်သား၊ မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း အစရှိသည့် မြို့နယ်များရှိ ကျေးရွာပေါင်း ၉၅ ရွာမှ ကျေးလတ်အသေးစားကုန် ထုတ်လုပ်ငန်း    လုပ်ကိုင်သူ ၁၃,၇၅၉ ဦးအား ထုတ်ချေးမည် ဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

ယခင်နှစ်များက နှစ်စဉ် တစ် နှစ်လျှင် နှစ်ကြိမ်ခန့်ထုတ်ချေးပေး လေ့ရှိသော်လည်း ယခုနှစ်တွင်မူ ယခုမှ ပထမဆုံးအကြိမ်ထုတ်ချေး ပေးခြင်းဖြစ်ကြောင်း ဦးစိုးအောင် က ပြောသည်။

‘‘ကြားထဲမှာ တစ်နှစ်လောက် ပြတ်သွားတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ မီးလင်းရေး တို့၊ ရေရှိရေးတို့ဘက်လုပ်နေရ တော့ ဒီဘက်ကို ပြန်မလှည့်နိုင် တာပါ။ စက်တင်ဘာ ၄ ရက်က စပြီး ခရိုင်အလိုက် စချေးပေးတော့ မယ်’’ဟု ၎င်းက ပြောကြားသည်။

ထန်းလုပ်ငန်း၊ တောင်းဆန် ကော၊ ဆန်ခါ၊ အိုး၊ ဖျာ၊ ရက်ကန်း၊ မုန့်မျိုးစုံ၊  ဆွယ်တာ၊  ဝါးယပ် တောင်၊ ဝါးခြင်းတောင်း၊ သက် ငယ်၊ ထန်းကုလားထိုင်၊ လယ် ယာသုံးပစ္စည်းထုတ်လုပ်ငန်း၊ ပီနံ ကြိုးကျစ်၊ ဂျုံရိုးဦးထုပ် အစရှိသည့် ကျေးလက်ဒေသမှ အသေးစား ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်နေသူ များအား ချေးပေးသွားမည်ဖြစ် ကြောင်း၊ အတိုးနှုန်းမှာ တစ်ကျပ် ခွဲဖြစ်ပြီး ခြောက်လမှ ရှစ်လ အကြားပြန်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးလက်အသေးစား ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူများ အား သုံးနှစ်အတွင်းကျပ်သိန်း ပေါင်းတစ်သောင်းခြောက်ထောင် ကျော်   ချေးပေးပြီးဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန မှ သတင်းရရှိသည်။

7Day DAILY 

မြင်းခြံခရိုင် ရန္တပိုကျေးရွာမှ ကျေးလတ်အသေးစားကုန်ထုတ်လုပ်ငန်း တစ်မျိုးဖြစ် သည့် အိုးလုပ်ငန်း လုပ်ကိုင်နေသူနှစ်ဦး (ဓာတ်ပုံ−ညီညီဇော်)
မြင်းခြံခရိုင် ရန္တပိုကျေးရွာမှ ကျေးလတ်အသေးစားကုန်ထုတ်လုပ်ငန်း တစ်မျိုးဖြစ်သည့် အိုးလုပ်ငန်း လုပ်ကိုင်နေသူနှစ်ဦး (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးတိုင်းဒေသကြီး အတွင်း  ကျေးရွာပေါင်းကိုးဆယ် ကျော်ရှိ  ကျေးလက် အသေးစား ကုန်ထုတ် လုပ်ကိုင်သူတစ်သောင်း သုံးထောင်ကျော်အား  စက်တင်ဘာ ၄ရက်မှ စတင်၍ ကျပ်သိန်း တစ်သောင်းနှ စ်ထောင် ထုတ်ချေး ပေးမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

ဆီဒိုးနားဟိုတယ်အနီး ကားခြောက်စီးဆင့်တိုက်

 
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ  ဆီဒိုးနား ဟိုတယ်အနီး မီးပွိုင့်တွင် စက်တင်ဘာလ ၃ ရက် ည ကိုးနာရီခွဲခန့် က ယာဉ်ခြောက်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာမည်ဟု UNFC ညီလာခံအပြီး ထုတ်ပြန်

Photo: မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာမည်ဟု UNFC ညီလာခံအပြီး ထုတ်ပြန်
Thursday, September 4, 2014

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပထမအကြိမ် ညီလာခံ၏ ရွေးချယ်တာဝန် ပေးအပ်ချက်အရ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ဖက်ဒရယ်ကောင်စီတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာ၍ တိုင်းရင်းသားအားလုံး၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု UNFC ညီလာခံအပြီးတွင် ထုတ်ပြန်ကြေညာလိုက်သည်။

UNFC ညီလာခံကို ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ထိုင်းနိုင်ငံ၌ကျင်းပ ရာ အဖွဲ့ဝင်အဖွဲ့အစည်း ၁၂ ဖွဲ့နှင့် ဆက်စပ် အဖွဲ့အစည်းငါးဖွဲ့မှ ကိုယ်စားလှယ်စုစုပေါင်း ၉ဝ ပါဝင်တက်ရောက်ခဲ့သည်။ UNFC ၏ ၂ဝ၁၄-၂ဝ၁၆ သက်တမ်းကာလအတွက် တာဝန်ထမ်းဆောင်မည့် ဖက်ဒရယ်ကောင်စီ ဝင် ၄၂ ဦးအနက် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၂ ဦးကို ဒီမိုကရေစီနည်းကျ ရွေးချယ်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌအဖြစ် ယခင်ဥက္ကဋ္ဌဟောင်းဖြစ်သူ ကေအိုင်အိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကပင် ဆက်လက်တာဝန်ယူခဲ့ပြီး ဒုတိယဥက္ကဋ္ဌ (၁) ကို NMSP ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက တာဝန်ယူခဲ့ပြီး ဒုတိယဥက္ကဋ္ဌ (၂) နေရာ၌မူ UNFC အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားသည့် KNU အဖွဲ့အတွက် နေရာသတ်မှတ် ပေးထားသည်။

အဖွဲ့၏ အထွေထွေအတွင်းရေးမှူးနေရာ ကို KNPP မှ ခူဦးရယ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) နေရာကို ဗိုလ်မှူးကြီးခွန် ဥက္ကာ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) နေရာကို ဆလိုင်းထလာဟေးတို့က တာဝန်ယူပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအဖြစ် ဒေါက်တာလဂျာ၊ ဗိုလ်ချုပ်ဘီထူး၊ ဒူဝါဘွန်ဝမ်လာရော်၊ စဝ်စိုင်းထူး၊ ဒေါက်တာခင်မောင်တို့အပြင်KNU အဖွဲ့ အတွက် နေရာတစ်နေရာ သတ်မှတ်ပေးထားသည်။

UNFC ၏ မူလအဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ညီလာခံသို့ တက်ရောက်နေသော ကိုယ်စားလှယ်များသည် ညီလာခံမပြီးဆုံးမီ ၎င်းတို့၏ ညီလာခံကိုယ်စားလှယ်များကို ရုပ်သိမ်း၍ UNFC တွင် ပါဝင်မှုကို ယာယီရပ်ဆိုင်း ထားလိုက်သည့်အပေါ် ညီလာခံကိုယ်စားလှယ်များ အားလုံးက လွန်စွာစိတ်မကောင်း ဖြစ်ရသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် KNU အတွင်း ညှိနှိုင်းမှုအရ မကြာမီမှာပင် မူလအတိုင်း တပ်ပေါင်းစုအတွင်း ပြန်လည်ရောက်ရှိလာမည်ဟု ယုံကြည်ကြောင်း၊ UNFC ညီလာခံတွင် ရွေးကောက် တင်မြှောက်ထားသော အလုပ်အမှုဆောင် ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ တစ်နေရာနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်နေရာကို KNU ပြန်လည်ရောက်ရှိချိန်တွင် ဝင်ရောက်တာဝန် ထမ်းဆောင်နိုင်ရန် လျာထားသတ်မှတ် ခဲ့သည်ဟုလည်း အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ညီလာခံအနေဖြင့် UNFC ၏ စည်းလုံးညီညွတ်မှုကို ခိုင်မာသည်ထက် ခိုင်မာစေရန် သံန္နိဋ္ဌာန်ချလျက် မည်သည့်အဖွဲ့ဝင် အဖွဲ့အစည်းကိုမျှ ကျန်ရစ်စေခြင်းမရှိစေရန် သတိကြီးစွာ ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်စပ်အဖွဲ့ဝင်နှင့် ဆက်စပ်အဖွဲ့အစည်း များနှင့်လည်း ပိုမို၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များကို အခိုင်အမာ ချမှတ်နိုင်ခဲ့ကြောင်း၊ ပြည်တွင်း/ပြည်ပ ထောက်ခံအားပေးသူများ၊ အဖွဲ့အစည်းများနှင့်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စ အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်ရေးအတွက် လက်တွဲဆောင်ရွက်သွားနိုင်ရန် စီမံချက်များ ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) သည် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများနှင့် ဆက်စပ်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အလုပ်အဖွဲ့ဖြစ်ပြီး ယင်းအလုပ်အဖွဲ့သည် UNFC က ချမှတ်ထားသော မူဝါဒများနှင့်အညီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ညီလာခံက ဆုံးဖြတ်ခဲ့ကြသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNFCညီလာခံသို့ အဖွဲ့ဝင် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော KIO၊KNU၊NMSP၊SSPP၊ PNLO၊ CNF၊ KNPP၊LDU၊ ANC၊TNLA၊WNO၊MNDAA တို့မှ ကိုယ်စားလှယ်များအပြင် အဖွဲ့ဝင်မဟုတ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ရက္ခိုင့်တပ်မတော် (AA)၊KNU/KNLA (ငြိမ်းချမ်းရေးကောင်စီ)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ တက်ရောက်ခဲ့သည်။

ထို့ပြင် ဩဂုတ် ၂၉ ရက်နှင့် ၃ဝ ရက် များတွင်လည်း ယင်းအဖွဲ့အစည်းအားလုံးနှင့် ပြည်တွင်းမှ နိုင်ငံရေး အင်အားစုများဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ၊ ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်များအဖွဲ့တို့ ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။

UNFC ကို ၂ဝ၁၁ နှစ်ဆန်းပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့၏ညီလာခံကို သုံးနှစ်တစ်ကြိမ်ပြုလုပ်ရန် သတ်မှတ်ထားကြောင်း သိရသည်။

Eleven Media Group 

UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ(လယ်) အား ဇူလိုင်လကကျင်းပသည့် လိုင်ဇာထိပ်သီး အစည်းအဝေးတွင် တွေ့ရစဉ်
UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ(လယ်)အား ဇူလိုင်လကကျင်းပသည့် လိုင်ဇာထိပ်သီး အစည်းအဝေး တွင် တွေ့ရစဉ်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပထမအကြိမ် ညီလာခံ၏ ရွေးချယ် တာဝန် ပေးအပ်ချက်အရ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ဖက်ဒရယ်ကောင်စီတို့ သည် ပြည်ထောင် စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာ၍ တိုင်းရင်းသားအားလုံး ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု UNFC ညီလာခံအပြီးတွင် ထုတ်ပြန်ကြေညာလိုက်သည်။

ladies' Code အဖွဲ့ဝင် အွန်ဘီ ယာဉ်မတော်တဆမှုဖြင့် သေဆုံး




Photo: ladies' Code အဖွဲ့ဝင် အွန်ဘီ ယာဉ်မတော်တဆမှုဖြင့် သေဆုံး
Thursday, September 4, 2014

 စက်တင်ဘာ ၃ ရက် နံနက်အစောပိုင်းက    ဖြစ်ပွား ခဲ့သော မော်တော် ယာဉ် မတော် တဆမှုတွင် ကိုရီးယားအမျိုးသမီး ကေပေါ့ပ် Ladies' Code အဖွဲ့ ဝင် အွန်ဘီသေဆုံးသွားပြီး အခြားအဖွဲ့ဝင်နှစ်ဦးမှာလည်း  ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

Ladies' Code အဖွဲ့ စီးနင်း လာသောယာဉ်မှာ ကိုရီးယား စံတော်ချိန် နံနက် ၁ နာရီ ၂၀ မိနစ်တွင် မိုးရွာထားသော လမ်း ပေါ်မှ ချော်ထွက်သွားခဲ့သည်ဟု ဆိုသည်။

အင်ချွန်းမြို့သို့ ဦးတည်နေ သော ယွန်ဒေါင်းအဝေးပြေး လမ်းမ လမ်းဆုံတစ်ခု အနီး ဖြစ် ပွားသော မတော်တဆမှု၌ ဘီး ချော်သွားသောယာဉ်မှာ အကာ အကွယ် နံရံကို ဝင်တိုက်ခဲ့သည် ဟုဆိုသည်။    ယင်းအတွက် အွန်ဘီသေဆုံး သွားခဲ့ပြီး      ယာဉ် ပေါ်တွင်လိုက်ပါလာသူ   ကျန် ခြောက်ဦးမှာ ထိခိုက် ဒဏ် ရာ ရရှိခဲ့ သည်။

Ladies' Code အဖွဲ့၏ မတော်တဆမှုသတင်းကြားသိပြီး နောက် ၎င်းတို့၏ ပရိသတ်များ က လူမှုမီဒီယာဝက်ဘ်ဆိုက်များ တွင်   ဝမ်းနည်းကြေကွဲကြောင်း ပြောကြားမျှဝေခဲ့ကြသည်။

Ref: All Kpop
7Day DAILY
စက်တင်ဘာ ၃ ရက် နံနက်အစောပိုင်းက    ဖြစ်ပွား ခဲ့သော မော်တော် ယာဉ် မတော် တဆမှုတွင် ကိုရီးယား အမျိုးသမီး ကေပေါ့ပ် Ladies' Code အဖွဲ့ ဝင် အွန်ဘီသေဆုံးသွားပြီး အခြားအဖွဲ့ဝင်နှစ်ဦးမှာ လည်း  ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

သမ္မတ ဦးသိန်းစိန် ဥရောပသို့ ရောက် ရှိနေစဉ် မြန်မာ့လူ့အခွင့်အရေး စိုးရိမ် ဖွယ်ရာ အချို့နှင့်ပတ်သက်၍ တိုက် တွန်းသည့် အိတ်ဖွင့်ပေးစာ ကို နိုင်ငံ တကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ အပါအ၀င် အဖွဲ့အစည်း သုံးခုက EU သို့ ပေးပို့


ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ် အား စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (Photo: AFP)
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ မြှင့်တင်ရန်အတွက် ကုသမဂ္ဂအထွေထွေ ညီလာခံ တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများအတွက် ဖြေရှင်းချက်နှင့် ဆုံးဖြတ်ချက်တစ်ခု ယခုနှစ် တွင် ထပ်မံချမှတ်နိုင်ရန် အတွက် တိုက်တွန်းပေးရန် ပြောကြားထားသည့် အိတ်ဖွင့်ပေးစာတစ်စောင် ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)၊ နိုင်ငံတကာလူ့အခွင့်အရေး ဖက်ဒရေးရှင်း (the International Federation for Human Rights-FIDH) နှင့် FIDH အဖွဲ့ဝင် Alternative ASEAN Network on Burma  (ALTSEAN-Burma) တို့က ဥရောပသမဂ္ဂ (EU) သို့ စက်တင်ဘာ ၁ ရက်က ပေးပို့ခဲ့သည်။

အပေါ်ကအမိန့်ရမှလုပ်တတ်သည့်အကျင့်ကိုဖျောက်ဖျက်ရန် ဒုသမ္မတဒေါက်တာ စိုင်းမောက်ခမ်းက စစ်တွေတွင် တိုက်တွန်းပြောကြား


ဒုတိယ သမ္မတ စိုင်းမောက်ခမ်းမှ စစ်တွေတွင် အစိုးရ တာဝန်ရှိသူများ၊ ရပိမိရပ်ဖများနှင့် တွေ့ဆုံနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများအပါအဝင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စား လှယ် များ အနေဖြင့် ‘ အပေါ်က အမိန့်ရမှ ထလုပ်တတ်သည့် အကျင့်ကိုဖျောက်ဖျလုပ်ဆောင်ရန်’ ဒုတိယ သမ္မတ ဒေါက် တာ စိုင်းမောက်ခမ်းက စစ်တွေခရီးစဉ်တွင် တိုက်တွန်းပြောကြားလိုက်သည်။

ယခုနှစ်ကုန်ထိ ဆက်သွယ်ရေး ဆင်းမ်ကတ်ငါးသန်းရောင်းမည်

 ဈေးကွက်အတွင်း၌ လူ အများစိတ်ဝင်စားပြီး ၀ယ်ယူသူ များပြားနေသည့် MPTဆင်းမ် ကတ်များကို စက်တင်ဘာ လမှစ ၍ ၂၀၁၄နှစ်ကုန်အထိ ဆင်းမ် ကတ်ငါးသန်းကျော်အထိ ရောင်းချပေးသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။

ဝင်ငွေနည်းလူတန်းစားအတွက် ဆန်ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရန် ကမ္ဘာ့ဘဏ်နှင့် ဆွေးနွေးနေ

 ပြည်တွင်းရှိ ၀င်ငွေနည်း ဆင်းရဲသားလူတန်းစားများ ဈေး နှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူစားသုံးနိုင်ရန် နှုန်းထားတစ်ခု သတ်မှတ် ဖြန့်ဖြူးပေးရေး ကမ္ဘာ့ ဘဏ်နှင့် ဆွေးနွေးမှုများ ပြုလုပ် နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သတင်းရရှိသည်။

ဂျနီဖာလောရင့်စ်၏ ဓာတ်ပုံများခိုးယူခံရပြီး အနုပညာကြယ်ပွင့်အချို့၏ အကောင့်များချိုးဖျက်ခံရကြောင်း အက်ပဲလ်ကုမ္ပဏီဝန်ခံ

Photo: ဂျနီဖာလောရင့်စ်၏ ဓာတ်ပုံများခိုးယူခံရပြီး အနုပညာကြယ်ပွင့်အချို့၏ အကောင့်များချိုးဖျက်ခံရကြောင်း အက်ပဲလ်ကုမ္ပဏီဝန်ခံ
Thursday, Setember 4, 2014

အက်ပဲလ် ကုမ္ပဏီ၏ဝန်ဆောင်မှုများကို တိုက်ခိုက်မှုမှမဟုတ်ဘဲ လူတစ်ဦး ချင်းစီ၏ အကောင့်များမှ ဓာတ်ပုံ များကို ခိုးယူခြင်းဖြင့်သာ မင်း သမီးဂျနီဖာလောရင့်စ်နှင့် အခြား အောင်မြင်ကျော်ကြားသူ အမျိုး သမီးများ၏    ဝတ်လစ်စားလစ် ဓာတ်ပုံများကို  ဟက်ကာများရရှိ သွားခြင်းဖြစ်ကြောင်း အက်ပဲလ် ကုမ္ပဏီက ပြောသည်။

ထိုအတောအတွင်း မူပိုင်ခွင့် စောဒကတက်ခြင်းကို တုံ့ပြန် မှုအတွင်းအနုပညာကြယ်ပွင့် များ၏ ဝက်လစ်စားလစ်ဓာတ်ပုံ များကို ဓာတ်ပုံဝေမျှရေးဝက်ဘ် ဆိုက်များစွာက ဖယ်ရှားပစ်ခဲ့သည်။ အက်ပဲလ်ကုမ္ပဏီ၏ iCloud နှင့် Find my iPhone ဟု ခေါ်သောဝန်ဆောင်မှုများကို ဟက်ကာများ  ချိုးဖောက်ဝင်ရောက် ခြင်းမရှိဘဲ အနုပညာကြယ်ပွင့် များ၏   အကောင့်များကိုသာ ချိုးဖောက်ခဲ့ခြင်း   ဖြစ်သည်ဟု အက်ပဲလ်ကုမ္ပဏီမှ အင်ဂျင်နီယာ များက ပြောသည်။

ယင်းကဲ့သို့ ဓာတ်ပုံခိုးယူမှု များနှင့်ပတ်သက်၍ အက်ဖ်ဘီ အိုင်က ၎င်းတို့၏စုံစမ်းမှုအခြေ အနေအသေးစိတ်ကို ပြောကြား ခြင်းမရှိပေ။ မင်းသမီးပဲ ရစ်ဟီလ် တန်၏ ဆက်သွယ်ရန်လိပ်စာ စာရင်းများမှသည် မင်းသမီး စကားလက်ဂျွန်ဟန်ဆန်နှင့် မီလာကူးနစ်တို့၏ ဝက်လစ်စား လစ် ဓာတ်ပုံများအထိ ဟက်ကာ များ မည်သို့ရယူခဲ့သည်ဆိုခြင်းကို အခြားစုံစမ်းမှုများလည်း ပြုလုပ် နေကြောင်း သိရသည်။ 

Ref: CBC
7Day DAILY
အက်ပဲလ် ကုမ္ပဏီ၏ဝန်ဆောင်မှုများကို တိုက်ခိုက်မှုမှမဟုတ်ဘဲ လူတစ်ဦး ချင်းစီ၏ အကောင့်များမှ ဓာတ်ပုံ များကို ခိုးယူခြင်းဖြင့်သာ မင်း သမီးဂျနီဖာလောရင့်စ်နှင့် အခြား အောင်မြင်ကျော်ကြားသူ အမျိုး သမီးများ၏   ဝတ်လစ်စားလစ် ဓာတ်ပုံများကို  ဟက်ကာများရရှိ သွားခြင်းဖြစ်ကြောင်း အက်ပဲလ် ကုမ္ပဏီက ပြောသည်။

အစိုးရ၏ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ NCCT တို့၏ အပစ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်တွင် စတင်ရန် အစိုးရ အဆိုပြု

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲ ကို စက်တင်ဘာ ၂၂ ရက်တွင် စတင်ပြုလုပ်ရန် အစိုးရဘက်က အဆိုပြုထားကြောင်း နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

NATO ထိပ်သီးညီလာခံတက်ဖို့ အိုဘားမား ဗြိတိန်ကိုရောက်

Photo: NATO ထိပ်သီးညီလာခံတက်ဖို့ အိုဘားမား ဗြိတိန်ကိုရောက်
Thursday, Setember 4, 2014

နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ အမေရိကန်သမ္မတ Barack Obama ဟာ အခု UK နိုင်ငံမှာ ရောက်ရှိနေပါတယ်။ ယူကရိန်းမှာဖြစ်နေတဲ့ ပဋိပက္ခနဲ့ ဆီးရီးယားနဲ့ အီရတ်မှာ Islamic State အစွန်းရောက်တွေရဲ့ အန္တရာယ်တွေကို နေတိုးထိပ်သီးဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးကြမယ် လို့ မျှော်လင့်ရပါတယ်။

Estonia၊ Latvia နဲ့ Lithuania နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ Estonian နိုင်ငံ Tallinn မြို့တော်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညပိုင်းမှာ UK က စစ်အခြေစိုက်စခန်းတခုကို သမ္မတအိုဘားမား ရောက်ရှိလာခဲ့တာပါ။ ယူကရိန်းနိုင်ငံကိစ္စမှာ ရုရှားနိုင်ငံရဲ့ ကြားဝင် စွက်ဖက်မှုဟာ နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာကို ရဲရဲတင်းတင်း ကျူးလွန်တာဖြစ်တယ်လို့ အမေရိကန်သမ္မတ Obama က Tallinn မြို့တော်မှာ ပြောကြားခဲ့ပါတယ်။

အရင် ဆိုဗီယက်ပြည်ထောင်စုထဲမှာရှိခဲ့တဲ့ Baltic ဒေသ နိုင်ငံ ၃ နိုင်ငံကိုလည်း ရုရှားအစိုးရဘက်က ရန်လိုပြုမူလာမယ်ဆိုရင် NATO အဖွဲ့က အကာအကွယ်ပေးသွားမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ဆိုခဲ့ပါတယ်။ Estonia၊ Latvia နဲ့ Lithuania ၃ နိုင်ငံဟာ ၂၀၀၄ ခုနှစ်မှာ နေတိုးအဖွဲ့ဝင်တွေ ဖြစ် လာခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုက Baltic ဒေသမှာ နောက်ထပ် လေယာဉ်တွေထားရှိမယ့် အစီအစဉ်ကိုလည်း အမေရိကန်သမ္မတက Estonia နိုင်ငံမှာ ကြေညာခဲ့ပါတယ်။ မဟာမိတ်နိုင်ငံတွေကို အားပေးတဲ့အနေနဲ့ တခြားနေတိုးအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့လည်း ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်နည်းတူ တိုးမြှင့်ထည့်ဝင်ကြရမယ်လို့ သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ အမေရိကန်သမ္မတ Barack Obama ဟာ အခု UK နိုင်ငံမှာ ရောက်ရှိနေပါတယ်။ ယူကရိန်းမှာဖြစ်နေတဲ့ ပဋိပက္ခနဲ့ ဆီးရီးယားနဲ့ အီရတ်မှာ Islamic State အစွန်းရောက်တွေ ရဲ့ အန္တရာယ်တွေကို နေတိုးထိပ်သီးဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးကြမယ် လို့ မျှော် လင့်ရ ပါတယ်။

ခေါင်းဖြတ်သတ်မှုတွေနဲ့ခြောက်လို့ ISIS ကို အမေရိကန်မကြောက်

Photo: ခေါင်းဖြတ်သတ်မှုတွေနဲ့ခြောက်လို့ ISIS ကို အမေရိကန်မကြောက်
Thursday, Setember 4, 2014

ဒုတိယမြောက် အမေရိကန်နိုင်ငံသား သတင်းထောက်တဦးကို ခေါင်းဖြတ်သတ် လိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက ကြောက်လန့်သွားမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ Barack Obama က ပြောဆိုလိုက်ပါတယ်။ အဲဒီလုပ်ရပ်အတွက် အရှက်ရစေရမယ်၊ နောက်ပြီး အစ္စလာမ်မစ်နိုင်ငံတော်လို့ သူတို့ကိုယ်သူတို့ ခေါ်ကြ တဲ့ စစ်သွေးကြွတွေကို ဖျက်ဆီးပစ်မယ်လို့ ပြောဆိုလိုက်ပါတယ်။

သတင်းထောက် Stephen Sotloff နဲ့ James Foley တို့ကို သတ်ဖြတ်သူတွေဟာ သူတို့ရဲ့ ရည်မှန်းချက် မအောင်မြင်ခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကမ္ဘာလုံးက သူတို့ရဲ့ ရက်စက်တဲ့ လုပ်ရပ်အပေါ် လက်မခံကြလို့ ဖြစ်တယ်လို့ Estonia မှာ ရောက်ရှိနေတဲ့ သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

အမေရိကန် ဒုတိယသမ္မတ Joe Biden ကလည်း အမေရိကန် နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့ကြသူတွေကို မြေလှန်ရှာဖွေမယ်လို့ ပြောဆိုလိုက်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chauk Hagel ကလည်း CNN ရုပ်သံနဲ့ တွေ့ဆုံခန်းမှာ - ခေါင်းဖြတ်သတ်တာကို မြင်ရပြီး အော်ဂလီဆန် သွားခဲ့ရတယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံသား ၁၀၀ ကျော်ဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ စစ်သွေးကြွတွေကို တိုက်ခိုက်နေကြကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ်တွေအနေနဲ့ ဒီစစ်သွေးကြွ အဆုံးသပ်သွားရေးအတွက် လုပ်နိုင်တာတွေ အားလုံး လုပ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ဒုတိယမြောက် အမေရိကန်နိုင်ငံသား သတင်းထောက်တဦးကို ခေါင်းဖြတ်သတ် လိုက်တဲ့အတွက် အမေရိ ကန်ပြည်ထောင်စုက ကြောက်လန့်သွားမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ Barack Obama က ပြောဆို လိုက်ပါတယ်။ အဲဒီလုပ်ရပ်အတွက် အရှက်ရစေရမယ်၊ နောက်ပြီး အစ္စလာမ်မစ်နိုင်ငံတော်လို့ သူတို့ကိုယ် သူတို့ ခေါ်ကြ တဲ့ စစ်သွေးကြွတွေကို ဖျက်ဆီးပစ်မယ်လို့ ပြောဆိုလိုက်ပါတယ်။