မြန်မာနိုင်ငံဆရာဝန်အသင်း (MMA) နှင့် အမေရိကန်ရှိ University of Washington တို့၏ အစီအစဉ်ဖြင့် ပထမဆုံးအကြိမ် အွန်လိုင်းမှပို့ချသည့် HIV ဆိုင်ရာသင်တန်း စာမေးပွဲအောင်မြင်သူ ၆၉ ဦး ကို သောကြာနေ့ က သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။
Tuesday, 27 August 2013
ရန်ကုန်ဆရာဝန်များ အွန်လိုင်းကနေ သင်တန်းတက်
မြန်မာနိုင်ငံဆရာဝန်အသင်း (MMA) နှင့် အမေရိကန်ရှိ University of Washington တို့၏ အစီအစဉ်ဖြင့် ပထမဆုံးအကြိမ် အွန်လိုင်းမှပို့ချသည့် HIV ဆိုင်ရာသင်တန်း စာမေးပွဲအောင်မြင်သူ ၆၉ ဦး ကို သောကြာနေ့ က သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။
နိုင်ငံသား ဖြစ်မှသာ နိုင်ငံရေးပါတီ ထောင်ခွင့် ရှိတော့မည်
ယခင် စစ်အစိုးရလက်ထက်က ထုတ်ပြန်ထားခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အခုတော့ ပြင်ဆင်ဖို့ မူကြမ်း ထွက်ပေါ်လာပါပြီ။
ဘန်ကီမွန်းရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီးယား မြစ်ကြီးနား ရောက်နေ
ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ အထူးအကြံပေး အရာရှိ မစ္စတာ ဗီဂျေ နမ်ဘီးယားဟာ ယနေ့ သြဂုတ်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီ ခွဲခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနား
မြစ်ကြီးနား မြို့သို့ စတင် ရောက်ရှိ နေပြီ ဖြစ်ကြောင်း ကချင် ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေး အရာရှိ က ပြောသည်။
တရားမဝင် သယ်ဆောင်လာသော ကျွဲထီး၂၄ ကောင် ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်း ဒေသကြီး ကျွန်းလှမြို့နယ်၌ တရားမဝင် သယ်ဆောင်လာသည့် ကျွဲထီး ၂၄ ကောင်ကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ခရီးသည်တင်ယာဉ် တိမ်းမှောက်
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် ဆင်မသေ ကျေးရွာ အနီး၌ ယမန်နေ့ ညနေက ခရီးသည်တင် ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
အစ္စရေး အစိုးရအဖွဲ့က အမျိုးသား လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌသစ် ခန့်အပ်
အစ္စရေး အစိုးရအဖွဲ့သည် မော့ဆက် ထောက်လှမ်းရေးအဖွဲ့၏ ဒုတိယ ညွှန်ကြား ရေးမှူးဟောင်း တစ်ဦးဖြစ်သူYossi Cohen ကို အမျိုးသား လုံခြုံရေးကောင်စီ (NSC) ၏ ဥက္ကဋ္ဌ အဖြစ် သြဂုတ် ၂၆ ရက်က အတည်ပြု ခန့်အပ်လိုက်ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ဗဟိုစစ် ကော်မရှင် အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်
မြောက်ကိုရီးယား အလုပ်သမားပါတီ၏ ဗဟိုစစ်ကော်မရှင် အစည်းအဝေးတွင် မြောက်ကိုရီး ယား ခေါင်းဆောင် ကင်ဂျုံအွန်သည် ထိပ်တန်း ခေါင်းဆောင် များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကာကွယ်ရေးအတွက် စစ်ဘက်၏တိုက်ခိုက်ရေး စွမ်းပကားများကို တိုးမြှင့်သွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက သြဂုတ် ၂၆ ရက်တွင် သတင်းထုတ်ပြန် ခဲ့သည်။
ဂျပန်မြေပြင် ကာကွယ်ရေးတပ်ဖွဲ့ ကျွန်းစု ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်
ဂျပန်မြေပြင် ကာကွယ်ရေးတပ်ဖွဲ့ (ကြည်းတပ်) သည် နှစ်စဉ်ပြုလုပ်နေကျ ဖြစ်သည့် ကျည်စစ် ကျည်မှန်များဖြင့် ပစ်ခတ်လေ့ကျင့်သည့် အကြီးမားဆုံး စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို ဂျပန် နိုင်ငံအလယ်ပိုင်း ရှီကူအိုကာ စီရင်စု၊ ဖူဂျီ တောင်ခြေရှိ Hizashi-Fuji လေ့ ကျင့်ရေး စခန်း တွင် သြဂုတ် ၂၅ ရက်က ပြုလုပ်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ဆီးရီးယား ဝန်းကျင်တွင် စစ်ရေးအင်အား တောင့်တင်းစွာ ချထား
ဆီးရီးယားနိုင်ငံကို တိုက်ခိုက်နိုင်ဖွယ်ရှိသည့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် နိုင်ငံတို့သည် ဆီးရီးယားနိုင်ငံ ပတ်ဝန်းကျင်တွင် စစ်ရေးအင်အား တောင့်တင်းစွာ ချထားပြီး ဖြစ်ကြောင်း သြဂုတ် ၂၆ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ရိုဟင်ဂျာ အမည်ခံ မွတ်စလင် ၂၄ ဦး အပါအဝင် လူပေါင်း ၂၇ ဦး ဖမ်းဆီးခံရ
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း သို့ တရားမဝင် ဝင်ရောက် လာသော ရိုဟင်ဂျာ အမည်ခံ မွတ်စလင် ၂၄ ဦး အပါအဝင် လူပေါင်း ၂၇ ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သြဂုတ် ၂၆ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ပါက ကျဆုံးခန်းနှင့် ရင်ဆိုင်ရ မည် ဖြစ်ကြောင်း အာဆတ် ပြောကြား
အမေရိကန် ပြည်ထောင်စု အနေဖြင့် ဆီးရီးယား နိုင်ငံအား ကြားဝင် တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ပါက ကျဆုံးခန်းနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ် က တွေ့ ဆုံမေးမြန်း ခန်း တစ်ခုတွင် ပြောကြား လိုက်သည်။
တရုတ်စစ်ဘက် ရဟတ်ယာဉ် တစ်စင်းဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်
တရုတ်နိုင်ငံ၏ ကိုယ်ပိုင်နည်းပညာဖြင့် ပထမဆုံးထုတ်လုပ်ထားသော ခေတ်မီတိုက်ခိုက်ရေး ရဟတ် ယာဉ် ဖြစ်သည့် WZ-10 မှ ဝေဟင်ပစ်ဒုံးကျည် တစ်စင်းကို အောင်မြင်စွာပစ်လွှတ် နိုင်ခဲ့ပြီး အနိမ့်
ကာလီဖိုး နီးယား တောမီး လောင်ကျွမ်းမှု ဆန်ဖရန် စစ္စကိုမြို့ ရေနှင့် လျှပ်စစ် ဖြန့် ဖြူးမှုအား ခြိမ်းခြောက်လျက်ရှိ
အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် Yosemite အမျိုးသားပန်းခြံ မြောက်ပိုင်းသို့ ပျံ့နှံ့ ခဲ့သော တောမီးလောင်ကျွမ်းမှုသည် ယခုအခါ ဆန်ဖရန်စစ္စကိုမြို့၏ ရေပေးဝေမှုနှင့် လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးမှု များအား ခြိမ်းခြောက် လျက်ရှိကြောင်း အာဏာပိုင်များက သြဂုတ် ၂၅ ရက်တွင် ပြောကြား ခဲ့သည်။
ဆီးရီးယားသို့ သွားရောက်သည့် ကုလ စုံစမ်း စစ်ဆေးရေး အဖွဲ့ယာဉ်တန်း ချောင်းမြောင်း ပစ်ခတ်ခံရ
ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သော ဆီးရီးယား နိုင်ငံတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးရန် အတွက် သွားရောက်ကြသော ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ယာဉ်တန်းမှာ သြဂုတ် ၂၆ရက်တွင် အမည်မသိ သေနတ်သမားများ၏ ချောင်းမြောင်းပစ်ခတ်မှုကို ခံခဲ့ ရကြောင်းနှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ကုလသမဂ္ဂ က ပြောကြားခဲ့သည်။
သက်တမ်းလွန် ရော်ဘာပင်များ အစားထိုး စိုက်ပျိုးမှု နည်းပါးခြင်းကြောင့် အထွက်နှုန်း ကျဆင်း
မြန်မာနိုင်ငံတွင် ရော်ဘာထွက်ရှိမှုနှုန်းမှာ အာဆီယံ ဒေသအတွင်း၌ အဆင့်ရှစ် နေရာသို့ ရောက် ရှိ နေကြောင်း မြန်မာနိုင်ငံ ရော်ဘာ လုပ်ငန်းရှင်များ အသင်းမှ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။
CDMA 800 MHz တန်ဖိုးနည်း ဖုန်းများတွင် ငွေကျပ် ငါးထောင် အထက် ငွေဖြည့် ကတ်များ ထုတ်လုပ်ခြင်း မပြုတော့ဟုဆို
တန်ဖိုးနည်း CDMA 800 MHz ဖုန်းများတွင် ငွေကျပ်ငါးထောင် အထက် တစ်သောင်းတန် ငွေဖြည့်ကတ် များကို ဝယ်ယူသုံးစွဲသူ နည်းပါး လာ သောကြောင့် ထုတ်လုပ်ခြင်း မပြုတော့ ကြောင်း ICT သတင်းတစ်ရပ် တွင် ဖော်ပြထားကြောင်း သိရသည်။
ပြည်တွင်း ဆိပ်ကမ်းများသို့ တရားမဝင် တင်သွင်းလာသော ကုန်များကို ထိရောက်စွာ အရေးယူ သွားမည်
ရန်ကုန်မြစ်ကြောင်း တစ်လျှောက်ရှိ ပြည်တွင်းကမ်းရိုးတန်းသွား သင်္ဘောများဆိုက်ကပ်ရာ ဆိပ်ကမ်းများမှ တစ်ဆင့် ကုန်ပစ္စည်းများကို တရားမဝင်တင်သွင်းကုန်သွယ်မှုများ ပြုလုပ်လျက်ရှိရာ ၄င်းတို့ကို လာမည့် စက်တင်ဘာလမှ စတင်၍ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နည်းပညာဆိုင်ရာ စိတ်ဝင်စားသူများ အတွက် တတိယ အကြိမ်မြောက် Developer Conference ကျင်းပမည်
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်း (MCAP) မှ ကြီးမှူး၍ နည်းပညာကို စိတ်ဝင် စားကာ တက်ရောက်ကြ သူများအတွက် တတိယ အကြိမ်မြောက် Developer Conference ကို နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ သိရသည်။
မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းကဏ္ဍကို နှစ်နှစ်အတွင်း တိုးတက်လာစေရန်နှင့် လိုအပ်ပါက နိုင်ငံတကာ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်
မြန်မာ့စက်မှုလုပ်ငန်းများကို နိုင်ငံတကာကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာစေရန် နှစ်နှစ်အတွင်း အောင်မြင်မှု ရအောင် ဆောင်ရွက်မည် ဖြစ်ပြီး လိုအပ်ပါက နိုင်ငံတကာကုမ္ပဏီများနှင့် JV စနစ်ဖြင့်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဗီဇာကြေးရရှိငွေ နှစ်စဉ်ကန်ဒေါ်လာ ၁၃သန်းကျော်
နိုင်ငံတကာရှိ မြန်မာသံရုံးများမှ ဗီဇာထုတ်ပေးရာမှ ကောက်ခံရရှိငွေတစ်နှစ်လျှင် ကန်ဒေါ်လာ ၁၃ သန်းကျော် ရရှိနေကြောင်း သိရ သည်။
မီးရှို့ခံရသော အိမ်ထောင်စုများ ဘာသာရေး စာသင်ကျောင်းတွင် ထားရှိ
အကြမ်းဖက်မှုများကြောင့် နေအိမ်များ မီးရှို့၊ ဖျက်ဆီးခံခဲ့ရသည့် မိသားစုဝင် ၂၆၀ ကျော်ကို ကန့်ဘလူ မြို့နယ် ထန်းကုန်းမြို့ အာရဗီ အလယ်တန်းကျောင်းတွင် စောင့်ရှောက်ထားကြောင်း ထန်းကုန်းမြို့ အစ္စလာမ် ဘာသာရေးခေါင်းဆောင် တစ်ဦးက The Voice သို့ ပြောကြားသည်။
ဘိလပ်မြေ တန် သန်းချီထုတ်မည့် SCG ဘိလပ်မြေစက်ရုံ မော်လမြိုင်တွင် ဆောက်မည်
တစ်နှစ်လျှင် ဘိလပ်မြေတန် ၁ ဒသမ ၈ သန်းကျော် ထွက်မည့် ထိုင်းနိုင်ငံအခြေစိုက် SCG ဘိလပ်မြေ စက်ရုံကို ရေရှည် ထုံးကျောက် ရရှိနိုင်သည့် မော်လမြိုင်မြို့တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း SCG ၏ အမူဆောင် အရာရှိချုပ် ဖြစ်သူ Mr. Kan Trakulhoon က ပြောကြားသည်။
LOVE & RESPECT
"ဒေါ်ခင်ကြည်သည် ဈေးသွားလျှင်မိမိတို့အိမ်တွင်အစောင့်အဖြစ်နေသည့် ရဲဘော်များထဲမှ တစ်ယောက် မဟုတ် တစ်ယောက်ကို ခေါ်သွားတတ်၏။
သမီးဖြစ်သူကို အဆိုတော် မဖြစ်စေ ချင်သူ မေခလာ
ရန်ကျော်နဲ့ မေခလာတို့ရဲ့သမီး လေး ပဉ္စာလစန္ဒီ(ခ)မြင့်မြတ်သူက ၁၆ နှစ်ပြည့် သွားခဲ့ပြီဖြစ်ပါတယ်။ မိခင်ဖြစ်တဲ့ မေခလာကတော့ သမီးဖြစ်သူကို ငယ်စဉ်ကပင် ဘာသာရေးနဲ့ ကင်းကွာမှုမရှိအောင် လုပ်ဆောင်ခဲ့ပြီး သမီးဖြစ်သူကို ဆုံးမသွန်သင်တဲ့အခါမှာလည်း ဘာသာရေး နဲ့ပဲ သွန်သင်ဆုံးမလေ့ ရှိတယ်လို့ ဆိုပါတယ်။
နောက်ကျောမှ ဆေးမင်ကြောင်သစ်အတွက် ဂုဏ်ယူနေသည့် ချယ်ရီကိုးလ်
Girls Aloud အဖွဲ့ဝင်ဟောင်း အဆိုတော်သည် ကျောအောက်ပိုင်းအနီးတွင် အရောင်ရွှမ်းစို တောက်ပ သည့် နှင်းဆီပွင့်ကြီးများ၏ ပုံကို ဆေးမင်ကြောင် ရေးထိုးထားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့ UNFC နဲ့ UNA ကော်မတီဖွဲ့
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အအဖွဲ့ (UNA) တို့ ဦးဆောင်ပြီး ဖက်ဒရယ်မူအပေါ်အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ
အသစ် ရေးဆွဲနိုင်ဖို့အတွက် ကော်မတီတရပ်ဖွဲ့စည်း သွားမယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှကို အမေရိကန်စစ်ရေး အထောက်အပံ့တိုးမည်
အရှေ့တောင် အာရှဒေသမှာရှိတဲ့ စစ်ဘက်ပညာရပ်ဆိုင်ရာ အစီအစဉ်တွေနဲ့ သင်တန်းတွေအတွက် အမေရိကန် ပြည်ထောင်စုက အကူအညီတွေ အများကြီး တိုးမြှင့်ပေးသွားမယ့်အကြောင်း အမေရိကန် အစိုးရက ကြေညာလိုက်ပါတယ်။
ဘာသာစကားနှစ်မျိုးပြောတတ်စေရေး လေ့ကျင့်သင်ကြားပေးရန်လိုဟု လီကွမ်းယူပြော
စင်ကာပူရှိ မိဘများသည် သားသမီးများအား ငယ်ရွယ်စဉ်မှစပြီး ဘာသာစကားနှစ်မျိုး ပြောတတ်၊ ဆိုတတ်စေရန် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်းယူက အမျိုးသားနေ့ ညစာစားပွဲတွင် တိုက်တွန်းပြောဆိုခဲ့သည်။
ရန်ကုန်တွင် တိုက်ခန်း၊ ကွန်ဒိုဆောက်ရန် မြေကွက် ဝယ်ယူမှုသာရှိဟုဆို
ရန်ကုန်မြို့တွင်းမြို့နယ်များတွင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အမြင့်ဆုံး နှုန်းထားသို့ ရောက် ရှိနေသော ကြောင့် အရောင်း အဝယ် ပုံမှန်အတိုင်းသာရှိပြီး တိုက်ခန်းနှင့် ကွန်ဒိုများ ဆောက်လုပ်ရန် မြေကွက် ဝယ်ယူမှုများသာ ရှိကြောင်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းများ ထံမှ သိရသည်။
ကျောက်မျက်အတု ရောနှောရောင်းချသူများကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်
ကျောက်မျက် ဈေးကွက်အတွင်း အတုများနှင့် ရောနှောရောင်းချသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းသား များ ကျောက် မျက်အတုများ ရောင်းချပါက အသင်းမှထုတ်ပယ်မည် ဖြစ်ကြောင်း ယင်းအသင်း အတွင်းရေး မှူး ဦးကျော်ဌေးက ပြောကြားသည်။
အစိုးရ ပညာရေး အစီ အစဉ်ကြောင့် ဒေသခံများ အခက်တွေ့
ကရင် ပြည်နယ် မြ၀တီ ခရိုင်မှ အစိုးရ အုပ်ချုပ်ရေးမှူး များ၏ ဒေသ
ဖွံ့ဖြိုးမှု ပညာရေး အစီစဉ်ကြောင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) ဒေသရှိ ပြည်သူများ ၀န်ထုတ် ၀န်ပိုး ဖြစ် ရကြောင်း မြန်မာရွေ့ပြောင်းကျောင်းများ ကော်မတီ Burmese Migrant Workers Education Committee (BMWEC) အဖွဲ့မှ ဥက္ကဌ နော်ဖောရေ့က ဆိုပါသည်။
အစိုးရ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို KIO မေးခွန်းထုတ်
အစိုးရ၏ တစ်ပြည်လုံးအတိုင်းအတာ ဆောင်သည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO ထံ တရားဝင် အကြောင်းကြားမှုများမရှိကြောင်း KIO ၏ တွေ့ ဆုံ ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။
အပစ်ရပ် သဘော တူညီချက်များ အကောင်အထည် ဖော်နိုင်မှု အားနည်းဟု RCSS သုံးသပ်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး ရရှိထားကြ သော်လည်း သဘော တူညီ ချက်ပါ အချက် အလက် များကို အကောင်အထည် ဖော်ရာတွင် အားနည်း နေကြောင်း ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီမှ ထောက်ပြ ပြောဆို ခဲ့ပါသည်။
နိုင်ငံတော်သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆွေးနွေးပွဲမှ အကြံပြုချက် ၁၇ ချက်အနက် အချက်သုံးချက်ကို ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ချက်ချင်းဆောင်ရွက်မည်
နိုင်ငံတော် သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း ဆွေးနွေးပွဲမှ ရရှိသည့် အရေးကြီးသော အကြံပြုချက် ၁၇ ချက်အနက် အချက်သုံးချက်ကို ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ချက်ချင်းဆောင်ရွက် သွားမည် ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်မှတစ်ဆင့် သတင်းစာ သုံးစောင်တွင် ဖော်ပြ ခဲ့သော မြိတ်မြို့နယ်၌ အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသား သုံးဦး ဖမ်းမိပြီ ဆိုခြင်းမှာ မမှန်ကန်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငြင်းဆို
မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းအား တွေ့ရစဉ် |
မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် မြိတ်မြို့နယ် အကြမ်းဖက် သမားဟု သံသယဖြစ်ဖွယ် အမျိုးသား သုံးဦးကို ဖမ်းမိပြီဟု ဖော်ပြထားသည့် သတင်းမှာ မမှန်ကန်ကြောင်း သြဂုတ် ၂၆ ရက်က မြန်မာနိုင်ငံ ရဲဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်နှင့် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက The Daily Eleven သို့ ပြောပြသည်။
သံသယဖြင့် မှားယွင်းဖမ်းဆီး ခံရသူများက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စာချွန်တော် တင်သွင်းခွင့် ရှိလာမည့် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်း
တရားရုံး အဆင့်ဆင့်မှ မှားယွင်းစွာ စီရင်ချက် ချမှတ်မှုကြောင့် နစ်နာ သည့် နိုင်ငံသားများ၊ အာဏာပိုင် အဖွဲ့အစည်းများက သံသယဖြင့်မှားယွင်း ဖမ်းဆီးချုပ်နှောင်ခံရသည့် နိုင်ငံသားများ အနေဖြင့် ပြည်ထောင် စု တရားလွှတ်တော်ချုပ်ထံ စာချွန်တော်တင်သွင်းခွင့်ရှိလာမည့် ၂၀၀၃ ခုနှစ် စာချွန်တော်အမိန့် လျှောက် ထားမှု ဆိုင်ရာ ဥပဒေကြမ်းကို သြဂုတ် ၂၆ ရက်တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ သည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြန်လည်ကြားနာ အကြံပြုပြင်ဆင်ချက် များအတိုင်း အမျိုးသားလွှတ်တော် အတည်ပြု
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ ၏ ပြန်လည်ကြားနာ အကြံပြု ပြင်ဆင်ချက်များ အတိုင်း သြဂုတ် ၂၆ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းသည် အသင်းအဖွဲ့များအပေါ် အစိုးရက အလုံးစုံ ထိန်းချုပ်မည့် ဥပဒေ တစ်ခုသာဖြစ်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ထုတ်ပြန်
မြန်မာနိုင်ငံ၏ အသင်းအဖွဲ့ များဆိုင်ရာ ဥပဒေကြမ်းသည် နိုင်ငံတကာ လူ့အခွင့်ရေး အဆင့်အတန်းများနှင့် ကိုက်ညီခြင်း မရှိသည့်အပြင် အသင်းအဖွဲ့ များအပေါ် အစိုးရက အလုံးစုံ ထိန်းချုပ်ရန် ကြိုးစားထားသော ဥပဒေတစ်ခုသာ ဖြစ်သောကြောင့် ဂရုတစိုက် ပြန်လည်သုံးသပ် ရေးဆွဲခြင်း သို့မဟုတ် ပယ်ချခြင်း ပြုလုပ် သင့် သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က သြဂုတ် ၂၅ ရက်တွင် ပြောကြားသည်။
မန္တလေးမြို့တွင် ပထမဆုံး အကြိမ်အဖြစ် အောက်တိုဘာ၂၅ ရက်၌ မီးပုံးပျံခရီးစဉ် စတင်မည်ဖြစ်ပြီး ပုဂံ၊ အင်းလေး၊ ပင်းတယ တို့တွင်လည်း ပျံသန်းရန်စီစဉ်
မန္တလေးတိုင်း ဒေသကြီးတွင် ပထမအကြိမ်အဖြစ် မီးပုံးပျံ ခရီးစဉ် ကို အောက်တိုဘာလ ကုန်ပိုင်းတွင် မီးပုံးပျံ ခြောက်လုံးဖြင့် စတင်ပျံသန်း စီးနင်းနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
မိုးထိမိုးမိဒေသရှိ ရွှေလုပ်သား ၂၅၀၀ ကျော်အား အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ မိုင်းမြို့သို့ အပြီးပြောင်းရွှေ့ ခိုင်းမှုအပေါ် သတ္တုတွင်း ၀န်ကြီးဌာသို့ တိုင်ကြားမည်
မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်း ခရိုင်အတွင်းရှိ ရွှေလုပ်သား ၂၅၀၀ ကျော်အား သြဂုတ် ၁၀ ရက် နောက်ဆုံးထားကာ အပြီးပြောင်းရွှေ့ ခိုင်းထားမှုအပေါ် ရွှေလုပ်သားများက သတ္တုတွင်း ၀န်ကြီးဌာန သို့ စာပေးပို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း သြဂုတ် ၂၆ ရက်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
iPhone အသစ်ဘာတွေ ထူးခြားမလဲ
အသစ်ထွက်ရှိလာတော့မည့် Iphone အသစ်မှာ ဘာထူးခြားတဲ့ Function နဲ့  Feature တွေ ပါလာမလဲ ဆိုတာ အတိအကျတော့ မသိသေးပါဘူး။
နှစ်(၄၀) ပြည့်ပြီဖြစ်သော မိုဘိုင်းဖုန်း
လွန်ခဲ့သော ၁၉၇၃ ခုနှစ်နယူးယောက်မြို့တွင် Martin Cooper မှ ကမ္ဘာပထမဦးဆုံး သော မိုဘိုင်းဖုန်း ကို အများပြည်သူ ရှေ့တွင် ထုတ်ဖော်ပြသခေါ်ဆိုခဲ့သည်။
ကုလရုံး အမေရိကန်အစိုးရ ထောက်လှမ်းတာကို ကုလဝေဖန်
အမေရိကန်အစိုးရအနေနဲ့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ အသံဖမ်းကိရိယာတွေ လျို့ဝှက် ထားရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံအသီးသီးက သံတမန်တွေ အသုံးပြု တဲ့ ဌာနချုပ်အပေါ် လေးစားမှုပြုဖို့ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံသားမဟုတ်သူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာတွင် အာဏာရပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် အများစု မထောက်ခံသော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံး ထောက်ခံ၍ လွှတ်တော်၌ဆွေးနွေးမည်
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား
မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ်များသည် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ်ဖြစ်ဟု မြို့ခံများသုံးသပ်
မန္တလေးမြို့တွင် နေ့ခင်းအချိန်
မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု
ဖြစ်စဉ် များသည် မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက် လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ
တစ်ရပ် ဖြစ်ကြောင်း မြို့ခံ များက သုံးသပ်ပြောကြားသည်။
Subscribe to:
Posts (Atom)